ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ယာယီ ရပ်ဆိုင်း ထားတဲ့ တွံတေး၊
ကြည့်မြင်တိုင် တဖက်ကမ်းနဲ့ ဆိပ်ကြီး ခနောင်တိုမြို့နယ်က
ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည် ဖော်ပေးဖို့ ဒေသခံ ၁ဝဝဝ ကျော်က
သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံ ဟစ်တိုင်ကွင်းမှာ ဒီနေ့ ဆန္ဒပြတောင်းဆို
ခဲ့ကြပါတယ်။
ရန်ကုန်မြို့သစ်စီမံကိန်းကြောင့် အနီးပတ်ဝန်းကျင်က
ကျေးရွာတွေဖံွ့ဖြိုးလာမယ်လို့ ယူဆတဲ့အတွက် အခုလို တောင်းဆိုတာဖြစ်တယ်လို့
တွံတေးမြို့နယ်၊ ခလောက်ချိုက်ရွာသား ဦးစိုးကြည်က ပြောပါတယ်။
"စီမံကိန်းကိုပြန်ပြီးတော့ အကောင်အထည်အမြန်ဆုံး
ဖော်ပေးဖို့တောင်းဆိုတာပေါ့၊ အဲ့လိုလုပ်ချင်နေတဲ့ အကြောင်းရင်းကလည်း
ကျနော်တို့ဒေသကြီးတစ်ခုလုံကလေ ရန်ကုန်မြို့နဲ့ဆိုလည်း မြစ်ပဲခြားတယ်လေ၊
လှိုင်သာယာမြို့နဲ့ကျတော့လည်း မြစ်ပဲခြားတယ်၊ ခြားပြီးတော့ အကိုတို့ဒေသမှာ
တစ်ခါတည်း ခန်းခြောက်ပြီးတော့လေ လယ်ယာမြေကလည်း လုပ်စားလို့လည်း အဆင်မပြေ၊
ကျေးရွာတွေကလည်း သွားရေးလာရေးကအစ မိုးတွင်းဘက်ကျရင်လေ ရွှံ့တွေဗွတ်တွေနဲ့
အထက်တန်းကျောင်းတွေဆိုရင်လည်း မြေဧက ၃ဝဝဝဝ ဝန်းကျင် ရွာတွေစုထားတာပါ၊
တွဲဘက်အထက်တန်းကျောင်းဆိုတာက ထိပ်ဆုံးဆိုတဲ့ ကျောင်းတစ်ကျောင်းပဲရှိတယ်လေ၊
အဲ့ဒီတော့ ကျန်တဲ့ရွာတွေက အဝေးကြီးကနေပြီးမှ အဲ့လိုသွားဖို့က လမ်းပမ်းမရှိ
ဘာမရှိတွေနဲ့ဆိုတော့လေ ကလေးတွေက ပညာရေးတွေက မမီတော့ဘူးပေါ့၊
ကျောင်းတွေဘာတွေထွက်ပြီးတော့ ကိုယ့်မိရိုးဖလာ အလုပ်ကလေးတွေပဲ
လုပ်စားနေရတယ်"
မြို့သစ်စီမံကိန်းဧရိယာမှာပါတဲ့ ဒေသခံတွေဟာ တွံ့တေးမြို့နယ်
ခလောက်ချိုက်ကျေးရွာမှာစုဝေးပြီး သင်္ဃန်းကျွန်းမြို့နယ်က
ကျိုက္ကဆံလူထုဟစ်တိုင်ကွင်းမှာ ဆန္ဒပြကြတာဖြစ်ပါတယ်။
အခုလို ဒေသခံတွေ ဆန္ဒပြတောင်းဆိုတာဟာ သုံးကြိမ်မြောက်ဖြစ်ပါတယ်။
ရန်ကုန်မြို့သစ် စီမံကိန်းကို မြေဧက ၃ဝဝဝဝ ကျော်မှာ အကောင်အထည်
ဖော်မှာဖြစ်ကြောင်းနဲ့ စီမံကိန်းကို မြို့သစ်စေတနာအများပိုင်ကုမ္ပဏီက
တာဝန်ယူဆောင်ရွက်မှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က
ပြီးခဲ့တဲ့နှစ် သြဂုတ်လက တိုင်းဒေသကြီးလွှတ်တော်မှာ တင်ပြခဲ့တာဖြစ်ပါတယ်။
အဲ့ဒီတင်ပြမှုအပေါ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြတာကြောင့် စီမံကိန်းကို ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။
RFA Burmese
Pages
▼
Monday, January 12, 2015
ရန်ကုန်မြို့သစ်စီမံကိန်း ဖော်ထုတ်ပေးဖို့ ဆန္ဒပြ
ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ယာယီ ရပ်ဆိုင်း ထားတဲ့ တွံတေး၊
ကြည့်မြင်တိုင် တဖက်ကမ်းနဲ့ ဆိပ်ကြီး ခနောင်တိုမြို့နယ်က
ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည် ဖော်ပေးဖို့ ဒေသခံ ၁ဝဝဝ ကျော်က
သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံ ဟစ်တိုင်ကွင်းမှာ ဒီနေ့ ဆန္ဒပြတောင်းဆို
ခဲ့ကြပါတယ်။
ရန်ကုန်မြို့သစ်စီမံကိန်းကြောင့် အနီးပတ်ဝန်းကျင်က ကျေးရွာတွေဖံွ့ဖြိုးလာမယ်လို့ ယူဆတဲ့အတွက် အခုလို တောင်းဆိုတာဖြစ်တယ်လို့ တွံတေးမြို့နယ်၊ ခလောက်ချိုက်ရွာသား ဦးစိုးကြည်က ပြောပါတယ်။
