Pages
▼
Saturday, May 30, 2015
တရုတ်က တောင်တရုတ်ပင်လယ်ကျွန်းတုများပေါ်တွင် အမြောက်လက်နက်များ ချထားဟုဆို
စင်ကာပူ မေ ၂၉
တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်အတွင်း တည်ဆောက်ထားသော ကျွန်းတုပေါ်၌ ရွှေ့ပြောင်းနိုင်သော အမြောက်စနစ်များ ကို ဖြန့်ကြက်ထားကြောင်း အမေရိကန်ပြည်ထောင်စုက ယနေ့ ပြောကြားသည်။
ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ယင်းသို့ လုပ်ဆောင်ခြင်းသည် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေ သကဲ့သို့ တင်းမာမှုများလည်း ပိုမိုပြင်းထန်လာစေမည်ဖြစ်သည် ဟု ပြောကြားသည်။
ကာကွယ်ရေးဝန်ကြီး အက်ရှ်တန်ဘီနှင့်အတူ ခရီးလိုက်ပါလာ သော ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ဘရင့်ကိုလ်းဆန်းက အမေ ရိကန်ပြည်ထောင်စုသည် ယင်းလက်နက်ကိစ္စကို အလေးအနက် ထားကြောင်းပြောကြားသည်။
အမေရိကန်အထက်လွှတ်တော် လက်နက်ကိုင်ကော်မတီ ဥက္ကဋ္ဌ မက်ကိန်းက ထိုလုပ်ရပ်သည် တင်းမာမှုကို အရှိန်ပြင်းထန် စေမည်ဖြစ်သော်လည်း ပဋိပက္ခသို့ ဦးတည်ခြင်းမရှိဟုဆိုသည်။
ပေကျင်းတွင်မူ တရုတ်နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူ ဟွာချွန်ယင်က ထိုလက်နက်ကိစ္စသတင်းကို မရရှိကြောင်း ပြောကြားသည်။ ယခုနှစ်တွင် ဧက ၁၅ဝဝဝ အပါအဝင် တောင်တရုတ်ပင်လယ်အတွင်းမှ သဘာဝအရင်းအမြစ်များကြွယ်ဝသည့် စပရက်တလီကျွန်းစုပေါ်တွင် ကင်းစခန်းငါးခုအတွက် ဧက ၂ဝဝဝ ခန့် ဖော်ထုတ်ရန် သောင်တူးသောလုပ်ငန်းများ လုပ်ဆောင်လျက် ရှိသည်ဟု အမေရိကန်တာဝန်ရှိသူများကပြောကြားသည်။
လေယာဉ်ပြေးလမ်းများ၊ ဆိမ်ကမ်းများပါရှိသောကျွန်းတုကို တည်ဆောက်နေသည့် သောင်တူးသင်္ဘောများ၊ သင်္ဘောများကို အမေရိကန်ထောက်လှမ်းရေးလေယာဉ်က ဓာတ်ပုံရိုက်၍ ထုတ်လွှင့်ပြသခဲ့သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးက တောင်တရုတ်ပင်လယ် အတွင်း ကျွန်းစုများတည်ဆောက်ခြင်းကိုရပ်တန့်ရန် တရုတ်နိုင်ငံ အား မေ ၂၇ ရက်တွင် တောင်းဆိုခဲ့သည်။
စင်ကာပူနိုင်ငံ ရှန်ဂရီလာလုံခြုံရေးညီလာခံ၌ စနေနေ့တွင် ¤င်းက မိန့်ခွန်းပြောကြားမည်ဖြစ်ရာ ရေကြောင်းလုံခြုံရေးနှင့် လွတ်လပ်စွာရေကြောင်းသွားလာရေးပြဿနာများကို ထည့်သွင်း ပြောကြားမည်ဟု မျှော်လင့်ရသည်။
ရိုက်တာ။
The Mirror Daily
UWSA ၀ ထိန်းချုပ်နယ်မြေအတွင်း ရွေးကောက်ပွဲကျင်းပရန် မသေချာ
မေလ ၃၀ ရက် ၂၀၁၅
ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နိုင်ငံသားစီစစ်ရေးကတ်ပြား ( မှတ်ပုံတင်) ရရှိထားသူ အလွန်နည်းပါး နေသဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ လက်ခံ ကျင်းပရန် အခက်ခဲများရှိနေ ၀ ပြည်သွေးစည်းညီညွတ်ရေး ပါတီ UWSP မှ ပါတီပြောခွင့်ရ ဦးအောင်မြင့်က ပြောသည်။
‘ ရွေးကောက်ပွဲအတွက် ကျန်တော်တို့ ၀ ဒေသမှာက မှတ်ပုံတင်ရှိတဲ့ လူဦးရေက နည်းနည်း လေးပဲ ရှိတယ်။ ရွေးကောက်ပွဲ ကျင်းပရင် ဘယ်လို မဲသွားပေးကြမလဲ ။ မဲပေးဖို့အခက်ခဲရှိတော့ ရွေး ကောက် ပွဲလုပ်ဖို့လည်း အခက်ခဲရှိတယ်။ ‘ ဟု ဦးအောင်မြင့်က ပြောသည်။
ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီမှာ အစိုးရနှင့် အပစ်ခတ်ရပ်စဲထားသည်မှာ ၂၅ နှစ်တာ ကာလ သို့ ရောက်ရှိခဲ့ပြီဖြစ်ပြီး ယင်း ၂၅ နှစ်တာကာလအတွင်း တွင် လူဦးရေ ၆ သိန်းအနက် ထောင် ဂဏန်းခန့်သာ နိုင်ငံသားစီစစ်ရေး ကတ်ပြားလက်ဝယ်ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။
‘ ၂၀၁၀ နီးတုန်းကလည်း တခါလာလုပ်ပေးတယ် မဲပေးနိုင်ဖို့ ဆိုပြီး ။ အဲဒီနောက်ပိုင်းတော့ အခြေနေတွေအရ မလုပ်နိုင်တော့ဘူး။ ဆက်ဆံရေး လည်း ပြတ်သွားတာကိုး ။ ဒီနှစ်မှာ အဖြူကတ်တွေ ကို ပြန်လှဲပေးထားတာ နဲ့ဆို စုစုပေါင်းလိုက်ရင် ပန်းရောင်ကတ်ရထားတာက ၆ ထောင် ကျော်ေ ကျာ်လောက်ပဲ ရှိသေးတယ် အခု ရွေးကောက်ပွဲက သိပ်မလိုတော့ဘူး မှီပါ့ဦးမလား ‘ ဟု ဦးအောင်မြင့်က မေးခွန်းထုတ်သည်။
ဝ ဒေသနေ ပြည်သူများ နိုင်ငံသားစီစစ်ရေး ကတ်ပြားရရှိရန်အတွက် အစိုး ရနှင့် ၀ တပ်ဖွဲ့ တို့အကြား နှစ်ဖက် ဆက်ဆံမှုများ ပြန်လည်စတင်ခဲ့သည့် ၂၀၁၂ ခုနစ်လောက်မှစ၍ အစိုးရထံ တင်ပြခဲ့ပြီး ၂၀၁၄ က ပြုလုပ်ခဲ့ေ သာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှုကို ၀ ဒေသတွင် ပြုလုပ် နိုင်ခဲ့သည်။
၁၉၉၀ ပြည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၀ ရွေးေ ကာက် ပွဲများမှာမူ ၀ ဒေသတွင် ကျင်းပနိုင်ခြင်း မရှိခဲ့ပေ။
၂၀၀၈ အခြေခံ ဥပဒေပါပြဌာန်းချက်များအရ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း၊ ဒေသတွင် မြို့နယ် ၆ မြို့နယ် နှင့် ခရိုင် ၂ မြို့နယ်ရှိပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့အတွက် ၁၂ ဦး ၊ ပြည်သူ့လွှတ်တော် အတွက် ၆ ဦး၊ အမျိုးသား လွှတ်တော်အတွက် ၂ ဦး အထိ တင်မြှောက် ခွင့်ရှိပါသည်။
