Pages

Sunday, May 1, 2016

တိုင်းအတွင်းရှိ ကျေးရွာ ၁၁ ရွာတွင် လူထုအခြေပြု ခရီးသွားလုပ်ငန်း လုပ်ဆောင်မည်



 စီမံကိန်း ပြုလုပ်၇န် လျာထားသ်ည့ စမ်းလှမ်းကျေးရွာ ကမ်းခြေ ၊ဓာတ်ပုံ - ဖိုးဇော် / Dawei Watch
 ထားဝယ်၊ မေ ၁
တနင်္သာရီတိုင်းအတွင်းရှိ ကျေးရွာ ၁၁ ရွာတွင် လူထုအခြေပြု ခရီးသွား လုပ်ငန်း လုပ်ကိုင်မည် ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန တိုင်း ညွှန်ကြားရေးမှူးရုံးမှ သိရသည်။
ယင်းစီမံကိန်းအား ဧပြီလက ပြည်ထောင်စုဝန်ကြီးထံ တင်ပြထား ကြောင်း အထက်ပါ ရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
“ရည်ရွယ်ချက်က ဒေသအကျိုးပြု ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတက်ရေးအတွက်ပါ”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
ယင်းစီမံကိန်းတွင် ကျေးရွာများမှ ဒေသခံများ၊ လုပ်ငန်းရှင်များနှင့် ခရီး လှည့်လည်ရေး ကုမ္ပဏီများ ပါဝင် မည်ဖြစ်ပြီး တိုင်းရင်း သားများ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့စရိုက်များ ပြသနိုင်ရ မည်ဖြစ်ကာ အရင်းအနှီး သင့်တင့်မျှတ သည့် တိုင်းရင်းသားရိုးရာ အိမ်ငယ် များနှင့် ဝန်ဆောင်မှုပေးရန် ဒေသဧည့် လမ်းညွှန်များ လိုအပ်ကြောင်း ၎င်းက ဆိုသည်။
ယင်းလုပ်ငန်း၏ အကျိုးအမြတ် အား ကျေးရွာလူထုနှင့် လုပ်ငန်းတွင် ပါဝင်ပတ်သက်သူများမှ သင့်တင့်သည့်  အချိုးအတိုင်း ပြန်ခွဲဝေယူသည့် စီမံချက် ဖြစ်ကြောင်း သိရသည်။
လူထုအခြေပြု ခရီးသွားလုပ်ငန်း တွင် ပါဝင်သည့် ရွာများတွင် နိုင်ငံခြား သား ဧည့်သည်များအား ညအိပ်ခွင့်ပေး သွားမည်ဖြစ်ကာ ရွာတစ်ရွာတွင် ခရီး သွား ဧည့်သည်များ တည်းခိုရန် အခန်း ၄ ခန်းပါဝင်သည့် အဆောက်အအုံ ၁၀ လုံး အနည်းဆုံး ဆောက်ရ မည်ဖြစ် ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန် ကြားမှုဦးစီးဌာန တနင်္သာရီတိုင်းဒေသ ကြီး ညွှန်ကြားရေးမှူးရုံးမှ သိရသည်။
ထားဝယ်ခရိုင်တွင်ပါရှိသည့် ကျေး ရွာ ၄ ရွာအနက် ကျေးရွာတစ်ရွာတွင် ၂၀၁၇ခုနှစ် ဧပြီလမှ စတင်လုပ်ကိုင် နိုင်ရန် မျှော်မှန်းထားကြောင်း ယင်းဌာန ထံမှ သိရသည်။

စီမံကိန်း အကောင်အထည်ဖော်ရန် လျာထားသည့် ကျေးရွာများ
ထားဝယ်ခရိုင် - မေတ္တာ၊ ဆင်ဖြူတိုင် ၊ စမ်းလှမ်း၊ ညောပြင်
မြိတ်ခရိုင် - ဥယျာဉ်သောင်ကမ်း၊ ဒုံးညောင်မှိုင်း၊ ဒုံးကမာချောင်း၊ ဒဟွန်း
ကော့သောင်းခရိုင် - မကြုံဂလက်၊ ညောင်ဝီး၊ ဂျလန်း
Dawei Watch၊