Pages

Friday, April 8, 2016

လွှတ်တော်ဥက္ကဌ ဌာနဆိုင်ရာတွေနဲ့တွေ့ဆုံ


ဓါတ်ပုံ (တာမွေမြို့နယ် နတ်ချောင်းရပ်ကွက် နတ်ချောင်းအားကစားကွင်းမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေကို တွေ့ဆုံစဉ်)
 နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲရေးမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ ပူးပေါင်းပါဝင်ဖို့လိုအပ်တယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က သူ့ရဲ့မဲဆန္ဒနယ်ဖြစ်တဲ့ တာမွေမြို့နယ်က ဌာနဆိုင်ရာတာဝန်ရှိသူတွေ နဲ့ ဒီနေ့တွေ့ဆုံဆွေးနွေးပွဲမှာ ပြောပါတယ်။

ဒီကနေ့ တာမွေ အ.ထ.က ( ၁ )ကျောင်းမှာ မြို့နယ်ဌာနဆိုင်ရာအဖွဲ့အစည်းက ဝန်ထမ်းတွေနဲ့ တွေ့ ဆုံစဉ် ဦးဝင်းမြင့်က ပြောခဲ့တာဖြစ်တယ်လို့ အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ပြောပါတယ်။

တာမွေမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်ကရွေးချယ်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကလည်း ပူးပေါင်းဆောင်ရွက်သွားဖို့လည်း ပြောခဲ့ပါတယ်။

တက်ရောက်လာသူတွေကလည်း တာမွေမြို့နယ်မှာ မြို့နယ်ခန်းမ မရှိသေးတာကို ဆောင်ရွက်ပေးဖို့ တင်ပြခဲ့ကြပါတယ်။

ဒီနေ့တွေ့ဆုံပွဲကို မြို့နယ်စည်ပင်၊ ကျန်းမာရေး၊ ပညာရေး၊ မြို့နယ်အုပ်ချုပ်ရေး စတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေအပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရပ်မိရပ်ဖတွေက လူဦးရေ ၁၅၀ လောက် တက်ရောက်ခဲ့ပါတယ်။

RFA Burmese