Pages

Saturday, December 26, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ ထိုင်း ဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး၊ ထိုင်းဘုရင့်တပ်မတော်ဦးစီးချုပ်တို့ထံ သ၀ဏ်လွှာပေးပို့

နေပြည်တော်၊ ဒီဇင်ဘာ ၂၆
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ နေ့လယ်ပိုင်းတွင် ထိုင်းနိုင်ငံ အစိုးရ၀န်ကြီး ဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ General Prawit Wongsuwon၊ ထိုင်းဘုရင့်တပ်မတော် ဦးစီးချုပ် General Sommai Kaotira တို့ထံ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစစ်သံမှူးမှ တစ်ဆင့် နှစ်သစ်ကူးသ၀ဏ်လွှာများ ပေးပို့သည်။
သ၀ဏ်လွှာတွင် နှစ်သစ်ကူး အခါသမယ၌ ကျန်းမာချမ်းသာစွာဖြင့် နိုင်ငံအကျိုးကို ဆတက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေရန် ဆုမွန်ကောင်း တောင်းအပ်ပါ ကြောင်းနှင့်

 Koh Samui ကျွန်း၌ ဖြစ်ပွားခဲ့သောလူသတ်မှုတွင် သေဒဏ်ချမှတ်ခံရသော
 မြန်မာနိုင်ငံသား နှစ်ဦးကိစ္စနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံအစိုးရ၏ တရားဥပဒေအရ စီစဉ်ဆောင်ရွက်မှုကို
 လေးစားပါကြောင်း၊ သို့သော်လည်း သက်သေအထောက်အထားများ ခိုင်လုံမှု ရှိ/မရှိ ပြန်လည်သုံးသပ် ဆန်းစစ်ပေးစေလိုကြောင်း၊ တရားဥပဒေအရ အပြစ်ရှိသူကို ပြစ်ဒဏ်မပေးမိခြင်းထက် အပြစ်မဲ့သူကို ပြစ်ဒဏ်ပေးမိခြင်းမျိုးမဖြစ်စေရန် အရေးကြီးပါကြောင်း၊ စီရင်ချက် ချမှတ်ခဲ့သည့် ကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား တည်ရှိနေသော ခိုင်မာသည့် ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် လေးစားယုံကြည်မှုတို့ကို ရှေးရှုကာ တရားဥပဒေအရ ညီညွတ်မျှတစွာ အကောင်းဆုံး ဖော်ဆောင်အလေးထား ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်းဖြင့် ဖော်ပြပါရှိသည်ဟု သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး Facebook စာမျက်နှာ

လူငယ်နှစ်ဦး လွှတ်ပေးရေး တာချီလိတ်တွင် မြို့လုံးကျွတ်ဆန္ဒပြ


ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့မှာ ဒီနေ့ပြုလုပ်ခဲ့တဲ့ မြန်မာလူငယ်နှစ်ဦး လွှတ်ပေးရေးဆန္ဒပြပွဲမှာ မြို့လုံးကျွတ်နီးပါး ပါဝင်ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ ဦးဆောင်သူ မဇ္ဈိမလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးတင့်ဆွေက ပြောပါတယ်။
ခွင့်ပြုမိန့်တောင်းခံစဉ်က လူ ၃၀၀ ဆန္ဒပြဖို့ဖြစ်ပြီး တကယ်တမ်း ဒီနေ့မနက် ဆန္ဒပြရာမှာတော့ တာချီလိတ်မြို့ လူထုအပြင် မယ်ဆိုင်ဘက်ကမ်းက မြန်မာတွေပါ လာရောက်ပူးပေါင်းပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ဦးတင့်ဆွေက ဒီလောက်များတဲ့လူထုကြီး ပါဝင်လာတာဟာ ခံရပေါင်းများတာကြောင့် လို့ သုံးသပ်ပြောပါတယ်။
“နယ်စပ်ချင်းထိတွေ့နေတော့ ကိုယ့်လူမျိုးတွေ ခံရတာ များနေတာပေါ့၊ အဲ့ဒီအချိန်မှာ ဒီလိုမျိုး အခွင့်အရေးရတယ်ဆိုတော့ အကုန်လုံးက ရင်ထဲမှာ ပေါက်ကွဲနေတာတွေကို လာပြီးတော့ ဆန္ဒပြကြတာပေါ့။”
လူထောင်သောင်းချီ ဆန္ဒပြခဲ့ကြပေမယ့် ဆန္ဒပြပွဲဟာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အောင်အောင်မြင်မြင် ပြီးဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ချီတက်    ဆန္ဒပြသူတွေက “မတရားဖမ်းဆီးခံ မြန်မာနိုင်ငံသားနှစ်ဦး  ချက်ချင်းလွှတ်…ချက်ချင်းလွှတ်” စတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် နယ်စပ်တံတားပေါ်သွားပြီး တံတားအလယ်မှာ ထိုင်းဘက်က တာဝန်ရှိသူတွေထံ မြန်မာလူငယ်နှစ်ယောက် လွှတ်ပေးဖို့ တောင်းဆိုစာကို ပေးအပ်ခဲ့ကြပါတယ်။
ဒီဇင်ဘာ ၂၅ ရက်ကလည်း ထိုင်း-မြန်မာနယ်စပ် မြို့တွေဖြစ်တဲ့ မြ၀တီနဲ့ ကော့သောင်းတို့မှာ ဆန္ဒပြခဲ့ကြပေမယ့် တာချီလိတ်လူထုလောက် ပါဝင်မှု မရှိခဲ့ပါဘူး။
ဒီနေ့မှာပဲ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူ နယ်စပ်ဂိတ် မြန်မာဘက်ခြမ်းမှာ ရာနဲ့ချီတဲ့ ဒေသခံတွေ မြန်မာလူငယ်နှစ်ဦး လွှတ်ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
DVB

အကြမ်းဖက်အဖွဲ့ပိုင် ရေနံတင်ကား ၂၀၀၀ ခန့်ကို လေကြောင်းဖြင့် တိုက်ခိုက် (ရုပ်သံ)


ဆီးရီးယား နိုင်ငံတွင်းက
ဆီးရီးယား နိုင်ငံတွင်းက တရားမဝင် ရေနံကုန်ကူးမှု လမ်းကြောင်းဖြစ်တဲ့ အစွန်းရောက်တွေ ပိုင်တဲ့ ရေနံတင်ကား အစီးရေး ၂၀၀၀ နီးပါးကို လေကြောင်းတိုက်ခိုက်မှု နဲ့ ဖျက်ဆီးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
စစ်ဆင်ရေးညွှန်ကြားမှု ဦးစီးဌာန အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ဆာဂီ ရုစ်ကွေက စက်တင်ဘာ ၃၀ ကနေ ခုထိ ရုရှားလေတပ်ဟာ လေကြောင်း ပစ်ခတ်မှုအကြိမ်ပေါင်း ၅၂၄၀ ဆောင်ရွက်ခဲ့ပြီး အကြမ်းဖက်သမားတွေ ထိန်းချုပ်ထားတဲ့ အခြေခံအဆောက်အဦတွေ၊ သင်တန်းအခြေစိုက်စခန်းတွေ၊ စစ်ဘက် ပစ္စည်းကရိယာတွေနဲ့ အကြမ်းဖက်သူတွေကို ဖျက်ဆီးခဲ့ပြီးပြီလို့ ပြောပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေရဲ့ တိကျမှု သေချာစေဖို့ စောင့်ကြည့်မှု အဆင့်ဆင့်ကိုလည်း ကာကွယ်ရေးဝန်ကြီးက စီစဉ်လုပ်ဆောင်ခဲ့ပါတယ်။
အစွန်းရောက်အုပ်စုတွေနဲ့အတူ တရားမဝင် ကုန်သွယ်မှုမှာပါတဲ့ ဘယ်နိုင်ငံမဆို အစွန်းရောက်ဝါဒကို အားပေးရာ ရောက်ကြောင်း၊ ရုရှားဟာ ဒီလို လုပ်ဆောင်ချက်တွေကို ဆက်ပြီး ဆန့်ကျင်တိုက်ပွဲဝင်သွားမှာဖြစ်ပြီး တခြားနိုင်ငံတွေနဲ့လည်း ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို မျှဝေဖို့ ပြင်ဆင်နေတယ်လို့ ဒုဗိုလ်ချုပ်ကြီးက ဆက်ပြော ပါတယ်။
ရုရှားလေတပ်ဟာ အကြမ်းဖက်သမားတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်မယ်လို့ ကျနော်တို့ ကတိပြုတယ်လို့လည်း သူက ပြောခဲ့ပါတယ်။
DVB

နေ့လယ် ၂ နာရီ လူစုခွဲပေးရန် ရဲတပ်ဖွဲ့ ပြော





ရန်ကုန်မြို့ မနောဟရီလမ်း ထိုင်းသံရုံးအနီး ပြည်လမ်းထောင့်မှာ ဒီနေ့ လာရောက်ဆန္ဒပြနေတဲ့ ပြည်သူလူထုကို ရဲတပ်ဖွဲ့က နေ့လယ် ၂ နာရီ လူစုခွဲ့ပေးဖို့ ပြောကြားထားပါတယ်။
ထိုင်းနိုင်ငံ ကော့စမွီခရိုင်တရားရုံးက မြန်မာလူငယ်နှစ်ဦးကို သေဒဏ်ချမှတ်ခဲ့မှုနဲ့ပတ်သက်ပြီး တရားဥပဒေနဲ့အညီ ပြန်လည်စီရင်ပေးဖို့ လာရောက်ဆန္ဒပြနေတာ ဒီနေ့နဲ့ဆို နှစ်ရက်ရှိဖြစ်ပါတယ်။
ဒီနေ့ လာရောက်ဆန္ဒပြသူ ၁၀၀ ကျော်ရှိပြီး ထိုင်းတရားစီရင်မှု အလိုမရှိ အလိုမရှိ we want Justice ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့ လွတ်မြောက်ရေး ဒို့အရေးဒို့အရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြနေကြပါတယ်။
မနှစ် နှစ်ကုန်ပိုင်းက ထိုင်းတောင်ပိုင်းမှာ  ဗြိတိသျှလူငယ်နှစ်ဦး အသတ်ခံရမှုနဲ့ စွပ်စွဲဖမ်းဆီးခံရပြီး အမှုရင်ဆိုင်ခဲ့ကြရတဲ့ ဇော်လင်းနဲ့ ဝေဖြိုး (ခေါ်) ၀င်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီခရိုင် တရားရုံးက ဒီဇင်ဘာ ၂၄ ရက်နေ့က သေဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။
သတင်းဓာတ်ပုံ – ကောင်းထက်ကျော်နှင့် အောင်သူ
DVB

ဖားကန့် မြေစာပုံထပ်ပြို၊ လူ ၅၀ ခန့် ပျောက်ဆုံး



ဓာတ်ပုံ – ခိုင်မြဲ

ကျောက်စိမ်းတူးဖော်ပြီး စွန်ပစ် မြေစာပုံပြိုကျတဲ့အတွက် လူ ၅၀ နီးပါး ပျောက်ဆုံးနေပါတယ်။
ဒီဇင်ဘာ ၂၅ ရက် ညနေ ၄ နာရီကျော်က မြေစာပုံ ပြိုကျခဲ့တာဖြစ်သလို မြေစာပုံနားမှာ ကျောက်ကောက်နေတဲ့သူ ၅၀ နီးပါး ပျောက်ဆုံးနေတယ်လို့ ဒီနေရာကို ရောက်နေတဲ့ ဒီဗွီဘီ သတင်းထောက်က ပြောပါတယ်။
 “သူတို့ စာရင်းတွေလိုက်ကောက်လိုက်တဲ့ အချိန်မှာ ၄၀ နဲ့ ၅၀ ကြားမှာရှိတယ်။ အခုက ဘတ်ဖိုး ၅ စီးနဲ့ သူတို့ ကုတ်ပြီး ရှာနေတယ်။ ဒါပေမယ့် ဒီကနေ့ နေလယ် ၁၂ ကျော်တဲ့အထိကတော့ အလောင်းတလောင်းမှ ရှာမတွေ့သေးဘူး” လို့ ဒီဗွီဘီ သတင်းထောက် အိမ်ခိုင်မြဲက ပြောပါတယ်။ပြိုကျတဲ့မြေစာပုံဟာ အမြင်ပေ ၁၀၀၀ နီးပါးမြင့်ပြီး ကျောက်လာကောက်တဲ့သူတွေ ကျောက်လာရှာဖွေနေစဉ်မှာ ပြိုကျသွားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာ ၂၁ ရက်နေ့ကလည်း ဖားကန့်မှာ မြေစာပုံပြိုကျခဲ့တဲ့အတွက် လူ ၁၀၀ ကျော်သေဆုံးခဲ့ပါတယ်။
 DVB

ဆိုက်ကားဆရာများ တောင်းဆိုချက် ဒေါ်စု လုပ်ပေးမည်ဟုဆို

ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်တိုင်းအတွင်းက ဆိုက်ကားဆရာတွေ တွေ့ဆုံပွဲကို ရန်ကုန်မှာ ဒီနေ့ ပြုလုပ်ခဲ့ပြီး ဆိုက်ကားဆရာကြီးတွေ တောင်းဆိုတဲ့အခွင့်အရေးဟာ သူ့အတွက် ဘာမှ အပန်းမကြီးတဲ့အတွက် လုပ်ပေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း တွေ့ဆုံပွဲတက်ခဲ့တဲ့ ဆိုက်ကားဆရာတဦးက ဒီဗွီဘီကို ပြောပါတယ်။
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်က ဆိုက်ကားဆရာ ဦးမြင့်လွင်က သူတို့အနေနဲ့ ဆိုက်ကားဆရာသမဂ္ဂ ဖွဲ့ပေးဖို့နဲ့ လိုင်စင်မရှိတဲ့ ဆိုက်ကားတွေ လိုင်စင်လုပ်ပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ ပြောပါတယ်။
“အနှေးယာဉ်အဖွဲ့အစည်း သမဂ္ဂဆိုတာ မရှိတဲ့အတွက်ကြောင့်မို့ ဖွဲ့ချင်ပါတယ်ဆိုလို့ အမေက ဖွဲ့ခွင့်ပေးပါတယ်၊ ရှိရမှာပေါ့တဲ့၊ ကိုယ့်မြို့နယ် ကိုယ့်မြို့နယ်မှာ အင်ဘီး (လိုင်စင်မရှိ) တွေကို လိုင်စင်ထပ်ထုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အမေက အပန်းမကြီးပါဘူးတဲ့၊ ဒါလေးတွေလည်း လုပ်ပေးနိုင်ပါတယ်တဲ့၊ ဆိုက်ကားဆရာတွေ တောင်းတဲ့အခွင့်အရေးက ဘာမှ မများပါဘူးတဲ့၊ လွှတ်တော်ကိုယ်စားလှယ်တယောက်က ကျနော် ၀န်ကြီးဖြစ်ချင်ပါတယ်ဆိုပြီး စာရေးတောင်းတာလောက်တော့ မကြီးမားပါဘူး၊ ဆိုတဲ့အကြောင်း ပြောပြပါတယ်။”
ဆိုက်ကားဆရာတွေဟာ တနေ့လုပ်မှ တနေ့စားတွေဖြစ်ပေမယ့် အဖွဲ့ချုပ်အောင်နိုင်ရေးမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြလို့ ကျေးဇူးတင်တဲ့အကြောင်းလည်း ပြောတယ်လို့ ဆိုပါတယ်။
အဖွဲ့ချုပ်ရဲ့ အင်တာနက်စာမျက်နှာမှာတော့ အဖွဲ့ချုပ်ဥက္ကဋ္ဌက  ဆိုက်ကားဆရာကြီးတွေရဲ့ လုပ်ဆောင်မှုများကို ဂုဏ်ပြုတာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရပြီး ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီဘက်က စည်းရုံးပေးခဲ့ကြတဲ့ အနုပညာရှင်တွေနဲ့ ဒေါ်စု တွေ့ကတည်းက ဒေါ်စုက ဆိုက်ကားဆရာတွေနဲ့ တွေ့ချင်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ဒေါ်စုနဲ့ တွေ့ဆုံပွဲကို ရန်ကုန်တိုင်း ၄၄ မြို့နယ်က ဆိုက်ကားဆရာတွေထဲ  တမြို့နယ် ၅ ဦးကျ မဲပေါက်တဲ့သူတွေ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
အဖွဲ့ချုပ်ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ ရန်ကုန်တိုင်းထဲက ဆိုက်ကားဆရာတွေဟာ အဖွဲ့ချုပ်ဘက်က မဲဆွယ်စည်းရုံးပေးခဲ့ကြပြီး ဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က အထူးအသိအမှတ်ပြု ကျေးဇူးတင်ခဲ့တာ ဖြစ်ပါတယ်။
DVB

Friday, December 25, 2015

စုံစမ်းရေး အရင်လုပ်မယ့်အစား ချက်ချင်းရပ်ဆိုင်းဖို့ ညွှန်ကြားသင့်

ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ကွက်တွေမှာ အသုံးပြုနေတဲ့ စက်ယန္တရားတွေကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဖားကန့်ဒေသကို တရုတ်ပြည်က မြေတူးစက်ကြီးတွေနဲ့ မြေသယ်ကားကြီးတွေ ရောက်လာပြီး အလွန်အကျွံ ကျောက်စိမ်းတူးဖေါ်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ စုံစမ်းရေးအရင်ဆုံးလုပ်မယ့်အစား၊ အဲ့ဒီလုပ်ငန်းတွေ ချက်ချင်းရပ်ဖို့ ညွှန်ကြားသင့်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိ ဦးတင်ဦးက ပြောကြားလိုက်ပါတယ်။
လုပ်ငန်းတွေခေတ္တရပ်ထားဖို့ အရင်မညွှန်ကြားပဲ စုံစမ်းစစ်ဆေးရေးကိုလုပ်မယ်ဆိုရင် အချိန်နှောင်းသွားပြီး ဆုံးရှုံးရမယ့်သယံဇာတတွေအတွက် နှမြောစရာဖြစ်မယ်လို့ ဦးတင်ဦးက RFA ကိုပြောပါတယ်။
"တရားမျှတစွာ ထုတ်ယူတဲ့ဟာမျိုးကိုဖြစ်အောင် ပြန်လုပ်တယ်ဆိုတာမျိုးကို လိုလားတယ်၊ ဒီလိုမဟုတ်ပဲနဲ့ အခုဟာက စစ်မယ်၊ မေးမယ်၊ ဟိုဘက်ကလည်း သယ်နေတာတွေကလည်း ဆက်သယ်နေဦးမယ်ဆိုတော့ သိပ်သဘာဝမကျဘူး၊ ကျနော်သဘော ပြောရမယ်ဆိုရင်တော့ ဒီလောက်ဆိုးဆိုးဝါးဝါးကြီး ဖြစ်ထားတဲ့နေရာမျိုး ကိုတော့ ချက်ချင်း အမိန့်ထုတ်ပြီးတော့ ရပ်လိုက်ပြီးတော့မှ စစ်စရာရှိတာ မေးစရာရှိတာ တင်ပြဖို့ပေါ့ ၊ လေ့လာစရာရှိတာ တင်ပြစရာရှိတာတွေက လုပ်တာကမှန်ကန်တယ်လို့မထင်ပဲ၊ အခုလို အချိန်ယူပြီး စဉ်းစားဦးမယ်နဲ့သွားရင် ဒါကမိနစ်ပိုင်း နာရီပိုင်းမှာ ကုန်အောင်ညှိပြီးတော့ ယူသွားဦးမယ်အပေါ်မှာတော့ အင်မတန်မှ နှမျောပါတယ်"
လတ်တလော တိုင်းပြည်မှာဖြစ်နေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဦးတင်ဦးကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ အခုလို ထည့်သွင်းပြောဆိုလိုက်တာပါ။
ဒါ့အပြင် ပညာရေးကိစ္စနဲ့ပတ်သက်လို့ ဖမ်းဆီးထားတဲ့ ကျောင်းသားတွေကို လုံးဝချွင်းချက်မရှိ လွှတ်ပေးသင့်ပြီလို့ ဦးတင်ဦးက ပြောပါတယ်။
ဦးတင်ဦးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

