Pages
▼
Saturday, March 5, 2016
ပါဂျဲရိုးကားဖြင့် သယ်ဆောင်လာသော ကျောက်စိမ်း ၃၅၅ တုံးအား ဖမ်းမိ
မိုးညှင်း မတ် ၅
ကချင်ပြည်နယ် မိုးညှင်းမြို့ နယ် အင်းတော်ကြီးဒေသ လုံးတုံ ဂိတ်စခန်းတွင်လုံခြုံရေးဆောင်ရွက် နေသောပူးပေါင်းအဖွဲ့က ရှာဖွေ စစ်ဆေးမှုပြုရာမှ ပါဂျဲရိုးကားတွင် သံသေတ္တာနှင့်ထည့်၍သယ်ဆောင် လာသော ကျောက်စိမ်းဖြတ်စ ၃၅၅ တုံးကို ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၇ ရက် ည ၈ နာရီခွဲတွင် လုံးတုံ နယ်မြေရဲစခန်းမှူး ရဲအုပ်ရဲထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်း တပ်ဖွဲ့ ခမရ(၄၂၆)မှ ဗိုလ်ကြီး ဇေယျာမောင်နှင့် တပ်ဖွဲ့ဝင်များ၊ သက်သေလူကြီးများသည် လုံးတုံ ဂိတ်စခန်း၌ လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသည့်အချိန်တွင် ယာဉ်မောင်း ဦးနန္ဒမောင်းနှင်ပြီး ဦးကျော်စိန် လိုက်ပါလာသော ပါဂျဲရိုး(ခဲရောင်) 9G/------ အား ရပ်တန့်ရှာဖွေကြရာ ယာဉ်နောက် ခန်းတွင်တင်ဆောင်လာသော သံ သေတ္တာအတွင်းမှ အဖြူရောင် ပီနန်အိတ်ဖြင့်ထုပ်ထားသော ၃၁၃ တုံးပါတစ်ထုပ်နှင့် ၄၂ တုံးပါ တစ် ထုပ် စုစုပေါင်း ၃၅၅ တုံးတို့အား ရှာဖွေတွေ့ရှိခဲ့သဖြင့် ဖမ်းဆီးကာ ရဲအုပ်ရဲထွန်းက တရားလိုပြုလုပ်၍ အမှုဖွင့်လှစ်ခဲ့သည်။
ထို့ကြောင့် ကျောက်စိမ်းတုံး ဖြတ်စ ၃၅၅ တုံးသယ်ဆောင်လာ ကြသော ဦးနန္ဒ(၄၄နှစ်) ရပ်ကွက် (၁) တာမစန်ကျေးရွာနှင့် ကျော်စိန် (၄၈နှစ်)လုံးတုံကျေးရွာအင်းတော် ကြီးဒေသ မိုးညှင်းမြို့နယ်နေထိုင် သူတို့အား လုံးတုံနယ်မြေရဲစခန်း မှ(ပ)၄/၂ဝ၁၆ ကျောက်မျက် ဥပဒေပုဒ်မ၄၂(က)ဖြင့် အမှုဖွင့် လှစ်ထားသည်။
ကချင်မြေနဂါး
The Union Daily
ငွေကျပ်သန်းထောင်ပေါင်း (၃၂.၄၇)ဘီလီယံတန်ဖိုးရှိ မူးရစ်ဆေးဝါးများ မန္တလေးတွင် ဖမ်းဆီးရမိ
မတ်(၅)၊ မန္တလေး သော်တာ
မန္တလေးမြို့၊၆၁လမ်း၊ စံပြလမ်းနှင့်မင်္ဂလာလမ်း ကြား စက်မှု၁ရပ်ကွက် နန-9/18 ဇ ရပ်ရှိ ကွတ်ခိုင်မြို့နေ ကျော်ကျော်(ခ)လျှိုဇီရှောင်(ခ) တာကော(ခ) အိုက်ပေါင်း ငှားရမ်းထားသည့် နေအိမ်အတွင်းအား ယနေ့ နံနက် ၁၁နာရီ၃၀မိနစ်ခန့်က မူးရစ်ဆေးဝါးတိုက်ဖျက်ရေးရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊နယ်မြေခံ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင်ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိ သူများပါဝင်သော ပူးပေါင်း အဖွဲ့သည် ဝင်ရောက်ရှာ ဖွေခဲ့ရာ ကာလတန်ကြေး ငွေကျပ်သန်းထောင်ပေါင်း (၃၂.၄၇)ဘီလီယံတန်ဖိုးရှိ မူးရစ်ဆေးဝါးများ ကို သိမ်း ဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများမှာ စိတ်ကြွရူးသွပ်ဆေးပြားသိန်း၆၀ခန့်၊ အိုက်စ်(ICE)၇၀ ကီလိုခန့်၊ဘိန်းဖြူ ၁၅ကီလိုခန့်နှင့် ဘိန်းစိမ်း ၁၃ကီိလိုခန့် (အားလုံးစိစစ်ဆဲ)တို့ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် တရားခံ များ အား မန္တလေးတိုင်း ဒေသကြီး နယ်/လုံဝန်ကြီးဗိုလ်မှူးကြီး မျိုးမင်း အောင်နှင့် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ဒုတိယတိုင်းရဲတပ်ဖွဲ့ မှူးသက်နိုင်တို့မှဦးဆောင်၍ စစ်ဆေးမှုများဆောင် ရွက်လျှက်ရှိကြောင်း စုံစမ်းသိရှိရသည်။
The Street View
https://www.facebook.com/The-Street-View
ထားဝယ်မြို့တွင်း လမ်းမကြီးများကို ဖုန်စုပ်ကားဖြင့် နေ့စဉ်သန့်ရှင်းရေးလုပ်မည်
ထားဝယ်မြို့တွင်းတစ်နေရာတွင် တွေ့ရသည့် ဖုန်စုပ်ကား-ဓာတ်ပုံ - ကိုဇော်/ Dawei Watch
ထားဝယ်၊ မတ် ၎
ထားဝယ်မြို့အတွင်းရှိ
လမ်းမကြီးများကို ဖုန်စုပ်ကားဖြင့် မတ်လ ၂ရက်နေ့မှ စ၍ နေ့စဉ်နီးပါး
သန့်ရှင်းရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ
သိရသည်။
ယင်းဖုန်စုပ်ကားမှာ
ရေမှုန်ရေမွှားများဖျန်းကာ ဖုန်စုပ် သန့်ရှင်းသည့်စနစ်ပါဝင်သည်ဟု ထားဝယ်စည်ပင်သာယာရေးအဖွဲ့မှ
တာဝန်ရှိသူတစ်ဦး ကဆိုသည်။
“လမ်းမကြီးတွေပေါ်မှာ ဖုန်တက်ရင်
သန့်ရှင်းရေးလုပ်သွားမယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
ယင်းဖုန်စုပ်သည့်ကားကို ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်နှင့်ဇနီးအပါအ၀င် အလှူရှင်များက လှူဒါန်းထားခြင်းဖြစ်ပြီး
ငွေကျပ်သိန်း ၆၈၀ တန်ဖိုးရှိကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ
သိရသည်။
Dawei Watch ၊
Dawei Watch ၊
ဖမ်းဆီးခံ နိုင်ကျဉ်းတွေ လွှတ်ရေး ဆန္ဒပြတောင်းဆို
![]() |
မတ်လ ၅ရက် လက်ပတ်နီအကြမ်းဖက်နှိမ်နှင်းမှု နှစ်ပတ်လည်နေ့(သတင်းဓာတ်ပုံ-Photo Credit to မသဉ္ဇာခိုင် ( ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း) |
ပြီးခဲ့တဲ့နှစ် ၂၀၁၅ခုနှစ်တွင်း မတ်လ (၃)နေ့မှာ အမျိုးသားပညာရေးဥပဒေကြမ်းကို သပိတ်မှောက်ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ မန္တလေးကနေ ရန်ကုန်အထိ ချီတက် လာကြတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းက သပိတ်မှောက်ကျောင်းသားတွေနဲ့ ရဲလုံခြုံရေးတွေကြား လက်ပံတန်းမြို့မှာ ပိတ်ဆို့တားဆီးပြီး အကြမ်းဖက် ဖြိုခွင်းမှု ဖြစ်ခဲ့တဲ့အတွက် နိုင်ငံတဝှမ်းက ပြည်သူတွေနဲ့ ကျောင်းသားတွေက ဆန္ဒပြ ကျောင်းသားတွေကို အကြမ်းဖက်နှိမ်နှင်းတာမလုပ်ဖို့ ဆန္ဒပြခဲ့ပါတယ်။
ဒီအထဲ မတ်လ ၅ရက်နေ့မှာ ရန်ကုန်မြို့ မြို့တော်ခမ်းမရှေ့မှာလည်း ၈၈မျိုးဆက်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ တကသ ကျောင်းသားတွေက အကြမ်းဖက်နှိမ်နှင်းတာကို ဆန့်ကျင်ကန့်ကွက်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာပါ။ အဲ့ဒီလိုဆန္ဒပြနေကြတဲ့ တကသကျောင်းသားတွေနဲ့ ၈၈ မျိုးဆက်ေ ကျာင်းသူ မနီလာသိန်းအပါအဝင် တက်ကြွလှုပ်ရှားသူအချို့ကို လက်ပတ်နီ တပ်ထားတဲ့ စွမ်းအားရှင်တွေနဲ့ ရဲလုံခြုံရေးတွေဘက်က မြို့တော်ခန်းမရှေ့မှာပဲ အတင်းဝင်ရောက်ရိုက်နှက်ထိုးကြိတ်ပြီး အချုပ်ကားတွေပေါ် တင်ပြီး ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။
ဒီကနေ့ ၂၀၁၆ခုနှစ် မတ်လ (၅)ရက်နေ့ ဟာ မတ်လ(၅)ရက် အကြမ်းဖက် ဖမ်းဆီးခဲ့တဲ့တနှစ်ပြည့်ချိန်ဖြစ်လို့ အကြမ်းဖက်နှိမ်နှင်းမှုတွေမှာ မတရား ရိုက်နှက်ခံရတဲ့ ကျောင်းသားတွေအတွက် မျှတတဲ့ တရားရေးစီရင်မှု ရဖို့နဲ့ ဖမ်းဆီး ထိန်းသိမ်းထားဆဲ ကျောင်းသားတွေ နဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို လက်ရှိ အစိုးရဘက်က အမြန်ဆုံးပြန်လွှတ်ပေးဖို့ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ တကသက ကျောင်းသားတွေက ဦးဆောင်ပြီးလှုပ်ရှားတဲ့ ဒီကနေ့ နှစ်ပတ်လည်နေ့ အခမ်းအနားဆုတောင်းပွဲကနေ တောင်းဆိုတယ်လို့ ဦးဆောင်သူ တကသ ကျောင်းသားခေါင်းဆောင်ကိုစိုးထက်က ပြောပါတယ်။
“မနှစ်က ပညာရေး သပိတ်စစ်ကြောင်းတွေကို အကြမ်းမဖက်ဖို့ တောင်းဆိုရင်း အကြမ်းဖက်ခံခဲ့ရတဲ့ နေ့ပေါ့။ အဲဒီ တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား အောက်မေ့ဖွယ်နေ့ ကျင်းပရင်းနဲ့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးအတွက် ကျွန်တော်တို့ ကျင်းပတာ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ ထောင်ထဲမှာ ရှိနေသေးတယ်။ မလွတ်သေးတဲ့ ကျောင်းသားတွေ ရှိနေသေးတယ်။ အဲဒီ ကျောင်းသားတွေကို လွှတ်ပေးဖို့။ သူတို့ အစိုးရသစ် မပြောင်းခင်မှာ ကျောင်းသားတွေကို ထပ်ဖမ်းနေမယ်ဆိုရင် စစ်မှန်တဲ့ ဒီမိုကရေစီ ပြောင်းလဲရေး မဟုတ်ပဲနဲ့ ကျွန်တော်တို့ ဒုက္ခ တွေကိုပဲ ပြောင်းလဲပေးနေတယ်လို့ ကျနော်တို့ မြင်တယ်ခင်ဗျ။”
လက်ရှိအစိုးရအနေနဲ့လည်း ဖမ်းဆီးထိန်းသိမ်း ထားတဲ့ ကျောင်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ လိုအပ်သလို နောင်တက်လာမယ့် NLD ဦးဆောင်တဲ့ အစိုးရသစ် အနေနဲ့လည်း နိုင်ငံရေးအကျဉ်းသားတွေနဲ့ ကျောင်းသားတွေအရေး အလေးအနက်ထား ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်လို့ တကသ ကျောင်းသားကိုစိုးထက်က ပြောပါတယ်။
“နောက်အစိုးရတက်လာတဲ့ အခါကျရင်လည်း ဖမ်းဆီးခံထား ရတဲ့ ကျောင်းသားတွေ၊ နိုင်ငံရေး အကျဉ်းသားတွေ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးစေချင်တယ်ပေါ့။”
အခုချိန်အထိ အကျဉ်းထောင်အသီးသီးမှာ အကြမ်းဖက် ဖမ်းဆီး ထိန်းသိမ်းခံရဆဲ ဖြစ်တဲ့သပိတ်မှောက်ကျောင်းသား တွေနဲ့ ကျောင်းသားလှုပ်ရှားမှု တွေကို ဦးဆောင်ခဲ့တဲ့ ဗကသ၊ တကသကျောင်းသားခေါင်းဆောင်တွေကို ပဲခူးတိုင်း သာယာဝတီခရိုင် တရားရုံးနဲ့ ရန်ကုန်တိုင်းတွင်းက တရားရုံးအသီးသီးမှာ ရဲတွေဘက်က ခွင့်ပြုချက်မရပဲ ဆန္ဒပြမှု ပုဒ်မ(၁၈) နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ (၅၀၀ )(၅၀၅) ခ စတဲ့ ပုဒ်မမျိုးစုံတပ်ပြီး မတရားသဖြင့် တရားစွဲဆိုနေတာတွေ ကို ရပ်တန်းက ရပ်ဖို့ နိုင်ငံရေး အကျဉ်းသားလှုပ်ရှားသူတွေက တောင်းဆိုပါတယ်။
အုပ်ချုပ်ရေးအာဏာ အလွှဲအပြောင်းကာလ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ဖော်ဆောင်နေချိန်မှာ မလုပ်သင့်၊ မလုပ်အပ်တဲ့အလုပ်ကို လက်ရှိအစိုးရက လုပ်နေတယ် လို့ နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားသူ ကိုဘမျိုးသိန်းက ပြောပါတယ်။
“နိုင်ငံရေး အကျဉ်းသားကတော့ မရှိသင့်ဘူး။ မရှိသင့်တဲ့အပြင် ထပ်ပြီးတော့ ပုဒ်မတွေ၊ ပုဒ်မတွေနဲ့ ထပ်ပြီးတော့ စွဲတဲ့ ကိစ္စ ဘယ်လိုမှ လုပ်သင့်တဲ့ ကိစ္စ မဟုတ်ဘူး။ တရားမျှတတဲ့ ကိစ္စ မဟုတ်ဘူးပေါ့။ တရားရုံးတွေ တစ်ခုပြီး တစ်ခုပြောင်းတယ်။ မြို့နယ်တွေ တစ်ခုပြီး တစ်ခု ပြောင်းတယ်။ ကျောင်းသားတွေက နေ့စဉ် ရက်ဆက် ရုံးထွက်နေရတယ်။ ပင်ပန်းဆင်းရဲပြီးတော့ လူတွေက ကိုယ်ပင်ပန်း စိတ်ပင်ပန်းဖြစ်အောင် လုပ်ဆောင်နေတဲ့ကိစ္စ လူသားချင်း စာနာမှုအရကော၊ ကျောင်းသားချင်း စာနာမှုအရကော၊ မိဘချင်း စာနာမှုအရကော ဘယ်လိုမှမဖြစ်သင့်တဲ့ ကိစ္စပေါ့။ မလုပ်သင့်တဲ့ ကိစ္စပေါ့ လို့ ကျွန်တော်တို့ မြင်ပါတယ်။ လုံးဝ အမြန်ဆုံး ရပ်တန့်စေချင်ပါတယ်။”
အခုလို ဗကသ၊ တကသ ကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ပုဒ်မတွေ အမျိုးမျိုးတပ်ပြီး တရားရုံးတွေမှာ တရားရင်ဆိုင်ခိုင်းနေတာဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးဖော်ဆောင်နေပါတယ်ဆိုတဲ့ လက်ရှိ အစိုးရရဲ့လုပ်ရပ်အပေါ် မေးခွန်းထုတ်စရာဖြစ်နေတယ်လို့လည်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားသူတွေက ဆိုပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်တွေထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့သူ နိုင်ငံရေးအကျဉ်းသားပေါင်းက ၈၀ကျော်ရှိပြီး လက်ရှိ တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ ကျောင်းသားတွေ၊ တက်ကြွလှုပ်ရှားသူစုစုပေါင်း ၄၀၀ ကျော်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း အေအေပီပီက ထုတ်ပြန်ထားပါတယ်။
မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
နိုင်ငံခြားဘဏ် ၄ ခုကို ဗဟိုဘဏ်က လိုင်စင်ထပ်ချပေး
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံတွေက နိုင်ငံခြားဘဏ် ၄ ခုကို မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် ကနဦး အတည်ပြုချက်လိုင်စင်ထပ်ချပေးလိုက်ပါတယ်။
ခွင့်ပြုပေးလိုက်တဲ့ ဘဏ်တွေထဲမှာ Bank for Investment and Development of Vietnam (BIDV)၊ E SUN Commercial Bank၊ Shinhan Bank နဲ့ State Bank of India ဘဏ်တွေပါတယ်လို့ ဗဟိုဘဏ်ရဲ့ မတ်လ ၄ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဖေဖော်ဝါရီ ၈ ရက်နေ့က လက်ခံရရှိတဲ့ နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လျောက်လွှာတွေအရ နိုင်ငံခြားဘဏ်များ ရွေးချယ်ရေးကော်မတီက အရေအတွက်နဲ့ အရည်အသွေး စံသတ်မှတ်ချက်တွေနဲ့အညီ အသေးစိတ်စိစစ် အကဲဖြတ်ပြီး လိုင်စင်ချပေးလိုက်တာလို့ ဆိုပါတယ်။
ဒီနိုင်ငံခြားဘဏ်တွေအနေနဲ့ ဘဏ်လုပ်ငန်းတွေ လည်ပတ်လုပ်ကိုင်နိုင်ဖို့ လိုအပ်တာတွေ အားလုံးကို တနှစ်အတွင်း ပြီးမြောက်အောင် ဗဟိုဘဏ်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။
လိုချက်တွေပြည့်မီအောင် ဆောင်ရွက်နိုင်မှုအပေါ်မူတည်ပြီး မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် အပြီးသတ်လိုင်စင်ကို ဗဟိုဘဏ်ကထုတ်ပေးသွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုယ်စားလှယ်ရုံးခန်း ဖွင့်လှစ်ထားတဲ့ နိုင်ငံခြားဘဏ် ၄၀ ကျော်ထဲက ၉ ဘဏ်ကို ၂၀၁၄ အောက်တိုဘာက ပထမဆုံးအကြိမ် လိုင်စင်ချပေးခဲ့ပါတယ်။ အဆိုပါဘဏ် ၉ ဘဏ်ထဲကမှ စင်ကာပူရဲ့ အိုစီဘီစီဘဏ်နဲ့ ဂျပန်ဘဏ် ၂ ဘဏ်စုစုပေါင်း ၃ ဘဏ်ကို ၂၀၁၅ ဧပြီမှာ ဘဏ်ခွဲတွေ ဖွင့်လှစ်လုပ်ကိုင်ခွင့်ချပေးခဲ့ပါတယ်။
ခုထပ်ချပေးလိုက်တဲ့ ဘဏ် ၄ ဘဏ်နဲ့ ပေါင်းရင် မြန်မာနိုင်ငံမှာ တရားဝင်ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရထားတဲ့ နိုင်ငံခြားဘဏ်ပေါင်း ၁၃ ဘဏ်ရှိသွားပြီဖြစ်ပါတယ်။
