Pages
▼
Saturday, March 26, 2016
ဘဂ္ဂဒက်မြို့တောင်ဘက်တွင်ပြုလုပ်နေသည့် ဒေသဆိုင်ရာ ဘောလုံးပွဲအား ISတို့ ဗုံးခွဲတိုက်ခိုက်သဖြင့် လူ ၃၀ ခန့်သေဆုံး
ပရပ်စ်တီဗီ
ဘဂ္ဂဒက်၊ မတ်-၂၆
အီရတ်မြို့တော် ဘဂဒက်၏ တောင်ဘက်ရှိရွာတစ်ရွာမှ ဒေသတွင်းဘောလုံးပွဲကိုပစ်မှတ်ထားသည့် ဗုံးခွဲတိုက်ခိုက်မှုတစ်ခုတွင် အနည်းဆုံးလူ ၃၀ခန့် သေဆုံးခဲ့သည်။
ရဲတပ်ဖွဲ့နှင့် ဆေးဝန်ထမ်းများ၏ ပြောကြားချက်အရ တိုက်ခိုက်မှုမှာ အယ်လ်အဆရီယာရွာတွင် မတ်၂၅ ရက် နံနက် ၇နာရီအချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘောလုံးပွဲတွင် အနိုင်ရဗိုလ်စွဲသူများအားဆုဖလားကိုအပ်နှင်းနေစဉ် တိုက်ခိုက်သူက ဗုံးများကိုလူအုပ်ထဲသို့ ပစ်သွင်းခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ဗုံးပေါက်ကွဲမှုကြောင့် လူပေါင်း ၆၅ယောက်ကျော်မှာလည်း ထိခိုက်ဒဏ်ရာများရရှိသွားခဲ့ရာ သေဆုံးသူအရေအတွက်မှာ ထပ်တိုးလာဖွယ်ရာရှိသည်ဟု ဆေးဝန်ထမ်းများက သတိပေးထားသည်။
ဗုံးခွဲမှုမှာ ၄င်းတို့၏လုပ်ရပ်ဖြစ်ကြောင်းအိုင်အက်စ်အကြမ်းဖက်အုပ်စုက ကြေညာထားသည်။
ကုလအီရတ်ကူညီရေးမစ်ရှင်၏ ပြောကြားချက်အရ ဖေဖော်ဝါရီတစ်လတည်းတွင်ပင် အကြမ်းဖက်မှုနှင့် လက်နက်ကိုင် ပဋိပက္ခများကြောင့် အီရတ်နိုင်ငံသားစုစုပေါင်း ၆၇၀ သေဆုံးခဲ့ရပြီး ၁၂၉၀ ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။
AM
china.com Myanmar
ကိုပါကြီးအမှု ဆက်ကြိုးစားမည်ဟု ဇနီးဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပြော
မော်လမြိုင်၊ မတ် ၂၆
အမှုပိတ်သိမ်းလိုက်ပြီဟု ဆိုသော ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင်သေဆုံးမူနှင့် ပတ်သက်ပြီး နောက်မဆုတ်ဘဲ ဥပဒေဘောင်အတွင်းက တရားမျှတမှုရရှိသည်ထိ ဆက်လက်ကြိုးစားသွားမည်ဟု သေဆုံးသူ ကိုပါကြီး၏ဇနီးဖြစ်သူ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာက ပြောသည်။
ကိုပါကြီးအမှုနှင့် ပတ်သက်ပြီး တရားလိုရဲမှူး ခင်မောင်အေးနှင့် တရားခံ ဒုတပ်ကြပ်ကျော်ကျော်အောင်ပါ ၂ ဦးအမှုအား ဥပဒေရုံးအဆင့်ဆင့်တို့၏ ဥပဒေအကြံပြုချက်၊ အထက်အကြီးအကဲအဆင့်ဆင့်တို့၏ ညွှန်ကြားချက်များနှင့်အညီ အမှုအား “မှားယွင်းမှု” ဖြင့် ပိတ်သိမ်းဆောင်ရွက်ရန် ညွှန်းကြားလာသည့်အတွက် မြို့မရဲစခန်း မှတ်ပုံတင်-၂၃ ပိတ်သိမ်းအမှတ်စဉ် (၅/၂၀၁၆) ဖြင့် ၂၀၁၆ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် အမှုအား “မှားယွင်းမှု” ဖြင့် ပိတ်သိမ်းကြောင်း ကျိုက်မရောမြို့မရဲစခန်း စခန်းမှူးက ၂၁ ရက်နေ့ ရက်စွဲဖြင့် ဒေါ်သန္တာထံ အကြောင်းကြားစာ ပေးပို့ခဲ့သည်။
သတင်းရယူရင်း အသတ်ခံရကြောင်း ယူဆထားသော ကိုပါကြီး၏ အမှုစဖြစ်ကတည်းက ကြိုးစားလာခဲ့သော်လည်း ယခုအချိန်အထိ တရားမျှတမှု မရသေးကြောင်း ဧရာဝတီတိုင်း အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဒေါ်သန္တာက ဆိုသည်။
“ကျွန်မပြောနိုင်တာက ကျွန်မတို့ နောက်မဆုတ်ဘူး ဥပဒေဘောင်အတွင်းက တရားမျှတမှုရဖို့ ဆက်ကြိုးစားသွားမယ်” ဟု ၎င်းက ပြောသည်။
ကိုပါကြီးသေဆုံးမှုနှင့် ပတ်သက်ပြီး မိသာစုဝင်တို့က ကျိုက်မရောမြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၁၁/၂၀၁၄ ဖြင့် အောက်တိုဘာ ၂၆ ရက်နေ့က အမှုဖွင့်ထားခဲ့သည်။
၂၀၁၅ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ ၉ ကြိမ်မြောက်ရုံးချိန်းတွင် တရားလိုပြသက်သေများအား စစ်ဆေးခဲ့ရာ ခမရ ၂၁၀ မှ တပ်သားအရာရှိများကို စစ်ဆေးပြီးနောက် ကျိုက်မရောမြို့နယ် တရားသူကြီး ဦးသက်အောင်က ကိုပါကြီးသေဆုံးမှုသည် ဓမ္မတာအတိုင်း သေဆုံးခဲ့ခြင်းမဟုတ်ကြောင်း တစ်စုံတစ်ဦး၏ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးခဲ့ရသည်ဟု အမိန့်ချခဲ့သည်။
“အမှန်တကယ်က သေမှုသေခင်းမှာ အမိန့်အရ ကျွန်မ ခန်ပွန်းသည်က ဓမ္မတာအတိုင်းသေတာမဟုတ်ဘူး။ တစ်စုံတစ်ရာရဲ့ ပယောဂကြောင့် သေနတ်ဒဏ်ရာကြောင့် သေဆုံးတယ်ဆိုတာ ပါပြီးသား။ ဆိုတော့ အဲဒီမှာ သူ့ကို သေစေအောင်လုပ်တဲ့ အနောက်ကတစ်စုံတစ်ယောက်မှာဘဲ တာဝန်ရှိတယ် ဒီအမိန့်အရ အခုထုတ်လိုက်တဲ့စာအရ အရှေ့နဲ့ အနောက်နဲ့ ဆက်လို့ကိုမရဘူး။ ဆက်စပ်မှု လုံးဝမရှိဘူး ဒီဟာကို ကြည့်ချင်းအားဖြင့် ဒါ ဘယ်လိုမှ တရားမျှတမှုမရှိဘူးဆိုတာ တွေ့နိုင်တယ်”ဟု ဒေါ်သန္တာက ဆိုသည်။
၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ ရက်စွဲဖြင့် ကာကွယ် ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ရာတွင် ၂၀၁၄ ခုနှစ် ၊ စက်တင်ဘာလ ၃၀ ရက်နေ့က ကျိုက်မရောမြို့ လုံခြုံရေးအတွက် မြို့စက်လှေဆိပ် အ၀င်/အထွက်များတွင် မြန်မာစစ်တပ်က စစ်ဆေးနေစဉ် စက်လှေတစီးပေါ်တွင် ရေစိုလျက် ရွှံ့ဗွက်များ ပေကျန်နေသော ကိုပါကြီးအား တွေ့ရှိ၍ နယ်မြေခံ အမှတ် ၂၀၈ ခြေမြန် တပ်ရင်းသို့ လွှဲပြောင်းစစ်ဆေးရာ KKO ခေါ် ကလိုထူးဘော ကရင်အဖွဲ့အစည်းမှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိ အောင်နိုင် အဖြစ်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီး ထိန်းသိမ်းထားစဉ် လုံခြုံရေး စစ်သည်တဦး၏ သေနတ်အား လုယူ ထွက်ပြေးသဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်းဖော်ပြထားသည်။
ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင်သေဆုံးမှုသည် တန်းပြည့်စစ်မှုထမ်းချိန်အတွင်း ဖြစ်ပွားကြောင်း အခိုင်အမာ ပေါ်ပေါက်ခဲ့သည့်အတွက် စစ်ဘက်တရားစီရင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဒုတပ်ကြပ်တဦးနှင့် တပ်သားတဦးတို့အပေါ် တပ်မတော် အက်ဥပဒေပုဒ် ၇၁၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄ တို့ဖြင့် စစ်ဆေးခဲ့ပြီး တရားသေလွှတ်သည့် အမိန့်ကို ချမှတ်ခဲ့ကြောင်း ၄င်းအပေါ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း ၂၀၁၅ ခုနှစ် မေလ ၈ ရက်နေ့က မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။
Dawei Watch

အမှုပိတ်သိမ်းလိုက်ပြီဟု ဆိုသော ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင်သေဆုံးမူနှင့် ပတ်သက်ပြီး နောက်မဆုတ်ဘဲ ဥပဒေဘောင်အတွင်းက တရားမျှတမှုရရှိသည်ထိ ဆက်လက်ကြိုးစားသွားမည်ဟု သေဆုံးသူ ကိုပါကြီး၏ဇနီးဖြစ်သူ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာက ပြောသည်။
ကိုပါကြီးအမှုနှင့် ပတ်သက်ပြီး တရားလိုရဲမှူး ခင်မောင်အေးနှင့် တရားခံ ဒုတပ်ကြပ်ကျော်ကျော်အောင်ပါ ၂ ဦးအမှုအား ဥပဒေရုံးအဆင့်ဆင့်တို့၏ ဥပဒေအကြံပြုချက်၊ အထက်အကြီးအကဲအဆင့်ဆင့်တို့၏ ညွှန်ကြားချက်များနှင့်အညီ အမှုအား “မှားယွင်းမှု” ဖြင့် ပိတ်သိမ်းဆောင်ရွက်ရန် ညွှန်းကြားလာသည့်အတွက် မြို့မရဲစခန်း မှတ်ပုံတင်-၂၃ ပိတ်သိမ်းအမှတ်စဉ် (၅/၂၀၁၆) ဖြင့် ၂၀၁၆ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် အမှုအား “မှားယွင်းမှု” ဖြင့် ပိတ်သိမ်းကြောင်း ကျိုက်မရောမြို့မရဲစခန်း စခန်းမှူးက ၂၁ ရက်နေ့ ရက်စွဲဖြင့် ဒေါ်သန္တာထံ အကြောင်းကြားစာ ပေးပို့ခဲ့သည်။
