Pages
▼
Saturday, November 14, 2015
ဂျက်လေယာဉ်သုံးတိုက်ခိုက်မှုကြောင့် ငြိမ်းချမ်းရေး အာမခံမရှိတော့ဘူးဟု SSPP/SSA ပြော
ဓါတ်ပုံ- တိုက်ပွဲဝင် SSPP/SSA တပ်မတော်သားတချို့
နိုဝင်ဘာ ၁၄ ရက် ၂၀၁၅
သျှမ်းပြည်တောင်ပိုင်း လွယ်လင်မြို့နယ် ကျေးသီး နယ်အတွင်း “ သျှမ်းပြည် တပ်မတော် SSPP/SSA ဌာနချုပ်အား မြန်မာ့တပ်မတော်မှ ဂျက်လေယာဉ် အကြိမ်ကြိမ်အသုံးပြုကာ တိုက်ခိုက်မှုကြောင့် ပြည် ထောင်စုအဆင့် တည်ေ ဆာက်ထားသည့်ငြိမ်းချမ်းရေး အာမခံချက်မရှိတော့ဘူး” ဟု ပြောရေးဆိုခွင့် က ပြောသည်။
သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် နှင့် ဌာနချုပ် လုံခြုံရေးတပ်စခန်း များအား ယနေ့ နိုဝင် ဘာ ၁၄ ရက်နေ့ တွင် အစိုးရတပ်မတော်မှရုရှားလုပ် MIG 29 ဂျက်တိုက်လေယာဉ် ၃ စီးဖြင့် တိုက်ခိုက် နှစ်ကြိမ် တိုက်ခိုက်ေ ကြာင်း၊ အောက် တိုဘာ ၆ ရက်နေ့မှစ၍ ယနေ့အထိ ရုရှားလုပ် MI 35 ဖြင့် ၅ ကြိမ် တိုက်ခိုက်ကြောင်း၊ အများအားဖြင့်လူနေရပ်ရွာအား အဓိကထားပစ် ခတ်တိုက်ခိုက်သဖြင့် လူထုကြောက် လှန့်ကြကြောင်း သျှမ်းပြည်တပ်မတော် SSPP/SSA ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး စိုင်းဆု ကပြောသည်။
“လူထုကြောက်လှန့်အောင် အစိုးရတပ်က ဂျက်လေယာဉ်တွေနဲ့ ပစ်ခတ်ြေ ခာက် လှန့်တယ်။ ဒါက ပြည်ထောင်စုအဆင့် လက်မှတ်ထိုးထားတဲ့ ကျနော် တို့ တပ်မတော် အနေနဲ့ ဒီငြိမ်းချမ်းရေးက အာမခံ မရရှိတော့ဘူး။ လူထုကို အဓိက ထားပစ်ခတ်ခြောက်လှန့်တယ်။ အခု စစ်ဘေး ဒုက္ခသည်က ကျနော် တို့ထိန်းချုပ်တဲ့ နယ်မြေအတွင်း လူဦးရေ စာရင်း အရတသောင်းကျော် က နေ ရပ် ကနေ စွန့်ခွာ နေရပြီ။ ဒီနေ့လဲ ကျနော်တို့ တပ်စခန်းနဲ့ ဝမ့်ဆော့ရွာကို ပစ်ခတ်တိုက်ခိုက်တယ်။ ဒုက္ခသည် ထောင် ဂဏန်းက တခြားကို ရှောင်တိမ်း ထားလို့ပေါ့” - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။
သျှမ်းပြည်တပ်မတော် SSPP/SSA သည် ၂၀၁၂ ခုနှစ်က သျှမ်းပြည် မြို့တော် တောင်ကြီး၌ နေပြည် တော်အစိုးရ နှင့် ပြည်နယ်အဆင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးသဘောတူ စာချုပ် ချုပ်ဆို ထား သည့် သျှမ်း တပ်မတော်ဖြစ်သည်။
ထို့အပြင် သျှမ်းပြည်တပ်မတော် SSPP/SSA သည် တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် ရေးဆွဲရာတွင်လည်း ပြည်ထောင်စု ငြိမ်းချမ်းေ ရးဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီ နှင့် ပူးတွဲခဲ့ပါသည်။ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးတွင် အား လုံး ပါဝင်ရမည်၊ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းတခုမှ မကျန်စေရ - မူ ကို လက်ခံသည့် တိုင်း ရင်းသားလက်နက်ကိုင်တပ်မတော် ၁၃ ခု တွင် SSPP/SSA လည်း ပါဝင်သည်။ အစိုးရက တိုင်းရင်းသား များ၏ အားလုံး ပါဝင်ရေးမူကို လက်မခံခဲ့ပေ။
ထို့ကြောင့်အဖွဲ့ ၁၃ ခု က လက်မှတ်ရေးထိုးရန် အဆင်သင့်မရှိသေးဘူးဟု အကြောင်း ပြန်ပြီးနောက် အစိုးရ တပ်မတော်က သျှမ်းပြည်တပ်မတော် SSPP/SSA အား အောက်တိုဘာ ၆ ရက်နေ့မှ ယနေ့ အထိ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သျှမ်းပြည်တပ်မတော် ဘက်က ပြောဆို ပါသည်။
သျှမ်းသံတော်ဆင့်
မြိတ်တွင် ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်း ကုန်ကျငွေစာရင်းများကို မြို့နယ်အုပ်ချုပ်ရေးရုံးမှ တောင်းခံ
|Dawei
Watch| မြိတ်၊ နိုဝင်ဘာ
၁၄
တနင်္သာရီတိုင်းဒေသကြီး၊
မြိတ်ခရိုင် မြိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်တစ်ချို့တို့မှ ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းများ၏
ကုန်ကျငွေစာရင်းများကို မြို့နယ် အုပ်ချုပ်ရေးရုံးမှ တောင်းခံမှုများရှိနေကြောင်း ရပ်ကွက်တစ်ချို့ရှိ
ကွန်ကရစ်လမ်း ဖြစ်မြောက်ရေး ကော်မတီများထံမှ သိရသည်။
ယင်းကဲ့သို့
စာရင်းများ တောင်းခံနေသော်လည်း မည်သည့်အတွက်ကြောင့် တောင်းခံနေသည်ကို အကြောင်းအရင်း
အတိအကျ မသိရှိကြကြောင်း လမ်းဖြစ်မြောက်ရေး ကော်မတီများမှ သိရသည်။
“စာရင်းတောင်းတာက ဘာအတွက်လည်းဆိုတာ မသိပါဘူး၊
မေးလည်း မမေးဖြစ်ဘူး၊
တောင်းတာပဲ ပေးလိုက်ပါ တယ်”ဟု
မြိတ်တောင်ကျေးရွာမှ လမ်းဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးက ပြောသည်။
အဆိုပါကိစ္စ
မြို့နယ် အုပ်ချုပ်ရေးရုံးသို့ ဆက်သွယ်မေးမြန်းရာ လူတစ်ဦးချင်းစီ၏ GDP နှင့် ပုဂ္ဂလိကလုပ်ငန်း ဖွံ့ဖြိုး
တိုးတက်မှုများကို တွက်ချက်နိုင်ရန်အတွက် စာရင်းများ တောင်းခံရခြင်းဖြစ်ပြီး ၂၀၁၅-၂၀၁၆
ခုနှစ်အတွင်း ခင်းကျင်း ခဲ့သည့် လမ်းများအနက် လှမ်းလမ်းမီသမျှကို စာရင်းပြုစုသွားမည်ဟု
မြိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်အေးက
ပြောသည်။
လမ်းကုန်ကျမှု
စာရင်းတောင်းခံခြင်းကို ယခင်မြို့နယ်အုပ်ချုပ်ရေးဟောင်း ဦးသိန်းလွင်လက်ထက်တွင် တောင်းဆိုခဲ့ခြင်း
မရှိခဲ့ကြောင်း သိရသည်။
“လမ်းက မနှစ်ကတည်းက ခင်းလို့ပြီးခဲ့တာပါ
အုပ်ချုပ်ရေးဘက် စာရင်းတောင်းတာတွေ မရှိပါဘူး”ဟု ပါရမီ ရပ်ကွက်မှ လမ်းကော်မတီဥက္ကဋ္ဌ ဦးမောင်ဝင်းက
ပြောသည်။
မြိတ်မြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်မှစပြီး
ကိုယ်ထကိုယ်ထ ကွန်ကရစ်လမ်းများ ခင်းကျင်းမှုများ ရှိနေကာ လက်ရှိအချိန်ထိ လမ်းပေါင်း
၁၀၀ ကျော်ကို ခင်းကျင်းပြီးစီးနေပြီး ဆက်လက် ခင်းကျင်းနေသည့် လမ်းများ ရှိနေကြောင်း
မြို့နယ်စည်ပင်သာယာရေးရုံးမှ သိရသည်။
အဆိုပါ ကိုယ်ထူကိုယ်ထလမ်းအနက် လမ်းတစ်ချို့တွင်
ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာနမှ ဘိလပ်မြေအိတ်များ ထောက်ပံ့ပေး မှုတစ်ချို့ရှိခဲ့ကြောင်း သိရသည်။
Dawei
Watch
အသည်းပုံရေအိုင် ကျွန်းပြဿနာကြောင့် အလည်အပတ်ခရီးစဉ် ဖျက်သိမ်းသူ နှစ်သောင်းနီးပါးရှိလာ
အသည်းပုံရေအိုင် ၀င်ပေါက်ကို တားထားသည်ကို တွေ့ရစဉ် ၊ဓာတ်ပုံ - နိုင်သစ် |
အသည်းပုံရေအိုင်သို့ လာလည်ကြသူများ၊ဓာတ်ပုံ - နိုင်သစ် |
|Dawei Watch| ကော့သောင်း၊ နိုဝင်ဘာ ၁၄
ကော့သောင်းမြို့နယ် ကြက်မောက်ကျွန်းရှိ
အသည်းပုံရေအိုင်သို့ ခရီးသည်များ လည်ပတ်ခွင့်နှင့် ပတ်သက်ပြီး အငြင်းပွား မှုဖြစ်ပြီးနောက် ယင်းကျွန်းသို့
လာရောက် လည်ပတ်ရန် ကြိုတင် စာရင်းပေးထားသည့် ခရီးသည် နှစ်သောင်းနီးပါးအထိ ခရီးစဉ်
ဖျက်သိမ်းခဲ့ကြောင်း ယင်းခရီးစဉ်အတွက် ၀န်ဆောင်မှုပေးနေသည့် ကုမ္ပဏီများနှင့်
ကော့သောင်းမြို့နယ် ဟိုတယ် နှင့် ခရီးသွားလုပ်ငန်း ဦးစီးဌာနမှ သိရသည်။
ထိုင်းနိုင်ငံ
ခရီးသွား လုပ်ငန်းများမှ တစ်ဆင့် ယခုနှစ် ပွင့်လင်းရာသီ တွင် အသည်းပုံ
ရေအိုင်ရှိသည့် ကျွန်းသို့ အလည်အပတ် လာရန် ကြိုတင်စာရင်းပေးထားသူ လေးသောင်းကျော်အနက်
တစ်ဝက်ခန့် ခရီးစဉ် ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။
“ထိုင်းဘက်က စက်တပ်ရွက်လှေတွေနဲ့ ကျွန်းခရီးစဉ်တွေလာဖို့
ဟိုတယ်နဲ့ ချိတ်ထားတဲ့ ကမ္ဘာလှည့် ခရီးသွားတွေက လက်ရှိ ဖြစ်နေတဲ့ ကျွန်းပြဿနာတွေကြောင့်
နောက်ဆုတ် လိုက်တာပါ”ဟု သူဋ္ဌေးကျွန်း ဟိုတယ်မှ ခရီးသွားလုပ်ငန်း မန်နေဂျာ
ဦးရင်ထွေးက ဆိုသည်။
ကော့သောင်းခရီးစဉ်အတွက်
အသည်းပုံရေကန်သို့ သွားနိုင်သည်ဟု ကြေညာပြီးမှ ယခုကဲ့သို့ ပြဿနာဖြစ်သည့်အတွက်
ခရီးလုပ်ငန်းများအပေါ် ခရီးသည်များက အထင်လွဲမှုများဖြစ်ခဲ့ရသည်ဟု ထိုင်းနိုင်ငံ
ရနောင်ခရိုင်အခြေစိုက် Ponplace Travel
& Tour ခရီးသွားလုပ်ငန်း ကုမ္ပဏီမှ တာဝန်ခံက ပြောသည်။
ယင်းသို့ ခရီးစဉ်ဖျက်သိမ်းမှုများရှိသဖြင့် 
ကော့သောင်းဒေသ ခရီးသွားလုပ်ငန်းမှ ရရှိမည့် နိုင်ငံတော်၏ ၀င်ငွေ တစ်ဝက်ခန့်
လျော့ကျသွားနိုင်သည်ဟု ကော့သောင်းမြို့နယ် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း
ဦးစီးဌာနမှ ဒုညွှန်မှူး ဦးလွမ်းမိုးက ပြောသည်။
ကျွန်းခရီးစဉ်
သွားသည့် ခရီးသည် တစ်ဦးထံမှ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဦးစီးဌာနမှ
တစ်နေ့လျှင် ဒေါ်လာ ၅၀ ကောက်ခံသည်ဟု ၎င်းက ပြောသည်။
ကြက်မောက်ကျွန်း
အပါအဝင် ခရင်းခွကျွန်း၊ လန်ပိကျွန်း ၊ ဂျာလန်းကျွန်းစသည့် ကျွန်းများသည်
ကော့သောင်းခရိုင်အတွင်း နေ့ချင်းပြန် အလည်အပတ် ခွင့်ပြုချက်ရထားသည့်
ကျွန်းများဖြစ်သည်ဟု ကော့သောင်းမြို့နယ် ဟိုတယ်နှင့်ခရီး ဦးစီးဌာနထံမှ
သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်က အသည်းပုံရေအိုင်ရှိသည့်
ကြက်မောက်ကျွန်းသို့ လာရောက်လည်ပတ်သည့် ခရီးသည်များကြောင့် ငှက်သိုက်လုပ်ငန်းကို
ထိခိုက်သည်ဟုဆိုကာ ကျွန်းပေါ်တွင် ငှက်သိုက် စုသိမ်းခွင့်ရထားသည့်
ပတ္တမြားရောင်ခြည် ငှက်သိုက်လုပ်ငန်းကုမ္ပဏီက ကျွန်းဝင်ပေါက်ကို
မျောတိုင်များဖြင့် ပိတ်ဆို့တားဆီးခဲ့သည်။
ယင်းကိစ္စနှင့်
ပတ်သက်ပြီး သက်ဆိုင်ရာဌာနပေါင်းစုံပါဝင်သည့်  အဖွဲ့မှ နိုဝင်ဘာလ ၃ ရက်နေ့က သွားရောက်
စစ်ဆေးပြီး ကော့သောင်းခရိုင် အုပ်ချုပ်ရေးဦးစီးဌာနထံ တင်ပြထားသည်ဟု သိရသည်။
Dawei Watch
IS ခေါင်းဖြတ်သမား Jihadi John ဗုံးထိမှန် သေဆုံးဟု ကန်ယူဆ
![]() |
IS ခေါင်းဖြတ်သမား Jihadi John |
ကြာသပတေးနေ့နှောင်းပိုင်းက ကားတစင်းကို မောင်းသူမဲ့ Drone လေယာဉ်နဲ့ တိုက်ခိုက်မှုအတွင်း - ရည်ရွယ်ထားတဲ့ ပစ်မှတ်ကို ထိမှန်သေဆုံးခဲ့ကြောင်း စစ်ဖက်ဆိုင်ရာ အရာရှိတွေက ယုံကြည်ထားတဲ့အကြောင်း - IS စစ်သွေးကြွတွေကို နှိမ်နင်းတဲ့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စတိ ၀ါရန် (Steve Warren) က ပြောဆိုခဲ့တာပါ။
Jihadi John ဆိုသူ သေ - မသေဆိုတာ သေချာဖို့အတွက် နောက်ဆုံး အတည်ပြုချက် လိုသေးတယ်လို့လည်း ဗိုလ်မှူးကြီး ၀ါရန်း က ပြောဆိုခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း သေဆုံးသူ နောက်တယောက်ကတော့ ယာဉ်မောင်းသူ၊ ဒါမှမဟုတ် သက်တော်စောင့်တဦး ဖြစ်နိုင်တယ်လို့လည်း ပြောခဲ့ပါတယ်။
မိုဟာမက် အမ်ဝါဇီ (Mohamed Emwazi) လို့ အနောက်တိုင်း ထောက်လှမ်းရေး ဌာနတွေ အတည်ပြုထားတဲ့ Jihadi John ဟာ - ဆီးရီးယားနိုင်ငံက IS အဖွဲ့ ထိန်းချုပ်ထားတဲ့ ရက်ကာမြို့ (Raqqa) က ကားတစင်းပေါ် လိုက်ပါလာစဉ် ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုအတွင်း ပစ်မှတ်ထားတဲ့ ကားကို တိတိကျကျ ထိမှန်ခဲ့တယ်လို့လည်း အမေရိကန် ထိပ်တန်းအရာရှိတွေက ပြောဆိုခဲ့ကြပါတယ်။
