Pages

Wednesday, February 3, 2016

အမျိုးသားလွှတ်တော် ပထမနေ့မှာ ၀န်ကြီးဦးစိုးသိမ်းတစ်ဦးသာ ပျက်ကွက်


(သူရဦးရွှေမန်း နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ကို အမျိုးသားလွှတ်တော် အစည်းအဝေး တက်ရောက်ရန် ရောက်ရှိလာသည်ကို တွေ့ရစဉ်။ ဓါတ်ပုံ ၀င်းကိုကိုလတ် )
အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် စုစုပေါင်း ၁၆၈ ဦးရှိပြီး အန်အယ်လ်ဒီ ကိုယ်စားလှယ်က ၁၃၅ ဦးဖြစ်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၁၁ ဦး၊ ရခိုင်အမျိုးသားပါတီက ၁၀ ဦး နဲ့ကျန်တဲ့ ပါတီတွေကလည်း ကိုယ်စားပြုထားပါတယ်။

တပ်မတော်သား ကိုယ်စားလှယ်က ၅၆ ဦးဖြစ်ပါတယ်။

လက်ရှိပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်း တစ်ဦးတည်းသာ တက်ရောက်နိုင်ခြင်း မရှိဘဲ အစိုးရတာဝန်တွေရှိနေတဲ့အတွက် ခွင့်ပန်ကြားထားတယ်လို့ ကြေညာလိုက်ပါတယ်။

ဥက္ကဌ နဲ့ ဒုဥက္ကဌ တွေကို ဆက်လက်ရွေးချယ်တော့မှာ ဖြစ်ပါတယ်။

RFA Burmese