DVB
အစိုးရသစ်မှာ NLD လူနည်းစုသာ ပါမည်
![]() |
ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းထိန် ၊ ဒေါက်တာဇော်မြင့်မောင် နဲ့ ဒေါက်တာမျိုးအောင် ပြည်သူ့ လွှတ်တော်အစည်းအဝေး တက်ရောက်လာစဉ် ။ (မတ် ၁၊ ၂၀၁၆) |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဦးဆောင် ဖွဲ့စည်းမယ့် ပြည်ထောင်စုအစိုးရ အပါအဝင် ပြည်နယ်နဲ့ တိုင်း အစိုးရအဖွဲ့တွေနဲ့ ပတ်သက်လို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် နဲ့ NLD ထိပ်ပိုင်းခေါင်းဆောင် တချို့ နေပြည်တော်က နှင်းဆီစံအိမ်မှာ မနေ့ သောကြာနေ့က ဆွေးနွေးခဲ့ကြတာပါ။
အစိုးရအဖွဲ့မှာ NLD ပါတီဝင် နည်းနည်းပဲရှိမှာဖြစ်ပြီး အများစုက ပညာရှင်တွေနဲ့ အခြား ပါတီဝင်တချို့လည်း ပါဝင်မှာဖြစ်တယ်လို့ ပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင် လည်းဖြစ်၊ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးဝင်းထိန်က ဆွေးနွေးပွဲအပြီး သတင်းထောက်တွေနဲ့တွေ့ဆုံရာမှာပြောသွားပါတယ်။ ဒါပေမဲ့ ဝန်ကြီးတွေရဲ့ အမည်စာရင်း အပြီးသတ်ကိုတော့ မတ်လ (၆)ရက်နေ့ ပြုလုပ်မယ့် NLD ဗဟို အလုပ် အမှုဆောင်ဆွေးနွေးပွဲမှာ ထုတ်ပြန်ကြေညာမှာဖြစ်တယ်လို့ အခုလိုပြောသွားပါတယ်။
" ကျနော်တို့အခု ပြည်ထောင်စုအဆင့်မှာ ပါမယ့်ဝန်ကြီးတွေရဲ့ ဖွဲ့စည်းပုံမှာ ကျနော်တို့ NLD က ပုဂ္ဂိုလ်တွေလည်း ပါမယ်။ ပညာရှင်တွေလည်းပါမယ်။ တခြားပါတီတွေလည်း ပါမယ်။ ဆိုတော့ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ပြည်ထောင်စုအဆင့်က လူနည်းစုတောင် ဖြစ်နိုင်တယ်။ ၃၀% နဲ့ ၄၀% ကြားလောက်ပဲပါမယ်။ ဒါပေမဲ့ ကျနော်တို့ အဲ့ဒီ့အရေအတွက်ကိုတော့ ၆ရက်နေ့မှ သတ်မှတ်ပြီးတော့ ကြေညာနိုင် ပါမယ်။"
ဒါ့အပြင် ဝန်ကြီးဌာနတွေကိုလည်း ပြန်လည် ဖွဲ့စည်းမှာဖြစ်တာကြောင့် အရင် ဝန်ကြီး ဌာနပေါင်း (၃၆)ခုထဲကနေ (၁၀) ခုကျော်လောက်ကို ဖြုတ်ဖို့ စီစဉ်ထားကြောင်း ဦးဝင်းထိန်ကဆိုပါတယ်။
" သမ္မတရုံးမှာ ဝန်ကြီး ခြောက်ခုရှိတယ် အဲ့ခြောက်ခုက ဝန်ကြီးဌာနက တခုတည်းဖြစ် သွားလိမ့်မယ်။ ၃၀ရှိတယ်။ ၃၀က ၂၀လောက်ကျန်မယ်။ တူတာ တူတာ ပေါင်းမယ် ဥပမာဆိုပါတော့ဗျာ ရထားပို့ဆောင်ရေး၊ ကုန်းလမ်းပို့ဆောင်ရေး ၊ လေကြောင်းပို့ဆောင်ရေး၊ ရေကြောင်းပို့ဆောင်ရေး ဒါတွေက ကျနော်တို့ တဖွဲ့တည်း လုပ်လို့ရတယ်။ အဲ့သလိုလုပ်နိုင်အောင်လည်း ကျနော်တို့ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေ ရွေးထားပြီးပြီ။ အဲ့ဒီ့တော့ ဝန်ကြီးဌာနက ၂၁၊ ၂၂ အဲ့သလောက်ပဲ ရှိတော့မယ်။ အရင်တုန်းကလို ၃၆ခုတော့ ရှိမှာမဟုတ်တော့ဘူး။ သို့သော် အဲ့သလို ဝန်ကြီးဌာနတွေ ပေါင်းလိုက်လို့မို့လို့ ပိုလာတဲ့ဝန်ထမ်းတွေရှိမယ်။ သို့သော် အဲ့ဒီ့ဝန်ထမ်းတွေဟာ သူတို့ရဲ့ နေရာအတွက် ပူစရာမလိုဘူး။ သူတို့အတွက် ဘယ်နေရာချထားမယ်ဆိုတာ နဂိုကတည်းက စဉ်းစားထားပြီးသား။ ချထားစရာနေရာတွေလည်း ရှိတယ်။ "
တခါ အများစိတ်ဝင်စားနေတဲ့ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့တွေအတွက် ၀န်ကြီးချုပ် ဘယ်သူက ခန့်အပ်မလဲဆိုတဲ့အပိုင်းမှာတော့ ရခိုင်ပြည်နယ်မှာ NLD အမတ် ဦးညီပုကို ဝန်ကြီးချုပ် အဖြစ် ဒေါ်အောင်ဆန်းစုကြည် က ရွေးချယ်ထားတယ် လို့ ဦးဝင်းထိန်ကဆိုပါတယ်။
" ဆိုတော့ တိုင်းနဲ့ပြည်နယ်အစိုးရကို ဝန်ကြီးချုပ် ကျနော်တို့က ခန့်မယ်။ NLD က ခန့်မယ်။ သို့သော်လည်းပဲ ရှမ်းလို ရခိုင်လို နေရာတွေမှာ ရှမ်းပါတီကလူတွေကိုလည်း ပဲ ဝန်ကြီးနေရာတွေ ပေးပြီးတော့ ခန့်မယ်။ ရခိုင်ဝန်ကြီးချုပ်ကို ဦးညီပု ရာ ထားတယ် ဆိုတာ နဂိုကတည်းက ကျနော်တို့ အနိုင်ရပါတီကလည်းဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံနဲ့လည်း ညီတယ်။ ဒါကြောင့်မို့လို့ ဦးညီပုကို ဝန်ကြီးချုပ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်ပြီးပြီ။ သို့သော် အဲ့ဒီ့မှာ တခြားပါတီတွေရှိတယ်။ တခြားပါတီက ပုဂ္ဂိုလ်တွေကိုရော အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေကိုရော ရခိုင်ပြည်နယ် ဝန်ကြီးအဖွဲ့မှာ သူတို့ကို ထည့်ပြီး စဉ်းစားထားတာရှိပါတယ်။"
NLD က တင်မြှောက်မယ့် သမ္မတ ဘယ်သူဖြစ်လာမလဲဆိုတာနဲ့ပတ်သက်လို့တော့ အများကခန့်မှန်းထားတဲ့ အမည်စာရင်းတွေထဲမှာ NLD နာယက သူရဦးတင်ဦးက မဖြစ်နိုင်ဘူးလို့ ဦးဝင်းထိန်က သတင်းဌာနတခုကို အခိုင်အမာပြောကြားခဲ့ပါတယ်။
မတ်လ (၁၀)ရက်နေ့ လွှတ်တော်မှာ NLD က တင်သွင်းမယ့် ဒုသမ္မတလောင်း အမည်စာရင်းတွေထဲမှာ လက်ရှိ ထိပ်ဆုံးက ခန့်မှန်းခံထားရသူတွေကတော့ ဦးထင်ကျော်နဲ့ ဒေါက်တာ မျိုးအောင်တို့နှစ်ဦးဖြစ်ပါတယ်။ သူတို့နှစ်ဦးလုံး ဟာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်ထားသူတွေအဖြစ် လူအများက ယူဆထားပါတယ်။
အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
နိုင်ငံတော်သမ္မတ လွှဲပြောင်းခြင်းဆိုင်ရာ ဥပဒေ
မြန်မာနိုင်ငံ၌ ၁၉၉၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပခဲ့ပြီး အနိုင်ရရှိခဲ့သော အန်အယ်လ်ဒီပါတီကို စစ်အစိုးရက လွှတ်တော်ခေါ်ယူကျင်းပခြင်း၊ အစိုးရသစ် ဖွဲ့စည်းစေ ၍ အာဏာလွှဲပြောင်းပေးခြင်းမပြုလုပ်ခဲ့ပါ။
၂၀၁၀ ရွေးကောက်ပွဲ၌ အန်အယ်လ်ဒီပါတီက အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုခဲ့သဖြင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကအများစုအနိုင်ရရှိခဲ့ပြီး အစိုးရအသစ်ဖွဲ့ခဲ့ပါသည်။ အသွင်သဏ္ဌာန်အားဖြင့်သာ အစိုးရဖွဲ့စည်း၍ အာဏာလွှဲသည်ဟုဆိုသော်လည်း အနှစ်သာရအားဖြင့် လက်ရှိစစ်ဗိုလ်ချုပ်ကြီးများနှင့် စစ်ဗိုလ်ချုပ်ဟောင်းများကသာ အာဏာချုပ်ကိုင်ထားသော အစိုးရ ဖြစ်ခဲ့ပါသည်။
၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ၌ အန်အယ်လ်ဒီပါတီသည် ရာခိုင်နှုန်း ၈၀ အနိုင်ရရှိခဲ့ပါသည်။ အန်အယ်လ်ဒီပါတီက အစိုးရအဖွဲ့သစ်နှင့် သမ္မတသစ်ရွေးခွင့်ရှိနေပါသည်။ သမ္မတနှင့်အုပ်ချုပ်ရေးအာဏာရပ်များကို လွှဲပြောင်းပေးမည်ဟု လက်ရှိအစိုးရက တရားဝင်ကြေညာခဲ့သည်။ နှစ်ဘက် အာဏာလွှဲပြောင်းရေးလုပ်ငန်းအဖွဲ့များလည်း ဖွဲ့စည်း၍ ညှိနှိုင်းမှုများ စတင်ပြုလုပ်နေ ပြီဖြစ်ပါ သည်။ ပြည်သူအများဝမ်းမြောက်ကြရပါသည်။
ဒီမိုကရေစီနိုင်ငံကြီးများ၌ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများကျင်းပပြီး အသစ် အဟောင်း အာဏာလွှဲပြောင်းပေးမှုများကို ဥပဒေလုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်း၍ ပြုလုပ်ကြပါသည်။ တိကျသော လွှဲပြောင်းမှုလုပ်ထုံးလုပ်နည်းများမရှိပါက အာဏာလွှဲပြောင်းမှုသည် နိုင်ငံစည်း လုံးညီညွတ်မှုပြိုကွဲ၍ ပြည်တွင်းစစ်မီးဟုန်းဟုန်းတောက်သည်အထိဖြစ်စေနိုင်ပါသည်။ အမေရိကန် နိုင်ငံ၏ သမိုင်း၌ အာဏာလွှဲပြောင်းရေး၌ မချောမွေ့မှုများ ပြည်တွင်းစစ်မီးတောက်လောင် သည်အထိ ဖြစ်ရပ်များပေါ်ပေါက်ခဲ့ ပါသည်။
ဒီမိုကရေစီနိုင်ငံကြီးဖြစ်သော အမေရိကန်နိုင်ငံတွင် ၁၇၉၆ခုနှစ် ပထမဆုံးသမ္မတဖြစ်သော George Washington က ၁၇၉၇ ခုနှစ် မတ်လတွင် သမ္မတသစ် John Adams ကို အာဏာလွှဲ ပြောင်းပေးခဲ့သည်မှအစ ယနေ့သမ္မတ Barek Obama အထိ သမ္မတပေါင်း (၃၅)ဦးသည် ၁၇၉၆မှ ၂၀၀၉ခုနှစ် လက်ရှိသမ္မတအထိ နှစ်ပေါင်း (၂၀၀) ကျော်အဆက်ဆက်အာဏာလွှဲပြောင်း ပေးခဲ့ပါသည်။ အာဏာလွှဲပြောင်းရေး၌ ၁၈၆၀-၁၈၆၁ James Buchanan က Abrham Lincon သို့ လွှဲပြောင်း ရေးကိစ္စသည် မချောမွေ့ခဲ့ပါ။ ရွေးကောက်ပွဲ ပြည်နယ် (၇) ခုသာ လွှဲပြောင်း ရယူခဲ့ပြီး ကျန်ပြည်နယ်များ၌ ပဋိပက္ခများဖြစ်ပေါ်ခဲ့သည်။ အမေရိကန်တောင်ပိုင်းမြောက်ပိုင်း ပြည် တွင်းစစ် မီးတောက်လောင် သည်အထိ ပို့ဆောင်ခဲ့သည်။ ထို့ပြင်၁၉၃၂-၁၉၃၃ သမ္မတ Herbert Hoover က Franklin D.Roosevelt အားအာဏာလွှဲပြောင်းရေးတွင်လည်း အစဉ်မချောမွေ့ခဲ့ပါ။ သမ္မတအာဏာလွှဲပြောင်းရေးတွင် သမကဲ့ရဲ့ရှုတ်ချပြောဆိုမှုများ ခံခဲ့ရပါသည်။ သို့ဖြစ်၍ အမေရိကန်၌ ၁၉၆၃ခုနှစ်တွင် ‘‘သမ္မတလွှဲပြောင်းရေး အက်ဥပဒေ-၁၉၆၃’’ကို ပြ ဋ္ဌာန်းကျင့်သုံးခဲ့သည်။ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ချောမွေ့စွာ အာဏာလွှဲပြောင်းပေးခဲ့ကြ ပါသည်။
သမ္မတအာဏာလွှဲပြောင်းရေး ဥပဒေ၏ ရည်ရွယ်ချက်သည် သမ္မတ၏ အုပ်ချုပ်ရေး သက်တမ်း တစ်ခုကုန်ဆုံးသွားသောအခါ အသစ်ရွေးချယ်ခံရသော သမ္မတ၏အုပ်ချုပ်ရေးအဖွဲ့အား လုပ်ငန်းတာဝန် နှင့်လုပ်ငန်းများလွှဲပြောင်းပေးရာ၌ လွယ်ကူချောမွေ့အဆင်ပြေစေရေးဖြစ်ပါသည်။ သမ္မတလွှဲပြောင်းရေးဥပဒေသည် မလိုလားအပ်သော ပဋိပက္ခများမဖြစ်ပေါ်ရေး၊ အငြင်းပွားမှုများ လျော့ကြစေရေးနှင့် နိုင်ငံလုံခြုံရေးနှင့် ငြိမ်ဝပ်ပိပြားမှုမထိခိုက်စေရေးကို ရည်ရွယ်ပါသည်။ ယင်းဥပဒေ၌ နှစ်ပိုင်းတွေ့ ရပါသည်။ လွယ်ကူချောမွေ့စွာ တာဝန်ရပ်များလွှဲပြောင်းရေးနှင့် လွှဲပြောင်းမှုလုပ် ငန်းစဉ်များ၊ ငွေကြေး ဆိုင်ရာခွင့်ပြုချက်များဖြစ်ပါသည်။ ဥပဒေသည် ရိုးရိုးရှင်းရှင်းပင်ဖြစ်ပါသည်။ အမေရိကန်နိုင်ငံ၏ သမ္မတအာဏာလွှဲပြောင်းရေးဥပဒေ ၁၉၆၃၌ ပုဒ်မ (၅)ခုသာပါဝင်ပါသည်။ ဥပဒေ၏ ရည်ရွယ်ချက် သမ္မတနှင့် ဒုသမ္မတတို့၏ လုပ်ငန်းတာဝန်များလွှဲပြောင်းပေးရာ၌ လွယ်ကူ ချောမွေ့ရေး၊ လွှဲပြောင်းမှုလုပ်ငန်း စဉ်များကို တာဝန်ယူဆောင်ရွက်ရမည့် အဖွဲ့အစည်း လွှဲပြောင်း မှု၏ကုန်ကျစရိတ်ခွင့်ပြုငွေ၊ သုံးစွဲပိုင် ခွင့်လွှဲပြောင်းမှု အထောက်အပံ့ဖြစ်သော ရွေးကောက်ပွဲအကြို ကာလ နှင့် လွှဲပြောင်းမှု လွှဲပြောင်းပြီး နောက် အထောက်အပံ့များ၊ ဝန်ဆောင်မှု၊ ရုံးခန်းအသုံး အဆောင်ပစ္စည်းကရိယာနှင့် ငွေကြေးများ၊ လွှဲပြောင်းပေးရာ၌ နိုင်ငံတော်လျို့ဝှက်ချက်ဆိုင် ရာများကိစ္စ၊ အစိုးရအဖွဲ့၏ ဌာနဆိုင်ရာ လျှို့ဝှက်ကိစ္စ လုပ်ငန်းအစီရင်ခံစာနှင့် ထုတ်ဖော် ပြောဆိုရမည့်ကိစ္စများ ပါဝင်ပါသည်။ လွှဲပြောင်းမှု အသုံးစရိတ်များကိုလည်း အချိန်အခါအရ ၁၉၆၃ခုနှစ် ဥပဒေအရ အမေရိကန်ဒေါ်လာ ၉ သိန်းခွင့်ပြုခဲ့ရာမှ ယခုအခါ အမေရိကန်ဒေါ်လာ ၈.၉၅သန်းအထိ ခွင့်ပြုခဲ့ပါသည်။ ဥပဒေကိုလည်း လိုအပ်သလို အကြိမ်ကြိမ် ပြင်ဆင်ဖြည့် စွက်ခဲ့ပါသည်။
မြန်မာနိုင်ငံတွင်လည်း သမ္မတလွှဲပြောင်းရေးဥပဒေ လုပ်ထုံးလုပ်နည်းများ ယခုအကြိမ်တွင် မပြဋ္ဌာန်းနိုင်သေးသော်လည်း နောင်တွင်တိတိကျကျပြဋ္ဌာန်းရန် လိုအပ်မည်ဖြစ်ပါသည်။ အန်အယ်လ်ဒီပါတီ သည် ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိခဲ့ခြင်း၊ လက်ရှိ ဦးသိန်းစိန်သမ္မတအစိုးရကလည်း အာဏာလွှဲပြောင်းပေးရန်လိုလားခြင်းတို့ကြောင့် ယခုအကြိမ်အာဏာလွှဲပြောင်းရေးသည် ထီးလိုမင်း လိုဖြစ်ကာ အစဉ်ချောမွေ့မည်ဟု အားလုံးကယုံကြည်မျှော်လင့်ထားကြပါသည်။ မြန်မာ သမိုင်းမှတ်တိုင် တစ်ခုကို နှစ်ဦးနှစ်ဘက် လိုလိုလားလား စိုက်ထူကြမည့် လက်ခာများ တွေ့နေရ ပါသည်။
သို့ရာတွင် နောင်ပါတီစုံအထွေထွေရွေးကောက်ပွဲများ၌ ပါတီများ အကြိတ်အနယ် ယှဉ် ပြိုင်ကြရသောအခါမျိုး၌ သမ္မတလွှဲပြောင်းရေးကို တိကျသော ဥပဒေ၊ လုပ်ထုံးပြဋ္ဌာန်းချက် များရှိဖို့ အမှန်လိုအပ်မည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ လာမည့်ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကာလတွင် သမ္မတနှင့် နိုင်ငံ တော်အာဏာလွှဲပြောင်းရေးဥပဒေ၊ လုပ်ထုံးလုပ်နည်းများရေးဆွဲပြဋ္ဌာန်းသင့်ပါကြောင်း…….။
ရှေ့နေ-မောင်ကံ DVB
ထိုင်းနိုင်ငံမှာ မြန်မာအမျိုးသမီးတဦး သတ်ဖြတ် မီးရှို့ ခံရ
Breaking 4 March 2016 07:31
မတ်လ ၃ရက်နေ့ ၂၀၁၆ ရက်နေ့ က ထိုင်းနိုင်ငံ စမွတ်ပရာကန်ခရိုင်၊ ပန်ဖလီ နယ်မြေ၊ ဝတ်စီဝါရီနွဲ့လမ်း ၊ နိရန်ဝီ ရပ်ကွက် ၁၂ နှစ်မှာ နေထိုင်နေသည့် မြန်မာ အမျိုးသမီးတဦး သတ်ဖြတ်ခံရကာ အလောင်းကို မီးရို့ ခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပွား ခဲ့ကြောင်း ထိုင်းရပ် အွန်လိုင်းသတင်းမှာ ဖေါ်ပြထားပါတယ်။
မီးရှို့ခံရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီး ဟာ မအေးသန်း အသက် (၄၀) ဖြစ်ပါတယ်။ အလောင်းကို မီးလောင်ကျွမ်းလို့ အရိုးမျှသာ ကျန်ပါတော့တယ်။
ထိုင်း ရဲတပ်ဖွဲ့က မြန်မာရွှေ့ပြောင်း အလုပ်သမား တွေကို ခေါ်ယူ စစ်ဆေးမေးမြန်းရာမှ မသင်္ကာ ရသူ အား ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။
မင်းချစ်ဦး အသက် (၃၀)နှစ် ရဲ့  ဘောင်ဘီအိပ်အတွင်း သေဆုံးသူရဲ့  တကျပ်သားရွှေဆွဲ ကြိုးကို ရှာဖွေတွေ့ သွားခဲ့ ပြီး တရားခံက အမျိုးသမီးကို သတ်ခဲ့ကြောင်း ဝန်ခံပါတယ်။
အခင်ဖြစ်တဲ့နေ့ က သေဆုံးသူ နဲ့  စကားများရာက အမျိုးသမီးရဲ့ ဦးခေါင်းကို ထုရိုက်ပြီး သေဆုံးသွားတဲ့နောက် အမှုဖုံးကွယ်ရန် အလောင်းကိုမီးရှို့ ခဲ့ကြောင်း ဝန်ခံပါတယ်။
Thairath
Social Action for Women - SAW
အစိုးရတပ် ကားတန်းကို တိုက်ခိုက်လို့ လူ ၃၀ ကျော် သေသွားတယ်လို့ ရခိုင်တပ် ပြော
![]() |