"စီမံကိန်းကိုပြန်ပြီးတော့ အကောင်အထည်အမြန်ဆုံး ဖော်ပေးဖို့တောင်းဆိုတာပေါ့၊ အဲ့လိုလုပ်ချင်နေတဲ့ အကြောင်းရင်းကလည်း ကျနော်တို့ဒေသကြီးတစ်ခုလုံကလေ ရန်ကုန်မြို့နဲ့ဆိုလည်း မြစ်ပဲခြားတယ်လေ၊ လှိုင်သာယာမြို့နဲ့ကျတော့လည်း မြစ်ပဲခြားတယ်၊ ခြားပြီးတော့ အကိုတို့ဒေသမှာ တစ်ခါတည်း ခန်းခြောက်ပြီးတော့လေ လယ်ယာမြေကလည်း လုပ်စားလို့လည်း အဆင်မပြေ၊ ကျေးရွာတွေကလည်း သွားရေးလာရေးကအစ မိုးတွင်းဘက်ကျရင်လေ ရွှံ့တွေဗွတ်တွေနဲ့ အထက်တန်းကျောင်းတွေဆိုရင်လည်း မြေဧက ၃ဝဝဝဝ ဝန်းကျင် ရွာတွေစုထားတာပါ၊ တွဲဘက်အထက်တန်းကျောင်းဆိုတာက ထိပ်ဆုံးဆိုတဲ့ ကျောင်းတစ်ကျောင်းပဲရှိတယ်လေ၊ အဲ့ဒီတော့ ကျန်တဲ့ရွာတွေက အဝေးကြီးကနေပြီးမှ အဲ့လိုသွားဖို့က လမ်းပမ်းမရှိ ဘာမရှိတွေနဲ့ဆိုတော့လေ ကလေးတွေက ပညာရေးတွေက မမီတော့ဘူးပေါ့၊ ကျောင်းတွေဘာတွေထွက်ပြီးတော့ ကိုယ့်မိရိုးဖလာ အလုပ်ကလေးတွေပဲ လုပ်စားနေရတယ်"
မြို့သစ်စီမံကိန်းဧရိယာမှာပါတဲ့ ဒေသခံတွေဟာ တွံ့တေးမြို့နယ် ခလောက်ချိုက်ကျေးရွာမှာစုဝေးပြီး သင်္ဃန်းကျွန်းမြို့နယ်က ကျိုက္ကဆံလူထုဟစ်တိုင်ကွင်းမှာ ဆန္ဒပြကြတာဖြစ်ပါတယ်။
အခုလို ဒေသခံတွေ ဆန္ဒပြတောင်းဆိုတာဟာ သုံးကြိမ်မြောက်ဖြစ်ပါတယ်။
ရန်ကုန်မြို့သစ် စီမံကိန်းကို မြေဧက ၃ဝဝဝဝ ကျော်မှာ အကောင်အထည် ဖော်မှာဖြစ်ကြောင်းနဲ့ စီမံကိန်းကို မြို့သစ်စေတနာအများပိုင်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်မှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြီးခဲ့တဲ့နှစ် သြဂုတ်လက တိုင်းဒေသကြီးလွှတ်တော်မှာ တင်ပြခဲ့တာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးစာချုပ် ရှေ့လ လက်မှတ်ထိုးဖို့ မဖြစ်နိုင်
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား
လာမယ့်ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ မဖြစ်နိုင်ကြောင်း
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင်
နိုင်ဟံသာက ပြောပါတယ်။
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြား အကြေအလည် ညှိနှိုင်းရမယ့် အချက်တွေ ကျန်နေသေးတာကြောင့် လက်မှတ်ရေးထိုးဖို့ မဖြစ်နိုင်သေးဘူးလို့ NCCT ခေါင်းဆောင် နိုင်ဟံသာ က ပြောပါတယ်။
"သဘောထားအမြင်တွေ ပထမညှိလို့မပြတ်သေးပဲနဲ့ ပြည်ထောင်စုနေ့မှာ လက်မှတ်ထိုးမယ် ဆိုတဲ့ဟာတော့မဖြစ်သင့်ဘူး၊ ဖြစ်လည်းမဖြစ်နိုင်ဘူး၊ အဲ့ဒါကတော့ အဓိကဖြင့်တော့ ဒီလိုအပစ်အခက်ရပ်စဲရေး ဖြစ်ဖို့ဟာမှာ တစ်ဆို့နေတဲ့အမြင်တွေကို နည်းလမ်းရှာပြီးတော့ ညှိနေတာပါပဲ၊ အဲ့ဒီမှာတောင် ကျယ်ကျယ်ပြန့်ပြန့် မဖြစ်သေးဘူးဆိုတော့ အဲ့ဒီအမှုတွေကိုလည်း မရသေးဘူးဆိုတော့ ပြည်ထောင်စုနေ့မှာ လက်မှတ်ထိုးဖို့ဆိုတဲ့ဟာတော့ ဒါဟာလက်တွေ့ပိုင်း မှာ ဖြစ်ဖို့ဆိုတာသိပ်မလွယ်ဘူး"
ပြည်ထောင်စုနေ့မှာ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့အတွက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ က ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နဲ့ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့ အလွတ်သဘောတွေ့ဆုံပွဲမှာ နှစ်ဘက်ခေါင်းဆောင်တွေက မျှော်မှန်းခဲ့ သလို နိုင်ငံတော်သမ္မတကလည်း တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေကို ကမ်းလှမ်းထားပါတယ်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင်၊ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ နိုင်ဟံသာက မော်လမြိုင်မြို့၊ ငန်းတေးရပ်ကွက်မှာရှိတဲ့ နိုင်ရွှေကျင်စာကြည့်တိုက်မှာ အရပ်ဘက်လူမှုအဖွဲ့အစည်း ၇ ဖွဲ့နဲ့ ဒီနေ့တွေ့ဆုံပြီး လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေကို ရှင်းပြခဲ့ပါတယ်။