သတင်းရယူရင်း အသတ်ခံရကြောင်း ယူဆထားသော ကိုပါကြီး၏ အမှုစဖြစ်ကတည်းက ကြိုးစားလာခဲ့သော်လည်း ယခုအချိန်အထိ တရားမျှတမှု မရသေးကြောင်း ဧရာဝတီတိုင်း အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဒေါ်သန္တာက ဆိုသည်။
“ကျွန်မပြောနိုင်တာက ကျွန်မတို့ နောက်မဆုတ်ဘူး ဥပဒေဘောင်အတွင်းက တရားမျှတမှုရဖို့ ဆက်ကြိုးစားသွားမယ်” ဟု ၎င်းက ပြောသည်။
ကိုပါကြီးသေဆုံးမှုနှင့် ပတ်သက်ပြီး မိသာစုဝင်တို့က ကျိုက်မရောမြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၁၁/၂၀၁၄ ဖြင့် အောက်တိုဘာ ၂၆ ရက်နေ့က အမှုဖွင့်ထားခဲ့သည်။
၂၀၁၅ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ ၉ ကြိမ်မြောက်ရုံးချိန်းတွင် တရားလိုပြသက်သေများအား စစ်ဆေးခဲ့ရာ ခမရ ၂၁၀ မှ တပ်သားအရာရှိများကို စစ်ဆေးပြီးနောက် ကျိုက်မရောမြို့နယ် တရားသူကြီး ဦးသက်အောင်က ကိုပါကြီးသေဆုံးမှုသည် ဓမ္မတာအတိုင်း သေဆုံးခဲ့ခြင်းမဟုတ်ကြောင်း တစ်စုံတစ်ဦး၏ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးခဲ့ရသည်ဟု အမိန့်ချခဲ့သည်။
“အမှန်တကယ်က သေမှုသေခင်းမှာ အမိန့်အရ ကျွန်မ ခန်ပွန်းသည်က ဓမ္မတာအတိုင်းသေတာမဟုတ်ဘူး။ တစ်စုံတစ်ရာရဲ့ ပယောဂကြောင့် သေနတ်ဒဏ်ရာကြောင့် သေဆုံးတယ်ဆိုတာ ပါပြီးသား။ ဆိုတော့ အဲဒီမှာ သူ့ကို သေစေအောင်လုပ်တဲ့ အနောက်ကတစ်စုံတစ်ယောက်မှာဘဲ တာဝန်ရှိတယ် ဒီအမိန့်အရ အခုထုတ်လိုက်တဲ့စာအရ အရှေ့နဲ့ အနောက်နဲ့ ဆက်လို့ကိုမရဘူး။ ဆက်စပ်မှု လုံးဝမရှိဘူး ဒီဟာကို ကြည့်ချင်းအားဖြင့် ဒါ ဘယ်လိုမှ တရားမျှတမှုမရှိဘူးဆိုတာ တွေ့နိုင်တယ်”ဟု ဒေါ်သန္တာက ဆိုသည်။
၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ ရက်စွဲဖြင့် ကာကွယ် ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ရာတွင် ၂၀၁၄ ခုနှစ် ၊ စက်တင်ဘာလ ၃၀ ရက်နေ့က ကျိုက်မရောမြို့ လုံခြုံရေးအတွက် မြို့စက်လှေဆိပ် အ၀င်/အထွက်များတွင် မြန်မာစစ်တပ်က စစ်ဆေးနေစဉ် စက်လှေတစီးပေါ်တွင် ရေစိုလျက် ရွှံ့ဗွက်များ ပေကျန်နေသော ကိုပါကြီးအား တွေ့ရှိ၍ နယ်မြေခံ အမှတ် ၂၀၈ ခြေမြန် တပ်ရင်းသို့ လွှဲပြောင်းစစ်ဆေးရာ KKO ခေါ် ကလိုထူးဘော ကရင်အဖွဲ့အစည်းမှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိ အောင်နိုင် အဖြစ်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီး ထိန်းသိမ်းထားစဉ် လုံခြုံရေး စစ်သည်တဦး၏ သေနတ်အား လုယူ ထွက်ပြေးသဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်းဖော်ပြထားသည်။
ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင်သေဆုံးမှုသည် တန်းပြည့်စစ်မှုထမ်းချိန်အတွင်း ဖြစ်ပွားကြောင်း အခိုင်အမာ ပေါ်ပေါက်ခဲ့သည့်အတွက် စစ်ဘက်တရားစီရင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဒုတပ်ကြပ်တဦးနှင့် တပ်သားတဦးတို့အပေါ် တပ်မတော် အက်ဥပဒေပုဒ် ၇၁၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄ တို့ဖြင့် စစ်ဆေးခဲ့ပြီး တရားသေလွှတ်သည့် အမိန့်ကို ချမှတ်ခဲ့ကြောင်း ၄င်းအပေါ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း ၂၀၁၅ ခုနှစ် မေလ ၈ ရက်နေ့က မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။
Dawei Watch

အာဏာ လွှဲပြောင်းရေး လက်ရှိအစိုးရ အသင့်ရှိ
နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီ နဲ့ NLD အစည်းအဝေး။ (မတ် ၂၂၊ ၂၀၁၆) |
လာမယ့် မတ်လ၃၀ရက်နေ့မှာ သမ္မတသစ်ကို လက်ရှိသမ္မတက အာဏာ လွှဲအပ်ပေးမယ့် နိုင်ငံတော်အကြီးအကဲ တာဝန် လွှဲပြောင်းရေးကိစ္စ အတွက် လက်ရှိအစိုးရဘက်က အသင့်ဖြစ်နေပြီလို့ နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူ ကပြောဆိုလိုက်ပါတယ်။ အစိုးရသစ်မှာ ပါဝင်မယ့် ဝန်ကြီးသစ်တွေ အနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို သွားရောက်လေ့လာနိုင်ဖို့ စီစဉ်နေသလို ဝန်ကြီးသစ်တွေ အတွက် အိမ်ယာ လွှဲအပ်ရေး စီမံပေးနေတယ်လို့ နိုင်ငံတော် အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီဝင်ကပြောပါတယ်။ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်ကပြောပြပေးပါမယ်။
၂၀၁၅ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ရွေးချယ်ပြီး ပြည်ထောင်စုလွှတ်တော်က တင်မြှောက်လိုက်ပြီဖြစ်တဲ့ သမ္မတသစ် ဦးထင်ကျော်ကို လက်ရှိအစိုးရ သမ္မတဦးသိန်းစိန်က သူ့သက်တမ်းကုန်အပြီး အုပ်ချုပ်ရေး အာဏာကို လာမယ့်မတ်လ(၃၀)ရက်နေ့မှာ သမ္မတအိမ်တော်မှာ အခမ်းအနားနဲ့ တာဝန်လွှဲအပ်မှာဖြစ် တယ်လို့ နိုင်ငံတော် အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီဝင် နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။
"နံပတ်တစ်ကတော့ လွှဲပြောင်းရေးအခမ်းအနားပေါ့နော်။ အိမ်တော်မှာ လုပ်မယ့်ဟာ ဘယ်လိုလဲ ဆိုတော့ သမ္မတသစ် ဦးထင်ကျော်က လွှတ်တော်မှာ ကတိသစ္စာပြု၊ ပြပြီးတာနဲ့ အိမ်တော်ကိုလာ၊ လာတဲ့အချိန်မှာ သမ္မတဦးသိန်းစိန်နဲ့ ကဘိနက်အဟောင်းပေါ့နော် အဲ့ကနေ ကြိုဆိုမယ်။ အဲ့တော့ သမ္မတအသစ်နဲ့ ကက်ဘိနက်အသစ် ဝန်ကြီး (၁၈) ပါးနဲ့ အဲ့ဒီ့ရှေ့မှောက်မှာ သီဟာသနပလ္လင်ပေါ့နော် ပလ္လင်ရှေ့မှောက်မှာ နိုင်ငံတော်သမ္မတ အဆောင်အယောင်ဆိုပြီး သတ်မှတ်ထားတဲ့ ရွှေစလွယ်ပေါ့နော် အဲ့တာ လွှဲမှာ။ လွှဲပြီးတာနဲ့ သမ္မတဦးသိန်းစိန် ထွက်ခွာမှာပေါ့နော်။ နောက်ဝန်ကြီးဟောင်းတွေ ဝန်ကြီးသစ်တွေ အချင်းချင်းနှုတ်ဆက်ပြီး ထွက်ခွာပေါ့နော်။ အဲ့တာပြီးတာနဲ့ ညပိုင်းကျရင်တော့ သမ္မတသစ်ရဲ့ အစီအစဉ်နဲ့ ညစာစားပွဲပေါ့နော်။ အကြမ်းဖျင်း မတ်လ ၃၀ပေါ့နော်။ ၃၀ ဟိုဘက် ဒီဘက်ပြောထားတယ်။ ဒီကြားထဲ အပြောင်းအလဲမရှိရင်ပေါ့နော်။"
သမ္မတသစ်ဦးထင်ကျော်က အဆိုပြုပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ဝန်ကြီးသစ်တွေအတွက်လည်း သူတို့တာဝန်ယူမယ့် ဝန်ကြီးဌာနတွေက ဝန်ကြီးတွေရဲ့ လက်ရှိလုပ်ကိုင်ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေကို သွားရောက်လေ့လာဖို့အစီအစဉ်ကိုလည်း အနိုင်ရပါတီ NLD က တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ သမ္မတရုံးဒုညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ရှင်းပြပါတယ်။
" ၃၀ရက်နေ့ မတိုင်ခင်ပေါ့နော်။ မတိုင်ခင်မှာ ဝန်ကြီးတွေက ကိုယ်နဲ့သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေကို သွားပြီးတော့ သွားရောက်ကြည့်ရှု့တာတို့ ဘာတို့ လုပ်မယ်လို့ ပြောထားတဲ့အခါကျတော့ ကျနော်တို့ဘက်ကလည်း ဝန်ကြီးတွေ လာတဲ့အခါ မူလကတည်းက ရှင်းလင်းတင်ပြဖို့ အတွင်းဝန်တွေနဲ့ ကျနော်တို့ အစည်းအဝေးတွေ လုပ်ထားတာရှိတယ်။ ကျနော်တို့ကတော့ ဒိပ်တောင်းထားတာပေါ့နော်။ ဘယ်နေ့လာမလဲ ကျနော်တို့က ဝန်ကြီးဌာနတွေကို အကြောင်းကြားပြီးတော့ အဲ့ဒီ့ဝန်ကြီးအသစ်တွေ လာတဲ့အခါ ဘယ်လိုဘယ်လို ရှင်းပြဖို့ ညွှန်ကြားထားတယ်။ သို့သော် အဲ့တာက ဒိပ်ကို မသိသေးဘူးပေါ့။"
ဒါ့အပြင်အစိုးရသစ်မှာ ပါဝင်မယ့် ဝန်ကြီးသစ်တွေ အတွက် နိုင်ငံတော်က စီစဉ်ပေးထားတဲ့ အိမ်ယာတွေနဲ့ပတ်သက်ပြီးတော့လည်း စနစ်တကျ လွှဲပြောင်းပေးအပ်နိုင်ဖို့အရေး စီစဉ်ပေးနေတယ်လို့ ဦးဇော်ဋ္ဌေးက ပြောပါတယ်။