၂၀၁၀ ရွေးကောက်ပွဲမကျင်းပနိုင်ခြင်းကြောင့် ၀ ဒေသတွင် အစိုးရ ဘက်မှ ရွေးချယ်ထား သူများ ပါသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ဦးစီးအဖွဲ့ ဖွဲ့စည်းထားနိုင်ခြင်း မရှိသော်လည်း ၄င်းတို့ဘာသာ ဖွဲ့စည်းထားသည့် ပြည်နယ်အစိုးရရှိနေသည်။
လာမည့် နိုဝင်ဘာလတွင် ကျင်းပရန်ရည်ရွယ်ထားသည့် ရွေးကောက်ပွဲကို တနိုင်ငံလုံး အတိုင်း အတာဖြင့် ကျင်းပသွားမည်ဖြစ်ပြီး စစ်မက်ပဋိပက္ခများ ဖြစ်ပွားနေသည့် ဒေသများတွင်ပါ ကျင်းပသွားနိုင်ရန် ကြိုးစား ဆောင်ရွက်နေသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဥက္ကဌ ဦးတင်အေးက ထုတ်ဖော်ပြော ဆိုခဲ့သည်။
‘ ၀ အနေနဲ့ အခုအနေထားက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အချုပ်အခြာ အာဏာ ပြင်ပမှာ ရှိနေဆဲပဲ။ သူ့အနေနဲ့ ပြည်နယ်လည်းတောင်း ထားတာဆိုတော့ အချုပ်အခြာ အာဏာထဲမှာ ရှိနေခွင့် အတွက် ဆိုရင် ပြည်နယ်ပေးမှ အပြန်လှန်အားဖြင့် ရွေးကောက်ပွဲတို့ အစိုးရ အုပ်ချုပ်ရေး ယန္တရားတို့ကို ခွင့်ပြုဖွယ်ရှိနေတယ် ‘ ဟု နိုင်ငံရေး လေ့လာသူ ဦးကျော်လင်းဦးက မှတ်ချက်ပြုသည်။
၂၀၀၈ ဖွဲ့စည်းပုံအရ ကျန်တိုင်းရင်းသား ဒေသတော်တော်များများမှာ အာဏာခွဲဝေမှု ၊ ဥပဒေပြုရေး ၊ သယံဇာတ အရင်းအမြစ်ခွဲဝေမှုတို့နှင့် ပတ်သက်၍ အနည်းငယ် ( သို့မဟုတ် ) လုံးဝ မရရှိ ခြင်းများ ရှိသော် လည်း ၀ ဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်စီမံခန့်ခွဲခွင့်ရှိသော ဒေသအဖြစ် ရပ်တည် နေပြီး အစိုးရဌာနအချို့ အနေဖြင့်လည်း ၂၀၁၃ ခုနစ်နှောင်းပိုင်းမှသာ ၀ ဒေသတွင်ပြန်လည် ခြေချခွင့် ရရှိခဲ့သည်။
‘ ကျနော်တို့က မှတ်ပုံတင်တွေ သိပ်မရှိလို့ ရွေးကောက်ပွဲမလုပ်နိုင်လည်း ရွေးကောက်ပွဲအနိုင်ရလို့ ဘယ်အစိုး ရတက်တက် ကိုယ့်အစိုးရအဖြစ် လက်ခံအသိမှတ်ပြုသွားဖို့တော့ ရှိနေပါတယ်။’ ဟုလည်း ၀ ဒေသခေါင်းဆောင်များ၏ မူဝါဒနှင့် ပတ်သက်၍လည်း UWSA ပြောခွင့်ရ ဦးအောင်မြင့်က ရှင်းပြသည်။
စိုင်းထွန်းအောင်လွင်
သျှမ်းသံတော်ဆင့်
ထားဝယ် အနုပညာလျှောက်လမ်း အစီအစဉ်အတွက် သီချင်းဖိတ်ခေါ်
|Dawei
Watch| ထားဝယ်၊ မေ ၃၀
ထားဝယ်ဒေသတွင်
အခြေချ နေထိုင်သည့် အနုပညာ ရွက်ပုန်းသီးများအတွက် ပုံမှန်လျှောက်လှမ်းနိုင်သည့် ဒေသတွင်း
အနုပညာ လျှောက်လမ်းတစ်ခု ပေါ်လာစေရန် ရည်ရွယ်ပြီး ထားဝယ်အနုပညာလျှောက်လမ်း အစီအစဉ်မှ
မေလ နောက်ဆုံးအပတ်ကစပြီး သီချင်းများ ဖိတ်ခေါ်လျက်ရှိကြောင်း ယင်းအစီအစဉ်ကို အကောင်အထည်ဖော်နေသူများထံမှ
