Pages

Monday, December 14, 2015

ပြည်တွင်းစစ်ပွဲ အမြန်ဆုံးရပ်ရန် ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း တောင်းဆို

NBF ၏၂၅ကြိမ်မြောက်ပုံမှန်အစည်းအဝေး

 ဒီဇင်ဘာလ ၁၂ ရက် ၊ ရန်ကုန်

ပြည်တွင်းစစ်ဘေးဒဏ်ကြောင့် ဒုက္ခရောက်နေကြတဲ့ တိုင်းရင်းသားတွေကို စာနာထောက်ထားတဲ့အနေနဲ့ စစ်ပွဲတွေအမြန်ဆုံး ရပ်ဆိုင်းပေးဖို့ ညီနောင်တိုင်း ရင်းသားပါတီများ ဖက်ဒရေးရှင်း (အန်ဘီအက်ဖ်)က သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးကို တောင်းဆိုလိုက်ပါတယ်။
ဒီဇင်ဘာလ ၁၂ ရက်နေ့ ရန်ကုန်မှာကျင်းပပြီးစီးသွားတဲ့ ၂၅ ကြိမ်မြောက် အစည်းအဝေး အပြီး ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်တာပါ။
ဒါ့အပြင် ညီနောင်တိုင်းရင်းသားပါတီတွေအနေနဲ့ ၂၀၁၅ရွေးကောက်ပွဲရလဒ်ကို ကြိုဆိုဂုဏ်ပြုကြောင်းနဲ့ ဒီရွေးကောက်ပွဲမှာ အန်ဘီအက်ဖ် အနေနဲ့ လွှတ်တော်အရပ်ရပ်မှာ ၇၈ ဦးသာအနိုင်သာပေမယ့် ပိုမိုကျစ်လစ်ခိုင်မာတဲ့ စည်းလုံးညီညွတ်မှုနဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားတို့ကို ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်းအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အန်ဘီအက်ဖ်အဖွဲ့ကို ၂ဝ၁၃ နိုဝင်ဘာ ၁ဝ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး တိုင်းရင်းသားပါတီပေါင်း ၂၁ ပါတီနဲ့ လွှတ်တော်အမတ် ၁၆၀ ဦးနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
DVB