"အရင်တုန်းက နယက ခေတ်မှာ အထူးစီမံကိန်းက ကိုင်တယ် အဲ့တုန်းက ဝန်ကြီးဦးသိန်းညွန့်ပေါ့နော်။ ကိုင်ပြီးတော့ အခုနောက်ပိုင်းတော့ နေပြည်တော် စည်ပင်က အိမ်တော်တွေ ဝန်ကြီးအိမ်ယာတွေ ဒုဝန်ကြီးအိမ်ယာတွေ ထိန်းသိမ်းတယ်ပေါ့နော်။ ထိန်းသိမ်းတော့ ကျနော်တို့က ဝန်ကြီးတွေကို ဘယ်လောက် နောက်ဆုံးထားဆိုပြီးတော့ သမ္မတက ညွှန်ကြားထားတာရှိတယ်။ ဘယ်နေ့အပြီး ပြောင်းရွှေ့ပေါ့နော်။ ဘာကြောင့် စောစီးစွာ ပြောင်းရွှေ့ခိုင်းထားလဲ ဆိုတော့ အိမ်တွေမှာ သူတို့ လက်ခံစဉ်က ရရှိခဲ့တဲ့ အနေအထားအတိုင်း သူတို့ပြန်ပြင်ပေးရတာပေါ့နော်။ မီးလုံးကျွမ်းတာ၊ ရေပိုက်မလာတာကအစပေါ့နော်။ အဲ့တာတွေကို အကုန်ပြန်ပြင်ခိုင်း။ မူလရရှိစဉ်က လက်ခံထားတဲ့ အနေအထားအတိုင်း ပေါ့ မကောင်းရင် ပြန်ပြင်ပေး။ ပြင်ပေးပြီးတာနဲ့ ပြန်ပြီးတော့ လွှဲပြောင်း ဆိုပြီးတော့ အဲ့လို လုပ်ထားတာ။
လုပ်ထားတော့ အခုဝန်ကြီးတွေက ဝန်ကြီးအသစ်တွေက လွှတ်တော်မှာ ကျမ်းကျိမ်ပြီးတော့ ဝန်ကြီးအသစ်ဖြစ်ပြီပေါ့နော်။ ကျန်းကျိမ်ပြီးပြီ ဝန်ကြီးအသစ်ဖြစ်ပြီ အဲ့ဒီ့အချိန်မှာ သမ္မတအသစ်ကနေပြီးတော့ ဝန်ကြီးဌာနနဲ့ လူနဲ့ပေါ့ တွဲပြီးတော့ ခန့်အပ်တဲ့ အမိန့် ထုတ်မှာပေါ့နော်။ ထုတ်ပြီးတာနဲ့ ဝန်ကြီးအိမ်ယာတွေမှာ သူတို့ တက်ပြီးတော့ နေကြပြီပေါ့။ အဲ့မနေခင် စပ်ကြားမှာ ကြိုတင်ပြီးတော့ NLD ဘက်ကနေ ခွဲဝေပေးတယ်။ ဘယ်အိမ် ဘယ်သူနေ၊ ဘယ်အိမ် ဘယ်သူနေပေါ့။ အဲ့တာမျိုးတွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့က Transition Team က ဦးဝင်းထိန်ခေါင်းဆောင်တဲ့ အဖွဲ့နဲ့ အိမ်ယာတွေ လိုက်ပြတာရှိတယ်။ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေတုန်းက။ "
နိုင်ငံမှာ နောင်အနာဂတ် အုပ်ချုပ်ရေးအာဏာအလွှဲအပြောင်းလုပ်ရမယ့် အချိန်ကာလတိုင်း အာဏာလွှဲပြောင်းရေး၊ တာဝန်အပ်နှင်းရေးဆိုင်ရာ ကိစ္စရပ်တွေကို အစိုးရအနေနဲ့ စနစ်တကျဆောင်ရွက်လုပ်ကိုင်နိုင်အောင်လည်း စီစဉ်ဆောင်ရွက် ထားတယ်လို့ နိုင်ငံတော် အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီဝင် ဦးဇော်ဌေးက ပြောပါတယ်။
အစိုးရသစ်တရပ်ဖွဲ့စည်းနိုင်တဲ့အထိ ပြည်သူ့ဆန္ဒမဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့ NLDပါတီ ဦးဆောင်မယ့် အစိုးရသစ်နဲ့ လက်ရှိအစိုးရကြား အာဏာ လွှဲပြောင်းမှုချောမွေ့စေရေး အတွက် နိုင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီတရပ်ဖွဲ့စည်းခဲ့ပြီး လက်ရှိအစိုးရနဲ့ NLD တို့အကြား တာဝန်လွှဲပြောင်းရေးဆိုင်ရာကိစ္စရပ်တွေကို ငါးကြိမ် အထိတွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် မှာ အခုဆိုရင်တော့ အာဏာလွှဲပြောင်းရေးကိစ္စ အတွက် အသင့်ဖြစ်နေပြီဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြုကော်မတီကပြောဆိုလိုက်တာပါ။
နိုင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီ က ကော်မတီ ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ကော်မတီဝင်တွေအဖြစ် ၀န်ကြီး ဦးရဲထွဋ်၊ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်းနဲ့ သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ ပါဝင်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အသွင်ကူးပြောင်းရေး အဖွဲ့ဘက်က အဖွဲ့ခေါင်းဆောင်အဖြစ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်၊ အဖွဲ့ဝင်တွေအဖြစ် ဒေါက်တာမျိုးအောင်နဲ့ ဒေါက်တာအောင်သူတို့ ပါဝင်ပါတယ်။
VOA
အကျဉ်းကျခံ အမတ်လောင်း ဆေးကုသရေး အခက်ကြုံ
![]() |
ဒေါက်တာမြတ်နုခိုင် မဲဆွယ် စည်းရုံးရေးဆင်းခဲ့စဉ်။ (FB) |
ဖြူးမြိုနယ်မဲဆန္ဒနယ်မှာ ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခါနီးမှာပဲ ထိန်းသိမ်းခံ လိုက်ရတဲ့ လက်ပံတောင်းအရေး တက်ကြွ လှုပ်ရှားသူ ဒေါက်တာမြတ်နုခိုင် ဟာ အင်းစိန်ထောင်တွင်မှာ ပုံမှန်ကုသနေကျ ဆေးဝါးတွေ မရတာကြောင့် ဆီးချိုနဲ့ သွေးတိုးရောဂါတွေ ခံစားနေရတာ လို့ ဆိုပါတယ်။ ဒီရက်ပိုင်းအတွင်း ဆီးချိုတွေ တအားတက်ပြီး သွေးကြောတွေပေါက်ကာ အမြင်အာရုံတွေချို့ယွင်းတဲ့ အထိဖြစ်နေတာကြောင့် အင်းစိန်ထောင်ဆေးရုံကနေတဆင့် အင်းစိန်မြို့နယ် ဆေးရုံကိုလွဲပြောင်းပေးခဲ့ပါတယ်။
မတ်လ၂၄ရက်နေ့မှာတော့ ရန်ကုန်ဆေးရုံကြီးကို လဲ့ပြောင်းကုသဖို့ လိုအပ်နေပေမဲ့ ငြင်းပယ်ခံခဲ့ရတယ်လို့ သူရဲ့မဲဆွယ်စည်းရုံးစဉ်က ကိုယ်စားလှယ် ဦးတင်အေးကပြောပြပါတယ်။
" ရောဂါအခံရှိတာက ဆီးချို တအားမြင့် လာတာရယ်၊ နှလုံးရယ် သွေးတိုး ရယ်ပေါ့နော်။ လက်ရှိ ရာသီဥတု အပူဒဏ်ကြောင့်လည်းပါနိုင်တယ်။ ဒါမှမဟုတ်ရင်လည်း ထိုးနေကျ၊ စားနေကျ ဆီးချိုဆေးတွေ မရတော့ ဆီးချိုမြင့်လာတယ်။ အဲ့ဒီ့အပေါ်မှာ မျက်လုံးထိသွားတယ်။ မျက်လုံးကလည်း နဂိုကတည်းကိုက အော်ပရေးရှင်းလုပ်ထားတဲ့ မျက်လုံးဆိုတော့ အခုက မမြင်မကမ်းနဲ့ ဆီးချိုမြင့်လာတဲ့အပေါ်မှာ မျက်လုံးသွေးကြောပေါက် တာ။ ထောင်ထဲမှာ ရှိတဲ့ ဆေးနဲ့လည်း မလုံလောက်လို့လေ။ ဆေးရုံကို ပို့တယ်။ ဆေးရုံမှာလည်း ဆေးဝါးမလုံလောက်တာနဲ့ အင်းစိန်ဆေးရုံကတော့ ရန်ကုန်ဆေးရုံကြီးကို လွှဲတယ်။ ထောင်အာဏာပိုင်တွေက အမိန့်တစုံတရာ မချပဲ အကျဉ်းသားမပို့ဘူးဆိုပြီး ငြင်းဆန်လိုက်တယ်။
ဒေါက်တာမြတ်နုခိုင်ရဲ့ မိသားစုဝင်များဟာနိုင်ငံခြားရပ်ခြားမှာရှိနေတဲ့အတွက် မိသားစုဝင် မဟုတ်တဲ့သူတွေ က အကျဉ်းထောင်ကို သွားရောက်တွေဆုံဖို့လည်း မလွယ်ကူလှဘူးလို့ ဆိုပါတယ်။ သူရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ အင်းစိန်ဆေးရုံကြီးက တာဝန်ရှိကျန်းမာရေးဝန်ထမ်းတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး
ဒေါက်တာမြတ်နုခိုင်ဟာ အကျဉ်းသားတယောက်ရဲ့ အခွင့်အရေး အရ ဆေးဝါး ကုသခွင့် ရရှိရမယ်လို့ လူအခွင့်ရေး လှုပ်ရှားသူ ညီမျှခြင်းမြန်မာအဖွဲ့က အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဆိုပါတယ်။
" ကျနော်တို့ လူသားတယောက် ချုပ်နှောင်ထားတဲ့အချိန်မှာ ကျန်းမာရေးကြောင့် ဆေးဝါး ကုသခွင့် ရရှိတယ်ဆိုတာကို ထောင်လက်စွဲမှာရော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းရဲ့ အပိုဒ်(၆) မှာရော အတိအလင်း ဖော်ပြထားပါတယ်။ အမှုတွေကို ရင်ဆိုင်နေရတဲ့အချိန်မှာပဲဖြစ်ဖြစ် တရားစီရင်နေတဲ့အချိန်မှာပဲဖြစ်ဖြစ် ဒီအပြစ်ဒဏ် ကျခံနေတဲ့အချိန်မှာပဲဖြစ်ဖြစ် အဲ့ဒီ့လူကို လိုအပ်သလို ဆေးဝါးတွေ စောင့်ရှောက်ခွင့် ပေးရပါမယ်။ နောက် လိုအပ်သလို ကာကွယ်စောင့်ရှောက်မှုတွေ ပေးရမယ်ဆိုတာ ထောင်ဝန်ထမ်းတွေ အားလုံး သိပြီးသားဖြစ်ပါတယ်။ တာဝန်ရှိပြီးသားဖြစ်ပါတယ်။ သူ့အသက်ကို မလိုအပ်ပဲနဲ့ သေဆုံးခြင်း မရှိအောင် သူ့ရဲ့ ကျမ်းမာရေးကို ထိခိုက်မှု မရှိအောင် စောင့်ရှောက်ပေးရမှာ အားလုံးရဲ့ တာဝန်ဖြစ်တယ်။ အစိုးရမှာလည်း တာဝန်အပြည့်အဝရှိပါတယ်။ အကျဉ်းဦးစီးဌာနမှာ တာဝန်အရှိဆုံးဖြစ်ပါတယ်ခင်ဗျ။ အခုလိုလုပ်ဆောင်ခြင်းဟာ လူသားခြင်း စာနာမှုမရှိသော လုပ်ဆောင်မှုလို့ ကျနော်ပြောချင်တယ်။ "
ထိန်းသိမ်းခံထားရတဲ့သူတွေအနေနဲ့ နာတာရှည်ရောဂါတွေရှိမယ်ဆိုရင် လုံလောက်တဲ့ဆေးဝါးတွေရရှိဖို့ လိုအပ်တယ်လို့လည်း ဦးအောင်မျိုးမင်းက ဆိုပါတယ်။
