Pages

Saturday, November 21, 2015

ထားဝယ်တွင် လိုင်စင်မဲ့ အရက်ဆိုင်များကို အရှိန်မြှင့် ဖမ်းဆီးသွားမည်


ထားဝယ်၊ နိုဝင်ဘာ ၂၁

ထားဝယ်မြို့တွင် လိုင်စင်မဲ့ အရက်ဆိုင်များကို ယခုနိုဝင်ဘာလမှစပြီး အရှိန်မြှင့် ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ထားဝယ်မြို့မ ရဲစခန်းမှ သိရသည်။
ယခင်ကဲသို့ အမှုလိုအပ်ချက် ပြည့်မီအောင် အလှည့်ကျ ဖမ်းဆီး နေခြင်း မဟုတ်တော့ပဲ ပြတ်ပြတ် သားသား ဖမ်းဆီး အရေးယူသွား တော့မည်ဟု မြို့မရဲစခန်းမှူးက ဆို သည်။
အခုချိန်က စပြီး ထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်တယ်”ဟု စခန်းမှူး ဒုရဲမှူး မျိုးမြင့်ဦးက ပြောသည်။
အအေးဆိုင်၊  စတိုးဆိုင်များတွင် အရက်ဘီယာ ရောင်းချနေမှုများကိုလည်း ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကာ ထားဝယ်၌ ရဲတပ်ဖွဲ့ ဝန်ထမ်းဖွဲ့စည်းပုံ မပြည့်မီသည့်အတွက် အခြားတာဝန်များ မရှိသည့် အချိန်တွင် အင်အားကို ထုတ်နှုတ်ပြီး ကြိုးစားဖမ်းနေရကြောင်း ယင်းက ဆက်ပြောသည်။့
နိုဝင်ဘာလ ၁၅ ရက်က ထားဝယ်မြို့တွင် လိုင်စင်မဲ့ အရက်ဆိုင် ၁၀ ဆိုင်ဖမ်းဆီး အရေးယူနိုင်ခဲ့ပြီး အင်အားအနည်းငယ်ဖြင့် သွားရောက် ဖမ်းဆီးပါက ပြန်ခုခံပြီး မလိုလားအပ်သည့် ပြဿနာများ မဖြစ်လာစေရေးအတွက် အင်အားကို ပြန် စုစည်းပြီး ဖမ်းဆီးနေရကြောင်း သိရသည်။
အရက်ဆိုင် ရောင်းချသူများ အနေဖြင့် ယစ်မျိုးလိုင်စင် ၄၁မျိုးရှိ သည့်အနက် အရက်ဖြူအား  စားသောက်ဆိုင်အတွင်း ရောင်းချ သောက်သုံးခွင့်လိုင်စင်အား တစ်သိန်း ကျပ်မှ စ၍ မိမိရောင်းချမည့် အရက် အမျိုးအမည်ပေါ် မူတည်ကာ ငွေကျပ် သိန်းဆယ်ဂဏန်းအထိ ပြုလုပ်ရကြောင်း သိရသည်။
အရက်ရောင်းချခွင့်လိုင်စင် ၃ မျိုး ခန့်ပြုလုပ်ပါက အရက်ကို ဈေးတင် ရောင်းချမည်ဖြစ်သဖြင့် ဈေးကွက်အရ  မိမိဆိုင်တွင် သောက်သုံးသူရှိတော့မည် မဟုတ်ဟု ထားဝယ်မြို့ပေါ်ရပ်ကွက်မှ အရက်ရောင်းချသူတစ်ဦးက ဆိုသည်။
“တစ်နှစ်ကို တစ်ဆယ့်ငါးသိန်း လောက် အကုန်ကျခံပြီး လိုင်စင် လုပ်ရ မယ်ဆိုရင် မရောင်းတော့ဘဲ ဆိုင်ပိတ် လိုက်တာ ကောင်းမယ်ဟု ၎င်းက ဆိုသည်။
အရက်ဆိုင်ဖွင့်ကာ လက်လီ ရောင်းချနေသည့် ဆိုင်ရှင်များသည်  သက်ဆိုင်ရာ ယစ်မျိုးလိုင်စင်များအပြင် စည်ပင်အခွန်နှင့် အမြတ်ခွန်များကိုလည်း တစ်နှစ်တစ်ကြိမ် ပေးဆောင်နေရ ကြောင်း သိရသည်။
ယစ်မျိုး လိုင်စင်များကို လိုင်စင် သက်တမ်း ၁ နှစ်ပေးထားပြီး သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့် မတ်လတွင် လိုင်စင်အသစ် လဲလှယ်ပေးကာ လိုင်စင်အသစ် ချထားပေးခြင်း မရှိတော့ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ စုံစမ်းသိရှိရသည်။
ယစ်မျိုးလိုင်စင်မရှိဘဲ အရက်ဆိုင် ရောင်းချနေသူများကို ယစ်မျိုး ၃၀ ဥပဒေအရ အနိမ့်ဆုံး ဒဏ်ကြေးငွေ ကျပ်တစ်ထောင်မှ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်တစ်လအထိ ချမှတ် နိုင်ကြောင်း သိရသည်။
 |Dawei Watch|

အိုက်အက်စ်ကို အရှိန်မြှင့်နှိမ်နင်းရန် ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်


အစ္စလာမ္မစ် နိုင်ငံတော်အမည်ခံ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို အရှိန်မြှင့်နှိမ်နှင်းဖို့ ဥပဒေတရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံလုံးက နိုဝင်ဘာ ၂၀ ရက်နေ့မှာ တညီတညွတ်တည်း ထောက်ခံအတည်ပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့တပတ်က ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်တိုက်ခိုက်မှုတွေအပြီး အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို တတ်နိုင်သမျှ နည်းလမ်းစုံသုံး နှိမ်နင်းဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပြင်သစ်နိုင်ငံက အဆိုတင်သွင်းခဲ့တာပါ။
ပါရီမြို့တော်တိုက်ခိုက်မှုတွေမှာ နိုဝင်ဘာ ၂၁ ရက်နေ့အထိ သေဆုံးသူ ၁၃၀ ရှိလာခဲ့ပြီး အိုင်အက်စ်အကြမ်းဖက်အဖွဲ့က တာဝန်ခံကြေညာထားပါတယ်။
အခုလထဲမှာပဲ လက်ဘနွန်နိုင်ငံ၊ ဘေရွက်မြို့တော် အသေခံဗုံးခွဲမှု ၂ ခုကိုလည်း အိုင်အက်စ်အကြမ်းဖက်အဖွဲ့က လုပ်ဆောင်တာလို့ ၀န်ခံထားပြီး လူ ၄၀ ကျော်သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့လက လူ ၂၂၄ ဦး သေဆုံးခဲ့တဲ့ ရုရှားလေကြောင်းလိုင်းတခုကို ဗုံးခွဲခဲ့တာကိုလည်း အိုင်အက်စ်အကြမ်းဖက် လက်အောက်ခံအဖွဲ့က လုပ်ဆောင်တယ်လို့ ပြောဆိုပါတယ်။
ပါရီတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့အပြီး ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်စ်ဆလ်မြို့တော်ကို တိုက်ခိုက်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေ ရှိတဲ့အတွက် ဘရပ်စ်ဆလ်မြို့တော်လုံခြုံရေးကို အဆင့်အမြင့်ဆုံး မြှင့်တင်ထားပါတယ်။
ပါရီမြို့တော်တိုက်ခိုက်ခဲ့သူတွေထဲ ဘရပ်စ်ဆလ်မြို့တော်မှာ နေထိုင်သူတချို့ပါဝင်ပြီး နောက်ဆုံး လွတ်နေသေးတဲ့ တယောက်လည်း ဘရပ်စ်ဆလ်မြို့တော်မှာ ရှိနေတယ်လို့ ဘယ်လ်ဂျီယံ လုံခြုံရေးအာဏာပိုင်တွေက ယုံကြည်နေကြပါတယ်။
DVB

မောင်းမကန် ကမ်းခြေသဲသောင်ပြင်တွင် စားသောက်ဆိုင်အချို့ မြေနီခင်းထားမှုအပေါ် ဒေသခံများကြား ဝေဖန်မှုမြင့်တက်




