Pages

Thursday, April 23, 2015

သြစတြေးလျတွင် တိုက်ခတ်ခဲ့သည့် ဆိုက်ကလုံးမုန်တိုင်းကြောင့် ဒေါ်လာသန်းချီ ပျက်စီးဆုံးရှုံး

 A man takes a picture of Bondi Beach's sand as heavy winds blow it inland

သြစတြေးလျနိုင်ငံအရှေ့ပိုင်းမှာ ၀င်ရောက်နေတဲ့ ဆိုင်ကလုံးမုန်တိုင်းဟာ ပြီးခဲ့တဲ့
ဧပြီ ၂၂ ရက်နေ့က ၃ ရက်မြောက်နေ့အဖြစ် ဆက်လက် တိုက်ခတ်နေပြီး မြို့ကြီးတွေမှာ ဒေါ်လာသန်းနဲ့ ချီပြီး ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပွာနေတယ်လို့ အစိုးရက ဆိုပါတယ်။
နေအိမ်တွေ အများအပြား ပျက်စီးနေပြီး အိမ် ၂ သိန်းကျော် လျှပ်စစ်မီး ပြတ်တောက်နေပါတယ်။
လေတိုက်အား ၁ နာရီ ၆၂ မိုင် ရှိတဲ့ နောက်ထပ် မုန်တိုင်းငယ်တခုလည်း ဆက်ဖြစ်နေတယ်လို့ သြစတြေးလျမိုးလေ၀သဌာနက သတိပေးထားပါတယ်။
ဆစ်ဒနီလေဆိပ်ရှိ လေကြောင်းခရီးစဉ်တွေကို လမ်းကြောင်းပြောင်းထားရပြီး ကမ္ဘာ့အကြီးဆုံး ကျောက်မီးသွေးဆိပ်ကမ်းကြီးဖြစ်တဲ့ နယူးကယ်ဆဲလ် သင်္ဘောဆိပ်ကမ်းကို လည်း ပိတ်ထားရပါတယ်။
နယူးဆောက်ဝေးပြည်နယ်ဝန်ကြီးချုပ်က မုန်တိုင်းကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင် နေရပေမယ့် အခုအချိန်အထိတော့ အကောင်းဆုံး ဖြတ်ကျော်နိုင်ခဲ့တယ်။
နောက်ထပ် ၂၄ နာရီကို အခြေအနေစောင့်ကြည့်ရအုံးမယ်လို့ သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ပြောဆိုသွားခဲ့တာပါ။
ဧပြီ ၂၃ ရက် ဒီနေ့အထိ သေဆုံးသူ အနည်းဆုံး ၄ ဦး ရှိပါတယ်။ နိုင်ငံအရှေ့ပိုင်း ရာနဲ့ချီတဲ့ ကျောင်းတွေကိုလည်း ပိတ်ထားရပါတယ်။
မုန်တိုင်းဟာ ၁ နာရီ ၈၅ မိုင်နှုန်းအထိ တိုက်ခတ်ခဲ့တယ်လို့ မိုးလေ၀သဌာနက ထုတ်ပြန်ပါတယ်။
By