RFA

NLD သင်တန်းကိစ္စ ဦးတေဇ ရှင်းလင်း

NLD ပါတီက ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေကို နေပြည်တော်မှာ သင်တန်းပေးရာမှာ ထူးကုမ္ပဏီ ဦးတေဇ ရဲ့ ရွှေစံအိမ်ဟိုတယ်ကို အသုံးပြုခွင့်ပြုခဲ့တဲ့ကိစ္စ၊ အဲ့ဒီနောက် သင်တန်းကို တခြားနေရာရွှေ့ပြောင်းခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး၊ ဦးတေဇက ထူးကုမ္ပဏီဝန်ထမ်းတွေကို ရှင်းလင်းတဲ့ စာတစ်စောင်ကို ဒီဇင်ဘာ ၂၁ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီထုတ်ပြန်တဲ့စာမှာ ကိုယ်စားလှယ်တွေ သင်တန်းပေးရေးအတွက် NLD က အကူအညီတောင်းခံခဲ့တဲ့အတွက် ဦးတေဇက ဗိုလိချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၊ ဒု ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးအေးနဲ့ သမ္မတ ဦးသိန်းစိန်တို့ထံ ဦးဆုံးတင်ပြခဲ့ရာမှာ၊ ကန့်ကွက်သူမရှိလို့ ရွှေစံအိမ်ဟိုတယ်ကို အသုံးပြုခွင့်ပြုပေးခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ကတော့ သမတရုံးအတွင်းဝန် ဦးဇော်သန်းသင်းက သင်တန်းကို ရွှေ့ပြောင်းဖို့ ဖုန်းနဲ့အကြောင်းကြားပြီး၊ ၂၁ ရက်နေ့ကလည်း ဟိုတယ်ခရီးသွားဝန်ကြီး ဦးဇေယျာအောင်က သင်တန်းကို ရွှေ့ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
အခုလို အာဏာပိုင်တွေက သင်တန်းကို ရွေ့ခိုင်းလာတာကို ငြင်းပယ်ခဲ့တယ်လို့ ဦးတေဇရဲ့ သဘောထား မှတ်ချက်စာမှာ ဖေါ်ပြထားပါတယ်။ ဒီသင်တန်းဟာ တိုင်းပြည်အကျိုးပြု သင်တန်းဖြစ်တယ်လို့ နားလည်တာကြောင့် လက်ခံကူညီတာဖြစ်တယ်လို့ ဆိုပါတယ်။
NLD ကိုယ်စားလှယ်တွေကို သင်တန်းပေးနေတဲ့ တရားရုံးချုပ်ရှေ့နေ ဦးကိုနီကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မိမိတို့ မသိရှိကြောင်း ပြောပါတယ်။
"ဘယ်သူ့ကိုမှ ကျနော်တို့ မတားပါဘူး၊ နေပြည်တော်မှာ ကျနော်တို့ ၆ ရက်တောင် သင်တန်းပေးခဲ့ပြီးပါပြီ၊ အထက်ဗမာပြည်တောင် ပြီးသလောက်ရှိနေပါပြီ၊ ယေဘုယျ လွှတ်တော်အမတ် လုပ်မယ့်လူတွေနဲ့ဆိုင်တဲ့ အကြောင်းအရာလေးတွေ၊ သိထားသင့်တဲ့အကြောင်းအရာလေးတွေ အဲ့ဒီတော့ ဘယ်သူ့မှ ဘာမှလည်း မထိခိုက်ပါဘူးဗျ၊ အတော်ကောင်းတဲ့အလုပ်ပဲ တိုင်းပြည်အကျိုးသယ်ပိုးမယ့်လူတွေကို အရည်အချင်းရှိအောင် ပညာသင်ကြားပို့ချပေးတယ်"
ဦးတေဇရဲ့ ထူးကုမ္ပဏီဝန်ထမ်းတွေကို ရှင်းလင်းတဲ့စာမှာ ထူးကုမ္ပဏီအပေါ် အစိုးရက အကန့်အသတ်တွေ ချမှတ်ခဲ့ပြီး တချို့လုပ်ငန်းတွေ လုပ်ကိုင်ခွင့်မရပဲဖြစ်နေတာကြောင့် ပြည်တွင်းဒဏ်ခတ်အရေးယူမှုနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဖေါ်ပြထားပါတယ်။
RFA

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ အခြေအနေနီးစပ် - (ဦးတင်ဦး)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်မယ့် အခြေအနေ နီးစပ်နေပြီလို့ NLD သဘာပတိအဖွဲ့ ဥက္ကဌ သူရဦးတင်ဦးက RFA ကို မနေ့က ပြောလိုက်ပါတယ်။
NLD ဟာ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရထားတဲ့အတွက် လွှတ်တော်ထဲမှာနေရာအများစု ရှိနေမယ့် အပြင်၊ တိုင်းရင်းသားမဟာမိတ် ကိုယ်စားလှယ်တွေနဲ့စုစည်းလိုက်ရင် ၂ဝဝ၈ ဖွဲ့စည်းပုံအရ အခြေခံဥပဒေကိုပြင် ရင်လည်း အချိန်သာကြာမှာဖြစ်ပြီး၊ ပြင်သင့်တာပြင်နိုင်မယ့် အခြေအနေရှိနေမှာ ဖြစ်တဲ့အတွက် ဘယ်နည်းနဲ့ မဆို ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် နည်းနေတာဖြစ်တယ်လို့ ဦးတင်ဦးက ပြောပါတယ်။
"၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့သွားရင်လည်း ကြာနေတာပေါ့၊ ဘာဖြစ်လို့လည်ဆိုတော့ ၂ဝဝ၈ အစီအစဉ် အတိုင်းဆိုလို့ရှိရင် အထဲကအချက်အလက်တွေကိုပြင်မယ်ဆိုရင် ၂ဝ ရာခိုင်နှုန်းက လွှတ်တော်မှာနေရမယ်၊ အခုလည်းပဲ ၂ဝ ရာခိုင်နှုန်းတော့လည်းပဲ ရနေပြီပဲ၊ ပြင်မယ်ဆိုတော့လည်း ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ရမှာပေါ့ဗျာ၊ ၇၅ ရာခိုင်နှုန်း၊ အခုလည်းပဲ အဖွဲ့ချုပ်က အင်အားကလည်း ရထားတဲ့အပြင် ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်တို့ စသည်အားဖြင့် အဲ့ဒီအင်အားလည်း တိုးပြီးရထားတော့ ၇၅ ရာခိုင်နှုန်းလည်း ကျော်နိုင်တာပေါ့လို့၊ နောက်ပြီးတော့ လည်း ပြည်သူ့ဆန္ဒခံယူမယ်ဆိုလည်း ဖြစ်နေပြီပဲဗျာ၊ အဲ့ဒီတော့ တစ်ခါတည်း ဘာမှပြောမနေပဲနဲ့ပေါ့ဗျာ၊ ကျနော်တို့ သဘောထားကြီးကြီးနဲ့ပဲ ၅၉(စ)ကိုပေါ့ ဒါကိုခေတ္တရပ်ဆိုင်းထားပြီးတော့ လုပ်မယ်ဆိုခဲ့လို့ရှိရင်လည်းပဲ ဒါဖြစ်နိုင်တာပဲလို့၊ အဲ့ဒါဆိုလို့ရှိရင် ဘယ်နည်းနဲ့ပဲလုပ်လုပ် ဒေါ်အောင်းဆန်းစုကြည်ဟာ သမ္မတဖြစ်ဖို့ဆိုတာကတော့ ဖြစ်နိုင်တဲ့အခြေအနေ ရှိနေပြီပဲ"
ရွေးကောက်ခံထားရတဲ့ကိုယ်စားလှယ်မှ သမ္မတဖြစ်ခွင့်ရှိတယ်လို့ ၁၉၄၇ အခြေခံဥပဒေမှာ ပြဌါန်းခဲ့ပေမယ့် ၁၉၆ဝ ခုနှစ်မှာ တိုင်းပြည်အခြေအနေအရ လိုအပ်လာတော့၊ လွှတ်တော်ကဆုံးဖြတ်ပြီး အဲ့ဒီဥပဒေကို ဆိုင်းငံ့ခဲ့တဲ့သာဓက လည်း မြန်မာ့သမိုင်းမှာရှိခဲ့တယ်လို့ ဦးတင်ဦးက ထောက်ပြပါတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကိုပိတ်ပင်ထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) ကို ဆိုင်းငံတာဟာ တိုင်းပြည်အတွက် လုပ်သင့်တာလုပ်ဖို့ အချိန်တိုစေတဲ့အပြင်၊ ဖြစ်နိုင်တဲ့နည်းလမ်းတစ်ခုဖြစ် ပါတယ်လို့ ဦးတင်ဦးက ပြောပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး သူရဦးတင်ဦးနဲ့ ဆက်သွယ်မေးမြန်းချက် ပထမပိုင်းကို နားဆင်နိုင်ပါပြီ။
RFA

အစိုးရသစ်အတွက် တရားသူကြီး ၆ဝ ဝန်းကျင် အစားထိုး ခန့်အပ်ဖို့ NLD ပြင်ဆင်



winhtein-620.jpg
NLD ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးဝင်းထိန် ကို ဒီဇင်ဘာလ ၁ ရက်နေ့က ရန်ကုန်မြို့မှာတွေ့ရစဉ်
Photo: Myo Zaw Ko/RFA
အစိုးရသစ် စတင်ချိန်မှာ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအဖွဲ့ဝင်တွေ၊ ပြည်ထောင်စုအဆင့် တရားသူကြီးတွေ အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးက တရားသူကြီးစုစုပေါင်း ၆ဝ လောက်ကို အစားထိုးခန့်အပ်နိုင်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြင်ဆင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။
ဒါဟာ အစိုးရသစ်ပြင်ဆင်ဖွဲ့စည်းရေးမှာ ထည့်သွင်းဆောင်ရွက်ရမယ့်အချက်ဖြစ်တာကြောင့် ဥပဒေနဲ့အညီ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးဝင်းထိန်က ပြောပါတယ်။
"လွှတ်တော်သက်တမ်း သမ္မတသက်တမ်း အတူတူပဲလေ၊ သမ္မတ သက်တမ်းပြည်တာနဲ့ သူတို့သက်တမ်း ကပြည့်ပြီ၊ ထုံးစံအတိုင်း ဘယ်အစိုးရမဆို ပြန်အစားထိုးရမှာပဲ၊ နောင်အစိုးရအတွက် ပြင်ဆင်တာ အဲ့တာတွေ အကျုံးဝင်တာပေါ့၊ တရားရေးတို့၊ ရှေ့နေတို့၊ ဥပဒေတို့ ဘာတို့ဆိုလို့ရှိရင် ဥပဒေအဖွဲ့ကတင်မကဘူး သူ့နယ်ပယ်မှာ လူရိုသေရှင်ရိုသေဖြစ်တဲ့လူတွေလိုမှာပဲ ဒါတွေက ထွေထွေထူးထူး ပြောစရာမလိုဘူးလေ"
ဖွဲ့စည်းပုံအခြေခံဥပဒေခုံးရုံး အဖွဲ့ဝင်တွေ၊ ပြည်ထောင်စုအဆင့် တရားသူကြီးတွေနဲ့ တိုင်းနဲ့ပြည်နယ် တရားသူကြီးတွေကို နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်အပ်ရတာဖြစ်ပါတယ်။
ခရိုင်နဲ့ မြို့နယ်တရားသူကြီးတွေကိုတော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ခန့်အပ်တာဖြစ်ပြီး အစိုးရသစ် အပြောင်းအလဲမှာ ခရိုင်နဲ့မြို့နယ်အဆင့် တရားသူကြီးတွေက ဒီအတိုင်း ဆက်ရှိနေမှာဖြစ်ပြီး ပြောင်းလဲသွားဖို့ မရှိဘူးလို့သိရပါတယ်။
ပြည်ထောင်စုအဆင့် တိုင်းနဲ့ပြည်နယ်အဆင့် တရားသူကြီးတွေကို ပြောင်းလဲခန့်အပ်ရာမှာ ရှေ့နေနဲ့ တရားသူကြီးဟောင်းတွေထဲက အရည်အချင်း ပြည့်မှီသူတွေကို ဦးစာပေးအစားထိုး ခန့််အပ်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
RFA

အီရတ်တပ်များက ဂျီဟတ်များ ပိတ်မိနေသော ရာမာဒီမြို့ရှိ အဓိက ခရိုင်သို့ ချဉ်းကပ်လာ

ဒီဇင်ဘာ ၂၅ ရက်က ရာမာဒီမြို့တော် တောင်ပိုင်းတွင် တွေ့ရသည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး အီရတ် တပ်ဖွဲ့၏ တင့်ကား တစ်စင်းကို တွေ့ရစဉ်
အီရတ်တပ်များသည် ရာမာဒီ မြို့လယ်တွင် ပိတ်မိနေသော နောက်ဆုံး ဂျီဟတ် တိုက်ခိုက်ရေးသမားများကို ဒီဇင်ဘာ ၂၄ ရက်၌ တိုက်ခိုက်နေရပြီး ပြင်းပြင်းထန်ထန် ခုခံမှုများ၊ ထောင်ချောက်ဗုံးနှင့် အရပ်သားများ ပိတ်မိနေနိုင်ခြင်းတို့ကြောင့် ချီတက်တိုက်ခိုက်မှုများ နှောင့်နှေးနေကြောင်း သိရသည်။ ရာမာဒီမြို့ရှိ အစိုးရ ဌာနချုပ်ဟောင်း တစ်ဝိုက်၌ တိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန် ဆက်လက် ဖြစ်ပွားနေသည်။ ယင်းနေရာကို အီရတ် အစိုးရတပ်များက ပြန်လည် သိမ်းယူနိုင်ခဲ့ရာ ပြီးခဲ့သောမေတွင် IS အဖွဲ့က သိမ်းပိုက်ခဲ့သည့် ရာမာဒီမြို့ကို ပြန်လည် သိမ်းယူရန် အရေးပါသော နောက်ထပ်ခြေလှမ်း လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

အီရတ် အစိုးရတပ်များသည် ယင်းဌာနချုပ်ဝင်းမှ မီတာ ၅၀၀ ခန့် အကွာရှိ ဟော့ဇ်ဒေသတွင် ရောက်ရှိနေကြောင်း အန်ဘာပြည်နယ်မှ ဒုတိယ ဗိုလ်မှူးကြီး တစ်ဦးက ပြောကြားခဲ့သည်။ ဟော့ဇ်ဒေသ တောင်ပိုင်းကို ယင်းတပ်များက သတိကြီးကြီးဖြင့် ချဉ်းကပ်နေကြောင်း အန်ဘာပြည်နယ် ကောင်စီ အကြီးအကဲ ဆာဘာကာဟုက ပြောကြားခဲ့သည်။ IS တိုက်ခိုက်ရေးသမားများက ယင်းမြို့ထဲတွင် ဖောက်ခွဲရေး ပစ္စည်းအများအပြား ထောင်ခဲ့မှုနှင့် ပိတ်မိနေသော အရပ်သားများကို လူသားဒိုင်းများအဖြစ် အသုံးပြုနိုင်မှုတို့သည် အဓိက အဟန့်အတားများ ဖြစ်နေကြောင်း ၎င်းကဆိုသည်။

ဂျီဟတ် တိုက်ခိုက်ရေးသမားများသည် ဖောက်ခွဲရေး ပစ္စည်းများကို မိုင်းကွင်းများ၊ ထောင်ချောက်ဗုံးများအဖြစ် အသုံးချပြီး အခိုင်အမာ အကာအကွယ် ယူထားကြကြောင်း အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းမှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စတိဝါရင်းက ပြောကြားခဲ့သည်။ အီရတ် အမှတ်-၈ တပ်ခွဲတပ်မှူး တစ်ဦးဖြစ်သူ ဗိုလ်မှူးချုပ် မာဂျစ်အယ်ဖက်လာဝီက ၎င်း၏ တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သော ရက်ပိုင်းအတွင်း ရာနှင့်ချီသော ဗုံးများကို အသက်မဲ့အောင် ပြုလုပ်ခဲ့ရကြောင်း ဆိုသည်။

IS သည် တိုက်ခိုက်ရေးသမား ၁၀၀ ခန့်ကို ယင်းဌာနချုပ်သို့ အဓိက ချဉ်းကပ်သည့် လမ်းကြောင်းတစ်လျှောက် ချထားခဲ့ကြောင်း ၀ါရင်းက ပြောကြားခဲ့သည်။ ရာမာဒီမြို့သည် လနှင့်ချီ တိုက်ခိုက်မှုများကြောင့် ထိခိုက် ပျက်စီးမှု ကြီးကြီးမားမား ခံစားခဲ့ရပြီး ထောင်ချောက်ဗုံးများ ထောင်ထားသော အိမ်အချို့ကို အဝေးထိန်း ဖောက်ခွဲရေး ကိရိယာများဖြင့် ထိန်းချုပ်ထားကြောင်း ဖက်လာဝီက ပြောကြားခဲ့သည်။ အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းသည် ဒီဇင်ဘာ ၂၃ ရက် တစ်ရက်တည်းတွင် ရာမာဒီရှိ IS ပစ်မှတ်များကို လေကြောင်းမှနေ၍ ဗုံးအလုံး ၅၀ ကြဲချခဲ့ကြောင်း ၀ါရင်းကဆိုသည်။

အီရတ် တပ်များသည် အန်ဘာပြည်နယ် အစိတ်အပိုင်းများနှင့် ဆက်သွယ်ထားသော IS ထောက်ပံ့ရေး လမ်းကြောင်းများကို ဖြတ်တောက်ခဲ့ပြီးနောက် ရာမာဒီမြို့ကို ပြန်လည် သိမ်းယူနိုင်ရေးအတွက် လနှင့်ချီ စီစဉ်ကြိုးပမ်း နေခဲ့သည်။

Ref : AFP

ဆန္ဒပြမှုကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်မည်မဟုတ်ဟု ထိုင်းဒုဝန်ကြီးချုပ်ပြော