မောင်းမကန်ကမ်းခြေ သဲသောင် ပြင်တွင် စားသောက်ဆိုင်အချို့ မြေနီခင်းထားခြင်းကြောင့် ကမ်းခြေ သဲသောင်ပြင် သဘာဝအလှ ပျက်စီးသွားခဲ့သည်ဟုဆိုကာ ဒေသခံ များကြား ဝေဖန်ပြောဆိုလျက် ရှိသည်။
ကမ်းခြေသဲသောင်ပြင်တွင် မြေနီ ခင်းထားခြင်းကြောင့် သဘာဝအလှ ပျက်စီးသည့်အပြင် ကျန်းမာ ရေးအတွက် သန့်ရှင်း လတ်ဆတ်သည့် လေကောင်း လေသန့် မရှူရတော့ဘဲ ဖုန်ထသည့် အတွက် ဖုန်မှုန့်များကိုသာ ရှုရှိုက်နေရ မည်ကို စိုးရိမ်ကြောင်း မောင်းမကန် ကမ်းခြေသို့ အမြဲသွားပြီး အပန်းဖြေ လေ့ရှိသည့် ထားဝယ်မြို့ပေါ်မှ ဒေသခံ တစ်ဦးက ဆိုသည်။
]]လေကောင်းလေသန့် ရှူရမယ့် အစား ဖုန်တထောင်းထောင်း ထနေတဲ့ လေတွေပဲ ရှူရှိုက်ရတော့မယ် ထင်တယ်}}ဟု အသက် ၄၀ အရွယ် ထားဝယ်မြို့ခံ တစ်ဦးက ပြောသည်။
ယင်းသို့ မြေနီခင်းခြင်းသည် သဘာဝအတိုင်းလှပနေသည့် ကမ်းခြေ ကို ဖျက်ဆီးရာ ရောက်နေပြီး စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့အနေဖြင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးနိုင်မည့် အပြုအမူ နှင့် အဆောက်အဦးပုံစံမှအစ ထိန်းသိမ်း ကြပ်မတ်သင့်သည်ဟု ၎င်းက ဆက် ပြောသည်။
ကမ်းခြေ၌ ယင်းသို့ မြေနီ ခင်းခြင်း မှာ ဆိုင်ကယ်၊ ကားများ ဘီး မနစ်ဘဲ ဝင်ထွက် သွားလာ နိုင်ရန် ဖြစ်ကြောင်း  ဆိုင်ရှေ့တွင် မြေနီခင်းထားသည့် စား သောက်ဆိုင် ပိုင်ရှင်တစ်ဦးက ဆိုသည်။
]]သဲသောင်ပြင်မှာ မြေနီခင်းလိုက် လို့ သဘာဝအလှ ပျက်စီးသွားမယ်လို့ မတွေးမိဘူး}}ဟု ၎င်းက ပြောသည်။
သဲသောင်ပြင်တွင် မြေနီခင်း လိုက်ခြင်းကြောင့် သဘာဝကမ်းခြေအလှ ပျက်စီးသွားပြီး ကား၊ ဆိုင်ကယ်တွေ သည်လည်း ဆိုင်များ၏ အနောက် ဘက်မှာပဲ ရှိသင့်ကြောင်း မောင်းမကန် ကမ်းခြေအနီး ဖွင့်လှစ်ထားသည့် ကိုကိုးလ်နတ် ဧည့်ရိပ်သာမှ ဒေါ်ဇင်မာ အေးက ဆိုသည်။
]]သဘာဝ သဲသောင်ပြင်ပဲ ဖြစ်သင့် တယ်}}ဟု ၎င်းက ပြောသည်။
ကမ်းခြေရှိ စားသောက်ဆိုင်များကို ဘန်ဂလိုရှေ့ ခြံစည်းရိုးမှ ပေ ငါး ဆယ်အတွင်းသာ ဆောက်လုပ်ခွင့် ပေး ထားပြီး ယခုကဲ့သို့ မြေနီခင်းနေခြင်းကို ခွင့်ပြုထားခြင်းမရှိကြောင်း မောင်းမကန် ကမ်းခြေ သာယာလှပရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီ(ရပ်^ကျေး)မှ သိရသည်။
စည်းကမ်း ထိန်းသိမ်းရေး ကော် မတီအနေနဲ့ တင်ပြခွင့်သာရှိပြီး အရေး ယူဆောင်ရွက်ပိုင်ခွင့် မရှိပါဘူး}}ဟု စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးယူသိန်းက ပြောသည်။
ယင်းကိစ္စအား သိရှိခြင်းမရှိသေးဘဲ ကော်မတီမှ ကွင်းဆင်းစစ်ဆေးပြီး အကြောင်းအရာပေါ် ချိန်ညှိကာ ပြန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကမ်းခြေ သာယာလှပရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ (မြို့နယ်) အတွင်းရေးမှူးက ပြောသည်။
ကွင်းဆင်းစစ်ဆေးပြီး မြို့နယ် ကော်မတီကို တင်ပြသွားမယ်ဟုမြို့နယ် ကော်မတီအတွင်းရေးမှူး လောင်းလုံး မြို့နယ် စည်ပင်အမှုဆောင်အရာရှိ ဦး ထွန်းမြင့်က ပြောသည်။
သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့မှ တရားဝင်ထုတ်ပြန်ထားသည့် မြေပုံအရ ကမ်းခြေစားသောက် ဆိုင် တန်းရှေ့နှင့် သဲသောင်ပြင်ကြားတွင် ကားလမ်းပါရှိသည်ဟု အထက်ပါ မြေပုံ အရ သိရသည်။
Dawei watch

တံတားတည်ဆောက်ပြုပြင်ရန် ကျပ်သန်းပေါင်း ၂ သိန်းခွဲခန့် အသုံးပြုမည်


တံတားပေါင်း ၅၀၀ ကျော်ကို တည်ဆောက်၊ ပြင်ဆင်ဖို့အတွက် ကျပ်သန်းပေါင်း ၂၄၇၀၃၀ သုံးမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေ၊ သီးသန့် ရန်ပုံငွေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်ကအပ်နှံ ရန်ပုံငွေတွေနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။
ဒီထဲမှာ ပေ ၁၈၀ အထက်တံတား ၁၃၃ စင်း၊ ပေ ၁၈၀ အောက် ၃၀၈ စင်းနဲ့ ပြင်ဆင်ဖို့ ၉၈ စင်း ပါဝင်ပါတယ်။
လက်ရှိမှာတော့ တံတားတွေကို ယာယီပြင်ဆင်တာ ရာနှုန်းပြည့်နီးပါးနဲ့ အသစ်တည်ဆောက်တာမှာတော့ ၅၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီလို သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
DVB

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့ခြင်းက ညီညွတ်ပြီး အားလုံး ပါဝင်သော ဒီမိုကရက်တစ်နိုင်ငံ ဖြစ်လာရန် မျှော်လင့်ချက်ဟု အမေရိကန် သမ္မတ အိုဘားမား ပြောကြား

သမ္မတ အိုဘားမားအား နိုဝင်ဘာ ၂၁ ရက် ည ၇ နာရီတွင် ပြုလုပ်သည့် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး၌ တွေ့ရစဉ်

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့ခြင်းက ညီညွတ်ပြီး အားလုံးပါဝင်သော ဒီမိုကရက်တစ်နိုင်ငံ ဖြစ်လာရန် မျှော်လင့်ချက်တစ်ခု ဖြစ်စေကြောင်း အမေရိကန် သမ္မတ ဘားရတ်အိုဘားမားက နိုဝင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။ 
သမ္မတ အိုဘားမားသည် အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီး ဆွေးနွေးပွဲတွင် မိန့်ခွန်းပြောကြားခဲ့ပြီး အဆိုပါ မိန့်ခွန်း၌ ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ 
"ကျွန်တော်တို့အနေနဲ့ မြန်မာပြည်သူတွေနဲ့ ဆက်ဆံရေးကို ဆက်လက် တည်ဆောက်သွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့မှုဟာ မြန်မာအတွက် ငြိမ်းချမ်းစွာနဲ့ အားလုံးပါဝင်ပြီး ညီညွတ်တဲ့ ဒီမိုကရက်တစ်နိုင်ငံ ဖြစ်လာဖို့ မျှော်လင့်ချက်တစ်ခုပါပဲ"ဟု သမ္မတ အိုဘားမားက ဆိုပါသည်။ 
သမ္မတ အိုဘားမားသည် ၂၇ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ တက်ရောက်ရန်အတွက် နိုဝင်ဘာ ၂၀ ရက်တွင် မလေးရှားနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ထိုနေ့မှာပင် ပြုလုပ်သည့် လူငယ်တွေ့ဆုံပွဲ၌လည်း မြန်မာ့ရွေးကောက်ပွဲသည် ဒီမိုကရက် တစ်နိုင်ငံ ဖြစ်လာရန် အစပြုခြင်းဖြစ်သည်ဟု သတင်းစကား ပြောကြားခဲ့ပါသည်။ ထို့အတူ နိုင်ငံရေး အပြောင်းအလဲ၌ ပါဝင်ခဲ့သော မြန်မာလူထုကိုလည်း ချီးကျူးခဲ့ပါသည်။ 
ထို့နောက် နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက် မိန့်ခွန်းပြောခဲ့ပြီး ဒုက္ခသည် ကလေးငယ်များစွာ ခိုလှုံနေသည့်  Dignity for Children Foundation သို့ သွားရောက်ကာ မြန်မာနိုင်ငံမှ ရောက်ရှိလာသော ဒုက္ခသည် ကလေးငယ်များနှင့်လည်း တွေ့ဆုံခဲ့သည်။ ထိုကလေးငယ်များသည် မြန်မာနိုင်ငံ တစ်ခုတည်းမှ ဒုက္ခသည်များကို ကိုယ်စားပြုခြင်း မဟုတ်ဘဲ ဆီးရီးယားနှင့် အီရတ်မှ ဒုက္ခသည် ကလေးငယ်များအားလုံးကို ကိုယ်စားပြုကြောင်း သမ္မတ အိုဘားမားက ပြောကြားခဲ့သည်။ 
သမ္မတ အိုဘားမားသည် နိုဝင်ဘာ ၂၁ ရက် ည ၇ နာရီ (မလေးရှား စံတော်ချိန်)တွင် ၃ ကြိမ်မြောက် အာဆီယံ - အမေရိကန် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ထိုအစည်းအဝေးအပြီးတွင် 
အစည်းအဝေး ခန်းမထဲ၌ပင် သမ္မတ ဦးသိန်းစိန်နှင့် ခေတ္တတွေ့ဆုံခဲ့ကာ မြန်မာ့ရွေးကောက်ပွဲအကြောင်း ဆွေးနွေးခဲ့ကြောင်း သိရပါသည်။ 
မလေးရှား အာဆီယံ အစည်းအဝေးကာလအတွင်း နိုဝင်ဘာ ၂၂ ရက်တွင် အမေရိကန် သမ္မတ အိုဘားမားနှင့် သမ္မတ ဦးသိန်းစိန်တို့ သီးခြားတွေ့ဆုံရန် ရှိသည်ဆိုသော် သတင်းများ ထွက်ပေါ်နေသော်လည်း နိုဝင်ဘာ ၂၁ ရက် ညပိုင်းအချိန်အထိ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ 
Eleven Media Group

Friday, November 20, 2015

သမ္မတ ဦးသိန်းစိန် မလေးရှားနိုင်ငံ သွားရောက်

သမ္မတ ဦးသိန်းစိန် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူသို့ ရောက်ရှိစဉ်။ (ဓာတ်ပုံ - ရဲထွဋ်ဖေ့စ်ဘွတ်ခ်)

