Pages

Wednesday, February 3, 2016

အမျိုးသားလွှတ်တော် ဥက္ကဌ နဲ့ ဒုတိယဥက္ကဌတွေကို ရွေးချယ်


(ဒီကနေ့အမျိုးသားလွှတ်တော်ကို တက်ရောက်လာတဲ့ တပ်မတော်သား ကိုယ်စားလှယ်တစ်ဦး လက်မှတ်ရေးထိုးနေစဉ်။ ဓါတ်ပုံ ၀င်းကိုကိုလတ်/RFA)
အမျိုးသားလွှတ်တော် ဥက္ကဌအဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ကရင်ပြည်နယ် အမှတ် (ဂ) မဲဆန္ဒနယ်က အမျိုးသား လွှတ်တော် ကိုယ်စားလှယ် မန်းဝင်းခိုင်သန်းကို ရွေးချယ်တင်မြှောက်လိုက်ပါတယ်။

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌအဖြစ် ရခိုင်အမျိုးသားပါတီက ရခိုင်ပြည်နယ် အမှတ် (၆) မဲဆန္ဒနယ် က ဦးအေးသာအောင်ကို တင်မြှောက်လိုက်ပါတယ်။

ဒီကနေ့ အမျိုးသားလွှတ်တော် ပထမဆုံးနေ့ မှာ တစ်ဦးသာ ပျက်ကွက်ပြီး အားလုံးနီးပါး တက်ရောက်ကြပါတယ်။

ဥက္ကဌ မန်းဝင်းခိုင်သန်း အဖွင့်စကားပြော

အမျိုးသားလွှတ်တော် ဥက္ကဌ မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကား ပြောကြားနေပါတယ်။ ကရင်တိုင်းရင်းသားတစ်ဦးဖြစ်သူကို ယုံကြည်မှုပေးပြီး တာဝန်ပေးတဲ့အတွက် ကျေပြွန်အောင် ထမ်းဆောင်ပါ့မယ်လို့ ကတိပြုလိုက်ပါတယ်။

မြန်မာနိုင်ငံဟာ သယံဇာတချမ်းသာကြွယ်ဝပေမယ့် တိုင်းပြည်ဆင်းရဲနေကြောင်း နဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံဖြစ်လာအောင် ထမ်းဆောင်ရမှာဟာ ကိုယ်စားလှယ်တိုင်းရဲ့ တာဝန်ဖြစ်ကြောင်း ပြောပါတယ်။

ငြိမ်းချမ်းရေး တရားဥပဒေစိုးမိုးရေး နဲ့ အမျိုးသားရင်ကြားစေ့ရေးတို့အတွက် လိုအပ်တဲ့ ဥပဒေတွေကို ပြဌာန်းပြီး မလိုအပ်တာတွေကို ပြင်ဆင်သွားရမယ်လို့ လည်း ပြောပါတယ်။

RFA Burmese