Pages

Friday, August 7, 2015

ဒေါက်တာ ညိုညိုသင်း တစ်သီးပုဂ္ဂလအမတ်လောင်းအဖြစ် ဝင်ရောက်အရွေးခံမည်



 ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းဟာ လာမယ့်ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂကိုယ်စားလှယ်လောင်းအဖြစ် ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ကနေ ယှဉ်ပြိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ ၃၆ လမ်းမှာရှိတဲ့ မြန်မာဂျာနယ်လစ်ကွန်ရက် MJN မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်ညိုညိုသင်းက ပြောလိုက်တာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်ထားခဲ့ပေမယ့် ကိုယ်စားလှယ်ရွေးချယ်ခံရတဲ့ စာရင်းထဲမှာမပါခဲ့တာကြောင့် တသီးပုဂ္ဂလအဖြစ်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

Photo: Tun Myint/RFA
RFA Burmese