ကူဝိတ်နိုင်ငံဖွား ဗြိတိန်နိုင်ငံသား Jihadi John ဟာ - ဓားစာခံတွေကို ခေါင်းဖြတ် သတ် တဲ့ ဗွီဒီယိုတွေမှာ ပါကတည်းက အနောက်နိုင်ငံ ထောက်လှမ်းရေးအဖွဲ့တွေရဲ့ ထိပ်ဆုံးက ပစ်မှတ်ထား ခံရသူတွေထဲမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
ပဲရစ်တိုက်ခိုက်မှု သူတို့ လက်ချက်လို့  IS ဝန်ခံ
လူရာနဲ့ ချီသေဆုံးခဲ့တဲ့ ပဲရစ်မြို့ တိုက်ခိုက်ခံရမှုဟာ သူတို့ လက်ချက်ဖြစ်တယ်လို့  IS အဖွဲ့ ကတရားဝင်ပြောကြားလိုက်ပါတယ်။ IS အဖွဲ့ က အွန်လိုင်းပေါ်မှာ ထုတ်ပြန်တဲ့ ကြောညာချက်ထဲမှာ ပဲရစ်မြို့ ကို သူတို့ ရဲ့ အဓိကပစ်မှတ်အဖြစ်သဘောထားပြီးတိုက်ခိုက်ခဲ့ တာလို့  ဖေါ်ပြခဲ့ပါတယ်။
သူတို့ တိုက်ခိုက်မယ့်ပစ်မှတ်တွေကို အချိန်ယူလေ့လာပြီးမှ တိုက်ခိုက်ခဲ့တယ်လို့  IS အဖွဲ့ ကပြောပါတယ်။
အာရပ်၊ ပြင်သစ် နဲ့ အင်္ဂလိပ်လို ရေးထားတဲ့ IS အစ္စလာမ္မစ်နိုင်ငံအဖွဲ့ က ကြေညာချက်မှာ သူတို့က ပြင်သစ်ကို စစ်ကြေညာတာလို့ ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို လူ ၈ ဦးက လုပ်ဆောင်ခဲ့တာလို့ ပြောပေးမယ့် အသေးစိတ်ကိုတော့ မပြောထားပါဘူး။
ဘီဘီစီက နောက်ဆုံးရရှိတဲ့သတင်းအရ သေဆုံးသွားတဲ့ အကြမ်းဖက်သမားတစ်ဦးဆီက ဆီးရီးယားနိုင်ငံသား နိုင်ငံကူးလက်မှတ်စာအုပ်ရှာတွေ့ ခဲ့တယ်လို့ သိရပါတယ်။
BBC Burmese
ဝမ်ဟိုင်းဌာနချုပ်ကို လေကြောင်းထိုးစစ် ပလောင်တပ်ဖွဲ့ ကန့်ကွက်
ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP/SSA) ရဲ့ ၀မ်းဟိုင်းဌာနချုပ်ပါအအ၀င် မိုင်းရှူး ကျေးသီးနဲ့ မိုင်းနောင်မြို့နယ်တွေမှာ အစိုးရတပ်က လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ပြုလပ်နေတဲ့ပေါ် တအောင်းပလောင်တပ်မတော် အပြင်းအထန်ရှုတ်ချကန့် ကွက်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။
PSLF/TNLA အနေနဲ့ ရွေးကောက်ပွဲကာ နိုင်ငံရေးအလှည့်အပြာင်းတခုကို ငဲ့ညာစဉ်းစားတဲ့အတွက် တိုက်ပွဲတွေကို အတတ်နိုင်ဆုံး လျေ့ချဖို့ ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။
ဒါပေမယ့် အစိုးရတပ်က ဆက်တိုက်အပြင်းအထန် ထိုးစစ်ပြုလုပ်လာတဲ့အတွက် နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေ ပြင်းထန်လာရတယ်လို့လည်း အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်နဲ့ ကျေးသီးမြို့နယ်မှာ အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ဒေသခံ လေးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
DVB
တောင်တရုတ်ပင်လယ်တွင်း ကန်လေယာဉ် ပျံသန်းမှု တရုတ် သတိပေး
![]() |
B-52 အမေရိကန် ဗုံးကျဲလေယာဉ်။ |
အမေရိကန်လေတပ်အခြေစိုက်စခန်း Guam ကနေB-52 ဗုံးကြဲလေယာဉ်တွေဟာ Spartley ကျွန်းစုအနီးနိုင်ငံတကာလေပိုင်နက်အတွင်း ပုံမှန်ပျံသန်းမှုတွေကို နိုဝင်ဘာလ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ လုပ်ဆောင်ခဲ့တာဖြစ်တယ် လို့ ပင်တဂွန်ပြောခွင့်ရ Bill Urgan ကမနေ့ ကြာသပတေးနေ့ ကပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ ဥပဒေကို အမြဲတမ်း လိုက်နာပျံသန်းတဲ့ ဒီလေယာဉ် ၂ စင်းဟာ ဘယ်လို အနှောင့်အယှက်မှ မရှိဘဲ ပုံမှန်အတိုင်းဆက်လက် ပျံသန်းသွားခဲ့ တယ်လို့လည်း သူက ဆိုပါတယ်။
ရေကြောင်းလေကြောင်းဆိုင်ရာလွပ်လပ် သွားလာပျံသန်းခွင့် ကိုအကြောင်းပြပြီး တရုတ်ရဲ့ အချုပ်အခြာအာဏာနဲ့လုံခြုံရေးကို လျှော့တွက်တဲ့ လုပ်ရပ်မျိုးကို ဆန့်ကျင်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Hong Lei က ဒီကနေ့ သောကြာနေ့မှာပြောပါတယ်။ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ တိုင်ဝမ်၊ ဗီယက်နမ်နဲ့ တရုတ်တို့အကြား နယ်မြေပိုင်ဆိုင်မှုအငြင်းပွါးနေတဲ့
တောင်တရုတ်ပင်လယ်တွင်း အမေရိကန်တပ်ရဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ် အတိုင်းလွပ်လပ်စွာ ကင်းလှည့် ပျံသန်းနေခဲ့တာပါ။ နောက်သီတင်းပတ်အတွင်း ကျင်းပမယ့် အာရှ ပစိဖိတ် ထိပ်သီးညီလာခံအတွင်း တောင်တရုတ်ပင်လယ်အရေး တင်းမာမှုတွေတိုးလာ နေတဲ့ကိစ္စကို အသားပေးဆွေးနွေးကြမယ်လို့ ယူဆရပါတယ်။ ဒီထိပ်သီး ညီလာခံကို အမေရိကန်သမ္မတ ဘရက်အိုဘားမား တက်ရောက်ဖို့ရှိပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
အားလုံးပါဝင်တဲ့ အစိုးရသစ် ပေါ်လာရေး အိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး
![]() |
အားလုံး ပါဝင်တဲ့ အစိုးရ တစ်ရပ် ပေါ်ပေါက် လာဖို့ ပူးပေါင်း ဆောင်ရွက် ကြဖို့ အရေးကြီး။
|
ခေါင်းဆောင် ၂ ဦး ဆွေးနွေး ကြတဲ့ အထဲမှာ ရွေးကောက်ပွဲ ရလာဒ် တွေ တရားဝင် အပြီးအစီး ထွက်လာ ခဲ့တဲ့ နောက်ပိုင်း နိုင်ငံရေး ပါတီ တွေ အနေနဲ့ အဲဒီ့ ရလာဒ် အပေါ် လေးစား လိုက်နာကာ အစိုးရသစ် ပေါ်ထွန်း လာရေးမှာ ပူးပေါင်း ဆောင်ရွက်ဖို့ လိုကြောင်းလည်း ပါဝင်ပါတယ်။
NLD ပါတီ ရဲ့ ရွေးကောက်ပွဲ အောင်နိုင် မှု အတွက် အမေရိကန် သမ္မတ အိုဘားမား က ဒေါ်အောင်ဆန်းစုကြည် ဆီကို ဖုန်းနဲ့ ဆက်သွယ်ပြီး ဂုဏ်ပြု စကား ပြောဆိုတုန်း ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။
သမ္မတ အိုဘားမား ဟာ လက်ရှိ သမ္မတ ဦးသိန်းစိန် ဆီကိုလည်း ဖုန်း နဲ့ သီးခြား ဆက်သွယ်ပြီး အလားတူ အကြောင်း အရာ တွေကို ဆွေးနွေး ခဲ့တယ် လို့ ဆိုပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရဲ့ အောက်တိုဘာ ၁၃ ရက် သောကြာနေ့ က အထိ ထုတ်ပြန် ပေးခဲ့တဲ့ တရားဝင် မဲ အနိုင်အရှုံး စာရင်း တွေ အရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဟာ အမျိုးသားလွှတ်တော် ၁၃၆ နေရာ နဲ့ ပြည်သူ့ လွှတ်တော် ၂၄၇ နေရာ ရရှိ ခဲ့ပြီ ဖြစ်ပါတယ်။
ဒါ့ကြောင့် ပြည်ထောင်စု လွှတ်တော် မှာ စုစုပေါင်း ၃၈၃ နေရာ ရရှိ ထားပြီ ဖြစ်တဲ့ NLD ပါတီ ဟာ တပါတီတည်း သီးသန့် အစိုးရ ဖွဲ့နိုင်ဖို့ အနည်းဆုံး လိုအပ်တဲ့ ခုံနေရာ အရေအတွက် ကိုလည်း ကျော်လွန် ရရှိ ခဲ့ပြီ ဖြစ်ပါတယ်။
BBC Burmese
မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကို အမေရိကန် နာမည်ပျက်စာရင်း သွင်း
သံအမတ် မစ္စတာ ကင်မ် ဟာ အမေရိကန် က ပိတ်ဆို့ ကန့်သတ်မှု တွေ ပြုလုပ် ထားတဲ့ Komid လို့ ခေါ်တဲ့ မြောက်ကိုရီးယား လက်နက် ကုမ္ပဏီ အတွက် ကြားဝင် ညှိနှိုင်း ဆောင်ရွက် ပေးသူ တစ်ဦး ဖြစ်တယ် လို့ အမေရိကန် အစိုးရ က စွပ်စွဲ ထားပါတယ်။
Komid ကုမ္ပဏီဟာ မြောက်ကိုရီးယား အစိုးရပိုင် သတ္တု တူးဖော်ရေး ကုမ္ပဏီ ဖြစ်ပြီး အမေရိကန် ကတော့ မြောက်ကိုရီးယား ရဲ့ ထိပ်ဖူးတပ် ဒုံးကျည် နဲ့ ပတ်သက်တဲ့ ပစ္စည်း တွေ အပါအဝင် တခြား စစ် လက်နက် ပစ္စည်း အမျိုးစားတွေ အမြောက်အများ ထုတ်လုပ် တင်ပို့ရာမှာ အဓိက နေရာ က ရှိတဲ့ အဖွဲ့အစည်း အဖြစ် ယူဆ ထားတာ ဖြစ်ပါတယ်။
ဒီ တခေါက် အမည်ပျက် စာရင်းထဲမှာ မြန်မာပြည် ဆိုင်ရာ သံအမတ် နဲ့ အတူ Komid ကုမ္ပဏီ က နောက်ထပ် အရာ ရှိ ၂ ဦး လည်း ပါဝင် ပါတယ်။
BBC Burmese
မိချောင်းကန်ပြည်သူ ၁၃ ဦး ထောင်ဒဏ်တွေ တိုးမြှင့်ခံရ၊ ကိုဝေဠု လွတ်မြောက်
မိကျောင်းကန် သပိတ်စခန်းကို ကူညီခဲ့သူ ကိုဝေဠု ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဧပြီလ ၈ ရက်နေ့ က ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်စဉ်။ Photo: Kyaw Zaw Win/ RFA |
သူတို့ကို ပြီးခဲ့တဲ့အောက်တိုဘာလမှာ ပုဒ်မ ၁၈ နဲ့ ထောင် ၄ လစီချမှတ်ထားပြီး သားဖြစ်တဲ့အတွက် ဒီနေ့ထပ်ပေးလိုက်တဲ့ ပြစ်ဒဏ်နဲ့ဆိုရင် တစ်ယောက်ကို ထောင် ၇ လ စီဖြစ်သွားတဲ့အကြောင်း မိချောင်းကန်ရပ်ကွက်မှာအိမ်ကွက်အသိမ်းခံထားရ သူတစ်ယောက်ဖြစ်တဲ့ ဒေါ်မိက RFA ကိုပြောပါတယ်။
"ထောင် ၇ လဖြစ်သွားတာပေါ့၊ ဒေါ်စောသိန်းဆို ၇ဝ ကျော်တယ်၊ ဒေါ်ပုဆိုလည်း ၇ဝ နီးပါးပဲ၊ သပိတ်သိမ်းတာကတော့ ၂၆ ရက်၊ ၂လ၊ ၂ဝ၁၅ ပေါ့၊ အဲ့ချိန်မှာအန်တီတို့ ကတော့ ထောင်ထဲမှာပေါ့၊ အဲ့ကနေရုံးချိန်းတွေနဲ့လုပ်ပြီးတော့မှ နောက်တစ်ယောက်က ထွက်သွားတဲ့အတွက်၊ ၁ဝ လပိုင်း ၇ ရက်နေ့က ထောင်ကျသွားတာ"
ဒီနေ့ ထောင်ချခံရသူတွေဟာ အမျိုးသား ၇ ယောက်နဲ့ အမျိုးသမီး ၆ ယောက် ဖြစ်တယ်လို့ ဆိုပါ တယ်။ ဒါ့အပြင် ဦးခင်မောင်ဝင်းနဲ့ ဦးခင်မောင်မြင့်ဆိုသူ အသက် ၆၀ နဲ့ ၇၀ ကျော် အမျိုးသားနှစ်ဦးဟာလည်း တရားရင်ဆိုင်နေရဆဲဘဲလို့ ပြောပါတယ်။
အဲဒီမိချောင်းကန်ပြည်သူတွေရဲ့ အိမ်ခြံမြေပြန်ပေးဖို့ တောင်းဆိုသပိတ်တိုက်ပွဲကို အားပေးကူညီလို့ ထောင် ၁ နှစ်ချခံလိုက်ရတဲ့ ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်အဖွဲ့က ကိုဝေဠုဟာ ဒီနေ့မှာပဲ ထောင်ဒဏ်စေ့ပြီး အင်းစိန်ထောင်ကနေပြန်လွတ်လာပါတယ်။
RFA Burmese
ပဲရစ်မြို့တော်က ဘားဆိုင် အတိုက်အခိုက်ခံရ
![]() |
ပဲရစ်မြို့တော် ရဲ့ အမျိုးသား အားကစားကွင်း Stade de France အနီး ပေါက်ကွဲ မှု တစ်ခု အပါအဝင် နေရာတချို့ မှာ ပစ်ခတ်မှု တွေ ဖြစ်ပေါ် ခဲ့လို့ အနည်းဆုံး လူ ၁၈ ဦး သေဆုံး။ |
အမှတ် ၁၁ ရပ်ကွက် ထဲ က စားသောက်ဆိုင် မှာ လူတစ်ဦး က သေနတ် နဲ့ ပစ်ခတ်လို့ လူတချို့ သေကြေ ဒဏ်ရာ ရခဲ့ ပါတယ်။
Bataclan အနုပညာ ခန်းမ အနီးမှာ အနည်းဆုံး လူ ၁၅ ယောက် သေဆုံး ခဲ့ရတယ် လို့ ပြင်သစ် မီဒီယာ တွေက ဆိုပါတယ်။
ဓားဆာခံ တွေ ကိုလည်း ဖမ်းဆီး ထားတာမှာ လူ ၆၀ လောက်ထိ ရှိနိုင်တယ် လို့ သတင်းတွေ က ဆိုပါတယ်။
အမျိုးသား အားကစားကွင်း Stade de France နားက ဘားဆိုင် တစ်ဆိုင်ရဲ့ အပြင်ဘက်မှာ လည်း ပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ခဲ့တယ် လို့ သတင်းတွေ ရရှိ နေပါတယ်။
အဲ့ဒီ့ကွင်းမှာ ပြင်သစ်နဲ့ ဂျာမနီ အသင်း ချစ်ကြည်ရေး ဘောလုံးပွဲ ကန် နေတာ မှာ ပြင်သစ် သမ္မတ Francois Hollande ကိုယ်တိုင် ရှိနေခဲ့ ပါတယ်။
အခု အချိန်မှာတော့ ဘော်လုံးပွဲ ပြီးဆုံးသွား ပြီ ဖြစ်ပါတယ်။
အခုဆိုရင် သမ္မတ Hollande နဲ့ ပြည်ထဲရေး ဝန်ကြီး Bernard Cazeneuve တို့ ပြည်ထဲရေး ဌာန ကို သွားရောက် နေကြ ပါတယ်။
ဘီဘီစီ အင်္ဂလိပ်ပိုင်း ဝက်ဘ်ဆိုက်မှာလည်း ပြင်သစ် တိုက်ခိုက်မှု အကြောင်း အချိန်နဲ့ တပြေးညီ သတင်းတွေ တင်ပေးနေတာ ကို သွားရောက် ကြည့်ရှု နိုင်ကြပါတယ်။