"အထူးသဖြင့် ဒီလိုဆီးချိုရောဂါဆိုတာ ပုံမှန်ဆေးသောက်ရတဲ့သူတွေဖြစ်ပါတယ်။ အခုတော့ ဆီးချိုနဲ့ပတ်သက်တဲ့ဆေးတွေလည်း သောက်ခွင့်မရှိဘူး။ ထိုးခွင့်လည်း မရှိဘူး။ ဒါကြောင့်မို့လို့ ဒီရောဂါက မျက်စိ သွေးကြောပေါက်တဲ့အဆင့် အထိရောက်သွားတယ်။ အဲ့ဒီ့တော့ အရေးပေါ်ကူညီမှုတွေ မကပဲနဲ့ လုံလောက်တဲ့ ရောဂါကို နာတာရှည်ရောဂါ ကို ပျောက်ကင်းအောင် ဆေးဝါးတွေကို သောက်သုံးခွင့်က အကျဉ်းသားတိုင်းရဲ့ အခွင့်အရေးတရပ်ဖြစ်ပါတယ်။"
ဒေါက်တာမြတ်နုခိုင်ဟာ ရွေကောက်ပွဲကို ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်အဖြစ် လျောက် ထားစဉ်က ပြစ်မူကင်းရှင်းကြောင်း အထောက်အထားတွေ ရှိခဲ့ပေမဲ့ ရွေးကောက်ပွဲနီးခါနီး အချိန်မှာတော့
သူကို တရုတ် သံရုံးရှေ့ မှာ လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားမူတွေမှာ ပါဝင်တယ်ဆိုကာ ဖမ်းဝရမ်းထုတ် ထားကြောင်းပြော ဆိုပြီး အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သူမရဲ့ရှေနေဦးသန်းဇော်အောင်က ဆိုပါတယ်။
သူမဟာ ပြည်သူလွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း ယှဉ်ပြိုင်မယ့် ပဲခူးတိုင်းဖြူးမြိုနယ် မဲဆန္ဒနယ်မှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်ဖို့အ တွက် ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးနေစဉ်မှာ ပုဒ်မ ၅၀၅ (ခ)အပါအ၀င် အမူများစွာနဲ့ အာမခံမရပဲ ထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။
မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
အလုပ်လုပ်ချိန် နည်းပါးလွန်းသော မြန်မာဝန်ထမ်းလောက [သရ၀ဏ်(ပြည်)]
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံထားရသူ သမ္မတကြီး ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်တွင် ၂၁-၃-၂၀၁၆ ရက် နံနက်တွင် မိန့်ခွန်းပြောသွားသည်။ မိန့်ခွန်းဆိုသည်ထက် မိမိတင်ပြထားသော ၀န်ကြီးဌာန ၂၁ ခု၊ ၀န်ကြီးဦးရေ ၁၈ ဦး ထားရှိရသည့်အကြောင်းကို ရှင်းလင်းတင်ပြခြင်း ဖြစ်သည်။ သမ္မတဦးထင်ကျော် စကားပြောသွားသည်မှာ အချိန်အားဖြင့် ခုနစ်မိနစ်ပဲ ရှိသည်။ တိုတောင်းသောမိန့်ခွန်း ဖြစ်သည်။ သို့သော် ထိရောက်မှုရှိသော မှတ်သားဖွယ်စကားများလည်း ပါဝင်နေသည်။ အထူးသဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ပတ်သက်၍ ဖြစ်သည်။ နောက်တက်မည့် သမ္မတ ဦးထင်ကျော်က ''ဒီနေရာမှာ တချို့ဝန်ထမ်းများက ၀န်ကြီး ဌာနများ လျော့နည်းသွားလို့ အလုပ်လက်မဲ့ဖြစ်သွားမှာကို စိုးရိမ်ကြောင်း ကြားသိရပါတယ်။ ၀န်ကြီးဌာနများကို ပေါင်းစည်းလိုက်ခြင်းအားဖြင့် ၀န်ကြီးဦးရေ လျော့နည်းသွားတာသာရှိပါတယ်။ ၀န်ထမ်းများကို သင့်တော်သလို ပြောင်းရွှေ့နေရာချထားခြင်းအားဖြင့် အလုပ်အကိုင် လုံခြုံမှုပေးမှာ ဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်းများအနေနဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနဲ့ ညီညွတ်ခြင်းရှိတဲ့အလုပ်မျိုးကိုသာ လုပ်ကိုင်မယ်ဆိုပါက အလုပ်လက်မဲ့ ဖြစ်စရာအကြောင်း လုံးဝမရှိပါကြောင်းကို ပြောကြားလိုပါတယ်''ဟု ရှင်းပြခဲ့သည်။ ထို့အပြင် ပြည်ထောင်စု အစိုးရ၀န်ကြီးဌာနအရေအတွက်နှင့် ပြည်ထောင်စုဝန်ကြီးဦးရေ လျော့နည်းသွားခြင်းအားဖြင့် နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားများအတွက် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် ဖြစ်စေ၊ အစိုးရ၏မူဝါဒများကို ဖော်ဆောင်ရာတွင်ဖြစ်စေ အချိန်နှောင့်နှေးကြန့်ကြာမှုတွေ၊ မလိုအပ်ဘဲ ငွေကုန်ကြေးကျများမှုကိုဖြစ်စေ များစွာ လျော့နည်းသွားမည်ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။ ယင်းမိန့်ခွန်းတွင် ငွေကိုသာမက အချိန်နှောင့်နှေး ကြန့်ကြာမှုဆိုသည့်စကားကိုပါ ထည့်သွင်းပြောကြားသွားခြင်းကို ၀မ်းမြောက်စွာကြားရလေသည်။ ယနေ့ခေတ်ကမ္ဘာ့စီးပွားရေးလောက၌ အချိန်သည်ငွေ (Time is Money) ဟု တင်စား ခေါ်ဝေါ်ကြသောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံလောက်အချိန်ကို မလေးစားတန်ဖိုး မထားသောနိုင်ငံ ကမ္ဘာပေါ်တွင် မရှိသလောက်နီးပါးဖြစ်နေသည်မှာ ကြာပေပြီ။
နိုင်ငံတော်က ပြဋ္ဌာန်းသတ်မှတ်ထားသော တရားဝင်အလုပ်လုပ်ချိန် ရုံးချိန်သည် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် တရားဝင်အလုပ်လုပ်ချိန်သည် တနေ့လျှင် ခုနစ်နာရီသာ ရှိလေသည်။ ထိုအထဲကမှ မွန်းလွဲ ၁၂ နာရီမှ မွန်းလွဲ ၁ နာရီအထိ ထမင်းစားနားသောကြောင့် အသားတင် အလုပ်ချိန်မှာ ၆ နာရီပဲရှိတော့သည်။ သို့သော် ထိုခြောက်နာရီကိုပင် ၀န်ထမ်းများသည် တိတိကျကျ အလုပ်လုပ်ကြပါသလားဟု မေးလာလျှင် အများစုသည် မလုပ်ကြပါဟု ဖြေရမည်ဖြစ်သည်။ နံနက် ၉ နာရီခွဲ တိတိတွင် မိမိစားပွဲတွင်ထိုင်၍ ၀န်ဆောင်မှုပေးရန် ရုံးသူရုံးသားအားလုံးသည် အမှန်တကယ် တိတိကျကျ ရှိနေကြပါသလားဟူသော မေးခွန်းကိုမေးလျှင် No ဆိုသော အဖြေကိုရလိမ့်မည်။ ၉ နာရီခွဲ ရုံးတက်သည်၊ အလုပ်စတင်သည်ဟု ပြောကြသော်လည်း ၁၀ နာရီလောက်မှ ရောက်လာသူများလည်း ရှိသည်။ ရာထူးကြီးသူများမှာ ပိုဆိုးသည်။ မန်နေဂျာ၊ ဦးစီးမှူးဆိုသူများကို အလုပ်ကိစ္စဖြင့်တွေ့ချင်လျှင် သူရှိနေရမည့်နေရာ၊ သူရှိနေရမည့်အချိန်တွင် ရှိကိုရှိနေပါမည်ဟု ကံသေကံမ မပြောနိုင်တာတွေများသည်။ ဦးစီးမရှိဘူး၊ မန်နေဂျာမရှိဘူး နေ့လယ်ပြန်လာချင်လည်းလာမည်၊ လာချင်မှလည်း လာမည်၊ ဘယ်သွားသလဲ မမေးနှင့်၊ ဘယ်အချိန်ပြန်လာမလဲ မသိချင်နှင့်၊ စောင့်ဖို့က ပြည်သူလူထုတာဝန်၊ လာချင်လာမည် မလာချင်လျှင် ဂေါက်ကွင်းသို့ ဆက်သွားဖို့က အရာရှိတို့တာဝန် ဖြစ်သည်။ မဆလ ခေတ်က ကျွန်တော့်ဦးလေးတယောက်သည် ရန်ကုန်မြို့ ကျန်းမာရေး ၀န်ကြီးဌာန တီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့တွင် ၀န်ထမ်းတယောက် ဖြစ်သည်။ သူ့ကို ဌာနမှ B.S.A မော်တော်ဆိုင်ကယ်တစီး ပေးထားသည်။ သူ၏တာဝန်မှာ တီဘီရောဂါဖြစ်ပွား၍ ဆေးကုသမှုခံယူနေရသော လူနာများကို နေ့စဉ်အိမ်ပေါက်စေ့လိုက်ကြည့်ကာ ဆေးမှန်မှန်သောက်ဖို့ နှိုးဆော်ရသောအလုပ်ဖြစ်သည်။ ရည်ရွယ် ချက်ကတော့ ကောင်းသည်။ တီဘီဆေးမှာ ခြောက်လ၊ တနှစ် စသည်ဖြင့် နေ့စဉ်မှန်မှန် ဆေးသောက်ပါမှ ပျောက်ကင်းသောရောဂါ ဖြစ်သည်။ ဆေးသောက်ပျက်၍ မရပေ။