သိရသည်။
သီချင်းခွေတစ်ခွေကို
ထုတ်ဝေရန် စီစဉ်ထားပြီး ပထမအဆင့်အတွက် တေးသီချင်းများကို ဖိတ်ခေါ်ထားပြီး
ဇွန်လအတွင်း၌ တေးသီချင်းများကို ရွှေးချယ်ပြီးနောက်
သီချင်းဆိုသူများကို ထပ်မံ ဖိတ်ခေါ်မည်ဖြစ်ကြောင်း ယင်းအစီအစဉ်ကို အကောင်အထည်ဖော်သူများအနက် တစ်ဦးဖြစ်သည့်
တေးရေး၊တေးဆို ကိုငြိမ်းမိုးက ပြောသည်။
သီချင်းများကို
ဇွန်လ ၁၀ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည်ဟု သိရသည်။
“အရုပ်ပါလုပ်ရင်
ငွေရေးကြေးရေး အခက်အခဲရှိလို့ Audio အဆင့်ခွေတစ်ခွေကို အစလုပ်မယ်၊ စိတ်ဝင်စားတဲ့ အလှူရှင်တွေ
ပေါ်လာရင် အသံရော၊ ရုပ်ပါဖြစ်ကောင်းဖြစ်သွားမယ်”ဟု ကိုငြိမ်းမိုးက ဆိုသည်။
ထားဝယ်ဒေသအတွင်းရှိ
ဂီတ ၀ါသနာရှင်များ၊ ပါရမီရှင် ရွက်ပုန်းသီးများ စုစည်းမိပြီး အချိတ်အဆက်ရှိလာစေရန်၊
ဝါသနာ အရ ဖန်တီးထားသည့် သီချင်းများ ပရိသတ် နားဆင်နိုင်သည့်အဆင့်သို့ ရောက်လာစေရန်၊ အနုပညာလမ်းကြောင်းကို နောက် တစ်ဆင့် ဆက်လျှောက်လှမ်းရန်အတွက်
ယုံကြည်မှုရှိလာစေရန် ရည်ရွယ်၍
ယင်းစီစဉ်ကို လုပ်ဆောင်ရခြင်းဖြစ်သည်ဟု
သိရသည်။
ယင်းအခွေတွင်
အရွှေးခံရသည့် အဆိုရှင်များ သီဆိုမည့် သီချင်း ၁၀ပုဒ်၊ လက်ဆောင်သီချင်း ၄ ပုဒ်ပါဝင်မည်ဖြစ်ကြောင်း
သိရသည်။
“အခုလို
လုပ်ပေးတာ ကောင်းတယ်၊ ထားဝယ်သား တေးရေးဆရာနဲ့ အဆိုတော်တွေ ပေါ်လာနိုင်တယ်၊ အဆိုပြိုင်ပွဲဝင်၊
မ၀င်ဆိုတာကိုတော့ စဉ်းစားရဦးမယ်”ဟု သီချင်းဆိုဝါသနာရှင် ထားဝယ်မြို့ခံတစ်ဦးဖြစ်သူ
ကိုစိုးမြတ်က ဆိုသည်။
ထားဝယ်အနုပညာ
လျှောက်လမ်း အစီအစဉ်သို့ သီချင်းပေးပို့ ပူးပေါင်းလိုသူများသည် ထားဝယ်ခရိုင်အတွင်း
အခြေချနေထိုင်သူ ဘာသာလူမျိုးမရွေး မည်သူမဆို မိမိရေးသားထားသည့် ကိုယ်ပိုင်သံစဉ် ခေတ်ပေါ်သီချင်းတစ်ပုဒ်
ပေးပို့နိုင်ကြောင်း ယင်းအစီအစဉ် ကြော်ငြာတွင် ဖော်ပြသည်။
မည်သည့်အမျိုးအစားမဆို၊
မည်သည့်အကြောင်းအရာမဆို သီချင်းကို တူရိယာတစ်ခုခုဖြင့် အသံသွင်းကာ စီဒီဖြင့်ပေးပို့ရ
မည်ဖြစ်ပြီး သီချင်းစာသား အပြည့်အစုံ ပါရမည်ဖြစ်ကြောင်း၊ သီချင်းကို ကိုယ်တိုင်လာရောက်ပေးပို့ရမည်ြ ဖစ်ပြီး
ငွေကြေးဆိုင်ရာ ခံစားခွင့် တစ်စုံတစ်ရာ ရမည်မဟုတ်စသော အချက် ၇ ချက်ကို အထက်ပါ အစီအစဉ်မှ
အသိပေးထားသည်။
Dawei
Watch
တရုတ်က တောင်တရုတ်ပင်လယ်ကျွန်းတုများပေါ်တွင် အမြောက်လက်နက်များ ချထားဟုဆို
စင်ကာပူ မေ ၂၉
တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်အတွင်း တည်ဆောက်ထားသော ကျွန်းတုပေါ်၌ ရွှေ့ပြောင်းနိုင်သော အမြောက်စနစ်များ ကို ဖြန့်ကြက်ထားကြောင်း အမေရိကန်ပြည်ထောင်စုက ယနေ့ ပြောကြားသည်။
ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ယင်းသို့ လုပ်ဆောင်ခြင်းသည် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေ သကဲ့သို့ တင်းမာမှုများလည်း ပိုမိုပြင်းထန်လာစေမည်ဖြစ်သည် ဟု ပြောကြားသည်။
ကာကွယ်ရေးဝန်ကြီး အက်ရှ်တန်ဘီနှင့်အတူ ခရီးလိုက်ပါလာ သော ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ဘရင့်ကိုလ်းဆန်းက အမေ ရိကန်ပြည်ထောင်စုသည် ယင်းလက်နက်ကိစ္စကို အလေးအနက် ထားကြောင်းပြောကြားသည်။
အမေရိကန်အထက်လွှတ်တော် လက်နက်ကိုင်ကော်မတီ ဥက္ကဋ္ဌ မက်ကိန်းက ထိုလုပ်ရပ်သည် တင်းမာမှုကို အရှိန်ပြင်းထန် စေမည်ဖြစ်သော်လည်း ပဋိပက္ခသို့ ဦးတည်ခြင်းမရှိဟုဆိုသည်။
ပေကျင်းတွင်မူ တရုတ်နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူ ဟွာချွန်ယင်က ထိုလက်နက်ကိစ္စသတင်းကို မရရှိကြောင်း ပြောကြားသည်။ ယခုနှစ်တွင် ဧက ၁၅ဝဝဝ အပါအဝင် တောင်တရုတ်ပင်လယ်အတွင်းမှ သဘာဝအရင်းအမြစ်များကြွယ်ဝသည့် စပရက်တလီကျွန်းစုပေါ်တွင် ကင်းစခန်းငါးခုအတွက် ဧက ၂ဝဝဝ ခန့် ဖော်ထုတ်ရန် သောင်တူးသောလုပ်ငန်းများ လုပ်ဆောင်လျက် ရှိသည်ဟု အမေရိကန်တာဝန်ရှိသူများကပြောကြားသည်။
လေယာဉ်ပြေးလမ်းများ၊ ဆိမ်ကမ်းများပါရှိသောကျွန်းတုကို တည်ဆောက်နေသည့် သောင်တူးသင်္ဘောများ၊ သင်္ဘောများကို အမေရိကန်ထောက်လှမ်းရေးလေယာဉ်က ဓာတ်ပုံရိုက်၍ ထုတ်လွှင့်ပြသခဲ့သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးက တောင်တရုတ်ပင်လယ် အတွင်း ကျွန်းစုများတည်ဆောက်ခြင်းကိုရပ်တန့်ရန် တရုတ်နိုင်ငံ အား မေ ၂၇ ရက်တွင် တောင်းဆိုခဲ့သည်။
စင်ကာပူနိုင်ငံ ရှန်ဂရီလာလုံခြုံရေးညီလာခံ၌ စနေနေ့တွင် ¤င်းက မိန့်ခွန်းပြောကြားမည်ဖြစ်ရာ ရေကြောင်းလုံခြုံရေးနှင့် လွတ်လပ်စွာရေကြောင်းသွားလာရေးပြဿနာများကို ထည့်သွင်း ပြောကြားမည်ဟု မျှော်လင့်ရသည်။
ရိုက်တာ။
The Mirror Daily
တအာင်းတပ်ဖွဲ့ နှင့်အစိုးရတပ်တို့ တိုက်ပွဲပြင်းထန်
မေလ ၃၀ ရက် ၂၀၁၅
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်အတွင်း အစိုးရတပ် နှင့် တအာင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွါးနေကြောင်း သိရပါသည်။