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ၂၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူကို ဒီကနေ့ နိုဝင်ဘာ ၂၀ ရက်နေ့ မနက်က ထွက်ခွာသွားပါတယ်။
နေပြည်တော်ကနေ ဒီကနေ့မနက် ၉ နာရီလောက်က မြန်မာအမျိုးသားလေကြောင်းလိုင်း အထူးလေယာဉ်နဲ့ ထွက်ခွာသွားတာဖြစ်ပြီး ဒု-သမ္မတ စိုင်းမောက်ခမ်းနဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က လိုက်ပါပို့ဆောင်ခဲ့တယ်လို့ နိုင်ငံပိုင် မြန်မာ့ရုပ်သံက ထုတ်လွှင့်သွားပါတယ်။
အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို မလေးရှားနိုင်ငံမှာ နိုဝင်ဘာ ၁၈ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ကျင်းပနေတာ ဖြစ်ပါတယ်။
အစည်းအဝေးကျင်းပမယ့် မြို့တော်ကွာလာလမ်ပူမှာ အိုင်အက်စ် အသေခံဗုံးခွဲ အကြမ်းဖက်သမား ၁၀ ဦး ရောက်နေတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ထွက်နေတာကြောင့် စစ်သည်အင်အား ၂၀၀၀ လောက်နဲ့ ရဲတွေအပါအ၀င် လုံခြုံရေးအလုံးအရင်း ချထားပြီး တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေပါတယ်။
ဒီအစည်းအဝေးမှာ မြန်မာအပါအ၀င် အာဆီယံ ၁၀ နိုင်ငံက ခေါင်းဆောင်တွေနဲ့  အမေရိကန်သမ္မတ အိုဘားမား အပါအ၀င် သြစတြေးလျ၊ နယူးဇီလန်၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယနဲ့ ရုရှားနိုင်ငံက ခေါင်းဆောင်တွေလည်း တက်ရောက်ဖို့ ရှိနေတာပါ။
DVB

ဘော့ဆွာနာနိုင်ငံတွင် ကမ္ဘာ့ဒုတိယအကြီးဆုံး စိန်တုံး တူးဖော်ရရှိ


ကမ္ဘာ့ဒုတိယအကြီးဆုံး စိန်တုံးတတုံးကို အာဖရိကနိုင်ငံတခုဖြစ်တဲ့ ဘော့ဆွာနာနိုင်ငံမှာ တူးဖော်ရရှိတယ်လို့ ကနေဒါအခြေစိုက် Lucara စိန်တွင်းကုမ္ပဏီက နိုဝင်ဘာ ၁၈ ရက်က ပြောဆိုပါတယ်။
အလေးချိန် ၁၁၁၁ ကရက်ရှိပြီး မြို့တော်မြောက်ဘက် မိုင် ၃၀၀ အကွာက စိန်တွင်းတတွင်းမှာ တူးဖော်ရရှိခဲ့တာ ဖြစ်ပါတယ်။
ဘော့ဆွာနာနိုင်ငံမှာ တူးဖော်ရရှိခဲ့သမျှ စိန်တုံးတွေထဲမှာ အကြီးဆုံးစိန်တုံးနဲ့ အခုရာစုနှစ်ထဲမှာ အကြီးဆုံးစိန်တုံးလည်း ဖြစ်ပါတယ်။
ကမ္ဘာ့အကြီးဆုံးစိန်ကိုတော့ ၁၉၀၅ ခုနှစ်က တောင်အာဖရိကနိုင်ငံမှာ တူးဖော်ရရှိပြီး အလေးချိန် ၃၁၀၀ ကရက်ကျော် ရှိပါတယ်။
အဲ့ဒီစိန်တုံးကို စိန်ပွင့် ၉ ပွင့် ခွဲစိတ်ခဲ့ပြီး အများစုကတော့ ဗြိတိန်တော်ဝင်သရဖူမှာ ဆင်ထားပါတယ်။
ထူးထူးခြားခြား အရွယ်ကြီးမားပြီး အလေးချိန် ကရက် ၈၀၀ ကျော်နဲ့ ၄၀၀ နီးပါးရှိတဲ့ စိန်တုံး ၂ တုံးကိုလည်း အဲ့ဒီစိန်တွင်းတတွင်းထဲမှာ တူးဖော်ရရှိခဲ့တယ်လို့ စိန်တွင်းကို ပိုင်ဆိုင်တဲ့ Lucara စိန်တွင်းကုမ္ပဏီက ပြောဆိုပါတယ်။
လောလောဆယ် စိန်တုံးရဲ့တန်ဖိုးကို မသတ်မှတ်ရသေးပေမယ့် အရည်အသွေးမြင့်တဲ့အတွက် တန်ဖိုးအတော်မြင့်မယ်လို့ ပြောဆိုပါတယ်။
တောင်အာဖရိကနိုင်ငံမှာ တူးဖော်ရရှိပြီး အပြစ်အနာအဆာမရှိတဲ့ ၁၀၀ ကရက်ရှိ စိန်ပွင့်တပွင့်ကိုတော့ အခုနှစ် ဧပြီလက အမေရိကန်ဒေါ်လာ ၂၂ သန်းကျော်နဲ့ နယူးယောက်မြို့မှာ ရောင်းချခဲ့ရပါတယ်။
DVB

ဗန်းမောက်-အင်းတော်ကားလမ်း မြေသားများမြင့်တက်လာမှု ဒေသခံများစောင့်ကြည့် (သတင်းဓာတ်ပုံ)

  • 12122957_495035564008737_4176812674048405520_n
  • 12227087_495035450675415_2378089105952159816_n
  • 12241449_495035510675409_516010979470759930_n
  • 12243298_495035437342083_1283826464614189494_n
  • 12246862_495035537342073_887248176635549768_n
  • 12246996_495035494008744_316884067129899364_n

သတင်းဓာတ်ပုံ – သီဟဆွေ (ကသာ)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ အင်းရွာကျေးနဲ့ သက္ကကျင်းကျေးရွာအကြား မိုင်တိုင်အမှတ် ၂၀/၃ အနီး ဗန်းမောက်-အင်းတော် ကားလမ်းမပေါ်မှာ မြေသားတွေ တဖြည်းဖြည်း မြင့်မောက်အက်ကွဲလာလို့ ဒေသခံတွေ စိုးရိမ်မှုမကင်း ဖြစ်နေကြပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၁၁ ရက်နေ့က လက်ရှိဖြစ်ပေါ်နေတဲ့ နေရာနဲ့ ၇ မိုင်ခန့်အကွာ အင်းတော်မြို့နယ်၊ ကျွဲကူး၊ ဆိပ်သာ၊ မာန်ဖာ ကျေးရွာတွေကို ဗဟိုပြုပြီး အင်အား ၄ ဒသမ ၅ ပြင်းအားရှိတဲ့ မြေငလျင်တခု လှုပ်ခတ်ခဲ့ပါတယ်။
အဲဒီလှုပ်ခတ်ခဲ့တဲ့ မြေငလျင်ဒဏ်ကြောင့် အခုဖြစ်ပေါ်နေတဲ့ မြေအောက်မှာ ပြတ်ရွေ့ကြောတခု ဖြစ်လာမလားဆိုပြီး ဒေသခံတွေ စိုးရိမ်မကင်းဖြစ်နေကြောင်း၊ ဒေသခံတွေအနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ကွင်းဆင်းလေ့လာ ကြည့်ရှု ပေးစေလိုကြောင်း နတ်မဟုတ်ကလေး ကျေးရွာနေ ကိုကျော်က ပြောပါတယ်။

DVB

လန်ဒန်ဆရာတော်တို့၏ အမှုအား တရားရှင် လွှတ်ပေးရန် နှစ်ဖက်ကြားနာမှုကို စစ်ဆေးထားရာ ဒီဇင်ဘာ ၁၀ရက်တွင် အမိန့်ချမည်

လန်ဒန်ဆရာတော်တို့၏ အမှုအား တရားရှင် လွှတ်ပေးရန် နှစ်ဖက်ကြားနာမှုကို ရန်ကုန်တိုင်း၊ အရှေ့ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးခဲ့ပြီး ၂၀၁၅ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၀ရက်နေ့တွင် လန်ဒန်ဆရာတော်တို့၏ အကျိုးဆောင်ရှေ့နေ ဦးသိမ်းဝင်းက ပြောကြားသည်။

လန်ဒန်ဆရာတော်တို့၏ အမှုအား တရားရှင်လွှတ်သင့်၊ မလွှတ်သင့်ကို ဒီဇင်ဘာ ၁၀ရက်နေ့တွင် အမိန့်ချရန်အတွက် လန်ဒန်ဆရာတော်တို့၏ အကျိုးဆောင်ရှေ့နေနှင့် တရားလို၏ ရှေ့နေများက အရှေ့ပိုင်းခရိုင် တရားရုံး၌ Final argument ပေးခဲ့ခြင်းဖြစ်ကြောင်းသိ ရသည်။

“တရားရှင်လွှတ်ဖို့အတွက် လျှောက်လဲချက် ပေးတာပေါ့။ နှစ်ဖက်စလုံးရဲ့ ရှေ့နေတွေက Final argument ပေးတယ်။ ဒီဇင်ဘာ ၁၀ရက်မှာတော့ FO (Final order) ထွက်ပါမယ်” ဟု ဆရာတော်များ၏ ရှေ့နေ ဦးသိမ်းဝင်းက ပြောသည်။

လန်ဒန်ဆရာတော်တို့၏ အမှုအား တရားရှင် လွှတ်ပေးရန် တာမွေ တရားရုံး၏ ၃၂ နှစ်ကြိမ်မြောက် ရုံးချိန်း၌ လျှောက်ထားခဲ့ရာ အမှုအား လွဲမှားစွာ လျှောက်ထားသည်ဟုဆိုကာ တာမွေတရားရုံးမှ ပယ်ချခဲ့သောကြောင့် အရှေ့ပိုင်းခရိုင် တရားရုံးသို့ တင်ပြခြင်းဖြစ်ကြောင်း သိရသည်။

