Pages
▼
Saturday, October 31, 2015
ခရီးသည်၂၀၀ကျော်ပါလာတဲ့ ရုရှေလယာဉ် ပျက်ကျ
ခရီးသည်၂၀၀ကျော်သယ်ဆောင်လာတဲ့ ရုရှ လေကြောင်းပိုင် လေယာဉ်တစ်စီး အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်အလယ်မှာ ပျက်ကျခဲ့ပါတယ်။
လေယာဉ်ပျက်ကျတဲ့သတင်းကို အီဂျစ်ဝန်ကြီးချုပ်ရုံးက အတည်ပြု ပြောကြားခဲ့တာဖြစ်ပါတယ်။ လေယာဉ်ပေါ်ပါလာတဲ့ခရီးသည်အားလုံးဟာ ရုရှနိုင်ငံသားတွေ ဖြစ်တယ်လို့ အီဂျစ်ဘက်အာဏ္ဍပိုင်များဘက်ကထပ်မံ အတည်ပြုခဲ့ပါတယ်။
ရုရှေလကြောင်းလိုင်း ကိုဂါလီမာဗီယာပိုင် အဆိုပါ လေယာဉ်ဟာ ရှမ်အယ်လ်ရှိတ် အပန်းဖြေကျွန်းကနေ
ရုရှနိုင်ငံ စိန့်ပီတာစ္စဘက်မြို့ကို ဦးတည်ပျံသန်းရင်းပျက်ကျ ခဲ့တာဖြစ်ပါတယ်။
ဘာကြောင့်လေယာဉ်ပျက်ရတယ်ဆိုတာ တရားဝင်စုံစမ်းစစ်ဆေးဖို့ရုရှသမ္မတ ဗလာ ဒီမာပူတင်ကအမိန့်ထုတ်ပြန်ထားပါတယ်။ လေယာဉ်ပေါ်က ခရီးသည်၂၁၇ဦး မှာ ခလေး၁၇ဦးနဲ့ လေယာဉ်အမှုထမ်း၇ဦးနဲ့ လေယာဉ်အမှုထမ်း၇ဦးပါတယ်လို့ ရုရှဘက်က အတည်ပြု ထားပါတယ်။
BBC Burmese
ပါတီချင်း ရန်ဘက်လို ဆောင်ရွက်ချင်းများ မလုပ်ရန် သူရ ဦးရွှေမန်း တိုက်တွန်း
![]() |
ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ဖြူးမြို့နယ် ကညွတ်ကွင်းတွင် မဲဆန္ဒရှင် ပြည်သူများ အား ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ) |
ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းသည် အောက်တိုဘာ ၃၁ ရက်၌ ဖြူးမြို့နယ် ကညွတ်ကွင်းတွင် မဲဆန္ဒရှင် ပြည်သူများနှင့် တွေ့ဆုံစဉ် ယခုကျင်းပမည့် ရွေးကောက်ပွဲသည် ပြိုင်ဆိုင်မှု ပြင်းထန်သလို၊ ခက်ခဲမှု၊ သိမ်မွေ့မှုများ ရှိသည့် အတွက် ပါတီချင်း ရန်ဘက်လုပ် ဆောင်ရွက်မှုများ မပြုလုပ်ရန် ပြောကြားခဲ့သည်။
သူရဦးရွှေမန်းက “ရွေးကောက်ပွဲမှာ ပါတီချင်း မှန်ကန်တဲ့ နည်းလမ်းနဲ့ ယှဉ်ပြိုင်ဖို့ လိုတယ်။ မိမိအနေနဲ့ နိုင်ငံ့ အကျိုးအတွက် မည်သူနဲ့မဆို ပူးပေါင်းသွားပါမယ်’’ ဟုပြောခဲ့သည်။
ရွေးကောက်ပွဲ အလွန် ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်သည့် အခါ လက်ရှိ ဈေးကွက် စီးပွားရေးစနစ်ကို ပြိုင်ဆိုင်မှုရှိသည့် ဈေးကွက် စီးပွားရေးအဖြစ် ပြောင်းလဲရန် ဆန္ဒရှိကြောင်း၊ ဒီမိုကရေစီ စနစ် ရှင်သန်ရန် ပြည်သူများပါ ပူးပေါင်း ပါဝင်ဖို့ လိုကြောင်း၊ ပြည်သူ မပါလျှင် ဒီမိုကရေစီ ရှင်သန်နိုင်မည် မဟုတ်ကြောင်း ၎င်းက ပြောခဲ့သည်။
![]() |
ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း တွေ့ဆုံရှင်းလင်းပွဲသို့ တက်ရောက်လာသော ပြည်သူများ (ဆင်ဟွာ) |
သူရဦးရွှေမန်းက “ပါတီမှာ ကောင်းမွန်တဲ့ မူဝါဒ ရည်မှန်းချက် ရှိတယ်။ ပါတီရဲ့ အဓိက မူဝါဒက ပူးပေါင်း ဆောင်ရွက်တဲ့ မူဝါဒဖြစ်တယ်’’ ဟု ပြောခဲ့သည်။
![]() |
ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ဖြူးမြို့နယ် ကညွတ်ကွင်းတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် (ဆင်ဟွာ) |
သူရ ဦးရွှေမန်း၏ ယနေ့ လူထုနှင့် တွေ့ဆုံပွဲကို ညနေ ၃း၃၀ နာရီတွင် စတင်ခဲ့ပြီး တက်ရောက်သည့် ဒေသခံပေါင်း ၁,၀၀၀ ကျော်ရှိသည်။ (Xinhua)
Friday, October 30, 2015
NLD လွှတ်တော်အမတ် မဲဆွယ်စဉ် အကြမ်းဖက် တိုက်ခိုက်သူများကို ဖမ်းဆီးထား
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ မဲဆွယ်စည်းရုံးရာတွင် ပါဝင်သူနှင့် စကားများ ရန်ဖြစ်ပြီး ပါတီဝင်များအား ဓားဖြင့်ခုတ်၊ တုတ်ဖြင့်ရိုက်ခဲ့သည့် ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိ
