ထားဝယ်၊ ဒီဇင်ဘာ ၁၆
ထားဝယ်ခရိုင်၊
လောင်းလုံးမြို့ နယ်၊ မောင်းမကန်ကမ်းခြေရှိ မြေကွက်များအား အကွက်ရိုက် ရောင်းချလာခြင်းကြောင့်
ထား
ဝယ်ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ(DDPC) အား ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်ပွဲကို
ဒီဇင်ဘာလ ၁၅ရက်က ပြု လုပ်ခဲ့သည်။
ယင်းဟိုတယ်ဇုန်
စီမံကိန်းအတွက် မောင်းမကန်ကမ်းခြေမြေများအား အသုံးပြုခွင့်ရရှိရန် DDPC ကုမ္ပဏီက
လျှောက်ထားစဉ်က ဒေသခံများက အကြိမ်ကြိမ် ကန့်ကွက်နေသော်လည်း DDPC ကုမ္ပဏီက မြေကွက်ရိုက်ကာ
ရောင်းချခဲ့ခြင်းကြောင့် ဆန္ဒထုတ် ဖော်ရခြင်း ဖြစ်ကြောင်း ဆန္ဒပြခေါင်းဆောင်များက ပြောသည်။
"ဟိုတယ်ဇုန်
စီမံကိန်း အကောင်အထည် မဖော်ဘဲနဲ့ မြေယာ တလွှဲအသုံးချနေသ၍ ကန့်ကွက်သွားမယ်"ဟု ဆန္ဒပြပွဲ
ပြုလုပ်ရန် စီစဉ်ရာ၌ ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်သော မောင်းမကန်ရွာခံ ဦးစိုးထိုက်က ဆိုသည်။
မောင်းမကန်ကမ်းခြေတွင်
DDPC ကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိထားသော မြေဧရိယာ ၁၄၈ ဧကတွင် ထားဝယ်ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များက
ဘန်ဂလို လိုချင်သည်ဟု ပြောဆိုလာခြင်းကြောင့် (၈၀×၈၀) ပေ မြေကွက်တစ်ကွက်ကို သိန်း ၆၀၀ကျပ်ဖြင့်
ကွက်ရိုက်ပေးခြင်းဖြစ်ကြောင်း DDPC ကုမ္ပဏီမှ အမှုဆောင်ဒါရိုက်တာ ဦးလေပြေအေးက ပြောဆိုသည်။
ကျပ်သိန်း
၆၀၀ သတ်မှတ်ထားခြင်းသည် ယင်းနေရာတွင် လမ်း၊ သစ်ပင်၊ ရေ၊ ရေကူးကန်၊ မီး၊မီးကြိုးများ
သွယ်တန်းနိုင်ရန် အတွက် သတ်မှတ်ထားခြင်းဖြစ်ပြီး ရောင်းသည်ဟု အမှတ်မမှားစေချင်ဟု ဦးလေပြေအေးက
ဆိုသည်။
“သူတို့
ပြောသလို ရောင်းစားချင်တဲ့ စိတ်တစ်ခုတည်းနဲ့ဆို ဒေသခံတွေကိုမဟုတ်ဘဲ တခြားနေရာက လူတွေကို
ရောင်းမှာပေါ့။ အဲလိုဆို ပိုရတာပေါ့”ဟု ဦးလေပြေအေးက ဆိုသည်။
သို့သော်
ဒေသခံများဘက်က သုံးသည့် ရောင်းချခြင်းနှင့် ကုမ္ပဏီဘက်က ပြောသည့် ပိုက်ဆံကောက်ခြင်းဟူသည့်
အသုံးနှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မရှိ ဖြစ်နေသည်။
၂၀၁၂
ခုနှစ်တွင် DDPC ကုမ္ပဏီက မောင်းမကန်ကမ်းခြေတွင် ဟိုတယ်ဇုန်စီမံကိန်း ဖော်ဆောင်ရန် မြေဧရိယာ
၁၄၈.၄၀ဧက ကို
မြေယာအသုံးပြုခွင့်ရရှိပြီး ၂၀၁၅ခုနှစ် ဇွန်လတွင် ယင်းမြေနှင့် တဆက်စပ်တည်း မြေ ၂၅၄.၈၀ဧကကို
