Pages

Wednesday, June 10, 2015

ISIS စစ်သွေးကြွအဖွဲ့ ပြန်ပေးဆွဲထားသည့် မိန်းကလေးငယ်များ စီးကရက်တစ်ဘူးနှင့်ပင် လဲလှယ်ခံနေရ



ဒမတ်စကပ် ၊ ၁၀-၆-၂၀၁၅

ဆီးရီးယားနှင့် အီရတ်နိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များ၏ ပြန်ပေးဆွဲ ဖမ်းဆီးခံထား ရသည့် ဆယ်ကျော်သက် မိန်းကလေး များသည် လိင်ကျွန် ဈေးကွက်တွင် စီးကရက် တစ်ဘူးနှင့်ပင် လဲလှယ်ခံ နေရကြောင်း လိင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆိုင်ရာ ကုလသမဂ္ဂ သံအမတ် ဇိုင်နက်ဘ်ဘန်ဂူရာ က ဇွန် ၉ ရက်တွင် ပြောကြားသည်။

ISIS စစ်သွေးကြွ များသည် နယ်မြေသစ် တစ်ခုကို သိမ်းယူသည့် အချိန်တွင် နယ်မြေ အတွင်းရှိ အမျိုးသမီးငယ် များကို ပြန်ပေးဆွဲ ခဲ့ကြောင်း၊ ယင်း အမျိုးသမီးငယ် များကို အနိမ့်ဆုံးဈေး အဖြစ် စီးကရက် တစ်ဘူးမှစ၍ အမေရိကန် ဒေါ်လာ ထောင်ပေါင်း များစွာနှင့် အလဲအလှယ် ပြုလုပ်ခဲ့ကြောင်း ယခုနှစ် ဧပြီလ အတွင်းက အီရတ်နှင့် ဆီးရီးယား နိုင်ငံသို့ အလည်အပတ် ရောက်ရှိခဲ့သည့် ဇိုင်နက်ဘ် ဘန်ဂူရာ က ပြောကြားသည်။

အမျိုးသမီး များကို ပြန်ပေးဆွဲ နေသော ISIS စစ်သွေးကြွ အဖွဲ့၏ လုပ်ရပ်သည် ပြည်ပ နိုင်ငံသားများကို ၄င်းတို့၏ တပ်ဖွဲ့ဝင်များ အဖြစ် စုဆောင်း နိုင်ရေးကို ရည်ရွယ်သည့် နည်းဗျူဟာ တစ်ခု ဖြစ်လာခဲ့ကြောင်း၊ ပြည်ပ နိုင်ငံများမှ တိုက်ခိုက်ရေး သမားများသည် ISIS စစ်သွေးကြွ အဖွဲ့၏ အဓိက ကျောရိုး ဖြစ်ကြောင်း ဇိုင်နက်ဘ် က ဆက်လက် ပြောကြားသည်။

PyiChitThar