ထိုင်း-ဒုဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရ၀စ် ၀ုန်းဆုဝမ်း (ဓာတ်ပုံ - Khaosod)

ရန်ကုန်ရှိ ထိုင်းသံရုံးရဲ့ လုံခြုံရေးကို  မြန်မာအစိုးရဘက်က စောင့်ရှောက်ပေးရမှာ ဖြစ်ပြီး ဆန္ဒပြမှုကြောင့် ထိုင်း-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်မှာမဟုတ်ဘူးလို့ ထိုင်း – ဒုဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။
ဒီဇင်ဘာလ ၂၄ ရက်နဲ့ ၂၅ ရက်နေ့က ရန်ကုန်မြို့ ထိုင်းသံရုံးရှေ့မှာ မြန်မာလူငယ်နှစ်ဦးအမှု တရားမျှတစွာ ပြန်လည်စစ်ဆေးပေးဖို့ မြန်မာနိုင်ငံသားတွေ လာရောက်ဆန္ဒပြခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်း-ဒုဝန်ကြီးချုပ်လည်းဖြစ်၊ ကာကွယ်ရေးဝန်ကြီး လည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ပရ၀စ် ၀ုန်းဆုဝမ်းက အခုလို ပြောကြားလိုက်တာလို့ ခေါဝ်ဆွတ်သတင်းမှာ ဖော်ပြပါတယ်။
အခုလို ဆန္ဒပြနေကြတာဟာ တရားရုံးရဲ့ စီရင်ချက်နဲ့သာ သက်ဆိုင်တဲ့အတွက် ၂  နိုင်ငံဆက်ဆံရေးပေါ် စိုးရိမ်စရာမရှိကြောင်း၊ သူ့အနေနဲ့ ထိုင်း-မြန်မာ ၂ နိုင်ငံ ဆက်ဆံရေးပေါ်မှာလည်း ယုံကြည်စိတ်ချကြောင်း ဒီနေ့မနက် ထိုင်းစစ်မှုထမ်းဟောင်းများ ဂေဟာမှာ သတင်းထောက်တွေကို ပြောကြားခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံမှာ မြန်မာပြည်က ရွှေ့ပြောင်းအလုပ်သမားတွေ အမြောက်အမြား ၀င်ရောက်လုပ်ကိုင်နေတာကြောင့် လက်ရှိဆန္ဒပြမှုတွေမှာ ထိုင်းရောက် မြန်မာအလုပ်သမား တွေ ပါဝင်လာမှာကို စိုးရိမ်ကြောင့်ကြမှု ရှိမရှိဆိုတာကိုလည်း  သတင်းထောက်တွေက မေးမြန်းခဲ့ပါတယ်။
ဒီအပေါ် ထိုင်းဒုဝန်ကြီးချုပ်က ထိုင်းတရားရုံးအနေနဲ့ ဥပဒေလမ်းကြောင်းအတိုင်း အဆင့်တိုင်း သွားနေတာဖြစ်ကြောင်း၊ မြန်မာဘက်က ပိုမိုသဘောပေါက်ဖို့အတွက်  မြန်မာသံရုံးနဲ့ ဆက်သွယ်ရမယ့်ကိစ္စကတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တာဝန်ဖြစ်ကြောင်း၊ နယ်မြေအရပ်ရပ်က လုံခြုံရေးကိစ္စကိုတော့ သက်ဆိုင်ရာရဲတပ်ဖွဲ့တွေက ဆောင်ရွက်နေတယ်လို့ ဖြေကြားသွားပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦးကို သေဒဏ်ပေးလိုက်တဲ့  လိပ်ကျွန်းအမှု စီရင်ဆုံးဖြတ်ချက်အပြီးမှာ ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်ခြမ်း အ၀င်အထွက် ဂိတ်တွေမှာ လုံခြုံရေး၊ စစ်ဆေးရေးတွေ ပိုမိုတင်းကျပ်ထားပါတယ်။
DVB

ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ လူစုခွဲခိုင်း (ရုပ်သံ)


လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ချမှတ်ခံရတဲ့ မြန်မာလူငယ် ၂ ဦးအတွက် ရန်ကုန်မြို့ ထိုင်းသံရုံးအနီး မနော်ဟရီလမ်းနဲ့ ပြည်လမ်းထောင့်မှာ တရားမျှစွာ ပြန်လည်ဖြေရှင်းပေးဖို့ တောင်းဆိုဆန္ဒပြနေသူတွေကို ရဲတပ်ဖွဲ့က လူစုခွဲခိုင်းခဲ့ပါတယ်။
DVB

လိပ်ကျွန်းအရေး ထားဝယ်တွင် ဆန္ဒပြ


Dawei Watch၊ ထားဝယ်၊ ဒီဇင်ဘာ ၂၅
လိပ်ကျွန်း လူသတ်မှုတွင် စွပ်စွဲခံ မြန်မာနှစ်ဦးအား သေဒဏ်ချမှတ်မှုနှင့် ပတ်သက်ပြီး မကျေနပ်သဖြင့် ထားဝယ်မြို့တွင် ဒီဇင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ထားဝယ်မြို့ခံ လူငယ်တစ်စုက ဆန္ဒပြခဲ့ကြသည်။
ထားဝယ်မြို့ ဥတံတ္တားကြီးလမ်းဆုံနှင့် ကရပ်ပြင် လမ်းဆုံနေရာများတွင် ထားဝယ်လူငယ် ၁၀ ဦးခန့်က ပိုစတာများကိုင်ဆောင်ကာ ဆန္ဒပြခြင်းဖြစ်သည်။
ယင်းနေ့ နံနက်ပိုင်းကလည်း ထားဝယ်မြို့ ရွှေတောင်စားစေတီတွင် သေဒဏ်ချမှတ်ခံထားရသူနှစ်ဦး လွတ်မြောက်ရေးအတွက် ဒေသခံ ၁၀ ဦးကျော်က ဆုတောင်းခဲ့ကြသည်။


ဓာတ်ပုံ - ဝေဖြိုး

မြန်မာလူငယ်နှစ်ဦးကို သေဒဏ်ချမှတ်မှုအပေါ် ဆောင်းဦးလှိုင်၊ ကြည်ဖြူသျှင်၊ ဦးကိုကိုကြီး၊ ဦးမြအေးတို့၏ ဖွင့်ဟချက်

ဆောင်းဦးလှိုင် – တေးရေး၊ အဆိုတော်
“နိမ့်ပါးနေရင် ဖိနှိပ်ရက်စက်ခံရမယ်၊ ဘဝအခြေအနေ အသိပညာ၊ အတတ်ပညာဉာဏ်တွေမြင့်မားအောင် ကြိုးစားကြရမယ်၊ ကိုယ့်လူမျိုးအချင်းချင်းတောင် လုပ်ပိုင်ခွင့်၊ နေရာ၊ အာဏာ၊ ပါဝါ မြင့်မားသူတွေက နိမ့်ပါးတဲ့ အောက်ခြေလူတန်းစားပြည်သူများကို ရက်စက်စွာ သတ်ဖြတ်ညှဉ်းဆဲခဲ့၊ ညှဉ်းဆဲလျက်ပါ၊ (တောင်သူကြီး ဒေါ်ခင်ဝင်းကို မှတ်မိကြမှာပါ)
တခြားနိုင်ငံ၊ တခြားလူမျိုးက တို့တတွေအပေါ် အခန့်သင့်ရင်သင့်သလို နှိပ်စက်နေဦးမှာ…
တို့တတွေ သူတို့လက်ခုပ်ထဲရောက်နေတာ တို့တိုင်းပြည် ဆင်းရဲနိမ့်ကျနေလို့ပါ…
လူငယ်လေးနှစ်ဦး၊ တရားသဖြင့် စီရင်ဆုံးဖြတ်မှုများ ရရှိခံစားနိုင်ကြပါစေ…
ဒါရိုက်တာ ကြည်ဖြူသျှင်
လိပ်ကျွန်း လူသတ်မှူနဲ့ပတ်သတ်ပြီး အခုလို စီရင်ချက်ချတဲ့အပေါ် ကျမတို့လည်း စိတ်မကောင်းဖြစ်ရပါတယ်။ ပြစ်ဒဏ်ကျခံရတဲ့ လူငယ်နှစ်ယောက်ရဲ့ မိဘတွေ၊ မိသားစုဝင်တွေရဲ့ ပူဆွေးသောကကိုလည်း ကိုယ်ချင်းစာကြတဲ့အတွက် မြန်မာနိုင်ငံသားအားလုံး “လက်သည်းဆိတ်. . .လက်ထိပ်နာ “ဆိုသလို အသည်းနာကြပါတယ်။ ဒါပေမယ့် ကျမတို့တွေ သတိထားရမှာက ကျမတို့ မကျေနပ်တာ မတရားတဲ့ “ထိုင်းလူမျိုးတရားသူကြီး ရဲ့ တရားစီရင်မှူကိုပါ”။ ဒီအတွက်မှားနေသူ တရားသူကြီးကို တိုက်ရိုက်ထောက်ပြပြောဆိုပြီး ဆန္ဒထုတ်ဖော်ကြပါ။ ဖြစ်နိုင်ရင် တရားသူကြီးနာမည်နဲ့ဆန္ဒဖော်ထုတ်ပါ။
ဒီအမှူကြောင့် မဆိုင်တဲ့ “ထိုင်း” လူမျိုးတွေကို ရိုင်းပျစွာ မပြောမိဖို့က အရမ်းကို အရေးကြီးပါတယ်။ ကျမတို့မြန်မာပြည်မှာတောင် အတိတ်က စစ်အစိုးရတဲ့ စနစ်ဆိုးတွေကြောင့် တိုင်းရင်းသားတွေရင်ထဲမှာ ဗမာ ဆို စစ်သားပဲ မြင်ဘူးတော့ရောပြီး အမုန်းခံရသလိုဖြစ်ခဲ့တဲ့အတွက်၊ ကျမတို့မှာ တိုင်းရင်းသား နဲ့ ဗမာကြား ယုံကြည်မှူရအောင်မနည်း တည်ဆောက်ခဲ့ရပါတယ်။
ဒါကြောင့် ကျမတို့ မြန်မာနိုင်ငံသားတွေဟာလည်း ယဉ်ကျေးတဲ့လူမျိုးအဖြစ် ကျမတို့ရဲ့ဆန္ဒကို အဆင့်ရှိရှိဖော်ထုတ်ကြပါစို့။”
လိပ်ကျွန်းလူသတ်မှု အစွပ်စွဲခံ လူငယ်နှစ်ယောက် အတွက်၊ ဆန္ဒထုတ်ဖော်ခြင်း၊ ဆုတောင်းပေးခြင်းများဖြင့် ဝိုင်းဝန်းကူညီကြပါစို့လို့ ဆန္ဒပြုရင်း. . . .”
ဦးကိုကိုကြီး – ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း
“တရားသဖြင့်ဖြစ်ပါစေ”
ကျနော်တို့နိုင်ငံသားနှစ်ယောက် လိပ်ကျွန်းလူသတ်မှုစွဲချက်နဲ့ သေဒဏ်ချမှတ်ခံရတယ်ဆိုတဲ့သတင်းဟာ ကျနော်တို့အတွက် တော်တော် အံ့သြမိပါတယ်။ အမှုစစ်ဆေးစဉ်မှာကတည်းက အားနည်းချက်၊ ချို့ယွင်းချက်တွေနဲ့၊ ထိုင်းလူ့အခွင့်အရေးကော်မရှင်ကလည်း ထောက်ပြကန့်ကွက်နေတဲ့ကြားက ထိုင်းတရားရုံးက သေဒဏ်ချမှတ်လိုက်တယ်ဆိုတာ ထိုင်းတရားစီရင်ရေးအပေါ်မှာပါ မေးခွန်းထုတ်ရမှာပါ။
နိုင်ငံတော်တာဝန်ရှိသူတွေအနေနဲ့လဲ ပြည်သူတွေရဲ့အခွင့်အရေး၊ လုံခြုံရေး၊ တရားမျှတစွာ ဆက်ဆံခံရရေးအတွက် ပြည်တွင်းမှာရော၊ ပြည်ပမှာပါ တာဝန်ရှိပါတယ်။
၁၉၉၄ ခုနှစ်တုန်းက (UAE) အာရပ်စော်ဘွားများ ပြည်ထောင်စု နိုင်ငံမှာ ဖိလစ်ပိုင်အိမ်ဖော်ဖြစ်သူ ဆာရာ ဘာလာဘာဂမ် Sarah Balabagan က အိမ်ရှင် အာလ်မာ မိုဟာမက် အယ်လ်ဘာလူရှီ ( Almas Mohammed Al-Baloushi ) ကို ဓားနဲ့ ၃၄ ချက်ထိုးသတ်ခဲ့ပါတယ်။ အဓမ္မပြုကျင့်တာကြောင့်လို့ထုခြေပါတယ်။ တရားရုံးက သေဒဏ်ချမှတ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံတွင်း ဝိုင်းဝန်းတောင်းဆို ဆန္ဒပြမှုတွေကြောင့်ရော၊ နှစ်နိုင်ငံညှိနှိုင်းမှုတွေနဲ့ ၁၉၉၆ မှာ ပြန်လွတ်လာခဲ့ပါတယ်။ ကျနော်တို့နိုင်ငံသားတွေ ပြည်တွင်းမှာပဲဖြစ်ဖြစ်၊ ပြည်ပမှာပဲ ဖြစ်ဖြစ် တရားမျှတစွာ၊ ဂုဏ်သိက္ခာရှိစွာ ဆက်ဆံခံရရေးဟာ ကျနော်တို့အားလုံးမှာတာဝန် ရှိပါတယ်။”
ဦးမြအေး (၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)
“ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုအတွက် ကျနော်တို့ မြန်မာနိုင်ငံသားနှစ်ယောက်ကို သေဒဏ်အပြစ်ပေးလိုက်တယ်ဆိုတဲ့ သတင်းကြားပြီး စိတ်ထိခိုက်မိပါတယ်။ တဆက်တည်း ၁၉၉၀ လွန်နှစ်တွေက ကျနော်ထောင်ထဲရှိတုန်း ဖီလစ်ပိုင်အမျိုးသမီး ဖလော်ကွန်တန်ပလာစီယွန်ရဲ့ စင်ကာပူမှာဖြစ်တဲ့ဖြစ်ရပ်ကို ပြန်သတိရမိပါတယ်။ သူက စင်ကာပူသွားပြီး အိမ်ဖော်လုပ်တယ်။ အိမ်ရှင်ကိုသတ်တယ်။ စင်ကာပူက သေဒဏ်ပေးတယ်။ အဲဒီ့မှာ ဖိလစ်ပိုင်အစိုးရနဲ့ သူ့နိုင်ငံသားတွေက ဖလော်ကွန်တန် သေဒဏ်က လွတ်မြောက်ရေးအတွက် ပြင်းပြင်းထန်ထန်ကြိုးစားတယ်။
ဖိလစ်ပိုင်အလုပ်သမားဝန်ကြီးက သူ့မှာတာဝန်ရှိတယ်ဆိုပြီး ဝန်ကြီးရာထူးက နုတ်ထွက်တယ်။ ဖလော်ကွန်တန်မလွတ်ပါဘူး။ ဒါပေမယ့် ဖိလစ်ပိုင်တွေရဲ့ အဆင့်ဆင့်တာဝန်ယူမှု တာဝန်ခံမှုနဲ့ နိုင်ငံသားတွေအပေါ်မှာ အယုတ်အလတ် အမြတ်မရွေး အကာအကွယ်ပေးစောင့်ရှောက်မှုကိုတော့ တကမ္ဘာလုံး မြင်အောင်ပြနိုင်ခဲ့ပါတယ်။ အခုဒီဓာတ်ပုံကိုမြင်တော့ ကျနော်တို့နိုင်ငံသားတွေ ပြည်တွင်းမှာလည်း ဦးချရ၊ ပြည်ပမှာလည်း ဦးချရနဲ့ အရောင် မွဲနေတဲ့မြန်မာလို့ အခေါ်ခံရတော့မှာလားလို့ မေးချင်ပါတယ်။ ကျနော်တို့ရဲ့ နောက်မျိုးဆက်ကို ကျားအစစ်လည်း ရှိခိုးရ၊ ကျားရုပ်လည်း ရှိခိုးရဆိုတဲ့ ဘဝမျိုးမှာ ထားခဲ့ရမှာလား။ နိုင်ငံအားကောင်းဖို့ ဖြူနီပြာဝါ မခွဲခြားဘဲ နိုင်ငံသားတိုင်းကို အကာအကွယ်ပေးနိုင်တဲ့ အခြေအနေရောက်အောင် ကြိုးစားဖို့ လိုအပ်နေပါပြီ။ အခုမတရားစီရင်ခံရတဲ့ ဒီလူငယ်လေးနှစ်ယောက်အတွက် မားမားမတ်မတ်ရပ်တည်ပေးရင်း တာဝန်ရှိရှိ ကြိုးစားပေးကြပါလို့ အားလုံးကို တိုက်တွန်းပါတယ်။
မှတ်ချက် – ကာယကံရှင်တွေရဲ့ ဖေ့ဘွတ်ခ်အကောင့်တွေမှာ ဖော်ပြထားတာကို
 ပြန်လည်စုစည်းတင်ပြထားတာ ဖြစ်ပါတယ်။
DVB

ထိုင်းပြည်သူတွေ မြန်မာဘက်က ရှိနေတယ် – ထိုင်းမင်းသမီး လိလိပါးနိပက်


ထိုင်းနိုင်ငံက လိပ်ကျွန်းလူသတ်မှုအတွက် သေဒဏ်ချမှတ်ခံလိုက်ရတဲ့ မြန်မာ၂ ဦးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသားတွေရဲ့ ခံစားချက်ကို အပြည့်အ၀နားလည်တယ်လို့ ထိုင်းမော်ဒယ်နဲ့ မင်းသမီး လိလိပါးနိပက်က လူမှုရေးကွန်ရက် ဖေ့ဘွတ်ခ်မှာရေးပါတယ်။
တရားမျှတမှုကိုရှာဖွေရာမှာ အတူရပ်တည်ပေးဖို့ မြန်မာတဦးက သူရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားလိုက်တာကို ပြန်လည်တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
အာဏာမရှိတဲ့ ပြည်သူတဦးဖြစ်တဲ့အတွက် အစိုးရရေးရာတွေမှာ ဆောင်ရွက်မပေးနိုင်တာကို နားလည်ဖို့လည်း သူက ပြောဆိုထားပါတယ်။
“ကျမဟာ မတရားမှုမှန်သမျှ ရှုတ်ချနေမှာပါ၊ အခုဖြစ်နေတဲ့ အမိန့်ကိုလည်း လုံးဝလက်မခံပါဘူး၊ သက်သေ အထောက်အထား မခိုင်လုံဘဲ သေမိန့်ချမှုဟာ နောက်ကွယ်မှာ ဘာတွေရှိမလဲ ကျမတို့ အရမ်းသိချင်ပါတယ်” လို့ လိလိပါးနိပက်က ရေးပါတယ်။
ထိုင်းရှေ့နေအဖွဲ့ကလည်း မြန်မာနိုင်ငံသား ၂ ဦးဘက်က လိုက်ပါဆောင်ရွက် ပေးနေသလို သက်သေမခိုင်လုံဘဲ ချမှတ်သမျှကို လက်ခံမှာ မဟုတ်သလို အရေးကြီး ကိစ္စကို အမြန်ဖြေရှင်း နိုင်ပါစေလို့ ဆုတောင်းတယ်လို့ ဆိုပါတယ်။
“ထိုင်းပြည်သူများကိုယ်စား ကျမအားလုံးကို ဒီကနေတောင်းပန်လိုက်ပါတယ်ရှင်၊ ကျမတို့ ထိုင်းပြည်သူတွေကလည်း မြန်မာပြည်သူဘက်က ရှိနေပါတယ်။ အဲဒါကြောင့်မို့ ထိုင်းအလံနဲ့ အမုန်းစကားများဟာလည်း စိတ်ထဲက အရမ်းခံစားရလို့ ပေါ်ထွက်လာ တယ်ဆိုတာ ကျမ အရမ်းနားလည်ပါတယ်။  ဒါပေမယ့် နှစ်ဖက်ပဋိပက္ခများ မဖြစ်စေလိုလို့ အလံနဲ့ ဆဲရေးတဲ့ပုံများ မလုပ်ကြဖို့ တောင်းပန်ပါရစေရှင်၊ အားလုံးလည်း ကျမအပေါ် ခွင့်လွှတ်နားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ သူက ရေးပါတယ်။
DVB