တရားလို ဦးစိန်မော်မှ တရားရုံးချိန်း ၃ ကြိမ်အထက် ပျက်ကွက်ခဲ့ခြင်းကြောင့် ဥပဒေပုဒ်မ (၂၄၇) အရ တရားရှင် လွှတ်သင့်ကြောင်း၊ ဆရာတော်များအား စွဲဆိုထားသည့် အမှုနှစ်ခုလုံးအရ သာသနာညှိုးနွမ်းအောင် လုပ်ဆောင်သည့် အချက်များမှာ ထင်ရှားစွာ မရှိခြင်း၊ ၂၀။၉၀ ဖြင့်သာ စွဲဆိုရမည် ဖြစ်သော်လည်း ၂၉၅(က) ဖြင့် စွဲဆိုခဲ့ခြင်းစသည့် အချက်များအပေါ် ဆရာတော်များ၏ ရှေ့နေများမှ တရားရှင် လွှတ်ပေးရန် လျှောက်ထားခဲ့ကြောင်း သိရသည်။

ယင်းသို့ လျှောက်ထားမှုကို ၃၃ ကြိမ်မြောက် ရုံးချိန်းတွင် တာမွေမြို့နယ် တရားသူကြီးမှ ပုဒ်မ၂၉၅(က) အရ လျှောက်ရမည် ဖြစ်သော်လည်း ၂၄၇ ဖြင့် လျှောက်ထားသဖြင့် လွဲမှားစွာ လျှောက်ထားသည်ဟုဆိုကာ တရားရှင် လွှတ်ခွင့်ကို ပယ်ချခြဲ့ခင်းဖြစ်ကြောင်း သိရသည်။

“စွပ်စွဲခံ ရှေ့နေများမှ လျှောက်ထားမှုတွင် တရားလို မလာရောက်သည့်အတွက် တရားရှင် လွှတ်ပေးရန် လျှောက်ထားခံရကြောင်း ပေါ်လွင်သည်။ ၂၄၇ တွင် ဆက်လက် ပြဌာန်းထားသည်မှာ တိုင်တန်းသည်မှာ ပြည်သူ့ဝန်ထမ်း ဖြစ်သည့်အတွက် ရုံးသို့ မလာရောက်စေဘဲ အမှုကို ဆက်လက်စီစဉ်နိုင်သည်။ အမှုမှာ စွဲချက် မတင်ရသေးသော်လည်း လွဲမှားစွာ လျှောက်သဖြင့် တရားရှင် လွှတ်ပေးခွင့် လျှောက်ထားမှုအား ပယ်ချလိုက်သည်” ဟူ၍ အမိန့်ချမှတ်ခဲ့သည်။

မဟာသန္တိသုခ ကျောင်းတိုက်တွင် သီတင်းသုံးသည့် ပီနန် ဆရာတော်ကြီး ဦးပညာဝံသ၏ တပည့်ရင်း ဦးဥတ္တရ (လန်ဒန်ဆရာတော်) အပါအ၀င် သံဃာတော် ၅ ပါးကို တိုင်းသံဃာ့နာယက အဖွဲ့၏ ညွှန်ကြားချက်အရ ဟုဆိုကာ ၂၀။၉၀၊ ပုဒ်မ-၂၉၅(က) ဖြင့် ၂၀၁၄၊ ဇွန်လ ၁၃ ရက်နေ့တွင် လူဝတ်လဲခဲ့ပြီး ဇွန် ၂၀ ရက်နေ့တွင် ရုံးထုတ် စစ်ဆေးခဲ့သည်။          

သက်ထား၊အေးမြတ်မွန် Eleven Media Group

လွှတ်တော်သစ် ခေါ်ယူနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် ဒေါ်အောင်ဆန်း စုကြည်နှင့် ဦးရွှေမန်း သဘောတူ

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်းတို့ ယနေ့နံနက်တွေ့ဆုံစဉ် (ဓာတ်ပုံ – သူရဦးရွှေမန်း ဖေ့ဘုတ်စ်)

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ လွှတ်တော်သစ်များ ခေါ်ယူနိုင်ရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတို့ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု ရရှိခဲ့ကြကြောင်း ၂ ဖက် ပူးတွဲထုတ်ပြန်သော ကြေညာချက်အရ သိရှိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည်သင့်မြတ်ရေးသဘောထားကို အခြေခံ ၍ တွေ့ဆုံဆွေးနွေးလိုကြောင်း နိုဝင်ဘာလ ၁၀ ရက်နေ့တွင် သမ္မတဦးသိန်းစိန်၊ တပ်ချုပ်မင်းအောင်လှိုင်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းတို့ကို စာ ၃စောင်ပေးပို့ တောင်းခံခဲ့ရာ သူရဦးရွှေမန်းက နိုဝင်ဘာလ ၁၉ ရက်နေ့ တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
၂ ဖက်တွေ့ဆုံပွဲအပြီး ပူးတွဲ ထုတ်ပြန်သော ကြေညာချက်တွင် အချက် ၅ ချက်ပါဝင်ပြီး နိုဝင်ဘာလ ၈ ရက်နေ့ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် ပြည်သူ့ဆန္ဒကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ အကောင် အထည်ဖော်ခြင်းဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာ မြင့်မားရေးနှင့် ပြည်သူပြည်သားများ နှလုံးစိတ်ဝမ်း အေးချမ်းမှု ရရှိစေရန်၊ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ ၊ ပြည်သူတို့၏ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက် ဆိုသည့် လွှတ်တော်၏ မူဝါဒဆောင်ပုဒ်နှင့်အညီ ပြည်သူများ၏ ရွေးချယ်တာဝန်ပေးမှုကို ဆက်လက် အကောင်အထည်ဖော်ရန်၊ လွှတ်တော်များ ဖွဲ့စည်းရာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကိုပါ အလေးအနက်ထား ရှေးရှု ဆောင်ရွက်ရန်၊ လွှတ်တော်ဆိုင်ရာ ကိစ္စရပ်များ၊ အခြားအရေးကြီးသော လုပ်ငန်းတာဝန်များအတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အပြန်အလှန်ယုံကြည်လေးစားပြီး သဟဇာတဖြစ်သော အစဉ်အလာကောင်းများ ချမှတ်နိုင်ရန်၊ ဒုတိယအကြိမ်လွှတ်တော်များကို ဥပဒေနှင့်အညီ ခေါ်ယူဖွဲ့စည်းနိုင်ရေး အတွက် ဆွေးနွေးညှိနှိုင်းပူးပေါင်းဆောင်ရွက်နေရန်တို့ကို သဘောတူညီခဲ့ကြောင်း သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံ ဆွေးနွေးရေး တောင်းဆိုမှုကို သမ္မတဦးသိန်းစိန်နှင့် တပ်ချုပ်မင်းအောင်လှိုင်တို့က ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ပြီးဆုံးချိန်တွင် တွေ့ဆုံမည်ဖြစ်ကြောင်း အကြောင်းပြန်ထားသော်လည်း ယခုအချိန်အထိ တစုံတရာ အကြောင်းပြန်ခြင်းမရှိပေ။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်ထောင်စုလွှတ်တော်တွင် အမတ်နေရာ ၃၈၉ ဦး အနိုင်ရရှိထားပြီး အစိုးရဖွဲ့စည်းခွင့်နှင့် သမ္မတတင်မြှောက်ခွင့်ရရှိထားပြီဖြစ်သည်။
ဧရာဝတီ irrawaddy.org

ကေအိုင်အေ တပ်မဟာ ၈ စခန်းကို အစိုးရတပ် သိမ်းပိုက်



                                       ဓာတ်ပုံ – မြ၀တီ
ကချင်ပြည်နယ်၊ မိုးညှင်းမြို့အရှေ့တောင်ဘက် ၃ မိုင်ခန့်အကွာမှာ ခြေကုပ်ယူ တပ်စွဲထားတဲ့  ကေအိုင်အေ တပ်မဟာ ၈ စခန်းကို တပ်မတော်က နိုဝင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီခွဲခန့်က တိုက်ခိုက်သိမ်းပိုက်ရရှိတယ်လို့ စစ်တပ်ပိုင် မြ၀တီသတင်းက ထုတ်ပြန်ပါတယ်။
အဆိုပါစခန်းမှာ လေယာဉ်ပစ်ကျင်း၊ လက်နက်ကြီး လက်နက်ငယ်ပစ်ကျင်းတွေ၊ ဗုံးခိုကျင်းတွေ၊ ဆက်သွယ်ရေးမြောင်း၊ သစ်လုံးဘန်ကာတွေ၊ လူ ၁၅ဝ နေနိုင်တဲ့ အိပ်ဆောင်တဲ ၃၀ ကျော် တွေ့ရှိခဲ့ပြီး ဒေသန္တရလုပ် မိုင်းမျိုးစုံ ၉၂ လုံး၊ ရှေ့ထွက်မိုင်း ၃ လုံး၊ တူမီးသေနတ် ၂ လက်၊ ဆိုင်ကယ် ၄ စီး၊ မီးစက် ၁ လုံး စတာတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
မိုးညှင်းမြို့အနားမှာ ကေအိုင်အေတပ်တွေနဲ့ အစိုးရတပ်တွေအကြား နိုဝင်ဘာ ၁၅ ရက်နေ့ကတည်းက တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားခဲ့တာဖြစ်ပြီး အစိုးရတပ်တွေက မြေပြင်မှာ လက်နက်ကြီး အမြောက်တွေနဲ့ တိုက်ခိုက်ခဲ့သလို ဝေဟင်ကနေလည်း စစ်ရဟတ်ယာဉ်တွေ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
ကေအိုင်အေအဖွဲ့ဟာ အန်စီအေ လက်မှတ်ရေးထိုးကာလမှာ အခွင့်ကောင်းယူပြီး အင်အားတိုးချဲ့ကာ သတ်မှတ်နေရာမဟုတ်တဲ့ မိုးညှင်းမြို့အနီး ၃ မိုင်ခန့်အကွာ တောင်ကုန်းမှာ ခြေကုပ်စခန်း တည်ဆောက်လှုပ်ရှားလာလို့ တပ်မတော်က နယ်မြေရှင်းလင်းခဲ့ရတာလို့  မြ၀တီသတင်းမှာ ရေးပါတယ်။
ကေအိုင်အေ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်ကတော့ ဒါဟာ ခုခံစစ်ပွဲဖြစ်တဲ့အကြောင်းနဲ့ အစိုးရတပ်ကနေပြီး ကေအိုင်အေရဲ့ ရှေ့တန်းစခန်းတွေကို ၀င်သိမ်းလို့ တိုက်ပွဲတွေ ဖြစ်ပွားရတာလို့ ဒီဗွီဘီကို ပြောပါတယ်။