လူနာများကို နေ့စဉ်မှန်မှန် ဆေးသွားတိုက် ခြင်းဖြင့် ရောဂါအမြစ်ပြတ် ကုသနိုင်မည်ဖြစ် သည်။ သို့သော် ကျွန်တော့်ဦးလေး သည် လူနာများဆီသို့ သွားသည်မရှိဘဲ သူ့ဆိုင် ကယ်ကို ကိုယ်ပိုင်လုပ်ငန်းဖြစ်သည့် နွားနို့ ရောင်းချခြင်းလုပ်ငန်းမှာပဲ အလွဲသုံးတာ သူ သက်ပြည့်ပင်စင် ယူသည်အထိ ဖြစ်လေ သည်။ သူ့အိမ်မှ ထောက်ကြန့်နွားမွေးခြံသို့ နွားနို့သွားယူခြင်း၊ နွားနို့များကို ရန်ကုန် မြို့လမ်းမတော်မြို့နယ်တွင် အိမ်များသို့ လိုက်လံပို့ဆောင်ခြင်းများကိုသာ နိုင်ငံတော်မှ ပေးထားသော မော်တော်ဆိုင်ကယ်၊ နိုင်ငံတော်၏ အချိန်တို့ကိုသုံးကာ ပြုမူနေပါသည်။ သို့သော်လည်း အထက်ကိုပိုင်အောင် (လက်ဆောင်များများ ပေးကာ) ပေါင်းထားသောကြောင့် မည်သည့်ပြဿနာမှမတက် ခဲ့ပါ။ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများ၏ အလုပ်ချိန်ဆိုသည်မှာ အတော်ကိုပြောရခက်သော ကိစ္စဖြစ်သည်။ တနေ့ ခုနစ်နာရီခွဲဆိုသော တရားဝင်အလုပ်ချိန်တွင် ထမင်းစားခြင်း၊ လက်ဖက်ရည်ဆိုင်ထွက်ထိုင်ခြင်း၊အကြောင်း အမျိုးမျိုးပြ၍ အပြင်ထွက်ခြင်း၊ စကားထိုင်ပြောခြင်း၊ ကိုယ်ရေးကိုယ်တာကိစ္စများ ရုံး တွင်ဆောင်ရွက်ခြင်း၊ ဖုန်းပြောနေခြင်း၊ ဖေ့စ်ဘွတ်ကြည့်နေခြင်း၊ Chatting ရိုက်ခြင်း၊ ၀တ္ထုစာအုပ်ဖတ်နေခြင်း စသော အချိန်များကို နုတ်လိုက်လျှင် အလုပ်လုပ်ချိန်မှာ တယောက်လျှင် တနေ့ နှစ်နာရီပင် မရှိသောလူများလည်း ဒုနဲ့ ဒေးဖြစ်သည်။ မြန်မာနိုင်ငံတွင် အစိုးရ၀န်ထမ်းများ တနေ့အလုပ်လုပ်ချိန် ခုနစ်နာရီသတ်မှတ်ထားပြီး တပတ်လျှင် ငါး ရက်အလုပ်လုပ်ရသဖြင့် တရားဝင်အလုပ်လုပ်ချိန်မှာ ရက်သတ္တတပတ်လျှင် ၃၅ နာရီ ဖြစ်သည်။ ထမင်းစားနားချိန် ၁ နာရီကိုနုတ်လိုက်လျှင် ရက်သတ္တပတ်လျှင် အလုပ်လုပ်ချိန် နာရီ ၃၀ သာရှိသည့်သဘောဖြစ်သည် (ရှေ့တန်းရောက် တပ်မတော်သားများ၊ ပြည်သူ့ရဲများ၊ ဆေးရုံမှတာဝန်ကျ ဆရာဝန်များ၊ သူနာပြုများ၊ မီးသတ် ရဲဘော်များ၊ ဧည့်လမ်းညွှန်များ၊ အထည်ချုပ်စက်ရုံအလုပ်သမားများ စသည်တို့၏အလုပ်ချိန်ကတော့ ထို့ထက်ပို၍များနိုင်ပါသည်)။ နိုင်ငံတကာတွင်တော့ တရားဝင်အလုပ်လုပ်ချိန်မှာ ခုနစ်ရက်တပတ်လျှင် နာရီပေါင်း ၄၀ မှ ၄၄ နာရီ ဖြစ်ပါသည်။ စင်ကာပူနိုင်ငံ၏ အလုပ်လုပ်ချိန်မှာ တနင်္လာမှ သောကြာထိနေ့စဉ် နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ၊ တဖန် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိဖြစ်သည်။ တနေ့ ခုနစ်နာရီ အသားတင်အလုပ်လုပ်ချိန်ဖြစ်သည်။ နေ့လယ်စာစားချိန်ပါ ထည့် ပေါင်းလျှင် တနေ့ရှစ်နာရီ၊ ရက်သတ္တပတ်လျှင် နာရီပေါင်း ၄၀ ဖြစ်သည်။
နိုင်ငံတကာတွင် အလုပ်ချိန် တနေ့ ရှစ်နာရီ (သို့မဟုတ် ခုနစ်နာရီ) ဆိုသော်လည်း အလုပ်စ၀င်သောအချိန်ကို အချိန်မှတ်စက်(timer slot) ထဲသို့ကတ်ပြားထည့်ပြီး အလုပ်ပြီးချိန်တွင် တခါ စက်ထဲကတ်ပြားထည့်ရသဖြင့် မြန်မာပြည်မှာကဲ့သို့ ဟိုလိုလိုသည်လိုလိုနှင့် လိမ်၍မရပေ။ တကယ်လုပ်ပြီး လုပ်ခလစာနှင့် ခံစားခွင့်ကို တကယ်ပေးကြခြင်း ဖြစ်သည်။ မြန်မာပြည်၏ လုပ်ခလစာသည် နိုင်ငံခြားမှာလောက် မရတာသေချာပါသည်။ သို့သော်ဒါသည် သီးခြားဆွေးနွေးရမည့်ကိစ္စ ဖြစ်သည်။ လစာနည်းသဖြင့် အလုပ်မလုပ်ဘူးဆိုတာကတော့ မဖြစ်သင့်သောကိစ္စဖြစ်သည်။ ယခုလက်ရှိ နေရာသို့ ရောက်ရှိနေသော အလုပ်တာဝန်သည် ၀န်ထမ်းများ ကိုယ်တိုင် ရွေးချယ်ခဲ့သောဘ၀ဖြစ်သဖြင့် တာဝန်ကျေစွာ ထမ်းဆော်ဖို့တာဝန်ရှိလေသည်။ မြန်မာနိုင်ငံ၌ဖြစ်နေသည်မှာ ဥပဒေစိုးမိုးမှုနှင့် တရားစီရင်ရေးစနစ် အားနည်းချက်ကြောင့် လုပ်ငန်းခွင်တွင် အထက်လူကြီးဆိုသူကို လိုတာ ထက်ပိုကြောက်နေကြရခြင်းဖြစ်သည်။ ဥပဒေအရ ခိုင်းပိုင်ခွင့်မရှိသော်လည်း အထက်လူကြီးဆိုသူက အမိန့်ပေးလျှင် ဥပဒေရှိရှိမရှိရှိ လိုက်လုပ် ပေးရတာပဲဖြစ်သည်။ ထို့ကြောင့် ဆရာ၊ ဆရာမများ နွေကျောင်းပိတ်ရက်တွင် ဖုန်းဂျူတီစောင့်ရခြင်း၊ လုံခြုံရေးတာဝန်ယူရခြင်းစသည့် မိမိ အဓိက တာဝန်နှင့်မဆိုင်သော အလုပ်များကိုပါ ထည့်သွင်းလုပ်ဆောင်ရခြင်း၊ အခြားဝန်ထမ်းများမှာလည်း အထက်လူကြီးက နှုတ်မိန့်ဖြင့် ခိုင်းသောကိစ္စများကို နိုင်ငံ့ဝန်ထမ်းအလုပ်နှင့် ဆိုင်ဆိုင်မဆိုင်ဆိုင် လုပ်နေရသည်များလည်း ရှိပေသည်။ ထို့ကြောင့် ထိုအရာများကိုလည်း နောက်တက်မည့်အစိုးရသည် နားလည်သဘောပေါက်ကာ အောက်ခြေ၀န်ထမ်းများကိုရော၊ အထက်လူကြီးဆိုသည့် အရာရှိများကိုရော တိတိကျကျ တင်းတင်းကျပ်ကျပ်ကိုင်တွယ်ရမည် ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလို သူများ ခြေတလှမ်းလှမ်းရင် ကျုပ်တို့က ခြေလှမ်းသုံးလေးလှမ်းလောက်လှမ်းကာမှ တော်ကာကြလိမ့်မယ်ဆိုသည့် စကားသည်မှန်လှပေ၏။ ယခုသော်ကား မြန်မာနိုင်ငံဝယ်ဖြစ်နေသည်မှာ ဒေသတွင်းနိုင်ငံများနှင့် တကမ္ဘာလုံးက ခြေလှမ်းသုံးလေးငါးလှမ်း လှမ်းနေကြချိန်တွင် ကိုယ်ကခြေတလှမ်းကို လေးတိလေးကန် သွားနေကြသည်နှင့် တူပေ၏။ သူများကို လိုက်မီဖို့ဝေးစွ တဖြည်းဖြည်းနှင့် အများက ကျော်တက်သွားခြင်းကို သာခံကြရမည် ဖြစ်သည်။
ကျွန်တော်တို့နိုင်ငံ၏ သူများထက် ထူးခြားနေသောကိစ္စမှာ ကမ္ဘာတွင် တရားဝင်ရုံးပိတ်ရက်(Public Holidays) အများဆုံးရှိသော နိုင်ငံအဖြစ် ကမ္ဘာ့စံချိန်တင်ထားခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် တနှစ်တာအတွင်း တရားဝင် ရုံးပိတ်ရက် အနည်းဆုံးနိုင်ငံအဖြစ် ယူကေနိုင်ငံက ၁၀ ရက် သာရှိပြီး စံချိန်တင်ထားသလို၊ တနှစ်တာ ရုံးပိတ်ရက် အများဆုံးအဖြစ် အာဂျင်တီးနားနိုင်ငံက ၁၈ ရက်ဖြင့် ဗိုလ်ဆွဲနေရာမှ မြန်မာနိုင်ငံက စစ်အစိုးရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်တွင် သင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက် ဆယ်ရက်သတ်မှတ်လိုက်ခြင်းဖြင့် တနှစ်တာ တရားဝင်ရုံးပိတ် ရက် ၂၃ ရက်အထိဖြစ်သွားပြီး (အလုပ်မလုပ်သည့်ဘက်တွင်) ကမ္ဘာ့စံချိန် ချိုးလိုက်ပါတော့သည်။ ကမ္ဘာ့နိုင်ငံများ၏ တနှစ်အတွင်း တရားဝင်ရုံး ပိတ်ရက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
ယူနိုက်တက်ကင်းဒမ်း ၁၀ ရက်
ဂျပန် ၁၅ ရက်
တရုတ် ၁၁ ရက်
စင်ကာပူ ၁၄ ရက်
E.U နိုင်ငံများ (ပျမ်းမျှ) ၁၁ ရက်
အာဂျင်တီးနား ၁၈ ရက်
မြန်မာ ၂၅ ရက်
ဤဇယားကိုကြည့်လျှင် မြန်မာနိုင်ငံသည် မလိုအပ်ဘဲ Public Holidays များကို လိုတာထက်ပိုပြီး သုံးထားကြောင်း တွေ့နိုင်လေသည်။ တနိုင်ငံလုံး အလုပ်မလုပ်ဘဲ ၂၅ ရက် ရပ်နားလိုက်ခြင်းမှာ တပြည်လုံး၏ ကုန်ထုတ်စွမ်းအားကို ကျဆင်းစေပါသည်။ အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံ များတွင် ၃ ရက်ထက်ပို၍ ပိတ်လေ့မရှိသော ဘဏ်လုပ်ငန်းများကို ဆယ်ရက် + စနေ + တနင်္ဂနွေ = ၁၂ ရက်တိတိ ပိတ်ထားလိုက်ခြင်းကား နိုင်ငံတကာတွင် လုံးဝမဖြစ်နိုင်သောကိစ္စ ဖြစ်သည်။ ငွေပေးငွေယူအားလုံး၊ လုပ်ငန်း များအားလုံး ရပ်ဆိုင်းသွားစေနိုင်သော ရုံးပိတ်ရက်ရှည်ကြီးဖြစ်သည်။ သင်္ကြန်ရုံးပိတ်ရက်မတိုင်ခင် ၃ ရက်ခန့်နှင့် သင်္ကြန်အပြီး ရုံးပြန်ဖွင့်စ သုံးရက်လောက်မှာလည်း စွမ်းအားပြည့်လုပ်ငန်းမလည်ပတ်နိုင်ကြဘဲ ဟိုလိုလို သည်လိုလိုလုပ်နေကြသဖြင့် တကယ်တမ်း ဧပြီတလလုံး၏ အလုပ်လုပ်နိုင်သောရက်မှာ စနေ၊ တနင်္ဂနွေ များကိုပါ ထပ်ဖယ်လိုက်လျှင် အလုပ်ချိန် ၁၀ ရက်ခန့်သာရှိတော့သဖြင့် တိုင်းပြည်အတွက် အလွန်နစ်နာ လှပါသည်။ တရားရုံးများလည်း ရပ်နားထားသဖြင့် အမှုရင်ဆိုင်နေရသော အချုပ်သားများမှာမလိုအပ်ဘဲ အကျဉ်းထောင်ထဲတွင်နေရခြင်း၊ အမှုမှာ မကြာသင့်ဘဲ ကြန့်ကြာခြင်းစသော ဒုက္ခများကိုလည်း နှစ်စဉ်ခံစားရပေ သည်။ သင်္ကြန်ကာလအတွင်း ဆိပ်ကမ်းအာဏာပိုင် (Port Authority) ရုံးများလည်း ပိတ်ထားသောကြောင့် သင်္ဘောကုန်တင်ကုန်ချလုပ်ငန်းများ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများလည်း ရပ်ဆိုင်းသွားပေလိမ့်မည်။ တကယ် တော့ နိုင်ငံခြားတိုင်းပြည်များတွင် ခွင့်ပေးသောပုံစံမှာ ၀န်ထမ်းတဦးချင်းအလိုက် လုပ်သက်ကိုမူတည်၍ တနှစ်လျှင် လစာပြည့်ခွင့် ၁၄ ရက်မှ ၂၈ ရက်အထိရကြပေသည်။ တယောက်နှင့်တယောက် ခွင့်ရသောနေ့ မတူညီသောကြောင့် (သင်္ကြန်ရုံးပိတ်ရက် ၁၂ ရက်ကဲ့သို့) တပြိုင်နက်တည်း တနိုင်ငံလုံး၏အစိုးရယန္တရားကို ရပ်နားထားဖို့မလိုအပ်ချေ။ ကျွန်တော်တို့နိုင်ငံတွင်လည်း ဖောင်းပွနေသော အစိုးရရုံးပိတ်ရက်များကို လျှော့ချပြီး ၀န်ထမ်းတဦးချင်းအလိုက် နှစ်ပတ်လည် ခွင့်ရက်ရှည်များကို ပေးသင့်လေသည်။ ၂၀၁၆ မြန်မာအစိုးရရုံးပိတ်ရက်စာရင်းတွင် ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့ ရုံးပိတ်ရက်နှင့် ၀ါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့သည် တနေ့တည်းကျနေသဖြင့် ရုံးပိတ်ရက်နှစ်ရက်တခုတည်း ဖြစ်သွားသဖြင့် ပိတ်ရက်ပေါင်းမှာ ယခုနှစ်အတွက် ၂၄ ရက်ဖြစ်သွားပါသည်။ ယခုအခါ ၂၀၁၆ ခုနှစ်အတွက် အစိုးရမှ တရားဝင် သတ်မှတ် ပေးသော ရုံးပိတ်ရက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ ဇန်န၀ါရီ ၄ လွတ်လပ်ရေးနေ့