ထိုင်းသံရုံးရှေ့သို့ ၀င်ခွင့်ပြုလိုက်ပြီ



ထိုင်းသံရုံးရှေ့ မနော်ဟရီလမ်းအား ဝဲဘက်ယာက်ဘက် လုံခြုံရေးသံဆူးကြိုးများ ပိတ်ထားသည့်အတွက် ဆန္ဒပြသူများက လမ်းအတွင်း သံရုံးရှေ့သို့ ဝင်ခွင့်တောင်းဆိုခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက သံဃာတော်များအား သံရုံးရှေ့၌ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင် ပြုနေပြီး ဆန္ဒထုတ်ဖော်သူများကိုလည်း ၅ ဦးစီ တန်းစီဝင်ရောက်ခွင့်ပြု ၁ နာရီကြာ ခွင့်ပြုမည်ဟု သိရသည်။

ဆရာတော်ဦးရက္ခဝံသနှင့် သံဃာတော်၊ လူပုဂ္ဂိုလ် ၁၀ဦး ခန့်တို့ကလည်း ထိုင်းသံရုံးထဲသို့ ဝင်ရောက်ကာ ထိုင်းသံအမတ်နှင့်တွေ့ဆုံ၍ အိပ်ဖွင့်ပေးစာတစောင် ပေးပို့မည့်အကြောင်း တွေ့ဆုံဆွေးနွေးရာ သံအမတ်မှတဆင့် ပေးပို့ရန် သဘောတူညီခဲ့ကြောင်း သိရသည်။ ဆန္ဒပြသူများက ကမ္ဘာမကြေသီချင်းကို သံပြိုင်သီဆိုခဲ့ကြကြောင်းလည်း သိရသည်။


(News Watch)

https://www.facebook.com/NewsWatchJournal

Thursday, December 24, 2015

မြန်မာလူငယ် ၂ ဦးအတွက် ၀ိုင်းဝန်းကူညီကြရန် ဦးရွှေမန်း မေတ္တာရပ်ခံ


သေဒဏ်ချမှတ်ခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ဦး ရသင့်တဲ့အခွင့်အရေးတွေ မဆုံးရှုံးစေရေးအတွက် လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေ ၀ိုင်းဝန်းကူညီပေးကြဖို့ လွှတ်တော်နာယက သူရဦးရွှေမန်းက မေတ္တာရပ်ခံ ပန်ကြားလိုက်လိုပါတယ်။
လိပ်ကျွန်းမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသား ၂ ဦးကို ထိုင်း တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး သေဒဏ်ချမှတ်တာကို ကြားသိရတာကြောင့် စိတ်မချမ်းမြေ့ဖြစ်ရတယ်လို့ သူ့ရဲ့ ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

မြန်မာလူငယ်နှစ်ဦးကို သေဒဏ်ချမှတ်မှု ထိုင်းသံရုံးရှေ့ ဆန္ဒပြ (ရုပ်သံ)



လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံ မြန်မာလူငယ်နှစ်ဦးကို သေဒဏ်ချမှတ်ခဲ့တဲ့အပေါ် ရန်ကုန်မြို့ မနော်ဟရီလမ်းမှာရှိတဲ့ ထိုင်းသံရုံးရှေ့မှာ ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းမှာ လူအယောက် ၂၀ ကျော် ဆန္ဒပြနေကြပါတယ်။
ဆန္ဒပြသူတွေက သေဒဏ်ချမှတ်ခံရတဲ့ ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့ကို ချက်ချင်းလွှတ်ပေးဖို့ ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။
မနှစ် နှစ်ကုန်ပိုင်းက ထိုင်းတောင်ပိုင်းမှာ ဗြိတိသျှလူငယ်နှစ်ဦး အသတ်ခံရမှုနဲ့ အမှုရင်ဆိုင်ခဲ့ကြရတဲ့ စွပ်စွဲခံ ဇော်လင်းနဲ့ ဝေဖြိုး (ခေါ်) ၀င်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီခရိုင် တရားရုံးက ဒီနေ့ သေဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
လိပ်ကျွန်းအမှုကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ မနော်ဟရီလမ်းမှာရှိတဲ့ ထိုင်းသံရုံးရှေ့ ဆန္ဒပြမယ်ဆိုတဲ့ သတင်းတွေကြောင့် ဒီဇင်ဘာ ၂၄ ရက်နေ့ နေ့လယ်ပိုင်းကတည်းက ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး လုံခြုံရေးရယူပေးထားပါတယ်။
DVB

ထိုင်းသံရုံးရှေ့ လုံခြုံရေး ဆက်လက်တိုးမြှင့်ထား


မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးရှေ့တွင် လုံခြုံရေးဆက်လက်တိုးမြှင့်ထားပြီး ယခုအချိန်တွင် သံဆူးကြိုးတပ် ဘယ်ရီဂိတ်များ ချထားကြောင်း သိရသည်။ နေ့လယ် ၂ နာရီခွဲအချိန်ခန့်တွင် ဆန္ဒပြမည်ဆိုသော ကောလဟလများလည်း ထွက်ပေါ်နေသည်။

ကနဦးက သံဃာတော်အချို့ ရောက်ရှိလာပြီး ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း သတင်းပေးပို့သည်။ လက်ရှိတွင် ထိုင်းသံရုံးရှေ့၌ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် သတင်းထောက်များက အခြေအနေကို စောင့်ကြည့်လျက်ရှိသည်။

လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ စွပ်စွဲခံမြန်မာ ၂ ဦးကို ယနေ့ သေဒဏ်ချမှတ်လိုက်ပြီးနောက် လူမှုကွန်ရက်ပေါ်တွင် အပြင်းအထန် ဝေဖန်မှုများဖြင့် သောသောညံနေပြီး မနက်ဖြန် ဒီဇင်ဘာ ၂၅ ရက်တွင် ထိုင်းသံရုံးရှေ့၌ ဆန္ဒပြရန် စုစည်းလှုံဆော်မှုများလည်း ရှိနေသည်။






(News Watch)

သေဒဏ်စီရင်ချက် လက်မခံနိုင်ဟု ထိုင်းရှေ့နေများကောင်စီဥက္ကဋ္ဌ ပြော

ကော့စမွီခရိုင်တရားရုံးက မြန်မာလူငယ်နှစ်ဦးကို သေဒဏ်ချမှတ်လိုက်တဲ့ တရားစီရင်မှုအပေါ် လက်မခံနိုင်ကြောင်း စွပ်စွဲခံ လူငယ်နှစ်ဦးဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့နေများကောင်စီ ဥက္ကဋ္ဌ  ခွန်ဆုဝစ် ချွေးအုဘွန်း က ပြောကြားလိုက်ပါတယ်။
မနှစ် နှစ်ကုန်ပိုင်းက ထိုင်းတောင်ပိုင်းမှာ ဗြိတိသျှလူငယ်နှစ်ဦး အသတ်ခံရမှုနဲ့ အမှုရင်ဆိုင်ခဲ့ကြရတဲ့ စွပ်စွဲဖမ်းဆီးခံ ဇော်လင်းနဲ့ ဝေဖြိုး (ခေါ်) ၀င်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီခရိုင် တရားရုံးက ဒီနေ့ သေဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ကောစမွီခရိုင်တရားရုံးက သေဒဏ်ချမှတ်လိုက်တဲ့ တရားစီရင်မှုအပေါ် လက်မခံနိုင်ကြောင်း ထိုင်းရှေ့နေများကောင်စီဥက္ကဋ္ဌက သတင်းထောက်တွေကို ပြောပါတယ်။
“ဒီတရားစီရင်ချက်အပေါ် ကျနော် လက်မခံနိုင်ဘူး၊ သဘောမတူနိုင်ဘူး။ အစကတည်းက ကျနော်တို့က လက်မခံနိုင်ဘူး။ လက်မခံနိုင်လို့ပဲ တောက်လျှောက် ရင်ဆိုင်လာခဲ့တာပေါ့။ ရှေ့ဆက်လည်း ဆက်ပြီးတော့ ရင်ဆိုင်သွားမယ်။”
မြန်မာလူငယ်နှစ်ဦးရဲ့ အမှုနဲ့ ပတ်သက်ပြီး တလအတွင်း အယူခံဝင်သွားမယ်လို့လည်း ထိုင်းရှေ့နေများကောင်စီဥက္ကဋ္ဌက ပြောပါတယ်။
မြန်မာလူငယ် ၂ ဦး လွတ်မြောက်ရေးအတွက် လူ့အခွင့်အရေးဘက်ကနေ ကူညီဆောင်ရွက်ပေးနေသူ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေး ကွန်ရက်အဖွဲ့ရဲ့ အတိုင်ပင်ခံ မစ္စတာ အန်ဒီဟောကလည်း တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ အခုလို ဝေဖန်ပြောကြားပါတယ်။
“လူငယ် ၂ ယောက်ကို သေဒဏ်ထိ အပြစ်ပေးလိုက်တယ်ဆိုတာ ကြားကြားချင်း ကျနော်တို့ အံ့သြထိတ်လန့်သွားတယ်။ တရားသူကြီးအနေနဲ့ ကလေး ၂ ယောက်ဟာ တကယ်ပဲ ကျူးလွန်သလားဆိုတာကို သံသယမထားဘူး ဆန်းစစ်မှုမပြုဘူးလို့ဘဲ ပြောချင်တယ်။ ဒါပေမယ့် ကျနော်တို့ ဆက်ပြီး အယူခံဝင်သွားပါမယ်။  ကလေး ၂ ယောက်ဘက်ကနေပြီး တရားမျှတမှု အတွက်  အစွမ်းကုန် ကြိုးစားသွားမယ်။”
ဗြိတိန်နိုင်ငံသား ဒေးဗစ် မေလာ ၂၄ နှစ်နဲ့ ဟန်နာ ၀စ်သ်သာ ၂၃ နှစ်တို့ ၂ ဦးဟာ ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော့ဖငန်းမြို့နယ် ခိုတောင်ကျွန်းကို အလည်လာရင်း မနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
DVB

သေဒဏ်ချမှတ်ခြင်းခံရသည့် ဇော်လင်းနှင့် ၀င်းဇော်ထွန်း ခုနစ်ရက်အတွင်း အယူခံဝင်မည်



အဆိုပါအမှုကို လိုက်ပါ ဆောင်ရွက်နေသူ အများစုက အဆိုပါ ဆုံးဖြတ်ချက်မှာ တရားမျှတမှု မရှိဟု ယုံကြည်နေကြပြီး ၇ ရက်အတွင်း အယူခံတင်မည် ဖြစ်ကြောင်း အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသူများက ဆိုသည်။

ထိုင်းရဲတပ်ဖွဲ့မှ တရားရုံးသို့ တင်သွင်းသည့် သက်သေခံ DNA စစ်ဆေးချက်နှင့် ပတ်သက်၍ လူသတ်လက်နက်ဟု ယုံကြည်ထားသည့် ပေါက်ပြားတွင် တွေ့ရသည့် DNA နှင့် စွပ်စွဲခံရသူ နှစ်ဦး၏ DNA မှာ တူညီခြင်း မရှိကြောင်း နာမည်ကျော် ထိုင်းမှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ အမျိုးသမီး ဒေါက်တာ ပွန်းထစ်ရိုကျနာစူလန်က ထွက်ဆိုခဲ့ပြီး ဖြစ်သည့်ပြင် စွပ်စွဲခံရသူနှစ်ဦးမှာလည်း မတရား နှိပ်စက်မှုကြောင့် ၀န်ခံရခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့ပြီးဖြစ်သည်ဟု သိရသည်။

(The Ladies News)

သေဒဏ်အမိန့် ချမှတ်လိုက်တာနဲ့ အမေတွေက ငိုယိုပြီး လဲကျသွားတယ် – ကိုမိုးဝေ


မနှစ် နှစ်ကုန်ပိုင်းက ထိုင်းတောင်ပိုင်းမှာ ဗြိတိသျှလူငယ်နှစ်ဦး အသတ်ခံရမှုနဲ့ အမှုရင်ဆိုင်ခဲ့ကြရတဲ့ တရားခံ ဇော်လင်းနဲ့ ဝေဖြိုး (ခေါ်) ၀င်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီခရိုင် တရားရုံးက ဒီနေ့ သေဒဏ်ချမှတ်လိုက်ပါတယ်။
တရားရုံးက အမိန်ချမှတ်ခဲ့ပြီးနောက် မြန်မာလူငယ် နှစ်ဦးရဲ့ မိဘဖြစ်သူတွေဟာ ငိုယိုပြီး လဲကျသွားကြတယ်လို့ တရားခွင်မှာ တက်ရောက်တဲ့ မြန်မာသံရုံးအထူးအဖွဲ့ဝင်၊ ထိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (အက်ဖ်အီးဒီ) က ကိုမိုးဝေက ပြောပါတယ်။
ဒီနေ့ တရားခွင်မှာ မြင်တွေ့ခဲ့ရတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ကိုမိုးဝေကို ဒီဗွီဘီသတင်းထောက် နန်းမြနဒီက ဆက်သွယ်မေးမြန်းထားပါတယ်။

သေဒဏ်ချမှတ်ခံ မြန်မာလူငယ် ၂ ဦးအမှု အယူခံအဆင့်ဆင့် မြန်မာအစိုးရ ကူညီမည်


မြန်မာနိုင်ငံသားနှစ်ဦး သေဒဏ်ချမှတ်ခံခဲ့ရမှုအပေါ် ထိုင်းနိုင်ငံဥပဒေနဲ့အညီ အယူခံခွင့် အဆင့်ဆင့်ကို ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာအစိုးရက ထိုင်းနိုင်ငံရှိ မြန်မာအဖွဲ့အစည်းတွေကို ကူညီသွားမယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။
စွပ်စွဲခံနေရတဲ့ မြန်မာလုပ်သားနှစ်ဦးနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးစဉ်ကာလမှာရော၊ တရားရင်ဆိုင်စဉ်ကာလမှာရော ထိုင်းနိုင်ငံဥပဒေအရ ရသင့်တဲ့အခွင့်အရေးတွေ ရရှိအောင်၊ အပြစ်မရှိကြောင်း သက်သေပြနိုင်အောင် မြန်မာသံရုံးနဲ့ ထိုင်းနိုင်ငံရှိ မြန်မာအဖွဲ့အစည်းတွေက ပူးပေါင်းဆောင်ရွက်ပေးခဲ့တယ်လို့ ဦးရဲထွဋ်ရဲ့ သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အယူခံမှုအဆင့်ဆင့်မှာ ဒီအမှုနဲ့ပတ်သက်တဲ့ သက်သေအထောက်အထားတွေကို ပြန်လည်သုံးသပ်ပြီး စွပ်စွဲခံရသူနှစ်ဦး အပြစ်မရှိကြောင်း သက်သေပြနိုင်မယ်လို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
မနှစ် နှစ်ကုန်ပိုင်းက ထိုင်းတောင်ပိုင်းမှာ ဗြိတိသျှလူငယ်နှစ်ဦး အသတ်ခံရမှုနဲ့ အမှုရင်ဆိုင်ခဲ့ကြရတဲ့ တရားခံ ဇော်လင်းနဲ့ ဝေဖြိုး (ခေါ်) ၀င်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီခရိုင် တရားရုံးက ဒီနေ့ သေဒဏ်ချမှတ်လိုက်တာပါ။
မြန်မာအထူးစုံစမ်းရေးအဖွဲ့ ၃ တာဝန်ခံ ဦးထူးချစ်က “အယူခံ ဆက်ကို တက်ရမှာပဲ။ ကျနော်ထင်တာက နောက်ဆုံးအယူခံမှာတော့ ဒီကလေးတွေက လွတ်ကိုလွတ်မှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က နဂိုးကတည်းက ကျနော်တို့ တောက်လျှောက်ပြောခဲ့တယ်။ သူတို့က အပြစ်မရှိတဲ့သူတွေဖြစ်တယ်” လို့ ပြောပါတယ်။
တရားရုံးက ခုလို စီရင်ချက်ချလိုက်တာနဲ့ ပတ်သက်ပြီး အမှုစဖြစ်ကတည်းက မြန်မာလူငယ် ၂ ဦးဘက်ကနေ လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့  ထိုင်းတောင်ပိုင်း လူ့အခွင့် အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ ကိုမိုးဝေကတော့ တပတ်အတွင်း အယူခံဝင်သွားမယ်လို့ ပြောပါတယ်။
“ကျနော့်အနေနဲ့ စိတ်မကောင်းဘူးဗျာ။ ဒါပေမယ့် ကျနော်တို့ ဇွဲမလျှော့ပါဘူး၊ နောက်ထပ် အဆင့်မြင့်တရားရုံးကို တက်ပြီးအယူခံ ၀င်မှာပါ။ တစ်လအတွင်း အယူခံဝင်လို့ရတယ်ဆိုတော့ ဒီတပတ်အတွင်း အယူခံဝင်မယ်။ ထိုင်းရှေ့နေများကောင်စီ နဲ့ မြန်မာသံရုံးနဲ့ ပူးပေါင်းပြီး စာရွက်စာတမ်းတွေပြင်ဆင်နေပါတယ်။”
ဗြိတိန်နိုင်ငံသား ဒေးဗစ် မေလာ ၂၄ နှစ်နဲ့ ဟန်နာ ၀စ်သ်သာ ၂၃ နှစ်တို့ ၂ ဦးဟာ ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော့ဖငန်းမြို့နယ် ခိုတောင်ကျွန်းကို အလည်လာရင်း မနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
DVB

မြန်မာအစိုးရ၊ မြန်မာလူထုကို ထိုင်းအစိုးရက စော်ကားလိုက်တယ်လို့ မြင်တယ် – ဦးထူးချစ်



