Pages

Monday, January 25, 2016

ပဲရစ်ကို တိုက်ခိုက်ခဲ့သူတွေ ပါတဲ့ ဗီဒီယို IS ထုတ်ပြန်

ပဲရစ် တိုက်ခိုက်မှု ကျုးလွန်သူတွေ ထဲ ပါဝင် တယ်လို့ ယူဆ ရသူ ၂ ဦး တော့ လွတ်မြောက် နေကြဆဲ။

ပြီးခဲ့နှစ် နိုဝင်ဘာ လ တုန်းက ပြင်သစ် နိုင်ငံ ပဲရစ် မြို့တော် ကို တိုက်ခိုက် ခဲ့ကြတဲ့ သေနတ် သမား ၉ ဦးရဲ့ ပုံ တွေ ဖော်ပြ ပါရှိတယ် လို့ ယူဆရတဲ့ ဗီဒီယို တစ်ခုကို အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS က ထုတ်ပြန် လိုက် ပါတယ်။

ဗီဒီယို ထဲမှာ အဲဒီ့ ၉ ဦး ထဲ က တချို့ဟာ ပဲရစ် တိုက်ခိုက်မှု မကျူးလွန်ခင် အကျဉ်းသား တချို့ ကို ခေါင်းဖြတ် သတ် ခဲ့တာ အပါအဝင် အရှေ့အလယ်ပိုင်း ဒေသ တစ်နေရာမှာ စစ်သင်တန်း တက်နေတာ တွေ လည်း ရိုက်ပြ ထားပါတယ်။

တွေ့တဲ့ နေရာမှာ သတ် ဆိုပြီး ခေါင်းစဉ် ပေးထားတဲ့ အဲဒီ့ ဗီဒီယို ရဲ့ အဆုံးသတ် မှာတော့ ဆီးရီးယား ထဲက IS အဖွဲ့ကို လေကြောင်း တိုက်ခိုက်မှု တွေ ပြုလုပ် ဖို့ ဗြိတိသျှ ပါလီမန် ထဲ မဲခွဲ ဆုံးဖြတ် ခဲ့ကြတာကို ထည့်သွင်း ထားပါတယ်။

ပဲရစ် တိုက်ခိုက် မှု ကျူးလွန် ခဲ့ကြသူတွေ ထဲ က ၉ ဦး ဟာ အခင်း ဖြစ်တဲ့ ညတွင်းချင်း၊ ဒါမှ မဟုတ် သိပ်မကြာခင် မှာပဲ သေဆုံး ခဲ့ကြပြီး၊ ဖြစ်ပါတယ်။

BBC Burmese