ရန်ကုန်၊ အောက်တိုဘာ ၃၀
၂၉.၁၀.၂၀၁၅ ရက်နေ့ ၂၁၃၀ အချိန်ခန့်တွင် သာကေတမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ မဲဆွယ် စည်းရုံးရေး ဆောင်ရွက်သည့်အဖွဲ့သည် သာကေတမြို့နယ်၊ ၃/မာန်ပြေရပ်ကွက်၊ မာန်ပြေလမ်းနှင့် မာန်ပြေ(၈)လမ်းထိပ်အရောက်တွင် စည်းရုံးရေးအဖွဲ့မှ တာဝန်ခံတစ်ဦး ကွမ်းယာဆိုင်သို့ ရေ၀င် သောက်စဉ် ဇော်လတ် ဆိုသူနှင့်စကားများပြီး ဇော်လတ်မှ လက်သီးဖြင့် ထိုးပြီး ခုံဖြင့် ရိုက်ခဲ့ကြောင်း၊ ဇော်လတ်မှ နေအိမ်သို့ ပြန်သွားကာ ငှက်ကြီးတောင်ဓါးအား ကိုင်ဆောင်၍ လည်းကောင်း၊ ထက်ကို(ခ)ထက်အောင်လှိုင်နှင့် မျိုးမင်းခိုင်တို့(၂)ဦးက တုတ်များ ကိုင်ဆောင်၍လည်းကောင်း မဲဆွယ်စည်းရုံးရေးအဖွဲ့ရှိရာ မာန်ပြေ(၉)လမ်းထိပ်သို့ လိုက်ပါလာပြီး ဆဲဆိုကာ မဲဆွယ်စည်းရုံးသည့် အဖွဲ့သားများအား ဓါးဖြင့်ခုတ်၊ တုတ်ဖြင့်ရိုက်ခဲ့၍ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် မဲဆန္ဒနယ်(၁)မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း
ဖြစ်သူ ဦးနိုင်ငံလင်း၊ ရပ်/ကျေးအလုပ်အမှုဆောင် ဦးကျော်သူနှင့် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်(၂)မှ လွှတ်တော်ကိုယ်စား လှယ်လောင်း၏ ကိုယ်စားလှယ်ဖြစ်သူ ဒေါ်သန္တာမော်တို့တွင် ဒဏ်ရာများရရှိခဲ့ကြကြောင်း၊ ယင်းသို့ကျူးလွန်သူများကို အရေးယူပေးရန် သာကေတမြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးဖြစ်သူ ဒေါ်ချိုချိုမှ တိုင်တန်းခဲ့သဖြင့် သာကေတမြို့မရဲစခန်း(ပ)၆၀၉/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၂၆/ ၃၂၃/၂၉၄/ ၁၁၄ ဖြင့် အမှုဖွင့် အရေးယူခဲ့ပါသည်။
ယင်းသို့ဖြစ်ပွားခဲ့သည့်အတွက် ဦးနိုင်ငံလင်းတွင် နဖူးဝဲဘက်နှင့် ၀ဲ/ယာ လက်နှစ်ဖက်တို့တွင် ပြတ်ရှဒဏ်ရာ များနှင့် ဦးကျော်သူတွင် ယာလက်ဖ၀ါး၌ ပြတ်ရှဒဏ်ရာတို့ရရှိခဲ့သဖြင့် ၎င်းတို့(၂)ဦးမှာ ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာ(မစိုးရိမ်ရ)များအဖြစ် ကုသလျက်ရှိပြီး ဒေါ်သန္တာမော်တွင် ၀ဲလက်မောင်း၌
နာကျင်ဒဏ်ရာရရှိခဲ့သဖြင့် ပြင်ပလူနာအဖြစ် ကုသခဲ့ရပါသည်။
အမှုမှပြစ်မှုကျူးလွန်သူ သာကေတမြို့နယ်နေသူများဖြစ်သည့် ဇော်လတ်၊ (၄၀)နှစ်၊ ထက်ကို(ခ)ထက်အောင်လှိုင်၊ (၂၄)နှစ်နှင့် မင်္ဂလာဒုံမြို့နယ်နေ မျိုးမင်းခိုင်၊ (၂၆)နှစ်တို့(၃)ဦးအား ဖမ်းဆီးရမိခဲ့ပြီး အမှုဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါသည်။
အမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးချက်အရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်များသည် မော်တော်ယာဉ် များဖြင့် ပါတီစည်းရုံးရေး ဆောင်ရွက်ရာမှ ပြန်လာစဉ် မာန်ပြေလမ်းနှင့် မာန်ပြေ(၈)လမ်းထိပ်အရောက် မဲဆွယ်စည်းရုံးရာတွင်ပါရှိသည့် ကိုလှဝင်းနှင့် ကိုမြင့်စိုးတို့မှ ကွမ်းယာဝင်ဝယ်စဉ် ဇော်လတ်
ရောက်ရှိလာပြီး ၎င်းအား ဦးစွာကွမ်းယာထုပ်ပေးရန်ပြောဆိုရာမှ ၎င်းတို့ စကားများကြကာ စတင်ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ကိုအောင်ကျော်ကျော်မှ သွားရောက်ဖြန်ဖြေတားဆီးစဉ် ကိုအောင်ကျော်ကျော်ကိုလည်း လက်သီးဖြင့်ထိုး၍ ခုံဖြင့်ရိုက်ရန်ရွယ်ကာ ဇော်လတ်မှာ ထွက်ခွာသွားကြောင်း၊ ခဏအကြာ