DVB

တနင်္သာရီတွင် မီးသတ်နှင့် ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် လျှောက်ထားသည့် အထူးရဲ ၄၀ ကျော်ရှိ


|Dawei Watch| ထားဝယ်၊ နိုဝင်ဘာ ၁၈
၂၀၁၅ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းအတွင်း တာဝန်ထမ်းဆောင်ခဲ့သည့် အထူးရဲတစ်ထောင်ကျော်အနက် မီးသတ်နှင့် ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် လျှောက်ထားသူ  ၄၀ ကျော်ရှိသည်ဟု တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။
အထူးရဲ ၁၁၇၀ ဦးအနက် ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် ၁၅ ဦးနှင့် မီးသတ်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် ၃၃ ဦး လျှောက်ထားကြောင်း သက်ဆိုင်ရာ တပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။
ကနဦးလျှောက်ထားသည့် မြိတ်မြို့မှ အထူးရဲ ၇ ဦးနှင့် ပုလောမြို့မှ ၃ ဦး စုစုပေါင်းမှာ မော်လမြိုင် တက္ကသိုလ် စိတ်ပညာ ဌာနတွင် စစ်ဆေးခံရန် သွားရောက်လျက်ရှိပြီး စစ်ဆေးချက် အောင်မြင်လျှင် ရဲသင်တန်းကျောင်းတွင် သင်တန်း တက်ရ မည်ဟု တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
"ထပ်မံလျှောက်ထားသူ ၅ဦးရှိတယ်၊ ထားဝယ်မြို့ ၂ဦး၊ ကျွန်းစုမြို့က  ၃ဦး"ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။
ရဲတပ်ဖွဲ့သို့ ၀င်ရောက်မည့်သူသည် အသက် ၃၀နှင့်အောက်ရှိသူ အနည်းဆုံး ပညာအရည်အချင်း အဌမတန်း အောင်မြင်သူ များကိုသာ ရွှေးချယ်ခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။
လက်ရှိအချိန်တွင် တိုင်းအတွင်း ရဲတပ်ဖွဲ့ဝင် ၁၀၈၇ဦးရှိပြီး ပြည်သူ ၁၂၈၇ဦးလျှင် ရဲတပ်ဖွဲ့ဝင် ၁ ဦး(၁၂၈၇း၁)ဖြင့် တာဝန် ထမ်းဆောင်လျက်ရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ 
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့သို့ ၀င်ရောက်ရန် လျှောက်ထားသည့် အထူးရဲ ၃၃ဦး အပြင်  မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင် သည့် ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ၁၇ဦးမှာလည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန်လျှောက်ထား ကြောင်း  တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးထံမှ သိရသည်။

နိုင်ငံတော်သမ္မတနဲ့ တွေ့ဖို့ SSPP/SSA ကိုယ်စားလှယ် ထွက်ခွာ


 ရှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဝမ်ဟိုင်းဌာနချုပ်မှာ ဝင်ဘာလ ၁ ရက်နေ့က SSPP/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။ Photo: Kan Thar/RFA
 ရှမ်းပြည်နယ် မိုင်းရှူး၊ ကျေးသီး၊ လဲချား၊ မိုင်းနောင်စတဲ့မြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ နဲ့ပတ်သက်ပြီး နိုင်ငံတော် သမ္မတနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ နေပြည်တော်မှာ ညှိနှိုင်းဆွေးနွေးသွားမယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလ က ပြောပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီက ဗဟိုကော်မတီဝင် စိုင်းနော်လိတ်ဟာ နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံဖို့ အတွက် နေပြည်တော်ကို မနေ့က ထွက်ခွာသွားပြီလို့ ဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။

"ဗဟိုကော်မတီဝင်တစ်ယောက်ပေါ့  သမ္မတဆီကိုသွားနေပါတယ်၊ သွားတာက မနေ့ကသွားတာပါ၊ ဗိုလ်မှူးစိုင်းနော်လိတ်ပေါ့ ဗဟိုကော်မတီဝင်ပေါ့၊ အခုက အကြမ်းအားဖြင့် ကျနော်တို့ ဖြစ်နေတဲ့တိုက်ပွဲ ဘယ်လိုရပ်ဆိုင်းသွားအောင် ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာကိုပဲ ကျနော်တို့ အကြမ်းအားဖြင့် သွားညှိနှိုင်းမှာပါ"

မိုင်းရှူးမြို့နယ်အတွင်းက အစိုးရထိန်းချုပ်နယ်မြေကို SSPP/SSA အဖွဲ့ကကျူးကျော်တယ်ဆိုပြီး ပြီးခဲ့တဲ့ အောက်တို ဘာလ ၆ ရက်နေ့က စတင်ပြီး အစိုးရက ရှမ်းပြည်တိုးတက်ရေးပါတီကို ထိုးစစ်ဆင်ခဲ့တာ ဖြစ်တယ်လို့ ဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတာကြောင့် ရှမ်းပြည်နယ်အတွင်းက ကျေးသီး၊ လဲချား၊ ဝမ်ဆော့၊ မိုင်းရှူး၊ မိုင်း နောင်အစရှိတဲ့ မြို့နယ်တွေက ဒေသခံ တစ်သောင်းကျော်လောက် ထွက်ပြေးတိမ်းရှောင်နေရပြီး ရှမ်းပြည်တပ်မတော်ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဝမ်ဟိုင်းဌာနချုပ်အနီးမှာ ဒေသခံ ၂၅ဝဝ ကျော် ခိုလှုံနေရတယ်လို့ သိရပါတယ်။

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ SSPP/SSA တို့ ညှိနှိုင်းထားမှုအရ မနေ့ကစပြီး တိုက်ပွဲတွေကို ရပ်တန့်ထားတယ်လို့ သိရပါတယ်။

RFA Burmese

Wednesday, November 18, 2015

ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက ရှမ်းစစ်ပြေးဒုက္ခသည်များအတွက် အကူအညီ ပေးအပ်


ရှမ်းပြည်နယ်တွင်း တိုက်ပွဲတွေဖြစ်ပွားတဲ့ဒေသက ထွက်ပြေးခိုလှုံနေကြရတဲ့  စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက  လူသားချင်းစာနာမှု အကူအညီတွေ သွားရောက်ပေးအပ်နေပါတယ်။
မိုင်းရှူးမြို့ စစ်ဘေးရှောင်ဒုက္ခသည်စခန်းရှိ ဒုက္ခသည် ၇၀၀ နဲ့ ဟိုင်းပါရှိ ဒုက္ခသည် ၁၀၀၀ တို့အတွက် အကူအညီပေးရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက အဖွဲ့တဖွဲ့ဟာ နိုဝင်ဘာ ၁၇ ရက်က လားရှိုးမြို့ကို ရောက်ရှိပြီး ဒီကနေ့ လားရှိုးကနေ မိုင်းရှူးမြို့ကို စတင်ထွက်ခွာသွားပြီလို့ ဖောင်ဒေးရှင်းက သတင်းထုတ်ပြန်ပါတယ်။
အကူအညီပေးရေးပစ္စည်းတွေထဲမှာ ရာသီဥတု အေးနေပြီဖြစ်လို့ ဒုက္ခသည်တွေအတွက် ဂွမ်းစောင်အထည် ၁၀၀၀ ကျော်၊ ဝမ်းရောဂါကာကွယ်ရေး ရေကြိုချက်သောက်နိုင်ဖို့  ရေနွေးကရားအိုးတွေ၊ ဆန်အိတ်တွေနဲ့ ပဲပုပ်အထုပ်ကြီးတွေ ပါဝင်သွားတယ်လို့ ဆိုပါတယ်။
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က  တည်ထောင်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်လတွေက မြန်မာနိုင်ငံတ၀န်း သဘာဝဘေးဒုက္ခနဲ့ ကြုံတွေ့ရစဉ်ကလည်း ရေးဘေးဒုက္ခသည်တွေအတွက် အကူအညီတွေ အများအပြား သွားရောက်ပေးအပ်ခဲ့ပါတယ်။
DVB

မိုးညှင်းမြို့၏ အရှေ့တောင်ဘက် သုံးမိုင်ခန့်အကွာသို့ နယ်မြေရှင်းလင်းရေး သွားသည့် တပ်မတော်သာ ၅၀ ဦး စခန်းသို့ ပြန်မရောက်သေး

 ကချင်ပြည်နယ် မိုးညှင်းမြို့၏ အရှေ့တောင်ဘက် သုံးမိုင်ခန့်အကွာ တောင်ကုန်းတွင်
နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရန်သွားသည့် ခလရ ၁၅ မှ တပ်မတော်သား ၅၀
ဦးမှာ စခန်းသို့ နိုဝင်ဘာ ၁၈ ရက်ထိ ပြန်လည် မရောက်ရှိသေးကြောင်း ၎င်းတို့
မိသားစုဝင်များထံမှ သိရှိရရသည်။

