Pages

Tuesday, May 5, 2015

ဆူနာမီရေလှိုင်း သတိပေးချက် ထုတ်ပြန်

ပါပူအာ နယူးဂီနီကျွန်းနိုင်ငံရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၁၅၀ အကွာ ပင်လယ်ပြင် တနေရာကို ဗဟိုပြုပြီး ဒီနေ့မနက်မှာပဲ ပြင်းအား ရစ်ချတ်တာ စကေးလ် ၇.၅ ရှိတဲ့ ငလျင်အကြီးစား လှုပ်ခတ်ခဲ့လို့ ဆူနာမီ ရေလှိုင်းကြီးတွေရဲ့ ဘေးကို သတိပေးချက် ထုတ်ပြန် ထားပါတယ်။
papua_new_guinea_earthquakeငလျင်ဗဟို ချက်ကနေ ကီလိုမီတာ ၃၀၀ အတွင်း ဆူနာမီ ရေလှိုင်း ဖြစ်နိုင်ချေကို အာဏာပိုင်တွေက သတိပေးခဲ့တာပါ။
တကယ်လို့ ဆူနာမီ ဖြစ်ခဲ့ရင် ပါပူအာ နယူးဂီနီနိုင်ငံထဲက ကျွန်းတွေ ဆော်လမွန်ကျွန်း တွေ အင်ဒိုနီးရှား၊ ဗင်နွာတူ၊ ဖီဂျီ၊ ဖိလစ်ပိုင်နဲ့ အနားက နိုင်ငံတွေကို ရေလှိုင်း ရိုက်ခတ်နိုင်ချေ ရှိတယ်လို့ သတိပေးထားပါတယ်။
မေ ၅ ရက် ဒီနေ့မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ကျန်ခဲ့တဲ့ သီတင်းပတ် အတွင်း ပါပူအာ နယူးဂီနီမှာ လှုပ်ခဲ့တဲ့ ငလျင် ၂ ခုနဲ့ နေရာ တခုတည်းကို ဗဟိုပြု လှုပ်ခတ်ခဲ့တာပါ။
ပြီးခဲ့တဲ့ မေ ၄ ရက်နေ့ကလည်း ပါပူအာ နယူးဂီနီမှာ အင်အား ရစ်ချတ်တာ စကေးလ် ၅.၆ ရှိတဲ့ ငလျင် လှုပ်ခဲ့ပါသေးတယ်။
ဒါပေမယ့် ငလျင်တွေကြောင့် အပျက်အစီး ကြီးကြီးမားမား မရှိခဲ့သလို ဆူနာမီ ရေလှိုင်းတက်မှုလဲ မရှိသေးဘူးလို့ စီအန်အန်နဲ့ အေဘီစီသတင်းဌာနတို့က အသီးသီး ထုတ်ပြန် ကြေညာခဲ့ပါတယ်။
 DVB