မြန်မာလူငယ်နှစ်ဦးကို သေဒဏ်ချမှတ်လိုက်တာဟာ မြန်မာအစိုးရ၊ မြန်မာတပ်မတော်နဲ့ မြန်မာလူထုကို ထိုင်းအစိုးရက စော်ကားလိုက်တာဖြစ်ကြောင်း မြန်မာအထူးစုံစမ်းရေးအဖွဲ့ ၃ တာဝန်ခံ ဦးထူးချစ်က ပြောကြားလိုက်ပါတယ်။
မနှစ် နှစ်ကုန်ပိုင်းက ထိုင်းတောင်ပိုင်းမှာ ဗြိတိသျှလူငယ်နှစ်ဦး အသတ်ခံရမှုနဲ့ အမှုရင်ဆိုင်ခဲ့ကြရတဲ့ တရားခံ ဇော်လင်းနဲ့ ဝေဖြိုး (ခေါ်) ၀င်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီခရိုင် တရားရုံးက ဒီနေ့ သေဒဏ်ချမှတ်လိုက်တဲ့အပေါ် ဦးထူးချစ်က အခုလို ပြောကြားလိုက်တာပါ။
မြန်မာလူငယ် နှစ်ဦးကို အခုလို သေဒဏ်ချမှတ်လိုက်တာနဲ့ပတ်သက်ပြီး ဦးထူးချစ်ကို ဒီဗွီဘီသတင်းထောက် ကိုအေးနိုင်က တွေ့ဆုံ မေးမြန်းထားပါတယ်။

လိပ်ကျွန်းလူသတ်မှု သေဒဏ်ပေးလိုက်ကြောင်းသိရ





မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့အား လူသတ်မှု၊ မုဒိမ်းမှုအပါဝင်အခြားပုဒ်မများဖြင့် ကော့စမွီခရိုင်တရားရုံးတွင် စွဲချက်တင်ထားခြင်းဖြစ်ပြီး ထိုအမှုကို တစ်နှစ်ကျော်ကြာ စစ်ဆေးခဲ့ပြီးနောက် ၂၀၁၅ ဒီဇင်ဘာ ၂၄ရက်တွင်သေဒဏ် အမိန့်ချလိုက်ကြောင်းသတင်းရရှိသည်။

မနက်၉နာရီမှာ စီရင်ချက်ကို စတင်ဖတ်ကြားပြီးအပြစ်ရှိကြောင်းဆုံးဖြတ်တယ်။ အကျဉ်းချုပ်အနေနဲ့ ရဲတွေဘက်က ဒီအန်အေစစ်ချက်ကိုအတည်ယူတယ်။ပုဒ်မတစ်ခုချင်းစီအတွက် ပြစ်ဒဏ်တွေချမှတ်တယ်။
အဲ့ဒီထဲမှာသေဒဏ်ပါပြီသားဖြစ်တဲ့အတွက်သေဒဏ်ကျခံရမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။
 ရှေ့နေတွေက အယူခံဆက်တက်မှာဖြစ်ပါတယ် ဟု ရွေ့ပြောင်းအလုပ်သမားကွန်ရက် ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောကြားသည်။

(News Watch)

Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို လိမ်လည်မှု ၁၀ မှုဖြင့် ဗိုလ်တထောင်မြို့နယ် တရားရုံး၌ ဆက်လက် ရုံးထုတ်

လိမ်လည်မှုများဖြင့် တရားရင်ဆိုင်နေရသော Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို ဒီဇင်ဘာ ၂၃ ရက်က ဗိုလ်တထောင်မြို့နယ် တရားရုံး၌ လိမ်လည်မှု ၁၀ မှုဖြင့် ဆက်လက် ရုံးထုတ်ခဲ့ကြောင်း သိရသည်။

ယင်းနေ့ ရုံးချိန်းတွင် မြို့နယ်တရားသူကြီး အပြောင်းအလဲကြောင့် အမှုအား စစ်ဆေးဖြစ်ခဲ့ခြင်း မရှိဘဲ ဇန်န၀ါရီ ၆ ရက်သို့ ရုံးချိန်း ပြန်လည် ချိန်းဆိုပေးခဲ့ကြောင်း သိရသည်။

“ဒီနေ့ ရုံးချိန်းက ဦးကျော်မြင့်ကို လိမ်လည်မှု ၁၀ မှုအတွက် ရုံးထုတ်တာပါ။ ကျွန်တော်တို့ မြို့နယ်တရားသူကြီး အပြောင်းအလဲ ဖြစ်သွားတဲ့အတွက် လောလောဆယ် အမှုကို မစစ်ဖြစ်ခဲ့ပါဘူး။ ဇန်န၀ါရီ ၆ ရက်ကို ရုံးချိန်း ပြန်ချိန်းပေးထားပါတယ်။ အမှုက လက်ရှိမှာ တရားလိုပြ သက်သေကို စစ်ဆေးနေတဲ့ အဆင့်မှာဘဲ ရှိသေးတယ်” ဟု ဗိုလ်တထောင်မြို့နယ် တရားရုံးမှ တာဝန်ရှိသူ တစ်ဦးက ဒီဇင်ဘာ ၂၃ ရက်တွင် ပြောကြားသည်။

Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်သည် ၎င်း၏ ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်သည့် အဆောက်အအုံများရှိ တိုက်ခန်းများအား ကြိုပွိုင့်စနစ်ဖြင့် ရောင်းချရာတွင် ရောင်းချပြီး အခန်းများကို ပြန်လည်ရောင်းချခြင်း၊ မြေရှင်နှင့် သဘောတူလက်မှတ် ရေးထိုး၍ ဆောက်လုပ်ရမည့် အဆောက်အအုံများကိုလည်း မြေရှင် သဘောတူညီသည့် ပုံစံအတိုင်း မဟုတ်ဘဲ ဦးကျော်မြင့်က ၎င်းစိတ်ကြိုက် ဒီဇိုင်းရေးဆွဲကာ မြေရှင်လက်မှတ် အတုများဖြင့် စည်ပင်မှ ခွင့်ပြုချက်ရယူ ဆောက်လုပ်ခြင်းများ ပြုလုပ်ခဲ့၍ လိမ်လည်မှုများဖြင့် တရားစွဲဆို ခံထားရခြင်းဖြစ်ကြောင်း တိုင်ကြားသူများထံမှ သိရသည်။ ထို့ပြင် Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်သည် လသာမြို့နယ် တရားရုံး၌လည်း လိမ်လည်မှုဖြင့်ပင် တရားရင်ဆိုင်နေရဆဲ ဖြစ်ကြောင်းလည်း သိရသည်။
Writer: 
မြင့်သူEMG

Wednesday, December 23, 2015

လောင်းလုံးမြို့နယ် ကျေးရွာအချို့တွင် အမှိုက်ပုံး စတင်ထားရှိ

Dawei Watch| လောင်းလုံး၊ ဒီဇင်ဘာ ၂၃ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဦးဆောင်၍ အမှိုက်ကောက်ပြီးနောက် လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် လူငယ်များ ဦးဆောင်၍ ရွာအတွင်းရှိ လမ်းများတွင် ဒီဇင်ဘာ ၁၃ ရက်မှစတင်ကာ အမှိုက်ပုံးများ ထားရှိလာကြသည်ဟု ဒေသခံများထံမှ သိရသည်။ လောင်းလုံးမြို့နယ် အတွင်းရှိ ရွာဟောင်းဝကျေးရွာနှင့်မင်းရပ်ရွာ (တလိုင်းမော် အပိုင်း) တို့တွင် စေတနာရှင် ပြည်သူများမှ ထည့်ဝင်သည့် ငွေကြေးများဖြင့် အမှိုက်ထည့်သည့် အမှိုက်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း ဦးဆောင်ပြုလုပ်သည့် လူငယ်များက ဆိုသည်။ အမှိုက်ကောက်ရုံဖြင့် မပြည့်စုံဘဲ အမှိုက်ထည့်သည့် လမ်းဘေးအမှိုက်ပုံး ရှိရန်လည်းလိုအပ်ပြီး လက်ရှိတွင် အမှိုက်ခြင်း ၅၂ ခြင်း ထားရှိပေထားပြီးဖြစ်ကြောင်း ရွာဟောင်းဝကျေးရွာမှ ဦးဆောင်ပြုလုပ်သည့် ကိုအောင်မင်း ကပြောသည်။ “ကျေးရွာနေ ပြည်သူတွေ အမှိုက်ကြောင့် ၀န်ထုတ်ဝန်ပိုး မဖြစ်တော့ဘူးပေါ့”ဟု ဦးအောင်မင်း ကပြောသည်။ ယခုကဲ့သို့ အမှိုက်ခြင်းများ ထားရှိပေးခြင်းကြောင့် ကျောင်းသူ/ကျောင်းသားများ ကိုယ်တိုင် အမှိုက်မပစ်ကြတော့ဘဲ ပတ်ဝန်းကျင်တွင် တွေ့ရှိသည့် နီးစပ်ရာ အမှိုက်များကို အမှိုက်ခြင်းအတွင်း ကောက်ထည့်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာသည့်အတွက် ၀မ်းသာကြည်နူးမိကြောင်း ရွာဟောင်းဝ ကျေးရွာမှ မအေးအေးလဲ့ ကဆိုသည်။ “နောင်လာမယ့် အနာဂါတ် ကလေးငယ်တွေ အမှိုက်ကို စည်းကမ်းတကျ ပစ်တတ်စေချင်တယ်” ဟု မအေးအေးလဲ့ ကပြောသည်။ အဆိုပါ အမှိုက်ခြင်းများထဲသို့ အိမ်များမှ ထွက်ရှိသည့် မီးဖိုချောင်သုံး အမှိုက်များ ပစ်ခွင့်မပြုဘဲ ရရှိလာသည့် အမှိုက်များအား တစ်ပတ်တစ်ကြိမ်သိမ်းဆည်းကာ ရွာနှင့်ဝေးရာတွင် မီးရှို့ဖျက်ဆီးကြသည်ဟု ယင်းကဆက်ပြောသည်။ ကျေးလက်နေ ပြည်သူများမှ ပတ်ဝန်းကျင် အသိ အမြင်များကြောင့် စိတ်ဓာတ်များ ပြောင်းလဲလာခြင်းမှာ အားတက် ချီးမွှမ်းစရာကောင်းသည်ဟု လောင်းလုံးမြို့နယ် စည်ပင်အမှုဆောင်အရာရှိ ကဆိုသည်။ “စည်ပင်နဲ့ပတ်သက်တဲ့အကူအညီလိုအပ်ရင် တတ်နိုင်သလောက်ကို အချိန်မရွေး အကူအညီပေးသွားမယ်”ဟု အမှုဆောင်အရာရှိ ဦးထွန်းမြင့် ကပြောသည်။ ပလပ်စတစ်အမှိုက်နှင့်ရိုးရိုးအမှိုက်များအား ရောပြီးမီးမရှို့သင့်ဘဲ ခွဲခြားပြီး ပလပ်စတစ်အမှိုက်များအား မြေမြှပ်ဖျက်ဆီးသင့်ကြောင်း ယင်းက အကြံပြုပြောကြားသည်။ လောင်းလုံးမြို့နယ် စည်ပင်သာယာရေးအဖွဲတွင် အမှိုက်သိမ်းယာဉ် တစ်စီးနှင့်နေ့စား သန့်ရှင်းရေးဝန်ထမ်း ၂ နှစ်ဦးရှိကာ လောင်းလုံးမြို့ပေါ်လေးရပ်ကွက် အတွင်း တစ်ပတ်လျှင်နှစ်ရက်နှုန်းဖြင့် အမှိုက် လိုက်လံသိမ်းဆည်းပေးလျက်ရှိကြောင်း စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။ မီးဖိုချောင်ထွက် အမှိုက်အပါအ၀င် အမှိုက်ပြဿနာကို ထားဝယ်မြို့ပေါ် အပြင် ကျေးရွာများ အထိ ပျံ့နှံ့လာပြီ ဖြစ်သော်လည်း တိုင်းအစိုးရအဖွဲ့တွင် ဖြေရှင်းရန် ရေရာတိကျသော မူဝါဒမရှိသေးပေ။

MIC ၏ လုပ်ပိုင်ခွင့်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်အရ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ အစိုးရအဖွဲ့များအား ခွဲဝေပေးနိုင်ကြောင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်သည့် ဥပဒေနှစ်ခုအရ သိရ

ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ အစိုးရအဖွဲ့များအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ လုပ်ပိုင်ခွင့်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်များအရ လုပ်ပိုင်ခွင့်များ ခွဲဝေပေးရမည့်အချက်အား ပြဋ္ဌာန်းလိုက်ကြောင်း ဒီဇင်ဘာ ၂၂ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေနှင့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်သည့် ဥပဒေများကို ဒီဇင်ဘာ ၂၃ ရက် တွင် နိုင်ငံပိုင်သတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။ ပြည်ထောင်စုလွှတ်တော်၏ ဥပဒေအမှတ် စဉ် ၆၇ နှင့် ၆၈ အဖြစ် ထုတ်ပြန်သည့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေနှင့် မြန်မာနိုင်ငံ သားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ပြင်ဆင်သည့် ပုဒ်မ ၃ ခုစီဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် ဖော်ပြချက်အရ ပုဒ်မ ၂ တွင် “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ဆ) ကို အစားထိုးပြင်ဆင်လိုက်ခြင်း ဖြစ်ပြီး “ တိုင်းဒေသကြီးနှင့် ပြည်နယ်များ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းအမျိုးအစားအရ လည်းကောင်း၊ သဘာဝအရင်းအမြစ်အနေအထားအရ လည်းကောင်း၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက်လည်းကောင်း ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုပေးနိုင်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသို့ လုပ်ပိုင်ခွင့် ခွဲဝေသတ်မှတ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ခြင်းဟု ပြင်ဆင်ခဲ့ပြီး ပုဒ်မ ၃တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၁၃ ၏ နောက်တွင် ပုဒ်မ ၁၃-က အဖြစ် ထပ်မံ ဖြည့်စွက်ရလိုက်ခြင်းဖြစ်ကာ ဖြည့်စွက်သည့် အချက်မှာ “ကော်မရှင်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသို့ မိမိ၏ လုပ်ပိုင်ခွင့်များကို ခွဲဝေသတ်မှတ်ပေးနိုင်သည်” ဟု ပြင်ဆင်လိုက် ခြင်းဖြစ်သည်။ အလားတူပင် မြန်မာနိုင်ငံသားများရင်း နှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်သည့် ဥပဒေ ပုဒ်မ ၂ တွင်လည်း မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (ဇ) ကို အစားထိုးပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ပြင်ဆင်သည့် အချက်မှာ “ တိုင်းဒေသကြီးနှင့် ပြည်နယ်များ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းအမျိုးအစားအရ လည်းကောင်း၊ သဘာဝအရင်းအမြစ် အနေအထားအရ လည်းကောင်း၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် လည်းကောင်း ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုပေးနိုင်သည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့များသို့ လုပ်ပိုင်ခွင့် ခွဲဝေသတ်မှတ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ခြင်း” ပြုလုပ်ရမည်ဖြစ်ကြောင်း ပြင်ဆင်လိုက်သည်။ ထို့အတူ ပုဒ်မ ၃တွင် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပုဒ်မ ၁၂ ၏ နောက်တွင် ပုဒ်မ ၁၂-က အဖြစ် ဖြည့်စွက်ခဲ့ခြင်းဖြစ် ပြီး ဖြည့်စွက်သည့်အချက်မှာ “ကော်မရှင်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသို့ မိမိ၏ လုပ်ပိုင်ခွင့်များကို ခွဲဝေသတ်မှတ်ပေးနိုင်သည်” ဟု ဖြည့်စွက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ Writer: ဖြိုးဝေ EMG

ဘရူနိုင်းတွင် ခရစ်စမတ်ပွဲ ပေါ်ပေါ်တင်တင်ကျင်းပပါက ထောင်ဒဏ် ၅နှစ် ကျခံရဖွယ်ရှိ


ဘန်ဒါဆရီ ဘီဂါဝမ်၊ ဒီဇင်ဘာ-၂၃ ။          ။ ရေနံကြွယ်ဝသည့် နိုင်ငံငယ်လေး၏ ဆူလတန်ဘုရင်၏ ကြေညာချက်အရ ဘရူနိုင်းတွင် ခရစ်စမတ်ပွဲကို တရားမ၀င် ဆင်ယင်ကျင်းပသူ မည်သူမဆို ထောင်ဒဏ် ၅နှစ် ကျခံရဖွယ်ရှိနေသည်ဟု ဆိုသည်။
ကြီးကြီးကျယ်ကျယ်နှင့် လွတ်လွတ်လပ်လပ် ဆင်ယင်ကျင်းပခြင်းမှာ မွတ်စလင်လူထုကို စိတ်ယိုင်သွားစေနိုင်သောကြောင့် ဘရူနိုင်းနိုင်ငံတွင် ယမန်နှစ်မှ စတင်၍ ခရစ်စမတ်ပွဲကို ပိတ်ပင်လာခဲ့သည်။
ခရစ်ယာန်နှင့် အခြားဘာသာဝင်များအနေဖြင့် ခရစ်စမတ်ပွဲကို ကျင်းပနိုင်သော်လည်း တစ်ကိုယ်ရေ သိုသိပ်စွာသာ ကျင်းပနိုင်မည်ဖြစ်ပြီး ပထမဦးစွာ အာဏာပိုင်များကိုလည်း အသိပေးရမည်ဖြစ်သည်။
ခရစ်ယာန်အမှတ်သင်္ကေတများကို လက်ခံထားခြင်းမှာ အစ္စလာမ်ဘာသာရေးကျမ်းများတွင် တားမြစ်ထားသည့် အခြားဘာသာကို တုပခြင်းမျိုးအထိ ရောက်ရှိလာနိုင်ကြောင်း ဒေသတွင်း အစ္စလာမ်ဘာသာရေးခေါင်းဆောင်များက သတိပေး၍ ပိတ်ပင်ရန် လှုံ့ဆော်လာခဲ့ကြသည်။
ဆန်တာဦးထုပ်များ၊ ခရစ်စမတ် နှုတ်ခွန်းဆက် စာတန်းများ ပြသမထားကြောင်း သေချာစေရန်အတွက် ဘာသာရေးဝန်ကြီးဌာနမျ အရာရှိများက ပြည်တွင်း စီးပွားရေးလုပ်ငန်းများသို့ သွားရောက် လည်ပတ်စစ်ဆေးခဲ့ကြသည်ဟု ဆိုသည်။
ကျောက်တုံးဖြင့် ပစ်ခတ်ခြင်းနှင့် ခြေလက်ဖြတ်တောက်ခြင်းကဲ့သို့သော ပြစ်ဒဏ်များ ပါဝင်သည့် အစ္စလာမ် ရှာရီးယားအပေါ်တွင် အခြေခံသော ပိုမိုတင်းကျပ်သည့် ပြစ်မှုကိုယ်ဓဥပဒေကို ဘရူနိုင်းက လက်ခံကျင့်သုံးလာခဲ့သည့် ၂၀၁၄ခုနှစ်တွင် ဗြိတိသျှကိုလိုနီဟောင်းနိုင်ငံကို နှစ်ပေါင်း ၅၀နီးပါး အုပ်ချုပ်လာခဲ့သည့် ဆူလတန် ဟာဆန်နယ် ဘော်ခီရာက ခရစ်စမတ်ပွဲတော်ကို စတင်ပိတ်ပင်လာခဲ့သည်။
ခရစ်စမတ်ပိတ်ပင်မှုကို ဥပဒေသစ်များဖြင့် ပြဌာန်းထားရာ ပြစ်ဒဏ်မှာ ဒဏ်ငွေ ကန်ဒေါ်လာ ၂၀၀၀၀ (သို့မဟုတ်) ထောင်ဒဏ် ၅နှစ် (သို့မဟုတ်) နှစ်ခုစလုံး ကျခံရနိုင်သည်။
 သို့ရာတွင် တစ်ချို့က ဤပိတ်ပင်မှုကို ခုခံဆန့်ကျင်ကြသည်။ လူမှုမီဒီယာ လှုပ်ရှားမှုတစ်ခုဖြစ်သည့် #MyTreedom က ဆော်ဒီအာရေဗျနှင့် အီရန်လို နိုင်ငံများမှ ခရစ်ယာန်များကို ခရစ်စမတ်ပွဲ ကျင်းပနေသည့် ပုံများ တင်ကြရန် အားပေးလှုံ့ဆော်ထားရာ ဘရူနိုင်းဒေသခံများထံမှ ပုံတင်မှု အမြောက်အများရှိခဲ့သည်ဟု ဆိုသည်။