တွင် ဇော်လတ်မှာ ငှက်ကြီးတောင် ဓါးအား ကိုင်ဆောင်၍ ၎င်းနှင့်အတူထက်ကို(ခ)ထက်အောင်လှိုင်နှင့် မျိုးမင်းခိုင်တို့မှ တုတ်များကိုင်ဆောင်ကာ အခင်းဖြစ်နေရာသို့ ရောက်ရှိလာပြီး ဆဲဆိုရန်မူခဲ့ကြသဖြင့် ၀င်ရောက်ဖြန်ဖြေပေးကြသော ဦးနိုင်ငံလင်း၊ ဦးကျော်သူနှင့် ဒေါ်သန္တာမော်တို့တွင် ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်းနှင့် ပြစ်မှုကျူးလွန်သူ ဇော်လတ်၏ဖခင်မှာလည်း ယခုလက်ရှိ သာကေတမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရပ်ကွက် စည်းရုံးရေး အဖွဲ့ဝင် တစ်ဦးဖြစ်ကြောင်း သိရှိရပါသည်။
Yangon Police
စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် နေအိမ်တွင် စားသောက်ဆိုင် ဖွင့်လှစ်မှု စီအိုင်ဒီ ကန့် ကွက်ထားခြင်းမရှိ
)
ငါးလောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့သည့်နေအိမ်၌ Royal Legacy စားသောက်ဆိုင်ဖွင့်လှစ်ရန် စီစဉ်နေမှုကို စီအိုင်ဒီမှ ကန့်ကွက်ထားသည်ဆိုသောသတင်းသည် မဟုတ်မှန်ကြောင်းနှင့် ဆိုင်ဖွင့်ရန် အစီအစဉ်အား စီအိုင်ဒီမှ ကန့်ကွက်ခြင်းမရှိကြောင်းသိရသည်။
''တို့ဆီကတော့ ဆိုင်ဖွင့်တာကို ကန့်ကွက်တာမရှိပါဘူး။ ကန့်ကွက်တာတို့ ဘာတို့ဆိုတာ စည်ပင်တို့၊ ထွေအုပ်တို့မှာ ရှိတယ်လေ။ စီအိုင်ဒီကတော့ အမှုစုံစမ်း တဲ့အပိုင်းပဲရှိမယ်။ အွန်လိုင်းသတင်းထဲမှာ ရေးထားသလို ဒီဆိုင်ဖွင့်တဲ့ကိစ္စ ထွေအုပ်ရုံးကို ကန့်ကွက် တယ်ဆိုတဲ့စာလည်း မပို့ထားဘူး။ ညွှန်ကြားချက်လည်းမရှိဘူး''ဟု စီအိုင်ဒီမှ တာဝန်ရှိသူတဦးက အောက်တို ဘာ ၂၉ ရက်တွင် News Watch ဂျာနယ်သို့ ပြောသည်။
ပုဂ္ဂလိကမီဒီယာတခုမှ ''ငါးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့သည့်နေအိမ်ကို စားသောက်ဆိုင်ဖွင့်လှစ်ရန် စီစဉ်မှု စီအိုင်ဒီကန့်ကွက်''ဟု ဖော်ပြရေးသားခဲ့ရာတွင် စီအိုင်ဒီသို့ မေးမြန်ထားခြင်းမရှိဘဲ၊ ထွေအုပ်ရုံးသို့မေးမြန်၍ ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
အဆိုပါ သတင်းအား ရေးသားဖော်ပြခဲ့သည့်သတင်းမီဒီယာသည် ကမာရွတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ကိုသာ မေးမြန်ရေးသားထားခြင်းဖြစ်ပြီး ထွေအုပ်ဖြေကြားသည့် စကားလုံးများနှင့် သတင်းတွင် ဖော်ပြထား သည့်စာသားများမှာ မှန်ကန်မှုမရှိကြောင်း အဆိုပါမြို့နယ်ထွေအုပ် က News Watch ဂျာနယ်သို့ ပြောသည်။
''အဲဒီသတင်းမီဒီယာက မေးတာတော့ရှိတယ်။ ဖြေလိုက်တာက အခု ညီလေးတို့ကို ဖြေတဲ့အတိုင်းပဲ စီအိုင်ဒီက ကန့်ကွက်စာ ရုံးကိုပို့တာ ဒီနေ့အထိမရှိဘူး။ အဲ့ဒါကို သတင်းက ဖော်ပြတဲ့အခါမှာ စီအိုင်ဒီက ကန့်ကွက်စာ ထွေအုပ်ရုံးကို ပို့ထားတယ်ဆိုတော့ အဲ့ဒီသတင်းကမမှန်ပါဘူး။ ဆိုင်ဖွင့်ဖို့မဖွင့်ဖို့ကို လိုင်စင်အထက်ကိုတင်ပြဖို့ လုပ်ထုံးလုပ်နည်းအတိုင်း မြေ ပြင်ကိုစစ်ဆေးနေတယ်။ သတင်းမှာဖော်ပြသလို စီအိုင်ဒီက ဆိုင်မဖွင့်ဖို့ ကန့်ကွက်စာ ကိုယ်တို့ရုံးကိုပို့တာ ဒီနေ့အထိမရှိဘူး''ဟု ကမာရွတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမင်းနိုင်ထွန်းက ပြောသည်။
ငါးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့သည့် ကမာရွတ်မြို့နယ်၊ စိမ်းလဲ့ကန်သာလမ်း၊ အမှတ် ၁၂၆ တွင် အိန္ဒိယ လုပ်ငန်းရှင်တဦးမှ နိုင်ငံတကာအဆင့်မီစားသောက်ဆိုင်ဖွင့်ရန် ကမာရွတ်မြို့နယ်ထွေအုပ်ရုံးသို့ တင်ပြထား ကြောင်းနှင့် လက်ရှိတွင် အဆိုပါအိမ်အနီးနားမှ ရပ်မိ ရပ်ဖတို့၏ သဘောတူညီချက်ရရှိရန် အောက်တိုဘာ ၁၉ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ နှစ်ပတ်ခန့် စောင့်ဆိုင်းနေပြီး အဆိုပါနှစ်ပတ်အတွင်း ကန့်ကွက်သူရှိခဲ့ပါက ဆိုင်ဖွင့်ခွင့်လိုင်စင်ရရှိမည်မဟုတ်ကြောင်း ထွေအုပ်က ဆက်ပြောသည်။
နေမင်းခ၊ လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
ကျည်ဆန်တွေကို ကြောက်လန့်ခဲ့ဖူးတယ်၊ အခုတော့ ဘူဒိုဇာကို ကြောက်နေရပြီ
တနင်္သာရီတိုင်း ထားဝယ်ခရိုင်ရှိ ဘန်းချောင်း ကျောက်မီးသွေးတွင်း လုပ်ငန်းကို ရပ်တန့်ပြီး တရားမ၀င် တူးဖော်နေသူတွေကို အရေးယူပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။
‘ကျည်ဆန်တွေကို ကြောက်လန့်ခဲ့ဖူးတယ်၊ အခုတော့ ဘူဒိုဇာကို ကြောက်နေရပြီ’ ဆိုတဲ့ အစီရင်ခံစာ တစောင်ကို ထားဝယ်ဒေသခံ လူမှုအဖွဲ့အစည်းတွေ ထုတ်ပြန်လိုက်ပြီး ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုလိုက်တာဖြစ်ပါတယ်။
ထားဝယ်ခရိုင် ဘန်းချောင်းဒေသက ကွမ်းချောင်းကြီးကျေးရွာမှာ တူးဖော်လုပ်ကုန်နေတဲ့ ကျောက်မီးသွေးတွင်းမှာ တူးကုမ္ပကြီးဟာ အာဏာပိုင်တွေ ခွင့်ပြုချက်ပါမစ်မရှိဘဲ လုပ်ဆောင်တာလို့ ထားဝယ်အခြေစိုက် တာကမပေါ် လူငယ်အဖွဲ့က နော်ပီသလောက ပြောပါတယ်။
“အဓိကကတော့ ဒီဘန်းချောင်းဒေသမှာ ကျောက်မီးသွေးတူးတဲ့ တကယ်တမ်း ပါမစ်ရတဲ့ ကုမ္ပဏီက မြန်မာမေဖလားဝါးဖြစ်တယ်။ ဒါပေမယ့် အခု လက်ရှိမြေပြင်မှာ တူးတဲ့ ကုမ္ပဏီက ထိုင်းနိုင်ငံသားပိုင် east sart ကုမ္ပဏီပေါ့နော်။ ပုံမှန်အားဖြင့် နိုင်ငံခြားသား ရင်နှီးမြှုပ်နှံမှု ပါမယ်ဆိုရင် သတ္တုတွင်းဝန်ကြီးဌာနက သိရမယ်ပေါ့နော်။ ကျမတို့က သတ္တုတွင်းဝန်ကြီးဌာနကို မေးတဲ့အခါမှာ သူတို့က ထိုင်းနိုင်ငံသားလုပ်တဲ့ဟာကို သူတို့မသိဘူးတဲ့။ ဆိုတော့ ခွင့်ပြုချက်မ ရှိဘဲနဲ့ နောက်ခြေမှာ လုပ်တဲ့လုပ်ငန်းဖြစ်တယ်။ ဒါကို ပြီးခဲ့တဲ့ အော်တိုဘာ ၁၅ ရက်နေ့မှာ နေပြည်တော် သတ္တုတွင်းဌာနအရာရှိတွေကို သွားပြောပြတယ်။ သူတို့က လာပြီး စစ်ဆေးပေး မယ်ပေါ့နော်။ ဒါပေမယ့် အခုချိန်ထိ သူတို့ မစစ်ဆေးပေးသေးဘူး။ မလာစစ်သေးတဲ့အချိန်မှာ ကုမ္ပဏီကလည်း လုပ်ငန်းပြန်လုပ်နေပြီ။ ဒါကြောင့် အစိုးရဌာနတွေ မြန်မြန်လာစစ်ဖို့ ကျမတို့တောင်းဆိုတယ်။”
ဒါ့အပြင် လက်ရှိ ကျောက်မီးသွေးတွင်းကြောင့် ဒေသခံတွေ အနှံ့အ သက်ဆိုးဆိုးဝါးဝါးခံစားနေရသလို ကျောက်မီးသွေးတွင်းကနေ ထွက်တဲ့ရေကို အများပြည်သူအ သုံးပြုတဲ့ ချောင်းတွေဆီ သွန်တဲ့အတွက် ဒါကို အရေးယူပေးဖို့ လည်း တောင်းဆိုထားပါတယ်။
East Star ကုမ္ပဏီဟာ ဘန်းချောင်းရှိ ကွမ်းချောင်းကြီးကျေးရွာရှိ မြေဧက ၆၀ မှာ ဟင်းလင်းဖွင့် ကျောက်မီးသွေး တူးဖော်တဲ့လုပ်ငန်းကို ပြီးခဲ့တဲ့သုံးနှစ်ကတည်းက ဆောင်ရွက်နေပြီး ဧက ၂၁၀၀ မှာ ဆက်လက်တိုးချဲ့ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
ဘန်းချောင်း ကျောက်မီးသွေးတွင်းကြောင့် အဲဒီဒေသတ၀ိုက်အတွင်းရှိ ရွာသူရွာသား ၁၆၀၀၀ နီးပါးရဲ့ ကျန်းမာရေးနဲ့ အသက်မွေးမှုတို့ကို ဆိုးရွားစွာ ထိခိုက်စေပါလိမ့်မယ်လို့လည်း သတိပေး ထားပါတယ်။