“၁၅ ရက်က ညမိုးချုပ်တဲ့အထိ ပစ်နေသံတွေ ကြားနေရတယ်။ ခဏကြာတော့
ဟပ်စကီးတစ်စင်း ရောက်လာတယ်။ ဟပ်စကီးကို အောက်ကနေ နှစ်ချက်ပစ်
လိုက်တော့ လှည့်ပြန်သွားတယ်။ ခဏကြာတော့ တိုက်လေယာဉ် လေးစီး
ရောက်လာပြီး ပစ်သွားတာ မြင်လိုက်ရတယ်။ တိုက်ပွဲကတော့ ၁၆ ရက်နေ့ ည ၆
နာရီလောက်မှာ ပြီးသွားတယ်။ နယ်မြေရှင်းလင်းရေးသွားတဲ့ တပ်မတော်သားတွေ
ပြန်ရောက်လာတာတော့ မတွေ့ရသေးဘူး” ဟု ခလရ ၁၅ မိသားစုဝင် တစ်ဦးဖြစ်သူ
မနန်းနန်းကပြောသည်။

မိုးညှင်းမြို့အနီး ပတ်ဝန်းကျင်တွင် KIA အဖွဲ့များက မိုင်းထောင်ခြင်း၊ လူသစ်
စုဆောင်းခြင်း၊ ဆက်ကြေး ကောက်ခံခြင်းများ ပြုလုပ်နေသဖြင့် တပ်မတော်
စစ်ကြောင်းများက နယ်မြေရှင်းလင်းရေးနှင့် နယ်မြေလုံခြုံရေး ဆောင်ရွက်
လျှက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်စဉ် နိုဝင်ဘာ ၁၅ ရက် နေ့လယ် ၁၂း၁၀ နာရီ ခန့်တွင် မိုးညှင်းမြို့
အရှေ့တောင်ဘက် သုံးမိုင်ခန့်အကွာရှိ တောင်ကုန်းအား ရှင်းလင်းစဉ် ၎င်းတောင်
ကုန်း၌ အခြေပြုနေသော KIA အဖွဲ့နှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း
နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲများမှာ ကချင်အမျိုးသား လွတ်မြောက်ရေးတပ် (KIA)နှင့် မိုးညှင်း
လူထုအကြား အဆက်အသွယ် ဖြတ်ရန် တပ်မတော်၏ ကြိုးပမ်းမှုဖြစ်ပြီး လက်ရှိ
တိုက်ပွဲများနှင့် ပတ်သက်၍ အစိုးရအဖွဲ့နှင့် ညှိနှိုင်းရန် မရှိသေးကြောင်း ကချင်
လွတ်မြောက်ရေးအဖွဲ့(KIO)၏ နည်းပညာ အကြံပေးအဖွဲ့မှ ဦးဒေါင်ခါးက
ပြောလိုက်သည်။
“လောလောဆယ် အခြေအနေ အရတော့ အစိုးရနဲ့ ညှိနှိုင်းလို့မရနိုင်ဘူး။ လက်ရှိ
သမ္မတဦးသိန်းစိန်အနေနဲ့ ကလည်း တာဝန်ခံမှုတွေ မလုပ်ပေးနိုင်ဘူး။ တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့လည်း အဲဒီအတိုင်း
ပဲ။ အစိုးရအနေနဲ့ ဘာလုပ်ပေးမယ်ဆိုတာ အားလုံး လက်ခံနိုင်တဲ့အခြေအနေနဲ့
ညှိနှိုင်းပေးမယ် ဆိုလို့ရှိရင် တိုက်ပွဲဖြစ်စရာ အခြေအနေ လုံးဝမရှိဘူး”ဟု ဦးဒေါင်ခါး
က ပြောသည်။

မိုးကောင်းမြို့နယ် ဒေသခံများ၏ ပြောဆိုချက်အရ KIA နှင့် အစိုးရတပ်မတော်တို့
တိုက်ပွဲဖြစ်ရခြင်း အကြောင်းမှာ မိုးကောင်းမြို့နယ်ရှိ ကျောက်မှော်များ အတွင်းမှ
သရက်မှော်တွင် ကချင်လွတ်မြောက်ရေးတပ်၏ တပ်မ ၈ က ထိန်းချုပ်ထားကြောင်း
သတင်းရရှိသဖြင့် တပ်မတော်တပ်ရင်း ၃၈၆ က နိုဝင်ဘာ ၁၂ ရက်တွင် နယ်မြေရှင်း
လင်းရေး ပြုလုပ်ရာမှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားလာရခြင်း ဖြစ်ကြောင်း သိရ
သည်။

သတင်း - MMK
The Ladies News Journal

မိုးညှင်းမှာအစိုးရတပ်တွေက လေကြောင်းတိုက်ခိုက်


 KIA က တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ်မှာ လက်မှတ်မထိုးခဲ့
 ကချင် ပြည်နယ် မိုးညှင်းမြို့ဝန်းကျင်မှာ အစိုးရ စစ်တပ်နဲ့ KIA ကချင်လွတ်လပ်ရေး တပ်တွေကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေ ပါတယ်။

နိုဝင်ဘာလ ၁၆ ရက်နေ့က တပ်မတော် ရဟတ်ယာဉ်တွေ၊ လေယာဉ်တွေပေါ်ကနေ KIA ရဲ့ တောင်ပေါ် စခန်းကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ မိုးညှင်း ဒေသခံ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

KIA တပ်ဖွဲ့တွေက လေယာဉ်ပစ် လက်နက်တွေနဲ့ ပြန်လည် ပစ်ခတ်တာတွေကို ဒေသခံတွေက မြင်နေကြရတယ်လို့ မိုးညှင်း ဒေသခံက ပြောပါတယ်။

မြဝတီ နေ့စဉ် သတင်းမှာတော့ KIA အဖွဲ့က မိုးညှင်းမြို့ ဝန်းကျင်မှာ မိုင်းထောင်တာ၊ ဆက်ကြေးကောက်တာ အပြင် တပ်သားသစ် စုဆောင်းတာတွေ လုပ်တဲ့ အတွက် ဒေသခံတွေ ထိခိုက် သေဆုံးတာ၊ ဒဏ်ရာ ရတာတွေရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် တပ်မတော် စစ်ကြောင်းတွေက မိုးညှင်းမြို့ ပတ်ဝန်းကျင်မှာ နယ်မြေ ရှင်းလင်းရေးနှင့် နယ်မြေ လုံခြုံရေးတွေကို နိုဝင်ဘာ ၁၅ ရက် နေ့လယ်က စတင် ဆောင်ရွက်ခဲ့ကြောင်းနဲ့ အစိုးရ တပ်ဖက်က ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ကချင်တပ်ဖွဲ့တွေက အားဖြည့်ပြီး တိုက်ခိုက်လာတဲ့ အတွက် တိုက်ခိုက်ရေး ရဟတ်ယဉ်တွေ၊ လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့လည်း မြဝတီ သတင်းမှာ ဖော်ပြထားပါတယ်။

ဒေသခံတွေကတော့ သူတို့ အနေနဲ့ တိုက်ပွဲတွေကြားမှာ နေလာခဲ့ကြရတာ ဖြစ်ပြီး ဆက်ကြေးကောက်တာနဲ့ တပ်သား စုဆောင်းတာတွေကြားနေရတာ မဆန်းတော့ဘူးလို့ ပြောပါတယ်။

BBC Burmese

Monday, November 16, 2015

ပြင်သစ် တိုက်လေယာဉ် များက ဆီးရီးယားရှိ IS တို့၏ မြို့တော်အား လေကြောင်း စစ်ဆင်ရေး ပြုလုပ်


 ပြင်သစ် တိုက်လေယာဉ်များ IS စစ်သွေးကြွ တို့ ထိန်းချုပ်ထားသည့် ဆီးရီးယားရှိ ဒီဖက်တို မြို့အား နိုဝင်ဘာလ ၁၅ ရက်နေ့လေကြောင်း စစ်ဆင်ရေး ပြုလုပ်နေစဉ် (ဓာတ်ပုံ-အင်တာနက်)
    ဒမတ်စကက်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

    ပြင်သစ် တိုက်လေယာဉ်များသည် IS စစ်သွေးကြွတို့၏ အစ္စလမ်မစ် နိုင်ငံတော် မြို့တော်ဖြစ်သော ဆီးရီးယား မြောက်ပိုင်း အယ်ရက်ကာ ၏ မြို့အား ပစ်မှတ်ထားပြီး နိုဝင်ဘာလ ၁၅ ရက်နေ့က လေကြောင်း တိုက်ခိုက်မှု ၃၀ ကျော် ပြုလုပ်ခဲ့ကြောင်း စောင့်ကြည့် လေ့လာရေး အဖွဲ့၏ အစီရင်ခံစာ အရ သိရသည်။

လေကြောင်း တိုက်ခိုက်မှုများသည် အယ်ရက်ကာ မြို့တော်နှင့် ၄င်း၏ ဘေးပတ်ဝန်းကျင် များကို ပစ်မှတ် ထားခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ အရ သိရသည်။

IS စစ်သွေးကြွ အသေအပျောက် မည်မျှ ရှိကြောင်း အစီရင်ခံစာ မထုတ်ပြန်သေးကြောင်း သိရသည်။

ပြင်သစ် ကာကွယ်ရေး ဝန်ကြီး ဋ္ဌာနမှ ပြင်သစ် တိုက်လေယာဉ်များသည် အယ်ရက်ကာ ကို ဦးတည်၍ မြောက်များစွာသော တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး IS တို့၏ အချက်အချာ ဖြစ်သည့် ကွပ်ကဲမှု စင်တာ နှင့် လေ့ကျင့်ရေး စခန်းတို့ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း နိုဝင်ဘာလ ၁၅ ရက်က ပြောကြားခဲ့သည်။

အဆိုပါ ရုတ်တရက် တိုက်ခိုက်မှုတွင် အာရပ် စော်ဘွားများ ပြည်ထောင်စုနှင့် ဂျော်ဒန်မှ ဂျက်တိုက်လေယာဉ် ၁၀ စီးတို့ တစ်ပြိုင်နက်တည်း ပါဝင်ခဲ့ပြီး ဗုံး အလုံး ၂၀ ကြဲချခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ လေကြောင်း စစ်ဆင်ရေးသည် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပဲရစ်၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများ အတွက် ပြင်သစ်၏ လက်တုံ့ ပြန်ခြင်း တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း သိရသည်။ IS အဖွဲ့မှ သေနတ်သမားများနှင့် ဖောက်ခွဲရေး သမားများ သည် ပဲရစ်မြို့ရှိ စားသောက်ဆိုင်၊ ဖျော်ဖြေပွဲ ခန်းမ နှင့် ကစားရုံတို့အား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး လူ ၁၂၉ ဦး သေဆုံးခဲ့ကာ ရာနှင့် ချီ၍ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 (Xinhua)