၂၀၁၅ မေလ ၂၈ ရက် နေ့က သိန္နီမြို့နယ် အနောက်မြောက်ဘက် ၁၆ မိုင်အကွာ လွယ်ဆိုင် ကျေးရွာအုပ်စု အတွင်း မွန်းလွဲ ၂ နာရီခန့်မှ ည ၆ နာရီ အခန့်အထိ တအာင်းတပ်ဖွဲ့ အား အစိုးရ တပ်က သွားရောက် တိုက်ခိုက်သည်ဟုဆိုသည်။
“အစိုးရဘက်က ကျနော်တို့နေတဲ့တောင်ကုန်းကိုလက်နက်ကြီး တွေနဲ့ ပစ်တယ်။ ၄ နာရီ တုန်းက တကြိမ် ၆ နာရီကတကြိမ်ပစ်တယ်။ တိုက်လေ ယာဉ်ကြီးတွေနဲ့လဲပစ်တယ်၊ နှစ်ဘက်သေကြေ ဒဏ်ရာရရှိတာတော့ မသိရ သေးဘူ” - ဟု ပြန်ကြား ရေးဌာနမှူး ဗိုလ်ကြီးတအိုက်ကျော် ကပြောသည်။
ပြီးခဲ့သည့်အပတ်ကတည်းကလည်း နမ္မတူမြို့နယ်၊ နားဆိုင်းကျေးရွာအနီး မူးယစ်ဆေးဝါး တိုက် ဖျက်ရေး တအာင်းတပ်ဖွဲ့ နှင့် လားရှိုးအခြေစိုက် အစိုးရတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးရာ နမ္မတူမြို့တွင်း သို့ စစ်ပြေး ဒုက္ခသည် ၃၀၀ ထက်မနည်း ရောက်ရှိခဲ့ပါသည်။
တအာင်း(ပလောင်)တပ်ဖွဲ့ TNLA သည် အစိုးရနှင့် အပစ်ရပ်ငြိမ်းချမ်းရေး လက်မှတ်မထိုးရသေး သည့်အပြင် တပြည်လုံးငြိမ်းချမ်းရေးလက်မှတ်ရေး ထိုးပွဲအတွက်ပြင်ဆင်နေသော တိုင်းရင်းသား များ အဖွဲ့ NCCT မှ နှုတ်ထွက်မည်ဟုလည်းသတင်းများ ထွက်နေပါသည်။
သျှမ်းသံတော်ဆင့်
မဟာဝိဇယ ခေမသိတလ နိဗုတဃောသမဟာခေါင်းလောင်းတော်ကြီး ထားဝယ်မြို့သို့ ရောက်ရှိ



ထားဝယ်မြို့၊ရွှေတောင်စားစေတီတော်မြတ်ကြီး၏ နှစ် ၂၅၀ ပြည့်အထိမ်းအမှတ်မော်ကွန်းအဖြစ် လောကမာရဇိန်ဘုရားကြီးဝင်းအတွင်း ထားရှိရန်
မန္တလေးမြို့တွင် သွန်းလုပ်ခဲ့သည့် မဟာဝိဇယ ခေမသိတလ နိဗုတဃောသမဟာခေါင်းလောင်းတော်ကြီးကို မန္တလေးမြို့မှ အထူးမော်တော်ယာဉ်တန်းဖြင့်သယ်ဆောင်လာရာ ယနေ့မွန်းလွဲပိုင်းတွင် ထားဝယ်မြို့ လောကမာရဇိန်ဘုရားကြီးဝင်းအတွင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။အဆိုပါခေါင်း
လောင်းတော်ကြီးကို ထားဝယ်မြို့သူ၊မြို့သားများက စုပေါင်းပါဝင်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)
၃၀ မေလ ၂၀၁၅
ဆက်ဘလတ္တာ ဖီဖာဥက္ကဌ ၅ ကြိမ်ဆက် ဖြစ်လာ
![]() |
ဖီဖာကို ပြန်လည် ပြင်ဆင်သွားမယ့် ဆက်ဘလတ္တာ |
သူနဲ့အတူ ယှဉ်ပြိုင် ရွေးချယ်ခံခဲ့တဲ့ ဂျော်ဒန်က မင်းသား အလီဘင် ဟူစိန်က ဒုတိယအကြိမ်မဲပေး ရွေးချယ်မယ့် အချိန်မှာ နုတ်ထွက်သွားခဲ့တာကြောင့်ဖြစ်ပါတယ်။
