Pages

Friday, August 7, 2015

ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီချက် မရသေး


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေး ထိုးနိုင်ရေး အတွက် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသား အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့ SD တို့ရဲ့ ဒီနေ့ ဆွေးနွေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံး ပါဝင်ရေးဆိုတဲ့ တောင်းဆိုချက်အပေါ် သဘောတူညီမူ မရခဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာမှာ သြဂုတ်လ ၆ ရက်နဲ့ ၇ ရက်နေ့မှာ နှစ်ရက်ကြာ ကျင်းပခဲ့တာဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက နှစ်ရက်ကြာဆွေးနွေးပွဲမှာ လက်မှတ်ရေးထိုးပွဲမှာ ပါဝင်မယ့် တိုင်းရင်းသားအဖွဲ့ အရေအတွက်နဲ့ပတ်သက်ပြီး ဆက်လက်ဆွေးနွေးရဦးမယ်လို့ ပြောပါတယ်။

Photo: Thiha Tun/RFA
RFA Burmese