မြို့နယ်ရဲမှူး အမည်သုံး၍ ဖုန်းဘေလ် လိမ်ဖြည့်ခိုင်းမှု ထားဝယ်ဒေသကို ပျံနှံ့လာ


 ထားဝယ်၊ နိုဝင်ဘာ ၁၆
မြို့နယ်ရဲမှူးအမည်သုံးကာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ဖုန်းဘေလ် လိမ်လည်ဖြည့်ခိုင်းမှုသည် မြိတ်ဒေသမှ ထားဝယ် ဒေသအထိ ပျံ့နှံ့လာကြောင်း ဖုန်းဘေလ်ဖြည့်ပေးလိုက်ရသည့် ရေဖြူမြို့မှ ရပ်ကွက်အုပ်ချုပ်မှူးတစ်ဦးထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ ရက်နေ့က ရေဖြူမြို့နယ်ရဲမှူးဟုဆိုကာ ဖုန်းဆက်၍ ဖုန်းဘေလ်ဖြည့်ပေးရန် ပြောခဲ့သည့် အတွက် ဖုန်းငွေ ၂ သိန်းကျော် ဖြည့်ပေးခဲ့ရပြီး နောက်မှ မြို့နယ်ရဲမှူးမဟုတ်သည်ကို သိခဲ့ရသည်ဟု ရေဖြူမြို့၊ (က ) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရှိန်ဝင်းက ပြောသည်။
“ဖုန်းလာတာ က မနက် ၈ နာရီခွဲလောက်ရှိပြီ။ ရဲမှူးသက်လွင်ဆိုပြီး ဖုန်းကတ် အကူအညီ တောင်းမလို့ဆိုပြီး ပြောတယ်။ ခရိုင်ရဲမှူးရောက်နေလို့ ဆိုပြီး ပြောတယ်။ တပ်ဖွဲ့ဝင်တွေကို ဖုန်းကတ်ဝေပေးချင်လို့ ငွေဖြည့်ပေးဖို့ ပြေတော့ ဖုန်းကတ် ရောင်းတဲ့ တူမကို ပြောပြီး ကျွန်တော်က အပြင်သွားရှိလို့ ထွက်လာခဲ့တယ်။ နေ့လည် ၁၁ နာရီခွဲလောက် ပြန်ရောက်တော့ ၂သိန်းကျော်ပို့ပေးပြီး နေပြီ” ဟု ဦးဝင်းရှိန်က ဆိုသည်။
၎င်းနောက် အနီးအနားတွင်ရှိသည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးထံမှ မြို့နယ်ရဲမှူးအသစ် ရဲမှူး သက်လွင်ထံသို့ ဖုန်းဆက်ရာ ၎င်းမှ အကူအညီတောင်းခံခြင်း မရှိကြောင်း သိရှိခဲ့ရပြီး လူကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့ရာ ရဲမှူးက ၎င်းမဟုတ်ကြောင်း ရှင်းပြခဲ့သည်ဟု ဦးဝင်းရှိန်က ဆိုသည်။
ရဲမှူးနှင့် တွေ့ဆုံပြီးနေအိမ်သို့ ပြန်လာသည့်အခါ ဖုန်းလိမ်ဆက်သည့် ဖုန်းနံပါတ်မှ ဖုန်းဘေလ်နှစ်သိန်း ထပ်လိုသေးသည်ဟု ပြောသဖြင့် ကိုယ်တိုင်လာပေးမည်ဟု ပြောရာ ဖုန်းချသွားခဲ့သည်ဟု ၎င်းက ဆိုသည်။
ထို့အတူ ရေဖြူမြို့ (ခ ) ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ ယင်းသို့ ဖုန်းဆက်၍ ရဲမှူးအမည်ပြောကာ ဖုန်းဘေလ်ဖြည့်ပေးရန် ပြောဆိုမှုရှိခဲ့သော်လည်း ဖုန်းဆက်ချိန်တွင် ရဲတပ်ဖွဲ့ဝင်အချို့ရှိနေပြီး ယင်းရဲတပ်ဖွဲ့ဝင်များက မြို့နယ်ရဲမှူးအသစ်၏ ဖုန်းနံပါတ်ကို သိနေသည့်အတွက် ဖုန်းဘေလ်မဖြည့်ပေးဖြစ်ခဲ့ဟု သိရကြောင်း ဦးဝင်းရှိန်က ပြောသည်။.
ပြီးခဲ့သည့် နှစ်လခန့်ကလည်း မြိတ်မြို့ပေါ်ရပ်ကွက်အချို့တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများထံ မြိတ်မြို့နယ်ရဲမှူး အမည်ကို အသုံးပြု၍ ဖုန်းဘေလ်အကူအညီတောင်းခံခဲ့ဖူးရာ ငွေဖြည့်ကတ်များကို ကို ၇သောင်းကျပ်မှ တစ်သိန်းခွဲကျပ်အထိ ဖြည့်ပေးခဲ့ရသည့် အုပ်ချုပ်ရေးမှူး ၅ ဦးခန့်အထိ ရှိခဲ့ဖူးကြောင်း သိရသည်။
|Dawei Watch|

Sunday, November 15, 2015

မြန်မာ-ထိုင်း ပူးပေါင်းပြီး ရှင်သာမဏေအပါး ၃၀၀ ခန့် ရှင်ပြုပွဲပြုလုပ် (ဓာတ်ပုံ)























မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းပြီး ရှင်သာမဏေအပါး ၃၀၀ လောက် ရှင်ပြုပွဲကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ လောကမာရ်ဇိန်ဘုရားကြီးမှာ ဒီနေ့ မနက် ကျင်းပပြုလုပ်ခဲ့ပါတယ်။
ထားဝယ်မြို့က ဘုန်းတော်ကြီးသင် စာသင်ကျောင်းက ကလေးတွေ၊ မိဘမဲ့ကလေးတွေအပါအ၀င် ကလေးငယ် ၃၀၀ လောက်ကို ရှင်ပြုပေးခဲ့တာပါ။
မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ပူးပေါင်း ပြုလုပ်တဲ့ ရှင်ပြုပွဲကို  ထိုင်းနိုင်ငံ ဓမ္မကာရကျောင်းက ထိုင်းသံဃာတော်တွေနဲ့ မြန်မာနိုင်ငံက ဖြူစင်နှလုံး Good Heart ပရဟိတဖောင်ဒေးရှင်းတို့ ပူပေါင်းပြုလုပ်ခဲ့တာလို့ မြန်မာ-ထိုင်းဘာသာပြန် မသီတာလွင်က ပြောပါတယ်။
ဒီပွဲကို ထိုင်းနိုင်ငံက ဆရာတော်တွေ၊ ဒကာ ဒကာမတွေ၊ ပံ့ပိုးမှုအပါအဝင် မြန်မာနိုင်ငံက အလှူတွေလည်း ပူပေါင်းပါဝင်လှူဒါန်းခဲ့ကြတယ်လို့ ဆိုပါတယ်။
သတင်းဓာတ်ပုံ – ထွန်းကျော်မောင်

ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက် အလေးအနက်ထား စဉ်စားနေဟုဆို


အစာငတ်ခံ ဆန္ဒဖော်ထုတ်မှု ရပ်ဆိုင်းဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံ ချက်အပေါ် အလေးအနက်စဉ်းစားသုံးသပ်နေတယ်လို့ ရန်ကုန်ဆေးရုံကြီးမှာ ဆေးဝါးကုသမှု ခံယူနေတဲ့ အစာငတ်ခံဆန္ဒပြ ကျောင်းသားနဲ့ ဝန်းရံပြည်သူတွေဖြစ်တဲ့ ကိုအောင်မှိုင်းဆန်းနဲ့ ကိုမျိုးမြတ်စံက ဒီဗွီဘီကို ပြောပါတယ်။
နိုဝင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုအလုပ်မှုဆောင် ဦးဝင်းထိန် လာရောက်တွေ့ဆုံပြီး ကျောင်းသားတွေ အစာငတ်ခံဆန္ဒဖော်ထုတ်မှု ရပ်ဆိုင်းဖို့ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံကြောင်း ပြောကြားခဲ့တဲ့အပေါ် အခုလိုပြောဆိုလိုက်တာပါ။
“သူတို့ကတော့ အခြေအနေ အချိန်အခါအရ ဖြစ်သင့်ဖြစ်ထိုက်တဲ့အနေအထားတခု အကြံဉာဏ်ပေးတဲ့ သဘောပေါ့နော်။ ဒါက အန်တီပြောတဲ့စကားဖြစ်တဲ့အတွက် အလေးအနက်ထား စဉ်းစားသင့်တဲ့အရာတခုပေါ့လေ။ အဲတော့ ကျနော်အလေးအနက်စဉ်းစား သုံးသပ်နေပါတယ်။ ကျနော်တို့လုပ်နေတဲ့ အခု သွားနေတဲ့ဟာက အကန့်အသတ်မဲ့မဟုတ်ဘူး။ အကန့်အသတ်ရှိတယ်။ အချိန်ကာလတခုရောက်ရင် ကျနော်ရပ်မှာ။ ဒါပေမယ့် ကျနော် မျှော်မှန်းထားတဲ့ အချိန်ကာလလေးတခုကို စောင့်ဆိုင်းနေတာဖြစ်တဲ့အတွက်  ကျနော်ဆက်သွားနေရခြင်းဖြစ်တယ်။ အချိန်ကာလကလည်း သိပ်မဝေးတော့ဘူး။” လို့ ကိုအောင်မှိုင်းဆန်းက ပြောပါတယ်။
အစာငတ်ခံဆန္ဒပြနေတဲ့ ကျောင်းသားတွေနဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ဦးဝင်းထိန်က လက်ရှိ ဒီမိုကရေစီအကူးပြောင်းကာလမှာ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်မှာ စိုးရိမ်တာကြောင့် အခုလို မေတ္တာရပ်ခံတာလို့ ပြောပါတယ်။
“ရွေးကောက်ပွဲနိုင်ပြီးတော့မှ ဒီအကူးအပြောင်းကာလမှာ တည်တည်ငြိမ်ငြိမ် အေးအေး ချမ်းချမ်းဖြစ်စေချင်တာက ဒေါ်စုရဲ့ဆန္ဒ၊ ဒါပေမယ့် သူ့ရဲ့သတ္တိ သူတို့ရဲ့ လုပ်ရည်ကိုင်ရည်အကုန်လုံးကို သဘောပေါက်၊ ချီးလည်း ချီးကျူးပါတယ်။ ဒါပေမယ့် နိုင်ငံရေးမှာ ဒီမိုကရေစီအကူးအပြောင်းကာလာမှာ ထိလွယ်ရှလွယ်ပြီး၊ ဘေးထွက်ဆိုးကျိုးတွေ၊ မလိုလားသူတွေ အခွင့်ကောင်းရသွားမှာစိုးလို့။ တကယ်လို့ တယောက်ယောက်က တခုခုဖြစ်သွားလို့ရှိရင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေဖြစ်လာနိုင်တယ်။ ဆူပူထကြွမှုတွေဖြစ်လာနိုင်တယ်။ ဒါကြောင့်မို့လို့ အရပ်ရပ်ကို စဉ်းစားပြီးတော့ သူတို့ အစာငတ်ခံ ဆန္ဒပြတာကို ရပ်တန့်မေတ္တာရပ်ခံတာ။”
ရန်ကုန်ဆေးရုံကြီးမှာ ဆေးဝါးကုသမှု ခံယူနေတဲ့ အစာငတ်ခံဆန္ဒပြကျောင်းသားတွေအနေနဲ့ လက်ရှိမှာ ကျန်းမာရေးကောင်းမွန်လာနေပြီလို့ ပြောပါတယ်။
ဓာတ်ပုံ – လင်းဆက်အောင်နှင့်အာကာ
 DVB