အဲ့ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ မွန်ဒေသလူမှုဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့ဝင် ဦးမင်းမင်းနွယ်က အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ တင်ပြတောင်းဆိုမှုတွေကို အခုလိုပြောပါတယ်။
"ဒီလိုမျိုး အကြံပြုဆွေးနွေးခဲ့တာတော့ အပစ်အခက်ရပ်စဲရေးအပေါ် ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ လူမှုအဖွဲ့အစည်းတွေက ဘယ်လိုမျိုးပါဝင်သင့်သလဲဆိုတာကို သူ့အမြင်ကိုမေးကြည့်တယ်၊ အဲ့ဒါတော့ ပြန်လည်ဆွေးနွေးတယ်၊ သူတို့ရဲ့လုပ်ဆောင်မှုတွေကို ပြည်သူလူထု များများသိအောင်ပေါ့နော်၊ မွန်အရက်ဘက် အဖွဲ့အစည်းမဟုတ်ပဲနဲ့ မွန်ပြည်နယ်မှာရှိနေတဲ့ အဖွဲ့အစည်းတွေအားလုံး သိရှိဖို့အတွက် အဲ့ဒါလည်းသူတို့က တွေ့ဆုံဖို့လိုမယ်"
ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော်တည်ဆောက်ရေး၊ တပ်နေရာချထားရေး၊ နိုင်ငံရေး ဆွေးနွေးပွဲမူဘောင်ချမှတ်ရေးနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရေးကိစ္စတွေမှာ တပ်မတော်နဲ့ NCCT တို့အကြား သဘောတူညီမှု မရသေးကြောင်း အရပ်ဖက်အဖွဲ့အစည်းတွေကို နိုင်ဟံသာက ရှင်းပြခဲ့တယ်လို့ သိရပါတယ်။
တွေ့ဆုံပွဲကို မွန်ပြည်နယ်အခြေစိုက် မွန်ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့၊ မွန်စေတနာ၊ မွန်ပညာရေးနဲ့ မွန်ဒေသလူမှုဖွံ့ဖြိုးရေးကွန်ရက် စတဲ့အဖွဲ့တွေ တက်ရောက်ခဲ့ကြပါတယ်
RFA သတင်းထောက် မဝေမာထွန်းရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

ရန်ကုန်စတော့အိတ်ချိန်း ဖွင့်ဖို့ ပြင်ဆင်မှုတွေ လုပ်
![]() |
ရန်ကုန် စတော့ အိတ်ချိန်း ကို မြန်မာ့ စီးပွားရေး ဘဏ်က ၅၁% ပိုင်ဆိုင် ထားပြီး၊ ဂျပန် ဒိုင်ဝါ ကော်ပိုရေးရှင်း နဲ့ တိုကျိုစတော့ အိတ်ချိန်း နှစ်ခု ပေါင်းက ၄၉% ပိုင်ဆိုင် ထားတာပါ။ |
ဒီလိုင်စင် ကို အများပိုင် ကုမ္ပဏီတွေ ကသာ လျှောက်ထားခွင့် ရှိတာ ဖြစ်ပြီး မြန်မာနိုင်ငံ မှာ လက်ရှိ အများပိုင် ကုမ္ပဏီ ပေါင်း ၂၀ဝ ဝန်းကျင် လောက် ရှိနေတယ် လို့ ကော်မရှင် ဥက္ကဌ ဘဏ္ဍဍာရေး ဒုဝန်ကြီး ဒေါက်တာ မောင်မောင်သိန်း က ပြောပါတယ်။
စတော့ ဈေးကွက် ဝန်ဆောင်မှု လုပ်ငန်း လိုင်စင် ၄ မျိုး လျှောက်ထားမယ် ဆို လိုင်စင် အမျိုးအစား အပေါ် မူတည်ပြီး ရင်းနှီး မတည်ငွေ အနေနဲ့ မြန်မာကျပ်ငွေ သန်း (၃၀) ကနေ (၁၅)ဘီလျံ အထိ ရှိရမှာ ဖြစ်ပါတယ်။
သတ်မှတ် ထားတဲ့ အချက်တွေ နဲ့ ကိုက်ညီ နိုင်တဲ့ အများပိုင် ကုမ္ပဏီ ၁၀ ခု လောက် ရှိတယ် ဆိုပြီး ဒေါက်တာ မောင်မောင်သိန်း က ဆိုပေမယ့်၊ စီးပွားရေး နဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ရဲ့ စီးပွားရေး အကြံပေး ဒေါက်တာ မောင်အောင် ကတော့ လောလောဆယ် ပြည်တွင်းက အများပိုင် ကုမ္ပဏီ အများစုဟာ ဆွေမျိုး သားချင်းတွေ နဲ့ ဖွဲ့စည်း ထားတာ ဖြစ်သလို၊ ငွေဖြူငွေမည်း ကိစ္စလို ဖြေရှင်း စရာတွေ ရှိနေတယ် လို့ ဘီဘီစီ ကို ပြောပါတယ်။
အခု ဖွင့်ဖို့ ပြင်ဆင်နေတဲ့ စတော့ အိတ်ချိန်းကို ရန်ကုန် စတော့ အိတ်ချိန်း လို့ ခေါ်မှာပါ။ ရန်ကုန် စတော့ အိတ်ချိန်း ကို ဘဏ္ဍဍာရေးနဲ့ အကောက်ခွန် ဝန်ကြီးဌာန လက်အောက်မှာ ရှိတဲ့ မြန်မာ့ စီးပွားရေး ဘဏ်က ၅၁% ပိုင်ဆိုင် ထားပြီး ဂျပန် ဒိုင်ဝါ ကော်ပိုရေးရှင်း နဲ့ တိုကျိုစတော့ အိတ်ချိန်း နှစ်ခု ပေါင်းက ၄၉% ပိုင်ဆိုင် တာဖြစ်ပါတယ်။