ထပ်မံ၍ မြေယာ အသုံးပြု ခွင့် ရရှိရန် လျှောက်ထားသည်ဟု ဒေသခံများထံမှ သိရသည်။
ယင်းဟိုတယ်ဇုန်
စီမံကိန်းပြုလုပ်မည့် နေရာတွင် ကနဦး DDPC ကုမ္ပဏီက ၀င်းခြံရိုးကာရံလိုက်ခြင်းကြောင့်
ခြံစည်းရိုးအတွင်းရှိ
သီဟိုပင်များမှ သီဟိုသီးများနှင့် သားငါး၊ပုဇွန်၊ကဏန်း စသည့်ရေနေသတ္တ၀ါများ ၀င်ရောက်ရှာဖွေရန်
အခက်အခဲ့ကြုံ တွေ့ရပြီး ပင်လယ်ကမ်းခြေသို့သွားသည့် ဖြတ်လမ်း ပိတ်ဆိုခံခဲ့ရကြောင်း မောင်းမကန်ကျေးရွာအုပ်စု၊
ကဗီးနှစ်ပင်ရွာမှ ဒေသခံများက ပြောဆိုသည်။
မောင်မကန်ကျေးရွာရှိ
အိမ်ယာဥယျာခြံမြေများသည် သစ်တောကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော ဧရိယာအတွင်း ကျရောက်
လျှက်ရှိသည်ကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနများသို့ အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း
မျက် ကွယ်ပြုထားခဲ့သည်ဟု မောင်မကန်ဒေသခံများက ပြောဆိုသည်။
"ကြိုးပြင်ကာကွယ်တောက
လွှတ်ပေးတယ်၊ မြေယာပိုင်ဆိုင်ခွင့်တွေ လုပ်ပေးမယ်ဆိုရင် စောင့်ကြည့်ရမယ်၊ လုပ်ဆောင်ချက်
တွေကြည့်ပြီးမှ ပြ(ဆန္ဒပြ)သင့်ရင် ပြန်ပြမယ်"ဟု ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဇော်ဝင်းက
ဆိုသည်။
ဟိုတယ်ဇုန်ဆောက်မည့်မြေနရာတွင်
လက်ရှိအချိန်တွင် ဘန်ကလိုများသာ တည်ဆောက်ပြီးစီးကာ ယင်းဘန်ကလိုများကို ကုမ္ပဏီက မလုပ်ကိုင်ပဲ
အခြားသူများအား ဌားရမ်းထားကြောင်း မောင်းမကန်ဒေသခံများက ပြောဆိုသည်။
ဆန္ဒထုတ်ဖော်သူ
၃၀၀ဦးကျော်က တရားဝင်မြေယာပိုင်ဆိုင်ခွင့်ရရှိရေး -ဒို့အရေး၊ ဒေသအကျိုးမပြု ကိုယ်ကျိုးစီးပွားရှာ
ကုမ္ပဏီ များ-အလိုမရှိ၊ လူတစ်စုကောင်းစားရေးလုပ်ငန်းများ - အလိုမရှိဟု ကြွေးကြော်ပြီး
အများပြည်သူနှင့် သက်ဆိုင်သော မြေများကို ရောင်းစားသည့်ကုမ္ပဏီအလိုမရှိဟု ကြွေးကြော်ကာ
မောင်းမကန်ကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်းဟောင်းနေရာမှ DDPC ကုမ္ပဏီခြံထိပ်သို့
ချီတက်ခဲ့သည်ဟု သိရသည်။
ဆက်လက်၍
ဆန္ဒထုတ်ဖော်သူများက ဖွံ့ဖြိုးရေးအကြောင်းပြ ကိုယ်ကျိုးစီးပွားမရှာပါနှင့်၊ ဒေသခံအကျိုးကို
မျက်ကွယ်ပြု သော
လူတစ်စုကောင်းစားရေး လုပ်ငန်းများ ချက်ချင်းရပ်၊ ဒေသခံများ၏ တရားဝင်မြေယာပိုင်ဆိုင်မှုဆောင်ရွက်ပေး
စသည့် ဆိုင်ဘုတ်များကို ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု သိရသည်။
သတင်း- |Dawei
Watch|
ဓာတ်ပုံ - Than Swe (Facebook)