Pages

Saturday, April 23, 2016

ဆန္ဒပြနေစဉ် မိုးသီးထိမှန်၍ အလုပ်သမား(၆)ဦး ဆေးရုံရောက်



စစ်ကိုင်းမြို့ Myanmar Venner & Playwood သစ်အချောထည်စက်ရုံရှေ့တွင် သပိတ်မှောက်နေကြသည့် အလုပ်သမားများသည် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီး ထိမှန်ခဲ့မှုကြောင့် စစ်ကိုင်း ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက် ကုသနေရကြောင်း အဆိုပါ သပိတ်မှောက် အလုပ်သမားများထံက သိရသည်။

ဧပြီလ (၂၂)ရက်နေ့၊ ညနေ (၄းဝဝ) အချိန်ခန့်က ရွာသွန်းခဲ့သည့် မိုးနှင့်အတူ မိုးသီးများ ကြွေကျမှုကြောင့် သပိတ်မှောက် အလုပ်သမားများဖြစ်သည့် မယမင်း၊ မခင်စန္ဒာ၊ မဒေလီစန်း၊ မမိုးသဲ၊ မပုံပုံနှင့် မအေးမာစိုးတို့သည် ဦးခေါင်း၊ ဇာတ်ပိုးနှင့် နောက်ကျောများတွင် မိုးသီး ထိမှန်ကာ သတိလစ်ခြင်း၊ ခေါင်း ပေါက် ခြင်းတို့ ဖြစ်ပွားခဲ့သည်။
''ကျွန်တော်တို့ တစ်သက်နဲ့တစ် ကိုယ် မကြုံဘူးဖူးဗျာ။ လက်သီးဆုပ် လောက်ရှိတယ်။ မိုးသီးတွေက မိန်း ကလေးတွေကို တတ်နိုင်သမျှတော့ ကာ ကွယ်ပေးပေမယ့် မရဘူး။ အဲဒီထဲကမှ ခြောက်ယောက်က တော့ ဆေးရုံတင် လိုက်ရတယ်။ သပိတ်စခန်းလည်း ပျက်စီး သွားတယ်။ အခုတော့ ပြန်ပြင်လိုက် ပါပြီ။ ဆေးရုံတက်တဲ့သူထဲကလည်း နှစ်ယောက်ကတော့ ပြန်ဆင်းလာပါပြီ''ဟု သပိတ်စခန်းခေါင်းဆောင် ကိုခိုင် မင်းက ပြောသည်။

အဆိုပါ သစ်အချောထည် စက်ရုံ တွင် ဖြစ်ပွားနေသည့် အလုပ်ရှင် အလုပ် သမား အငြင်းပွားမှု ပြဿနာသည် ပြေလည်မှု မရှိသေးဘဲ အလုပ်သမားများသည် စက်ရုံရှေ့ ၌ သပိတ်မှောက်မှုမှာ (၅၄)ရက် ကြာမြင့်လာပြီဖြစ်သည်။

မန္တလေးအလင်း နေ့စဉ်ထုတ်သတင်းစာ