http://www.bbc.co.uk/news/live/world-europe-34815972
BBC Burmese
ဆင်ဂျာမြို့ကို ကာ့ဒ်တွေ ပြန်သိမ်းနိုင်ပြီ
![]() |
ဆင်ဂျာမြို့ဟာ ဆီးရီးယား နဲ့ နယ်စပ်အနီး တည်ရှိတာ ကြောင့် မဟာဗျုဟာ အရ အရေးပါတဲ့ မြို့ ဖြစ်ပါတယ်။ |
ဆင်ဂျာမြို့ဟာ ဆီးရီးယား နဲ့ နယ်စပ်အနီး တည်ရှိတာ ကြောင့် မဟာဗျုဟာ အရ အရေးပါတဲ့ မြို့ ဖြစ်ပါတယ်။
အခု ဆိုရင် ကာ့ဒ် မျိုးနွယ်စု တပ်ဖွဲ့ တွေ က သူတို့ရဲ့ ကြီးမားလှတဲ့ အလံကြီး ကို ဆင်ဂျာ မြို့မှာ လွှင့်ထူ ထားလိုက် ပြီ ဖြစ်ပါတယ်။
IS တွေဟာ အရပ်မျက်နှာ ၃ ဘက် ကနေ ကာ့ဒ်တပ်ဖွဲ့တွေ ရဲ့ ပိတ်ဆို့ တိုက်ခိုက်တာ ခံခဲ့ရတဲ့ နောက် ဆင်ဂျာ မြို့ ကနေ ဆုတ်ခွာ သွားခဲ့တာ ဖြစ်တယ် လို့ အဲဒီ့ မြို့မှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။
ဆင်ဂျာ မြို့ကိုပါ ပြန်လည် ရရှိ လိုက်နိုင် တာကြောင့် ကာ့ဒ် မျိုးနွယ်စု တပ်ဖွဲ့ အတွက် မနှစ်က ဆုံးရှုံး ခဲ့ရတဲ့ နယ်မြေ ပိုက်နက် အများအပြား ထဲ က အခုဆိုရင် အားလုံးနီးပါး ကို ပြန်လည် သိမ်းပိုက် နိုင် ခဲ့ပြီ ဖြစ်ပါတယ်။
BBC Burmese
အိုင်အက်စ်က ကလေးများကို စစ်သင်တန်းပေးသည့် ဖြစ်ရပ်မှန်ရုပ်သံ ဖြန့်ချိ
အီရတ်နဲ့ လဗန့် အစ္စလာမ္မစ်နိုင်ငံတော် (အိုင်ဆယ်လ်) ရဲ့ ဌာနချုပ်မှာ ၅ နှစ်အရွယ် ကလေးတွေကို ဂျီဟတ်နဲ့ လက်နက်တွေ ကိုင်တွယ်ပစ်ခတ်ပုံ သင်တန်းပေးနေတာတွေကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ရုပ်သံဇာတ်လမ်းကို အယ်လ်ဂျာဇီးယား သတင်းထောက်က ရိုက်ကူးခဲ့ပါတယ်။
၄၈ မိနစ်နီးပါးရှိတဲ့ အိုင်ဆယ်လ်နဲ့ တာလီဘန်ဆိုတဲ့ ဒီရုပ်သံမှတ်တမ်းကို အာဖဂန်နစ္စတန် နယ်စပ်တနေရာမှာ သွားရောက်ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဒီအထဲမှာ အိုင်ဆယ်လ် တိုက်ခိုက်ရေးသမားတွေက တိုက်ပွဲမရှိရင် ရွာက ကလေးတွေကို လက်နက်တွေ အသုံးပြုပုံနဲ့ ဂျီဟတ်အကြောင်း သင်ကြားပေးနေပါတယ်။
ဒီသင်တန်းမှာ ကလေးတွေကို လက်နက်တွေ တခုချင်းစီအကြောင်း အသေးစိတ် အပြန်အလှန် မေးမြန်းပြီး ဘာသာရေးအတွက် ဒီလက်နက်တွေကို အသုံးပြုသလို မိစ္ဆာတွေကို သတ်ဖြတ်ဖို့ဆိုတာကို နားလည်အောင် ရှင်းပြတာတွေ ပါဝင်ပါတယ်။
ကလေးတွေကို လိုအပ်တဲ့ အရည်အသွေးတွေ သင်ကြားပေးဖို့ အစ္စလာမ်ဥပဒေက ဆိုတယ်လို့ လက်နက်ကိုင်တဦးက ဆိုပါတယ်။
ကလေးတွေကို လက်နက်နဲ့ တိုက်ခိုက်ရေး အကြောင်းတွေ လေ့လာဖို့ အလိုရှိတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် ဒီနေရာမှာ ဥရောပနဲ့ ဆော်ဒီကလူတွေ အမြောက်အမြားရှိပြီး တချို့က အတွေးအခေါ်ပိုင်းဆိုင်ရာ သင်ကြားပေးသလို တချို့က စစ်သင်တန်းဆရာတွေဖြစ်ပြီး တချို့က တိုက်ခိုက်ရေးသမားတွေလို့ ဆိုပါတယ်။
အိုင်ဆယ်လ်က တာလီဘန်တွေကို တိုက်ခိုက်နေသလို ဒီရုပ်သံထဲမှာ တာလီဘန် ခေါင်းဆောင်တချို့ကို သတ်ဖြတ်တာတွေကိုလည်း ရိုက်ကူးထားပါတယ်။
အမေရိကန်တွေ ဆုတ်ခွာသွားပြီးတဲ့ နောက်ပိုင်းမှာ အိုင်ဆယ်လ်တွေ ထပ်ပေါ်လာတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အိုင်ဆယ်လ်အဖွဲ့ဟာ အစွန်းရောက် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး အီရတ်နဲ့ ဆီးရီးယားက ဆွန်နီ မွတ်စလင်တွေ ဖွဲ့စည်းထားကာ အစ္စလာမ္မစ် နိုင်ငံတော်ကို တည်ထောင်ထားပါတယ်။
၂၀၁၅ ခုနှစ် မတ်အထိ အီရတ်နဲ့ ဆီးရီးယားက လူ ၁၀ သန်းနီးပါးရှိတဲ့ နယ်မြေကို ထိန်းချုပ်ထားပါတယ်။
လစ်ဗျား၊ နိုက်ဂျီးရီးယားနဲ့ အာဖဂန်နစ္စတန် နိုင်ငံတွေမှာလည်း နယ်မြေအနည်းငယ်ကို ထိန်းချုပ်ထားပါတယ်။
ဒါ့အပြင် မြောက်အာဖရိကနဲ့ တောင်အာရှမှာလည်း လှုပ်ရှားနေပါတယ်။
DVB
Friday, November 13, 2015
မခုတ်ရန်ထားမြစ်ထားသည့် ထန်းပင်အချို့ကို ထားဝယ်အများပိုင်ကုမ္ပဏီ ခုတ်လှဲ
ထားဝယ်မြို့အ၀င်ရှိ ထန်းပင်တန်း |
ခုတ်လှဲထားသည့် ထန်းပင်ငုတ်အား မြက်ခြောက်များဖြင့် ဖုံးထားပြီး ထန်းပင်စည်ကို အထပ်သားဖြင့် ဖုံးထားပုံ |
|Dawei Watch| ထားဝယ်၊ နိုဝင်ဘာ ၁၃
ထားဝယ်မြို့၊ ကမြောကင်းတံတားအနီးရှိ
မြို့အ၀င်ထန်းပင်တန်းကို စည်ပင်သာယာမှ မခုတ်ရန် တားမြစ်ထားသော်လည်း
ထားဝယ်အများပိုင်ကုမ္ပဏီက
နှစ်ပင်ခုတ်လှဲခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
ယင်းထန်းပင်တန်းသည့်
မြို့ကျက်သရေဆောင်ထန်းပင်တန်ြး ဖစ်သောကြောင့် မည်သည့်ကုမ္ပဏီ၊ အဖွဲ့အစည်းကိုမှ ခုတ်လှဲ ခွင့်ပြုမည်မဟုတ်ကြောင်း စည်ပင်သာယာရေးအဖွဲ့က ပြီးခဲ့သည့် လက သတင်းမီဒီယာများအား ပြောဆိုခဲ့ဖူးသော်လည်း
ရွေးကောက်ပွဲ ပြုလုပ်သည့် ရက်ပိုင်းအတွင်း ထားဝယ်အများပိုင်က
ခုတ်လှဲခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ
တာဝန်ရှိသူက ပြောသည်။
“အဲဒီကိစ္စကို နောက်ဆုံးအကြိမ်နေနဲ့ ကုမ္ပဏီကို ခေါ်ပြီး သတိပေး လက်မှတ်ရေးထိုးခိုင်းမယ်။
နောက်နောင် စည်ပင်ရဲ့ ခွင့်ပြုချက်မရှိဘဲ မိမိသဘောနဲ့
မိမိခုတ်ထွင်ရှင်းလင်းမယ်ဆိုရင် စည်ပင်သာယာရေးဥပဒေအရ တရားစွဲမယ်” ဟု အထက်ပါ တာဝန်ရှိသူက
ဆိုသည်။
ထားဝယ်မြို့နယ်စည်ပင်သာယာရေးကော်မတီက နိုဝင်ဘာလ ၁၁
ရက်နေ့တွင် ထန်းပင်များကို သွားရောက်စစ်ဆေးခဲ့ရာ ဓာတ်ဆီဆိုင်အထွက်တွင် တစ်ပင်နှင့်
ဆိပ်ကမ်းသာလမ်းနှင့် မျက်နှာချင်းဆိုင်လမ်းတွင် တစ်ပင် ခုတ်လှဲထားသည်ကို တွေ့ရှိ ခဲ့ရပြီး
ကုမ္ပဏီဘက်က
ခွင့်ပြုချက်မတောင်းဘဲ ခုတ်မိခဲ့သည့်အတွက် တောင်းပန်ခဲ့သည်ဟု ၎င်းက ဆိုသည်။
သို့သော် နိုဝင်ဘာလ ၁၁ ရက်နေ့ည ၁၂ နာရီခွဲတွင်
ယင်းထန်းပင်တန်းအတွင်း ထန်းပင်ထပ်မံခုတ်လှဲနေသည်ဟု ယူဆရသူ တချို့ကို
တွေ့မြင်ခဲ့ရကြောင်း ထားဝယ်မြို့ခံ မျက်မြင်တစ်ဦးက ဆိုသည်။
“တကယ်က လုံးဝမလုပ်သင့်ဘူး။ ခံဝန်ကတိနဲ့ မလုံလောက်ဘူး။
လုပ်ပြီးတော့ တောင်းပန်တာက တမင်ကျူး လွန်ပြီးမှ ပြန်တောင်းပန်သလိုဖြစ်နေတယ်။
မသိတာလည်းမဟုတ်ဘူး။ မလုပ်ရဘူးလို့ လည်းပြောထား ပြီးသားလေ။ ထန်းပင်တွေက သူတို့အတွက်
ဘာမှတန်ဖိုးမရှိပေမယ့် မြို့အ၀င်မှ အလှထားတဲ့ ထန်းပင်တွေ၊ စည်ပင်ဘက်ကလည်း
ထန်းပင်လှဲရင် အရေးယူမယ်လို့ ပြောထားတာကို အခုလို ခံဝန်ထိုးခိုင်း လိုက်တော့
ဥပဒေကို လေးစားလိုက်နာမှုကို နားနည်းလာ စေတယ်လို့ မြင်တယ်။ ထန်းပင်တစ်ပင်
ဒီလောက်ရဖို့ ဆိုရင် နှစ်ပေါင်းများစွာစောင့်ရတာ”ဟု နှစ်စဉ်မိုးရာသီတွင် သစ်ပင်များစိုက်ပျိုးလေ့ရှိသူ ထားဝယ်လူငယ် မိတ်သဟာရအဖွဲ့မှ ကိုဘိုဘိုအောင်က
ပြောသည်။
ထန်းပင်များကို မည်သူမျှ ထပ်မံမခုတ်လှဲစေရန်အတွက်
ထန်းပင်တိုင်းတွင် ၄ လက်မ ပတ်လည်အရွယ်အစားရှိသည့် နံပါတ်ပြား များကပ်ကာ
ထိန်းသိမ်းသွားရန် စီစဉ်နေကြောင်း ထားဝယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
ယင်းထန်းပင်တန်းရှိ ထန်းပင်များကို
ခုတ်လှဲရန်အစီအစဉ်မရှိကြောင်း ထားဝယ်အများပိုင်ကုမ္ပဏီက ပြောဆိုခဲ့ဖူးသော်လည်း လက်ရှိတွင် ယင်းသို့ ခုတ်လှဲမှုများပြုလုပ်
လာခြင်ြး ဖစ်သည်။
ကမြောကင်းတံတားအနီး ထန်းပင်တန်းတွင်
ထန်းပင် ၁၄၅ ပင်ရှိကြောင်း ထားဝယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
Dawei
Watch
နိုဝင်ဘာလ ၁၃ ရက်နေ့  ည ၉ နာရီ ပြည်သူ့ ၊အမျိုးသား၊ တိုင်း နဲ့ ပြည်နယ် လွှတ်တော် အနိုင်ရစာရင်း
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ မှ ၁၃-၁၁-၂၀၁၅ ည(၂၁း၀၀)ချိန် ထုတ်ပြန်သည့် ပြည်သူ့ လွှတ်တော် ၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး နှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ အနိုင်ရစာရင်း။
Union Election Commission
ဒေါ်စုအောင်နိုင်မှုကို ဘန်ကီမွန်း ဂုဏ်ပြု
![]() |
ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ် ဘန်ကီမွန်း (Credit: AFP) |
ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုလိုက်သလို ပြုပြင်ပြောင်းလဲမှုတွေကို လုပ်လာခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ကိုလည်း ဘန်ကီမွန်းက ချီးကျူးလိုက်ပါတယ်။
ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့အပေါ် ချီးကျူးလိုက်ပေမယ့်လည်း ဒီရွေးကောက်ပွဲမှာ ရိုဟင်ဂျာတွေ မဲပေးခွင့်မရတာတွေ၊ အမတ်လောင်း တချို့ ယှဉ်ပြိုင်ခွင့် မရတာတွေကတော့ စိတ်မကောင်းစရာ ဖြစ်တယ်လို့လည်း ပြောသွားခဲ့ပါတယ်။
ဒီမိုကရေစီ လမ်းကြောင်းမှာ ရှေ့ဆက်ပြီး လုပ်ဆောင်စရာ၊ ကျော်လွှားစရာတွေ အများကြီး ရှိနေသေးတယ်လို့လည်း ဘန်ကီမွန်းက ပြောပါတယ်။
အခုလောလောဆယ် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုကြောင်း မြန်မာ စစ်တပ်က ပြောဆိုတာကိုက အရေးကြီးတဲ့ ကိစ္စဖြစ်ပြီး အစိုးရသစ် လက်ထပ်မှာ လူ့အခွင့်အရေးတွေ၊ တရားဥပဒေ စိုးမိုးရေးတွေ ရှိဖို့ မျှော်လင့်တယ်လို့လည်း ပြောသွားခဲ့ပါတယ်။
ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ ဘာရက်အိုဘားမားကလည်း ရွေးကောက်ပွဲ ကျင်းပတဲ့အပေါ် သမ္မတ ဦးသိန်းစိန်ကို ချီးကျူးလိုက်သလို အနိုင်ရသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ပေါ်လစီ အကြီးအကဲ Ben Rhodes ကတော့ ဒီမိုကရေစီဆီကို ပြောင်းလဲနိုင်ဖို့အတွက် ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြောင်းလဲရမှာ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးနဲ့ အမေရိကန် သမ္မတတို့က ဂုဏ်ပြုခဲ့သလို ပြင်သစ်၊ သြစတြေးလျနဲ့ တခြားနိုင်ငံတွေကလည်း သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဂုဏ်ပြုခဲ့ကြပါတယ်။
ABC Radio Australia
သမ္မတ အိုဘားမား သမ္မတ ဦးသိန်းစိန်နဲ့ တွေ့မည်
အမေရိကန် သမ္မတ အိုဘားမား ဟာ လာမယ့် ရက်သတ္တပတ် အတွင်း မလေးရှားနိုင်ငံ မှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ မလေးရှားမှာ ရှိနေတဲ့ ဒုက္ခသည်စခန်းကိုလည်း သွားရောက်မယ်လို့ အိမ်ဖြူတော် အမျိုးသား လုံခြုံရေး အရာရှိတွေက မနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောဆိုသွားခဲ့ပါတယ်။ အသေးစိတ်ကို ဦးကျော်ဇံသာ အပြည့်အစုံ တင်ပြပေးထားပါတယ်။
