Pages

Thursday, April 30, 2015

ထားဝယ်တွင်အိမ်ခြေ၆၀ကျော် မီးလောင်

ဓာတ်ပုံ - လွင့်မောင်မောင်
ဓာတ်ပုံ – ဖိုးဇော် (ထားဝယ်)၊ ထားဝယ်မြို့တော်

ဓာတ်ပုံ – ဖိုးဇော် (ထားဝယ်)၊ ထားဝယ်မြို့တော်

တနင်္သာရီတိုင်း ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်မှာယနေ့ ဧပြီ ၃၀ ရက်မွန်းလွဲ၁နာရီ၂၀မိနစ်တွင် မီးလောင်ကျွမ်းပြီးရပ်ကွက်ရှိ မူလတန်းကျောင်းတစ်ကျောင်းအပါအ၀င်အိမ်ခြေ ၆၀ ကျော် မီးလောင်သွားပါတယ်။

အိုးလုပ်ရပ်ကွက် နေအိမ်တလုံးမှာ ၀ါယာရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့တာ
ညနေ ၃ နာရီခွဲလောက်မှာ မီးညွန့်ကျိုးသွားပါတယ်။ညနေ၅နာရီကျော်အထိမီးကြွင်းမီးကျန်တွေ ငြိမ်းနေကြတုန်းပါ။

“ရပ်ကွက်ထဲက အိမ်တလုံးမှာ မီးရှော့ဖြစ်ပြီး စလောင်တာ၊ အခုတော့ မီးကြွင်းမီးကျန်တွေ ငြိမ်းနေကြပါတယ်။ မီးသတ်ကခန့်မှန်းတာတော့ အနည်းဆုံးအိမ် ၆၀ လောက်ရှိမယ်လို့ ပြောတယ်။

 အိုးလုပ်ရပ်ကွက် အလယ်လမ်းတလျှောက်လောင်တာ၊ အလယ်လမ်းရော လမ်းသွယ်တွေရောလောင်တာ တချို့အိမ်တွေလဲ ကျန်ခဲ့တယ်။ မီးက အရှေ့လေတိုက်နေတော့ ခုန်ကူးသွားတာ။

အိုးလုပ်ရပ်ကွက်အရှေ့ဘက် လမ်းနှစ်လမ်းကျော်ပြီးပိန္နဲတောရပ်ကွက်က အိမ် ၂ လုံးထူးဆန်းစွာမီးလောင်ကျွမ်းသွားပါတယ်။
ထူးဆန်းစွာ မီးလောင်ကျွမ်းခံရတဲ့ပိန္နဲတောရပ်ကွက်က အမှတ်(၂၅၂)နှင့်(၂၅၃)အိမ် ၂ လုံး။
ဓာတ်ပုံ - လွင့်မောင်မောင်

ထားဝယ်မီးသတ်ကို ညနေ လေးနာရီခွဲလောက် ဖုန်းနဲ့ဆက်သွယ်မေးကြည့်တော့ တာဝန်ကျ မီးသတ်ဝန်ထမ်းက ထားဝယ်က မီးသတ်ကား ၇ စီး၊

အနီးနားမြို့တွေဖြစ်တဲ့ ရေဖြူ၊လောင်းလုံနဲ့ သရက်ချောင်းတို့က မီးသတ်ကား ၇ စီး စုစုပေါင်း မီးသတ်ကား ၁၄စီးနဲ့ မီးငြိမ်းသတ်နေတယ်လို့ပြောပါတယ်။

ဘယ်ကစလောင်ပြီး အိမ်ခြေဘယ်လောက်ပျက်စီးဆုံးရှုံးတယ်ဆိုတာတော့ မပြောနိုင်သေးဘူးလို့လည်း ဆိုပါတယ်။

 အင်တာနက်အွန်လိုင်းပေါ်တက်လာတဲ့ မီးလောင်ကျွမ်းနေတဲ့ဓာတ်ပုံတွေထဲမှာတော့ မြို့က ရေဖြန့်ဖြူးတဲ့ ပုဂ္ဂလိကဒေသတွင်းလုပ် ရေကားတွေလည်း မီးငြိမ်းသတ်တဲ့နေရာမှာ ၀ိုင်းဝန်းကူညီ ငြိမ်းသတ်နေကြပါတယ်။
ဓာတ်ပုံ – ဖိုးဇော် (ထားဝယ်)၊ ထားဝယ်မြို့တော်
ယခုအခါ မီးဘေး ကယ်ဆယ်ရေးစခန်းကို အထက(၃)ကျောင်းတွင်ဖွင့်ထားကြောင်းသတင်းရရှိသည်။