စက်တင်ဘာလ ၁၄ ။
ရှမ်းပြည်နယ် ပင်လောင်းမြို့ရှိ အမှတ်(၃) အထူးဆောက်လုပ်ရေးအင်ဂျင်နီယာတပ်မှ
ဗိုလ်ကြီးဝေဖြိုးအောင်အား ဇနီးဖြစ်သူက လည်ပင်းကို ဓားဖြင့်ထိုးသဖြင့်
ကားပေါ်တွင် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး၊ အထူးစုံစမ်းစစ်ဆေးဦးစီးဌာန
လက်ထောက်ညွှန်ကြားရေးမှူးဦးအောင်ဖြိုးက ရမည်သင်းမြို့ရှိ မိခင်ဒေါ်မမကြီးထံ
ဖုန်းဆက်၍ အစ်ကိုဖြစ်သူဗိုလ်ကြီးဝေဖြိုးအောင်နှင့်
ဖုန်းပြောနေစဉ်ဗိုလ်ကြီးဝေဖြိုးအောင်က ဇနီးဖြစ်သူမိမိအား
ဓားဖြင့်ထိုးကြောင်း၊ အလန့်တကြားအော်ဟစ်ပြီး ဆက်သွယ်၍မရတော့ကြောင်း၊
ဒေါ်မမကြီးက သားဖြစ်သူကားကို လိုက်လံရှာဖွေရာ တပ်ကုန်း-ပင်လောင်းလမ်း
မိုင်တိုင်အမှတ် ၈/၄ တွင် ဗိုလ်ကြီးဝေဖြိုးအောင် ကို ၎င်း၏ကားဖြစ်သည့်
YGN-5H/4069 Civic Hybrid ခဲရောင်ကားပေါ်တွင် လည်ပင်းတွင်
ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးနေသူကို တွေ့ရပြီး၊ မြေးဖြစ်သူ
ဗိုလ်ကြီးဝေဖြိုးအောင်၏ သမီး မပန်းမြတ်ဟေသီ(၅)နှစ်ခန့်ကို ကားပေါ်၌
အိပ်ပျော်လျက်ရှိသည်ကို တွေ့ရှိခဲ့ရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဗိုလ်ကြီးဝေဖြိုးအောင်၏ ဇနီးဖြစ်သူ
မခင်စန္ဒီကျော် (၃၄)နှစ်(ဘ)ဦးမောင်ကျော်အား ဥပဒေအရ အရေးယူပေးရန်
ဗိုလ်ကြီးဝေဖြိုးအောင်၏ မိခင်ဒေါ်မမကြီးက တပ်ကုန်းမြို့နယ်ရဲစခန်းတွင်
မမစ-တက၊ (ပ)၁၈၈/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၁ ဖြင့် စက်တင်ဘာ ၁၄ ရက်
အမှုဖွင့်ထားပြီး အမှုအား စခန်းမှူးဒုရဲမှူးသန်းဝင်းက လက်ခံစစ်ဆေး၍
မခင်စန္ဒီကျော်အား ဖမ်းဆီးရမိ ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။
ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)