အေအေ လက်နက်ကိုင် တပ်နဲ့ ဆက်စပ်မှု ရှိတယ် ဆိုတဲ့ စွပ်စွဲမှု နဲ့ အဖမ်းဆီး ခံထားရ သူတွေ ရခိုင် ပြည်နယ် ထဲမှာ အယောက် ၅၀ ကျော် ရှိနေပြီ။ |
အစိုးရ စစ်တပ် ဘက်က လူ အယောက် ၃၀ ကျော် သေဆုံး ခဲ့တာမှာ ဒုတပ်ရင်းမှုး အဆင့် တစ်ယောက် လည်း ပါဝင် တယ် ဆိုပြီး အေအေ ဘက်က ပြောပေမယ့် အစိုးရ စစ်တပ် ဘက်က အတည်ပြု ချက် တော့ မရရှိ သေးပါဘူး။
မတ်လ ၁ ရက်နေ့ က စပြီး နှစ်ဘက် ထိတွေ့ ပစ်ခတ်မှု တွေ ဆက်တိုက် ဖြစ်နေခဲ့တယ် လို့လည်း အေအေပြောခွင့်ရ ဦးခိုင်သုခ က ဆိုပါတယ်။
တခါ၊ အေအ လက်နက်ကိုင် တပ်နဲ့ ဆက်စပ်မှု ရှိတယ် ဆိုတဲ့ စွပ်စွဲမှု နဲ့ အဖမ်းဆီး ခံထားရ သူတွေ ရခိုင် ပြည်နယ် ထဲမှာ အယောက် ၅၀ ကျော် ရှိနေပြီ လို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။
အဲဒီ့ ထဲက တချို့လည်း ထောင်ဒဏ် တွေ ချမှတ် ခံခဲ့ ရတာ မှာ ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ ဘူသီးတောင် မြို့နယ် တရားရုံး ကနေ လူ ၄ ဦး ကို မတရားသင်း အက်ဥပဒေ နဲ့ ထောင် ၃ နှစ် ချ ခဲ့ ပါတယ်။
စစ်တွေ နဲ့ ကျောက်တော် မြို့ တရားရုံး တွေ မှာလည်း ဒါဇင် နဲ့ ချီ တဲ့ လူတွေ ကို ရုံးထုတ် နေကြ ပါတယ်။
BBC Burmese
ရက္ခိုင့်တပ်မတော်နဲ့ ဆက်နွယ်မှုနဲ့ လူ ၄ဦးကို ထောင်ဒဏ်တွေ ချမှတ်
![]() |
ဘူးသီးတောင် မြို့အဝင်ဆိုင်းပုဒ်ကို တွေ့ရစဉ်။ Photo: Min Thein Aung |
အမိန့်ချမှတ်ခံရသူတွေဟာ မင်းပြားက ၂ဦး၊ မြောက်ဦးက ၁ ဦးနဲ့ ဘူးသီးတောင်က ၁ဦး တို့ဖြစ်ပြီး ဘူးသီးတောင် အကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ အမှုကိုကူညီဆောင်ရွက်ပေးခဲ့တဲ့ ဘူးသီးတောင်မြို့နယ် စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး သံဃာတော်အဖွဲ့ရဲ့ အတွင်းရေးမှူးဆရာတော် အရှင်သာဂရက မိန့်ပါတယ်။
"မနေ့က မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မနဲ့ ထောင် ၃ နှစ် ချမှတ်လိုက်တယ်၊ အကုန်လုံးစုစုပေါင်းက ၄ ယောက်ခင်ဗျ၊ ဘူးသီးတောင်ထောင်မှာပဲ ချထားတယ်လို့ သိရပါတယ်"
ပြစ်ဒဏ်ချမှတ်ခံရသူ ၄ဦးထဲမှာ ရက္ခိုင့်တပ်မတော်က ဒုတပ်ကြပ်အဆင့်ရှိသူ ၂ဦး နဲ့ တပ်သားအဆင့်ရှိသူ ၂ဦးဖြစ်တယ်လို့ သိရပါတယ်။
သူတို့တွေကို မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ ဘူးသီးတောင်မြို့နယ်ကနေ ပြီးခဲ့တဲ့နှစ် ဇွန်နဲ့ ဇူလိုင်လတွေမှာ အစိုးရတပ်မတော်က ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် ကျောက်တော်မြို့နယ်တရားရုံးမှာ ရက္ခိုင့်တပ်မတော်နဲ့ ဆက်နွယ်မှုနဲ့ ဖမ်းဆီးခံထားရသူ ၃ ဦးကို ပုဒ်မ ၁၇(၁) နဲ့ တရားစွဲဆိုထားတဲ့အမှုကို ရုပ်သိမ်းလိုက်ပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။
ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်မတော်တို့ဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှတ်တိုင် အမှတ်- ၆၃ ၊ ၆၄ တို့မှာ မနေ့က တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ရက္ခိုင့်တပ်မတော်ရဲ့ သတင်းနဲ့ပြန်ကြားရေး ဖေ့စ်ဘွတ်စာမျက်နှာမှာ ဒီနေ့ ရေးသားထားပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး အစိုးရတပ်မတော်ဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
RFA Burmese
Friday, March 4, 2016
ဘီးပေါက်ပြီး ခရီးစဉ် နှောင့်နှေးခဲ့သော Golden Myanmar Airlines လုံခြုံ စိတ်ချရပြီဟု ထုတ်ပြန်
![]() |
Golden Myanmar Airlines မှ လေယာဉ် တစ်စီး ရန်ကုန် လေဆိပ်၌ လေယာဉ်ဘီး မတော်တဆ ပေါက်မှု ဖြစ်ပွားစဉ် (ဓာတ်ပုံ-ကျော်စွာမင်း) |
ရန်ကုန်မှ ညောင်ဦးသို့ ပျံသန်းမည့် Golden Myanmar Airlines လေယာဉ် ဘီးပေါက်မှုကြောင့် ခရီးစဉ် နှောင့်နှေးခဲ့သော်လည်း အခြေအနေ လုံခြုံစိတ်ချ ဘေးကင်းသွားပြီဟု Golden Myanmar လေကြောင်းလိုင်းက ထုတ်ပြန်သည်။
ယနေ့ နံနက် ၆ နာရီ ၁၀ မိနစ်တွင် ရန်ကုန်- ညောင်ဦး Fight No. Y5-101 သည် လေယာဉ် ပြေးလမ်းပေါ် လေယာဉ်ဘီး မတော်တဆ ဖြစ်မှု၌် ခရီးသည်များ အားလုံး ဘေးကင်းစွာ လုံခြုံမှု အပြည့်ဖြင့် စိတ်ချရ ပြီးဖြစ်ကြောင်း၊ လေကြောင်းလိုင်းမှ ဝန်ထမ်းများမှလည်း ခရီးသည်များ အားလုံးကို အကောင်းဆုံး ဝန်ဆောင်မှုများဖြင့် ဆောင်ရွက် ပေးခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ခရီးစဉ်များ နှောင့်နှေး ကြန့်ကြာမှု့များနှင့် အဆင်မပြေမှုများ အတွက် နှစ်ပေါင်းများစွာကြာ အစဉ်တစိုက် အားပေးခဲ့ကြသော ခရီးသွား မိတ်ဆွေများအား ရွှေမြန်မာ လေကြောင်းလိုင်း ဝန်ထမ်းများမှ အနူးအညွတ် လေးစားစွာ တောင်းပန်အပ်ကြောင်း ထုတ်ပြန်ချက်တွင် ထည်သွင်း ပြောကြားထားသည်။
“ခရီးသည် ၃၉ ဦးလိုက်ပါတဲ့ လေယာဉ်က ရန်ကုန်လေဆိပ်ရဲ့ ပြေးလမ်းပေါ်မှာ ဘီးပေါက်ပြီး မီးတွေ ထတောက်လို့ ခရီးစဉ် ရွှေ့ဆိုင်းလိုက်ရပါတယ်”ဟု ရန်ကုန်လေဆိပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
(Xinhua)
ဒေါ်လာဈေးအကျကြမ်းမှု ဗဟိုဘဏ်စောင့်ကြည့် ထိန်းသိမ်းရန်လိုအပ်ကြောင်းဆို
![]() |
ရန်ကုန်မြို့ရှိ ငွေလဲလှယ်ရေး ဈေးကွက်တစ်ခုတွင် အမေရိကန်ဒေါ်လာများ လဲလှယ်နေစဉ် (ဆင်ဟွာ) |
ဒေါ်လာဈေးနှုန်းများ တစ်ဒေါ်လာလျှင် ကျပ်၁၂၄၇ မှ ကျပ် ၁၂၀၀ အောက်အထိ ကျဆင်းသွားပြီး အတက်အကျကြမ်းသည့် အတွက် ဗဟိုဘဏ်ဘက်မှ စောင့်ကြည့် ထိန်းသိမ်းရန်လိုအပ်ကြောင်း ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူ ဦးသန်းလွင်က ဆင်ဟွာကိုပြောသည်။
ဦးသန်းလွင်က “ကမ္ဘာမှာလည်းဒေါ်လာဈေးက ကျနေတယ်။ မြန်မာမှာတော့ ကောလဟာလ တွေပါရှိတော့ ဈေးက ပိုကျသွားတယ်။ ဒီလိုအနေအထားမှာ ဗဟိုဘဏ်က ထိန်းကျောင်းပေးဖို့ လိုအပ်တယ်။ ဒေါ်လာဈေးအရမ်းကျရင် ဗဟိုဘဏ်က လိုက်ဝယ်ပေးတာမျိုး ၊ ဒေါ်လာဈေးအရမ်းတက်ရင် ဗဟိုဘဏ်က ထုတ်ရောင်းတာမျိုးလုပ်သင့်တယ်။ ဗဟိုဘဏ်က ဈေးကွက်ထဲဝင်လာရင်တော့ အတက်အကျကြမ်းတာ တွေက ရပ်တန့်သွားမှာ ဖြစ်တယ်’’ ဟုပြောသည်။
၎ရက်အတွင်း ဒေါ်လာဈေးက တစ်ဒေါ်လာလျှင် ၁၂၄၇ ကျပ် မှ ၁၁၈၅ ကျပ် လောက် အထိ အနိမ့်ဆုံးကျဆင်းခဲ့ခြင်း ဖြစ်သည်။
ဒေါ်လာ ဈေးကွက်ကို စောင့်ကြည့်လေ့လာသူဦးစန်းဝင်းက “ ဒီနေ့ကျတာကတော့ အကြမ်းဆုံးပဲ။ ဗဟိုဘဏ်ကတော့ ပုဂ္ဂလိကဘဏ်တွေကို ခေါ်တွေ့တယ်လို့ကြားတယ်။ တကယ်ကတော့ အခုလို အတက်အကျကြမ်းတဲ့ အချိန် ဗဟိုဘဏ်အနေနဲ့ ပြင်ပပေါက်ဈေးကို မျက်ခြည်ပြတ်မခံပဲ ထိန်းကျောင်း ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။’’ ဟုပြောသည်။
ယနေ့မတ်လ၄ရက်နေ့တွင် ဒေါ်လာဈေးသည် နံနက်ဘက်တွင် ကျပ် ၁၂၁၀ လောက်မှ ၁၁၈၅ ကျပ် အထိ အနိမ့်ဆုံး ကျဆင်းခဲ့ပြီး ညနေ ၅ နာရီ ခန့်တွင် တစ်ဒေါ်လာကို ၁၂၀၅ ကျပ်အထိ ဈေးပြန်မြင့်လာခဲ့သည်။ ဗဟိုဘဏ် မှ ယနေ့တစ်ဒေါ်လာပေါက်ဈေး ကျပ် ၁၂၃၄ ဖြင့် ဈေးဖွင့်ခဲ့သည်။
ဦးစန်းဝင်းက “ဈေးကတော့ ထပ်မကျနိုင်ဘူးထင်တယ်။ ညနေဈေးပြန်တက်ရတာကလည်း အိတ်စပို့သမားတွေ ကလုံးဝမကိုက်တော့ ထုတ်မရောင်းကြတော့ဘူး။ အဲ့ဒီ့မှာ ဈေးက နည်းနည်းပြန်တက်လာတာ’’ ဟုပြောသည်။
(Xinhua)
စိမ်းလဲ့ကန်သာငါးလောင်းပြိုင်လူသတ်မှုလွှတ်တော်တွင် မေးမြန်းသွားမည်ဟုဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပြော
ယခုနှစ်မတ်လ၃ရက်တွင်ရှစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သောရန်ကုန်မြို့စိမ်းလဲ့ကန်သာငါးလောင်းပြိုင်လူသတ်မှုနှင့်ပတ်သက်၍လွှတ်တော်တွင် မေးခွန်းမေးမြန်းရန် စီစဉ်ထားကြောင်းဗဟန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်ကNews Watchသို့ ပြောသည်။
''ဒီကိစ္စကမတရားမှုဆိုတာလူတိုင်းသိပါတယ်။ NLD အစိုးရသစ်ကလည်းဒီကိစ္စကိုဆက်လက်ကိုင်တွယ် ဆောင်ရွက်သွားမှာပါ။ အခြေအနေနဲ့အချိန်အခါကိုကြည့်ပြီးလွှတ်တော်မှာမေးခွန်းမေးမြန်းသွားမှာပါ။ အခုရက်ပိုင်းလက်ပံတောင်းတောင်ကိစ္စ လွှတ်တော်မှာဆွေးနွေးတော့ ဘယ်လိုဖြစ်သွားတယ်ဆိုတာသိတဲ့အတိုင်းပဲလေ။ ကိုယ့်မြို့နယ်အတွက် အစွမ်းကုန်ကြိုးစားမယ်။ အကျိုးနဲ့အပြစ် အခြေအနေနဲ့ အချိန်အခါကိုကြည့်ပြီးမေးခွန်းမေးမြန်းသွားမှာပါ''ဟု ၎င်းက ပြောသည်။
၂၀၀၈ခုနှစ်မတ်လ၃ရက်ကငွေကိုလေလိုသုံးသူဟုစာရေးဆရာကြီးသော်တာဆွေက၎င်း၏စာများတွင်ထည့်သွင်းရေးသားဖော်ပြခြင်းခံခဲ့ရသူမိုးကုတ်သူဋ္ဌေးကြီးဦးမြမောင်၏သမက်ဖြစ်သူဦးစ၀်ကြည်၊သမီးဖြစ်သူဒေါ်စန်းစန်းမြင့်၊ မြေးနှစ်ဦးဖြစ်သည့် ဒေါ်မြစန္ဒာနှင့်မနှင်းပွင့်အေးတို့နှင့်အတူအိမ်အကူအမျိုးသမီးလေးအယ်ဖောတို့ကိုအမည်မသိလူသတ်သမားများကသေနတ်ဖြင့် ပစ်သတ်မှုကြောင့် သေဆုံးခဲ့ကြရသည်။
မြန်မာနိုင်ငံ၏တရားဥပဒေစိုးမိုးရေးအကြောင်းပြောသည့်အခါတိုင်းငါးလောင်းပြိုင်လူသတ်မှုကိုထည့်သွင်းပြောကြားလေ့ရှိကြပြီးယင်းလူသတ်မှုတွင် ယခင် အာဏာရှင်ခေတ်ကထင်ရှားသူအချို့ပါဝင် ပတ်သက်ဖွယ်ရှိသည်ဟူသောသတင်းများကြောင့် ပြည်သူလူထုအနေဖြင့် စိတ်ဝင်စားနေသော အမှုကြီးတခုလည်း ဖြစ် သည်။
နန္ဒမျိုးဆောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
စိမ်းလဲ့ကန်သာငါးလောင်းပြိုင်လူသတ်မှုလွှတ်တော်တွင် မေးမြန်းသွားမည်ဟုဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပြော
ယခုနှစ်မတ်လ၃ရက်တွင်ရှစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သောရန်ကုန်မြို့စိမ်းလဲ့ကန်သာငါးလောင်းပြိုင်လူသတ်မှုနှင့်ပတ်သက်၍လွှတ်တော်တွင် မေးခွန်းမေးမြန်းရန် စီစဉ်ထားကြောင်းဗဟန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်ကNews Watchသို့ ပြောသည်။
''ဒီကိစ္စကမတရားမှုဆိုတာလူတိုင်းသိပါတယ်။ NLD အစိုးရသစ်ကလည်းဒီကိစ္စကိုဆက်လက်ကိုင်တွယ် ဆောင်ရွက်သွားမှာပါ။ အခြေအနေနဲ့အချိန်အခါကိုကြည့်ပြီးလွှတ်တော်မှာမေးခွန်းမေးမြန်းသွားမှာပါ။ အခုရက်ပိုင်းလက်ပံတောင်းတောင်ကိစ္စ လွှတ်တော်မှာဆွေးနွေးတော့ ဘယ်လိုဖြစ်သွားတယ်ဆိုတာသိတဲ့အတိုင်းပဲလေ။ ကိုယ့်မြို့နယ်အတွက် အစွမ်းကုန်ကြိုးစားမယ်။ အကျိုးနဲ့အပြစ် အခြေအနေနဲ့ အချိန်အခါကိုကြည့်ပြီးမေးခွန်းမေးမြန်းသွားမှာပါ''ဟု ၎င်းက ပြောသည်။
၂၀၀၈ခုနှစ်မတ်လ၃ရက်ကငွေကိုလေလိုသုံးသူဟုစာရေးဆရာကြီးသော်တာဆွေက၎င်း၏စာများတွင်ထည့်သွင်းရေးသားဖော်ပြခြင်းခံခဲ့ရသူမိုးကုတ်သူဋ္ဌေးကြီးဦးမြမောင်၏သမက်ဖြစ်သူဦးစ၀်ကြည်၊သမီးဖြစ်သူဒေါ်စန်းစန်းမြင့်၊ မြေးနှစ်ဦးဖြစ်သည့် ဒေါ်မြစန္ဒာနှင့်မနှင်းပွင့်အေးတို့နှင့်အတူအိမ်အကူအမျိုးသမီးလေးအယ်ဖောတို့ကိုအမည်မသိလူသတ်သမားများကသေနတ်ဖြင့် ပစ်သတ်မှုကြောင့် သေဆုံးခဲ့ကြရသည်။
မြန်မာနိုင်ငံ၏တရားဥပဒေစိုးမိုးရေးအကြောင်းပြောသည့်အခါတိုင်းငါးလောင်းပြိုင်လူသတ်မှုကိုထည့်သွင်းပြောကြားလေ့ရှိကြပြီးယင်းလူသတ်မှုတွင် ယခင် အာဏာရှင်ခေတ်ကထင်ရှားသူအချို့ပါဝင် ပတ်သက်ဖွယ်ရှိသည်ဟူသောသတင်းများကြောင့် ပြည်သူလူထုအနေဖြင့် စိတ်ဝင်စားနေသော အမှုကြီးတခုလည်း ဖြစ် သည်။
နန္ဒမျိုးဆောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
နိုင်ငံတော်သမ္မတ အလွှဲအပြောင်းအား ငွေကြေးကုန်ကျ သက်သာပြီး ရိုးရှင်းစွာဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်း လုပ်မည်ဟု ဦးဝင်းထိန်ပြော
အစိုးရသစ်တစ်ရပ် ဖွဲ့စည်းရန် နိုင်ငံတော်သမ္မတ အာဏာလွှဲပြောင်းခြင်းနှင့် ဝန်ကြီးအသစ်များ လွှဲပြောင်းခြင်း ကိစ္စရပ်များအား ငွေကြေးအကုန်အကျ သက်သာစေလိုပြီး ရိုးရိုးရှင်းရှင်းဖြင့် ဥပဒေအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီဝင် ဦးဝင်းထိန်က ပြောသည်။
“သူတို့လုပ်ချင်တာက တစ်မျိုး၊ ကျွန်တော်တို့လုပ်ချင်တာက တစ်မျိုး၊ ဒါပေမယ့် ကျွန်တော်တို့ လုပ်ချင်တဲ့ အခြေခံအကြောင်းတရားက ငွေကြေးကုန်ကျစရိတ် နည်းမယ်၊ ရိုးရှင်းမယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်းပဲ လုပ်မယ်” ဟု ၄င်းက မီဒီယာများကိုပြောသည်။
မတ်လ ၃၀ ရက်နေ့ အလွှဲအပြောင်းလုပ်တဲ့အချိန် နံနက်ပိုင်း ၁၀ နာရီတွင် သမ္မတအဖြစ် လျာထားသည့် ပုဂ္ဂိုလ်၊ ဝန်ကြီးအဖြစ် လျာထားတဲ့ ပုဂ္ဂိုလ်များက ကျမ်းသစ္စာကျိမ်ဆိုပြီး နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်ခံရသူက မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်းလည်း ၄င်းကဆိုသည်။
“အဲ့ဒီမှာတော့ သမ္မတ ဦးသိန်းစိန်လာမှာ မဟုတ်ဘူး၊ ပြီးသွားပြီဆိုရင် ကျွန်တော်တို့ သမ္မတက မိန့်ခွန်းပြောမယ်၊ ပြောပြီးရင် သမ္မတနဲ့ တကွ ဝန်ကြီးအသစ်တွေ ကနေပြီးတော့ သမ္မတဦးသိန်းစိန် အိမ်ကိုသွားမယ် သမ္မတအိမ်တော်ကနေ ဦးသိန်းစိန် ကကြိုမယ်၊ ကြိုပြီးတော့မှ အိမ်တော်အကြောင်းတွေ ရှင်းပြ၊ အိမ်တော်က ဝန်ထမ်းတွေနဲ့ မိတ်ဆက်၊ ပြောပြီးပြီဆိုတာနဲ့ ကျွန်တော်တို့ သမ္မတအသစ်ကို နေရာချထားပြီးတာနဲ့ ဦးသိန်းစိန်နဲ့အဖွဲ့က ပြန်လည် ထွက်ခွာသွားမယ်” ဟု ဦးဝင်းထိန်က ရှင်းပြသည်။
ညစာစားပွဲ အစီအစဉ်ကိုမူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကသာ ဦးဆောင်ကြီးမှူး ကျင်းပသွားမည်ဖြစ်ပြီး ဖိတ်သင့်ဖိတ်ထိုက်သည့် ပုဂ္ဂိုလ် အနည်းအကျဉ်းဖြင့်သာ ပြုလုပ်သွားမည်ဟုလည်း ၄င်းက ပြောသည်။
