Pages

Monday, June 22, 2015

တောင်တရုတ်ပင်လယ်တွင် တရုတ်ရေတပ် စစ်ရေးလေ့ကျင့်မှုပြုလုပ် (ရုပ်သံ)

Chinese Navy02
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်က မကြာခင်က တောင်တရုတ်ပင်လယ်မှာ လက်တွေ့ပစ်ခတ်မှု၊ စစ်ရေးလေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။
ဒီလေ့ကျင့်မှုမှာ အပြာရောင်တပ်နဲ့ အနီရောင်တပ်လို့ ခွဲလိုက်ပြီး တိုက်ခိုက်ရေးနည်းနာတွေနဲ့ မဟာဗျူဟာတွေကို လက်တွေ့လေ့ကျင့်ခဲ့ကြပါတယ်။
အပြာရောင်တပ်ရဲ့ ရေငုပ်သင်္ဘောတွေကို အနီရောင်စစ်သင်္ဘောတွေက ဆိုနာစနစ်ဖြင့် ရှာဖွေတဲ့ပုံစံမျိုးနဲ့ လေ့ကျင့်မှုကို စတင်ပါတယ်။
အပြာရောင်တပ်ကလည်း ကမ်းခြေစောင့်တပ်နဲ့  ပူးတွဲ တန်ပြန်ထိုးစစ်ဆင်တဲ့အချိန်မှာ အနီရောင်တပ်ကလည်း တိုက်လေယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လုပ်ခဲ့ကြပါတယ်။
အနီရောင်တပ်ရဲ့ ဒုံးခွင်းဒုံးတွေ ကြားဖြတ်မဖျက်ဆီးနိုင်အောင် သူတို့ရဲ့ ရေဒါစနစ်ကို အပြာရောင်တပ်က နှောင့်ယှက်တဲ့ပုံစံတွေ၊ ဒုံးကျည်တွေနဲ့ တုံ့ပြန်ပစ်ခတ်မှုပုံစံတွေကို လက်တွေ့ လေ့ကျင့်ခဲ့ကြပါတယ်။


DVB