Pages

Saturday, April 23, 2016

တနင်္သာရီတိုင်း ယခု ဘဏ္ဍာ ရေးနှစ်တွင် သောက်သုံးရေအတွက် ဘတ်ဂျက် ငွေကျပ်သန်းခုနစ်ရာကျော် ခွင့်ပြု


 ထားဝယ်၊ ဧပြီ ၂
တနင်္သာရီတိုင်းအတွင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဒေသအတွင်း သောက်သုံးရေလိုအပ်ချက် ပြည့်မီစေရန် ပြည်ထောင်စုအစိုးရမှ
 ငွေကျပ်သန်း ခုနစ်ရာကျော် ခွင့်ပြုထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရ သည်။
တိုင်းဒေသကြီးအတွင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် လုပ်ဆောင် မည့် အနက်ပေ ၇၀ မှ ပေ ၉၀ အထိ  ရှိသည့် ရေတွင်းတိမ် ၈တွင်း၊ အနက်ပေ ၁၅၀ ခန့်ရှိသည့် ရေတွင်းနက် ၈ တွင်း၊ အနက်ပေ ၄၀ ခန့်ရှိသည့် လက်တူး တွင်း၂၆ တွင်း၊ စိမ့်စမ်းရေ ရေသွယ် လုပ်ငန်း ၂၃ခုနှင့် အုတ်ရေကန်အပါအဝင် (အခြားလုပ်ငန်း) ၁၁ ခု တို့ တည် ဆောက်ရန်အတွက် ပြည်ထောင်စု အစိုးရမှ ငွေကျပ်သန်း ၇၆၈.၀၃ သန်း ခွင့်ပြုပေးထား လုပ်ဆောင်ခွင့်အတွက် တိုင်းဒေသကြီး အစိုးရထံတင် ပြ ထားကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန တိုင်းဒေသ ကြီးဦးစီးမှူး ဦးသက်ပိုင် ကဆိုသည်။
တည်ဆောက်ပြီးရင် ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေဆီ အပ်နှံ လိုက်တာ” ဟု တိုင်းဒေသကြီးဦးစီးမှူး ဦးသက်ပိုင် ကပြောသည်။
ဒေသတွင်း သောက်သုံးရေလို အပ်ချက်အား ဖြည့်တင်းနိုင်ရန် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်ငွေ ငွေကျပ် ၁၀၆၄.၈၅ သန်း အသုံး ပြုကာ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်ငွေ ၉၀၈.၂၆သန်း အသုံး ပြုကာ စုစုပေါင်း တွင်းတိမ် ၁၅ တွင်း၊ တွင်းနက် ၂၀ တွင်း၊ လက်တူးတွင်း ၁၃၀ တွင်း၊ စိမ့်စမ်းရေ ရေသွယ်လုပ်ငန်း ၅၄ ခု၊ မြေသား ရေလှောင်ကန် ၂၈ ကန်နှင့် အုတ်ရေကန်(အခြား) ၂၁ ခု တို့အားဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။
|Dawei Watch|