အဲဒီဒေသမှာ ကရင်တိုင်းရင်းသားတွေ အများစုနေထိုင်ကြပြီး ငါးဖမ်းတာနဲ့ ဥယျာဉ်ခြံလုပ်ငန်းတွေ မှီခိုအသက်မွေးကြကာ တချိန်တခါက ဥယျာဉ်ခြံမြေဖြစ်ခဲ့ဖူးတဲ့ မြေယာတွေလည်း အသိမ်းခံရတာတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် အဲဒီဒေသဟာ အရင်တုန်းက အစိုးရတပ်နဲ့ ကေအန်ယူတပ်တို့ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၂ နောက်ပိုင်း အစိုးရနဲ့ ပဏာမ အပစ်ခတ်ရပ်စဲရေး ယူပြီးနောက် ကုမ္ပဏီတွေဝင်ရောက်လုပ်ကိုင်တဲ့အတွက် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေ ကြတယ်လို့လည်း နော်ပီသလောက ပြောပါတယ်။
“အရင်တုန်းကဆိုရင် ဘန်းချောင်းဒေသမှာ စစ်မဲဖြစ်ပွားခဲ့တဲ့နေရာဖြစ်တယ်။ တော်တော်များများက ဒုက္ခသည်စခန်းမှာ သွားနေရတယ်။ အခုလက်ရှိလည်း ဒုက္ခသည်စခန်းမှာ နေတဲ့သူရှိတယ်။ ဆိုတော့ အရင်တုန်းကဆိုရင် ကျည်ဆန်တွေ ကြားရတဲ့ဒေသလည်း ဖြစ်တယ်ပေါ့။ ၂၀၁၂ အပစ်ခတ်ရပ်စဲတဲ့နောက်ပိုင်းမှာ ကျည်ဆန်တွေကိုတော့ ကျမတို့ မကြားရတော့ဘူး။ ဒါပေမယ့် ကျည်ဆန်နဲ့ အလားသဏ္ဌာန်တူ ဘူဒိုဇာက ကျမတို့ ဒေသကို ၀င်လာတယ်။ ရွာသားတွေကလည်း အမြဲတမ်းပြောတယ်။ ကျည်ဆန်ဆိုလို့ရှိရင် ကျမတို့ ထွက်ပြေးပြီးရင် ပြန်လာရင်တော့ အိမ်နေရာတွေ ရှိသေးတယ်ပေါ့။ ဒါပေမယ့် ဘူဒိုဇာက ပြန်လာရင် အိမ်တွေလည်းမရှိတော့ဘူး။ ခြံတွေလည်းမရှိတော့ဘူးပေါ့နော်။”
ဒီစီမံကိန်းကြောင့် မြန်မာနိုင်ငံအတွင်း အရေးပါဆုံး ဂေဟစနစ်တည်ရှိနေတဲ့ တနင်္သာရီ ဒေသရဲ့ သဘာ၀၀န်းကျင်ကို ထိခိုက်စေရုံသာမက ဥယျာဉ်ခြံမြေတွေကို မျိုးဆက်ပေါင်းများစွာ လွှဲပြောင်းလုပ်ကိုင်လာခဲ့တဲ့ ဘန်းချောင်းရှိ ဌာနေတိုင်းရင်းသား ကရင်လူထုရဲ့ နေထိုင်မှု တရပ်လုံးကိုပါ ခြိမ်းခြောက်နေတယ်လို့ဆိုပါတယ်။
ဒါကြောင့် ဒီစီမံကိန်းကို အရေးပေါ် တုံ့ပြန်ဖြေရှင်းဖို့နဲ့ သင့်တော်တဲ့ စုံစမ်းစစ်ဆေးမှုတွေ မပြီးမချင်း စီမံကိန်းလုပ်ငန်းကို ရပ်ဆိုင်းထားပေးဖို့ တောင်းဆိုထားပါတယ်။
DVB
Thursday, October 29, 2015
ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကိုအား သင်္ဃန်းကျွန်း စံပြဈေးအနီး ဖမ်းဆီးထိန်းသိမ်း
ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကို အောက်တိုဘာ၂၉ ရက် နေ့လယ် ၁၂
နာရီခန့်တွင် စံပြဈေးအနီး၌ ထိန်းသိမ်းခံရကြောင်း ဗကသ သတင်းနှင့်ပြန်ကြားရေးမှ
ကိုရဲရင့်ကျော်က ပြောသည်။
ဗကသများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ) ဥက္ကဋ္ဌ ကိုကျော်ကိုကိုမှာ ရန်ကုန်
သင်္ကန်းကျွန်းမြို့နယ် စံပြဈေးအနီးတွင် ၂၉-၁၀-၁၅ နေ့လယ် ၁၂ နာရီ အချိန်ခန့်က
ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရကြောင်း အတည်ပြု ထုတ်ပြန်ထားကြောင်း သိရသည်။
ကိုရဲရင့်ကျော်က ”ဟုတ်ပါတယ်။ စံပြဈေးမှာ နေ့လယ်က အဖမ်းခံရတာလို့ သိရပါ
တယ်။ ဘယ်အဖွဲ့က ခေါ်သွားလဲဆိုတာ သေချာမသိရသေးပါဘူး” ဟု ပြောသည်။
ယင်းအတွက် ကိုကျော်ကိုကိုအား ဝရမ်းထုတ်ထားသည့် ကျောက်တံတားနှင့်
ကမာရွတ်မြို့နယ် ရဲစခန်းတို့အား သွားရာက်စုံစမ်းရာ ယင်းတို့အနေဖြင့်
ကိုကျော်ကိုကိုအား ထိန်းသိမ်းထားခြင်း မရှိကြောင်း ပြန်လည် ဖြေကြားချက်အရ
သိရသည်။
ကမာရွတ်မြို့နယ် ရဲစခန်းဒုစခန်းမှူးက “ကျွန်တော်တို့ဆီက ဖမ်းတာမဟုတ်ပါဘူး။
ဘယ်ကဖမ်းလဲဆိုတာ မသိရသေးပါဘူး။ ကျွန်တော်တို့က ဖမ်းတယ်ဆိုရင်
အခုချိန် အလုပ်ရှုပ်နေပြီပေါ့” ဟု ပြန်လည်ဖြေကြားသည်။
အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် ပြုလုပ်သည့် ကျောင်းသားသပိတ်
နှင့်ပတ်သက်ပြီး လက်ပံတန်းမြို့နယ်၊ ကမာရွတ်မြို့နယ် တို့တွင် အမှုဖွင့်ခံထားရပြီး
