Pages

Wednesday, June 10, 2015

အိန္ဒိယနိုင်ငံတွင် မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် ဒေသခံ ၆၅၀၀၀ ခန့် ရေကြီးမှုနှင့် ရင်ဆိုင်နေရ



နယူးဒေလီ ၊ ၁၀-၆-၂၀၁၅

အိန္ဒိယနိုင်ငံ  အရှေ့ မြောက်ပိုင်း အာသံပြည်နယ် တွင် မုတ်သုံမိုး သည်းထန်စွာ ရွာသွန်း ခဲ့ခြင်းကြောင့် ဒေသခံ ၆၅ဝဝဝခန့် ရေကြီးမှုဒဏ် နှင့် ရင်ဆိုင်ရလျက် ရှိကြောင်း ဒေသတွင်း မီဒီယာ တစ်ခုက ယမန်နေ့တွင် ဖော်ပြခဲ့ကြောင်း သိရသည်။

အာသံပြည်နယ် သည် မုတ်သုံမိုးကြောင့် ရေကြီးမှုဒဏ်ကို အများဆုံး ခံရသည့် ဒေသတစ်ခု ဖြစ်ပြီး ယင်း ပြည်နယ် အတွင်းရှိ ခရိုင်ကိုးခု မှာ ရေဘေးအန္တရာယ် နှင့်ကြုံတွေ့ ရလျက်ရှိကြောင်း အာဏာပိုင် များက သတင်းထုတ်ပြန် ခဲ့သည်။

အလားတူ ဒေသတွင်းရှိ ဗြဟ္မပုတ္တရမြစ် နှင့် ဂျီဟာဘာရာလီမြစ် တို့ရှိရေမှာ အန္တရာယ်ရှိသည် ဟု သတ်မှတ် ထားသည့် အမြင့် ပမာဏ အထက်မှ စီးဆင်းလျက် ရှိသောကြောင့် ဒေသတွင်းရှိ နေအိမ်များမှာ ရေနစ်မြုပ်မှု များနှင့် ကြုံတွေ့ ရလျက် ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် မုတ်သုံမိုး ရာသီသည် လွန်ခဲ့သည့် ရက်သတ္တပတ် အတွင်းက စတင်ခဲ့ပြီး ယင်းနိုင်ငံသည် ရေကြီးမှုနှင့် မြစ်ရေလျှံမှု စသည့် ရေဘေး ဒုက္ခများနှင့် ရင်ဆိုင်ရလျက် ရှိသည်ဟု သိရသည်။

PyiChitThar