အဲဒီလို ရွေးချယ်ခံရတဲ့နောက် မစ္စတာဘလတ္တာက မိန့်ခွန်း ပြောကြားခဲ့ရာမှာ တချက်တချက် ဟိုရောက်ဒီရောက် ဖြစ်သွားတာမျိုးတွေ ရှိပေမယ့် သူ့နောက်မှာ သူ့နေရာ ဆက်ခံသူ အတွက် ခိုင်မာ တောင့်တင်းတဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ကြီးကို ချန်ထားနိုင်ဖို့ အတွက် သူကြိုးစား သွားမယ့် အကြောင်း ကတိပေး ပြောကြားခဲ့ပါတယ်။
မစ္စတာဘလတ္တာက ဖီဖာကို သူ ပြန်လည် ပြင်ဆင်သွားမှာ ဖြစ်တယ်။ အခုက စလို့ နောက်ရက်လ ကြာတဲ့တိုင် လုပ်သွားမယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် သူ့သက်တမ်း ကုန်တဲ့အခါမှာ မုန်တိုင်းကြမ်းက လွတ်မြောက်လာခဲ့ပြီး ဖြစ်တဲ့ ခိုင်မာတဲ့ ဖီဖာ အဖွဲ့အစည်းကြီးကို လွှဲပြောင်းပေးခဲ့ မယ်လို့ ပြောသွားခဲ့ပါတယ်။
BBC Burmese
ဘင်္ဂလီ လူမှောင်ခိုတင်တဲ့ စက်လှေပိုင်ရှင် ထိုင်းနိုင်ငံသားကို ရန်ကုန်မြို့မှာဖမ်းမိ (ရုပ်-သံ)

ပင်လယ်ပြင်မှာ ဘင်္ဂလီ လူမှောင်ခိုတင်တဲ့ စက်လှေပိုင်ရှင် ထိုင်းနိုင်ငံသားကို ရန်ကုန်မြို့မှာ ဖမ်းမိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ခွန်ဘသာ တင်ဆက်။
ပါကစ္စတန်တွင် ခရီးသည် အယောက် ၂၀ ကို လက်နက်ကိုင်အဖွဲ့က သတ်ပစ်
ပါကစ္စတန် အနောက်တောင်ပိုင်းက ဘလုချစ္စတန်ပြည်နယ်မှာ မေ ၂၉ ရက်နေ့က လိုင်းကား၂ စီးကို လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းခေါ်သွားပြီး ခရီးသည် အယောက် ၂၀ ကို သတ်ပစ်ခဲ့တယ်လို့ နယ်ခံ အရာရှိတွေက ပြောပါတယ်။
သတင်းတွေအရ အမည်အသိ လက်နက်ကိုင်အဖွဲ့က ဘက်စ်ကား ၂ စီးကို တားဆီးပြီးနာက် ခရီးသည် ၃၅ ယောက်ကို ဖမ်းခေါ်သွားတယ်လို့ ဆိုပါတယ်။
ဘက်စ်ကားဟာ ပြည်နယ်မြို့တော် ကွာရတ္တာကနေ တောင်ပိုင်းက ကရာချီမြို့ဆီကို ပြေးဆွဲတဲ့ ကားဖြစ်ပါတယ်။
ပြည်နယ် ပြည်ထဲရေးဝန်ကြီးရဲ့ အဆိုအရ လက်နက်ကိုင်အဖွဲ့က ဖမ်းသွားသူတွေဟာ ပက်စတွန် တိုင်းရင်းသားတွေကို ရွေးပြီး အယောက် ၂၀ အသတ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။
ဒါဟာလည်း ပက်စတွန် တိုင်းရင်းသားနဲ့ ဘလုချစ္စတန် တိုင်းရင်းသားတွေအကြားမှာ ပဋိပက္ခ ဖြစ်အောင်မီးမွှေးပေးတဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။
ပါကစ္စတန် ၀န်ကြီးချုပ် န၀ပ် ရှာရက်ဖ်က သတ်ဖြတ်မှုကို ရှုတ်ချလိုက်ပြီး အဖမ်းခံထားရသူတွေ ပြန်လွှတ်အောင် ကြိုးပမ်းဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။
လုံခြုံရေးအဖွဲ့ကလည်း လက်နက်ကိုင်အဖွဲ့ရဲ့ နောက်ကိုလိုက်နေပြီး ခရီးသည်တွေကို ကယ်ထုတ်ဖို့ ကြိုးစားနေပါတယ်။ ဘယ်အဖွဲ့ကမှ သူတို့ လက်ချက်ပါလို့ မကြေညာသေးပါဘူး။
DVB