ဒီနေ့စတင်ကျင်းပတဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေး
ပထမရက်မှာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် အန်အယ်လ်ဒီပါတီက မန်းဝင်းခိုင်သန်း၊
ဒုတိယဥက္ကဋ္ဌအဖြစ် ရခိုင်အမျိုးသားပါတီက ဦးအေးသာအောင်တို့ကို အတည်ပြု
ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းဟာ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ပထမဆုံး နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါတယ်။