ဝန်ဆောင်မှု လုပ်ငန်း လိုင်စင် လျှောက်လွှာ တွေကို မြန်မာနိုင်ငံ ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် ကနေ ဇန်နဝါရီ (၁၉) ရက်နေ့ မှာ စတင် လက်ခံမှာ ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
အမျိုးသား လွှတ်တော် ဥက္ကဌ ၈၈ ခေါင်းဆောင်များနဲ့ တွေ့ဆုံ

အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင်တချို့ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ကိစ္စတွေကို ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။
ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ဖို့ ဆောင်ရွက်ခဲ့တာတွေကို ရှင်းပြခဲ့သလို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့အတွက် ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်းကို ဆွေးနွေးခဲ့ကြတယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီးက ပြောပါတယ်။
"ကျနော်တို့ကတော့ လက်ရှိနိုင်ငံမှာ ဖြစ်နေတဲ့အခြေအနေတော်တော် များများကို ခြုံငုံပြီးတော့ပြောဖြစ်ပါတယ်၊ ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် ဆွေးနွေးနေတဲ့ အချက်တွေကတော့ ပုဒ်မတွေ ၂ဝဝ ကျော်ပေါ၊့ အဲ့ဒီအထဲမှာ အရေးပါတဲ့ဖွဲ့စည်းပုံ ပြင်ဆင်ရေး ၄၃၆ နဲ့ပတ်သတ်လို့ ကျနော်တို့ ဆောင်ရွက်ခဲ့တာတွေ ကျနော်တို့ သဘောထားတွေကို ပြောဖြစ်ဆွေးနွေးဖြစ်ပါတယ်၊ အဓိကကတော့ ကျနော်တို့ ဦးတည်ပြီးဆွေးနွေးတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ တိုင်းရင်းသား တန်းတူညီမျှရေး အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးကိစ္စ အဲ့ဒါတွေကိုပဲ အဓိက ဆွေးနွေးခဲ့ကြပါတယ်"
တွေ့ဆုံပွဲကို ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုပြုံးချို နဲ့ ကိုထွန်းမြင့်အောင် စတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကျောင်းသားခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပူးပေါင်းပြီး ပြီးခဲ့တဲ့နှစ် မေလ ၂၇ရက်နေ့ကနေ ဇူလိုင်လ ၁၉ ရက်နေ့အထိ တစ်နိုင်ငံလုံးအနှံ့မှာ ဆန္ဒသဘောထားလက်မှတ်တွေကို ကောက်ခံခဲ့တာဖြစ်ပါတယ်။
အဲ့ဒီလှုပ်ရှားမှုကနေ ရရှိလာတဲ့ လက်မှတ် ၅သန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ထံ တင်ပြထားပါတယ်။
RFA Burmese
အစ္စလာမ် အစွန်းရောက် ဆန့်ကျင်ရေး ပြင်သစ် ချီတက်ပွဲ

ကမ္ဘာ့ ခေါင်းဆောင် အများ အပြားလည်း ဒီ ချီတက် ပွဲမှာ ပူးပေါင်း ပါဝင်ကြ
ပြင်သစ် နိုင်ငံမှာ အစ္စလာမ် အစွန်းရောက် တွေကြောင့် လူ ၁၇ ဦး သေဆုံး ခဲ့ရ တာကို ကန့်ကွက် ဆန့်ကျင်တဲ့ ပဲရစ်မြို့ ချီတက်ပွဲ မှာ လူပေါင်း ၁ သန်း နီးပါး ပါဝင် ခဲ့ကြ ပါတယ်။
ဒါဇင်နဲ့ ချီတဲ့ ကမ္ဘာ့ ခေါင်းဆောင် အများ အပြားလည်း ဒီချီတက် ပွဲမှာ ပူးပေါင်း ပါဝင်ကြ ပါတယ်။
အာဏာပိုင် တွေ ကနေ လုံခြုံရေး အင်အားကို မကြုံ စဖူး အများ အပြား ချထား လိုက် ပါတယ်။ ထောင်နဲ့ ချီတဲ့ ရဲနဲ့ စစ်သား တွေကို ထပ်ပြီး တာဝန် ချထား လိုက်ကာ၊ လက်ရွေးစင် အထူး တပ်သား တွေနဲ့ ခေါင်းမို ပေါ်တွေ မှာလည်း လက်ဖြောင့် တပ်သား တွေ နေရာယူ ထားကြ ပါတယ်။
ချာလီ အက်ဘ်ဒို သရော်စာ မဂ္ဂဇင်းကို တိုက်ခိုက် ခဲ့မှုနဲ့ အတူ ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့က ပြင်သစ် နိုင်ငံ မှာ အကြမ်းဖက် မှုတွေ စတင် ဖြစ်ပွား ခဲ့တာ ဖြစ်ပါ တယ်။