ကျောင်းသပိတ်တွင် ထိန်းသိမ်းခံရသည့် ကျောင်းသားနှင့် ဝန်းရံပြည်သူများ
ပြန်လွတ်ရေးအတွက် သိမ်ကြီးဈေးအနီးတွင် မတ်၂၇ ရက်က ဆန္ဒဖော်ထုတ်သည့်
အတွက် ကျောက်တံတားမြို့နယ်ရဲစခန်းက အမူဖွင့်ထားကြောင်း သတင်းများအရ
သိရသည်။
သတင်း - စိုင်းဟန်
The Ladies News Journal
Monday, October 26, 2015
ထားဝယ်လေးမြို့နယ် NLD အင်အားပြပြီ

ဓာတ်ပုံ - အောင်သူ / Dawei Watch
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်စည်းရုံးတဲ့အနေနဲ့ တနင်္သာရီတိုင်း ထားဝယ် ၄ မြို့နယ် ပူးပေါင်းပြီး စီတန်းလှည့်လည်ပွဲနဲ့ အင်အားပြပွဲတရပ်ကို ဒီနေ့ မနက်ပိုင်းက ထားဝယ်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
ထားဝယ်၊ လောင်းလုံ၊ သရက်ချောင်း၊ ရေဖြူ စတဲ့ ၄ မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေနဲ့ တက်ကြွလူငယ်တွေ ထားဝယ်ရွှေဝယ်သီရိအားကစားကွင်းမှာ စုပေါင်းပြီး ဒီနေ့မနက် ၇ နာရီလောက်က ထားဝယ်မြို့အနှံ့ လှည့်လည်ခဲ့တာဖြစ်ပါတယ်။
ဒီနေ့ အင်အားပြပွဲမှာ “ပြောင်းလဲချိန်တန်ပြီ၊ အမေစုကို ၀န်းရံကြ” စတဲ့ ကြွေးကြော်သံတွေနဲ့ စီတန်းလှည့်လည်ခဲ့ကြပါတယ်။
ဆိုင်ကယ်အစီးရေ ၁ သောင်းလောက်၊ သုံးဘီးဆိုင်ကယ် ၅၀ နဲ့ ကားအစီးရေ ၉၀ ကျော်ပါဝင်ပြီး လူအင်အား ၅ သောင်းလောက်ပါဝင်ခဲ့ကြပါတယ်။
သတင်း– ထွန်းကျော်မောင်
DVB
ခရီးအရှည်ကြီး ကျန်ပါသေးသည် (အေးမင်း )

၂၀၁၅ ခုနှစ်အလွန်တွင် ပို၍မြိုင်ဆိုင်သော နိုင်ငံရေး အနေအထားကို တွေ့မြင်လာရတော့မည် ဖြစ်သည်။ ပင်မနိုင်ငံရေး ရေစီးဖြစ်သော လွှတ်တော်နိုင်ငံရေး အပြင် လွှတ်တော်ပြင်ပ နိုင်ငံရေးဆွေးနွေးပွဲများ လာတော့မည်ဖြစ်သည်။ နေပြည်တော်တွင် အောက်တိုဘာလ ၁၅ ရက်နေ့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ချုပ်ဆိုခဲ့သည်။
ထိုစာချုပ်တွင် တိုင်းရင်းသားလက်နက်ကိုင် အားလုံး လက်မှတ်ရေးထိုးနိုင်ခြင်း မပြုသေးသော်လည်း ဤသည်ပင်လျှင် တစ်နိုင်ငံလုံး အပစ်ရပ်၊ သေနတ်သံတိတ်ရေး ခြေလှမ်းအစဖြစ်ပါသည်။
ထူးခြားမှုတစ်ရပ်မှာ သဘောတူစာချုပ်သည် အပစ်ရပ်စာချုပ်သပ်သပ်မဟုတ်ဘဲ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရေး မူဘောင်များ ပါဝင်လာခြင်းဖြစ်သည်။ စာချုပ်ချုပ်ဆိုပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များ အတည်ပြုရမည်ဖြစ်ပြီး ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရမည်ဖြစ်သည်။
နိုင်ငံရေး ဆွေးနွေးပွဲတွင် အကြမ်းအားဖြင့် အစုအဖွဲ့ ၇ ဖွဲ့ပါဝင်မည်ဟု သတ်မှတ်ထားသည်။ အတည်မပြုရသေးသော်လည်း အစိုးရ အစုအဖွဲ့၊ လွှတ်တော် အစုအဖွဲ့၊ တပ်မတော် အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့၊ နိုင်ငံရေးပါတီ အစုအဖွဲ့၊ တိုင်းရင်းသား ကိုယ်စားလှယ် အစုအဖွဲ့၊ ပါဝင်သင့်ပါဝင်ထိုက်သူများ အစုအဖွဲ့ ဟူ၍ ပါရှိမည်ဖြစ်ကြောင်း ယေဘုယျရေးဆွဲထားသည်။ ဆွေးနွေးပွဲ မူဘောင်ကို မကြာမီ အတည်ပြုနိုင်မည်ဟု ခန့်မှန်းရသည်။ စာချုပ်ပါ သတ်မှတ် အချိန်ဇယားအရဆိုပါက ဒီဇင်ဘာလလယ်တွင် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် အတည်ပြုရမည်ဖြစ်ပြီး ဇန်န၀ါရီလလယ်တွင် နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရပေလိမ့်မည်။
ကြိုက်ကြိုက် မကြိုက်ကြိုက် ထိုဆွေးနွေးပွဲများ လာတော့မည်။ လက်ခံခံ၊ မခံခံ ယင်းဆွေးနွေးပွဲများ စတင်တော့မည့် သဘောဖြစ်သည်။ ဆွေးနွေးပွဲများတွင် နိုင်ငံရေးပါတီများက ဦးဆောင်ရတော့မည်။
