Pages

Tuesday, November 3, 2015

မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုဖျော်ဖြေပွဲများဖြင့် မအားလပ်တဲ့ ဆက်ဆီမော်ဒယ် ဇွန်သင်ဇာ



၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးကာလအတွင်း တခြားသော အနုပညာရှင်များ၊ အဆိုတော်များ နည်းတူ ဆက်ဆီ မော်ဒယ်တစ်ဦးဖြစ်သူ ဇွန်သင်ဇာသည်လည်း မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုဖျော်ဖြေပွဲများနှင့် မအားမလပ်ဖြစ်နေကြောင်းသိရသည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ဂေါက်ကွင်းတွင် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှပြုလုပ်သည့် မဲဆွယ်စည်းရုံးရေး စင်တင် ဂီတဖျော်ဖြေပွဲ သို့ ဇွန်သင်ဇာလည်း သွားရောက်ဖျော်ဖြေခဲ့သည်။
အဆိုပါပွဲကို နိုဝင်ဘာ (၁) ရက်နံနက်ပိုင်းတွင်ပြုလုပ် ခဲ့ပြီး ဖျော်ဖြေပွဲ အပြီးတွင် ကျောက်ဖြူမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှ ယှဉ်ပြိုင်မည့် ဗိုလ်မှူးကြီး(ငြိမ်း) ဦးထွေးလှနှင့် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးချုပ်ဟောင်း ဗိုလ်မှူးကြီး(ငြိမ်း) ဦးမောင်မောင်အုန်းတို့ အတွက် မော်ဒယ် ဇွန်သင်ဇာ၏ အကအလှများဖြင့် ဒေသခံပြည်သူများအား မဲဆွယ်စည်းရုံးဖျော်ဖြေ ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
သတင်း - မောင်နိုး
ဓါတ်ပုံ - ကျောက်ဖြူ လူငယ်
The Ladies News Journal