သောကြာနေ့ ကတော့ လုံခြုံရေး တပ်ဖွဲ့တွေ ကနေ အကြမ်းဖက် သမားတွေ ရှိတဲ့ နေရာ ၂ ခု စလုံးကို တချိန်တည်း ပစ်ခတ် ဝင်စီး ခဲ့ပြီး အကြမ်းဖက်မှု အဆုံး သတ် စေခဲ့ ပါတယ်။
အဲဒီတုန်းက ပြင်သစ် ရဲမေ တဦးကို ပစ်သတ် တာရယ်၊ နောက် ဂျူး စူပါ မားကက် ကို ဝင်စီးတဲ့ သေနတ် သမားက သူဟာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ဝင် ဖြစ်တယ် ဆိုတဲ့ အွန်လိုင်း ဗီဒီယိုလည်း ထွက်လာ ခဲ့ပါတယ်။
နောက်ပြီး သူဟာ ချာလီ အက်ဒို မဂ္ဂဇင်းကို တိုက်ခိုက် ခဲ့တဲ့ သေနတ် သမား ၂ ဦး နဲ့လည်း အတူ ပူးပေါင်း ဆောင်ရွက် ခဲ့တာ လို့ အဲဒီ ဗီဒီယို ထဲမှာ ပြောကြား ထား ပါတယ်။
ရဲက ဝင်စီးစဉ် မှာတော့ အဲဒီ သေနတ် သမားလည်း သေဆုံးသွား ခဲ့ပါတယ်။
ဂျာမာနီ မှာလည်း တိုက်ခိုက် ခံရ
![]() |
အောက်ဆုံးဖက် အထပ် တွေက အခန်း ၂ ခန်း ထိခိုက် ပျက်ဆီး မှု ရှိခဲ့ |
အခုတော့ အဲဒီ မီးရှို့ တိုက်ခိုက်မှု လုပ်ဆောင် ခဲ့သူလို့ သံသယ ရှိသူ အမျိုးသား ၂ ဦးကို ရဲက ဖမ်းဆီး လိုက်ပါပြီ။
အခုလို တိုက်ခိုက် မှုကြောင့် သတင်းစာ တိုက်ရဲ့ အောက်ဆုံးဖက် အထပ် တွေက အခန်း ၂ ခန်း ထိခိုက် ပျက်ဆီးမှု ရှိခဲ့ပြီး မီးကို တော့ အလျင် အမြန် ငြှိမ်းသတ် နိုင်ခဲ့ ပါတယ်။ ထိခိုက် ဒဏ်ရာ ရမှုတော့ မရှိပါ။
ဘီဘီစီ (မြန်မာပိုင်း)
ကချင်အဖွဲ့တွေ နဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ

ကချင် လိုင်ဇာ ဒေသ က ဒုက္ခသည် စခန်း တခု
12 January 2015
မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေ ကို လာရောက် လေ့လာနေတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး တွမ်မလန်နော်စကီး ဟာ မြစ်ကြီးနားမြို့မှာ ကချင် အရပ်ဘက်လူမှု အဖွဲ့အစည်းတွေ နဲ့ တနဂင်္နွေနေ့ ညနေပိုင်းမှာ တွေ့ဆုံ ခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲကို ကချင် အရပ်ဘက်လူမှုအဖွဲ့အစည်း ၃၀ ကျော်လောက် ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် တွေ တက်ရောက်ကြမှာ ဖြစ်ပြီးကချင်ပြည်နယ်တွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၊ လယ်သမားတွေ မြေသိမ်းခံရမှု၊ ဘာသာရေးလွတ်လပ်ခွင့် အနေအထား၊ ဖားကန့်ကျောက်မိုင်းမှာ ကုမ္ပဏီတွေရဲ့ဒေသခံတွေ အပေါ်ကျူးလွန်နေတဲ့ မတရားမှုတွေ ကို တင်ပြသွားမယ် လို့ ကချင်အဖွဲ့တွေ ရဲ့ ကိုယ်စားလှယ် တယောက် ဖြစ်တဲ့
Humanity Institution က ကိုမုံဂျန် က ဘီဘီစီ ကို ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေး နဲ့ အလုပ်သမားရေးရာ ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ရဲ့ ခရီးစဉ်ဟာ ကုလသမဂ္ဂ ရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စရန်ဟီလီ ရဲ့ မြန်မာခရီးစဉ် နဲ့လည်း တိုက်ဆိုင်နေပါတယ်။
အမေရိကန်အစိုးရနဲ့ မြန်မာအစိုးရ ကြား လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးအဖြေရှာရေး Human Rights Dialogue အတွက် မစ္စတာ တွမ်မလန်နော်စကီး မြန်မာပြည် ကို ရောက်ရှိနေတာပါ။
ဘီဘီစီ (မြန်မာပိုင်း)
ANP ပါတီက နိုင်ငံတကာ နဲ့ မဆက်ဆံရေးမူ ချမှတ်
![]() |
ပြည်နယ် အစိုးရဟာ ရခိုင် အရေးကို ကစား ကွက် တစ်ခု လို သဘော ထားပြီး ကစားဖို့ ပြင်ဆင်နေ |
12 January 2015
