Pages

Saturday, May 30, 2015

မြန်မာယူ ၂၀ အသင်းကစားပုံ နယူးဇီလန် မြို့တော်ဝန်နှင့်အမတ် ချီးကျူး

ဓာတ်ပုံ-မြန်မာဘောလုံး အဖွဲ့ချုပ် ဖေ့ဘွတ်ခ်
မေ ၃၀ ရက် ကမ္ဘာဖလား အုပ်စု (က) မြန်မာနဲ့ အမေရိကန် ယူ ၂၀ အသင်းတို့ ပွဲမှာ မြန်မာ အသင်းရဲ့ ကစားပုံကို နယူးဇီလန် ဖန်ဂရိုင် မြို့တော်ဝန်နဲ့ ပါလီမန် အမတ်တို့က ချီးကျူးခဲ့ပါတယ်။
လူကောင်းသေးသော်လည်း အသင်းကောင်းတသင်းကို ယှဉ်ကစားနိုင်ခဲ့သလို နယူးဇီလန် ပရိသတ်က မြန်မာအသင်းကို အားပေးခဲ့တယ်လို့ ပြောဆိုပြီး ဖန်ဂရိုင်းမြို့တော်ဝန် မစ္စရှာရီမိုင်းနဲ့ ပါလီမန် အမတ် ရှိန်းရီတီကိုက မြန်မာအသင်း အ၀တ်လဲခန်းမှာ လာရောက်အားပေးတယ်လို့ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် ဖေ့ဘွတ်ခ် စာမျက်နှာမှာ ရေးသားထားပါတယ်။
မြန်မာ အသင်းဟာ အမေရိကန်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် အကောင်းဆုံး ကစားသွားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မာအသင်းက ဒီပွဲရှုံးတဲ့ အတွက် အုပ်စု (က)မှာ အောက်ဆုံးအဆင့်မှာ ရပ်တည်နေသလို အမေရိကန် အသင်းကတော့ အုပ်စု ပထမနေရာကို ရယူထားပါတယ်။
မြန်မာအသင်းဟာ ဇွန် ၂ ရက်မှာ ယူကရိန်း၊ ဇွန် ၅ ရက်မှာ နယူးဇီလန်အသင်းတွေနဲ့ ကစားရမှာ ဖြစ်ပါတယ်။
DVB