၂။ ဖေဖော်ဝါရီ ၁၂ ပြည်ထောင်စုနေ့
၃။ မတ်လ ၂ တောင်သူလယ်သမားနေ့
၎။ မတ်လ ၂၃ တပေါင်းလပြည့်နေ့
၅။ မတ်လ ၂၇ တပ်မတော်နေ့
၆။ ဧပြီ ၁၁ မှ ၂၀ သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက် (၁၀ ရက်)
၇။ မေလ ၁ အလုပ်သမားနေ့
၈။ ဇူလိုင် ၁၉ အာဇာနည်နေ့ + ၀ါဆိုလပြည့် (ဓမ္မစကြာနေ့)
၉။ အောက်တိုဘာ ၁၆ သီတင်းကျွတ်လပြည့် (အဘိဓမ္မာနေ့)
၁၀။ နိုဝင်ဘာ ၁၄ တန်ဆောင်မုန်းလပြည့်နေ့
၁၁။ နိုဝင်ဘာ ၂၄ အမျိုးသားနေ့
၁၂။ ဒီဇင်ဘာ ၂၅ ခရစ္စမတ်နေ့
၁၃။ ဒီဇင်ဘာ ၂၉ ကရင်နှစ်သစ်ကူးနေ့
၁၄။ ဘဂ္ဂရီးအိဒ်နေ့
၁၅။ ဒီပါဝလီနေ့
အားလုံးပေါင်းလိုက်လျှင် ၂၄ ရက်ဖြစ်သည်။ တိုင်းရင်းသားနယ်မြေများတွင် တိုင်းရင်းသားနေ့များပိတ်သဖြင့် ထို့ထက်ပိုပါမည်။ အာဇာနည်နေ့နှင့် ၀ါဆိုလပြည့်နေ့သာ တနေ့ထဲမကျပါက ရုံးပိတ်ရက်ပေါင်းမှာ စနေ၊ တနင်္ဂနွေမပါ ၂၅ ရက်ရှိမည်ဖြစ်သည်။ ဂျာမဏီနိုင်ငံမှ ရန်ကုန်တွင် ခရီးသွားကုမ္ပဏီလာဖွင့်သော ဂျာမန်မကြီးက နင်တို့နိုင်ငံမှာရုံးတွေ ခဏခဏပိတ်နေတာ အလုပ်ကောလုပ်ကြဦးမှာလားဟု ကျွန်တော့်ကို မေးဖူးပါသည်။
မြန်မာနိုင်ငံသည် တိုင်းပြည်ကလည်းဆင်းရဲ၊ နိုင်ငံ့ဝန်ထမ်းများကလည်း အလုပ်ချိန်အပြည့်မလုပ်ဘဲ ခိုကြကပ်ကြ၊ တနှစ်တာတွင် ရုံးပိတ်ရက်ကလည်း ကမ္ဘာတွင် အများဆုံးဖြစ်နေရာ ဤအတိုင်းဆက်သွားလျှင် အ၀ီစိအထိအောက်သို့ ဇောက်ထိုးမိုးမျှော်ကျပြီးရင်းကျဖို့သာ ရှိတော့သည်။ ယခုအခါ သမ္မတလောင်းဦးထင်ကျော်၏ ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားသော ခုနစ်မိနစ်တာမိန့်ခွန်းတိုတွင် အချိန်နှောင့်နှေးကြန့်ကြာမှုမဖြစ်စေရေးဆိုသော စကားတခွန်းပါလာသဖြင့် တိုင်းပြည်အတွက် အားတက်မိပေ သည်။ အချို့ဝန်ထမ်းလောကတွင်လည်း NLD ဦးဆောင်သည့် အစိုးရသစ်တက်လာလျှင် ၂၀၁၆ ဧပြီလ ၁ ရက်နေ့မှစကာ အစိုးရရုံးအလုပ်ချိန်များကို မနက် ၈ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ လုပ်ကြရမည်ဟူသော ကောလာဟလစကားတို့ ပျံ့နှံ့နေပါသည်။ သင့်တော်သောအလုပ်ချိန်ကို သမ္မတကြီးမှ သတ်မှတ်ကြေညာပေးရမည် ဖြစ်သည်။ မလိုအပ်သော သင်္ကြန်ရုံးပိတ်ရက်ရှည်များကို ကန့်သတ်ပေးသင့် ပေသည်။ ထိုအရာများကို အစိုးရသစ်သက်တမ်းရက် ၁၀၀ အတွင်း ဖိဖိစီးစီးဆောင်ရွက်သင့်ပါသည်။ စစ်အစိုးရ လက်ထက်က ''တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်လုပ်''ဟူသော ဆောင်ပုဒ်များရုံးအားလုံးတွင် လူမြင်အောင်ကပ်ထားသည်မှတပါး ဘာမှထူးမလာသောအဖြစ်မျိုးလိုတော့ မဖြစ်စေချင်ပါကြောင်း။
သရ၀ဏ်(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
NCA လက်မှတ်ရေးထိုးသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ ဦးဆောင်ကော်မတီ ဖွဲ့စည်း
၂၀၁၆ မတ် ၂၄ ရက်မှ ၂၆ နေ့အထိ မြန်မာ အစိုးရ နှင့် NCA တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်း ရင်းသား လက်နက် ကိုင် တပ်မတော် ၈ ခု မှ ထိပ်သီးခေါင်းများ ထိုင်းနိုင် ငံမြောက်ပိုင်း ချင်းမိုင်မြို့၌ တွေ့ဆုံ ဆွေးနွေးကြသည် ။
![]() |
RCSS/SSA ပြောရေးဆိုခွင့် ဗိုလ်မှူးကြီး စိုင်းလှ |
“ ကျနော်တို့က လုပ်ငန်းတွေကို ပူးတွဲ တာဝန်ယူနိုင်ဖို့ ဘယ်လိုလုပ်ဆောင် မလဲ ၊ အရေးပေါ် လုပ်ငန်း ပေါ်ပေါက်လာရင် ပူးတွဲဖြေရှင်းနိုင်ဖို့ ကျနော်တို့ Coordinating Team ဖွဲ့ထားတယ် ။ ဒါပေမဲ့ဒီ အဖွဲ့က အားလုံးမခြုံငုံနိုင်ဘူး ။ အဲဒီ့ထက်ပိုထိရောက်အောင် ဦးဆောင်အဖွဲ့ဖွဲ့တယ် ၊ နောက်တခု က NCA စာချုပ်မှာပါတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အတွက် ဘယ်လို လုပ်ဆောင်မလဲ စတာတွေ ပြင်ဆင်တယ်။ ဆွေးနွေးတယ် ။ ” - ဟု ထိပ်သီး အစည်းအဝေး တက်ရောက်သည့် RCSS/SSA ပြောရေးဆိုခွင့် ဗိုလ်မှူးကြီး စိုင်းလှ က ပြောသည် ။
ထို့အတူ NCA စာချုပ်လက်မှတ်မထိုးသေးသည့် တပ်ဖွဲ့များနှင့်ဝင်ထွက် ဆက်ဆံဖို့ ကော်မတီ တရပ်လည်း ဖွဲ့စည်းထားသည်ဟုဆိုသည် ။
အဆိုပါ ဖွဲ့စည်းထားသည့် ကော်မတီသည် NCA စာချုပ်လက်မှတ်မထိုးသေး သည့် တပ်ဖွဲ့များ အများစု ပါဝင်သည့် UNFC နှင့် လာမည့်မတ် ၂၇ ရက်နေ့ တွင် တွေ့ဆုံဆွေးမှု ရှိသည်ဟု သိရသည် ။
NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့၏ ဒုတိယ အကြိမ်မြောက် ထိပ်သီးအစည်းအဝေး သို့ ကရင် အမျိုးသား အစည်းအရုံး (KNU) ၊ ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) ၊ ကရင် အမျိုးသား အစည်းအရုံး / ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် - ငြိမ်းချမ်းရေး ကောင်စီ (KNU / KNLA-PC) ၊ ရခိုင် လွတ်မြောက်ရေး ပါတီ (ALP) ၊ ချင်းအမျိုးသား တပ်ဦး (CNF) ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ် (PNLO) ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ / ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) (RCSS/ SSA) တို့ တက်ရောက်ကြသည် ။
သျှမ်းသံတော်ဆင့်
သြဇာကြီး ကမ္ဘာ့ခေါင်းဆောင် စာရင်း ဒေါ်စု တတိယနေရာရှိ
နယူးယောက်အခြေစိုက် Fortune မဂ္ဂဇင်းကနေ ၂၀၁၆ ခုနှစ် သြဇာကြီးမားတဲ့ ကမ္ဘာ့ခေါင်းဆောင်စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။
ဒီစာရင်းမှာဖော်ပြခံရသူတွေ ဟာ ထင်ရှားတဲ့သူတွေဖြစ်နိုင်သလို တချို့ကလည်း
နာမည်ကျော်ကြားခြင်း မရှိပေမယ့် လူသားအကျိုးပြုလုပ်ငန်းတွေကို တနည်းနည်းနဲ့
လုပ်ကိုင်ပေးနေသူတွေဖြစ်ကြ ပါတယ်။
ဒီနှစ်
စာရင်းထဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က
တတိယနေရာမှာ ရှိနေပြီး အမေဇုံ အွန်လိုင်းကုမ္ပဏီ ဦးဆောင်ညွှန်ကြားရေးမှုး
Jeff Benzos က ပထမနေရာနဲ့ ဂျာမဏီဝန်ကြီးချုပ် Angela Merkel တို့က ဒုတိယနေရာ မှာ အသီးသီးရှိနေကြတာပါ။
အမေဇုံ
အွန်လိုင်းကုမ္ပဏီ ဦးဆောင်ညွှန်ကြားရေးမှုး Jeff Benzos ကသူ့ရဲ့ သူမတူတဲ့
ဦးဆောင်မှုစွမ်းရည်ကြောင့် ရွေးချယ်ခံရတာဖြစ်သလို၊ ဥရောပနိုင်ငံရေးမှာ ၁၀