“ညပိုင်းအစီအစဉ်ကိုတော့ သူတို့မလုပ်တော့ဘူး၊ ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကနေ ကြီးမှူးပြီးတော့ ညစာစားပွဲလုပ်မယ်၊ ဖိတ်တာကလည်း ကျယ်ပြန့်များများစားစားတော့ မဟုတ်ဘူး၊ လိုအပ်တဲ့ ဧည့်သည် စာရင်းလောက်ပဲ၊ ဥပမာဆိုပါစို့ သံတမန်တွေပါမယ်၊ ဝန်ကြီးအဖွဲ့ဝင်တွေပါမယ်၊ အနုပညာ အဖွဲ့တွေပါမယ်၊ NLD က ဖိတ်သင့်ဖိတ်ထိုက်တဲ့ လူကြီးတွေပါမယ်၊ နည်းနည်းနဲ့ ကျဲကျဲပါပဲ” ဟု ဦးဝင်းထိန်က ဆိုသည်။
သတင်း - ကိုပေါက်
The Ladies News
သမ္မတလောင်းများသည် ဆရာဝန်မဟုတ်သလို ဦးတင်ဦးလည်း မဟုတ်ကြောင်း ၊ ရခိုင်ဝန်ကြီးချုပ်အဖြစ် ဦးညီပုကို ရွေးချယ်ထားကြောင်း ဦးဝင်းထိန် ဆို
NLD ကတင်မည့် သမ္မတလောင်းများသည် ဆရာဝန် မဟုတ်ကြောင်း ၊ နာယက သူရဦးတင်ဦးလည်း မဟုတ်ကြောင်း ဦးဝင်းထိန်က နေပြည်တော် ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ယနေ့ပြုလုပ်သည့် အစည်းအဝေး အပြီးတွင် ပြောသည်။
ဆက်လက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များမှာ NLD မှသာဖြစ်မည် ဖြစ်ကြောင်း ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ဦးညီပုကို ရွေးချယ်ထားကြောင်း ဦးဝင်းထိန်က ဆိုသည်။
ဦးညီပုသည် NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်သော်လည်း ပြည်နယ်အဆင့်တွင် ယှဉ်ပြိုင်ရန် တာဝန်ပေးခြင်း ခံရသူဖြစ်ကာ ရခိုင်ပြည်နယ် ၊ ဂွမြို့နယ်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် အမတ် ဖြစ်လာသူ ဖြစ်သည်။
ထို့ပြင် ၂၀၁၆ မတ်လ ၃၀ ရက်နေ့၌ ပြည်ထောင်စု လွှတ်တော်တွင် အာဏာလွှဲပြောင်းမည် ဖြစ်ကြောင်း၊ ဦးသိန်းစိန်က သမ္မတအိမ်တော် တွင် စောင့်ပြီး လွှဲမည်ဖြစ်ကြောင်း၊ Dinner အခမ်းအနား လုပ်မည် ဖြစ်သော် လည်း ငွေကုန်သက်သာချင်သည့်အတွက် အကျဉ်းချုံးသာ လုပ်မည်ဖြစ်ကြောင်းလည်း ဦးဝင်းထိန်က ဆိုသည်။
သတင်း - ကိုပေါက်
The Ladies News
အန်အယ်လ်ဒီအစိုးရသစ်လက်ထက်တွင် ၀န်ကြီးဌာနများ လျော့ချမည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အစိုးရသစ် လက်ထက်မှာ ၀န်ကြီးဌာနတွေကို လျှော့ချသွားမယ်လို့ အဖွဲ့ချုပ် ပြောခွင့်ရ ဦးဝင်းထိန်က ပြောကြားလိုက်ပါတယ်။
နေပြည်တော် စည်ပင်ရိပ်သာမှာ ဒီနေ့ နေ့လယ်ပိုင်းက သတင်းထောက်တွေကို အခုလို ပြောကြားခဲ့တာပါ။
“တူတာတူတာတွေကို ပေါင်းမယ်။ ဥပမာ ရထားပို့ဆောင်ရေး၊ လေကြောင်း ပို့ဆောင်ရေး၊ ရေကြောင်းပို့ဆောင်ရေး ဒါတွေက ကျနော်တို့ တွဲလုပ်လို့ရတယ်။ အဲလိုလုပ်နိုင်အောင်လည်း အရည်ချင်းရှိတဲ့ ပုဂ္ဂိုတ်တွေကို ကျနော်တို့ ရွေးထားပြီးပြီ။ အဲတော့ ၀န်ကြီးဌာနက ၂၁၊ ၂၂ အဲလောက်ပဲ ရှိတော့မယ်။ အရင်တုန်းကလို ၃၆ ခုလည်း ရှိတော့မှာမဟုတ်တော့ဘူး။”
အခုလို ၀န်ကြီးဌာနတွေကို လျှော့ချပြီး ပေါင်းလိုက်ပေမယ့် တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေအနေနဲ့ စိုးရိမ်စရာ မလိုဘူးလို့ ဆိုပါတယ်။
“အခုလို ၀န်ကြီးဌာနတွေ ပေါင်းလိုက်ခြင်းအားဖြင့် ပိုလာတဲ့ ၀န်ထမ်းတွေရှိတယ်။ သို့သော် ၀န်ထမ်းတွေက သူတို့ရဲ့ နေရာအတွက် ပူစရာမလိုဘူး။ သူတို့ကို ဘယ်နေရာ ချထားမယ်ဆိုတာ နဂိုကတည်းက စဉ်းစားထားပြီးသား။ ချထားစရာ နေရာတွေလည်း ရှိတယ်။ တခုပဲ ရှိတာက ကိုယ်မကျွမ်းကျင်တဲ့ ၀န်ကြီးဌာနကို သွားမယ်ဆိုရင်တော့ ကျွမ်းကျင်မှုရှိဖို့ သူတို့ကို သင်တန်းတွေပေးမယ်။ နယ်ပြောင်းရမယ်ဆိုရင်လည်း အပြောင်းအရွှေ့ကိစ္စတွေမှာ ကျနော်တို့ တတ်နိုင်သမျှ သက်သာအောင် ကူညီပေးမှာပါ။”
DVB
အင်အားပြင်းငလျင်ဒဏ် ခံခဲ့ရသည့် အင်ဒိုနီးရှားတွင် အခြေအနေ ပုံမှန်ပြန်ဖြစ်
အင်ဒိုနီးရှားနိုင်ငံမှာ မတ်လ ၂ ရက်က အင်အားပြင်းငလျင်ဒဏ် ခံခဲ့ရပေမယ့် အခုတော့ အခြေအနေတွေ ပုံမှန်ပြန်ဖြစ်နေပါပြီ။
ဆူမားတြားကျွန်းကို လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ပြင်းအား ၇ ဒသမ ၈ ရှိခဲ့ပြီး ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။
ဒါပေမယ့် ငလျင်ကြောင့် အဆောက်အဦတွေ ပြိုကျပျက်စီးတာ မရှိသလို လူအသေအပျောက်လည်း မရှိခဲ့ပါဘူး။
ငလျင်ရဲ့ဗဟိုချက်က အနောက်တောင်ပိုင်း ကမ်းခြေမြို့ဖြစ်တဲ့ ပါဒေါင်းမြို့ကနေ မိုင် ၅၀၀ ကျော်အကွာ၊ မြေအောက် ၁၅ မိုင်အကွာ ဖြစ်ပါတယ်။
ဆူမားတြားဟာ ၂၀၀၄ ခုနှစ် အိန္ဒိယသမုဒ္ဒရာ ဆူနာမီဒဏ်ကို ခံခဲ့ရတဲ့ဒေသ ဖြစ်ပါတယ်။
အခုတခေါက်မှာလည်း ငလျင်ကြီးအပြီးမှာ နောက်ဆက်တွဲငလျင် ၆ ကြိမ်လောက် လှုပ်ခဲ့ပေမယ့် ဆူနာမီ ဖြစ်ပေါ်နိုင်တဲ့ အခြေအနေ မရှိဘူးလို့ နိုင်ငံရဲ့ သဘာဝကပ်ဘေး ကြိုတင်ကာကွယ်ရေးဌာနက ကြေညာပါတယ်။
၂၀၀၄ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ ဆူနာမီတုန်းက ငလျင်ပြင်းအား ၉ ဒသမ ၁ ကျော်ကျော် ရှိခဲ့ပြီး ပေ ၆၀ နီးပါးမြင့်တဲ့ လှိုင်းလုံးတွေ ကမ်းခြေကို ၀င်ရောက်ခဲ့ပါတယ်။
အာချေးပြည်နယ် တခုတည်းမှာ လူပေါင်း ၁ သိန်း ၂ သောင်းကျော် သေဆုံးခဲ့ရပါတယ်။
အင်ဒိုနီးရှားဟာ ပစိဖိတ်ဒေသထဲ ငလျင်ကျော်ပေါ်မှာ တည်ရှိပြီး အသက်ဝင်ပေါက်ကွဲနိုင်တဲ့ မီးတောင်တွေ တည်ရှိရာ ဒေသထဲမှာ ကျရောက်နေပါတယ်။
DVB
သူရဦးတင်ဦး သမ္မတလောင်းမဖြစ်နိုင်၊ ဆရာဝန်များထဲမှ ဖြစ်နိုင်ခြေရှိဟု ဦးဝင်းထိန်ပြော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး သမ္မတလောင်းမဖြစ်နိုင်ကြောင်းနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးညီပုကို ရွေးချယ်ထားကြောင်း ပါတီပြောခွင့်ရသူ ဦးဝင်းထိန်က ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ၁၄ ဦးအနက် ပထမ ဆုံး ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အမည်စာရင်းကို ပထမဆုံးထုတ်ဖော်ပြောဆိုမှာဖြစ်ပါတယ်။
ဒီကနေ့ မနက်က နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှင်းဆီအိမ်မှာ အန်အယ်လ်ဒီ ထိပ်တန်းခေါင်းဆောင်တွေဖြစ်တဲ့ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဒေါက်တာ မျိုးအောင်၊ ဒေါက်တာဇော်မြင့်မောင်တို့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးနောက် ဦးဝင်းထိန်ကမီဒီယာတွေကို ပြောကြားခဲ့တာပါ။
“၀န်ကြီးချုပ်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲက နိုင်တဲ့ပါတီပဲခန့်ရမယ်။ ရခိုင်မှာဆိုလို့ရှိရင် ကျနော်တို့က လူနည်းစုဆိုသော်လည်းပဲ ဦးညီပုက ၀န်ကြီးချုပ်ဖြစ်မယ်။ ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကပြောပြီးပြီ။ တခြားပြည်နယ်တွေမှာလည်း ကျနော်တို့ လုပ်ထားပြီးသား ဒါပေမယ့် ဘယ်သူဆိုတာတော့ မပြောသေးဘူး။ ရှုပ်ထွေး ကုန်မယ်။ တခုရှိတာက ရခိုင်လို ရှမ်းလို့နေရာမျိုးမှာ ကျနော်တို့က အားနည်းတယ်။ အား နည်းတော့ အားကောင်းတဲ့ ပါတီတွေက ပုဂ္ဂိုလ်တွေလည်း ကျနော်တို့က ထည့်ပြီး စဉ်းစား တယ်။”
အဖွဲ့ချုပ်က အမည်စာရင်းတင်သွင်းဖို့ လျာထားတဲ့ သမ္မတလောင်းတွေနဲ့ ပတ်သက်ပြီးလည်း ဦးဝင်းထိန်က “ဦးတင်ဦးအစား ကျနော်တောင် ပိုဖြစ်နိုင်သေးတယ်။ ဆရာဝန်လား၊ အန်အယ်ဒီလွှတ်တော်ကိုယ်စားလှယ်ထဲမှာ ဆရာဝန် ၇၀ လောက်ရှိတယ်။ (စီအီးစီဆရာဝန်ထဲကလည်း)ဖြစ်နိုင်ပါတယ်။ ”လို့ပြောပါတယ်။
ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်နေရာတွေ အတွက် စစ်တပ်က တောင်းထားတယ်ဆိုတဲ့ သတင်းတွေကို မဟုတ်မှန်ကြောင်း ဦးဝင်းထိန်က ငြင်းဆိုသွားပါတယ်။
လာမယ့် မတ်လ ၁၀ ရက်နေ့ သမ္မတလောင်းတွေ ရွေးချယ်မယ့် လွှတ်တော် အစည်းအဝေး မတိုင်ခင် မတ်လ ၆ ရက်နေ့မှာ အန်အယ်လ်ဒီပါတီရဲ့ ဗဟို အလုပ်အမှုဆောင် အစည်းအဝေးကျင်းပမယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ကိုယ်စားလှယ်အများစုရရှိထားတဲ့ ရခိုင်အမျိုးသားပါတီက ပြည်နယ်အစိုးရ ၀န်ကြီးချုပ်တာဝန်ပေးဖို့ မီဒီယာတွေကနေ သဘောထား ထုတ်ပြောထားပါတယ်။
DVB
သမ္မတတာဝန်လွှဲပြောင်းယူမည့်အစီအစဉ် သဘောတူညီချက်ရ
ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အစိုးရအကြား ညှိနှိုင်းနေတဲ့ နိုင်ငံတော်အကြီးအကဲ သမ္မတတာဝန်လွှဲပြောင်းယူမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး သဘောတူညီမှုရသွားပြီလို့ အဖွဲ့ချုပ်ပြောခွင့်ရသူ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က မီဒီယာတွေကို ပြောပါတယ်။
ဒီကနေ့ မနက်က နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တွေဖြစ်တဲ့ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဒေါက်တာ မျိုးအောင်၊ ဒေါက်တာဇော်မြင့်မောင်တို့ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးနောက် ဦးဝင်းထိန်က ပြောကြားခဲ့တာပါ။
သမ္မတတာဝန်လွှဲပြောင်းယူမယ့် အခမ်းအနားကို မတ်လ ၃၀ရက်နေ့ လွှတ်တော်မှာ ကျင်းပပြီးနောက် လက်ရှိ သမ္မတဦးသိန်းစိန်ကတော့က လွှတ်တော်ကို လာရောက်မှာ မဟုတ်ဘဲ သမ္မတ အိမ်တော်ကနေစောင့်ပြီး သမ္မတသစ်ကို တာဝန်လွှဲပေးမှာဖြစ်တယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။
“အရွေးချယ်ခံထားတဲ့ပါတီက သမ္မတက လည်းတရားဝင်သမ္မတ၊ သမ္မတ ဟောင်းကလည်း မတ်လ ၃၁ရက်နေ့အထိတရားဝင်တုန်းပဲ၊ သမ္မတ ဟောင်းက မတ်လ ၃၁ ရက်အထိ တာဝန်ရှိတယ်။ ဒါပေမယ့် သမ္မတဟောင်းကနေ သမ္မတ သစ်ကို တာဝန်လွှဲတယ်ဆိုတာ သူတို့မှာ လုပ်ပိုင်ခွင့်မရှိဘူး။ လွှတ်တော်မှာပဲတာဝန်ရှိတယ်။ အခုတော့ သဘောတူလိုက်ပြီး လွှတ်တော်မှာပဲ လုပ်မယ်။ အဲဒီကပြီးတော့မှ သမ္မတသစ်က အိမ်တော်သွားမယ်”
သမ္မတ တာဝန်လွှဲပြောင်းပေးပြီးနောက် သမ္မတအိမ်တော်မှာ ညစာစားပွဲ ကျင်းပဖို့ရှိတယ်လို့ လည်းပြောပါတယ်။
သမ္မတတာဝန်လွှဲပြောင်းပွဲကို အန်အယ်လ်ဒီက ကုန်ကျစရိတ်နည်းနည်းနဲ့ ရိုးရိုးရှင်းရှင်း လွှတ်တော်မှာသာကျင်းပဖို့ ဆန္ဒရှိနေတာဖြစ်ပြီး အစိုးရက သမ္မတအိမ်တော်မှာ ခမ်းခမ်းနားနားကျင်းပဖို့ဆန္ဒရှိနေတာ ဖြစ်ပါတယ်။
DVB
လိုင်စင်မဲ့ စက်ယန္တရားကြီးတွေ တင်သွင်းမှု အရာရှိကြီးတချို့ကို ထုတ်ပယ်
![]() |
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာအနီးက မှော်ပုံတောင်ကြောမှာ ကုမ္ပဏီတွေကဝှက်ထားတဲ့ ကျောက် တူးဖော်ရေးလုပ်ငန်းမှာအသုံးပြုတဲ့ စက်ယန္တရားများကို တွေ့ရစဉ်။ Photo: Ko Tin Hlaing |
ဒါ့အပြင် အကောက်ခွန်ဌာနက ဝန်ထမ်းတွေနဲ့ စီးပွားကူးသန်းဝန်ကြီးဌာန လက်အောက်ခံ ဝန်ထမ်းတွေကိုလည်း အရေးယူထားတယ်လို့ ဦးရဲထွဋ်က ပြောပါတယ်၊
"ဖားကန့်ဒေသမှာ စက်န္တရားတွေပြဿနာဖြစ်တဲ့အခါမှာ စုံစမ်းစစ်ဆေးရေးလုပ်တဲ့အခါမှာ မမှန်မကန် လုပ်မှုတွေ ပေါ်ထွက်လာတဲ့အတွက်ကြောင့်မို့လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူးကို ကျနော်တို့ ထုတ်ပစ်တဲ့အထိ အရေးယူထားတယ်၊ အကောက်အခွန်က ညွှန်ချုပ်နဲ့ နောက်တစ်ခါ စီးပွားကူသန်းက ညွှန်ချုပ်တစ်ယောက်ကိုလည်း အဲ့အတိုင်းပဲ ရာထူးကနေ ကျနော်တို့ ထုတ်ပယ်တာ လုပ်ထားတယ်၊ ပြီးလို့ရှိရင်တော့ အကောက်အခွန်ဦးစီးဌာနက ဝန်ထမ်း ၁ဝ ယောက်၊ နောက်တစ်ခါ စီးပွားကူးသန်းဘက်က ဝန်ထမ်း ၅ ယောက်ကိုတော့ နိုင်ငံ့ဝန်ထမ်း ဥပဒေနဲ့အညီ ကျနော်တို့ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းအရ အရေးယူတာတွေ လုပ်ထားပါတယ်၊ ဖားကန့်ဒေသမှာ လုပ်ငန်းလုပ်ကိုင် ဆောင် ရွက်တာတွေအားလုံးကို စနစ်တကျရှိဖို့အတွက် တာဝန်ရှိတဲ့ ဝန်ကြီးဌာနတွေရဲ့ နောက် ပြည်နယ်အစိုးရတို့ က ကြပ်မတ်ဆောင်ရွက်ဖို့ဆိုတဲ့ကိစ္စမျိုးတွေ ကျနော်တို့ ဆက်လက်င်္ပြီးတော့ ဆောင်ရွက်သွားမှာပါ"
ဖားကန့် ကျောက်စိမ်းတူးဖော်ရေးဒေသမှာ စက်ယန္တရားအမြောက်အများကို တရားမဝင် တင်သွင်းတာနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူး ဦးဇော်သိန်းကိုလည်း ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ထုတ်ပယ်လိုက်ပြီး ကချင်ပြည်နယ်က ဝန်ကြီး(၃) ဦးအပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝင်တချို့ကိုလည်း စစ်ဆေးနေတယ်လို့ သိရပါတယ်၊
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း ခေါင်းဆောင်တဲ့အဖွဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း မြစ်ကြီးနား၊ ကန်ပိုက်တီနဲ့ ဖားကန့်ဒေသမှာ ကွင်းဆင်းစစ်ဆေးခဲ့ပြီးတဲ့နောက် အခုလို အရေးယူတာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
RFA Burmese
မေးခွန်းနဲ့ အဆိုတွေ စိစစ်ရေးအဖွဲ့ အန်အယ်လ်ဒီ ဖွဲ့စည်း
![]() |
ပုလဲမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ်။ Photo: RFA |
လွှတ်တော်ကိုယ်စားလှယ် အသစ်တွေများတဲ့အတွက် မေးခွန်းတွေ၊ အဆိုတွေ ဖောင်းပွပြီး လွှတ်တော်မှာ မလိုအပ်ပဲ အချိန်ကုန်မှာကို စိုးရိမ်တာကြောင့် စိစစ်မှာဖြစ်တယ်လို့ စိစစ်ရေးအဖွဲ့မှာ ပါဝင်တဲ့ ပုလဲမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။