တကယ်တမ်း အတည်မပြုနိုင်ပဲ ပျံ့နှံ့နေတဲ့ သတင်းတချို့ အရဆိုရင်တော့ သမ္မတ အိုဘားမားဟာ မကြာခင် သွားရောက်မယ့် အရှေ့အာရှ ခရီးစဉ် အတွင်း မှာ မြန်မာနိုင်ငံ ကို ရုတ်တရက် ဝင်ရောက် လည်ပတ်မယ်။ ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ဆုံ ဂုဏ်ပြုစကားပြောမယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ဒီသတင်းနဲ့ ပတ်သက်လို့တော့ မနေ့က ပြုလုပ်သွားတဲ့ အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲမှာ တစွန်းတစပြောကြားခြင်း မရှိပဲ မလေးရှားမှာ အာဆီယံ အစည်းအဝေးပွဲ နဲ့ ဆက်တိုက် ကျင်းပမယ့် အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲ ကျင်းပ ပြီးဆုံးတဲ့ နိုဝင်ဘာလ ၂၂ရက်နေ့မှာ သမ္မတ အိုဘားမားဟာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ သီးခြားတွေ့ဆုံဖွယ် ရှိတယ်လို့ အိမ်ဖြူုတော် အမျိုးသားအကြံပေးပုဂ္ဂိုလ် Ben Rhodes က အခုလိုပြောကြားသွားပါတယ်။
"အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ သမ္မတ အိုဘားမားဟာ တခြား အာဆီယံ ခေါင်းဆောင်တွေ နဲ့အတူ မြန်မာသမ္မတနဲ့ တွေ့ဖို့လည်း အခွင့်အလမ်း ရရှိမှာဖြစ်ပါတယ်။ "
ဒီမလေးရှား ခရီးစဉ်အတွင်းမှာပဲ သမ္မတ ဦးသိန်းစိန်နဲ့ မတွေ့ဆုံခင် နိုဝင်ဘာလ ၂၁ရက်နေ့မှာတော့ သမ္မတ အိုဘားမားဟာ ဒုက္ခသည်စခန်းကို သွားရောက်မယ် လို့အိမ်ဖြူုတော် အမျိုးသား လုံခြုံရေး အကြံပေးပုဂ္ဂိုလ် Susan Rice က ပြောပါတယ်။ ဒါဟာ အာရှအပါအဝင် ကမ္ဘာတလွှားမှာ ကြီးထွားလာနေတဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေရဲ့ အရေးကို အမေရိကန်အနေနဲ့ အလေးအနက် ထားတယ် ဆိုတာကို ပြသတဲ့သဘောဖြစ်တယ်လို့ ပြောကြားသွားပါတယ်။
"ကမ္ဘာတဝှမ်း ဒုက္ခသည် ပဋိပက္ခနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ စိုးရိမ်မကင်းဖြစ်မှု ကို မီးမောင်းထိုးပြသွားမှာဖြစ်ပါတယ်။ သမ္မတအနေနဲ့ မလေးရှားနိုင်ငံမှာ ဒုက္ခသည် စခန်းကို သွားရောက်မှာဖြစ်ပါတယ်။ အခုလိုသွားရောက်ခြင်းအားဖြင့် ဒုက္ခသည် အရေး အမေရိကန်ရဲ့ အလေးထားမှုကို ပြသရာ ရောက်ဖို့ ရည်ရွယ်ပါတယ်။ အကာအကွယ်မဲ့သူတွေကို စောင့်ရှောက်နိုင်ဖို့ မလေးရှားနဲ့ အမေရိကန်ပြည်ထောင်စုတို့က ပြီးခဲ့တဲ့ နှစ်တွေ အတွင်း သိပ်ကို အရေးပါတဲ့ အကူအညီတွေကို ပေးခဲ့တာလည်းဖြစ်ပါတယ်။ "
ဒါ့အပြင် မြန်မာနိုင်ငံ ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေအဖို့ အရှိန်အဟုန်ကြီးမား လှတဲ့ အခွင့်အရေးတရပ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့ရဲ့ ထုတ်ပြန်ချက်တွေလည်းပဲ အပြုသဘောဆောင်ပြီး အားတက် စရာကောင်းတယ်လို့ Ben Rhodes က ပြောပါတယ်။
"သမ္မတ ဦးသိန်းစိန်နဲ့ စစ်တပ် အကြီးအကဲတို့ရဲ့ အပြုသဘောဆောင်တဲ့ ကြေညာ ချက်တွေ ကိုလည်း တွေ့ရပါတယ်။ သူတို့က ရွေးကောက်ပွဲရဲ့ ရလဒ်ကို လေးစား လိုက်နာဖို့ ကတိပြုကြပါတယ်။ NLD ရဲ့အောင်ပွဲကို ချီးကျူးဂုဏ်ပြုကြပါတယ်။ ဒါတွေဟာ အင်မတန် အပြုသဘောဆောင်တဲ့ အချက်ပြမှုတွေလို့ ယူဆရ ပါတယ်။ မြန်မာပြည် ရဲ့ အဓိက ခေါင်းဆောင်တွေနဲ့ အတူတကွ ညှိနှိုင်းပြီးတော့ ဒီစိတ်ဓာတ်ကို ဆက်လက်ပြီးတော့ မွေးမြူသွားကြ မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အနာဂတ်အရေးအတွက် ကြီးမားတဲ့ အလားအလာကောင်း တရပ်ဖြစ်တယ်လို့ သမ္မတ အိုဘားမားရဲ့ သဝဏ်လွှာမှာလည်း ဖော်ပြထားပါတယ်။"
သို့သော်လည်းပဲ မြန်မာနိုင်ငံ အဖို့ စိန်ခေါ်မှုတွေ ကြီးကြီးမားမား ရှိနေသေးတယ် ဆိုတာကိုလည်း အခုလို ထောက်ပြပါတယ်။
"မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုတွေလည်း အများကြီးရှိနေပါသေးတယ်။ တိုင်းရင်းသား အင်အားစုတွေနဲ့ ပြန်လည်သင့်မြတ်ရေးနဲ့ ရခိုင်ပြည်နယ်က စာနာမှု လိုအပ်နေတဲ့ အခြေအနေတွေကို ပြေလည်အောင် ဖြေရှင်းရေး စတာတွေဖြစ်ပါတယ်။"
အခုလို ရွေးကောက်ပွဲပြီးမြောက်သွားခြင်းဟာ အင်မတန်ကောင်းမွန်တဲ့ အားတက်ဖွယ်ရာ ကိစ္စတရပ်ဖြစ်ပေမဲ့ ဆယ်စုနှစ်နဲ့ချီပြီး ရှိလာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းမှုတွေ မြန်မာ အစိုးရရဲ့ ဒီမိုကရေစီဖော်ဆောင်ရေး ကတိကဝတ်တွေ ကို အပြည့်အဝ ဖော်ဆောင်နိုင်ဖို့ ကတော့ အကြာကြီး ကြိုးပမ်းကြရလိမ့်ဦးမယ်လို့လည်း ဆိုပါတယ်။
သမ္မတ အိုဘားမားဟာ နိုဝင်ဘာလ ၂၀ရက်နေ့ကစပြီး နိုဝင်ဘာလ ၂၂ရက်နေ့အထိ မလေးရှားနိုင်ငံမှာ အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ East Asia Forum လို့ခေါ်တဲ့ အရှေ့အာရှထိပ်သီးဆွေးနွေးပွဲတို့ကို တက်ရောက်မှာဖြစ်ပါတယ်။
ဦးကျော်ဇံသာ / ဗွီအိုအေ (မြန်မာပိုင်း)
တစ်ပါတီတည်း အစိုးရဖွဲ့ဖို့ NLD စိတ်ချရပြီ
ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ် စာရင်းကို နိုဝင်ဘာ ၉ ရက်ကနေ စပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာနေရာမှာ ဒီကနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ ည ၉ နာရီအထိ ကြေညာချက်အရ ပြည်သူ့လွှတ်တော် အတွက် ၂၇၄ နေရာ၊ အမျိုးသား လွှတ်တော်အတွက် ၁၃၃ နေရာနဲ့ တိုင်ဒေသကြီး လွှတ်တော်အတွက် ၄၉၄ နေရာ အသီးသီး ကြေညာခဲ့ပြီး ဖြစ်ပါတယ်။
ဒီထဲမှာ အန်အယ်လ်ဒီ ပါတီက ပြည်သူ့လွှတ်တော်မှာ ၂၁၇ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၁၁၀ နေရာနဲ့ တိုင်းဒေသကြီး လွှတ်တော်အတွက် ၃၈၂ နေရာ အနိုင်ရထားပါတယ်။
အန်အယ်လ်ဒီ ပါတီ အနေနဲ့ တစ်ပါတီတည်း အစိုးရဖွဲ့နိုင်ဖို့ ဆိုရင် လွှတ်တော် ၂ ရပ်ပေါင်းတဲ့ ပြည်ထောင်စု လွှတ်တော်မှာ ၃၂၉ နေရာ အနိုင်ရရမှာ ဖြစ်ပါတယ်။
လက်ရှိ ကြေညာပြီးတဲ့ ရလဒ်တွေအရ အန်အယ်လ်ဒီဟာ လွှတ်တော် ၂ ရပ်ပေါင်းတဲ့ ပြည်ထောင်စု လွှတ်တော် အတွက် ၃၂၇ နေရာ ရရှိထားပြီး ဖြစ်နေပါပြီ။ နောက်ထပ် ကြေညာဖို့က ၈၂ နေရာ ကျန်နေသေးပြီး၊ အဲဒီထဲမှာ အန်အယ်လ်ဒီက ၂ နေရာ ထပ်နိုင်ရုံနဲ့ တစ်ပါတီတည်း အစိုးရဖွဲ့နိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် အန်အယ်လ်ဒီ အနေနဲ့ တစ်ပါတီတည်း အစိုးရ ဖွဲ့နိုင်ဖို့ လုံးဝ စိတ်ချသွားရတဲ့ အခြေအနေကို တွေ့နေရပြီ ဖြစ်ပါတယ်။
BBC Burmese
Thursday, November 12, 2015
နိုဝင်ဘာလ ၁၂ ရက်နေ့ ည ၉ နာရီ ပြည်သူ့ လွှတ်တော် အနိုင်ရစာရင်း
နိုဝင်ဘာ ၁၂ ရက် ည ၉ နာရီ ကြေငြာချက်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၁
ဦး မှာ အန်အယ်လ်ဒီက ၂၁ ဦး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးမှာ
အန်အယ်လ်ဒီ ၁၅ ဦးနိုင်ခဲ့ပါတယ်။
နိုဝင်ဘာ ၁၂ ရက် ညနေ ၆ နာရီ ထိ ကော်မရှင်ရဲ့ ကြေငြာချက်ကတော့
ပြည်သူ့လွှတ်တော်အတွက် ၂၇၄နေရာ ၊ အမျိုးသားလွှတ်တော်အတွက် ၁၃၃ နေရာနဲ့
တိုင်းဒေသကြီးလွှတ်တော်အတွက် ၄၉၄ ယောက်အနိုင်စာရင်း
ကြေငြာပြီးသွားပြီဖြစ်ပါတယ်။
ဒီထဲမှာ အန်အယ်လ်ဒီပါတီက ပြည်သူ့လွှတ်တော်မှာ ၂၁၇ ယောက်၊ အမျိုးသားလွှတ်တော်မှာ ၁၁၀ ယောက်နဲ့ တိုင်းဒေသကြီးလွှတ်တော်အတွက် ၃၈၂ ယောက်အနိုင်ရထားပါတယ်။ အန်အယ်လ်ဒီပါတီအနေနဲ့က တပါတီတည်းနဲ့ အစိုးရဖွဲ့နိုင်ဖို့ဆိုရင် လွှတ်တော် ၂ ရပ်ပေါင်းတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ၃၃၃ ယောက်စာ အနိုင်ရရမှာဖြစ်ပါတယ်။ တချို့ကတော့ ၃၂၉ လို့ ဆိုကြပါတယ်။
လက်ရှိ ကြော်ငြာပြီးတဲ့ ရလာဒ်အရ အန်အယ်လ်ဒီဟာ ပြည်ထောင်စုလွှတ်တော်အတွက် ၃၂၇ နေရာ ရပြီးသားဖြစ်နေပါပြီ။ နောက်ထပ်ကြော်ငြာဖို့က ၈၂ နေရာ ကျန်နေပြီး ဒီထဲက အန်အယ်လ်ဒီဟာ ၆ နေရာ ထပ်နိုင်ရင် တပါတီတည်းနဲ့ အစိုးရဖွဲ့နိုင်မှာဖြစ်ပါတယ်။ အန်အယ်လ်ဒီဟာ အစိုးရဖွဲ့နိုင်ဖို့ လုံးဝ စိတ်ချသွားရတဲ့အနေအထားဖြစ်နေတာကို တွေ့နေရပါပြီ။
BBC Burmese
ဒီထဲမှာ အန်အယ်လ်ဒီပါတီက ပြည်သူ့လွှတ်တော်မှာ ၂၁၇ ယောက်၊ အမျိုးသားလွှတ်တော်မှာ ၁၁၀ ယောက်နဲ့ တိုင်းဒေသကြီးလွှတ်တော်အတွက် ၃၈၂ ယောက်အနိုင်ရထားပါတယ်။ အန်အယ်လ်ဒီပါတီအနေနဲ့က တပါတီတည်းနဲ့ အစိုးရဖွဲ့နိုင်ဖို့ဆိုရင် လွှတ်တော် ၂ ရပ်ပေါင်းတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ၃၃၃ ယောက်စာ အနိုင်ရရမှာဖြစ်ပါတယ်။ တချို့ကတော့ ၃၂၉ လို့ ဆိုကြပါတယ်။
လက်ရှိ ကြော်ငြာပြီးတဲ့ ရလာဒ်အရ အန်အယ်လ်ဒီဟာ ပြည်ထောင်စုလွှတ်တော်အတွက် ၃၂၇ နေရာ ရပြီးသားဖြစ်နေပါပြီ။ နောက်ထပ်ကြော်ငြာဖို့က ၈၂ နေရာ ကျန်နေပြီး ဒီထဲက အန်အယ်လ်ဒီဟာ ၆ နေရာ ထပ်နိုင်ရင် တပါတီတည်းနဲ့ အစိုးရဖွဲ့နိုင်မှာဖြစ်ပါတယ်။ အန်အယ်လ်ဒီဟာ အစိုးရဖွဲ့နိုင်ဖို့ လုံးဝ စိတ်ချသွားရတဲ့အနေအထားဖြစ်နေတာကို တွေ့နေရပါပြီ။
BBC Burmese
နောက်ဆုံး ထုတ်ပြန်ကြေညာပြီး မဲရလဒ်များ
ဒီကနေ့ ညနေ ၆ နာရီအထိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာတဲ့ မဲရလဒ် စာရင်းတွေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်နေရာအတွက် ၁၉၆ ဦး ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အတွက် ၃၈၂ ဦးနဲ့ အမျိုးသားလွှတ်တော်အတွက် ၉၅ ဦး အနိုင်ရရှိနေပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်အတွက် ၂၃ ဦး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အတွက် ၅၄ ဦးနဲ့ အမျိုးသားလွှတ်တော်နေရာအတွက် ၁ဝ ဦး အနိုင်ရနေပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကျားခေါင်းပါတီက ပြည်သူ့လွှတ်တော်အတွက် ၁၂ ဦး ၊ တိုင်းဒေသကြီးအတွက် ၂၆ ဦးနဲ့ အမျိုးသားလွှတ်တော်အတွက် ၃ ဦးအနိုင်ရထားပါတယ်။
ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော်အတွက် ၃ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၂ ဦးနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အတွက် ၃ ဦး အနိုင်ရရှိနေပါတယ်။
ကချင်ပြည်နယ် ဒီမိုကရေစီပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ ဦး ၊ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၃ ဦးနဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်သူ့လွှတ်တော်အတွက် ၁ ဦး ၊ တိုင်းဒေသကြီးအတွက် ၂ ဦးနဲ့ အမျိုးသား လွှတ်တော်အတွက် ၂ ဦး အနိုင်ရရှိနေပါတယ်။
ဒါ့အပြင် ဝ ဒီမိုကရက်တစ်ပါတီ၊ မွန်အမျိုးသားပါတီ၊ ကရင်ပြည်သူ့ပါတီ၊ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) ၊ ကိုးကန့်ဒီမိုကရေစီနဲ့ ညီညွတ်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီတို့လည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အတွက် ၁ ဦးစီ အနိုင်ရရှိနေပါတယ်။
ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ် ၃၃ဝ ရှိပေမယ့် ရွေးကောက်ပွဲမကျင်းပတဲ့ မဲဆန္ဒနယ် ၇ နေရာရှိတဲ့အတွက် ၃၂၃ နေရာမှာသာ ရွေးကောက်ပွဲကျင်းပခဲ့တာဖြစ်ပြီး လက်ရှိထုတ်ပြန် ကြေညာမှုတွေအရ ၂၄၃ ဦးကို အတည်ပြုပြီးဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင် က ပြောပါတယ်။
ဒါ့အပြင် လက်ရှိအတည်ပြုပြီးတဲ့ ကိုယ်စားလှယ်အရေအတွက်အရ အန်အယ်လ်ဒီပါတီက ၆ဝ ရာခိုင်နှုန်း၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၇ ရာခိုင်နှုန်း ရရှိထားတယ်လို့ သိရပါတယ်။
RFA Burmese
အနုပညာရှင်များသို့ ဒေါ်အောင်ဆန်းစုကြည် ကျေးဇူးတင်စကားပြောကြား
မြန်မာနိုင်ငံ၏ အရေးကြီးဆုံးရွေးကောက်ပွဲတစ်လျှောက် အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်အောင်နိုင် ရေးအတွက် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့်
အနုပညာရှင်းများကို ကျေးဇူးတင်ကြောင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
က နိုဝင်ဘာ ၁၂ ရက်တွင် ၎င်း၏နေအိမ်၌ တွေ့ဆုံ၍ ကျေးဇူးတင်ကြောင်း
ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲတွင် ပါဝင်ပေးသည့် အနုပညာရှင်များ
သည် ရွေးကောက်ပွဲအတွက် မဟုတ်ဘဲ နိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်း
ပြောင်းလဲရန် အတွက်ဟုသာ စိတ်ထဲထားစေချင်ကြောင်း အနုပညာရှင်များ
နိုင်ငံရေးတွင် မပါဝင်လျှင် ရသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာ
ပါဝင်ရမည်ဆိုသည့် တာဝန်သိစိတ်ဓာတ်ရှိရန် အရေးကြီးသည်ဟုလည်း
ပြောကြားခဲ့သည်။
“နောက်အနုပညာရှင် တွေရဲ့ အနေအထားက တခြားလူတွေနဲ့မတူဘူး ။
အနုပညာရှင်ဆိုတာက လူသားတွေရဲ့နုတဲ့ စိတ်ဓာတ်ကို တူးဆွနိုင်တယ် ။
ကောင်းတဲ့ဘက်ကိုလည်း ခေါ်သွားနိုင်တယ် ။ ဆိုးတဲ့ဘက်ကိုလည်း
ခေါ်သွားနိုင်တယ် ။ အခုဒီနိုင်ငံမှာဆိုရင် ပြောင်းလဲချိန်တန်ပြီလို့ပြောတယ် ။
တကယ်ပဲ ပြောင်းလဲချင်ပြီ အစိုးရတစ်ခုတည်းကို ပြောတာမဟုတ်ပါဘူး ။
စနစ်တစ်ခုတည်းကို ပြောတာမဟုတ်ပါဘူး ။ နိုင်ငံကိုလည်း ပြောင်းလဲ ချင်တယ် ။
လူမှုရေးစနစ်တွေမှာလည်း ပိုပြီးတော့ ကောင်းအောင် လုပ်ချင်တယ် ။
အဲ့လိုလုပ်လို့ရမယ်လို့လည်း ယုံကြည်တယ် ။ တခြားနိုင်ငံတွေမှာ မလုပ်သေးတဲ့
ဟာလည်း လုပ်ကြည့်ချင်တယ် ။ ဥပမာဆိုရင် တချို့တွေက ပြောတယ် ၊ မေတ္တာကို
အခြေခံတဲ့ နိုင်ငံရေးဆိုတာ ဒါမဖြစ်နိုင်ဘူးပေါ့ ။ နိုင်ငံရေးဆိုတာ ဒီလိုမဟုတ်ဘူး
ဆိုပေမယ့် တခြားနိုင်ငံတွေမှာ ဒါကိုဖြစ်အောင် မလုပ်နိုင်ရင် ကိုယ့်နိုင်ငံမှာ
ဖြစ်အောင် မလုပ်နိုင်ဘူးလားဆိုတဲ့ အဲ့လိုစိတ်ဓာတ်နဲ့ ကျွန်မတို့ နိုင်ငံက
တခြားနိုင်ငံနဲ့ မတူဘူး တစ်မူထူးပြီးတော့ ကောင်းတဲ့နိုင်ငံမျိုး ဖြစ်စေချင်တယ်” ဟု
ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
အနုပညာရှင်များ၏ ကဏ္ဍသည် အင်မတန်မှ အရေးကြီးကြောင်း အနုပညာရှင်များ
ဘက်က နိုင်ငံရေးမဟုတ်ဘဲ သာမန်လူများ လက်ခံနိုင်သည့် ပုံစံဖြင့် ဆွဲဆောင်ရန်
အခွင့်အရေး အများကြီးရှိကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်းကြောင့်လည်း
အများကြီး အောင်မြင်ခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
“ရွေးကောက်ပွဲ ကာလမှာဆိုရင် တစ်ခါတလေ တချို့နေရာတွေမှာ ပြည်သူလူထုက
ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သိပ်ပြီးတော့ စိတ်ဝင်စားမှုမရှိဘူးဆိုတဲ့
နေရာတွေလည်း ရှိခဲ့တယ် ။ အဲလိုဆိုရင်တော့ စစ်ကူအဖြစ်နဲ့ ဘယ်သူ့ကို
လွှတ်လိုက်ပါ ဆိုပြီးတော့ ကမန်းကတန်း အနုပညာရှင်တွေကို ချည်းကပ်ပြီးတော့
စစ်ကူအဖြစ်နဲ့လွှတ်ရတယ် ။ အနုပညာရှင်တွေက ပြည်သူလူထုကို စွဲဆောင်တဲ့
နေရာမှာ အင်မတန်မှ ထိရောက်တယ် ။ နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ဆိုင်တယ် ။
အဲ့လိုလုပ်ပေးတာ နိုင်ငံအတွက် အကောင်းဆုံး လက်ဆောင်ပဲလို့ ယူဆတယ်” ဟု
ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားခဲ့သည်။
သတင်း - ဇော်မင်းထွန်း
The Ladies News Journal
ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံ အနှံအပြားမှ ဆိုက်ကားဆရာများသို့ ကျေးဇူးတင်စကားပြောကြား
မြန်မာနိုင်ငံ၏ အရေးကြီးဆုံး ရွေးကောက်ပွဲတစ်လျှောက် အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် အောင်နိုင် ရေးအတွက် ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ရာတွင်
ကျေးဇူးတင်ရမည့် အုပ်စုတစ်ခုမှာ မြန်မာနိုင်ငံမှ ဆိုက်ကားဆရာ များ
ဖြစ်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
အနုပညာရှင်းများနှင့် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၂ ရက်တွင်
၎င်း၏နေအိမ်၌ တွေ့ဆုံ၍ ကျေးဇူးတင်ကြောင်း ပြောကြားရာတွင် ဤသို့ ထည့်သွင်း
ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကျွန်မ ကျေးဇူးတင်ရမယ့် အုပ်စုတစ်ခုလည်း ရှိသေးတယ် ။ အဲဒါကျွန်မတို့နိုင်ငံက
ဆိုက်ကားသမားတွေပဲ ။ ဒါပေမဲ့ များလွန်းတော့ တွေ့ဖို့ဆိုတာ အားလုံးကိုစုံပြီး
တွေ့ဖို့ ဘယ်လိုပုံစံနဲ့လုပ်ရမလဲဆိုတာ အဲ့ဒါကိုတော့ စဉ်းစားနေတယ်။ တကယ်ကို
ဘယ်သွားသွား ဆိုက်ကားလေးတွေမှာ NLD အလံလေး တစ်လူလူလွှင်ထားလို့ရှိရင်
အရမ်းစိတ်ထဲမှာ ကြည်နူးတာပဲ ။ ဒါတကယ့် ပြည်သူရဲ့ထောက်ခံမှုဆိုတာ ဒါပဲလို့
သဘောပေါက်တယ် ။ ဆိုက်ကား နင်းတယ်ဆိုတာ တစ်နေ့လုပ်မှ တစ်နေ့
စားရတာ။ တစ်နေ့လုပ်မှ တစ်နေ့စားရတော့ ကျွန်မကော့မှုးမှာ တုန်းက
လူတစ်ယောက် ပြောတာ သိပ်သဘောကျတယ်။ ကိုယ့်ထမင်း ကိုယ်စား
အမေစုသားဆိုတာ သူတို့ဟာ သူတို့ထမင်း သူတို့စားပြီးတော့ ကူညီနေတာ” ဟု
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
သတင်း - ဇော်မင်းထွန်း
The Ladies News Journal
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ အိုဘားမား ဖုန်းဆက် ချီးကျူး
![]() |
အမေရိကန်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် အိမ်ဖြူတော်တွင် တွေ့ဆုံစဉ်။ (စက်တင်ဘာ ၁၉၊ ၂၀၁၂) |
ရွေးကောက်ပွဲ တရားဝင်ရလဒ်ကို အားလုံးက လေးစားလိုက်နာရေး အရေးကြီးတဲ့ အကြောင်းနဲ့ လူထုရဲ့ဆန္ဒကို ထင်ဟပ်တဲ့၊ အားလုံးပါဝင်ပြီး ကိုယ်စားပြုမှုရှိတဲ့ အစိုးရမျိုးဖွဲ့စည်းရေး ညီညွတ်ရေးစိတ်ဓာတ်အခြေခံနဲ့ အတူတကွ လုပ်ဆောင်သွားရေး ခေါင်းဆောင်နှစ်ဦး ဆွေးနွေးကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရွေးကောက်ပွဲနဲ့ အစိုးရသစ်တရပ် ဖွဲ့စည်းတာတွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပိုပြီး ငြိမ်းချမ်း၊ ပိုပြီးသာယာဝပြောတဲ့ အနာဂတ် တည်ဆောက်ရေး ကြိုးပမ်းမှုမှာ အရေးပါတဲ့အဆင့်တရပ်ဖြစ်တယ် လို့ သမ္မတအိုဘားမားက မှတ်ချက်ပြုပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
မြန်မာ့ ရွေးကောက်ပွဲ အာဆီယံ လွှတ်တော် အမတ်တွေ ကြိုဆို
![]() |
မြန်မာရွေးကောက်ပွဲအတွက် APHR ကြေညာချက်။ |
လူထုကို အစစ်အမှန်ဗဟိုပြုတဲ့ အာဆီယံအ၀န်းအ၀ိုင်းမှာ မြန်မာနိုင်ငံက အသစ်ရွေးကောက်တင်မြှောက်ခံရတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကြိုဆိုဖို့ စောင့်မျှော်နေပါတယ်လို့လည်း ကြေညာချက်မှာ ပြောထားပါတယ်။
ရွေးကောက်ပွဲလုပ်ငန်းစဉ်ရဲ့ တည့်မတ်မှန်ကန်မှုကို ထိခိုက်စေတဲ့ အားနည်းချက် တချို့ရှိခဲ့ပေမဲ့လည်း နိုဝင်ဘာလ ၈ ရက်နေ့မှာ မြန်မာ လူထုအများအပြားက တခဲနက် မဲပေးတာကို တွေ့ရတဲ့အပေါ် အားရမိတယ်လို့ APHR အဖွဲ့ကပြောပါတယ်။
ဒီလိုမျိုး မဲဆန္ဒရှင်အရေအတွက် အများအပြားက စိတ်အားထက်သန်စွာနဲ့ မဲပေးကြတာဟာ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်း အတော်ကြာတုန်းက တည်ရှိခဲ့ဖူးတဲ့ ဒီမိုကရေစီကို လိုလားတောင့်တမှုရဲ့ ပြယုဂ်ပဲဖြစ်ပါတယ်လို့ ဆိုပါတယ်။
အခြေခံလွတ်လပ် ခွင့်တွေကို ထိန်းချုပ်တဲ့ဥပဒေတွေ ရှိနေသေးတာ၊ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အထူးသဖြင့် လူမျိုး စုဒေသတွေမှာ ဖြစ်တာတွေကို အပြစ်ပေးအရေးမယူနိုင်ဘဲ ကင်းလွတ်ခွင့်ရနေတာ စတဲ့ စိန်ခေါ်မှုတွေ အပြည့်ရှိနေသေးတာကို လည်း APHR အဖွဲ့ကထောက်ပြပါတယ်။
ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်တာမှာ လုပ်ဖော်ကိုင်ဖက် မြန်မာလွှတ်တော် ကိုယ်စားလှယ် တွေနဲ့ အတူတကွရပ်တည်သွားဖို့ အသင့်ရှိ ပါတယ်လို့လဲ ပြောပါတယ်။ လာမယ့်လတွေဟာ ပြီးခဲ့တဲ့သီတင်းပတ်လိုပဲ ငြိမ်းချမ်းစွာ ရှေ့ဆက်သွားနိုင်ပြီး လူ့အခွင့်အရေးနဲ့ စစ်မှန်တဲ့ဒီမိုကရေစီ တိုးတက်ဖြစ်ထွန်းရေး ထောက်ခံအားပေးဖို့အတွက် အစိုးရသစ်နဲ့ လက်တွဲလုပ်ဆောင်သွားဖို့ မျှော်လင့်နေပါတယ်လို့ APHR ဥက္ကဌ မလေးရှားလွှတ်တော်ကိုယ်စားလှယ် Charles Santiago လက်မှတ်ရေးထိုး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
ဒုသမ္မတ ဦးဥာဏ်ထွန်း နှင့် ပဲခူးတိုင်း ၀န်ကြီးချုပ် ဦးဥာဏ်ဝင်းတို့ အနိုင်ရခဲ့သည့် ဇီးကုန်းမြို့နယ်တွင် မဲမသမာမှုများရှိခဲ့ဟု ဆို
ဒုသမ္မတ ဦးဥာဏ်ထွန်းနှင့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဥာဏ်ဝင်းတို့ အနိုင်ရရှိခဲ့သော
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့ နယ်တွင် ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်မှုများနှင့်
မဲသမာမှုများ ရှိခဲ့ကြောင်း ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့် ပါတီ ကိုယ်စားလှယ်လောင်း
များက ပြောကြားလိုက်သည်။
ဇီးကုန်းမြို့နယ်သည် အထွေထွေ ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၉ ရက် ညနေပိုင်း
တွင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ မဲရလဒ်များကို တရားဝင်ထုတ်ပြန်
ကြေညာခဲ့ပြီး လွှတ်တော်(၃)ရပ်လုံးတွင် ပြည်ခိုင်ဖြိုးပါတီမှ အနိုင်ရရှိခဲ့ခြင်း
ဖြစ်သည်။
“၈ ရက်နေ့မှာ အဓိက ရင်ဆိုင်ခဲ့ရတဲ့ ပြဿနာကတော့ ဒီကျွန်တော်တို့ အင်္ကျီအဖြူ၊
ဦးထုပ်အဖြူ ယူနီဖောင်း တွေနဲ့ပေါ့နော်။ USDP ပါတီကနေပြီးတော့ မဲရုံရဲ့