ထိုဆွေးနွေးပွဲများ အတွက် ကျွန်တော်တို့ မည်မျှ အဆင်သင့်ဖြစ်နေသနည်းဆိုသည်မှာ တော်တော် မေးခွန်းထုတ်စရာဖြစ်သည်။ လုပ်စရာကား များစွာရှိသည်။
သဘောတူစာချုပ် ပုဒ်မ ၁ အပိုဒ် (က) တွင် ‘ပြည်ထောင်စုမြန်မာနိုင်ငံတော်
အပိုဒ် (ဃ) တွင် ‘ဤပြည်ထောင်စုအတွင်း နေထိုင်ကြသော နိုင်ငံသားအာလုံးကို လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လိင်ကွဲပြားမှုတို့ကြောင့် ခွဲခြားဆက်ဆံခြင်းမပြုဘဲ တန်းတူရည်တူ အခွင့်အရေးရရှိရန်။
အပိုဒ် (စ) တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်
စသည်တို့မှာ စာမျက်နှာ ၁၇ မျက်နှာပါ သဘောတူစာချုပ် အခန်း (၁) အခြေခံမူများဆိုသည့် အခန်းမှ ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်သည်
နောက်ထပ် ထုတ်နှုတ်ပြလိုသော အပိုင်းမှာ အခန်း (၆) ပါ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ဖြစ်သည်။
ယင်းအခန်း ကြားကာလအတွင်း ဆောင်ရွက်ရမည့် အစီအစဉ်များတွင် ကျန်းမာရေး၊ ပညာရေး၊ ဖွံ့ဖြိုးရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စသည့်လုပ်ငန်းများအပြင် ကျွန်တော်တို့ တိုင်းဒေသကြီးအတွင်း အဓိက ကျသော သယံဇာတထုတ်ယူသည့် လုပ်ငန်းများနှင့် ပတ်သက်၍လည်း အချက်တစ်ခု ပါရှိသည်။
အပစ်ရပ်ဒေသအတွင်း ဒေသခံပြည်သူလူထု အပေါ် အကျိုးသက်ရောက်မှု ကြီးမားသော စီမံကိန်းများကို လုပ်ဆောင်ရန် ရှိပါက သဘာဝသယံဇာတများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့ (Extractive Industries Transparency Initiative-EITI) ၏ လုပ်ထုံလုပ်နည်းများအတိုင်း ဒေသခံပြည်သူများနှင့် ညှိနှိုင်းဆောင်ရွက်သွားရန်နှင့် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ
ထိုအပိုင်းသည် တနင်္သာရီတိုင်းဒေသကြီးအတွင်း ကြုံနေရသော၊ ကြုံရတော့မည်ဖြစ်သော သတ္တု၊ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့တူးဖော်ခြင်းလုပ်
အထက်ဖော်ပြပါ သဘောတူချက်များကို ပြန်ချုပ်ပါက တိုင်းရင်းသား လူမျိုးများ တန်းတူရည်တူရေးကို လုပ်ဆောင်ရေး၊ လူမျိုး၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံထမ်းများ၊ ဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ သာမက တိုင်းရင်းသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုပါ နိုင်ငံရေးဆွေးနွေးပွဲများတွင် အဖြေရှာ ဒူးတိုက်ဆွေးနွေးရမည့် သဘောဖြစ်သည်။
အစိုးရဘက်မှ ငြိမ်းချမ်းရေးဆွေးနွေးသူ ခေါင်းဆောင်များက နိုင်ငံရေးဆွေးနွေးပွဲများတွင် ဒို့တာဝန်အရေးသုံးပါးကို မထိပါးပါက ကြိုက်သလို ဆွေးနွေးနိုင်ကြောင်း ကတိပြုထားပြီးပြီဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်ကိုပင် ထောက်ရှုစရာမလိုဘဲ ဆွေးနွေးနိုင်သည့် သဘောဖြစ်သည်။
နိုင်ငံရေးဆွေးနွေးပွဲများမှ ထွက်ပေါ်လာသော ရလာဒ်ကို ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုပေးရမည်ဖြစ်သည်။
၂၀၁၅ အလွန်တွင် လွှတ်တော် နိုင်ငံရေး လမ်းကြောင်းအပြင် လွှတ်တော်ပြင်ပ တော်တော်အရေးကြီးသည့် နိုင်ငံရေးဆွေးနွေးပွဲလမ်းကြော
ထိုကြောင့် ပြောလိုသည်မှာ -
