Pages

Monday, January 4, 2016

မဏပူရ ပြည်နယ် ထဲမှာ ပြင်းအား ပမာဏ ၆.၈ ရှိတဲ့ ငလျင် တစ်ခု လှုပ်ခတ်



အိန္ဒိယ နိုင်ငံ အရှေ့ မြောက်ပိုင်း မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေ နဲ နယ်စပ်ခြင်း ထိစပ်နေတဲ့ မဏပူရ ပြည်နယ် ထဲမှာ ပြင်းအား ပမာဏ ၆.၈ ရှိတဲ့ ငလျင် တစ်ခု လှုပ်ခတ် ခဲ့တယ် ဆိုပြီး အမေရိကန် ဘူမိ တိုင်းထွားရေး အဖွဲ့ USGS က ထုတ်ပြန် ပါတယ်။

ဒေသစံတော်ချိန် တနင်္ဂနွေ မနက် လင်းအားကြီး ၄ နာရီ ၃၅ မိနစ် အချိန်မှာ အင်ဖာမြို့ အနောက်မြောက်ဘက် မိုင် ၂၀ အကွာမှာ လှုပ်ခတ် ခဲ့တာ ဖြစ်တယ်လို့ USGS က ပြောပါတယ်။

ငလျင် လှုပ်တဲ့ အရှိန်ကို ဒေသတွင်း တစ်ခုလုံး ခံစား မိကြ ရတာမှာ ရန်ကုန်မှာ လည်း လှုပ်ခတ် သွားတယ် ဆိုပြီး ဖေ့စ်ဘွတ်ခ်ပေါ် ရေးသား လာကြတာကို တွေ့ နေရပါတယ်။

BBC Burmese