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုဝင်ဘာ ၁၉ ရက်နေ့တွေ့မည်ဟု ဦးရွှေမန်းပြော


ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းမှုကို လာမယ့် နိုဝင်ဘာလ ၁၉ ရက်နေ့  မနက် ၉  နာရီမှာ လက်ခံ တွေ့ဆုံမယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်ထံ အကြောင်းပြန်လိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်းတို့ ပြည်သူ့လွှတ်တော်မှာ ဒီနေ့ မနက် ၁၀ နာရီကနေ ၁၁ နာရီခွဲအထိ တွေ့ဆုံခဲ့ပြီးနောက် ဦးရွှေမန်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ အခုလို ကြေညာလိုက်တာပါ။
ဒီနေ့တွေ့ဆုံရာမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို နှစ်သိမ့်အားပေးခဲ့သလို ဒီမိုကရေစီနည်းလမ်းကျကျ ရွေးကောက်ပွဲရလဒ်ကို ဆောလျင်စွာ လက်ခံခဲ့မှုကို လေးစားဂုဏ်ပြုကြောင်း ပြောကြားခဲ့တယ်လို့ ဦးရွှေမန်းက ဆိုပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်များအတွင်း လွှတ်တော်ရေးရာကိစ္စရပ်တွေကို အောင်မြင်အဆင်ပြေစွာ ဆက်လက်ဆောင်ရွက်ပေးဖို့ ပြောကြားခဲ့ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပြည်ခိုင်ဖြိုးပါတီ၊ အခြားပါတီကိုယ်စားလှယ်တွေနဲ့အတူ ဒီမိုကရေစီလုပ်ငန်းတွေ အောင်မြင်အဆင်ပြေစွာ ဆောင်ရွက်ရေးအတွက် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားမယ့်အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
DVB

မန်း NLD က ပါတီအမှတ်တံဆိပ် စာသားများအား သုံးလအတွင်း အသုံးမပြုရန် အသိပေးစာထုတ်ပြန်



 အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ တံဆိပ်အမှတ်အသားပါသည့် လွယ်အိတ်၊
တီရှပ်စသည့် အသုံး အဆောင်များကို သုံးလအတွင်း အသုံးမပြုကြရန်
အများပြည်သူသို့ အသိပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောသည်။

မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီရုံး၏ ဗဟိုညွန်ကြားချက်အရ ယခုကဲ့သို့
လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

“တိုင်းပြည်ရဲ့ အနာဂတ် အေးချမ်းတည်ငြိမ်ဖို့ ကြိုးစားနေချိန်မှာ မလိုလားအပ်တဲ့
ပြသ၁နာတွေ ဖြစ်လာမှာ စိုးရိမ်တယ်။ မဖြစ်ခင်က ကြိုတင်တားဆီးရမှာပါ” ဟု
ဦးတင်ထွဋ်ဦးက ပြောသည်။

လက်ရှိ အနေအထားအရ အစိုးရအသစ် ဖွဲ့စည်းမှု မလုပ်ခင်အချိန်အထိ မလိုလား
အပ်သော ပြသ၁နာများ မဖြစ်ပွားစေရန် သတိထားသင့်သော အချက်ဖြစ်ခြင်း၊
တည်ငြိမ်အေးချမ်းမှုလည်း လိုအပ်ခြင်းကြောင့် ယခုကဲ့သို့ အသိပေးခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။

NLD ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့က ထုတ်ပြန်ချက်တွင် အချို့ဈေးများတွင်
NLD အမှတ်တံဆိပ် ပါသည့် အနီရောင်တီရှပ် အမြောက်အမြား ၀ယ်ယူသွားကြောင်း
သတင်းများအရ ယင်းကဲ့သို့ အသိပေး ထုတ်ပြန်ထားသည်ဟု ဆိုသည်။

“မြို့နယ်အောင်နိုင်ရေး အဖွဲ့တွေကိုလည်း အသိပေးစာတွေ ဖြန့်ဝေဖို့
ညွန်ကြားထားတယ်။ မြို့နယ်အလိုက် ဝေငှနေပါပြီ။ ပြည်သူတွေအနေနဲ့လည်း
သုံးလတာ စောင့်ဆိုင်းရမယ့် ကာလအတွင်း အသုံးမပြုဖို့ တိုက်တွန်းချင်ပါတယ်”ဟု
၎င်းက ဆက်လက်ပြောသည်။

ကြေညာချက် စောင့်ဆိုင်းနေရသည့် ကာလအတွင်း မသမာသူအချို့က NLD
တီရှပ်များ ၀တ်ဆင်ကာ ပြသ၁နာ ဖန်တီးလာနိုင်ပြီး ထိုပြသ၁နာများကို
အကြောင်းပြု၍ ငယ်သောအမှု ကြီးလာစေမည့် ကိစ္စများ ပေါ်ပေါက်လာနိုင်ခြင်း
ကြောင့် NLD အမှတ်အသားပါသည့် အသုံးအဆောင် ပစ္စည်းများကို သုံးစွဲ
ကိုင်ဆောင်သူတိုင်း အဖွဲ့ဝင် မဖြစ်နိုင်၍ ထိုအန္တရာယ်များကို ကြိုတင်ကာကွယ်သည့်
အနေဖြင့် စောင့်ကြည့်ရန်လိုကြောင်း NLD ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

သတင်း - MMK
The Ladies News Journal

အစိုးရသစ်ကို အာဏာလွှဲပြောင်းပေးမည်ဟု သမ္မတ ကတိပြု


လွှတ်တော်တွေခေါ်ယူပြီး ပေါ်ပေါက်လာမယ့် အစိုးရသစ်ကို အာဏာလွှဲပြောင်းပေး သွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ကတိပြု ပြောကြားလိုက်ပါတယ်။
ဒီကနေ့ ရန်ကုန်ပြည်သူ့လွှတ်တော်ခန်းမမှာ ပြုလုပ်တဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံစဉ်မှာ သမ္မတက အခုလို ပြောကြားလိုက်တာပါ။
သမ္မတက “တာဝန်တွေအားလုံးကို နောက်လာမယ့် အစိုးရသစ်ဆီ စနစ်တကျ အစီအစဉ်အတိုင်း လွှဲပြောင်းသွားမှာပါ။ ဘာတခုမှ စိုးရိမ်စရာမလိုအောင် သိမ်မွေ့ပြီး တည်ငြိမ်တဲ့ အကူး အပြောင်းကာလ ဖြစ်စေရပါမယ်လို့ ကျနော်တို့ကတိပေးပါတယ်။ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်မရခဲ့တဲ့ နိုင်ငံရေးပါတီတွေကိုလည်း ကျနော်ခေါ်တွေ့ချင်ပါတယ်။ နောက်ပိုင်းမှာ ဒီမိုကရေစီစနစ်ဟာ အသက်ဝင်လာပါလိမ့်မယ်။”
ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးဉာဏ်ဝင်းက “ကျနော်တို့ပါတီအနေနဲ့ ဒီနေ့အထိ လက်ကိုင်ထားတာကတော့ အမျိုးသားပြန်လည်ရင် ကြားစေ့ရေးပါပဲ။ လာမယ့်အနာဂတ်ကာလမှာလည်း ငြိမ်းချမ်းစွာနဲ့ ဒီပေါ်လစီကို ရှေ့ဆက် အကောင်အထည်ဖော်သွားမယ်”လို့ ပြောပါတယ်။
ရန်ကုန်ပြည်သူ့လွှတ်တော်ခန်းမမှာ ပြုလုပ်တဲ့ ဒီတွေ့ဆုံပွဲမှာ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ ၉၁ ပါတီထဲက ၈၆ ပါတီက ကိုယ်စားလှယ် ၂ ဦးစီ တက်ရောက်ခဲ့ပါတယ်။
 DVB