http://mizzimaburmese.com/article/8902

ကရင်ဒုက္ခသည် ၂၂ ဦးကို ကိုရီးယားနိုင်ငံတွင်း နေထိုင်ခွင့်ပြု


မြန်မာနိုင်ငံသား ကရင်အမျိုးသားဒုက္ခသည် ၂၂ ဦးကို တောင်ကိုရီးယားနိုင်ငံတွင်းမှာ နေထိုင်ခွင့်ပထမအကြိမ်အဖြစ် ခွင့်ပြုပေးလိုက်တယ်လို့ တောင်ကိုရီးယားနိုင်ငံ တရားရေး ၀န်ကြီးဌာနက ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အခုခွင့်ပြုပေးလိုက်တဲ့ ဒုက္ခသည် ၂၂ ဦးမှာ အရွယ်ရောက်ပြီးသူ ၁၁ ဦးနဲ့ ကလေး ၁၁ ဦးပါဝင်ပြီး သူတို့ဟာ ထိုင်းနိုင်ငံ၊ မယ်လဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့ကြတာဖြစ်တယ်လို့ တောင်ကိုရီးယားအစိုးရက ပြောပါတယ်။
သူတို့ဟာ တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းလေဆိပ်ကို ဒီဇင်ဘာလ ၂၃ ရက်နေ့ မှာ ရောက်ရှိလာခဲ့ကြတယ်လို့ ကိုရီးယားဂျုံအန်းဒေးလီးသတင်းစာမှာ ဖော်ပြပါတယ်။
အုပ်စုထဲမှ အသက် ၄၃ နှစ်အရွယ် ခါထူးက “ကိုရီးယားမှာရှိတဲ့ ပညာရေးဝန်း ကျင်ဟာ ထိပ်တန်းပဲလို့ ကျနော်ကြားဖူးပါတယ်။ ကျနော်ဘာကိုမှ မမျှော်လင့်ပါဘူး။ ဒါ ပေမယ့် ကျနော့်ကလေးတွေအတွက် ဆရာကောင်းကောင်းရချင်ပါတယ်”လို့ ပြောပါ တယ်။
သူဟာ ၁၉၉၃ ခုနှစ်ကတည်းက စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ဖို့ မြန်မာနိုင်ငံမှ ထွက်ခွာလာခဲ့တာပါ။
အဲဒီနောက်မှာ သူဟာ ထိုင်းနိုင်ငံတွင်း နိုင်ငံရေးခိုလှုံခွင့်တောင်းခဲ့ပြီး ဇနီး၊ ကလေး ၅ ဦး၊ ဆွေမျိုးတဦးနဲ့ အတူနေထိုင်ခဲ့တာပါ။
ထိုင်းနိုင်ငံ၊ မယ်လဒုက္ခသည်စခန်းမှာ ဒုက္ခသည်စုစုပေါင်း ၄ သောင်းကျော်ရှိပြီး ၉၃ ရာခိုင်နှုန်းကျော်ဟာ ကရင်လူမျိုးတွေဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ ၂၀၁၃ ခုနှစ်ကတည်းက ဒုက္ခသည်ဆိုင်ရာ အက်ဥပဒေကို အာရှနိုင်ငံတွေထဲမှာ ပထမဆုံး လိုက်နာအတည်ပြုခဲ့တဲ့ နိုင်ငံပါ။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ပြန်လည်နေရာ ချထားရေး အစီအစဉ်အရ ခုလိုနေထိုင်ခွင့်ပြုခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
ကရင်ဒုက္ခသည် ၂၂ ဦးဟာ အခုလိုလက်ခံခွင့်ပြုဖို့ အဆင့်ပေါင်းများစွာ လုပ်ဆောင်ခဲ့ ကြရတာပါ။
အခုရွေးချယ်ခံရတဲ့ ဒုက္ခသည်တွေဟာ အောက်တိုဘာလတုန်းက ဆေးစစ်ဆေးမှု တွေလုပ်ခဲ့ကြရပြီး ဒီဇင်ဘာလမှာမှ ထိုင်းနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးမှတဆင့် ခရီးထွက်ခွာခွင့် ရရှိခဲ့ကြပါတယ်။
သူတို့ဟာ အလုပ်လုပ်ကိုင်ခွင့်ဆိုင်ရာ သင်တန်းတွေ၊ ဘာသာစကားတွေကို သင်ယူခွင့်တွေ ရရှိကြမှာဖြစ်ပြီး ကိုရီးယားလူဝင်မှုကြီးကြပ်ရေးဌာနမှ ထုတ်ပေးတဲ့ အက်ဖ်-၂ ဗီဇာကို ကိုင်ဆောင်ခွင့်ရရှိကြမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကုန်အထိ အစိုးရအနေနဲ့ တောင်ကိုရီးယားနိုင်ငံတွင်း နေထိုင်ခွင့်လျှောက်လွှာ ၅၃၁ စောင်ကို အတည်ပြုပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
DVB

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မင်္ဂလာဒုံတပ်နယ်ရှိ တာယာစက်ရုံ (ရွာမ)အား ကြည့်ရှုစစ်ဆေး


နေပြည်တော် ၊ ဒီဇင်ဘာ ၂၃
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး တို့လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံတပ်နယ်ရှိ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း တာယာစက်ရုံ(ရွာမ)သို့ သွားရောက် စစ်ဆေးသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား တာယာစက်ရုံ(ရွာမ) အစည်းအဝေးခန်းမ၌ စက်ရုံမှူးကြီးက တာယာထုတ်လုပ်မှုလုပ်ငန်းများ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က မိမိနိုင်ငံ၏ ပြည်တွင်းတာယာ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် စက်ရုံ၏ စွမ်းအားပြည့် ကုန်ထုတ်စွမ်းအား မြှင့်တင်ရမည်ဖြစ်သကဲ့သို့ ထုတ်ကုန်အရည်အသွေး ကောင်းမွန်ရေးကိုလည်း စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ပြည်တွင်း နှစ်စဉ်တာယာလိုအပ်ချက် ၂.၅ သန်းခန့်ရှိရာ ရွာမစက်ရုံအနေဖြင့် စွမ်းအားပြည့်လည်ပတ်ပါက ၈.၅ သိန်းခန့်သာ ထုတ်လုပ်ပေးနိုင်သဖြင့် ယခုထက်ပို၍ စွမ်းအားပြည့် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ စက်ရုံစွမ်းအားပြည့် ကုန်ထုတ်လုပ်ခြင်းဖြင့် ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ ခိုင်မာသောဈေးကွက် ရရှိရေးအတွက် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး ဟန်ချက်ညီအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း အရည်အသွေး တူပါက ဈေးနှုန်းသက်သာရမည်၊ ဈေးနှုန်းတူပါက အရည်အသွေး ပိုမိုကောင်းမွန်ရမည်ဆိုသည့် မူဝါဒနှင့်အညီ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ကုန်ထုတ်လုပ်ငန်းများသည် အမြတ်အစွန်း နည်းနည်းဖြင့် ထုတ်ကုန်ပမာဏ များများဖြစ်အောင် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထုတ်ကုန် တိုးတက်လာသည်နှင့်အမျှ ပြည်ပသွင်းကုန်ကြောင့် နိုင်ငံခြားငွေသုံးစွဲမှုကို လျော့ချနိုင်ပြီး တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ထုတ်ကုန် တိုးတက်ထုတ်လုပ် ခြင်းဖြင့် သွင်းကုန်ပမာဏကို လျော့ချနိုင်ကာ ပိုမိုငွေကြေးခိုင်မာမှု အထိုက်အလျောက် ဖြစ်လာစေပြီး နိုင်ငံတော်၏ စီးပွားရေးကာကွယ်မှု တစ်ခုအဖြစ် ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက်စေရေး ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ခင်းကျင်းပြသထားသော တာယာများအား ကြည့်ရှုစစ်ဆေးကြပြီး တာယာထုတ်လုပ်မှု အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။
မြန်မာစီးပွားရေးကော်ပိုရေးရှင်း တာယာစက်ရုံ(ရွာမ)သည် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ ရွာမ စက်မှုနယ်မြေတွင် တည်ရှိသည်။ ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလမှစ၍ ပြည်တွင်းဈေးကွက်သို့ Tristar Tyre ဆိုဒ်စုံ ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိပြီး ပြည်တွင်းတာယာ လိုအပ်ချက်ကို ယခုထက်ပိုမို၍ တိုးတက်ထုတ်လုပ် ဖြည့်ဆည်းနိုင်ရေး၊ သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေး ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းနှင့် ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးFacebook

လေထုညစ်ညမ်းမှုကြောင့် တရုတ်နိုင်ငံရှိ မြို့ပေါင်း ၄၀ တွင် သတိပေးချက်များ ထုတ်ပြန်



ပေကျင်း ၊ ၂၃-၁၂-၂၀၁၅

တရုတ်နိုင်ငံ၏ မြို့တော်ဖြစ်သည့် ပေကျင်းမြို့ အပါအဝင် နိုင်ငံမြောက်ပိုင်းရှိ မြို့ပေါင်း ၄ဝ မှတာဝန်ရှိ သူများသည် လေထုညစ်ညမ်းမှု သတိပေးချက်များ ထုတ်ပြန် ထားကြောင်း ဒေသတွင်း သတင်းဌာန က ဒီဇင်ဘာ ၂၂ ရက်တွင် ဖြော်ပထားသည်။

ပေကျင်းမြို့ရှိ တာဝန်ရှိ သူများသည် လေထု ညစ်ညမ်းမှုအတွက် ပထမဆုံး အကြိမ် အနီရောင်အဆင့် သတိပေးချက်ကို ဒီဇင်ဘာ ၇ ရက်တွင် ထုတ်ပြန်ပြီး ဒီဇင်ဘာ ၁ဝ ရက်တွင် ရုပ်သိမ်းခဲ့သည်။ ထို့နောက် ဒုတိယ အကြိမ် အနီရောင်အဆင့် သတိပေးချက်ကို ဒီဇင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ထားကာ ဒီဇင်ဘာ ၂၄ ရက်တွင် ပြန်လည် ရုပ်သိမ်းဖွယ် ရှိကြောင်း သိရသည်။

ထို့ပြင် ပေကျင်းမြို့ သာမက ပေါင်ပင်း၊ ဟန်တန်၊ လန်ဖန်းနှင့် ရှင်းမြို့ များတွင်ပါ လေထု ညစ်ညမ်းမှု အဆိုးရွားဆုံး အခြေအနေ ဖြစ်သည့် အနီရောင်အဆင့် သတိပေးချက်ကို ထုတ်ပြန် ထားခြင်း ဖြစ်ကြောင်း ပေကျင်းမြို့ သဘာဝ ပတ်ဝန်းကျင် လေ့လာ စောင့်ကြည့်ရေး စင်တာ၏ ပြောကြားချက် ကိုကိုးကား၍ ဆင်ဟွာ သတင်းဌာနက ဖော်ပြထားသည်။

နိုင်ငံမြောက်ပိုင်း ဆိပ်ကမ်းမြို့ ဖြစ်သည့် ထျန်ကျင်းမြို့ အပါအဝင် ၁၃ မြို့ကို လိမ္မော်ရောင် အဆင့် သတိပေးချက် ထုတ်ပြန် ထားကြောင်း၊ ၁၇ မြို့ကို အဝါရောင် အဆင့် သတိပေးချက် ထုတ်ပြန် ထားကြောင်းနှင့် ငါးမြို့ကို အပြာရောင် အဆင့် သတိပေးချက် ထုတ်ပြန် ထားခြင်း ဖြစ်ကြောင်း အဆိုပါ စင်တာက ဆက်လက် ပြောကြား ထားသည်။

ပညာရှင်များက လေထုညစ်ညမ်းမှု အနီရောင် အဆင့် ကြေညာပါက တာဝန်ရှိသူများ အနေဖြင့် ယာဉ်သုံးစွဲမှုများ လျှော့ချရေး၊ စာသင်ကျောင်း များနှင့် မူကြိုကျောင်းများ ခေတ္တ ပိတ်ထားခြင်း နှင့် လေထု ညစ်ညမ်းမှု များကို ထုတ်လွှတ်လျက် ရှိသည့် ကုမ္ပဏီများကို ယာယီ ပိတ်သိမ်းခြင်း စသည့် လေထု ညစ်ညမ်းမှု လျော့ကျစေမည့် အချက်များကို အလိုအလျောက် လုပ်ဆောင်ရမည် ဖြစ်ကြောင်း အဆိုပါ စင်တာက ရှင်းလင်း ပြောကြား ထားသည်။


(Pyi Chit Thar)

သမီးငယ်ကို မိုက်ခရိုဝေ့ဗ်ထဲ ထည့်သတ်သည့် မိခင် ထောင်ဒဏ်ချမှတ်ခံရမည်


အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆက်ခရာမင်တိုမြို့မှာ ၁ လသားအရွယ် သမီးငယ်ကို မိုက်ခရိုဝေ့ဗ်မီးဖိုထဲ ထည့်သတ်ခဲ့တဲ့ မိခင်တဦးဟာ ထောင်ဒဏ် အနည်းဆုံး ၂၆ နှစ် ကျခံရမယ်လို့ ဗြိတိန်အခြေစိုက် ဒေးလီးစတားသတင်းမှာ ဒီဇင်ဘာ ၂၀ ရက်နေ့က ဖော်ပြပါတယ်။
အသက် ၃၄ နှစ်အရွယ် ကာရန်အမည်ရ အဲဒီအမျိုးသမီးဟာ သမီးဖြစ်သူ မိုင်ယာ ဘဲလ်သာအိုလိုကို မိုက်ခရိုဝေ့ဗ်ထဲမှာ ၅ မိနစ်ကြာ ထည့်ခဲ့တာဖြစ်ပြီး ကလေးငယ်ရဲ့ ကိုယ်ခန္ဓာပြင်ပနဲ့ အတွင်းပိုင်း ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ၈၀ ရာခိုင်နှုန်းလောက် လောင်ကျွမ်းခဲ့တာပါ။
မီးလောင်ကျွမ်းမှုကြောင့် ကလေးငယ်ရဲ့ ကိုယ်တွင်း အစာအိမ်နဲ့ အူတွေဟာ  ကျက်လုနီးပါး ဖြစ်သွားခဲ့ပြီး ဆိုးဝါးတဲ့ဝေဒနာ ခံစားခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
သူဟာ ဗိသုကာကုမ္ပဏီတခုမှာ အလုပ်လုပ်နေတာဖြစ်ပြီး ကလေးက သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အတွက် ဒေါသထွက် အသိစိတ်လွတ်ကာ ခုလိုလုပ်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
သူ့မှာ တခြားကလေး ၃ ဦးလည်းရှိနေပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတာမို့ ထောင်ဒဏ် အနည်းဆုံး ၂၆ နှစ်ကျခံရမှာဖြစ်ပြီး အသေးစိတ်ကိုတော့ ဆက်လက် စုံစမ်းနေတယ်လို့ ဆိုပါတယ်။
DVB

ငြိမ်းချမ်းရေး သဘောတူစာချုပ်ကို လေးစားလိုက်နာမည်ဟု မိုင်းလား လက်နက်ကိုင်အဖွဲ့ဆို


ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် မိုင်းလား အထူးဒေသ(၄)အဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ် နှစ်ဖက် ချုပ်ဆိုထားသော ငြိမ်းချမ်းရေး သဘောတူစာချုပ်ကို လေးစားလိုက်နာမည်ဟု မိုင်းလားအဖွဲ့ ဥက္ကဠ ဦးစိုင်းလင်းက ဒီဇင်ဘာလ ၂၂ ရက်က ပြောကြားသည်။



နိုင်ငံတော် သမ္မတကြီး၏ ငြိမ်းချမ်းရေး ဆိုင်ရာ ဆောင်ရွက်မှု ဖြစ်စဉ်များနှင့် တိုးတက်မှုများအပေါ် ထောက်ခံ ကြိုဆိုပါကြောင်း၊ မိမိတို့အဖွဲ့သည် နိုင်ငံတော်မှ ခွဲထွက်ခြင်းပြုလုပ်မည် မဟုတ်ဘဲ နိုင်ငံတော်၏အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ထိန်းသွားမည်ဖြစ်ပြီး နှစ်ဖက်ချုပ်ဆိုခဲ့သည့် ငြိမ်းချမ်းရေး သဘော တူစာချုပ်ကို လေးစားလိုက်နာသွားမည်ဖြစ်ပါကြောင်း ၎င်းက ဆိုသည်။
ပဋိပက္ခ များကို တွေ့ဆုံ ဆွေးနွေးခြင်းမှ တစ်ဆင့် အဖြေရှာသည့်နည်းလမ်းကို ကျင့်သုံးသွားမည် ဖြစ်ပြီး  ပြည်တွင်းရှိ တိုင်းရင်းသား ညီအစ်ကို များနှင့်အတူ နိုင်ငံရေးဆွေးနွေးပွဲကို ပါဝင် တက်ရောက်ရန် ဆန္ဒရှိ ပါကြောင်း ဥက္ကဌ ဦးစိုင်းလင်းကပြောသည်။

