Pages

Saturday, May 30, 2015

ပါကစ္စတန်တွင် ခရီးသည် အယောက် ၂၀ ကို လက်နက်ကိုင်အဖွဲ့က သတ်ပစ်

 
ပါကစ္စတန် အနောက်တောင်ပိုင်းက ဘလုချစ္စတန်ပြည်နယ်မှာ မေ ၂၉ ရက်နေ့က လိုင်းကား၂ စီးကို လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းခေါ်သွားပြီး ခရီးသည် အယောက် ၂၀  ကို သတ်ပစ်ခဲ့တယ်လို့ နယ်ခံ အရာရှိတွေက ပြောပါတယ်။
သတင်းတွေအရ အမည်အသိ လက်နက်ကိုင်အဖွဲ့က ဘက်စ်ကား ၂ စီးကို တားဆီးပြီးနာက် ခရီးသည် ၃၅ ယောက်ကို ဖမ်းခေါ်သွားတယ်လို့ ဆိုပါတယ်။
ဘက်စ်ကားဟာ ပြည်နယ်မြို့တော် ကွာရတ္တာကနေ တောင်ပိုင်းက ကရာချီမြို့ဆီကို ပြေးဆွဲတဲ့ ကားဖြစ်ပါတယ်။
ပြည်နယ် ပြည်ထဲရေးဝန်ကြီးရဲ့ အဆိုအရ လက်နက်ကိုင်အဖွဲ့က ဖမ်းသွားသူတွေဟာ  ပက်စတွန် တိုင်းရင်းသားတွေကို ရွေးပြီး အယောက် ၂၀ အသတ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။
ဒါဟာလည်း ပက်စတွန် တိုင်းရင်းသားနဲ့ ဘလုချစ္စတန် တိုင်းရင်းသားတွေအကြားမှာ ပဋိပက္ခ ဖြစ်အောင်မီးမွှေးပေးတဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။
ပါကစ္စတန် ၀န်ကြီးချုပ် န၀ပ် ရှာရက်ဖ်က သတ်ဖြတ်မှုကို ရှုတ်ချလိုက်ပြီး အဖမ်းခံထားရသူတွေ ပြန်လွှတ်အောင် ကြိုးပမ်းဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။
လုံခြုံရေးအဖွဲ့ကလည်း လက်နက်ကိုင်အဖွဲ့ရဲ့ နောက်ကိုလိုက်နေပြီး ခရီးသည်တွေကို ကယ်ထုတ်ဖို့ ကြိုးစားနေပါတယ်။ ဘယ်အဖွဲ့ကမှ သူတို့ လက်ချက်ပါလို့ မကြေညာသေးပါဘူး။
DVB