Pages

Monday, December 14, 2015

အကြမ်းဖက်​သမားများ နယ်​စပ်​မှ မ၀င်လာရေး ကော့သောင်းတွင် ဆွေးနွေး


Dawei Watch၊ ​ကော့​သောင်း၊ ဒီဇင်​ဘာ ၁၃  
ထိုင်း-မြန်​မာ နယ်​စပ်​ပေါက်များမှ အကြမ်းဖက်​​သမားများ ဝင်​​ရောက်​လာမူ မရှိ​စေ​ရန် စုံစမ်းရှာ​ဖွေ​ရေး၊ လုံခြုံ​ရေး တိုးမြင့်​ ချထား​ရေး လုပ်​ငန်း စဉ်​များ လုပ်​​ဆောင်​ရာတွင်​ အစ္စလာမ်ဘာသာဝင်​များ ပူး​ပေါင်း ပါဝင်​​ရေး ဘာသာရေး ခေါင်း​​ဆောင်​များနှင့် ရဲတပ်ဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုင်းနိုင်​ငံတွင်​ အစ္စလာမ်မစ် နိုင်ငံတော် (IS) အကြမ်းဖက်​အဖွဲ့ဝင်များ ​ရောက်​ရှိ​နေသည့်​ သတင်းများ​ကြောင့်​ ကော့သောင်းမြို့နယ်​အတွင်း ​ဝင်ေ​ရာက်ကာ ​အကြမ်းဖက် ​​ဖောက်​ခွဲ​ မူများမဖြစ်​​စေ​ရေး ၊ ဝင်ရောက်​မူ မရှိ​စေ​ရေး အတွက်​ နယ်​စပ်​အတွင်း စစ်​​ဆေး ရှာ​ဖွေရာတွင်​ ပူးပေါင်းဆောင်ရွက်ရေးကို ဒီဇင်ဘာလ ၁၂ ရက်နေ့က ကော့သောင်းမြို့ တစ်မိုင် ဗလီတွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
သူစိမ်း ဧည့်​သည်​များ လက်​မခံရန်၊​ ဒေသခံ မဟုတ်သည့် ​မျက်​နှာစိမ်းများ ညအိပ်​တည်းခိုမူများ ​မပြုရန် ၊ မသင်္ကာသူများ ​တွေ့ရှိပါက ရဲတပ်​ဖွဲ့ ထံ ချက်​ချင်း အ​ကြောင်းကြား​ပေးစေလိုကြောင်း ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး တင်ဦးက ပြောကြားသည်။
“အစ္စလာမ် ဘာသာဝင်​​တိုင်းကို အကြမ်းဖက်​သမားများလို့ မထင်​​စေလိုဘူး။ အကြမ်းဖက်​မူကို လည်း မနှစ်​သက်​ပါဘူး။ ကျွန်​​တော်​တို့ လည်း ရဲတပ်​ဖွဲ့ နဲ့ ပူး​ပေါင်း လုပ်​​ဆောင်​သွားမယ်”ဟု ဗလီ​ဂေါပက အဖွဲ့ဝင်​ ဦးမျိုး​အောင်​ပြောကြားသည်​။
လက်​ရှိအလယ်​ပိုင်း ​ဒေသတွင်​ ဖြစ်​​ပေါ်​နေသည့်​ စစ်​​ရေး ပဋိပက္ခ များ​ကြောင့်​ အစ္စလာမ် အစွန်း​ရောက်​အဖွဲ့များမှ အဖွဲ့ဝင်​များသည်​ နိုင်​ငံ အသီးသီးသို့ ​ရောက်​ရှိ​နေပြီး အကြမ်းဖက်​ တိုက်​ခိုက်​မူများ ဖြစ်​ပွား​နေသည့်​ အ​ခြေအ​နေများကိုလည်း ဆွေးနွေးပွဲတွင် ရဲတပ်ဖွဲ့က ရှင်းလင်းပြောဆိုခဲ့သည်။
Dawei Watch