နိုင်ငံရေးပဋိပက္ခများကို နိုင်ငံရေးစားပွဲဝိုင်းတွင်သာ အဖြေရှာကြရ မည်ဖြစ်ပြီး လာမည့် ဇန်နဝါရီ ၁၂ ရက်တွင် ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးပွဲ ဆောင်ရွက်ရန်ရှိပါကြောင်း  ပြည်ထောင်စုငြိမ်းချမ်းရေး
 ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်က ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မိုင်းလား အထူးဒေသ (၄)အဖွဲ့ကိုလည်း အထူးဧည့်သည် တော်အဖြစ် တက်ရောက်နိုင် ရန် ဖိတ်ကြားခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင် ရွက်ရာတွင် နိုင်ငံတော်အနေဖြင့် မည်သည့်အဖွဲ့ကိုမျှ ချန်ထားခဲ့ရန် မရှိပါ ကြောင်း ၎င်းကဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ဦးခင်မောင်စိုး၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး အရှေ့မြောက် တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မိုင်းလား မြို့ ရွှေဟင်္သာဟိုတယ်၌ မိုင်းလားအထူးဒေသ (၄) ဥက္ကဋ္ဌ ဦးစိုင်းလင်း၊ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ နှင့်တာဝန်ရှိသူများအား တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

မိုင်းလား အထူးဒေသ(၄) အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့် က ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက်နေသည့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လယ်ယာ စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မူးယစ်ဆေးဝါးနှိမ်နင်းရေး၊ လမ်းတံတား၊ လျှပ်စစ်၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေနှင့် လိုအပ်ချက်များကို အဆိုပါ တွေ့ဆုံပွဲတွင် ရှင်းလင်းတင်ပြသည်။ (Xinhua)

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ တန်ဖိုးသင့်အိမ်ရာစီမံကိန်း အကျိုးတူ ဆောင်ရွက်ရန် စီစဉ်


ရန်ကုန် ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ပျဉ်းမပင်အိမ်ရာစခန်းမြေတွင် ပါဝင်သော မြေဧရိယာ (၃၉)ဧကတွင် တန်ဖိုးသင့် အိမ်ရာစီမံကိန်းအား အကျိုးတူ ဆောင်ရွက်ရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ပြည်တွင်း လုပ်ငန်းရှင်များအား အိတ်ဖွင့် တင်ဒါ ခေါ်ယူဆောင်ရွက်နေကြောင်း သိရသည်။
(ဆင်ဟွာ)

လွှတ်တော်အနေနဲ့ သမ္မတဟောင်းကို အလွန်အကျွံကာကွယ်တဲ့ ဥပဒေ လက်မခံရန် HRW တိုက်တွန်း


------- -------- --------
မြန်မာလွှတ်တော်အနေနဲ့ နိုင်ငံတော် သမ္မတဟောင်းတွေကို အလွန်အကျွံ
အကာကွယ်ပေးပြီး ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေအတွက် အကာကွယ်ပေးနိုင်တဲ့
နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို
လက်မခံဘဲ ပယ်ချသင့်တယ်လို့ လူ့အခွင့်ရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ဖြစ်တဲ့
Human Right Watch က တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့က နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြခဲ့တဲ့
အဲဒီဥပဒေကြမ်းမှာ ပါရှိတဲ့ “နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူက သမ္မတ
အဖြစ် တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း တာဝန်အရ ဆောင်ရွက်ချက်များ
ကို အကြောင်းပြ၍ ယင်းအား တရားစွဲဆိုခြင်း နှင့် အရေးယူခြင်းတို့ မရှိစေရ” ဟု
ဖော်ပြထားတဲ့ ပုဒ်မဟာ တာဝန်ယူမှု ၊ တာဝန်ခံမှု ကင်းမဲ့စေရုံသာမက ဒီမိုကရေစီ
စနစ်နဲ့ မကိုက်ညီဘူးလို့ ဝေဖန်မှုတွေ ရှိနေခဲ့တာပါ။
HRW ရဲ့ ထုတ်ပြန်ချက်မှာတော့ အဲဒီအချက်ဟာ စစ်ရာဇ၀တ်တွေအပါဝင် ၊
အခြားသော ရာဇ၀တ်အပါဝင် အလွဲသုံးစားလုပ်မှုတွေကို အကာကွယ်ပေးနိုင်တာ
ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီဥပဒေကြမ်းက အလွန်ကို မျက်နှာပြောင်
တိုက်တဲ့ ဥပဒေကြမ်းပါပဲ သမ္မတ အနေနဲ့ သူဘာပဲ လုပ်ခဲ့လုပ်ခဲ့ အေးအေးလူလူနဲ့
အနားယူနိုင်အောင် ရည်ရွယ်ချက်ရှိရှိ စီစဉ်ထားတဲ့ ဥပဒေဖြစ်နေပါတယ် လို့ HRW
ရဲ့ အာရှဒေသဆိုင်ရာ ဒါရိုက်တာ ဖီးလ်ရော်ဘင်ဆန်က ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေတွင်မူ ကူးပြောင်းရေး ကာလဆိုင်ရာ
ပြဋ္ဌာန်းချက်များ အခန်း ၁၄ တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊
နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အဖွဲ့၊ သိုမဟုတ် အဖွဲ့ဝင်
တစ်ဦးဦး၊ သို့မဟုတ် အစိုးရအဖွဲ့ဝင်တစ်ဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များ
အပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိစေရ” ဟု
ပြဋ္ဌာန်းထားပါတယ်။ အဆိုပါပြဋ္ဌာန်းချက်မှာ ယခင်စစ်အစိုးရအတွက် နောက်ကြောင်း
ပြန် သက်ရောက်မှု မရှိစေတဲ့ ပြဋ္ဌာန်းချက်ဖြစ်ပြီး စစ်အုပ်ချုပ်ရေး ကာလတွေ
အတွက် သီးသန့်ပြဋ္ဌာန်းခဲ့တဲ့ ပုဒ်မဖြစ်သလို အခုလို ဒီမိုကရေစီလို့ ခေါ်ဆိုနေသော
ကာလမှာ အခုလို ပုဒ်မတွေကို ထည့်သွင်းထားတဲ့ ဥပဒေတွေကို မပြဋ္ဌာန်းသင့်ဘူးလို့
ပြည်တွင်းမှာလည်း ဝေဖန်မှုတွေ ရှိနေတာပါ။ သမ္မတ ဦးသိန်းစိန် အပါဝင်
ဘယ်သမ္မတပဲဖြစ်ဖြစ် တာဝန်အရ ဆိုပေမယ့် ကိုယ်လုပ်ခဲ့တာတွေ အတွက်ဆိုရင်
တာဝန်ယူမှု ရှိရပါလိမ့်မယ်လို့ ဖီလ်းရော်ဘင်ဆင်က ပြောပါတယ်။
Ref: HRW
The Ladies News Journal

------- -------- --------
မြန်မာလွှတ်တော်အနေနဲ့ နိုင်ငံတော် သမ္မတဟောင်းတွေကို အလွန်အကျွံ
အကာကွယ်ပေးပြီး ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေအတွက် အကာကွယ်ပေးနိုင်တဲ့
နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို
လက်မခံဘဲ ပယ်ချသင့်တယ်လို့ လူ့အခွင့်ရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ဖြစ်တဲ့
Human Right Watch က တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့က နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြခဲ့တဲ့
အဲဒီဥပဒေကြမ်းမှာ ပါရှိတဲ့ “နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူက သမ္မတ
အဖြစ် တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း တာဝန်အရ ဆောင်ရွက်ချက်များ
ကို အကြောင်းပြ၍ ယင်းအား တရားစွဲဆိုခြင်း နှင့် အရေးယူခြင်းတို့ မရှိစေရ” ဟု
ဖော်ပြထားတဲ့ ပုဒ်မဟာ တာဝန်ယူမှု ၊ တာဝန်ခံမှု ကင်းမဲ့စေရုံသာမက ဒီမိုကရေစီ
စနစ်နဲ့ မကိုက်ညီဘူးလို့ ဝေဖန်မှုတွေ ရှိနေခဲ့တာပါ။
HRW ရဲ့ ထုတ်ပြန်ချက်မှာတော့ အဲဒီအချက်ဟာ စစ်ရာဇ၀တ်တွေအပါဝင် ၊
အခြားသော ရာဇ၀တ်အပါဝင် အလွဲသုံးစားလုပ်မှုတွေကို အကာကွယ်ပေးနိုင်တာ
ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီဥပဒေကြမ်းက အလွန်ကို မျက်နှာပြောင်
တိုက်တဲ့ ဥပဒေကြမ်းပါပဲ သမ္မတ အနေနဲ့ သူဘာပဲ လုပ်ခဲ့လုပ်ခဲ့ အေးအေးလူလူနဲ့
အနားယူနိုင်အောင် ရည်ရွယ်ချက်ရှိရှိ စီစဉ်ထားတဲ့ ဥပဒေဖြစ်နေပါတယ် လို့ HRW
ရဲ့ အာရှဒေသဆိုင်ရာ ဒါရိုက်တာ ဖီးလ်ရော်ဘင်ဆန်က ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေတွင်မူ ကူးပြောင်းရေး ကာလဆိုင်ရာ
ပြဋ္ဌာန်းချက်များ အခန်း ၁၄ တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊
နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အဖွဲ့၊ သိုမဟုတ် အဖွဲ့ဝင်
တစ်ဦးဦး၊ သို့မဟုတ် အစိုးရအဖွဲ့ဝင်တစ်ဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များ
အပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိစေရ” ဟု
ပြဋ္ဌာန်းထားပါတယ်။ အဆိုပါပြဋ္ဌာန်းချက်မှာ ယခင်စစ်အစိုးရအတွက် နောက်ကြောင်း
ပြန် သက်ရောက်မှု မရှိစေတဲ့ ပြဋ္ဌာန်းချက်ဖြစ်ပြီး စစ်အုပ်ချုပ်ရေး ကာလတွေ
အတွက် သီးသန့်ပြဋ္ဌာန်းခဲ့တဲ့ ပုဒ်မဖြစ်သလို အခုလို ဒီမိုကရေစီလို့ ခေါ်ဆိုနေသော
ကာလမှာ အခုလို ပုဒ်မတွေကို ထည့်သွင်းထားတဲ့ ဥပဒေတွေကို မပြဋ္ဌာန်းသင့်ဘူးလို့
ပြည်တွင်းမှာလည်း ဝေဖန်မှုတွေ ရှိနေတာပါ။ သမ္မတ ဦးသိန်းစိန် အပါဝင်
ဘယ်သမ္မတပဲဖြစ်ဖြစ် တာဝန်အရ ဆိုပေမယ့် ကိုယ်လုပ်ခဲ့တာတွေ အတွက်ဆိုရင်
တာဝန်ယူမှု ရှိရပါလိမ့်မယ်လို့ ဖီလ်းရော်ဘင်ဆင်က ပြောပါတယ်။
Ref: HRW
The Ladies News Journal

ထိပ်တိုက်တွေ့နေသည့် နယ်မြေတွင် SSPP / SSA နှင့် အစိုးရစစ်တပ် နှစ်ဖက်လုံးမှ တပ်တချို့ ပြန်လည်ရုပ်သိမ်း



SSPP/SSA နှင့် အစိုးရစစ်တပ်တို့ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့်
မိုင်းရှူးဒေသ အတွင်းမှ နှစ်ဖက်ဆိုင်ထားသည့် နေရာများရှိ တပ်တချို့မှာ ပြန်လည်
ဆုတ်ခွာသွားပြီ ဖြစ်ကြောင်း ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSPP/SSA မှ
တာဝန်ရှိသူတစ်ဦးက The Ladies သို့အတည်ပြု ပြောဆိုသည်။

“သူတို့ဘက်က လည်း တပ်တချို့ ဆုတ်တယ်၊ ဆုတ်ပေးတယ်လို့လည်း
ကျွန်တော်တို့ကို လှမ်းအကြောင်းကြားတယ်။ ကျွန်တော်တို့ဘက် ကလည်း ၁၄
ရက်နေ့က တချို့ဆုတ်လိုက်ပြီ” ဟု SSPP/SSA ပြန်ကြားရေးဌာနမှ တာဝန်ရှိသူက
ဆိုသည်။
ဒီဇင်ဘာ ၂၃ ရက် (ယနေ့) တွင်လည်း ရှေ့သို့ အနည်းငယ်ကျွံနေသည့်
တပ်တချို့အား ရိက္ခာပို့ရန်အတွက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ
SSPP/SSA ထံအကြောင်း ကြားလာသောကြောင့် ခွင့်ပြုပေးခဲ့သည် ဟု
အဆိုပါ တာဝန်ရှိသူကဆိုသည်။
“လွယ်ဖေးတောင်ဘက်ကိုတော့ သူတို့က စစ်ဆေးဖို့ဆိုပြီးမှ ခွင့်တောင်းတယ် ။
ကျွန်တော်တို့က ပေးလို့မဖြစ်တဲ့အတွက် အဲ့ဒါတော့ ခွင့်မပြုလိုက်ဘူး ။ ကျန်တာ
ကတော့ အဆင်ပြေပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
တပ်မတော်နှင့် SSPP / SSA တို့ကြား နှစ်လနီးပါးကြာမြင့်သည့် တိုက်ပွဲများကြောင့်
ဒေသခံသောင်းနှင့်ချီ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ၊ မိုင်းရှူး၊ မိုင်းနောင်၊ တန့်ယန်း
ကားလမ်း တောင်ဘက်ခြမ်းရှိ SSPP တပ်များကို လမ်းမြောက်ဘက်ခြမ်းသို့
ဆုတ်ပေးရန်၊ အစိုးရတပ်များကိုလည်း မူလနေရာသို့ ပြန်လည် ဆုတ်ခွာပေးရန်
သဘောတူထားပြီး တိုက်ပွဲများ ခေတ္တရပ်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
သတင်း - ဇော်မင်းထွန်း
Photo - SSPP / SSA Fb
The Ladies News Journal

မန္တလေးမြို့တွင်း ဆိုင်ကယ် ရှေ့ဘီး၊ နောက်ဘီး ထောင် မောင်းနှင်မှုများအား အရေးယူမည်



မန္တလေးမြို့တွင်း အုပ်စုလိုက် ဆိုင်ကယ်ရှေ့ဘီး၊ နောက်ဘီး ထောင်ကာ မောင်းနှင်မှု များအား တိုင်ကြားလာပါက ဖမ်းဆီးအရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အမှတ် ၃ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (မန္တလေး) မှ သိရသည်။
“တိုင်ကြားမှု ရှိလာရင်တော့ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ နယ်မြေ ရဲတပ်ဖွဲ့တို့နဲ့ ပူးပေါင်း ဖမ်းဆီးမှုများ ပြုလုပ်သွားမယ်” ဟု အမှတ် ၃ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (မန္တလေး) တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီးကံသိန်းက ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ပြောသည်။

ဆိုင်ကယ် ထောင်မောင်းနှင်သူများမှာ ကျောင်းနေရွယ် လူငယ်များဖြစ်နေခြင်း၊ အုပ်စုလိုက် လုပ်ဆောင်ခြင်း ကြောင့် ဖမ်းဆီးမှုများ ပြုလုပ်မည်မဟုတ်ဘဲ ပညာပေးခြင်းများကိုသာ ပြုလုပ်သွားမည် ဖြစ်ကြောင်း အမှတ် ၃ ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

“ရဲတပ်ဖွဲ့တွေက ထိန်းသိမ်းမှု လုပ်ဆောင်တာမျိုးထက် မိဘတွေကလည်း ကိုယ့်သားသမီးတွေကို အပြင်မှာ ဘယ်လို နေထိုင်ပြုမူ နေသလဲဆိုတာ ကြည့်ပြီးထိန်းသိမ်းဖို့ လိုတယ်” ဟု အမှတ် ၁၄ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး ရဲမှူးသိန်းဦးက ပြောသည်။

မန္တလေးမြို့ရှိ မန္တလေးတက္ကသိုလ် အ၀င်လမ်းဝန်းကျင်၊ မန္တလေးတိရစ္ဆာန် ဥယျာဉ် ၀န်းကျင်၊ ကန်တော်ကြီး ပတ်လမ်း တစ်လျှောက်နှင့် လမ်းနေရာ ကျယ်ဝန်းသော နေရာများတွင် ဆိုင် ကယ်ရှေ့ဘီးထောင် မောင်းနှင်မှုများကို ပြုလုပ်လျက်ရှိပြီး အသံဆူညံခြင်းများ ဖြစ်ပေါ်လျက် ရှိကြောင်း မြို့ခံများထံမှ သိရသည်။


(Ladies News Journal)

အမေရိကန်အလှမယ်တစ်ဦး မွတ်ဆလင် ဆန့်ကျင်ရေး မှတ်ချက်ကြောင့် အလှမယ်ဘွဲ့ ရပ်ဆိုင်းခံရ




အမေရိကန်ရဲ့အလှမယ် တစ်ဦးဖြစ်တဲ့ Destiny Velez ဟာ မွတ်ဆလင် ဆန့်ကျင်ရေး မှတ်ချက်အချို့ကြောင့် သူမရရှိထားတဲ့ Miss Puerto Rico ၂၀၁၅ အလှမယ်ဆုကို အကန့်အသတ်မရှိ ရပ်ဆိုင်းခံလိုက်ရပါတယ်။

သူမပိုင် လူမှုကွန်ယက်မီဒီယာ Twitter ကနေတဆင့် မွတ်ဆလင် ဆန့်ကျင်ရေး မှတ်ချက်အချို့ကို ရေးသားဖော်ပြပြီးတဲ့ နောက်ပိုင်းမှာ Miss America Organization အဖွဲ့ကနေ သူမရဲ့ အလှမယ်ဆုကို အကန့်အသတ်မရှိ တနင်္ဂနွေနေ့က ရပ်ဆိုင်း လိုက်တာ ဖြစ်ပါတယ်။

ရုပ်ရှင်ရိုက်ကူးသူ Michael Moore ရဲ့ နယူးယောက် Trump Tower ရှေ့မှာ ငါတို့အားလုံးဟာ မွတ်ဆလင် ဖြစ်တယ်ဆိုတဲ့ “ We all are Muslim” ဆိုင်းဘုတ်ကို ကိုင်ပြီး ဆန္ဒပြမှုက သူမကို ဒေါသပိုစေခဲ့ပြီး ချက်ချင်းဘဲ သူမရဲ့ Twitter ကနေ တဆင့် မွတ်ဆလင် ဆန့်ကျင်ရေး စကားလုံးတွေနဲ့ တုန့်ပြန်ရေးခဲ့တယ်လို့ ဆိုပါတယ်။

သူမရဲ့ ရေးသားချက်တွေထဲမှာ မွတ်ဆလင်တွေဟာ အမေရိကန်ရဲ့ ဖွဲ့စည်းပုံကို အကြမ်းဖက်ရေးနဲ့ ဂတ်စ်တွေနေရာ အတွက် အသုံးပြုနေသလို မွတ်ဆလင်တွေ ဘာတွေ လုပ်ခဲ့သလဲဆိုရင် လောင်စာဆီ၊ ဒီတိုင်းပြည်အတွက် အကြမ်းဖက်မှုနဲ့ တစ်ခြား အရာများစွာကို ထောက်ပံ့ပေးခဲ့တယ်လို့ ရေးသားပါတယ်။