၁။ တနင်္သာရီတိုင်းဒေသကြီးတွင် ရုံးချုပ်ထိုင် အခြေစိုက်သော တိုင်းရင်းသားပါတီ တစ်ခု အတွက် ထိုကဲ့သို့သော အရေးအရာ ကိစ္စများစွာက စောင့်ကြိုနေပါသည်။ ထားဝယ် တိုင်းရင်းသားများ အပါအ၀င် တိုင်းအတွင်းရှိ တိုင်းရင်းသားအားလုံးအရေးအတွက် ကြီးလေးသော တာဝန်များကို ထမ်းဆောင်ရမည်ဖြစ်သည်။ ရန်ကုန်နှင့် နေပြည်တော်တွင် ရုံးစိုက်ကြသော ပါတီကြီးများက တစ်နိုင်ငံလုံးအရေးကို အာရုံစိုက်ချိန် လူနည်းစု တိုင်းရင်းသားအရေး ပစ်ပယ်မခံရအောင်၊ လူအများစုအရေးကိုသာ ရှေးရှုပြီး ကိုယ့်လူမျိုး၊ ကိုယ့်ဒေသ အမှိုက်ပုံ အလုပ်မခံရအောင် ဆွေးနွေးလုပ်ကိုင်သွားရန် ရှိနေသည်။
၂။ ယင်းအတွက် လွှတ်တော်ပြင်ပတွင် သာမက (ပုံမှန် လွှတ်တော်ချိန် နှင့် နိုင်ငံရေးဆွေးနွေးပွဲများ အပြီး လွှတ်တော်အတွင်း အတည်ပြုချိန် အသံထွက်နိုင်ရန်) ပြည်ထောင်စု လွှတ်တော် အတွင်း ကိုယ့်လူမျိုးနှင့် ကိုယ့်ဒေသကို လွတ်လွတ်လပ်လပ် ကိုယ်စားပြုသော လွှတ်တော် ကိုယ်စားလှယ်များရှိနေဖို့လို
ယင်းပမာဏသည် သမ္မတ ရွေးချယ်တင်မြှောက်နိုင်သည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၆၆၄ ဦး၏ ၀ ဒဿမ ၉ ရာခိုင်နှုန်းသာ ရှိပါသည်။ ထို ၁ ရာခိုင်နှုန်းအောက် ပမာဏမှာ ပြည်ထောင်စုလွှတ်တော်တွင် များစွာ မသိသာလှသော်လည်း တိုင်းဒေသကြီး အတွင်းနေထိုင်သော တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးအတွက် အသက်တစ်မျှ အရေးပါသော အရေအတွက်ဖြစ်ပါသည်။
ယင်းကိုယ်စားလှယ်များ အနိုင်ရပါကလည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကို ထောက်ခံသော ဒီမိုကရေစီအင်အားစုများ၏ သမ္မတလောင်းကိုသာ မဲပေးရွေးချယ်မည်ဖြစ်သဖြင့် ဒီမိုကရေစီအင်အားစုများ သမ္မတလောင်းတင်မြှောက်ရေး မဲကွဲမည်ကို စိတ်ပူစရာမလိုပါ။
၃။ ၂၀၁၄ ခုနှစ်တွင် သန်းခေါင်စာရင်း ကောက်ယူရန်ရှိရာ ကိုယ့်လူမျိုးလူဦးရေ အမှန်ရရှိရန် အရေးကြီးသဖြင့် လက်ရှိ အစိုးရကို နိုင်ငံရေးအရ ဖိအားပေးရန်လိုအပ်ခြင်း၊ ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၁၅ အလွန်တွင် နိုင်ငံရေးဆွေးနွေးပွဲများတွင် ကိုယ့်တိုင်းရင်းသားများအရေး ဆွေးနွေးရန် နိုင်ငံရေးနေရာ (Political Space) လိုအပ်ခြင်းတို့ကြောင့် ၂၀၁၃ ခုနှစ်တွင် ထားဝယ်တိုင်းရင်းသားများပါတီကို မဖြစ်မနေ ဖွဲ့စည်းခဲ့ရခြင်းဖြစ်သည်။
ထိုသို့ဖွဲ့စည်းရာတွင်လည်း နိုင်ငံရေးအရ အထိုက်အလျောက် အတွေ့အကြုံရှိသူများ၊ ကနဦးမူလစကတည်းက ဒေသအရေး၊ လူမျိုးအရေး လှုပ်ရှားဆောင်ရွက်နေသည့် လှုပ်ရှားတက်ကြွသူများ (Activists) များနှင့် အဝေးရောက် ထားဝယ်လူမျိုး ပညာရှင် အချို့ ပါဝင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ထိုသူအများစုသည် ခြောက်ပစ်ကင်းသဲလဲစင်မဟုတ်သော်
၎။ ဒေသမှ တိုင်းရင်းသားများသည် ပြည်ထောင်စု စိတ်ဓာတ်အပြည့်ဖြင့် တစ်နိုင်ငံလုံးအရေးကို ခေတ်အဆက်ဆက် ဦးစားပေးလုပ်ဆောင်ခဲ့ရသဖြင့် ကွက်လပ်ဖြစ်နေခဲ့ရသော ကိုယ့်လူမျိုး၊ ကိုယ့်ဒေသတို့အရေးကို နိုင်ငံရေးအရ ကိုယ်စားပြုနိုင်ရေး တတ်စွမ်းသရွေ့ကြိုးပမ်းသွားပါ
၅။ ကျွန်တော်အမြဲတမ်းပြောလေ့ရှိသည်
၆။ ဒါသည်ပင် ကျွန်တော်တို့၏ သစ္စာတရားဖြစ်သည်။
အားလုံး အရှည်ကိုကြည့်၊ ကျယ်ပြန့်စွာတွေးခေါ်စဉ်းစား ဆုံးဖြတ်နိုင်ကြပါစေ။
လေးစားလျက်
အေးမင်း
(စာရေးသူ (ဦး) အေးမင်း မှာ ထားဝယ်တိုင်းရင်းသားများပါတီ၏ ဥက္ကဋ္ဌဖြစ်သည်။ ဖော်ပြချက်များမှာ စာရေးသူ၏ အာဘော်သာဖြစ်ပြီး တနင်္သာရီအပတ်စဉ်၏ အာဘော်မဟုတ်ပါကြောင်း)