"အခုဟာ လွှတ်တော်ကိုယ်စားလှယ်တွေက အသစ်တွေဖြစ်နေတယ်လေ၊ အသစ်တွေဖြစ်တဲ့အခါကျတော့ သူတို့က မေးခွန်းတွေရွက်ဆိုပြီး တချို့က အဆိုသင်ချင်ကြတယ်၊ အဲ့ဒီတော့ သင်ချင်တဲ့အခါကျတော့ အခု အန်တီတို့က လာဖွင့်ပြီးတဲ့အခါကျတော့ ဒီကိုယ်စားလှယ်တွေ တင်တဲ့အဆိုတွေက အဆိုတင်သင့်တဲ့ အင်္ဂါနဲ့ပြည့်စုံရဲ့လား၊ တင်သင့်တဲ့အဆို ဟုတ်လား မဟုတ်လား၊ မေးခွန်းတစ်ခုမေးမယ်ဆိုရင်လည်း ဒီမေးခွန်းက မေးသင့်တဲ့မေးခွန်းလား၊ အဲ့ဒါမျိုးတွေပေါ့နော် စိစစ်ဖို့ရာအတွက်ကို ကော်မတီတစ်ရပ်ဖွဲ့ ပြီးတော့ အဲ့ဒီကော်မတီကနေပြီးတော့မှ သူ့ကိုခွင့်ပြုတဲ့အခါမှသာ ဒီမေးခွန်းတွေ မေးဆိုပြီးတော့ တင်ဖို့ရာအတွက်ကို ဒါကိုပြောတာပေါ့၊ ဒါအဓိကကျတော့ လွှတ်တော်ရဲ့အချိန်ကို ကျမတို့ ငဲ့ညှာတဲ့ သဘောပေါ့"
အဲ့ဒီအဖွဲ့မှာ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးအောင်ကြည်ညွန့်၊ ဒေါ်တင်တင်ရီ၊ ဒေါ်ခင်စန်းလှိုင်နဲ့ ဦးခင်မောင်ဝင်းတို့က တာဝန်ယူဆောင်ရွက်မှာဖြစ်ပါတယ်။
စိစစ်ရေးအဖွဲ့က ခွင့်ပြုတဲ့ မေးခွန်းတွေ အဆိုတွေကိုသာ လွှတ်တော်ရဲ့ မေးခွန်း၊ အဆိုတင်သွင်းရေးဌာနကို ပေးပို့ ရမှာဖြစ်ပြီး အစိုးရသစ်ပေါ်ပေါက်ပြီးနောက် ဧပြီလလောက်မှ လွှတ်တော်မှာ မေးခွန်းတွေ အဆိုတွေ တင်သွင်းဆွေးနွေးကြမှာဖြစ်တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း မေးခွန်းတွေ အဆိုတွေကို ပါတီစည်းကမ်းနဲ့အညီ တင်သွင်းမေးမြန်းကြဖို့ ပါတီရဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့က တွေ့ဆုံရာမှာ သတိပေးခဲ့ပါတယ်။
အန်အယ်လ်ဒီပါတီဟာ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် စုစုပေါင်း ၃၉ဝ ဦး ရှိပါတယ်။
RFA Burmese
အစိုးရသစ်ကို ဘယ်လိုဖွဲ့မလဲ
![]() |
သမ္မတသစ်ကို လွှတ်တော်က ရွေးချယ်ပြီး နောက် အစိုးရသစ် ပေါ်ထွက်လာတော့မယ် |
သမ္မတသစ်က အစိုးရသစ်ကို ဖွဲ့စည်းတဲ့အခါ ပြည်နယ်ဝန်ကြီးချုပ်တွေကိုလည်း ခန့် အပ်မှာ ဖြစ်ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပြည်နယ်တွေမှာ သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးတွေကို ဝန်ကြီးချုပ် အဖြစ် ခန့်ထားဖို့ မူဝါဒ ချမှတ်ထားတယ်လို့ ပါတီ ဗဟိုအလုပ် အမှုဆောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ရှမ်းပြည်နယ် ဝန်ကြီးချုပ် နေရာ အတွက်ကိုတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) က သူတို့ပါတီကလူကို ခန့်ထားဖို့ တောင်းဆိုထားတယ်လို့ SNLD အတွင်းရေးမှူး စိုင်းညွန့်လွင်က ပြောပါတယ်။ ရခိုင်ပြည်နယ်မှာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလူကိုသာ ခန့်ထားမယ်လို့ သတင်းထွက်ပေါ်ပါတယ်။
အစိုးရအဖွဲ့ကို ပြန်လည် ဖွဲ့စည်းရာမှာ ၀န်ကြီးဌာနတွေကိုလည်း တချို့ဖျက်ပြီး တချို့ ပူးပေါင်းတာတွေ လုပ်မယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ သမ္မတရုံး ဝန်ကြီး ဌာနချည်းပဲ ၆ ခုရှိတဲ့အတွက် ဖျက်တာ ပေါင်းတာတွေ လုပ်နိုင်တယ်လို့ သုံးသပ်သူတွေက ခန့်မှန်းကြပါတယ်။
ပြန်ကြားရေး ဝန်ကြီးဌာန၊ သမဝါယမ ဝန်ကြီးဌာန၊ အားကစား ဝန်ကြီးဌာန တို့လည်း အပြောင်းအလဲ ရှိနိုင်ပါတယ်။
လက်ရှိ ဝန်ကြီးဌာန ၃၆ ခုရှိတဲ့အနက် ဝန်ကြီးဌာန ၂၀ ကျော်လောက် အဖြစ် ပြောင်းလဲ ဖွဲ့စည်းမယ်လို့လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ကြေညာထားပြီး ဖြစ်ပါတယ်။
BBC Burmese
ရန်ကုန် သျှမ်းထိပ်သီးအစည်းအဝေး အာဏာပိုင်များ ဆက်လက်ကျင်းပခွင့်တားမြစ်
![]() |
ဓါတ်ပုံ- ထိပ်သီးအစည်းအဝေး ကျင်းပရေးကော်မတီ SNLD ပြောခွင့်ရ စိုင်းလိတ် |
ရန်ကုန်မြို့ မီကာစာဟိုတယ်တွင် ယနေ့ စတင်ကျင်းပလျက်ရှိသော သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU အစည်းအဝေးအား ဒေသခံ အာဏာပိုင်များက ဆက်လက်ကျင်းပခွင့် တားမြစ်လိုက်သည်ဟု အစည်း အဝေး ဖြစ်မြောက်ရေးအတွက်ဦးဆောင်ပါဝင်သည့် သျှမ်းတိုင်းရင်း သားများဒီမိုကရေစီ အဖွဲ့ချုပ်က ပြောပါသည်။
CSSU အစည်းအဝေးကို မတ်လ ၃ ရက်မှ ၅ ရက်နေ့အထိကျင်းပရန် စီစဉ်ထားသော်လည်း ပထမနေ့ ညီလာခံ၏ ညနေပိုင်းတွင် အာဏာပိုင် များက ထိုသို့ တားမြစ်ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း သျှမ်း တိုင်းရင်းသား များဒီမိုကရေစီ အဖွဲ့ချုပ်ပြောခွင့်ရ စိုင်းလိတ်က သျှမ်းသံတော်ဆင့် အား ပြောပါသည်။
“ကျနော်တို့ CSSU အစည်းအဝေး ပထမနေ့ ညနေပိုင်းမှာ စရဖနဲ့ သက် ဆိုင်ရာ ပုဂ္ဂိုလ်တွေက အစည်း အဝေးခန်းမထဲကို ၀င်ခွင့်ပြုဖို့ လာပြီးတောင်း ဆိုပါတယ်။ ကျနော်တို့အရေးပိုင်ကိစ္စမို့လို့ ခွင့်မပြုဘူး။ လိုအပ်လို့ရှိရင် ကျနော်တို့အစည်းအဝေးပြီးရင် ကျနော်တို့အကုန်ပြပါ့မယ် ဆိုတာကို လက်မခံဘူး။ အဲ့နဲ့သူတို့ပြန်သွားပါတယ်။ နက်ဖြန်အစည်းအဝေးဆက်လုပ် မယ်ဆိုရင် ခွင့်ပြုချက် တောင်းပါလို့ ဆိုပါတယ်။” ဟု စိုင်းလိတ်က ပြောသည်။
အစည်းအဝေးဆက်လက်ကျင်းပနိုင်ရေးအတွက် CSSU တာဝန်ရှိသူများက ရန်ကုန်မြောက်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေး ရုံးတွင် ခွင့်ပြုချက်သွားေ ရာက်ေ တာင်းဆိုကြောင်း၊ အုပ်ချုပ်ရေးရုံးမှ အုပ်ချုပ်ရေးမှူးဆိုသူက- ခွင့်ပြု ချက်တောင်းခံစာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာ ရဲစ ခန်း ထောက်ခံ စာမပါသဖြင့်ပြည့်စုံမှုမရှိဟုပြောဆိုကြောင်း ခွင့်ပြုချက်သွားေ ရာက် တောင်း ခံသူ တဦးက ပြောပြသည်။
“အဲ့မှာကျနော်တို့ကို တင်တဲ့စာမှာ အချက် အလက်မပြည့်စုံဘူး လို့ပြော ပါ တယ်။ အဲ့ချိန်ဟာဆိုလို့ ရှိရင် ညနေ ၆ နာရီလောက်ရှိပါပြီ။ အဲ့ချိန်မှာေ ထာက်ခံစာ တွေ သွားယူလို့ဘယ်လိုမှ အချိန်မမှီတော့ပါဘူး။ ခွင့်ပြုချက် မပေးကြောင်း လက်မှတ်ထိုးပေးပါလို့တောင်းလည်း သူက မပေးပါဘူး။ ”
မီကာဆာဟိုတယ်ကလည်း မြို့နယ်ရုံးခွင့်ပြုချက် လက်မှတ်မပါ ပါကဆက်လက်ကျင်းပရန် လက်မခံ ကြောင်း ပြောဆိုသည်ဟုလည်း သိရသည်။
လက်ရှိကျင်းပနေသော CSSU အဖွဲ့ဝင်အဖွဲ့များ၏ ၅ ကြိမ်မြောက် အစည်း အဝေးတွင် ငြိမ်းချမ်းရေးဖော် ဆောင်ရေး၊ တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး စာချုပ် တို့နှင့်ပတ်သက်သည့် ဆွေးနွေးချက်များ အပြင် CSSU ၏ အလုပ် အမှုဆောင်အဖွဲ့ကိုပြန်လည်ရွေးချယ်ရန်အစရှိသည်တို့ကိုပါ ဆွေးနွေးသွား မည်ဖြစ်ကြောင်းသိရသည်။
“ကျနော်တို့ဘက်ကလည်း ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းအတွက်နိုင်ငံတော်အဆင့်ကိစ္စရပ်များကို ဆောင်ရွက်နေတဲ့ပုဂ္ဂိုလ်တွေကပါနေပါတယ်။ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့လုပ်ငန်းအတွက်အစည်းအဝေး ဖြစ်တဲ့အတွက်ကြောင့်မို့လို့ - ဒီကိစ္စကိုဆက်ပြီး မလုပ်ရဘူးလို့ အထက်ကအမိန့်အရ အဲ့လိုဆုံးဖြတ် လာတဲ့အခါမှာ ကျနော်တို့ကလည်း ဒီကိစ္စကိုရပ်တန်းကရပ်ပြီးတော့မှ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် တို့ကလည်း အိမ်ပြန် ကျနော်တို့ကလည်း ကိုယ့်အလုပ် ကိုဆက်လုပ်ဖို့ဘဲရှိပါတယ်။ နောက်နောင် ကျနော်တို့ ဒီနိုင်ငံရဲ့သွားနေ တဲ့ဒီမိုကရေစီလမ်းကြောင်းကိုကျနော်တို့ ဘယ်အတိုင်းအတာအထိ ဆက် လက် ရင်ဆိုင်ရမလဲဆိုတာကို စောင့်ကြည့်ရုံဘဲ ရှိပါတယ်ခင်ဗျ။ ”- ဟု စိုင်းလိတ်ကပြောသည်။
အဆိုပါအစည်းအဝေးသို့ သျှမ်းပြည်ညီညွတ်ရေးကော်မတီ၏ အဖွဲ့ဝင် အဖွဲ့ များ အနက် ကျားဖြူ ပါတီမှလွဲပြီး ကိုယ်စားလှယ် ၄၀ ကျော်တက်ရောက်ခဲ့ ပါသည်။ CSSU အထွေအထွေ အတွင်းရေးမှူး ကြီး စ၀်ပင်ခမ်း က - လက်ရှိ ကျင်းပသည့်အစည်းအဝေး သည် သျှမ်းပြည်တိုင်းရင်းသား စည်းလုံး ညွတ်မှု ရရှိရေး၊ ကော်မတီ သစ်ဖွဲ့စည်းရေး၊ အစိုးရသစ်နှင့် လက်တွဲဖေါ်ဆောင် သွား မည့် လမ်းကြောင်းများ ချမှတ်သွားမည်ဟုပြောပါသည်။
လက်ရှိကျင်းပနေသည့် ညီလာခံတွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် ဉက္ကဌ ခွန်ထွန်းဦး၊ သျှမ်းပြည် တိုးတက် ရေးပါတီ နာယက ဗိုလ်ချုပ်ကြီး ဆေထင်၊ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဌ ဒုတိ ယ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ဆိုင်ကျော့ပြည်သူ့စစ် မှ ဗိုလ်ချုပ် ကိုင်ဖ ၊ မြန်မာ့ငြိမ်းချမ်းရေးဖြစ်မြောက်ဖို့ ပံ့ပိုးပေးနေသည့် ပြည်ထောင်စု အင်စတီကျုဒါရိုက်တာ ဦးခွန်စိုင်း တို့ ပါဝင်သက်ရောက်နေပါသည်။
သျှမ်းသံတော်ဆင့်/ဟွမ်ဟိန်း
Panglong(Burmese)
Thursday, March 3, 2016
ကန်နဲ့ ရုရှားအာကာသယာဉ်မှူး ၂ ဦး တနှစ်နီးပါးအကြာ ချောမွေ့စွာ ကမ္ဘာကိုပြန်ရောက်
ကမ္ဘာပတ်လမ်းထဲမှာ ရက်ပေါင်း ၃၄၀ ကြာ နေထိုင်ခဲ့တဲ့ အမေရိကန် အာကာသယာဉ်မှူး Scott Kelly နဲ့ ရုရှားက အာကာသယာဉ်မှူး Mikhail Kornienko တို့ ၂ ဦးဟာ အခု ကမ္ဘာမြေပေါ်ကို ချောချောမောမော ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပါတယ်။
ရုရှား Soyuz အာကာသယာဉ်က Kelly နဲ့ Kornienko တို့ ၂ ဦးအပြင် နောက် ရုရှား အာကာသယာဉ်မှူး တဦးဖြစ်တဲ့ Sergey Volkov တို့ကိုပါ သယ်ဆောင်လာတာ ဖြစ်ပါတယ်။ Soyuz ယာဉ်ဟာ ISS အပြည်ပြည်ဆိုင်ရာ အာကာသစခန်းကနေ ထွက်ခွာလာပြီး ၃ နာရီအကြာ ဗုဒ္ဓဟူးနေ့ မနက် စောစောမှာ ရေခဲနေတဲ့ Kazakhstan က မြေပြင်ပေါ်မှာ ညှင်ညှင်သာသာပဲ သက်ဆင်းခဲ့တာပါ။ Volkov ကတော့ ISS ပေါ်မှာ ၆ လကြာနေထိုင်ပြီး ပြန်လာတဲ့သူ ဖြစ်ပါတယ်။
အာကာသယာဉ်မှူး Kelly ဟာ အာကာသထဲမှာ အကြာဆုံးနေထိုင်တဲ့ လူသားအဖြစ် အမေရိကန် စံချိန်တင်သွားပြီ ဖြစ်ပါတယ်။ သူနဲ့ Kornienko တို့ ၂ ဦးဟာ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းမှာနေရင်း ကမ္ဘာကို အကြိမ်ပေါင်း ၅၄၄၀ ပတ်ခဲ့တာမို့ သန်းပေါင်း ၁၄၄ မိုင်သွားခဲ့ပြီး နေဝင်နေထွက် ကြိမ်ပေါင်း ၁ သောင်းကျော် မြင်တွေ့ခဲ့သူတွေ ဖြစ်ပါတယ်။
သူတို့ ၂ ဦးရဲ့ အာကာသခရီးစဉ်ကနေ လူသားတွေရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဟာ မြေဆွဲအား အနည်းငယ်ပဲရှိတဲ့ အရပ်ဝန်းကျင်မှာ ဘယ်လောက်ကြာကြာ နေနိုင်တယ်ဆိုတာကို စမ်းသပ်ခဲ့တာပါ။ ဒါဟာ အာကာသထဲမှာ နှစ်ပေါင်းများစွာ နေထိုင်ဖို့ လိုအပ်တဲ့ အင်္ဂါဂြိုဟ် ဒါမှမဟုတ် တခြား နေစကြာဝဠာထဲက တခြားနေရာတွေကို သွားမယ့် အာကာသယာဉ်မှူးတွေအတွက် ရည်ရွယ် စမ်းသပ်တာလည်း ဖြစ်ပါတယ်။
၁၉၉၀ နှစ်တွေတုန်းကတော့ ရုရှားဆရာဝန်တဦးဟာ အာကာသထဲမှာ ရက်ပေါင်း ၄၃၈ ရက် ဆက်တိုက် နေနိုင်ကြောင်း ပြသခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
အင်ဒိုနီးရှား ဆူနာမီသတိပေးချက် ပြန်ရုပ်သိမ်း
3.03.2016
အင်ဒိုနီးရှားက ဆူမားတြားကျွန်းရဲ့ တချို့နေရာတွေမှာ ဗုဒ္ဓဟူးနေ့က
ပြင်းအား ၇.၈ ရှိတဲ့ အားပြင်း မြေတိမ်ငလျင် လှုပ်ခတ်ခဲ့တဲ့အတွက်
ဆူနာမီသတိပေးချက်တွေ ချက်ခြင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့
အန္တရာယ်ကျရောက်နိုင်တဲ့ အဆင့် လွန်မြောက်သွားခဲ့ချိန်အထိ သိသာထင်ရှားတဲ့
ပျက်စီးမှုတွေ၊ ထိခိုက်ဒဏ်ရာရမှုတွေတော့ မရှိခဲ့ပါဘူး။
လူတချို့ သေဆုံးမှု ရှိတယ်လို့ ဆိုပေမဲ့ ဂျကာတာ အမျိုးသား ကယ်ဆယ်ရှာဖွေရေး အေဂျင်စီက အရာရှိတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပေမဲ့ ဆူမားတြားအနောက်ဘက် ကမ်းတလျှောက် ညအချိန်ရောက်နေတဲ့အတွက် အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ငလျင်ကြောင့် ပဒန်းမြို့နဲ့ တခြားဒေသတွေမှာ ဒေသခံတွေ ထိတ်လန့်တကြား နေအိမ်တွေကနေ ထွက်ပြေးကြပေမဲ့ ညအချိန်ရောက်တာနဲ့ တဖြေးဖြေး ပြန်ပြီး တည်ငြိမ်သွားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ပဒန်းမြို့ဟာ လွန်ခဲ့တဲ့ ၆ နှစ်လောက်က ငလျင်ကြောင့် ရာနဲ့ချီ ထိခိုက်သေဆုံးမှု ဖြစ်ခဲ့တဲ့ဒဏ်ကို ခံခဲ့ရတာပါ။
ဗုဒ္ဓဟူးနေ့က ပြင်းအား ၇.၈ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တဲ့ ဒေသအများစုဟာ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလတုန်းက အိန္ဒိယသမုဒ္ဒရာ ဆူနာမီရေလှိုင်းတွေရဲ့ ဒဏ်ကို ခံခဲ့ရတဲ့နေရာတွေ ဖြစ်ပါတယ်။ အဲဒီ ဆူနာမီဒဏ်ကြောင့် နိုင်ငံပေါင်း တဒါဇင်လောက်မှာ လူပေါင်း ၂ သိန်းခွဲလောက် သေဆုံးခဲ့ရတာပါ။ လှုပ်ခတ်ခဲ့တဲ့ ငလျင်က ပြင်းအားပိုများပြီး ပြင်းအားက ၉.၁ ရှိပါတယ်။
အင်ဒိုနီးရှားမှာ ငလျင်လှုပ်တဲ့ ဗုဒ္ဓဟူးနေ့ ညနေ ၆ နာရီ ၅၀ က ဆူနာမီသတိပေးချက် ချက်ခြင်းပဲ ထုတ်ပြန်ခဲ့ရပြီး နောက်နာရီ အတော်ကြာမှာတော့ ပြန်ပြီး ဖျက်သိမ်းပေးခဲ့ပါတယ်။
VOA
လူတချို့ သေဆုံးမှု ရှိတယ်လို့ ဆိုပေမဲ့ ဂျကာတာ အမျိုးသား ကယ်ဆယ်ရှာဖွေရေး အေဂျင်စီက အရာရှိတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပေမဲ့ ဆူမားတြားအနောက်ဘက် ကမ်းတလျှောက် ညအချိန်ရောက်နေတဲ့အတွက် အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ငလျင်ကြောင့် ပဒန်းမြို့နဲ့ တခြားဒေသတွေမှာ ဒေသခံတွေ ထိတ်လန့်တကြား နေအိမ်တွေကနေ ထွက်ပြေးကြပေမဲ့ ညအချိန်ရောက်တာနဲ့ တဖြေးဖြေး ပြန်ပြီး တည်ငြိမ်သွားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ပဒန်းမြို့ဟာ လွန်ခဲ့တဲ့ ၆ နှစ်လောက်က ငလျင်ကြောင့် ရာနဲ့ချီ ထိခိုက်သေဆုံးမှု ဖြစ်ခဲ့တဲ့ဒဏ်ကို ခံခဲ့ရတာပါ။
