Pages

Friday, August 7, 2015

ဘင်္ဂလာဒေ့ခ်ျမှာ ဘလော့ဂါတစ်ဦးခေါင်းဖြတ်သတ်ခံရ



 ဘင်္ဂလားဒေ့ခ်ျနိုင်ငံ မြို့ တော် ဒါကားမှာ အင်တာနက် ဘလော့ဂါ တစ်ဦး ထပ်မံခေါင်း
ဖြတ်သတ်ခံ လိုက်ရ ပါတယ်။ နေအိမ်မှာ ခေါင်းဖြတ် သတ်ခံလိုက်ရတဲ့ နီလှိုင်နီးဟာ တစ်နှစ်
အတွင်း ခေါင်းဖြတ်သတ်ခံရတဲ့ လေးယောက်မြောက် ဘလော့ဂါဖြစ်ပါတယ်။

အစ္စလမ်ဘာသာ ဓလေ့ထုံးတမ်းတွေကို ဝေဖန်ရေးသားလေ့ရှိတဲ့ ဘလော့ဂါတွေအတွက်
ဘင်္ဂလားဒေခ်ျနိုင်ငံရဲ့ လုံခြုံရေးဟာ အစိုးရမ်ဆုံး အခြေနေမှာ ရှိနေတယ်လို့ လေ့လာသုံးသပ်
သူတွေကပြောပါတယ်။

အစ္စလမ်ဘာသာ ဓလေ့ထုံးတမ်းတွေကိုဝေဖန်တဲ့ သတင်းဆောင်းပါးတွေကိုသူ့ ရဲ့ ဖေ့စ်ဘုခ်နဲ့ ဘလော့ပေ့ခ်ျမှာတင်တာကြောင့် အစ္စလာမ်အစွန်းရောက်အဖွဲ့ တစ်ဖွဲ့ ရဲ့ လုပ်ကြံသတ်ဖြတ် ခံရတာဖြစ်တယ်လို့ ဒါကားရဲတပ်ဖွဲ့ ကအတည်ပြုပြောကြား ခဲ့ပါတယ်။

BBC Burmese