ရခိုင် ပြည်နယ်က အင်အားကြီး ပါတီ တစ်ခု ဖြစ်တဲ့ ရခိုင် အမျိုးသား ပါတီ ANP က နိုင်ငံ တကာ အဖွဲ့ အစည်းတွေ၊ သံတမန် တွေနဲ့ တွေ့ဆုံ ဆွေးနွေး ရေးတွေကို ရပ်ဆိုင်းပြီး မဆက်ဆံရေး မူကို ကျင့်သုံး သွားတော့ မယ်လို့ ပြောပါတယ်။ANP အနေနဲ့ အခုလို မဆက်ဆံရေး မူကို ကျင့်သုံး သွားမှာ ဖြစ်တဲ့ အကြောင်း ဇန်နဝါရီလ ၉ ရက်နေ့ က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ထံ ရေးသား ပေးပို့တဲ့ အိတ်ဖွင့် ပေးစာမှာ ဖေါ်ပြ ထားတာ ဖြစ်ပါတယ်။
လက်ရှိ ပြည်ထောင်စု အစိုးရနဲ့ ရခိုင် ပြည်နယ် အစိုးရဟာ ရခိုင် အရေးကို ယခင် အစိုးရ တွေလို ကစားကွက် တစ်ခုကဲ့သို့ သဘော ထားပြီး ကစားဖို့ ပြင်ဆင် လာတာ ကို တွေ့ရ တယ်လို့ ANP ဥက္ကဌက ပြောပါတယ်။
ဒါကြောင့် ကုလသမဂ္ဂ အဖွဲ့ကြီးက ဆုံးဖြတ် ခဲ့တဲ့ ရခိုင် ပြည်နယ် ထဲက မွတ်ဆလင်တွေ ကို ရိုဟင်ဂျာ အမည်နဲ့ နိုင်ငံသား ပေးဖို့၊ တစ်ခြား လူမျိုး တွေလို လွတ်လပ် စွာ သွားလာခွင့် ပေးဖို့ တောင်းဆိုမှု တွေ အပေါ်မှာ ရခိုင် ပြည်နယ် အစိုးရရဲ့ သဘော ထားကို ရှင်းရှင်း လင်းလင်း ထုတ်ပြန် ပေးဖို့ ရခိုင် ပြည်နယ် ဝန်ကြီးချုပ် ဆီကို ရခိုင် အမျိုးသား ပါတီက စာရေးသား တောင်းဆို ခဲ့တာ ဖြစ်ပါတယ်။
ချမှတ် ထားတဲ့ မဆက်ဆံရေး မူကိုတော့ ပါတီ အနေနဲ့ ပြတ်ပြတ် သားသား ကိုင်စွဲ သွားမယ် လို့လည်း ဆိုပါတယ်။ ရခိုင်ပြည်နယ် အစိုးရ ကတော့ ခုချိန်ထိ စာ အပေါ်မှာ တစ်စုံ တစ်ရာ တုံ့ပြန် မှုတွေ ပြုလုပ် တာတော့ မရှိသေး ဘူးလို့ သိရပါတယ်။
ရခိုင် အမျိုးသား ပါတီ အနေနဲ့ ရခိုင် ပြည်သူ တစ်ရပ်လုံး ကိုလည်း သူတို့ ချမှတ် ထားတဲ့ နိုင်ငံ တကာ အဖွဲ့ အစည်း တွေနဲ့ မဆက်ဆံရေး မူကို လိုက်နာ ကျင့်သုံး ကြဖို့ တိုက်တွန်း ဆောင်ရွက် သွားမယ် လို့လည်း ဆိုပါတယ်။
ခုလိုသာ ဖြစ်လာရင် ရခိုင် ပြဿနာဟာ ကြက်ဥကို အစရှာ မရ သလို ဖြေရှင်းဖို့ အထူး ခက်ခဲ သွားနိုင် တယ်လို့ လေ့လာ သုံးသပ် သူတွေက ပြောဆို နေကြ ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
Sunday, January 11, 2015
စစ်သွေးကြွများအား ထောက်ပံ့ ပေးနေသူနှစ်ဦး သြစတြေးလျရဲတပ်ဖွဲ့ စုံစမ်း ဖော်ထုတ်ဖမ်းဆီး

ဆစ်ဒနီ ဇန်နဝါရီ ၁ဝ
ကာလကြာမြင့်စွာ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ ပြီးနောက် ဆီးရီးယားနှင့် အီရတ်နိုင်ငံ အတွင်း အကြမ်းဖက် တိုက်ခိုက်နေသည့် တက်ဖရီ စစ်သွေး ကြွများအား ထောက်ပံ့ ပေးနေသော လူနှစ်ဦးကို သြစတြေးလျ တန်ပြန်အကြမ်းဖက် တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်သည်။
၎င်းတို့အား ကာလ အတန်ကြာအောင် စုံစမ်းထောက်လှမ်း ခဲ့ပြီးနောက် သောကြာနေ့က ဆစ်ဒနီမြို့၌ ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများ ကပြောသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆစ်ဒနီမြို့အနောက်တောင်ပိုင်း နေရာလေးခု၌ ဝင်ရောက်စီးနင်းရှာဖွေမှုများ ပြုလုပ်ပြီးနောက် အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးအား သောကြာနေ့က ဖမ်းဆီးလိုက်သည်။ အခြားတစ်ဦးကိုလည်း သီးခြားစစ်ဆင်ရေးအတွင်း ဖမ်းဆီးကာ ချုပ်နှောင်ထားကြောင်း လုံခြုံရေးအဖွဲ့က ပြောသည်။
အဆိုပါအမျိုးသားနှစ်ဦးစလုံးသည် တရားမဝင်လက်နက်များနှင့် ခဲယမ်းမီးကျောက်များ လက်ဝယ် ပိုင်ဆိုင်ထား သည်ဟု စွပ်စွဲခြင်း ခံရသည်။ သို့သော် အဆိုပါစစ်ဆင်ရေးသည် ဒီဇင်ဘာလနှောင်းပိုင်းက ဆစ်ဒနီကဖေး ပြန်ပေးဆွဲမှုနှင့်ဆက်စပ်မှုမရှိဟု ဆိုသည်။
၎င်းတို့နှစ်ဦးအား လာမည့်သီတင်းပတ်အတွင်း စွပ်စွဲထားသော အမှုများနှင့်ပတ်သက်၍ ဆစ်ဒနီတွင် ရုံးထုတ်စစ်ဆေးသွားမည်ဟုဆိုသည်။