ဗုဒ္ဓဟူးနေ့က ပြင်းအား ၇.၈ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တဲ့ ဒေသအများစုဟာ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလတုန်းက အိန္ဒိယသမုဒ္ဒရာ ဆူနာမီရေလှိုင်းတွေရဲ့ ဒဏ်ကို ခံခဲ့ရတဲ့နေရာတွေ ဖြစ်ပါတယ်။ အဲဒီ ဆူနာမီဒဏ်ကြောင့် နိုင်ငံပေါင်း တဒါဇင်လောက်မှာ လူပေါင်း ၂ သိန်းခွဲလောက် သေဆုံးခဲ့ရတာပါ။ လှုပ်ခတ်ခဲ့တဲ့ ငလျင်က ပြင်းအားပိုများပြီး ပြင်းအားက ၉.၁ ရှိပါတယ်။
အင်ဒိုနီးရှားမှာ ငလျင်လှုပ်တဲ့ ဗုဒ္ဓဟူးနေ့ ညနေ ၆ နာရီ ၅၀ က ဆူနာမီသတိပေးချက် ချက်ခြင်းပဲ ထုတ်ပြန်ခဲ့ရပြီး နောက်နာရီ အတော်ကြာမှာတော့ ပြန်ပြီး ဖျက်သိမ်းပေးခဲ့ပါတယ်။
VOA
Wednesday, March 2, 2016
ကျွန်းစု ပင်လယ်ရေပြင်တွင် လေတပ်မှ ပစ်ခတ်လေ့ကျင့်ရန် ရေကြောင်း သတိပေးချက် ထုတ်ပြန်
|Dawei
Watch| မြိတ်၊ မတ် ၁
မြိတ်ခရိုင်
ကျွန်းစုမြို့နယ်ရှိ ကုလားကျွန်းတွင် မြိတ်ခရိုင်လေတပ်စခန်းဋ္ဌာနချုပ် မှ မတ်လ ၁ ရက်နေ့မှစပြီး
စမ်းသပ် လေ့ကျင့် ပစ်ခတ်မှု ပြုလုပ်သဖြင့် ခရီးသွား ရေယာဉ်များ၊ ငါးဖမ်းလှေများ လေ့ကျင့်ဧရိယာအတွင်း ဖြတ်သန်းသွားလာခြင်း မပြုရန် ရေကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။
စမ်းသပ် လေ့ကျင့် ပစ်ခတ်မှု ပြုလုပ်သဖြင့် ခရီးသွား ရေယာဉ်များ၊ ငါးဖမ်းလှေများ လေ့ကျင့်ဧရိယာအတွင်း ဖြတ်သန်းသွားလာခြင်း မပြုရန် ရေကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။
မြိတ်ခရိုင်
လေတပ်စခန်းဋ္ဌာနချုပ် ကွပ်ကဲမှုအောက် အမှတ်(၅၇)ရဟတ်ယာဉ်အုပ်စုရှိ အမ်အိုင်-၂ ရဟတ်ယာဉ်များဖြင့်
ကုလားကျွန်း(ခေါ်)ကျွန်းဆင်းရဲ၌ ဝေဟင်-မြေပြင် စမ်းသပ်လေ့ကျင့် ပစ်ခတ်ခြင်းများကို မတ်လ
၁ ရက်၊ မတ်လ ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၉
ရက်စွဲဖြင့် ထုတ်ပြန်သည့် မြိတ်-ကျွန်းစု ခရီးသည်တင်အမြန်ရေယာဉ်များသို့ ပေးပို့ထားသော
ရေကြောင်း အသိပေးချက်ကြို တင်ထုတ်ပြန်စာတွင် ရေးသားဖော်ပြထားသည်။
မြိတ်-ကျွန်းစု
ခရီးသည်တင်အမြန်ရေယာဉ်များ ၃ ရက်သာ ပြေးဆွဲမှုရပ်နားထားခဲ့ရကြောင်း မြိတ်-ကျွန်းစု အမြန်ရေယာဉ်အ
သိုင်းအဝိုင်းမှ သိရသည်။
“ဒီနေ့တစ်ရက်နားထားရတယ် မနက်ဖြန် ပြန်ဆွဲမယ်
နောက်နှစ်ရက်မှာ ထပ်ပြီးနားရအုံးမယ်”ဟု ဂန္ဒမာ ၁ ခရီးသည်တင် အမြန်ရေယာဉ် ပိုင်ရှင်က
ပြောသည်။
ထို့ပြင်
ပစ်ခတ်မှုဧရိယာတစ်ဝိုက် သင်္ဘောကြီး/ငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗာန်များတို့မှ
ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းဆီးခြင်းတို့ကို မပြုလုပ်ကြပါရန်
အဆိုပါ ဧရိယာအနီးမှ လွတ်ကင်းစွာ သတိပြုမောင်းနှင်သွားကြရန် အသိပေးနှိုးဆော်ထားသည်။
လိုက်နာမှုမရှိသော
ရေယာဉ်များအား တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ယင်းကဲ့သို့
ခရီးသည်တင်အမြန်ရေယာဉ်များ ရပ်နားခဲ့ရသဖြင့် ကျွန်းစုမြို့သို့ ကုန်ပစ္စည်းတင်ပို့မှုများနှင့်
ကျွန်းစုအပါ အနီးအနားေ ကျးရွာများမှ ပြည်သူများမှ ခရီးသွားလာမှုအခက်အခဲတစ်ချို့ ကြုံတွေ့ရနိုင်ကြောင်း
အမြန်ရေယာဉ် အသိုင်းအဝိုင်းမှ သိရသည်။
မြိတ်-ကျွန်းစု
ခရီးသည်တင်အမြန်ရေယာဉ်များမှ ဂန္ဒာမာ-၁၊ ကြံတိုင်းအောင်၊ ရွှေပင်ဂွင်း စသည့် အမြန်ရေယာဉ်
၃ စီးဖြင့် အလှည့်ကျစနစ်ဖြင့် နေချင်းပြန်ပြေးဆွဲနေကြောင်း အမြန်ရေယာဉ် အသိုင်းအဝိုင်းမှ
သိရသည်။
Dawei Watch
Super Tuesday အကြိုရွေးကောက်ပွဲတွေမှာ Clinton နဲ့ Trump အသာစီးရ
02.03.2016
ပြည်နယ်ပေါင်း (၁၂) ပြည်နယ်မှာ အရေးကြီးလှတဲ့ အင်္ဂါနေ့က ကျင်းပတဲ့
Super Tuesday ပါတီတွင်း သမ္မတကိုယ်စားလှယ်လောင်း ရွေးချယ်ပွဲတွေမှာ
ရီပတ်ဘလစ်ကန်က Donald Trump နဲ့ ဒီမိုကရက်က Hillary Clinton တို့က
သမ္မတအတွက် သူတို့သက်ဆိုင်ရာ ပါတီတွေရဲ့ အမည်တင်သွင်းမှု ရရှိနိုင်ဖို့
ပိုမို အခြေအနေကောင်းလျှက် ရှိကြပါတယ်။
Georgia ကနေ Alaska အထိ ပြည်နယ်ပေါင်း (၁၂) ပြည်နယ်မှာ မဲဆန္ဒရှင်တွေက မဲပေးလျှက်ရှိကြရာမှာ အမေရိကန်အရှေ့ဘက်ခြမ်းရှိ တချို့မဲရုံတွေအနေနဲ့ ဒေသစံတော်ချိန် ည ၇ နာရီမှာ ပိတ်ကြမှာဖြစ်ပြီး မကြာမီအတွင်း ကနဦး အနိုင်အရှုံးစာရင်းတွေ ထွက်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
အခုအသံလွှင့်ချိန်အထိ သတင်းဌာနတွေရဲ့ ကြိုတင် ခန့်မှန်းချက်တွေအရ ဒီမိုကရက်ပါတီက Hillary Clinton က Georgia နဲ့ Virginia ပြည်နယ်တွေမှာ အနိုင်ရရှိနေပြီး Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders ကတော့ သူ့ပြည်နယ်မှာ အနိုင်ရလိမ့်မယ်လို့ ဆိုပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton က ဖလော်ရီဒါပြည်နယ် Miami မြို့မှာ မိန့်ခွန်းပြောကြားဖို့ရှိပြီး Sanders ကတော့ သူ့ပြည်နယ်မှာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။
ရီပတ်ဘလစ်ကန် ပါတီဘက်ကတော့ Georgia ပြည်နယ်မှာ Donald Trump က အနိုင်ရလိမ့်မယ်လို့ ဆိုပါတယ်။ Virginia ပြည်နယ်မှာတော့ Trump က အသာစီးရနေပေမဲ့ ဖလော်ရီဒါပြည်နယ် အထက်လွှတ်တော်အမတ် Marco Rubio က နောက်က ကပ်လိုက်နေတဲ့အတွက် အနိုင်အရှုံး သဲသဲကွဲကွဲ မသိရသေးပါဘူး။
Georgia ကနေ Alaska အထိ ပြည်နယ်ပေါင်း (၁၂) ပြည်နယ်မှာ မဲဆန္ဒရှင်တွေက မဲပေးလျှက်ရှိကြရာမှာ အမေရိကန်အရှေ့ဘက်ခြမ်းရှိ တချို့မဲရုံတွေအနေနဲ့ ဒေသစံတော်ချိန် ည ၇ နာရီမှာ ပိတ်ကြမှာဖြစ်ပြီး မကြာမီအတွင်း ကနဦး အနိုင်အရှုံးစာရင်းတွေ ထွက်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
အခုအသံလွှင့်ချိန်အထိ သတင်းဌာနတွေရဲ့ ကြိုတင် ခန့်မှန်းချက်တွေအရ ဒီမိုကရက်ပါတီက Hillary Clinton က Georgia နဲ့ Virginia ပြည်နယ်တွေမှာ အနိုင်ရရှိနေပြီး Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders ကတော့ သူ့ပြည်နယ်မှာ အနိုင်ရလိမ့်မယ်လို့ ဆိုပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton က ဖလော်ရီဒါပြည်နယ် Miami မြို့မှာ မိန့်ခွန်းပြောကြားဖို့ရှိပြီး Sanders ကတော့ သူ့ပြည်နယ်မှာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။
ရီပတ်ဘလစ်ကန် ပါတီဘက်ကတော့ Georgia ပြည်နယ်မှာ Donald Trump က အနိုင်ရလိမ့်မယ်လို့ ဆိုပါတယ်။ Virginia ပြည်နယ်မှာတော့ Trump က အသာစီးရနေပေမဲ့ ဖလော်ရီဒါပြည်နယ် အထက်လွှတ်တော်အမတ် Marco Rubio က နောက်က ကပ်လိုက်နေတဲ့အတွက် အနိုင်အရှုံး သဲသဲကွဲကွဲ မသိရသေးပါဘူး။
VOA
Tuesday, March 1, 2016
စစ်ဘေးရှောင်များအားလုံး သျှမ်းပြည်နယ်အစိုးရ ဌာနဆိုင်ရာများ တာဝန်ယူမည်ဟုဆို
RCSS/SSA နှင့် TNLA တို့အကြားတိုက်ပွဲကြောင့် သျှမ်းပြည်မြောက်ပိုင်း
ကျောက်မဲမြို့နယ်၌ စစ် ပြေးဒုက္ခသည်များ ခိုလှုံနေသော စခန်းများအား
ကျောက်မဲမြို့နယ်ရှိ ဌာနဆိုင်ရာများက တာဝန်ယူ စီမံခန့်ခွဲ
မည်ဟုကမ်းလှမ်းလာကြောင်း စစ်ရှောင်ကူညီရေးအဖွဲ့များ ပြောပြချက်အရ သိရသည် ။
ကျောက်မဲမြို့ ကန်မိန်းဘုန်းကြီး ကျောင်းသို့လည်း အာဏာပိုင်များ ရောက်ရှိလာပြီး ဒုက္ခသည် စခန်းများကို ဌာနဆိုင်ရာများသာ တာဝန်ယူစီမံခန့်ခွဲ သွားမည်ဖြစ်ကြောင်းပြော ဆိုသည်ဟု ကန်မိန်းဘုန်းကြီးကျောင်း ဆရာတော် အရှင်နန္ဒာစာရ ကမိန့်တော်မူသည် ။
“ ဌာနဆိုင်ရာဆိုတာ အုပ်ချုပ်ရေးမှူးတွေလည်း ပါတယ် ။ အာဏာပိုင်တွေက ဘုန်းဘုန်းကျောင်း ကိုလာပြီး ပြောတယ် ။ ဒုက္ခသည်စခန်းတွေကို သူတို့ တာဝန်ယူ စီမံသွားမယ်တဲ့ ။ ဘုန်းဘုန်းတို့ စီမံခန့်ခွဲရင် ရေရှည်အတွက်ဆို မဖြစ်နိုင်ဘူးတဲ့ ။ ဘုန်းဘုန်းတို့မှာ လူအင်အားတွေ အဖွဲ့အစည်း တွေ မရှိဘူးတဲ့ ။ ပြီးတော့ စီမံပေးမယ့်သူမရှိဘူး တဲ့ ” ဟု ဆရာတော်က မိန့်တော်မူသည် ။
ဒုက္ခသည်ကူညီကယ်ဆယ်ရေးမှ အတွင်းရေးမှူးဒေါ်နန်းခင်မာအေးက ကျောက်မဲမြို့ စစ်ပြေး ဒုက္ခသည်စခန်း ၂၀ အနက် ၅ ခုသာ သက်ဆိုင်ရာ လူထုအဖွဲ့အစည်းများက စီမံခဲ့ရပြီး ကျန် ၁၅ ခုမှာ အုပ်ချုပ်ရေးမှူးများအဖွဲ့က တာဝန်ယူ စီမံပေးရကြောင်း ဆိုပါသည် ။
“ သူတို့တာဝန်ယူထားတဲ့နေရာက ပြသနာတွေအမျိုးမျိုး ကြားနေရတယ် ။ ဒုက္ခသည်တွေရဲ့ အခက် အခဲက ငွေရေးကြေးရေးပိုင်းကအစပေါ့ ။ သုံးဖို့လိုရင် အရင်ဦးဆုံး စာရင်းတင်ရမယ် ။ လိုတဲ့ ပစ္စည်းတွေ အာဏာပိုင်တွေက ထုတ်ပေးမယ် ။ ဥပမာပြောရမယ်ဆိုရင် ပိန်းနင်ကျောင်းက ဒုက္ခသည်က ကလေးမီးဖွားတော့မယ် ။ သူတို့ကို အရင်အစီရင်ခံစာ အရင်တင်ရတယ်လေ ။ အဲ့လိုမျိုးတွေပေါ့ ။ အန်တီတို့နားဆိုရင် ကလေးမမွေးခင်ကတည်းက လိုအပ်တဲ့ ပစ္စည်းတွေ အရင်ဆုံးပေးထားပြီးပြီ ။ အဲလိုမျိုးတွေကွာတယ်လေ ” ဟု ၄င်းကပြောသည် ။
သို့သော် ရပ်ကွက်အာဏာပိုင်များသည် အလှူရှင်များမှ ပေးလှူသည့် အလှူငွေများအား လက်ခံ ထားပြီး စခန်းတခုစီအား ငွေ ကျပ် ၅ သိန်းစီ ပေးဝေကြောင်း ၊ ပိုငွေ ကျန်ငွေများအား ၄င်းတို့ထံ သိမ်းထားကြောင်း ဒုက္ခသည်များလိုအပ်သည်များကို ၀ယ်ပေးရန်ဖြစ်ကြောင်းပြောဆိုသည်ဟု စခန်းစောင့်ရှောက်ရေး တာဝန်ရှိသူများ၏ ပြန်လည်ပြောပြချက်အရ သိရသည် ။
အုပ်ချုပ်ရေးမှူးများဘက်ကမူ - မိမိတို့စီမံခန့်ခွဲပေးမည်ဆိုပါက ဒုက္ခသည်များအတွက် ရေရှည် အထောက် အပံ့ ရနိုင်မည်ဖြစ်ကြောင်း ၊ ဒုက္ခသည်များလိုအပ်သည်များကို ဖုန်းဆက်တောင်းရုံ သာလိုအပ်ကြောင်း ၊ အဆိုပါလက်ခံရရှိသည့် အလှူငွေများအားလည်း ဒုက္ခသည်များကိုသာ ပြန်လည်ချပေးမည်ဖြစ်ကြောင်း ၊ လွယ်ကူအဆင်ပြေရေးအတွက်သာ တဖက်တလမ်းက ကူညီပေး ခြင်းဖြစ်ကြောင်း ပြောပါသည် ။
ကျေးရွာအုပ်ချုပ်ရေးမှူးများမှ စီမံခန့်ခွဲခြင်းမပြုသည့် ကျန်စခန်း ၅ ခုမှာ ဘိုးဘွားရိပ်သာ စခန်း ၊ ရွှေကျင် ကျောင်းတိုက်စခန်း ၊ ကျောင်းယွက်စခန်း ၊ စိတ္တသုခကျောင်းနှင့် ကန်မိန်းကျောင်းတိုက်တို့မှ စခန်းများ ဖြစ် ကြောင်း ၊ အဆိုပါစခန်းများကို ဒုက္ခသည်များ ကူညီဆောင်ရွက်ရေးကော်မတီမှ ကူညီစီမံပေးနေကြောင်း လူငယ်များ ပြောပြချက်အရ သိရသည် ။
သျှမ်းပြည်နယ်အစိုးရ ကလည်း စစ်ဘေးရှောင်များအတွက် ငွေကျပ် ၃၅၀၀ ကျော် ကူညီ ထောက်ပံ့မှုပေး ထား သည်ဟု သျှမ်းပြည်နယ် အစိုးရဘဏ်ဏ္ဍာ အခွန်ဝန်ကြီး ခွန်သိန်းမောင်က ဒုတိယ အကြိမ် ပထမ ပုံမှန် သျှမ်းပြည်နယ် လွှတ်တော်အစည်းအဝေး တွင် ပြောကြားသည် ။
အဆိုပါ စစ်ဘေးရှောင်အချို့တဝက်မှာ နေရပ်ပြန်ပြီ ဟု ဆိုသော်လည်း စစ်ရေး ပဋိပက္ခငြိမ်သက်ခြင်းမရှိ သေးသည့်အတွက် စစ်ဘေးရှောင် အသစ်များ ထပ်မံရောက်ရှိလာနေကြောင်း စေတနာရှင် ကျား ၅ ကောင်ဆေးတိုက်ပိုင်ရှင် စိုင်းသန်းမောင် က ပြောသည် ။
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်၌ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် တအောင်းပလောင်လွတ်မြောက်ရေးတပ်မတော် TNLA တို့အကြား တိုက်ပွဲများဆက်တိုက် ဖြစ်ပွားခဲ့ပြီး နေရပ်မှစွန့်ခွါထွက်ပြေးရသည့် စစ်ပြေးဒုက္ခသည် လေးထောင်ကျော်ရှိပြီဖြစ်ကြောင်း ၊ ဒုက္ခသည် များတွင် သျှမ်းနှင့်တအာင်းတိုင်းရင်းသားများ ဖြစ်ကြောင်း သိရသည် ။
သျှမ်းသံတော်ဆင့်
ကျောက်မဲမြို့ ကန်မိန်းဘုန်းကြီး ကျောင်းသို့လည်း အာဏာပိုင်များ ရောက်ရှိလာပြီး ဒုက္ခသည် စခန်းများကို ဌာနဆိုင်ရာများသာ တာဝန်ယူစီမံခန့်ခွဲ သွားမည်ဖြစ်ကြောင်းပြော ဆိုသည်ဟု ကန်မိန်းဘုန်းကြီးကျောင်း ဆရာတော် အရှင်နန္ဒာစာရ ကမိန့်တော်မူသည် ။
“ ဌာနဆိုင်ရာဆိုတာ အုပ်ချုပ်ရေးမှူးတွေလည်း ပါတယ် ။ အာဏာပိုင်တွေက ဘုန်းဘုန်းကျောင်း ကိုလာပြီး ပြောတယ် ။ ဒုက္ခသည်စခန်းတွေကို သူတို့ တာဝန်ယူ စီမံသွားမယ်တဲ့ ။ ဘုန်းဘုန်းတို့ စီမံခန့်ခွဲရင် ရေရှည်အတွက်ဆို မဖြစ်နိုင်ဘူးတဲ့ ။ ဘုန်းဘုန်းတို့မှာ လူအင်အားတွေ အဖွဲ့အစည်း တွေ မရှိဘူးတဲ့ ။ ပြီးတော့ စီမံပေးမယ့်သူမရှိဘူး တဲ့ ” ဟု ဆရာတော်က မိန့်တော်မူသည် ။
ဒုက္ခသည်ကူညီကယ်ဆယ်ရေးမှ အတွင်းရေးမှူးဒေါ်နန်းခင်မာအေးက ကျောက်မဲမြို့ စစ်ပြေး ဒုက္ခသည်စခန်း ၂၀ အနက် ၅ ခုသာ သက်ဆိုင်ရာ လူထုအဖွဲ့အစည်းများက စီမံခဲ့ရပြီး ကျန် ၁၅ ခုမှာ အုပ်ချုပ်ရေးမှူးများအဖွဲ့က တာဝန်ယူ စီမံပေးရကြောင်း ဆိုပါသည် ။
“ သူတို့တာဝန်ယူထားတဲ့နေရာက ပြသနာတွေအမျိုးမျိုး ကြားနေရတယ် ။ ဒုက္ခသည်တွေရဲ့ အခက် အခဲက ငွေရေးကြေးရေးပိုင်းကအစပေါ့ ။ သုံးဖို့လိုရင် အရင်ဦးဆုံး စာရင်းတင်ရမယ် ။ လိုတဲ့ ပစ္စည်းတွေ အာဏာပိုင်တွေက ထုတ်ပေးမယ် ။ ဥပမာပြောရမယ်ဆိုရင် ပိန်းနင်ကျောင်းက ဒုက္ခသည်က ကလေးမီးဖွားတော့မယ် ။ သူတို့ကို အရင်အစီရင်ခံစာ အရင်တင်ရတယ်လေ ။ အဲ့လိုမျိုးတွေပေါ့ ။ အန်တီတို့နားဆိုရင် ကလေးမမွေးခင်ကတည်းက လိုအပ်တဲ့ ပစ္စည်းတွေ အရင်ဆုံးပေးထားပြီးပြီ ။ အဲလိုမျိုးတွေကွာတယ်လေ ” ဟု ၄င်းကပြောသည် ။