ကိုက်(၅၀၀)အတွင်းမှာရော၊ မဲရုံပရဝုဏ် အတွင်းမှာရော ဝင်ရောက် လှုပ်ရှားတာတွေ
တွေ့တယ်။ သူတို့ အဲဒီလိုမျိုးတွေ သွားဖို့လာဖို့ အခက်အခဲ ရှိတဲ့သူတွေကို
အကူညီပေးတဲ့ သဘောမျိုးနဲ့ မဲပေးဖို့ စည်းရုံးပြီးတော့ ခေါ်လာတယ်။ တကယ်တော့
ဥပဒေနဲ့မညီတဲ့ ကိစ္စတွေ ကျွန်တော်တို့ ကြုံတွေ့ရတယ်။ မြို့နယ်ကော်မရှင်ကို
အကြောင်းကြားတယ်။ တိုင်လည်း တိုင်တယ်ပေါ့။ ဒါပေမယ့် တားမပေးခဲ့ပါဘူး” ဟု
ပြည်သူ့လွှတ်တော် နေရာတွင် NLD ပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ်မှ
ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ ဦးသက်နိုင်ဦးက ပြောသည်။
ကြိုတင်မဲများတွင်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား
မဲထည့်ရန်အတွက် မသမာသော နည်းများကို အသုံးပြုခဲ့ကြောင်း ရှုံးနိမ့်ခဲ့သည့်
လွှတ်တော်ကိုယ်စားလှယ် လောင်းများက ပြောသည်။
“၆ ရက်နေ့ နယ်မြေတွေကို ဆင်းပြီးတော့ ကြိုတင်မဲယူတဲ့ အခါမှာ ဦးဥာဏ်ဝင်းကို
ပေးမှာလား။ ဦးဥာဏ်ထွန်းကို ပေးမှာလား၊ ဘယ်ပါတီကို ပေးမှာလဲလို့ မေးပါတယ်။
ကျွန်တော့်ရှေ့မှာပဲ တွေ့တယ်။ ကျွန်တော်က ပြောတယ်။ နာမည်စုံ အောင်ပြော၊
လမ်းပြပြီးတော့ မပေးနဲ့။ ဒါမှမဟုတ် တံဆိပ်ကိုပြ၊ ဒီ့ပြင်ပါတီတွေကိုလည်း
စုံအောင်ပြော ဆိုတော့ မပြောဘဲနဲ့ သူတို့ပါတီတစ်ခုတည်းကိုပဲ ပြောတယ်။
အဲလိုမျိုး လမ်းကြောင်းပြပြီး ပြောပြောပြီး လုပ်လိုက်တာ အများကြီးပဲ။ ပြီးတော့
ကြိုတင်မဲရယူမယ့် ရှေ့ကနေ ကြိုသွားပြီး မဲဆွယ်တာ တွေကိုလည်း သူတို့ကလုပ်
တယ်။ ကျွန်တော်တို့ အဲဒါနဲ့ပတ်သက် ပြီး ရဲစခန်းကိုလည်း တိုင်ထားတယ်” ဟု
တောင်သူလယ်သမား ဖွံဖြိုးတိုး တက်ရေးပါတီမှ ဝင်ရောက် ယှဉ်ပြိုင်သူ
ဦးမောင်မောင်ဦးက ပြောသည်။
ဇီးကုန်းမြို့နယ်တွင် မဲလိမ်၊ မဲညစ်မှု၊ မဲမသမာမှုများနှင့် ပတ်သက်ပြီး ဆက်လက်
စုံစမ်းဖော် ထုတ်သွားမည်ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အား
တိုင်ကြားသွားမည်ဖြစ်ပြီး NLD ဗဟိုနှင့်လည်း ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်
ကြောင်း ဇီးကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် အမှတ်(၂)နေရာတွင်
ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ ဒေါ်ခင်ငြိမ်းငြိမ်းအိက ပြောသည်။
“မဲရုံဖွင့်တဲ့ အချိန်ကလည်း အင်္ကျီအဝါ ဦးထုပ်အဖြူနဲ့ ပရဟိတအဖွဲ့ဆိုပြီးတော့
မဲရုံကိုလှည့်ပတ်ပြီးတော့ ဆိုင်ကယ်နဲ့ ကြိုပို့လုပ်ပြီးတော့ သွင်းပါတယ်။ ဒုမဲရုံမှူးက
လက်ညိုးထိုးပြီးတော့ ဒီဟာကို ရိုက်ဆိုပြီးတော့ မဲထည့်ခိုင်းပါတယ်။ ကျွန်တော်နဲ့
စောင့်ကြည့် အဖွဲ့ သွားပြောပေမဲ့ ကျွန်တော် တို့ ကွယ်ရာမှာ သူတို့ဆက်လုပ်ပါ
တယ်” ဟု ဇီးကုန်းမြို့နယ် ကန်ကလေးကျေးရွာ မဲရုံအမှတ်(၁)တွင် စောင့်ကြည့်
ခဲ့သည့် မဲရုံကိုယ်စားလှယ် ဦးတင်လှိုင်က ပြောသည်။
ဇီးကုန်းမြို့နယ်ရှိ နေရာ(၄)နေရာလုံးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး
ပါတီက အနိုင်ရရှိခဲ့ပြီး ကရင် တိုင်းရင်းသား ကိုယ်စားလှယ်နေရာတွင်သာ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရရှိခဲ့ကြောင်း ရွေးကောက် ပွဲကော်မရှင်မှ
သိရသည်။
ဇီးကုန်းမြို့နယ်တွင် မဲပေးနိုင်သူ ၅၃,၀၇၆ ဦးရှိပြီး မဲပေးခွင့်ရှိသူ၏ ၈၂.၅၃ ရာခိုင်နှုန်း
အထိ မဲလာရောက်ပေးခဲ့ ကြကြောင်း သိရသည်။
သတင်း -MMK
The Ladies News Journal
Wednesday, November 11, 2015
မွန်တွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၂ ဦး ရွေးကောက်ပွဲနိုင်
|Dawei Watch| မော်လမြိုင်၊ နိုဝင်ဘာ
၁၁
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သည့်
ရွေးကောက်ပွဲတွင် မွန်ပြည်နယ်တွင် နိုင်ငံရေးပါတီအသီးသီးမှ အမျိုးသမီး ကိုယ်စားလှယ်လောင်း
၅၁ ဦး ၀င်ရောက်ယှဉ်ပြိုင်ရာ ၁၂ ဦးအနိုင်ရခဲ့ကြောင်း သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲကော်မရှင်တို့ ၏
ရလဒ်စာရင်းအရ သိရသည်။
အနိုင်ရသည့် အမျိုးသမီးကိုယ်စားလှယ်လေားအား လုံးသည်
NLDပါတီမှ ဖြစ်ပြီး မွန်ကိုယ်စားပြုပါတီများမှ တစ်ဦးမျှ အရွေး မခံရပေ။
မွန်လူမျိုးများကို ကိုယ်စားပြုသည့်
မွန်နိုင်ငံရေးပါတီ ၃ ခုဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ အမျိုးသမီး ကိုယ်စားလှယ်လောင်း
၅ ဦး၊ မွန်အမျိုးသားပါတီမှ ၉ ဦး၊ အမျိုးသမီးပါတီ(မွန်) မှ ၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
“မွန်ပြည်သူအနေနဲ့ ကြည့်ရင်
မွန်ပါတီ (၃) ပါတီဖြစ်နေတဲ့အတွက် မွန်လူထုတွေ ဇဝေဇဝါဖြစ်ကြရတယ်”ဟု မွန်ဒေသလုံးဆိုင်ရာ
ဒီမိုကရေစီပါတီမှ မွန်အမျိုးသမီး ကိုယ်စားလှယ်လောင်း မိလဝီဟန်က ပြောသည်။
ရွေးကောက်ပွဲဝင်ခဲ့သည့် မွန်အမျိုးသမီးကိုယ်စားလှယ်လော င်းအများစုသည်
နိုင်ငံရေးတွင် အမျိုးသမီးများ ပါဝင်လာစေရန်နှင့် လွှတ်တော်တွင်း အမျိုးသမီးဆိုင်ရာ
ကိစ္စရပ်များကို တင်ပြဆွေးနွေးနိုင်ရန်အတွက် ရည်ရွယ်ဝင်ပြိုင်ခဲ့ကြခြင်းဖြစ် ကြောင်း
သိရသည်။
NLD မှ အမျိုးသမီးကိုယ်စားလှယ်လောင်း
၁၂ဦးအရွေးခံရသော်လည်း မွန်ကိုယ်စားပြုပါတီများမှ အမျိုးသမီး ကိုယ်စားလှယ် လောင်း တစ်ဦးမျှ
အရွေးမခံရသည့်အတွက် လွှတ်တော်တွင်း မွန်အမျိုးသမီးအရေးနှင့် ပတ်သက်ပြီး ဆွေးနွေးနိုင်မည့်
လမ်းကြောင်း ပိတ်သွားမည်ကို မွန်အမျိုးသမီးအရေး လှုပ်ရှားနေသူတို့က စိုးရိမ်နေကြသည်။
မွန်ပြည်နယ်တွင် ၂၀၁၀ ရွေးကောက်ပွဲ
ကျင်းပခဲ့စဉ်က အမျိုးသမီး ကိုယ်စားလှယ်လောင်း ၅ ဦးသာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး မွန်ဒေသလုံးဆိုင်ရာ
ဒီမိုကရေစီပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိမြင့်သန်းက အနိုင်ရရှိခဲ့သည်။
ယနေ့ ည ၉ နာရီ တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော် အနိုင်စာရင်း
ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ် စာရင်းကို နိုဝင်ဘာ ၉ ရက်ကနေ စပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာနေရာမှာ ဒီကနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ ည ၉ နာရီအထိ ၃ရက်စာ ကြေညာချက်အရ ပြည်သူ့လွှတ်တော် အတွက် ၂၁၆ နေရာ၊ အမျိုးသား လွှတ်တော်အတွက် ၈၃ နေရာနဲ့ တိုင်ဒေသကြီး လွှတ်တော်အတွက် ၃၂၈ နေရာ အသီးသီး ကြေညာခဲ့ပြီး ဖြစ်ပါတယ်။
အဲဒီ ရလဒ်တွေ အရ အန်အယ်ဒီ ပါတီက ပြည်သူ့လွှတ်တော်မှာ ၁၇၉ နေရာ၊ အမျိုးသား လွှတ်တော်မှာ ၇၇ နေရာနဲ့ တိုင်းဒေသကြီး လွှတ်တော်အတွက် ၂၈၀ နေရာ အနိုင်ရထားပြီး ဖြစ်ပါတယ်။
ပြည်ခိုင်ဖြိုး ပါတီကတော့ ပြည်သူ့လွှတ်တော်မှာ ၁၇ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၄ နေရာနဲ့ တိုင်းဒေသကြီး လွှတ်တော်မှာ ၃၀ နေရာ အနိုင်ရထားပါတယ်။
တိုင်းရင်းသား ပါတီတွေနဲ့ တစ်သီးပုဂ္ဂလတွေ ကတော့ ပြည်သူ့လွှတ်တော်မှာ ၂၀ နေရာ ၊ အမျိုးသားလွှတ်တော်မှာ ၂ နေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်မှာ ၁၈ နေရာ အနိုင်ရထားပါတယ်။
အန်အယ်လ်ဒီ ပါတီ အနေနဲ့က တစ်ပါတီတည်းနဲ့ အစိုးရ ဖွဲ့နိုင်ဖို့ ဆိုရင် လွှတ်တော် ၂ ရပ်ပေါင်းတဲ့ ပြည်ထောင်စု လွှတ်တော်မှာ ၃၃၃ နေရာ အနိုင်ရရမှာ ဖြစ်ပါတယ်။
လက်ရှိ ကြေညာပြီးတဲ့ ရလဒ်တွေအရ ၂၅၆ နေရာ ရပြီးသား ဖြစ်နေပါပြီ။ နောက်ထပ် ကြေညာဖို့က ၁၉၂ နေရာ ကျန်နေပြီး အဲဒီအထဲက ၇၇ နေရာ ထပ်နိုင်ရင် အန်အယ်လ်ဒီက တစ်ပါတီတည်းနဲ့ အစိုးရဖွဲ့နိုင်မှာ ဖြစ်ပါတယ်။
အစောပိုင်းကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကနေ ထုတ်ဖော်လိုက်တဲ့ ပြည်သူ့ဆန္ဒကို အကောင်အထည်ဖော်ရေး ဆွေးနွေးဖို့အတွက် သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု လွှတ်တော် နာယကတို့ကို နိုဝင်ဘာ ၁၀ ရက်နေ့ နေ့စွဲနဲ့ ပေးပို့ တောင်းဆို ခဲ့ပါတယ်။
၁၉၉၀ ပြည့် ရွေးကောက်ပွဲတုန်းကလို ရလဒ်ကို အသိအမှတ် မပြုဘဲ လျစ်လျူရှုတာမျိုး မဖြစ်အောင်လို့ အခုလို ဆွေးနွေးဖို့ တောင်းဆိုရတာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့် တောင်းဆိုထားတဲ့အတိုင်း သမ္မတက တွေ့ဖို့ ရှိကြောင်း၊ ရွေးကောက်ပွဲ ရလဒ်တွေ အပြည့်အစုံ တရားဝင် ကြေညာပြီးတဲ့နောက်မှာ တွေ့ကြဖို့ ရှိကြောင်း သမ္မတ ကိုယ်စား ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။
နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းက နိုင်ငံတော် သမ္မတရုံးရဲ့ ထုတ်ပြန် ကြေညာချက်ထဲမှာတော့ ရွေးကောက်ပွဲ မဲရလဒ်တွေအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက လွှတ်တော် နေရာ အများစုနဲ့ ဦးဆောင်နေတဲ့ အတွက် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီကို ချီးကျူး ဂုဏ်ပြုကြောင်း ဖော်ပြ ထားပါတယ်။
သမ္မတရုံး ထုတ်ပြန်ချက်ထဲမှာ နိုင်ငံတော် အစိုးရအနေနဲ့ မဲဆန္ဒရှင် တိုင်းရင်းသား ပြည်သူတွေရဲ့ ရွေးချယ်မှုနှင့် အဆုံးအဖြတ်ကို လေးစားလိုက်နာပြီး သတ်မှတ်အချိန်များ အတိုင်း အေးချမ်း တည်ငြိမ်စွာ လွှဲပြောင်းနိုင်ရေးကို ဆောင်ရွက်သွားမှာ ဖြစ်တယ် လို့လည်း ဖော်ပြထားပါတယ်။
နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းမှာပဲ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) တပ်မတော် သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့ ကလည်း "ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ဆုံနိုင်ရေးအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများပြီးဆုံးချိန်မှာ နှစ်ဘက် ညှိနှိုင်းဆောင်ရွက်သွားမယ်"လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အနိုင်ရရှိသည့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ထုတ်ပြန် (၁၁-၁၁-၂၀၁၅) ည (၉) နာရီ။ MOI Webportal Myanmar
အစာငတ်ခံ ဆန္ဒထုတ်ဖော်နေသည့် ဗ.က.သ. ကျောင်းသား ကိုဖြိုးဓန သာယာဝတီ ဆေးရုံသို့ ပို့ဆောင်ထားရ
နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးအတွက် သာယာဝတီထောင်အတွင်း
အစာငတ်ခံ ဆန္ဒထုတ်ဖော်နေသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ
အဖွဲ့ချုပ်မှ ကိုဖြိုးဓနအား ကျန်းမာရေး အခြေအနေကြောင့် သာယာဝတီဆေးရုံသို့