(ပရက်စ်တီဗွီ)
Myanmaalinn
မော်တော်ယာဉ် မူဝါဒပြောင်းလဲမှု တချို့ကြောင့် စလစ်တန်ဖိုး ဈေးကစားမှုများရှိနေ

ရန်ကုန် ဇန်နဝါရီ ၁ဝ
ယခုနှစ် နှစ်စပိုင်းမှစ၍ မော်တော်ယာဉ် တင်သွင်းသူများ အနေဖြင့် မိုဒယ်အသစ်များကိုသာ တင်သွင်းရမည်ဖြစ်ပြီး ၂ဝ၁၄ခုနှစ် နှစ်ကုန်ပိုင်း မူဝါဒပြောင်းလဲမှုများ နှင့်အတူ ၂ဝ၁၅ခုနှစ် နှစ်စပိုင်း မှစ၍ မော်တော်ယာဉ်တင်သွင်းရာ တွင် Invoice ဈေးနှုန်းများအတိုင်း ကောက်ခံသွားမည်ဟု ထုတ်ပြန် ကြေညာထားရာ လက်ရှိအချိန် ကာလတွင် ကားဈေးကွက်အတွင်း စလစ်တန်ဖိုး ဈေးကစားမှုများပြန် လည်ဖြစ်ပေါ်နေကြောင်းပြည်တွင်း ကားဈေးကွက် လုပ်ငန်းရှင်များ ထံမှသိရသည်။
''၂ဝ၁၄ခုနှစ်သတ်မှတ်ရက်အမီ အပ်တဲ့ကားတွေအတွက် ကားပါ ကင်ထောက်ခံချက်ကင်းလွတ်ခွင့် ရပြီ။အခုနှစ်စမှာလဲ ကားဟောင်း ရှိသူတွေ အစားပြန်သွင်းတဲ့နေရာ မှာ ကားပါကင်ထောက်ခံချက်မလို တော့ဘူးဆိုပြီး ထွက်လာတော့ အခွန်လျှော့ပေါ့မှုပိုများတဲ့ ၁က/၂ က စလစ်တွေဈေးနည်းနည်း ပြန်မာလာတယ်။ ၂ဝ၁၄ အပ် ကားစလစ်တွေကနည်းနည်းဈေး တက်သွားတယ်။ ရန်ကုန်စလစ်မှာ ၆၅ သိန်း၊ သိန်း ၇ဝ လောက်ဖြစ် သွားပြီ။ မန္တလေးကားဈေးကွက် မှာလဲစလစ်ဈေးကအတူတူလောက် ပဲ၊ ဂျစ်ကားစလစ်တော့ ၄၆ သိန်း၊ ၄၇သိန်းလောက်အထိပေါက်ဈေးရှိ တယ်။ အရောင်းအဝယ်ကတော့ အေးနေတုန်းပဲ။ ဂျစ်စလစ်ကလဲ ကားပါကင်ထောက်ခံချက်မလိုတဲ့ အတွက် ဈေးပြန်မာနေတုန်းပဲ။ သက်ဆိုင်ရာက ဒီလ ၁ ရက်က စပြီး အခွန်ရာခိုင်နှုန်းလျှော့ပေါ့ ခံစားခွင့်မရှိတော့တာလဲပါတယ်။ ဒီပုံစံအတိုင်းဆိုရင် စလစ်ဈေးက အတက်အကျဖြစ်နိုင်တဲ့အခြေအနေ ရှိသေးတယ်။ ကားဈေးကတော့ မကျနိုင်တော့ဘူး။ အတက်ပဲရှိ တော့တယ်''ဟု မော်တော်ကား ရောင်းဝယ်ရေးအသင်း(ရန်ကုန်)မှ စာရင်းစစ်တာဝန်ခံဦးအေးကျော်က ပြောသည်။
ယခုနှစ်နှစ်စပိုင်းမှစ၍မော်တော် ယာဉ်ဈေးနှုန်းများမြင့်တက်သွားရ ခြင်း၏ အဓိကအကြောင်းအရင်း မှာ သက်ဆိုင်ရာမှ CIF တန်ဖိုး ပြောင်းလဲမှုမရှိသည့်ကိစ္စနှင့် မော် တော်ယာဉ်တင်သွင်းသူများအနေ ဖြင့်ကားပါကင်လျှောက်ထားရမည် ဟူသော ကိစ္စများနှင့်များစွာ သက် ဆိုင်နေပြီး အကောက်ခွန်နှင့်ကညန မှ အခွန်ကိစ္စရပ်များတွင် လျှော့ပေါ့ မှုမရှိနိုင်သည့်အကြောင်းအရာများ နှင့်ပါ တိုက်ရိုက်ဆက်နွှယ်နေ ကြောင်း ပြည်တွင်းအခြေစိုက် မော်တော်ယာဉ်အရောင်းအဝယ် လုပ်ငန်းကျွမ်းကျင်သူများ၏သုံးသပ် ပြောကြားမှုအရ သိရသည်။
ပြည်တွင်းသို့ ထပ်မံဝင်ရောက် လာရန်ရှိနေသည့် လေလံမော်တော် ယာဉ်များအလုံးအရင်းနှင့်ဝင်ရောက် လာပြီး နောက်ပိုင်းမှသာ လက်ရှိ ပြည်တွင်းကားဈေးကွက်မှမော်တော် ယာဉ်ဈေးနှုန်းများနှင့်အတူ ကား တင်သွင်းသည့် စလစ်ဈေးနှုန်းများ ပါ တည်ငြိမ်လာနိုင်သည်ဟုဆို သည်။
''အခြေအနေက ဘယ်အချိန် မှာ ဘာပြောင်းမလဲဆိုတာ စောင့် ကြည့်နေကြတုန်းပဲ။ အနားရောက် မှ ကပ်ပြောင်းတတ်တဲ့ သဘော လေးတွေလဲရှိနေတော့ အများနဲ့ ဆို အရှုံးအမြတ်ကွာတယ်။ Free ပါမစ်ကလဲ မပိတ်ရုံဖြစ်နေတော့ လောလောဆယ်စလစ်တွေက ၂ဝဝ၄မှာအပ်ထားတဲ့စလစ်လောက် ပဲ အရောင်းအဝယ်နည်းနည်းရှိ တယ်။ ကားတင်သွင်းဖို့သတ်မှတ် ပေးထားတဲ့၂ဝ၁၅မတ်လနောက်ပိုင်း ဆိုရင်တော့ ကားသွင်းမယ်ဆိုရင် ပါမစ်တွေ၊ စလစ်တွေရဲ့နေရာမှာ တစ်စီးပေးတစ်စီးယူဖြစ်လာဖို့ရှိနေ တယ်''ဟုသီရိမင်္ဂလာယာဉ်ရောင်း ဝယ်ရေးစခန်းမှဝယ်ရောင်းပွဲစား ကြီး ဦးသန်းဌေးကဆိုသည်။
ဓာတ်ပုံ - ဖိုးချို
