Pages

Thursday, December 31, 2015

နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းအား ဥပဒေကြမ်း ကော်မတီ၏ ပြင်ဆင်ချက် အတိုင်း ပြည်သူ့လွှတ်တော် အတည်ပြု


    ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

    ပြည်ထဲရေး ဝန်ကြီးဌာနက တင်သွင်းသော နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေး ဆိုင်ရာ ဥပဒေကြမ်းအား ဥပဒေကြမ်း ကော်မတီ၏ ပြင်ဆင်ချက် အတိုင်း ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် အတည်ပြု လိုက်သည်။

အဆိုပါ ဥပဒေကြမ်းတွင် နိုင်ငံတော် သမ္မတ တာဝန် ကုန်ဆုံးချိန် နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်ခဲ့စဉ် က ဥပဒေနှင့် အညီ ဆောင်ရွက်ခဲ့သည့် ကိစ္စများကို အရေးယူမှု မပြုရန် နှင့် နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်သူ၏ လုံခြုံရေးအား ဆက်လက် တာဝန်ယူရန် ဆိုသည့် ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ တင်ပြချက်အတိုင်း ပြည်သူ့ လွှတ်တော်မှ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

(Xinhua)