ပို့ဆောင်ထားရကြောင်း ဗ.က.သ.အဖွဲ့ချုပ်ထံမှ သိရှိရသည်။
တစ်နိုင်ငံလုံးရှိ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် နိုင်ငံရေးအကျဉ်း သား
များအပေါ် စွဲချက်တင်ထားသည့် ပုဒ်မများ ပယ်ဖျက်ပေးရေးအတွက် သာယာဝတီ
ထောင်အတွင်း ဆန္ဒထုတ်ဖော်လျက်ရှိသည့် ကိုဖြိုးဓနမှာ အင်အားပြတ်နေသော
ကြောင့် လက်ရှိအချိန် နိုဝင်ဘာလ ၁၁ ရက်တွင် သာယာဝတီ အကျဉ်းထောင်
ဆေးရုံ၌ ဆေးစစ်မှုခံယူနေကြောင်း သိရသည်။
“ခေါင်းတောင် မထောင်နိုင်တော့လို့ ဆေးရုံကိုပို့လိုက်ရတာပါ။ အခြေအနေအရတော့
ဆေးကုသမှု ခံယူရမယ့် ပုံစံပါပဲ” ဟု သာယာဝတီတွင် ရောက်ရှိနေသော
ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ
ကိုဇော်မင်းထက်က ဆိုသည်။
သာယာဝတီထောင်အတွင်း အောက်တိုဘာ ၂၃ ရက်နေ့မှ စတင်ကာ ယခုအချိန်ထိ
အစာငတ်ခံ ဆန္ဒထုတ်ဖော် ခဲ့သူ ၈ ဦးအထိရှိနေပြီး သုံးဦးမှာ အစာငတ်
ဆန္ဒထုတ်ဖော်မှု ပျက်ပြယ်သွားပြီဖြစ်ပြီး ၅ ဦးသာ ကျန်ရှိတော့ကြောင်း
ကိုဇော်မင်းထက် ကဆိုသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ သာယာဝတီခရိုင် ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး အေးသိန်းက
''ဖြိုးဓနကို ဆေးရုံမှာ ဆေးစစ်ဖို့ ပို့ထားတယ်။ လိုအပ်လာရင်တော့ ကုသမှုခံယူရမှာ
ပေါ့။ လက်ရှိအချိန်တော့ အခြေအနေ မသိရသေးဘူး'' ဟု ဆိုသည်။
သာယာဝတီထောင်အတွင်း အစာငတ်ခံ ဆန္ဒထုတ်ဖော်နေသူများ အနေဖြင့်
ရဲစစ်တမ်းများအရ ၄ ဦးသာရှိပြီး ကိုအောင်မှိုင်းဆန်းမှာ ဆေးသွင်းခဲ့ရသည့်အတွက်
ပျက်ပြယ်သွားပြီဟုသတ်မှတ်ထားကြောင်း ဦးအေးသိန်းက ပြောသည်။
ဗမာနိုင်ငံလုံး ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ သာယာဝတီထောင်အတွင်း
အစာငတ်ခံ ဆန္ဒထုတ်ဖော်နေသူများမှာ ကိုဖြိုးဓန၊ ကိုအောင်မှိုင်းဆန်း၊ ကိုမျိုးမြတ်စံ၊
ကိုသိန်းနှင့် ကိုဒိန်းဒေါင်တို့ဖြစ်ပြီး မြင်းခြံထောင်တွင်လည်း ဗကသ မှ ကိုဇင်ကိုသန့်
နှင့် ကိုစိုးလှိုင်တို့မှာ အစာငတ်ခံ ဆန္ဒထုတ်ဖော်လျက်ရှိကြောင်း သိရသည်။
သတင်း - MMK
The Ladies News Journal
ကော်မရှင်ဥက္ကဌ ဦးတင်အေး မဲစာရင်းတွေကိစ္စပြော
ရွေးကောက်ပွဲအပြီး ဒိုင်လူကြီးက နိုင်သူကို နိုင်တဲ့ အထိမ်းအမှတ်အဖြစ် လက်မြှောက်ပေးရမှာဖြစ်ပေမယ့် ဒိုင်မှာတော့ ဒဏ်ရာဒဏ်ချက်တွေနဲ့ ကျန်ခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌဦးတင်အေးက ပြောပါတယ်။
ဒီကနေ့ နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ရုံးက သတင်းမီဒီယာစင်တာမှာ ဥက္ကဌဦးတင်အေးက နိုင်ငံရေးပါတီတွေက မဲစာရင်းတွေ မှန်ကန်မှုရှိရေးအတွက် ပူးပေါင်းဆောင်ရွက်တာ မရှိတဲ့အပြင် ဝေဘန်တိုက်ခိုက်မှုတွေ ရှိခဲ့တဲ့အပေါ် ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ပြည်သူတွေဟာ မဲစာရင်းတွေကပ်ထားချိန်မှာ မိမိတို့အမည် ပါမပါကို စစ်ဆေးဖို့ အားနည်းခဲ့ကြောင်းလည်း ပြောပါတယ်။ နေပြည်တော်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၆ သိန်းရှိရာမှာ ၂ သိန်းလောက်သာ မိမိတို့ အမည်စာရင်း ပါမပါ မှားယွင်းမှု ရှိမရှိကို စစ်ဆေးခဲ့တာတွေ့ရကြောင်း ပြောပါတယ်။
ကော်မရှင်အနေနဲ့ ရသုံးငွေစာရင်းရှင်းတမ်းကို ထုတ်ပြန်သွားမှာဖြစ်သလို တစ်ချိန်တည်းမှာလည်း ဘယ်နိုင်ငံခြားတိုင်းပြည်ကမှ တပြားမှ လက်ခံယူတာ မရှိကြောင်း နိုင်ငံခြားအဖွဲ့အစည်းတွေက လိုအပ်တဲ့ ပစ္စည်းတွေကိုသာ ၀ယ်ပေးခဲ့တာရှိကြောင်းလည်း ပြောပါတယ်။
ဒါ့အပြင် ကြိုတင်မဲနဲ့ပတ်သက်ပြီး ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ရဲ့ ဂုဏ်သိက္ခါကို ထိခိုက်တဲ့အတွက် မနက်ဖြန်လားရှိုးမှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး ရှင်းလင်းသွားမယ်လို့လည်း ပြောပါတယ်။
RFA Burmese
ထားဝယ်တိုင်းရင်းသားများပါတီမှ ၂၀၁၅အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ချီးကျူး ဂုဏ်ပြု ကျေးဇူးတင်ခြင်း ထုတ်ပြန်
ထားဝယ်တိုင်းရင်းသားများပါတီ(ဗဟို) မှ ၂၀၁၅အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ချီးကျူး ဂုဏ်ပြု ကျေးဇူးတင်ခြင်းကို နိုဝင်ဘာလ ၁၀ရက်နေ့စွဲဖြင့်ထုတ်ပြန်ကြေညာလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရုံးက ဂုဏ်ပြု
![]() |
ပြည်သူတွေ နိုင်ငံရေး နိုးကြားမှု အများကြီး ပိုရှိလာပြီလို့ ဘီဘီစီနဲ့ မေးမြန်းခန်းမှာ ဒေါ်စု ပြောခဲ့။ |
သမ္မတ ဦးသိန်းစိန်ရဲ့ ကိုယ်စား ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်ကလည်း ဒီကနေ့ နိုဝင်ဘာ ၁၁ ရက်မှာ အန်အယ်ဒီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ပြီး ချီးကျူး ဂုဏ်ပြုကြောင်း ပြောကြား ခဲ့ပါတယ်။
သမ္မတရုံး ထုတ်ပြန်ချက်ထဲမှာ နိုင်ငံတော် အစိုးရအနေနဲ့ မဲဆန္ဒရှင် တိုင်းရင်းသား ပြည်သူတွေရဲ့ ရွေးချယ်မှုနှင့် အဆုံးအဖြတ်ကို လေးစားလိုက်နာပြီး သတ်မှတ်အချိန်များ အတိုင်း အေးချမ်း တည်ငြိမ်စွာ လွှဲပြောင်းနိုင်ရေးကို ဆောင်ရွက်သွားမှာ ဖြစ်တယ် လို့လည်း ဖော်ပြ ထားပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်တဲ့ မဲရလဒ်တွေအရ နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းအထိ လွှတ်တော် ၃ ရပ်ပေါင်း အတွက် အမတ်နေရာ ၄၀ ရာခိုင်နှုန်းလောက် ကြေညာပြီးတဲ့ အထဲမှာ အန်အယ်ဒီက ၉၀ ရာခိုင်နှုန်းလောက် အနိုင်ရနေပါတယ်။ ပြည်သူ့လွှတ်တော် အတွက် အန်အယ်ဒီက ၁၇၉ နေရာ အနိုင်ရထားပြီး ပြည်ခိုင်ဖြိုး ပါတီကတော့ ၁၇ နေရာ နိုင်ထားပါတယ်။
အစောပိုင်းကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကနေ ထုတ်ဖော်လိုက်တဲ့ ပြည်သူ့ဆန္ဒကို အကောင်အထည်ဖော်ရေး ဆွေးနွေးဖို့အတွက် သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု လွှတ်တော် နာယကတို့ကို နိုဝင်ဘာ ၁၀ ရက်နေ့ နေ့စွဲနဲ့ ပေးပို့ တောင်းဆို ခဲ့ပါတယ်။
၁၉၉၀ ပြည့် ရွေးကောက်ပွဲတုန်းကလို ရလဒ်ကို အသိအမှတ် မပြုဘဲ လျစ်လျူရှုတာမျိုး မဖြစ်အောင်လို့ အခုလို ဆွေးနွေးဖို့ တောင်းဆိုရတာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့် တောင်းဆိုထားတဲ့အတိုင်း သမ္မတက တွေ့ဖို့ ရှိကြောင်း၊ ရွေးကောက်ပွဲ ရလဒ်တွေ အပြည့်အစုံ တရားဝင် ကြေညာပြီးတဲ့နောက်မှာ တွေ့ကြဖို့ ရှိကြောင်း သမ္မတ ကိုယ်စား ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။
ရွေးကောက်ပွဲ ရလဒ်တွေကို နှောင့်နှေးအောင် တမင်တကာ လုပ်ဆောင်တာမျိုး မရှိဘူး လို့လည်း သမ္မတ ပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။
ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာ ဖြစ်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာကနေ ထုတ်ပြန် ခဲ့ပါတယ်။
BBC Burmese
ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံဆွေးနွေးရန်တောင်းခံခြင်းနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ သဘောထားထုတ်ပြန်
ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံဆွေးနွေးရန် တောင်းခံခြင်းနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ သဘောထားကို တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ က သတင်းထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ ထုတ်ပြန်ချက်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုပြောကြားထားပါတယ်။
သမ္မတ၊ ကာချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ တို့နဲ့ တွေ့ဖို့ ဒေါ်စုပန်ကြား
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံ ဆွေးနွေးလို တဲ့အတွက် စီစဉ်ပေးဖို့ နိုဝင်ဘာလ ၁၀ ရက်နေ့ ရက်စွဲနဲ့ သီးခြား စာတစောင်စီပေးပို့ပြီး မေတ္တာရပ်ခံထားပါတယ်။
ရွေးကောက်ပွဲကနေတဆင့် ဖော်ထုတ်ခဲ့တဲ့ လူထုဆန္ဒကို တည်ငြိမ်အေးချမ်းမှန်ကန်စွာ အကောင်အထည်ဖော်တာဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ ပြည်သူပြည်သားတွေရဲ့ နှလုံးစိတ်ဝမ်းအေးချမ်းရေးအတွက် လွန်စွာမှအရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ပေးပို့တဲ့စာတွေမှာ ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အမျိုးသားပြန်လည်သင့်မြတ်ရေး သဘောထားကို အခြေခံပြီး လာမယ့်သီတင်းပတ်အတွင်း အဆင်ပြေတဲ့ အချိန်မှာ လာရောက်တွေ့ဆုံနိုင်ရေး စီစဉ်ပေးပါလို့ သမ္မတ၊ ပြည်ထောင်စုလွှတ်တော် နာယကနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ဆီကို ပေးပို့တဲ့ စာတွေမှာ ဖော်ပြထားတာပါ။
ဒေါ်အောင်ဆန်းစုကြည် ပေးပို့တဲ့စာနဲ့ပတ်သက်လို့ သမ္မတဦးသိန်းစိန်က ပြန်ကြားဖို့ တာဝန်ပေးတဲ့အတွက်ဆိုပြီး ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်က NLD ကိုပေးပို့တဲ့စာထဲမှာ တွေ့ဆုံ ဆွေးနွေးရေးနဲ့ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတွေ ပြီးဆုံးချိန်မှာ နှစ်ဘက် ညှိနှိုင်း ဆောင်ရွက်မယ်လို့ ပြောထားပါတယ်။ NLD ရဲ့ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်ထားတဲ့ ၀န်ကြီးဦးရဲထွဋ်ပြန်ကြားတဲ့စာထဲမှာ ဒီနေ့အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့တဲ့ ရလဒ်တွေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်နေရာအများစုနဲ့ ဦးဆောင် အနိုင်ရနေတဲ့အပေါ် ဂုဏ်ပြုပါကြောင်း ဖော်ပြထားပါတယ်။
သူရဦးရွှေမန်းကလည်း သူ့ရဲ့ တရားဝင်ဖေ့ဘုတ်စာမျက်နှာမှာ ဒေါ်အောင်ဆန်းစုကြည် ပေးပို့တဲ့စာ မူရင်းနဲ့အတူ သူ့ရဲ့ အကြောင်းပြန်ကြားချက်ကို ရေးထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လာမယ့်သီတင်းပတ်အတွင်း အဆင်ပြေမယ့်အချိန်မှာ အမျိုး သားသင့်မြတ်ရေးကို အခြေခံပြီ တခြားအရေးကိစ္စတွေရှိပါကလည်း ဆွေးနွေးနိုင်ဖို့ စီစဉ်ဆောင်ရွက်သွားမယ်လို့ သူရဦးရွှေမန်းက ပြောထားပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဘက်က တရားဝင် အကြောင်းပြန်ကြားတယ်ဆိုတာမျိုးတော့ အခုချိန်ထိ မသိရသေးပါဘူး။
ဗွီအိုအေ (မြန်မာပိုင်း)
ရှမ်းပြည်တောင်ပိုင်း တိုက်ပွဲတွေပြန်ဖြစ်