ရွှေအောင်
The Union Daily
ဒဏ်ရာရရှိသူများကို ကွပ်မျက်ရန် အမိန့်ပေးထားသည့် ISIS အဖွဲ့၏ စာရွက်စာတမ်း တွေ့ရှိ

ဘဂ္ဂဒက် ၊ ၁၁-၁-၂၀၁၅
စစ်မြေပြင အတွင်း ဒဏ်ရာရရှိ ခဲ့သည့် စစ်သွေးကြွ များကို ကွပ်မျက်ရန် ISIS စစ်သွေးကြွ အဖွဲ့က ၄င်းတို့၏ တပ်ဖွဲ့မှူး များကို အမိန့်ပေး ထားသည့် စာရွက်စာတမ်း တစ်စောင် ကို အီရတ် လုံခြုံရေး တပ်ဖွဲ့များက သိမ်းဆည်း ရမိခဲ့ကြောင်း ဇန်နဝါရီ ၉ ရက်တွင် IRNA သတင်းဌာန က ထုတ်ဖော် ပြောကြား ခဲ့သည်။
IRNA သတင်းဌာန၏ ပြောကြားချက် အရ ISIS စစ်သွေးကြွ အဖွဲ့သည် မိုဆူးလ်မြို့ အတွင်းရှိ ၄င်းတို့၏ ခံတပ်တွင် ဆေးဝါး ထောက်ပံ့ရေး ပစ္စည်းများ ပြတ်လပ်မှုကို ကြုံတွေ့ နေရခြင်းကြောင့် တိုက်ပွဲအတွင်း ဒဏ်ရာရရှိသည့် တပ်ဖွဲ့ဝင် များကို ကွပ်မျက်ရန် တပ်ဖွဲ့မှူး များကို အမိန့်ပေး ထားခြင်းဖြစ်ပြီး အမိန့် မနာခံသည့် မည်သည့် တပ်မှူး ကိုမဆို ပြင်းပြင်းထန်ထန် အပြစ်ပေး ရန်လည်း အမိန့်ပေး ထားကြောင်း သိရသည်။
အဆိုပါ အမိန့်ပေး စာရွက်ကို ရရှိခဲ့ခြင်းသည် ISIS စစ်သွေးကြွ များ အနေဖြင့် အီရတ် တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုများ အောက်တွင် ဆိုးရွားသော အခြေအနေများနှင့် ရင်ဆိုင် နေရကြောင်းကို သက်သေပြ နေသည်ဟု သိရသည်။
#PyiChitThar
ပြင်သစ်နိုင်ငံ၌ တိုက်ခိုက်မှုများ ထပ်မံ ပြုလုပ်သွားမည်ဟု အယ်လ်ကိုင်ဒါ ခေါင်းဆောင်က ခြိမ်းခြောက်ပြောကြား

ဝါရှင်တန် ၊ ၁၁-၁-၂၀၁၅
ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ Charlie Hebdo မဂ္ဂဇင်းတိုက်နှင့် ဂျူးကုန်တိုက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများ ကဲ့သို့သော တိုက်ခိုက်မှုများ ကို ဆက်လက် ပြုလုပ်သွား မည်ဟု ယီမင်နိုင်ငံရှိ အယ်လ်ကိုင်ဒါ အဖွဲ့က ပြင်သစ်နိုင်ငံကို ခြိမ်းခြောက် ပြောကြား ခဲ့ကြောင်း လေ့လာ စောင့်ကြည့်ရေး အဖွဲ့ တစ်ဖွဲ့က ဇန်နဝါရီ ၉ ရက်တွင် ပြောကြား ခဲ့သည်။
ပြင်သစ်နိုင်ငံ အနေဖြင့် ၄င်းတို့၏ ရန်စမှုကို ရပ်တန့်မည် ဆိုပါက ငြိမ်းချမ်းစွာဖြင့် နေထိုင်နိုင်မည် ဖြစ်ကြောင်း အယ်လ်ကိုင်ဒါ အဖွဲ့မှ ထိပ်တန်း ခေါင်းဆောင် ဟာရစ်သ် အယ်လ်နာဒါရီ ၏ ဗီဒီယိုမှ တစ်ဆင့် ပြောကြားချက်ကို ကိုးကား၍ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ တစ်ဖွဲ့ဖြစ်သည့် SITE အဖွဲ့က ထုတ်ပြန် ခဲ့သည်။
ယင်းနောက် ပြင်သစ် နိုင်ငံတွင် သုံးရက်ကြာ ဖြစ်ပွားခဲ့သည့် သွေးထွက်သံယို တိုက်ခိုက် မှုများမှာ အယ်လ်ကိုင်ဒါ အဖွဲ့၏ လက်ချက် ဖြစ်ကြောင်း ဟာရစ်သ် အယ်လ်နာဒါရီ က ထုတ်ဖော် ပြောကြားခဲ့သည်။
ထို့ပြင် မဂ္ဂဇင်းတိုက်သို့ ဝင်ရောက် တိုက်ခိုက်သူများ အနက် တစ်ဦးမှာ ယီမင်နိုင်ငံရှိ စစ်သွေးကြွ များနှင့်အတူ လေ့ကျင့်မှုများကို ပြုလုပ်ခဲ့ကြောင်း ယင်းနိုင်ငံမှ လုံခြုံရေး တပ်ဖွဲ့များက ပြောကြား ခဲ့သည်။
ပြင်သစ် အထူးတပ်ဖွဲ့ဝင် များသည် ဇန်နဝါရီ ၉ ရက်က ဓားစာခံ ဖမ်းဆီးထားသည့် နေရာနှစ်ခုကို စီးနင်း တိုက်ခိုက်ခဲ့ရာ မဂ္ဂဇင်းတိုက် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည်ဟု ယူဆရသည့် ညီအစ်ကို နှစ်ဦးနှင့် အခြား ဂျီဟတ်ဒ်ဝါဒီ တစ်ဦးကို သတ်ဖြတ် နိုင်ခဲ့သည်။
ယင်း ဓားစာခံ ဖမ်းဆီးမှုများ အနက် ကုန်တိုက်တွင် ဖြစ်ပွားခဲ့သည့် ဓားစာခံ ဖမ်းဆီးမှု၌ ဖမ်းဆီးခံခဲ့ ရသည့် ဓားစာခံ လေးဦးမှာလည်း သေဆုံး ခဲ့ကြောင်း သိရသည်။
#PyiChitThar