သို့သော် ရပ်ကွက်အာဏာပိုင်များသည် အလှူရှင်များမှ ပေးလှူသည့် အလှူငွေများအား လက်ခံ ထားပြီး စခန်းတခုစီအား ငွေ ကျပ် ၅ သိန်းစီ ပေးဝေကြောင်း ၊ ပိုငွေ ကျန်ငွေများအား ၄င်းတို့ထံ သိမ်းထားကြောင်း ဒုက္ခသည်များလိုအပ်သည်များကို ၀ယ်ပေးရန်ဖြစ်ကြောင်းပြောဆိုသည်ဟု စခန်းစောင့်ရှောက်ရေး တာဝန်ရှိသူများ၏ ပြန်လည်ပြောပြချက်အရ သိရသည် ။
အုပ်ချုပ်ရေးမှူးများဘက်ကမူ - မိမိတို့စီမံခန့်ခွဲပေးမည်ဆိုပါက ဒုက္ခသည်များအတွက် ရေရှည် အထောက် အပံ့ ရနိုင်မည်ဖြစ်ကြောင်း ၊ ဒုက္ခသည်များလိုအပ်သည်များကို ဖုန်းဆက်တောင်းရုံ သာလိုအပ်ကြောင်း ၊ အဆိုပါလက်ခံရရှိသည့် အလှူငွေများအားလည်း ဒုက္ခသည်များကိုသာ ပြန်လည်ချပေးမည်ဖြစ်ကြောင်း ၊ လွယ်ကူအဆင်ပြေရေးအတွက်သာ တဖက်တလမ်းက ကူညီပေး ခြင်းဖြစ်ကြောင်း ပြောပါသည် ။
ကျေးရွာအုပ်ချုပ်ရေးမှူးများမှ စီမံခန့်ခွဲခြင်းမပြုသည့် ကျန်စခန်း ၅ ခုမှာ ဘိုးဘွားရိပ်သာ စခန်း ၊ ရွှေကျင် ကျောင်းတိုက်စခန်း ၊ ကျောင်းယွက်စခန်း ၊ စိတ္တသုခကျောင်းနှင့် ကန်မိန်းကျောင်းတိုက်တို့မှ စခန်းများ ဖြစ် ကြောင်း ၊ အဆိုပါစခန်းများကို ဒုက္ခသည်များ ကူညီဆောင်ရွက်ရေးကော်မတီမှ ကူညီစီမံပေးနေကြောင်း လူငယ်များ ပြောပြချက်အရ သိရသည် ။
သျှမ်းပြည်နယ်အစိုးရ ကလည်း စစ်ဘေးရှောင်များအတွက် ငွေကျပ် ၃၅၀၀ ကျော် ကူညီ ထောက်ပံ့မှုပေး ထား သည်ဟု သျှမ်းပြည်နယ် အစိုးရဘဏ်ဏ္ဍာ အခွန်ဝန်ကြီး ခွန်သိန်းမောင်က ဒုတိယ အကြိမ် ပထမ ပုံမှန် သျှမ်းပြည်နယ် လွှတ်တော်အစည်းအဝေး တွင် ပြောကြားသည် ။
အဆိုပါ စစ်ဘေးရှောင်အချို့တဝက်မှာ နေရပ်ပြန်ပြီ ဟု ဆိုသော်လည်း စစ်ရေး ပဋိပက္ခငြိမ်သက်ခြင်းမရှိ သေးသည့်အတွက် စစ်ဘေးရှောင် အသစ်များ ထပ်မံရောက်ရှိလာနေကြောင်း စေတနာရှင် ကျား ၅ ကောင်ဆေးတိုက်ပိုင်ရှင် စိုင်းသန်းမောင် က ပြောသည် ။
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်၌ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် တအောင်းပလောင်လွတ်မြောက်ရေးတပ်မတော် TNLA တို့အကြား တိုက်ပွဲများဆက်တိုက် ဖြစ်ပွားခဲ့ပြီး နေရပ်မှစွန့်ခွါထွက်ပြေးရသည့် စစ်ပြေးဒုက္ခသည် လေးထောင်ကျော်ရှိပြီဖြစ်ကြောင်း ၊ ဒုက္ခသည် များတွင် သျှမ်းနှင့်တအာင်းတိုင်းရင်းသားများ ဖြစ်ကြောင်း သိရသည် ။
သျှမ်းသံတော်ဆင့်
ညီညွတ်ရေးအတွက် ပေးဆပ် ကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်
တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က
နေပြည်တော် စည်ပင်ရိပ်သာမှာ တွေ့ဆုံစဉ်
Photo: Win Ko Ko Latt/RFA
ပြည်ထောင်စုအတွက် အားလုံးက လိုချင်တာတွေ တောင်းဆိုနေမယ်ဆိုရင်
ညီညွတ်ရေးကို တည်ဆောက်နိုင်မှာ မဟုတ်သလို အားလုံးက ပေးဆပ်မှုနဲ့
ချဉ်းကပ်မှသာ ညီညွတ်ရေးကို ရောက်နိုင်မှာဖြစ်ကြောင်း အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
ဒီကနေ့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောတာ ဖြစ်ပါတယ်။
"ကိုယ်ဘာလိုချင်လဲဆိုတာပဲ ပထမတောင်းဆိုမယ်ဆိုလို့ရင် အားလုံးက ငါဒါလိုချင်တယ်၊ ငါဒါလိုချင်တယ်ဆိုရင် ဘယ်လိုလုပ် ကျမတို့ ညီညွတ်မှုရမလဲ၊ ကျမဖြစ်စေချင်တာက အားလုံးက ဒီပြည်ထောင်စုကြီး ခိုင်မာဖို့ အတွက် ပြည်ထောင်စုကြီး သာယာဖို့အတွက် ကျနော်တို့က ဒါပေးလို့ရတယ်၊ ကျမတို့ကတော့ ဒါပေးလို့ရတယ်၊ ကျမတို့ ပေးချင်တယ်၊ ကျနော်တို့ ပေးချင်တယ် ဆိုတဲ့ စိတ်ဓါတ်နဲ့ ဒီကိစ္စကို ချဉ်းကပ်စေချင်တယ်"
အန်အယ်လ်ဒီရဲ့ မဟာမိတ် တိုင်းရင်းသားနိုင်ငံရေးပါတီတွေဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက အတူတူမ၀င်ဖို့ ရပ်တည်ပေးခဲ့တာဖြစ်ကြောင်း၊ အဲ့ဒီအတွက် လေးစားမိကြောင်းလည်း ပြောပါတယ်။
ပြည်ထောင်စုကို ဘယ်လိုပုံစံမျိုးနဲ့ ထူထောင်ကြမလဲ ဘယ်လိုလုပ်ကြမလဲဆိုတာကို အကြံပေးဖို့ကို လည်း ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်လာတဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်လိုက်ပါတယ်။
ဒါ့အပြင် ပြည်ထောင်စုလို့ ပြောကြတဲ့အခါ နောင်လာနောက်သားတွေကို ဘယ်လိုပြည်ထောင်စုမျိုးကို ထားခဲ့မလဲ၊ နိုင်ငံရေးတင်မကဘဲ လူမှုရေးအရ ဘယ်လိုပြည်ထောင်စုမျိုးကို ထားခဲ့မလဲဆိုတာကိုလည်း ထည့်သွင်းစဉ်းစား ရမှာဖြစ်ကြောင်းလည်း ပြောပါတယ်။
ဒီအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမူဆောင်အဖွဲ့ရဲ့ အတွင်းရေးမှူးအဖွဲ့ ဖွဲ့စည်းဘို့ မနေ့ကကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကဆုံးဖြတ်လိုက်ပြီး ဒီကနေ့ ဖွဲ့စည်းလိုက်တယ်လို့ NLD ပါတီရုံးက ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ထားတဲ့စာမှာ အဖွဲ့ချုပ်အမာခံပါတီဝင်အများအစုမှာ ရွေးကောက်ပွဲအနိုင်ရရှိပြီး လွှတ်တော်တွင်း ရောက် ရှိသွားတာကြောင့် ပါတီရဲ့လုပ်ငန်းစဉ်တွေ အားလျော့မသွားအောင် ကြီးကြပ်ဆောင်ရွက်နိုင်ရေးအတွက် အတွင်းရေးမှူးအဖွဲ့ကို ဖွဲ့စည်းရတာဖြစ်တယ်လို့ ဆိုပါတယ်။
အဖွဲ့ကို ပါတီ ဗဟိုကော်မတီဝင် ၅ ဦးနဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပြီး ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်၊ ဦးဥာဏ်ဝင်းနဲ့ ဦးဟံသာမြင် တို့နဲ့ ဖွဲ့စည်းလိုက်ပါတယ်။
အလားတူ ပါတီက အရံဗဟို အလုပ်အမှုဆောင်ကော်မတီဝင် မန်းဂျော်နီကို ဗဟိုကော်မတီဝင်အဖြစ် တာဝန်ပေးအပ်လိုက်တယ်လို့လဲ NLD ဗဟိုလုပ်အမှုဆောင်အဖွဲ့က ဒီကနေ့ နေ့စွဲနဲ့ သီးခြားထုတ်ပြန်ထားပါတယ်။
တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်တွေကို RFA သတင်းထောက် မဝေယံမိုးမြင့်က ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ဒီကနေ့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောတာ ဖြစ်ပါတယ်။
"ကိုယ်ဘာလိုချင်လဲဆိုတာပဲ ပထမတောင်းဆိုမယ်ဆိုလို့ရင် အားလုံးက ငါဒါလိုချင်တယ်၊ ငါဒါလိုချင်တယ်ဆိုရင် ဘယ်လိုလုပ် ကျမတို့ ညီညွတ်မှုရမလဲ၊ ကျမဖြစ်စေချင်တာက အားလုံးက ဒီပြည်ထောင်စုကြီး ခိုင်မာဖို့ အတွက် ပြည်ထောင်စုကြီး သာယာဖို့အတွက် ကျနော်တို့က ဒါပေးလို့ရတယ်၊ ကျမတို့ကတော့ ဒါပေးလို့ရတယ်၊ ကျမတို့ ပေးချင်တယ်၊ ကျနော်တို့ ပေးချင်တယ် ဆိုတဲ့ စိတ်ဓါတ်နဲ့ ဒီကိစ္စကို ချဉ်းကပ်စေချင်တယ်"
အန်အယ်လ်ဒီရဲ့ မဟာမိတ် တိုင်းရင်းသားနိုင်ငံရေးပါတီတွေဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက အတူတူမ၀င်ဖို့ ရပ်တည်ပေးခဲ့တာဖြစ်ကြောင်း၊ အဲ့ဒီအတွက် လေးစားမိကြောင်းလည်း ပြောပါတယ်။
ပြည်ထောင်စုကို ဘယ်လိုပုံစံမျိုးနဲ့ ထူထောင်ကြမလဲ ဘယ်လိုလုပ်ကြမလဲဆိုတာကို အကြံပေးဖို့ကို လည်း ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်လာတဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်လိုက်ပါတယ်။
ဒါ့အပြင် ပြည်ထောင်စုလို့ ပြောကြတဲ့အခါ နောင်လာနောက်သားတွေကို ဘယ်လိုပြည်ထောင်စုမျိုးကို ထားခဲ့မလဲ၊ နိုင်ငံရေးတင်မကဘဲ လူမှုရေးအရ ဘယ်လိုပြည်ထောင်စုမျိုးကို ထားခဲ့မလဲဆိုတာကိုလည်း ထည့်သွင်းစဉ်းစား ရမှာဖြစ်ကြောင်းလည်း ပြောပါတယ်။
ဒီအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမူဆောင်အဖွဲ့ရဲ့ အတွင်းရေးမှူးအဖွဲ့ ဖွဲ့စည်းဘို့ မနေ့ကကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကဆုံးဖြတ်လိုက်ပြီး ဒီကနေ့ ဖွဲ့စည်းလိုက်တယ်လို့ NLD ပါတီရုံးက ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ထားတဲ့စာမှာ အဖွဲ့ချုပ်အမာခံပါတီဝင်အများအစုမှာ ရွေးကောက်ပွဲအနိုင်ရရှိပြီး လွှတ်တော်တွင်း ရောက် ရှိသွားတာကြောင့် ပါတီရဲ့လုပ်ငန်းစဉ်တွေ အားလျော့မသွားအောင် ကြီးကြပ်ဆောင်ရွက်နိုင်ရေးအတွက် အတွင်းရေးမှူးအဖွဲ့ကို ဖွဲ့စည်းရတာဖြစ်တယ်လို့ ဆိုပါတယ်။
အဖွဲ့ကို ပါတီ ဗဟိုကော်မတီဝင် ၅ ဦးနဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပြီး ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်၊ ဦးဥာဏ်ဝင်းနဲ့ ဦးဟံသာမြင် တို့နဲ့ ဖွဲ့စည်းလိုက်ပါတယ်။
အလားတူ ပါတီက အရံဗဟို အလုပ်အမှုဆောင်ကော်မတီဝင် မန်းဂျော်နီကို ဗဟိုကော်မတီဝင်အဖြစ် တာဝန်ပေးအပ်လိုက်တယ်လို့လဲ NLD ဗဟိုလုပ်အမှုဆောင်အဖွဲ့က ဒီကနေ့ နေ့စွဲနဲ့ သီးခြားထုတ်ပြန်ထားပါတယ်။
တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်တွေကို RFA သတင်းထောက် မဝေယံမိုးမြင့်က ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။
စာရေးဆရာကြီး မောင်သာရ အမေရိကားမှာ ကွယ်လွန်
စာရေးဆရာကြီးမောင်သာရကို တွေ့ရစဉ်
Photo: မောင်သာရ ( Facebook )
ဘဝသရုပ်ဖော်စာပေတွေကို တခြားစာရေးဆရာများနဲ့ မတူ တမူထူးပြီး
လက်စွမ်းပြ ရေးသားခဲ့တဲ့ စာရေးဆရာကြီးမောင်သာရ (၈၇-နှစ်) ဟာ
အမေရိကန်ပြည်ထောင်စု Las Vegas မြို့မှာ မနေ့က ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ
ကွယ်လွန်သွားပါတယ်။
လွန်ခဲ့တဲ့ သုံးလေးနှစ်ကစပြီး ဆေးရုံ အကြိမ်ကြိမ်တက်ရောက်ကုသနေရပြီး သူ ကွယ်လွန်သွားတဲ့ အကြောင်း Rehab ပြန်လည်နာလန်ထဆေးရုံက အကြောင်းကြားမှ မိသားစုကသိရတာလို့ ကယ်လီဖိုးနီးယားပြည်နယ် Los Angeles မြို့ အခြေစိုက် မန္တလေးဂေးဇက် သတင်းစာတာဝန်ခံ ဒေါ်နီလာစိန်က အမေရိကန်အရှေ့ပိုင်း စံတော်ချိန် ညနေ ၆ နာရီက ပြောပါတယ်။
"၂၉ ရက်နေ့ နေ့လည် ၁၂ နာရီ ၄၅ မှာဆုံးတာ၊ နေမကောင်းတာအတော်ကြာပြီ၊ ဆေးရုံကို တက်လိုက်၊ ဆင်းလိုက်နဲ့၊ ဆေးရုံကနေအခုမှ ကာယကံရှင်တွေကို ဖုန်းဆက်ပြီးပြောတာ၊ အခုမှအလောင်းရှိတဲ့နေရာကို လိုက်နေတုန်း "
အသက် ၈၀ ကျော်နေပြီဖြစ်တဲ့ မောင်သာရဟာ လုံးချင်းဝတ္တုတွေကို ထူးခြားတဲ့ နာမည်တွေနဲ့ မတ်တပ်ရပ်လို့ လမ်းမှာငို၊ ကျဉ်တုပ်ခံဝံ့မခံဝံ့၊ ထဘီချွတ်၍ လွှတ်လိုက်သည်၊ ကတ္တီပါ ဖိနပ်စီး ရွှေထီးဆောင်း၊ ယုန်နဲ့အတူပြေး ခွေးနဲ့ အတူလိုက်၊ တို့ဘက်က ကြည့်တော့ သူရဲကောင်း သူတို့ဘက်ကကြည့်တော့ သစ္စာဖောက်၊ ရှင်ဘုရင်နဲ့ ညားတော့မိဖုရား စတဲ့ လုံးချင်းဝတ္တုတွေ ရေးသားခဲ့ပြီး ထုတ်ဝေသမျှလည်း အောင်မြင်ခဲ့ပါတယ်။
နောက်ပိုင်းမှာ စာပေစိစစ်ရေးက တင်းကျပ်လွန်းတဲ့အတွက် လုံးချင်းတွေ မထုတ်ဝေနိုင် ခဲ့ပါဘူး၊ ဆရာ မောင်သာရဟာ အာအက်ဖ်အေ- လွတ်လပ်တဲ့ အာရှအသံ မြန်မာပိုင်း အစီအစဉ်အတွက် အသစ်ပုံ အဖြစ်စုံ အပတ်စဉ်ကဏ္ဍကို မကြာခင်နှစ်ပိုင်းတွေမှာ လပေါင်းအတော်ကြာ ထုတ်လွှင့်ခဲ့ဖူးပါတယ်။
RFA
လွန်ခဲ့တဲ့ သုံးလေးနှစ်ကစပြီး ဆေးရုံ အကြိမ်ကြိမ်တက်ရောက်ကုသနေရပြီး သူ ကွယ်လွန်သွားတဲ့ အကြောင်း Rehab ပြန်လည်နာလန်ထဆေးရုံက အကြောင်းကြားမှ မိသားစုကသိရတာလို့ ကယ်လီဖိုးနီးယားပြည်နယ် Los Angeles မြို့ အခြေစိုက် မန္တလေးဂေးဇက် သတင်းစာတာဝန်ခံ ဒေါ်နီလာစိန်က အမေရိကန်အရှေ့ပိုင်း စံတော်ချိန် ညနေ ၆ နာရီက ပြောပါတယ်။
"၂၉ ရက်နေ့ နေ့လည် ၁၂ နာရီ ၄၅ မှာဆုံးတာ၊ နေမကောင်းတာအတော်ကြာပြီ၊ ဆေးရုံကို တက်လိုက်၊ ဆင်းလိုက်နဲ့၊ ဆေးရုံကနေအခုမှ ကာယကံရှင်တွေကို ဖုန်းဆက်ပြီးပြောတာ၊ အခုမှအလောင်းရှိတဲ့နေရာကို လိုက်နေတုန်း "
အသက် ၈၀ ကျော်နေပြီဖြစ်တဲ့ မောင်သာရဟာ လုံးချင်းဝတ္တုတွေကို ထူးခြားတဲ့ နာမည်တွေနဲ့ မတ်တပ်ရပ်လို့ လမ်းမှာငို၊ ကျဉ်တုပ်ခံဝံ့မခံဝံ့၊ ထဘီချွတ်၍ လွှတ်လိုက်သည်၊ ကတ္တီပါ ဖိနပ်စီး ရွှေထီးဆောင်း၊ ယုန်နဲ့အတူပြေး ခွေးနဲ့ အတူလိုက်၊ တို့ဘက်က ကြည့်တော့ သူရဲကောင်း သူတို့ဘက်ကကြည့်တော့ သစ္စာဖောက်၊ ရှင်ဘုရင်နဲ့ ညားတော့မိဖုရား စတဲ့ လုံးချင်းဝတ္တုတွေ ရေးသားခဲ့ပြီး ထုတ်ဝေသမျှလည်း အောင်မြင်ခဲ့ပါတယ်။
နောက်ပိုင်းမှာ စာပေစိစစ်ရေးက တင်းကျပ်လွန်းတဲ့အတွက် လုံးချင်းတွေ မထုတ်ဝေနိုင် ခဲ့ပါဘူး၊ ဆရာ မောင်သာရဟာ အာအက်ဖ်အေ- လွတ်လပ်တဲ့ အာရှအသံ မြန်မာပိုင်း အစီအစဉ်အတွက် အသစ်ပုံ အဖြစ်စုံ အပတ်စဉ်ကဏ္ဍကို မကြာခင်နှစ်ပိုင်းတွေမှာ လပေါင်းအတော်ကြာ ထုတ်လွှင့်ခဲ့ဖူးပါတယ်။
RFA
လွှတ်တော်အာဏာရှင် စနစ် ပေါ်လာမှာကို ရွေးကော် ဥက္ကဌ စိုးရိမ်
ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ရွေးကောက်ပွဲဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း နိုင်ငံလုံးအဆင့် အစည်းအဝေး ပြုလုပ်စဉ်
Photo: Kyaw Htoon Naing/RFA
လွှတ်တော်ကိုယ်စားလှယ်တွေကို တာဝန်ကနေ ပြန်လည်ရုပ်သိမ်းနိုင်မယ့် ဥပဒေကို မပြဌာန်းနိုင်သေးတဲ့အတွက် လွှတ်တော်အာဏာရှင်စနစ် ပေါ်လာမှာကို စိုးရိမ်မိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာပြုလုပ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း နိုင်ငံလုံးအဆင့် အစည်းအဝေး အခမ်းအနားမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ကော်မရှင် ဥက္ကဌ ဦးတင်အေး က ပြောလိုက် တာ ဖြစ်ပါတယ်။