ဒါ့ပြင် မွတ်ဆလင်တွေကို ဂျူးတွေ၊ ခရစ်ယာန်တွေနဲ့ မနိုင်းယှဉ်ပါနဲ့။ ဂျူးနဲ့ ခရစ်ယာန်တွေမှာ အကြမ်းဖက်မှု ပြုလုပ်ဖို့ သူတို့ရဲ့ ကျမ်းစာတွေမှာ ရေးသားထားတာ ဘာမှ မရှိဘူးလို့လဲ ရေးသားဖော်ပြထားပါတယ်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာ အလှမယ် Miss Puerto Rico ဝေဖန်မှုတွေ ထွက်လာတဲ့ အတွက် သူမရဲ့ Twitter ပိတ်လိုက်တယ်လို့ သိရပါတယ်။

(Arakan State)

ရွာသားပိုင်မြေပေါ် စစ်မှုထမ်းဟောင်းအဖွဲ့မှ ဆိုင်းဘုတ်ထောင်ရာမှ ပြသနာ ဖြစ်ပွား




မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဒီဇင်ဘာ ၂၂

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် သားရွဲကျေးရွာမှ ရွာသားများပိုင် ဘုံမြေ တစ်ခုအား စစ်မှုထမ်းဟောင်းအဖွဲ့မှ ဆိုင်းဘုတ်ထောင်ရာမှ ရွာသားနှင့် စစ်မှုထမ်းဟောင်း အဖွဲ့တို့ကြား ပြသနာ ဖြစ်ပွားနေကြောင်း သတင်း ရရှိသည်။
မြေနေရာအကျယ်အဝန်းမှာ တစ်ဧကခန့်ရှိပြီး သားရွဲကျေးရွာသားများ ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်လာခဲ့သော မြေဖြစ်ကြောင်း အဆိုပါကျေးရွာနေ ဦးခင်မောင်လှက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ယင်းမြေပေါ်တွင် ပေါက်တောမြို့နယ်မှ စစ်မှုထမ်းဟောင်းအဖွဲ့က သူတို့ပိုင်သည့် မြေဟု ဆိုကာ မကျူးကျော်ရန် ဆိုင်းဘုတ်လာ ထောင်ထားရာမှ ရွာသားများနှင့် သူပိုင် ကိုယ်ပိုင် အငြင်းပွားနေကြသည်ဟု သိရသည်။

“ကျွန်တော်တို့ရဲ့ဘိုးဘွားမြေကို စစ်မှုထမ်းဟောင်းက ဒီနေ့ဒီအချိန်ကျမှပဲ ငါတို့ မြေဆိုပြီးတော့ လာလုပ်ပါတယ်။ စစ်မှုထမ်းဟောင်းမြေဆိုပြီးတော့ ကျွန်တော်တို့လည်း တစ်ခါမှလည်း ကြားသိရတာ မရှိဘူး။ ကျွန်တော်တို့ ဆီကို အခုနက ပြောသလို စစ်မှုထမ်းဟောင်း က ပိုင်ဆိုင်တယ်ဆိုတဲ့ အထောက် အထားလေးတွေလည်း ဒီနေ့ထက် တိုင်အောင် မတွေ့ရှိရပါဘူး” ဟု သူက ဆိုသည်။

စစ်မှုးထမ်းဟောင်းအဖွဲ့က ရွာသားပိုင် မြေပေါ် ဆိုင်းဘုတ်ထောင်ထားခြင်း အပေါ် ဖြေရှင်းပေးရန် ပေါက်တောမြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြတောင်းဆို ထားသော်လည်း အကြောင်းမထူးသေးဟု ဒေသခံများက ဆိုသည်။

“ကျွန်တော်တို့ရဲ့ကျေးရွာပိုင်နက်မြေကို ကျွန်တော်တို့က လိုချင် တယ်။ မြို့နယ် အုပ်ချုပ်ရေးမှူး ဆီလည်း တင်ပြပြီးပြီ။ ဒါကြောင့် သက်ဆိုင် တဲ့၊ တတ်နိုင်တဲ့၊ အကြံဥာဏ် ပေးနိုင်တဲ့သူတွေ နဲ့ နှီးနှော တိုင်ပင်ပြီးတော့ ကျွန်တော်တို့ ဆက်ပြီး အလုပ်လုပ်သွားမယ်”ဟု အဆိုပါကျေးရွာမှ ဦးမောင်စောညွန့်က ဆိုသည်။

နိရဉ္စရာမှ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်ရာ တာဝန်ရှိသူတစ်ဦးက ယခုကိစ္စကို ပြေလည်အောင်ဖြေရှင်း ပေးသွား မည်ဟု ပြောဆိုသည်။

(Arakan State)

၂၀၁၅ ရွေးကောက်ပွဲအတွက် ကန့်ကွက်လွှာများ ခုံရုံးဖွဲ့ စစ်ဆေးနေ


၂၀၁၅ ရွေးကောက်ပွဲအတွက် တင်သွင်းလာတဲ့ ကန့်ကွက်လွှာတွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ ခုံရုံးဖွဲ့ စစ်ဆေးနေပြီ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၁ ရက်အထိ ကန့်ကွက်လွှာ တင်သွင်းလာတာ ၁၇ မှု ရှိပြီး ပြည်ခိုင်ဖြိုးက တင်သွင်းတာ ၁၁ မှု၊ အန်အယ်လ်ဒီက ၅ မှုနဲ့ တအာင်း(ပလောင်) ပါတီက ၁ မှု ဖြစ်ပါတယ်။
ဒီအမှုတွေမှာ ဒီဇင်ဘာ ၂၁ ရက်နေ့က ၃ မှုကို စတင် ကြားနာ စစ်ဆေးခဲ့ပြီး ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ၁ မှု စစ်ဆေးခဲ့ပါတယ်။
ခုံရုံးဖွဲစစ်ဆေးရာမှာ ဘယ်သူမဆို လာရောက်ကြည့်ရှုလို့ရပေမယ့် ဓာတ်ပုံ၊ ဗွီဒီယိုရိုက်တာနဲ့ အသံဖမ်းတာကိုတော့ ခွင့်မပြုပါဘူး။
၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ကန့်ကွက်လွှာ တင်သွင်းတာ ၃၃ ခု ရှိပြီး ၅ မှုပဲ အနိုင်ရခဲ့တာပါ။
လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာလည်း ကန့်ကွက်လွှာတွေကို ကြားနာဖို့ ရှိနေပါတယ်။
DVB

ဝန်းသိုမြို့မရဲစခန်း အချုပ်ခန်း နယ်ထိန်းရဲအုပ်တွင် ဘိန်းဖြူ ဖမ်းမိ





စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့မရဲစခန်း အချုပ်ခန်းအတွင်းမှာ မူးယစ်ဆေး ရောင်းချတယ်ဆိုပြီး သတင်းထွက်ပေါ်တာကြောင့် ၀င်ရောက်စစ်ဆေးရာ ဘိန်းဖြူပင်နယ်စလင် တပုလင်း ဖမ်းဆီးမိခဲ့ပါတယ်။
ကသာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှစိန်ဦးစီးတဲ့ အဖွဲ့က ဒီဇင်ဘာ ၁၉ ရက်နေ့က ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ အချုပ်ခန်းအတွင်း မူးယစ်ဆေး ရောင်းချတယ်လို့ ယူဆရတဲ့ ဝန်းသိုမြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဇော်လင်းထွန်း ဝတ်ဆင်လာတဲ့ အနွေးထည် အင်္ကျီအိပ်အတွင်းမှ ဘိန်းဖြူကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒီဗွီဘီ နယ်ခံသတင်းထောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဝန်းသိုမြို့မရဲစခန်း အချုပ်ခန်းအတွင်းမှာ အချုပ်သားတွေ မူးယစ်ဆေးဝါး သုံးစွဲနေတာနဲ့ ပတ်သက်လို့ လူမှုကွန်ရက်ဖေ့ဘွတ်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ ပြီးနောက် ကသာခရိုင်ရဲတပ်ဖွဲ့မှူးက စစ်ဆေးခဲ့ရာမှာ အခုလို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အမှုမှန် ပေါ်ပေါက်ဖို့အတွက် ခုံရုံးဖွဲ့ စစ်ဆေးနေပြီး အချုပ်ခန်းအတွင်း မူးယစ်ဆေးရောင်းချခဲ့သူလို့ ယူဆရတဲ့ ရဲအုပ်ဇော်လင်းဦးနဲ့အတူ တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီး ချုပ်နှောင်ထားတယ်လို့ ကသာခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။
ဓာတ်ပုံ – သီဟဆွေ (ကသာ)
DVB

လက်ရှိအစိုးရ လက်ထက်တွင် တရုတ် ကုမ္ပဏီ၊ ခရိုနီ ကုမ္ပဏီများနှင့် ပြည်သူ့စစ်အဖွဲ့ ပူးပေါင်းပြီး မြေယာများ သိမ်းယူကာ တရားမ၀င် သစ်ထုတ်ခြင်း၊ ရွှေတူးခြင်း၊ လယ်မြေများကို အကွက်ရိုက်၍ ရောင်းချမှုများ ပြုလုပ်ခဲ့ကြောင်း အစီရင်ခံစာ တစ်ရပ်တွင် ဖော်ပြ

လက်ရှိ အစိုးရ လက်ထက်တွင် တရုတ်ကုမ္ပဏီ၊ ခရိုနီကုမ္ပဏီများနှင့် ပြည်သူ့စစ်အဖွဲ့တို့ ပူးပေါင်းပြီး မြေယာများ သိမ်းယူကာ တရားမ၀င် သစ်ထုတ်ခြင်း၊ ရွှေတူးခြင်း၊ လယ်မြေများအား အကွက်၍ ရောင်းချမှုများ ပြုလုပ်ခဲ့ကြောင်း ၂၀၁၃-၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် အနှစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစီရင်ခံစာတွင် ၂၀၁၀ ခုနှစ် အစိုးရသစ် လက်ထက်၌ လွတ်လပ်စွာ ပြောဆိုစည်းရုံးခွင့် ရလာသည်နှင့်အမျှ မြေယာသိမ်းယူမှုနှင့် ပတ်သက်ပြီး ပြည်သူများ၏ ဆန္ဒထုတ်ဖော်မှု များပြားလာကြောင်း၊ ၂၀၁၂ ခုနှစ်တွင် အစိုးရမှ ပြဋ္ဌာန်းခဲ့သည့် လယ်ယာမြေဥပဒေ၊ မြေလွတ်မြေလပ်မြေရိုင်း ဥပဒေအရ လယ်ယာမြေများအား ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ သီးစားချပိုင်ခွင့် စသည့် အခွင့်အရေးများ ရရှိလာခဲ့သော်လည်း၊ အဆိုပါ ဥပဒေသည် တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို အပြည့်အ၀ အကာအကွယ်ပေးရန် အားနည်းချက်များစွာ ရှိနေဆဲဖြစ်ကြောင်း၊ ဥပမာ အနေဖြင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် ပုံစံအမျိုးမျိုးဖြင့် မြေသိမ်းမှုများကို တွေ့မြင်နိုင်ကြောင်း၊ လေ့လာဆန်းစစ်မှုများအရ မြေယာသိမ်းမှုများကို ရှမ်း၊ ကချင်၊ ကရင် စသည့် ပြည်နယ်များတွင် သာမက မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ တနင်္သာရီစသည့် တိုင်းဒေသကြီးများတွင်ပါ တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အစီရင်ခံစာတွင် ပန်းနှမ်း၊ ၀ါ၊ ကြက်ဆူ စသည့် သီးနှံများ စိုက်ပျိုးရန် ခေါင်းစဉ်ဖြင့် မြေယာများ သိမ်းယူခြင်းကို ရှမ်းပြည်နယ် ဟိုပုန်းမြို့နယ်နှင့် ဆီဆိုင်မြို့နယ်များတွင် အစိုးရစစ်တပ်မှ ကွတ်ခိုင်မြိုနယ်တွင် ပြည်သူ့စစ် အဖွဲ့နှင့် နီးစပ်သော သူများမှ ရွာငံမြို့နယ်တွင် ရွှေသံလွင်ကုမ္ပဏီ၊ မကွေးတိုင်း၊ မင်းဘူး၊ စလင်း၊ ပွင့်ဖြူ  စသည့်မြို့နယ်များတွင် ဒဂုန်အင်တာနေရှင်နယ်၊ ထူးထရိန်းဒင်း စသည့် အစိုးရနှင့် နီးစပ်သော ကုမ္ပဏီများ၊ မန္တလေးတိုင်း ၀မ်းတွင်းမြို့နယ်တွင် သန်းဇော်ရွှေကုမ္ပဏီနှင့် ဦးပိုင်ကုမ္ပဏီ၊ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တို့တွင် အာဏာပိုင်များနှင့် နီးစပ်သော သူများမှ မြေသိမ်းမှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းအပြင် မိတ္ထီလာမြို့ အနီးတွင် လေတပ် နေရာချထားမှုများ၊ စစ်တန်းလျားများ၊ လမ်းများ ဖောက်လုပ်ရန် မြေသိမ်းယူမှုများနှင့် မကွေးတိုင်း ပေါက်မြို့နယ်တွင် စက်ရုံမြေနေရာအတွက် မြေသိမ်းမှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်လက်ပြီး မကွေးမြို့ အနီးတွင် လေဆိပ်၊ ဆေးတက္ကသိုလ်၊ ကျန်းမာရေး တက္ကသိုလ်၊ စသည်တို့ ဆောက်လုပ်ရန် မြေဧကပေါင်းများစွာ သိမ်းယူခဲ့သော်လည်း အပြည့်အ၀ အသုံးချနိုင်ခဲ့ခြင်း မရှိဘဲ ယာဧကများစွာ အလဟ ဿ ပျက်စီးနေကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် တရုတ်ကုမ္ပဏီနှင့် ခရိုနီကုမ္ပဏီများမှ ပြည်သူ့စစ် အဖွဲ့များနှင့် ပူးပေါင်းပြီး မြေများကိုသိမ်းယူကာ တရားမ၀င် သစ်ထုတ်လုပ်ခြင်း၊ ရွှေတူးခြင်း၊ လယ်မြေများအား အကွက်ရိုက်၍ ရောင်းချခြင်း စသည်တို့ကို ပြုလုပ်နေကြောင်း၊ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေးဒေသ ပတ်ဝန်းကျင်တွင်လည်း ဘီလူးချောင်း အထက်ပိုင်း ရေအားလျှပ်စစ် စီမံကိန်းတွင် ပါဝင်သော ကုမ္ပဏီများမှ မြေသိမ်းယူခြင်း၊ ဟိုတယ်ဇုန် ဆောက်လုပ်ရန် မြေသိမ်းယူခြင်းတို့ကို ပြုလုပ်မှုကြောင့် ဒေသခံပြည်သူများ နစ်နာလျက်ရှိကြောင်း အစီရင်ခံစာအရ သိရသည်။

ထို့ပြင် အီတာလျံထိုင်း ကုမ္ပဏီနှင့် မက်စ်မြန်မာ ကုမ္ပဏီတို့မှ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ထောင်ရန်ဟု အကြောင်းပြကာ ထားဝယ်မြို့အနီးရှိ လယ်မြေများကို သိမ်းယူခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
Writer: 
ဆန်းထူးအောင် EMG

ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာငြိမ်းချမ်းရေးစင်တာ အဖွဲ့ဝင်များ တွေ့ဆုံ (သတင်းဓာတ်ပုံ)











အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ မြန်မာငြိမ်းချမ်းချမ်းရေးစင်တာ အဖွဲ့ဝင်တွေ ဒီဇင်ဘာ ၂၃ ရက် မနက်က လာရောက် တွေ့ဆုံပါတယ်။
ပြည်သူ့လွှတ်တော်ဝင်းအတွင်းမှာ ရှိတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဆောင် အိုင်-၁၂ မှာ လာရောက်တွေ့ဆုံခဲ့တာလို့ အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်မှာ သတင်းထုတ်ပြန်ပါတယ်။
မြန်မာငြိမ်းချမ်းရေးစင်တာအဖွဲ့မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်ပြီး အဖွဲ့ဝင်များအဖြစ် ဦးတင်မောင်သန်း၊ ဦးလှမောင်ရွှေ၊ ဒေါက်တာမင်းဇော်ဦး၊ ဦးကျော်ရင်လှိုင်နဲ့ ဦးအောင်နိုင်ဦးတို့ ပါဝင်ပါတယ်။
တွေ့ဆုံပွဲကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အန်အယ်လ်ဒီရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်၊ ဒေါက်တာဇော်မြင့်မောင်၊ ဗဟိုကော်မတီဝင် ဦးနိုင်ငံလင်း၊ ဦးဖြိုးဇေယျာသော်နဲ့ အန်အယ်လ်ဒီ ဥက္ကဋ္ဌရုံးတာဝန်ခံ ဒေါ်တင်မာအောင်တို့ ပါဝင်တက်ရောက်ခဲ့ပါတယ်။
တွေ့ဆုံပွဲမှာ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုင်ရာကိစ္စ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပခြင်းဆိုင်ရာ ကိစ္စရပ်၊ အကြိုနိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ညှိနှိုင်းရေးကိစ္စတွေကို နှစ်ဘက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ – NLD Chairperson Facebook
သတင်း-DVB

တရုတ်မြေပြိုမှုကြောင့် နာရီ ၆၀ ခန့် ပိတ်မိနေသူတဦးကို ကယ်တင်


တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ရှင်းကျန်းမြို့တွင်း အကြီးအကျယ် မြေပြိုခဲ့တဲ့ စက်မှုဇုန်က ပြိုကျအဆောက်အဦထဲကနေ အသက် ၁၉ နှစ်အရွယ် ရှင်သန်ကျန်ရစ်သူကို ကယ်ဆယ်ရေးသမားတွေက ဒီဇင်ဘာ ၂၃ ရက် မနက်မှာ ရှာတွေ့ခဲ့ပါတယ်။
သူ့ရဲ့ မျိုးရိုးနာမည်က လင်း ဖြစ်ပြီး တရုတ်အနောက်တောင်ပိုင်း ချုံချင်းမြို့က ဖြစ်တယ်လို့ အတည်ပြု ထားပါတယ်။
နာရီ ၆၀ လောက် ပိတ်မိနေပြီးမှ သူ့ကို ရှာတွေ့ခဲ့တာဖြစ်ပြီး သူ့အနားမှာ အလောင်းတခုကိုလည်း ကယ်ဆယ်ရေးသမားတွေက ရှာတွေ့ခဲ့ပါတယ်။
လင်းကိုတော့ တွေ့ရာနေရာမှာတင် ဆေးဝါးကုသပေးခဲ့ပါတယ်။
သူပိတ်မိနေတဲ့ နေရာဟာ ရုံးအဆောက်အဦဖြစ်လို့ နောက်ထပ် လူတွေ ပိတ်မိနေနိုင်တယ်လို့ ရှင်သန်ကျန်ရစ်သူတွေက ကယ်ဆယ်ရေးသမားတွေကို ပြောပါတယ်။
ဒါကြောင့် ကယ်ဆယ်ရေးသမားတွေအနေနဲ့ ရှင်သန်ကျန်ရစ်သူတွေကို ရှာဖို့ ပြိုကျအဆောက်အဦကို ပိုက်စိပ်တိုက် ရှာနိုင်ရေး နံရံတိုင်းကို ဖောက်ဝင်ရမယ့် အနေအထား ဖြစ်နေပါတယ်။
DVB