Pages

Monday, July 4, 2016

ဒေါ်အောင်ဆန်းစုကြည်ကို ကြမ်းတမ်းစွာဆဲဆိုရေးသားသူကို ဖမ်းဆီးအရေးယူ


ဖမ်းဆီးခံထားရတဲ့ မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် စီမံကိန်းဦးစီးဌာန ဒုတိယ ဦးစီးမှုး ဦးထွန်းမင်းလတ်ကို တွေ့ရစဉ်။ Photo: Darrine La Vwe Ray/ Facebook
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖေ့ဘွတ်စ်မှာ ကြမ်းတမ်းစွာ ဆဲဆိုရေးသားခဲ့တဲ့ မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် စီမံကိန်းဦးစီးဌာန ဒုတိယ ဦးစီးမှုး ဦးထွန်းမင်းလတ်ကို မင်းဘူးခရိုင်ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးအရေးယူထားပါတယ်။

ဦးထွန်းမင်းလတ်ကို သူ့ရဲ့နေအိမ်ကနေ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ စလင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှုး ဦးဝင်းတင်က ပြောပါတယ်။

ဦးထွန်းမင်းလတ်ရဲ့ ဖေ့ဘွတ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ကုလားမယားဟု ဆဲဆိုရေးသား ခဲ့တဲ့အတွက် သင့်တော်တဲ့ဥပဒေ ပုဒ်မနဲ့အရေးယူပေးဖို့ ဦးမြင့်သိန်းဌေး ဆိုသူက ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က တိုင်ကြားခဲ့တာဖြစ်ပါတယ်။

ဦးထွန်းမင်းလတ်ဟာ နိုင်ငံဝန်ထမ်းတစ်ယောက်ဖြစ်ပေမယ့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးကို နှောင့်ယှက် ဟန့်တားစေတဲ့ အရေးအသားတွေ ရေးသားခဲ့ကြောင်း တိုင်ကြားစာမှာ ပါရှိပါတယ်။

RFA Burmese
http://www.rfa.org/burmese