စုနှစ် နဲ့ချီကြာအောင် လွှမ်းမိုးခဲ့တဲ့ ဂျာမဏီဝန်ကြီးချုပ် Angela Merkel ကတော့ ရွှေ့ပြောင်း ဒုက္ခသည် ၁ သန်းကျော်ကို ကယ်တင်ပေးခဲ့သူလည်းဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကတော့ ဘယ်သူကမှ မျှော်မှန်းမထားတဲ့ ရာစုနှစ်ဝက်ကြာအောင် ပိတ်ပင်ခံထားရတဲ့ မြန်မာ့ဒီမိုကရေစီရေးလမ်းကြောင်းကို ဦးဆောင်ပြောင်းလဲပေးခဲ့သူအဖြစ် Fortune မဂ္ဂဇင်းကဖော်ပြပါတယ်။
ဒါ့အပြင်
နှစ်စဉ်နှစ်တိုင်း Fortune မဂ္ဂဇင်းရဲ့  ထင်ရှားသူစာရင်းတွေမှာပါလေ့ရှိတဲ့
ပုဒ်ရဟန်းမင်းကြီး ဖရန်စစ်က နံပါတ် လေးနေရာမှာဖြစ်ပြီး Apple
ကုမ္ပဏီအကြီးအကဲ Tim Cook ကနံပါတ် ၅ နေရာမှာ အသီးသီးဖော်ပြခံ
ထားရတာဖြစ်ပါတယ်။
VOA
အစိုးရသစ်လက်ထက် ဘာသာရေး၊ လူမျိုးရေး ပြဿနာမဖြစ်အောင် ရက်ပေါင်း ၁၀၀ အတွင်း ညှိနှိုင်းသွားမည်
သူရ ဦးအောင်ကို |
အစိုးရသစ်လက်ထက်မှာ ဘာသာရေး၊ လူမျိုးရေး ပြဿနာတွေ မဖြစ်အောင် ရက်ပေါင်း ၁၀၀ အတွင်း ညှိနှိုင်းသွားမယ်လို့ သူရ ဦးအောင်ကိုက ပြောပါတယ်။
မတ်လ ၂၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည့်အပါအ၀င် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူမယ့်သူတွေ တွေ့ဆုံအပြီးမှာ ပြောလိုက်တာပါ။
“သာသနာရေးက သာမာန်အားဖြင့် ကြည့်လိုက်ရင် သာသနာရေးပဲ။ သို့သော် သာသနာရေးနဲ့ ပတ်သက်တဲ့ ဖြစ်စဉ် ဖြစ်ရပ်တွေဟာ တခါတရံ နိုင်ငံရေး ဖြစ်သွားတတ်တယ်။ အစိုးရသစ်ရဲ့ လုပ်ငန်းဆောင်တာတွေ စလုပ်တဲ့အခါ အောင်မြင်စေလိုတဲ့ ပြည်သူပြည်သားတွေ၊ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာတွေ ရှိသလိုပဲ မအောင်မြင်စေချင်တဲ့၊ ခေတ်နောက်ပြန်ဆွဲချင်တဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတချို့ကလည်း ရှိကောင်းရှိနိုင်ပါတယ်။ ရှိနိုင်တဲ့အခါကျတော့ တိုင်းပြည်၊ လူမှုအဖွဲ့အစည်းထဲမှာ မငြိမ်မသက်ဖြစ်အောင် လုပ်မှာ မရှိဘူးလို့ မပြောနိုင်ဘူး၊ ရှိလာနိုင်တယ်” လို့ သူရ ဦးအောင်ကိုက ပြောပါတယ်။
သူဟာ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီးအဖြစ် တာဝန်ယူရမယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။
အစိုးရသစ်နဲ့ သံဃာ့အဖွဲ့အစည်းကြားမှာ နားလည်မှုရှိအောင် ပထမဆုံး ရက် ၁၀၀ အတွင်း လုပ်မယ်လို့ သူက ဆိုပါတယ်။
“တိုင်းရင်းသားတွေ ကိုးကွယ်တဲ့ ခရစ်ယာန် ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူ ဘာသာသနာ၊ အဲဒီအပြင် တခြားပေါ့ ဘာသာငယ်တွေ ရှိပါသေးတယ်။ ဒါကိုလည်း ထိတွေ့ပါမယ်။ ပြီးရင် အဓိက ဘာသာကြီး လေးရပ်က စိတ်ဝမ်းမကွဲကြေး၊ သူများသွေးထိုး သွေးခွဲတိုင်းလည်း မယုံကြည်ဖို့အတွက်၊ ဥပေက္ခာ ပြုဖို့အတွက်၊ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အတွက် အစီအမံ ရေးဆွဲဖို့ အတွက်လည်း လုပ်ပါမယ်။”
ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီရဲ့ အစိုးရ အဖွဲ့သစ်ဟာ မတ်လ ၃၀ ရက်နေ့မှာ ကျမ်သစ္စာဆိုမှာ ဖြစ်ပြီး ဧပြီ ၁ ရက်နေ့ တာဝန်တွေ စတင်တော့မှာ ဖြစ်ပါတယ်။
DVB
တိုင်းရင်းသားတွေအပေါ် စေတနာမှန်ရင် ဖွဲ့စည်းပုံပြင်ရပါမယ်
သမ္မတဦးထင်ကျော် အစိုးရသစ်လက်ထက်မှာ ပြည်ထောင်စုအစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတခုကို တိုးချဲ့ဖို့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးဖြစ်တာကြောင့် ၀န်ကြီးဌာနအသစ်တခုကို မကြာမီကာလအတွင်း တွေ့မြင်ကြရနိုင်ဖွယ်ရှိပါတယ်။ ဒီပြည်ထောင်စုအဆင့် ၀န်ကြီးဌာနကို ပထမအကြိမ် လွှတ်တော်သက်တမ်းမှာ ဆွေးနွေးအတည်ပြုခဲ့တဲ့ ဥပဒေအရ အကောင်အထည်ဖော်နိုင်တာဖြစ်ပါတယ်။
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့တဲ့ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဥပဒေမှာ ပြည်ထောင်စုအစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တိုင်းရင်းသားလူမျိုးများရေးရာ ၀န်ကြီးဌာန၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးတွေ ဖွဲ့စည်းဆောင်ရွက်ဖို့ပါရှိပါတယ်။
ပြည်ထောင်စုဝန်ကြီးကို သမ္မတက အဆိုပြုပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုရမှာ ဖြစ်ပါတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးကို သမ္မတအဆိုပြုပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က အတည်ပြုရမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းက ရွေးကောက်တင်မြှောက်ခံ သမ္မတဦးထင်ကျော်က တိုင်းရင်းသားရေးရာဝန်ကြီးဌာနဖွဲ့စည်းဖို့နဲ့ တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် နိုင်သက်လွင် (ကာယကံရှင်ပြောကြားချက်) ကို အဆိုပြုရာမှာ ကန့်ကွက်သူမရှိ သဘောတူခဲ့ပြီးဖြစ်တာကြောင့် ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနကို အခြားပြည်ထောင်စုအဆင့် ၀န်ကြီးဌာနများကဲ့သို့ ဖွဲ့စည်းကြရတော့မှာဖြစ်ပါတယ်။ (စကားချပ်။ ။ ဥပဒေတွင် ‘တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန’ ဟု အမည်ပါရှိသော်လည်း ‘လွှတ်တော်က အတည်ပြုချက်တွင် တိုင်းရင်းသားရေးရာဝန်ကြီးဌာန’ ဟု ‘လူမျိုးများ’ ဆိုသည့်စကားရပ် မပါရှိသည်ကို တွေ့ရသည်)
ဥပဒေရဲ့အထွေထွေအခန်းမှာ ပြဋ္ဌာန်းချက်အရ တိုင်းရင်းသားရေးရာပြည်ထောင်စုဝန်ကြီးဟာ နိုင်ငံတော် သို့မဟုတ် အများပြည်သူတို့နဲ့ သက်ဆိုင်တဲ့ အရေးကြီးသော တိုင်းရင်းသားလူမျိုးများဆိုင်ရာ အခြေအနေကို ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တွေမှာ အခါအားလျော်စွာ တင်ပြရမယ်လို့ ပြဋ္ဌာန်းထားတာကြောင့် အများပြည်သူအဖို့ တိုင်းရင်းသားရေးရာကိစ္စတွေကို အရင်ကာလတွေကထက် ပိုမိုသိရှိနိုင်မှာဖြစ်ပါတယ်။
တိုင်းရင်းသားလူမျိုးတွေရဲ့ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ၊ စီမံကိန်းကြီးတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ သဘာဝသယံဇာတလုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်မယ်ဆိုရင် စီမံကိန်းအကြောင်းအရာတွေကို သက်ဆိုင်ရာဌာနေ တိုင်းရင်းသားလူမျိုးတွေကို ပြည့်စုံတိကျစွာကြိုတင်ချပြ အသိပေး၍ ညှိနှိုင်းဆောင်ရွက်ရမယ်လို့ ဆိုတဲ့ အပိုဒ်ကိုလည်း ထည့်သွင်းထားတာတွေ့ရပါတယ်။ ဒီဥပဒေပါအချက်ကို အကောင်အထည်ဖော်နိုင်ခဲ့ရင်တော့ တိုင်းရင်းသားဒေသက သယံဇာတကို ဒေသခံတွေ မခံစားရဘူးဆိုတဲ့ မကျေနပ်ချက်တွေကို တစုံတရာ ပြေလျော့နိုင်ဖွယ်ရှိပါတယ်။
ရှမ်းတိုင်းရင်းများဒီမိုကရေစီအဖွဲ့ချုပ်ပြောခွင့်ရသူ ဦးစိုင်းလိတ်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁ (က) အရ နိုင်ငံသားတိုင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးထားတဲ့ အခွင့်အရေးအကုန်လုံးကို တန်းတူညီမျှ ခံစားပိုင်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းပြီးသားဖြစ်လို့ တိုင်းရင်းသားတွေအတွက် အထူးအခွင့်အရေးဆိုင်ရာဥပဒေကို အထူးထပ်ပြီးပြဋ္ဌာန်းစရာမလိုဘူးလို့ ယုံကြည်ကြောင်းပြောပါတယ်။