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်မြို့အတွင်းကို အစိုးရတပ်က လက်နက်ကြီးတွေနဲ့ အပါအ၀င် ဝေဟင်ကပါ ပစ်ခတ်တာတွေရှိနေပြီး မြို့ခံအများစုဟာ ဒီနေ့ နေ့ခင်းအထိ နေအိမ်တွေထဲက အပြင်မထွက်နိုင် တာကြောင့် လောလောဆည် နေအိမ်တချို့ ထိခိုက်ပျက်ဆီးကြောင်း သိရပေမဲ့ လူအထိအခိုက် သတင်းကိုတော့ မသိရသေးပါဘူး။ တချိန်တည်းမှာပဲ ရှမ်းပြည်တပ်မတော် ၀မ်ဟိုင်းဌာနချုပ်ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေတယ်လို့ ရှမ်းတပ်ဖွဲ့ဖက်က ပြောပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းက ကိုမိုးဇော်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံအ၀ှမ်း ရွေးကောက်ပွဲတွေကျင်းပပြီး နောက်တရက်မှာပဲ ရက်အတန်ကြာ ငြိမ်သက်နေခဲ့တဲ့ ရှမ်းပြည်နယ်အတွင်းမှာ အခုလို ပစ်ခတ် တိုက်ခိုက် တာတွေ ပြန်လည် စတင်ခဲ့တာပါ။ မိုင်းနောင်မြို့အတွင်း ပစ်ခတ် တိုက်ခတ် တာတွေဟာ မနေ့ညပိုင်းက စတင်ပြီး ဒီကနေ့ နေ့ခင်းပိုင်းထိ ဆက်တိုက်ဖြစ် ပွားနေတယ်လို့ မိုင်းနောင်မြို့ခံတဦးက အခုလို ပြောပါတယ်။
“မနေ့ညက ၇ နာရီ ကနေ စတာပေါ့ ။ ၇ နာရီကနေပြီးတော့ စစ်တပ်ကပဲ လက်နက်ကြီးနဲ့ မြို့ထဲနဲ့ မြို့ဆင်ခြေဖုံးတွေကို သေနတ်စပစ်တယ်။ မနက် ၈ နာရီကျတော့ စစ်ရဟတ်ယာဉ် ၂ စီးရောက်လာတယ်ခင်ဗျာ။ ဒီရဟတ်ယာဉ် ၂ စီးကလည်း စစ်သေနတ်တွေနဲ့ မြို့ထဲကို ထပ်မံပစ်ခတ်တယ် ခင်ဗျာ။ ပစ်ခတ်ပြီးတော့ ၈ နာရီ ၃၀ လောက်တော့ ခဏ ရပ်သွားတယ် ခင်ဗျာ။ ၈ နာရီ ၄၅ ကျတော့ စစ်သားတွေ အများကြီး ဆင်းလာပြီးတော့ လမ်းဆုံလမ်းခွတွေကနေပြီးတော့ ပစ်ခတ်တယ် ခင်ဗျာ။ အဲလိုနဲ့ အိုးအိမ်အချို့တွေ အပျက်အစီးတွေရှိတယ်။ နေ့လည် ၁၁ နာရီ တကျော့လောက်က ရဟတ်ယာဉ် ထပ်လာတယ်ခင်ဗျာ။ အဲဒီ ၂ စီးကလည်းပဲ ပစ်ခတ်တာတွေရှိတယ်ခင်ဗျာ။ လူတွေကတော့ အပြင်မထွက်ရဲ ကြတော့ အသေပျောက် စာရင်းကတော့ ဘယ်လိုရှိသလဲတော့ မသိကြဘူးခင်ဗျာ။”
ပစ်ခတ်သံတွေကတော့ နေ့ခင်း ၂နာရီလောက်အထိ မြို့တွင်းက ကြားနေရဆဲဖြစ် တယ်လို့ ပြောပါတယ်။ နေ့ခင်း ၁၀နာရီခွဲလောက်မှာတော့ SSA မြောက်ပိုင်းဌာနချုပ် ၀မ်ဟိုင်းကို လေကြောင်းက ပစ်ခတ်တိုက်ခိုက်တာတွေ ရှိတယ်လို့ ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA မြောက်ပိုင်းရဲ့ ဒုအတွင်းရေးမှုး စိုင်းခမ်းသီက ပြောပါတယ်။
“၁၀ နာရီ ၁၀ နာရီခွဲခါနီး တစီးက ဗုံးလာကျဲတယ် ခင်ဗျာ။ နောက်တစီး ဟိုက်စကီးနဲ့ ဘုန်းကြီးကျောင်းကို လာပစ်တယ်လေ။ ဘုန်းကြီးကျောင်းလဲ ထိတယ်လေ။ သူတို့ တနေရာထဲ လာပစ်တာပါ။ အထိအခိုက်တော့ မရှိပါဘူး။ ဘုန်းကြီးကျောင်းအုတ်နံရံ လဲပြိုသွားတယ်လေ။ ဆိုင်ကယ်တစီး မီးလောင်တယ်ခင်ဗျာ။ ဗုံးတလုံးက မကွဲဘူး ထင်တယ်။ ကွဲရင်တော့ ဘုန်းကြီးကျောင်း အကုန်လုံးလောင်သွားမှာလေ။
ဘုန်းကြီးကျောင်းမှာ ခိုလှုံနေသူတွေကတော့ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေး တိမ်းရှောင်သွားတယ်လို့လည်း ပြောပါတယ်။
ဒီပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်တပ်နဲ့ နီးစပ်သူတချို့က မိုင်းနောင်မြို့က စစ်ဗျူဟာကို SSA ၀မ်ဟိုင်းတပ်ဖွဲ့က လာရောက်တိုက်ခိုက်တာကြောင့် တပ်က ပြန်လည် ခုခံခဲ့ရာမှာ ဗိုလ်မှုးတဦး ကျဆုံးခဲ့တယ်လို့ လူမှုကွန်ယက် စာမျက်နှာတွေမှာ ဖော်ပြထားပါတယ်။
SSA မြောက်ပိုင်းကတော့ သူတို့ဖက်က စတင်တိုက်တာ မရှိကြောင်း ပြောဆိုပါတယ်။
“မဟုတ်ပါဘူး။ ဒါက တခါမှ သူတို့ရဲ့ ဂွင်လည်းမဟုတ်ဘူး၊ ကျနော်တို့နေရာလည်း မဟုတ်ဘူး။ တပ်တွေနဲ့ စစ်တိုက်စရာ အကြောင်းလဲ မရှိပါဘူး။”
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ပြန်သူ့ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်းကလည်း တပ်မတော်အနေနဲ့ ထိုးစစ်ဆင်တာ မရှိကြောင်း ပြောဆိုပါတယ်။
“ကျနော်တို့က စစ်ဆင်ရေး မလုပ်ဘူး ။ ကျနော်တို့တပ်တွေကလေ။ အဓိကတော့ သူတို့က သူတို့ သတ်မှတ်နေရာတွေမှာ မနေဘူးခင်ဗျာ။ အခု မိုင်းအောင်ဆိုတာ သူတို့ ဧရိယာ မဟုတ်ဘူး။ သူတို့ကကျော်ကျော်ပြီးတော့ ကျနော်တို့ စစ်သဘော အရပြောရရင်တော့ ဧရိယာ လုတာပေါ့ဗျာ။ အဲ့ဒီ့သဘောတွေကြောင့်ဖြစ်တာပေါ့ဗျာ။ တချို့နေရာတွေမှာ ကျနော်တို့တပ်တွေကို လာပြီးတော့ ပစ်ခတ်တာတွေရှိတာပေါ့ဗျာ။ ကျနော့ အနေနဲ့ ဒီလောက်ပဲ ပြောနိုင်ပါတယ်။”
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းတပ်ဖွဲ့ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ရေးဆွဲရာမှာ အစအဆုံးပါဝင်ခဲ့ပေမဲ့ လက်မှတ်ရေးထိုးရာမှာတော့ မပါဝင်ခဲ့ပါဘူး။ အစိုးရတပ်နဲ့ SSA မြောက်ပိုင်းတပ် အကြားမှာ NCA လက်မှတ်ရေးထိုးတဲ့ အောက်တိုဘာလ ၁၅ ရက်ဝန်းကျင်မှာ တိုက်ပွဲတွေပြန်လည် စတင်ခဲ့ပြီး ဒီတိုက်ပွဲတွေကြောင့် ဒုက္ခသည် ၄ထောင်လောက် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသလို ဒီဒေသအတွင်း မှာလည်း ရွေးကောက်ပွဲတွေ ကျင်းပတာကို ပယ်ဖျက်ခဲ့ပါတယ်။
ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
Tuesday, November 10, 2015
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းနောင်မြို့ရှိ တပ်ဌာနချုပ်သို့ အက်စ်အက်စ်အေ (ဝမ်ဟိုင်း)အဖွဲ့က လာရောက် တိုက်ခိုက်
နေပြည်တော် နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့ရှိ တပ်ဌာနချုပ်သို့ အက်စ်အက်စ်အေ (ဝမ်ဟိုင်း)အဖွဲ့မှ အင်အား ၁၂၀ ဦးခန့်သည် နိုဝင်ဘာ ၉ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အရှေ့ဘက်နှင့် အနောက်တောင်ဘက်တို့မှ လာရောက်ပစ်ခတ်ခဲ့သည်။ အလားတူ ည ၈ နာရီခွဲခန့်တွင် မိုင်းနောင်နယ်မြေ ရဲစခန်းကိုလည်း ဗုံးပစ်လောင်ချာများနှင့် ပစ်ခတ်ခဲ့သည်။ ယင်းသောင်းကျန်းသူ များသည် ယနေ့နံနက် ၄ နာရီခွဲခန့်တွင် ၁ ကြိမ်၊ ၅ နာရီခွဲခန့်တွင် ၁ ကြိမ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံလာရောက် ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်ဌာနချုပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များ၊ တပ်မတော် ရဟတ် ယာဉ်များဖြင့် တန်ပြန်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် နံနက် ၇ နာရီ ၄၅ မိနစ်တွင် ပြန်လည်ဆုတ်ခွာသွားခဲ့ သည်။ မိုင်းနောင် တပ်ဌာနချုပ်တွင် လုံခြုံရေးအရ လိုအပ်သည့် အတားအဆီးများ ပြုလုပ်ထားခြင်းကြောင့် အက်စ်အက်စ်အေ (ဝမ်ဟိုင်း)အဖွဲ့သည် အများပြည်သူ နေထိုင်ရာ ရပ်ကွက်များ အတွင်းမှ ပြည်သူလူထုအား အကာအကွယ်ယူ၍ ဝင်ရောက်တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ၊ စစ်သည်တချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာများ ရရှိခဲ့၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် တချို့လည်း ထိခိုက်ဒဏ်ရာရရှိပြီး အဆောက်အဦ တချို့လည်း ပျက်စီးခဲ့သည်။
အက်စ်အက်စ်အေ (ဝမ်ဟိုင်း)အဖွဲ့ အနေဖြင့် အဆိုပါ တပ်ဌာနချုပ်သို့ နိုဝင်ဘာ ၁ ရက် ညပိုင်းတွင် ၁ ကြိမ်၊ နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ၁ ကြိမ်၊ နိုဝင်ဘာ ၃ ရက် ညပိုင်းတွင် ၂ ကြိမ်၊ နိုဝင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် ၃ ကြိမ် လက်နက်ကြီး၊ လက်နက်ငယ်များနှင့် လာရောက်နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တပ်မတော် တပ်ရင်းဌာနချုပ်များနှင့် တပ်ဌာနချုပ်တို့ကိုပါ အကြိမ်ကြိမ် လာရောက်နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ် လာခြင်းကြောင့် တပ်မတော်က တန်ပြန်တိုက်ခိုက်မှုများနှင့် နယ်မြေရှင်းလင်းခြင်းများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။
မြ၀တီ
https://www.facebook.com/mwdmedia/
NLD တီရှပ် အမြောက်အမြား ဝယ်ယူသွားကြောင်း သိရ၊ အစုလိုက် အဖွဲ့လိုက် လှုပ်ရှားမှုများကို လုံခြုံရေး အသိဖြင့် စောင့်ကြည့်ရန် နှိုးဆော်
ဈေးအချို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမှတ်တံဆိပ်ပါ အနီရောင် တီရှပ်များကို အမြောက်အပြား ဝယ်ယူသွားကြောင်း NLD က သတိပေးကြေညာချက် ထုတ်ပြန်လိုက်သည်။
အဖွဲ့ချုပ်၏ တီရှပ်၊ နဖူးစီး ၊လွယ်အိတ်များ ဝတ်ဆင်ကိုင်ဆောင်ထားတိုင်း အဖွဲ့ချုပ်ဝင် မဟုတ်နိုင်ဘဲ ထိုသို့ပုဂ္ဂိုလ်များ အစုလိုက် အဖွဲ့လိုက် လှုပ်ရှားမှုများကို လုံခြုံရေး အသိဖြင့် စောင့်ကြည့်ရန်လည်း နှိုးဆော် ထားပါသည်။
ဒေါက်တာစိုင်းမောက်ခမ်း အနိုင်ရ
လားရှိုးမြို့ နယ် မဲရလဒ်များကို ထုတ်ပြန်ရာတွင် ပြည်သူ လွှတ်တော်မဲဆန္ဒနယ်
တွင် ပြည်ခိုင်ဖြိုးပါတီပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်
ဒေါက်တာစိုင်းမောက်ခမ်းက အနိုင်ရရှိသွားပါတယ်။ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် ( ၁
) မှာတော့ NLD ကအနိုင်ရ ရှိကာ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် ( ၂ ) မှာတော့
ကြံခိုင်ဖွံ့ ဖြိုးရေးပါတီကအနိုင်ရ ရှိတယ် လို့ ပြည်နယ် ကော်မရှင်က
ထုတ်ပြန်တဲ့စာရင်းအရသိရှိရပါတယ်။
လားရှိုးမြို့ နယ် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ မဲရလဒ် တွေကို လက်ခံတဲ့အနေ နဲ့  NLD ပါတီနဲ့ SNLD ပါတီကကိုယ်စားလှယ်တွေဟာ ပုံစံ ၁၉ မှာလက်မှတ်ထိုး လိုက်ပါပြီ။
လားရှိုးမြို့ ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်မှာ ပြည်ခိုင်ဖြိုးပါတီပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုင်းမောက်ခမ်းက ၃၀၉၀၉ မဲ NLD က ၂၆၇၂၆ မဲ နဲ့ SNLD က ၁၇၂၇၇ ရရှိတဲ့ အတွက် ဒေါက်တာစိုင်းမောက်ခမ်း ကအနိုင်ရ ရှိသွားပါပြီ။
BBC Burmese
https://www.facebook.com/bbcburmese/
လားရှိုးမြို့ နယ် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ မဲရလဒ် တွေကို လက်ခံတဲ့အနေ နဲ့  NLD ပါတီနဲ့ SNLD ပါတီကကိုယ်စားလှယ်တွေဟာ ပုံစံ ၁၉ မှာလက်မှတ်ထိုး လိုက်ပါပြီ။
လားရှိုးမြို့ ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်မှာ ပြည်ခိုင်ဖြိုးပါတီပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုင်းမောက်ခမ်းက ၃၀၉၀၉ မဲ NLD က ၂၆၇၂၆ မဲ နဲ့ SNLD က ၁၇၂၇၇ ရရှိတဲ့ အတွက် ဒေါက်တာစိုင်းမောက်ခမ်း ကအနိုင်ရ ရှိသွားပါပြီ။
BBC Burmese
https://www.facebook.com/bbcburmese/