"ကျနော်က လွှတ်တော်ကိုယ်စားလှယ် ရွေးပေးလိုက်တယ်၊ နိုင်ငံတိုးတက်အောင် လုပ်စေချင်တယ်၊ ဒီလွှတ်တော် ကိုယ်စားလှယ်တွေက နိုင်ငံတိုးတက်အောင် လုပ်ဆောင်နိုင်စွမ်းမရှိဘူးဆိုရင် လူထုကပြန်ဖြုတ်ချရမယ်၊ ရှိဖို့သင့်တဲ့အကြောင်း ကျနော်ကပြဌာန်းပါလို့ပြောတယ်၊ ကျနော်ကိုယ်တိုင်လည်း ရေးပြီးတော့တင်ခဲ့တယ်၊ လုပ်သားပြည်သူလေ့လာနိုင်လည်း သတင်းစာထဲထည့်ခဲ့လိုက်တယ်၊ သို့သော်လည်း ဒီဥပဒေဟာ မပြဌာန်း လာတဲ့အခါကျ လွှတ်တော်အာဏာရှင်စနစ်တွေ ပေါ်လာမှာ ကျနော်စိုးရိမ်တယ်၊ ဒီ Recall Law မအောင်မြင် တာပေါ့လေ၊ သို့သော်လည်း လွှတ်တော်မှာ Recall Law ကြီးကို ဆိုင်းငံ့တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ရှိပါတယ်၊ ကျနော့်ဘက်က Recall Law ကြီး မပေါ်ပေါက်တာ အားမရဘူးလို့ပဲ ပြောချင်ပါတယ်"
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၆ အရ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို တာဝန်ကနေ ပြန်လည်ရုပ်သိမ်းပေးဖို့ သက်ဆိုင်ရာမဲဆန္ဒနယ်ရဲ့ မဲပေးပိုင်ခွင့်ရှိသူ ၁%က တိုင်ကြားလာရင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စစ်ဆေးပိုင်ခွင့်ရှိတယ်လို့ ပြဌာန်းထားပါတယ်။
လွှတ်တော်မှာ ကိုယ်စားလှယ်အများစုအနိုင်ရထားတဲ့ တစ်ပါတီတည်းက ကြီးစိုးလာမယ်ဆိုရင် လွှတ်တော် ကိုယ်စားလှယ်တွေကို ထိန်းကြောင်းနိုင်ဖို့အတွက် ဒီဥပဒေဟာ ပြဌာန်းသင့်တယ်လို့ ဦးတင်အေး က ပြောပါတယ်။
အဲဒီဥပဒေပြဌာန်းဖို့အတွက် ဦးတင်အေးဟာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ စတင်ထမ်းဆောင်စဉ်က ပြဌာန်းပေးဖို့ လွှတ်တော်မှာတင်ပြခဲ့ပေမယ့် ပြည်ထောင်စုလွှတ်တော်က ၂၀၁၅ ခုနှစ် သြဂုတ်လမှာ ဆိုင်းငံ့ထားခဲ့တယ်လို့ ပြောပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်းအေး ပြောကြားချက်တွေကို RFA သတင်းထောက် ကိုကျော်သူက ကောက်နှုတ်တင်ပြထားပါတယ်။
RFA
ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ် ကို ဖြစ်ရမယ်လို့ ပြော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်ကို မတ်လ ၁ ရက်နေ့က တွေ့ရစဉ်
Photo: Myo Thant Khaing/ RFA
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတဖြစ်ကို ဖြစ်ရမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ပြောလိုက်ပါတယ်။
ပုဒ်မ ၅၉(စ) ပြင်ဆင်ရေးအပြင် လက်ရှိအစိုးရတာဝန်လွှဲပြောင်းရေးနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာ ဦးဝင်းထိန် က ဒေါ်အောင်ဆန်းစုကြည်ဟာ အနှေးနဲ့ အမြန် သမ္မတဖြစ်လာမယ်လို့ ပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မယ့်ကိစ္စ ဖြစ်ကိုဖြစ်မှာ၊ ရှိတာ၊ မရှိတာနဲ့ ဘာမှမဆိုင်ဘူး၊ နှေးတာနဲ့ မြန်တာ ဒီနှစ်ခုပဲကွာတယ်၊ ကိုယ့်ဘာသာတွက်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖတ်၊ နည်းဥပဒေတွေဖတ်၊ ဖြစ်လာမှာပေါ့၊ အခုဖြစ်ဖို့လုပ်နေတာ"
အများက ထင်ကြေးပေးပြောနေကြတဲ့ ကောလာဟလတွေများလာတာကြောင့် အရင်က ဒုတိယသမ္မတ တင်မြှောက်ရေးအတွက် အစုအဖွဲ့အလိုက် စတင်ဆွေးနွေးဖို့ ရက်ကို မတ်လ ၁၇ ရက်နေ့လို့ သတ်မှတ်ထားတာကို မတ်လ ၁၀ ရက်အဖြစ် ပြည်ထောင်စုလွှတ်တော်က ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နေပြည်တော်မှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေအိမ်မှာ ကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ ပုဒ်မ ၅၉ (စ) ကိစ္စကို ဆွေးနွေးတာ မဟုတ်ဘဲ ပုံမှန်ကျင်းပနေကြ အစည်းအဝေးသာ ဖြစ်တယ် လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့က တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပြည်ထောင်စု တည်ဆောက်ဖို့အတွက် အားလုံးက ဘာတွေလုပ်ပေးနိုင်မလဲဆိုတာနဲ့ အကြံပေးကြဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။
RFA
ကေအိုင်အေ တပ်မဟာ ၆ တိုးချဲ့မှု အစိုးရ ပြင်းထန်စွာကန့်ကွက်
ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)က ရှမ်းပြည်နယ်ထဲမှာ ကေအိုင်အေ တပ်မဟာ ၆ ကို တရားဝင်တိုးချဲ့ဖွဲ့စည်းလိုက်တဲ့အပေါ် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက အပြင်းအထန်ကန့်ကွက်လိုက်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ယခင် ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ ထိန်းချုပ်ဒေသဖြစ်တဲ့ မုန်းဘော်၊ မုန်းကိုးနဲ့ ဖောင်းဆိုင် နယ်မြေ ၃ခုမှာ ကေအိုင်အေ တပ်မဟာ ၆ ကို ဖေဖော်ဝါရီလ ၂၆ ရက်မှာ တိုးချဲ့ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။
အခုလို တပ်မဟာ ၆ ကို ထပ်မံတိုးချဲ့ဖွဲစည်းတာဟာ နိုင်ငံတော်အစိုးရက ဖော်ဆောင်နေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးကို အသိအမှတ်မပြုဘဲ ဆန့်ကျင်ရာရောက်ပြီး ကောင်းကျိုး ထက်ဆိုးကျိုးသာ သက်ရောက်စေတဲ့အတွက် ကန့်ကွက်တာလို့ အစိုးရငြိမ်းချမ်းရေး ကော်မတီရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီကန့်ကွက်တာနဲ့ပတ်သက်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)က သတင်း စုစောင်းရေး တာဝန်ခံ ဗိုလ်မှူး ကြီးနော်ဘိုကိုမေးမြန်းကြည့်ရမှာတော့ တပ်မဟာ ၆ ဟာ အခုမှ တိုးချဲ့ဖွဲ့စည်းတာမဟုတ်ဘဲ ၂၀၁၁ ခုနှစ်ကတည်း ဖွဲ့စည်းထားတာလို့ ပြောပါတယ်။
“ကျနော်သိသလောက်တော့ တိုးချဲ့ပြီးတော့ ဖွဲ့စည်းထားတာ မဟုတ်ပါဘူး။ တပ်မဟာ ၆ ကတော့ ၂၀၁၁ ကတည်းကနေ ဖွဲ့စည်းထားတာ။ အခုလောလောဆယ် ဖွဲ့စည်းတာမရှိဘူး။ ဒါပေမယ့် အဲဒီ အသေးစိတ်ကိစ္စတော့ ကျနော် ပြောလို့မရဘူး။”
ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)ဟာ ၁၉၉၄ ခုနှစ်မှာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးခဲ့ပြီးနောက် အစိုးရက ကေအိုင်အေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ဖိအားပေးခဲ့တဲ့အတွက် ၂၀၁၁ ခုဇွန်လမှာ နှစ်ဖက် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲဖို့ ဆွေးနွေးမှုမှာ ကေအိုင်အေ ပါဝင်ဆွေးနွေးခဲ့ပေမယ့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အန်စီအေ စာချုပ်ကိုတော့ ပါဝင်လက်မှတ်မထိုးသေးပါဘူး။
DVB
မူးယစ်ဆေးဝါးနှင့်မပတ်သက်ဟု ရက္ခိုင့်တပ်မတော်ထုတ်ပြန်
ရက္ခိုင့်အမျိုးသားတပ်မတော် (အေအေ) အဖွဲ့ဝင်ထံက မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ အစိုးရသတင်းစာကနေ သတင်းထုတ်ပြန်တာဟာ ဂုဏ်သိက္ခာကျဆင်းစေဖို့ လုပ်ကြံဖန်တီးချက်ဖြစ်တယ်လို့ ရက္ခိုင့်တပ်မတော်က ငြင်းဆိုကန့်ကွက်ပါတယ်။
ဖေဖော်ဝါရီ ၆ ရက် နဲ့ ၁၀ ရက်နေ့တွေက ရန်ကုန်မြို့ အလုံမြို့နယ်၊ ဒဂုံမြို့သစ် (မြောက်)၊ မြောက်ဥက္ကလာပနဲ့ လှိုင်သာယာမြို့နယ်ထဲမှာ အေအေအဖွဲ့ဝင်နဲ့ ဆက်စပ်သူတွေ ဆီကနေ စစ်လက်နက် အသုံးအဆောင်နဲ့ ဖောက်ခွဲရေးပစ္စည်းတွေရော စိတ်ကြွဆေးပြား အလုံးရေ ၃၃၀၈၀၀ (သုံးသိန်းကျော်)ပါ ဖမ်းဆီးရမိတယ်လို့ နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြပါတယ်။
ရခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်မတော် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက လက်နက်နဲ့စစ်ပစ္စည်းတွေကတော့ အေအေအဖွဲ့ဝင်ရဲ့ ပစ္စည်းတွေဖြစ်ပေမယ့် မူးယစ်ဆေးဝါး ကတော့ ပတ်သက်ခြင်းမရှိကြောင်း ဒီဗွီဘီကို ပြောပါတယ်။
“လက်နက်တွေကတော့ ကျနော်တို့နဲ့ ဆက်စပ်တဲ့ဟာတွေပါတယ်။ မူးယစ်ဆေးဝါးတော့ လုံးဝမဟုတ်ဘူး။ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ကျနော်တို့အမြဲဆန့်ကျင်တယ်။ လူမျိုးနွယ်စု တစ်ခုလုံးကို ဒုက္ခပေးမယ့်ကိစ္စ၊ အဲဒါမျိုးကို ကျနော်တို့ ဘယ်တော့မှမလုပ်ဘူး။ ကျနော်တို့ အဖွဲ့ဝင်တွေကို အတင်းအဓမ္မညှဉ်းပန်းနှိပ်စက်ပြီးတော့မှ သူတို့လိုရာဆွဲပြီးတော့မှ ၀န်ခံခိုင်းတာ၊ သူတို့ဆီမှာ မကြာခင်ကမှဖမ်းဆီးရမိထားတဲ့ ပိုင်ရှင်မဲ့မူယစ်ဆေးဝါးတွေ အများကြီးရှိတယ်။ သူတို့အဲဒါတွေ ထုတ်ပြပြီးမှ ကျနော်တို့အဖွဲ့ဝင်တွေကို အတင်းအဓမ္မ ဒီဟာတွေနဲ့ ပတ်သက်ပါတယ်ဆိုပြီးတော့ လုပ်တာ၊ အစိုးရရဲ့ဦးတည်ချက်က ကျနော်တို့ ရက္ခိုင့် တပ်မတော်ရဲ့ ပုံရိပ်ကို နိုင်ငံတကာမှာရော၊ ရခိုင်ပြည်သူတွေကြားထဲမှာာ ထင်ယောင်ထင်မှား ဖြစ်အောင်၊ ကျနော်တို့ ဂုဏ်သိက္ခာကို ကျဆင်းစေလိုတဲ့ဆန္ဒနဲ့ ရည်ရွယ်ချက်ရှိရှိလုပ်ကြံတာ၊ အဲဒါကြောင့်မို့လို့ ဒီဟာကို ကန့်ကွက်တယ်။”
ဒါ့အပြင် အစိုးရအနေနဲ့ နိုင်ငံရေးပြဿ နာကို နိုင်ငံရေးအရဆွေးနွေးဖြေရှင်းမယ့်အစား အခုလို စွပ်စွဲဖမ်းဆီးမှုတွေပြုပြီး ရခိုင့်တပ်မတော်ကို အမြစ်ပြတ်ချေမှုန်းနေတဲ့အပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်လို့ လည်း အေအေအဖွဲ့က ပြောပါတယ်။
ရက္ခိုင်တပ်မတော် (အေအေ)ဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စုစည်းထားတဲ့ ယူအန်အက်ဖ်စီ ညီညွတ်သောတိုင်းရင်းသားလူမျိုးများအဖွဲ့ဝင်ဖြစ်ပါတယ်။
လက်ရှိအစိုးရဆောင်ရွက်နေတဲ့ တနိုင်ငံလုံးဆိုင်ရာအပစ်ခတ်ရပ်စဲရေး လုပ်ငန်းစဉ်မှာ အန်စီအေစာချုပ်မူကြမ်းရေးသားစဉ်ကတည်းက တလျှောက်လုံးပါဝင်ခဲ့ပေမယ့် လက်မှတ်ထိုးဖို့ရာမှာတော့ မဟာမိတ် ကိုးကန့်၊ တအာင်း တပ်ဖွဲ့တွေနဲ့အတူ ကျန်ခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကတော့ ဘူးသီးတောင်မြို့နယ် မိုင်တိုင်အမှတ် ၆၃/၆၄ အနီးမှာ အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရတပ်ဘက်က ၂ ဦးကျဆုံးပြီး လက်နက်ခဲယမ်း တချို့ဖမ်းဆီးရမိတယ်လို့ အေအေက ပြောပါတယ်။ ဒီတိုက်ပွဲကိုတော့ တပ်မတော်ဘက်က သတင်းမထုတ်ပြန်ပါဘူး။
DVB
သရုပ်ဆောင်လင်းမောင်အား ၄င်း၏ကားပေါ်တွင် အကြည်ညိုပျက်စွာ ရေးသားမှုနဲ့ ကမာရွတ်စခန်းမှ ဖမ်းဆီးထား
သရုပ်ဆောင် လင်းမောင်အား ၄င်းပိုင်ဆိုင်သော ကားပေါ်တွင် သရုပ်ပျက် အကြည်ညိုပျက်စွာ ရေးသားထားမှု အပါအ၀င် ယာဉ်စည်းကမ်းအမှုများဖြင့် ကမာရွတ်ရဲစခန်းမှ ဖမ်းဆီးထားကြောင်း ရဲအရာရှိတဦးက The Ladies News သို့ ပြောသည်။
မတ်လ ၁ ရက်နေ့ မနက်ပိုင်းက သရုပ်ဆောင်လင်းမောင် စီးနှင်းလာသော ကားမှာ လှည်းတန်းခုံးကျော် တံတားပေါ်တွင် လောင်စာဆီ ပြတ်တောက်မှုကြောင့် ယာဉ်ထိန်းမှ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်အလံပါ ကားတွင် ချိတ်ဆွဲထားကာ ဗိုလ်ချုပ်များကိုပါ ညစ်ညမ်းသည့် အသုံးနှုန်းများဖြင့် ဆဲဆိုထားသည့် စာသားအား ရေးသားထားသည်ကိုပါ တွေ့ရပြီး ယင်းအမှုများဖြင့်လည်း တရားစွဲဆိုနိုင်ရန် ဆက်လက် ပြင်ဆင်လျက်ရှိနေကြောင်း အဆိုပါ ရဲအရာရှိက ပြောသည်။
Photo - htet aung khant
The Ladies News
သမ္မတ ဦးသိန်းစိန်၏ လက်ရုံးဝန်ကြီးများ အပြိုင်အဆိုင် တန်ဖိုးမျှတိုက်ခန်းများ တောင်းခံလျက်ရှိ
တန်ဖိုးမျှတိုက်ခန်းဌားရမ်းဖို့ ဒါမှမဟုတ်ရောင်းချပေးဖို့ တောင်းဆိုကြတဲ့ထဲမှာ ဗိုလ်မှူးချုပ်ဟောင်း၊ စီးပွားကူးသန်းဝန်ကြီးငြိမ်း၊ သမ္မတရုံးဝန်ကြီးတွေလည်း ပါဝင်နေပါတယ်။
ဦးစိုးသိန်း ၊ ဒေါက်တာကံဇော် ၊ ဦးတင်နိုင်သိန်း စသဖြင့် သမ္မတ ဦးသိန်းစိန် လက်ရုံးတွေလည်း ပါဝင်ကြောင်း သိရှိရပါတယ်။
လျောက်ထားလွှာတွင် ဒေါက်တာကံဇော်က မန္တလေးမြို့တွင် မိသားစုနှင့် အတူနေထိုင်ရန်ဟု ဖော်ပြထားသည်။ ဦးတင်နိုင်သိန်းကမူ အသက်ကြီးလာလျှင် အထပ်မြင့်များ မတက်နိုင်သဖြင့် မြေညီထပ် သို့မဟုတ် ပထမထပ်ကို တောင်းခံထားကြောင်း တွေ့ရှိရပါတယ်။
Credit - ၀င်းမော်
The Ladies News
အမေရိကန် Super Tuesday အတွက် မဲပေးနေ
အမေရိကန် ပြည်ထောင်စု၊ နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခွင့် ရဖို့အတွက် ပါတီကိုယ်စားပြု သမ္မတလောင်း ဖြစ်ရေး ကြိုးစားနေကြတဲ့ သမ္မတလောင်း အရွေးခံသူတွေ အနေနဲ့ ဒီကနေ့ မတ်လ ၁ ရက်နေ့၊ ပြည်နယ် အများအပြားက တစ်ရက်တည်း ရွေးချယ်တဲ့ Super Tuesday လို့ ခေါ်တဲ့ ရွေးကောက်ပွဲနေ့မှာ အကြီးဆုံး စမ်းသပ်မှုနဲ့ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။
ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်တစ် ပါတီ နှစ်ခုစလုံးရဲ့ ပါတီကိုယ်စားပြု သမ္မတလောင်းတွေကို ပြည်နယ် ၁၁ ခုမှာ အသီးသီး မဲပေး ရွေးချယ်နေကြပြီး သမ္မတလောင်းတွေ အတွက် အရေးအကြီးဆုံး ပြိုင်ဆိုင်မှုလည်း ဖြစ်ပါတယ်။
ပြည်နယ် ၄ ခုက အစောပိုင်း မဲရလဒ်တွေအရ ရီပက်ဘလီကန် ပါတီအတွက် ဒေါ်နယ် ထရမ့်က ဦးဆောင်နေပြီး ဒီမိုကရက်တစ် ပါတီအတွက်တော့ ဟီလာရီ ကလင်တန်က ဦးဆောင် နေပါတယ်။
ဆီနိတ်တာ တက်ဒ်ခရုဇ် အနေနဲ့ သူ့ပြည်နယ် ဖြစ်တဲ့ တက္ကဆက်မှာ မစ္စတာ ထရမ့်ကို ရှုံးနိမ့်ဖို့ လုံးဝ လက်ခံနိုင်မှာ မဟုတ်သလို၊ မစ္စတာ ထရမ့် ကလည်း သူ့ပြည်နယ် မက်ဆာချူးဆက်မှာ ရှုံးဖို့ လက်ခံနိုင်မှာ မဟုတ်ပါဘူး။
ဒီမိုကရက်တစ် မှာလည်း အခု သီတင်းပတ် အကုန်က တောင်ကာရိုလိုင်းနား ပြည်နယ်မှာ နိုင်ခဲ့တဲ့ မစ္စက် ကလင်တန်က အဲဒီ အရှိန်အဝါကို သုံးဖို့ မျှော်လင့်နေပြီး၊ အဲဒီ မတိုင်ခင် နယူးဟမ့် ရှိုင်းယားမှာ ဘာနီ ဆန်းဒါးစ်ကို ရှုံးခဲ့ရတဲ့ အခြေအနေကို ပြန် အဖတ်ဆယ်နိုင်ဖို့ မျှော်လင့်နေပါတယ်။
နိုင်ဝင်ဘာ ၈ ရက်နေ့မှာတော့ သမ္မတ သက်တမ်း နှစ်ကြိမ် ပြည့်ခဲ့ပြီ ဖြစ်တဲ့ ဒီမိုကရက်တစ် သမ္မတ ဘားရက် အိုဘားမားကို ဆက်ခံမယ့် သူကို ရွေးချယ်ကြမှာ ဖြစ်ပါတယ်။
BBC Burmese