သူက “ဒီဥပဒေဟာ အဲဒီဥပဒေအရ ဖွဲ့စည်းတဲ့ဌာနဟာ တိုင်းရင်းသားလူမျိုးတွေရဲ့ ဘာသာစကား၊ စာပေယဉ်ကျေးမှု၊ ဓလေ့ထုံစံ၊ ရှေးဟောင်းအမွေအနှစ် စတာတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့၊ နောက်တဆင့် အဲဒီဌာနရဲ့ ပြည်ထောင်စုအဆင့်ဝန်ကြီးဟာ တိုင်းရင်းသားဒေသတွေမှာ သယံဇာတတူးဖော်ရေး၊ စီမံကိန်းကြီးများလုပ်ဆောင်မယ်၊ စီးပွားရေးကြီးတွေ လုပ်ဆောင်မယ်ဆိုရင် သက်ဆိုင်ရာဒေသခံတိုင်းရင်းသားတွေ သိရှိနာလည်အောင် ကြေညက်အောင် ရှင်းလင်းတင်ပြပေးဖို့၊ ညှိနှိုင်းပေးဖို့ဆိုတဲ့ တာဝန်ဝတ္တရားတွေ ပေးထားတာပဲ တွေ့ရပါတယ်။ တိုင်းရင်းသားရေးရာဝန်ကြီးဌာနဟာ တိုင်းရင်းသားအားလုံးမျှော်မှန်းတဲ့ ပြည်တွင်းစစ်ကို ဘယ်လိုနည်းနဲ့ ငြှိမ်းသတ်မလဲ၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဘယ်လိုတည်ဆောက်မလဲ၊ ဖွဲ့စည်းပုံကို ဘယ်လိုပြင်မလဲ၊ နောက် အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတရပ်ကို တိုင်းရင်းသားတွေက ဘယ်လိုနည်းနဲ့ ပါဝင်ဆောင်ရွက်ခွင့်ပြုမလဲ ဆိုတာတွေကို အဲဒီဥပဒေထဲမှာ ပြဋ္ဌာန်းထားတာ မတွေ့ရပါဘူး”လို့ ပြောပါတယ်။
ကချင်ပြည်နယ်ဒီမိုကရေစီပါတီဥက္ကဌ ဒေါက်တာတူးဂျာကလည်း တိုင်းရင်းသားရေးရာဝန်ကြီးဖွဲ့စည်းမှုနဲ့ ပတ်သက်လို့ သိပ်လေးနက်မှုကို မတွေ့ရသေးကြောင်းနဲ့ ဒီထက်ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သင့်ကြောင်း ပြောပါတယ်။
“သိပ်ပြီးလေးနက်မယ့်ပုံစံမပေါ်ဘူးဗျ။ တကယ်က ကျနော်တို့ဖြစ်စေချင်တာက တိုင်းရင်းသားရေးရာဝန်ကြီးခန့်ပြီဆိုလို့ရှိရင် မူ ပေါ်လစီရေးဆွဲပြီးတော့မှာ တိုင်းရင်းသားအရေးနဲ့ပတ်သက်ပြီးတော့မှ အားလုံး လေ့လာသုံးသပ်ပြီးတော့မှ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာလည်း တက်ရောက်ပြီးတော့မှ တိုင်းရင်းသားရေးရာကို ပြည့်ပြည့်စုံစုံတင်ပြနိုင်ဖို့ပေါ့။ နောက်ပြီးတော့ ပြည်နယ်အလိုက် တိုင်းရင်းသားဒေသအလိုက်မှာ လိုအပ်နေတဲ့ တိုင်းရင်းသားရေးရာလိုအပ်ချက်၊ ပြောမယ်ဆိုလို့ရှိရင် စာပေယဉ်ကျေးမှုတင်မကဘူးလေ၊ ကိုးကွယ်တဲ့ဘာသာ၊ သယံဇာတ၊ လူ့အခွင့်အရေးချိုးဖောက်ခံမှုကအစ တိုင်းရင်းသားတွေ ဒီကနေ့ခံစားနေရတာကို သေချာလေ့လာပြီးတော့မှ သက်ဆိုင်ရာ ပြည်နယ် တိုင်းဒေသကြီးအစိုးရတွေနဲ့ ညှိနှိုင်းပြီးတော့မှ နောက်ပိုင်းကျလို့ရှိရင် ပြည်ထောင်စုသမ္မတဆီတင်ပြ၊ ကက်ဘိနက်ကိုတင်ပြပြီးတော့မှ လိုအပ်နေတာတွေကို ပြင်ဆင်ဖြည့်စွက် သွားနိုင်မယ့်အနေအထားမျိုးဆိုလို့ရှိရင်တော့ ဒါ ကောင်းပါတယ်။ အဲလိုမှ မဟုတ်ဘဲနဲ့ ဘောင်ကျဉ်းကျဉ်းလေးနဲ့ ဖွဲ့စည်းမယ်ဆိုရင်တော့ ဒါကတော့ ရုပ်ပြလောက်ပဲ ဖြစ်နိုင်တာပေါ့။”လို့ ပြောပါတယ်။
“ကျနော်ဖြစ်စေချင်တဲ့အတိုင်းဆိုရင်တော့ ငြိမ်းချမ်းရေးရရှိရာ၊ ရရှိကြောင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ထဲထဲဝင်ဝင် ၀င်ရောက်ပါဝင်နိုင်ဖို့ အင်မတန်အရေးကြီးပါတယ်။ ဒီဝန်ကြီးအနေနဲ့” လို့ ဒေါက်တာတူးဂျာက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် တိုင်းပြည် အဘက်ဘက်က ချွတ်ခြုံကျခဲ့ရပြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်ခဲ့ရပြီး တိုင်းရင်းသားပေါင်းစုံ လူငါးသန်းလောက် နိုင်ငံခြားထွက် အလုပ်ကြမ်းလုပ်နေကြရတာ ဆယ်စုနှစ်ချီပြီဖြစ်ပါတယ်။ တပြည်လုံးအပစ်ရပ်စာချုပ်ကို ၈ ဖွဲ့လက်မှတ်ထိုးထားပြီးက ၁၀ ဖွဲ့ကျော်ကျန်တာကြောင့် အစိုးရသစ်က ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆက်လက်ကိုင်တွယ်ရဖို့ စောင့်မျှော်နေချိန်ဖြစ်ပါတယ်။
ဥပဒေထဲမှာ ပြည်ထောင်စုဝန်ကြီးဌာနရဲ့တာဝန်နဲ့လုပ်ပိုင်ခွင့် ၁၂ ရပ်ပြဋ္ဌာန်းထားပြီး မူဝါဒ၊ လုပ်ငန်းစဉ်တွေချမှတ်မှု၊ တိုင်းရင်းသားအခွင့်အရေးခံစားနိုင်ဖို့ ကာကွယ်စောင့်ရှောက်မှု (ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဒီဥပဒေပါအတိုင်း)၊ တိုင်းရင်းသားစကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုဓလေ့ထုံးထမ်းတွေကို ထိန်းသိမ်းဖို့နဲ့ ဖွံ့ဖြိုးအောင်လုပ်ဖို့၊ ဖွံ့ဖြိုးတိုးတက်မှုနည်းပါးတဲ့ တိုင်းရင်းသားလူမျိုးတွေ လူနေမှုဘ၀မြင့်မားအောင် ဆောင်ရွက်ဖို့၊ တိုင်းရင်းသားအချင်းချင်း သို့မဟုတ် တိုင်းရင်းသားလူမျိုးတွေအကြား ဖြစ်တဲ့ အငြင်းပွားမှုနဲ့စပ်လျဉ်းပြီး ပေါင်းစပ်ညှိနှိုင်းဖြေရှင်းခြင်းစတာတွေ ပါဝင်ပါတယ်။ ဒါပေမယ့် ပေါင်းစပ်ညှိနှိုင်းခြင်းတာဝန်ကို လက်တွေ့မှာ ဘယ်လောက်ထိ ထဲထဲဝင်ဝင်ဆောင်ရွက်နိုင်မလဲဆိုတာကတော့ မေးစရာဖြစ်ပါတယ်။
ဝန်ထမ်းအဆင့်ဆင့်ခန့်အပ်ရေးနဲ့ပတ်သက်လို့ ဥပဒေရဲ့ အပိုဒ် ၁၀ မှာ ‘၀န်ကြီးဌာနဟာ လိုအပ်တဲ့ တိုင်းရင်းသားလူမျိုးများရေးရာ ၀န်ထမ်းအဖွဲ့အစည်းအသီးသီးကို ပြည်ထောင်စုအစိုးရသဘောတူညီချက်ဖြင့် ဖွဲ့စည်းဆောင်ရွက်ရမည်’ လို့ပါရှိတာကြောင့် ၀န်ထမ်းအဖွဲ့အစည်းတွေကို တခြားပြည်ထောင်စုဝန်ကြီးဌာနတွေနည်းတူ ဖွဲ့စည်းခွင့်ရမှာဖြစ်ပါတယ်။ အလားတူ ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၀န်ကြီးဌာနတွေအတွက် ၀န်ထမ်းအဖွဲ့အစည်းအသီးသီးကိုလည်း သက်ဆိုင်ရာ အစိုးရတွေရဲ့ သဘောတူညီချက်နဲ့ ရွေးချယ်တာဝန်ပေးအပ်ကြရမှာဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့်၊ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးအဆင့် ၀န်ထမ်းတွေကို ဘယ်လိုစိစစ်ရွေးချယ်ခန့်အပ်မယ်၊ ၀န်ကြီးအဆင့်၊ အမြဲတမ်းအတွင်းဝန်အဆင့်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုညွှန်ကြားရေးမှူးချုပ်၊ ညွန်ကြားရေးမှူး၊ ဦးစီးမှူး၊ ရုံးအဖွဲ့စတာတွေနဲ့ပတ်သက်လို့ ဘယ်သူတွေကို ရွေးချယ်တာဝန်ပေးအပ်မယ်ဆိုတာ မသိနိုင်သေးပါဘူး။
တိုင်းရင်းသားလူမျိုးရေးရာကိစ္စတွေကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတွေက ဆောင်ရွက်ရမှာဖြစ်သလို၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးမရှိတဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တွေမှာတော့ ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်တဲ့ဝန်ကြီးက ဆောင်ရွက်မှာဖြစ်ပါတယ်။
ဝန်ကြီးဌာနဟာ တိုင်းရင်းသားရေးရာကိစ္စတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် လိုအပ်ပါက ကော်မတီနဲ့လုပ်ငန်းအဖွဲ့တွေကို သက်ဆိုင်ရာ တခြားပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းဖွဲ့စည်းနိုင်ပြီး ဖွဲ့စည်းပါက လုပ်ငန်းတာဝန်တွေ တပါတည်းသတ်မှတ်ပေးရမှာဖြစ်ပါတယ်။ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဖွဲ့စည်းပေါ်ပေါက်လာဖို့အတွက် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ကြိုးပမ်းမှုတွေရှိခဲ့ပြီး လက်ရှိမှာ လုပ်ငန်းစဉ် ဘယ်အဆင့်ရောက်တယ်ဆိုတာတော့ မသိရပါဘူး။ ၂၀၁၅ ဇူလိုင်လအတွင်း သမ္မတရုံးဒုဝန်ကြီး ဦးကျော်ကျော်ဝင်းရဲ့ ပြောကြားချက်အရတော့ ဖွဲ့စည်းပုံအတွက်-သမ္မတရုံး၊ နယ်စပ်ရေးရာ၊ ယဉ်ကျေးမှု၊ ပြည်ထဲရေး၊ သာသနာရေး၊ ပြန်ကြားရေး၊ ပညာရေး၊ ကျန်းမာရေး။ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းတိုင်ပင်နေတယ်လို့သိရပါတယ်။ သူက ဖွဲ့စည်းပုံ အကြမ်း ဘယ်တော့ ပြီးမယ်ဆိုတာ မပြောနိုင်သေးပေမယ့် ၀န်ကြီးဌာနအသစ်အနေနဲ့ ရှင်းလင်းတိကျတဲ့ ဖွဲ့စည်းပုံရှိမှသာ အနာဂတ်မှာ အမှားအယွင်းတွေ ရှောင်ရှားနိုင်မှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဒီတိုင်းရင်းသားရေးရာဝန်ကြီးဟာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ကြိုးပမ်းနေတဲ့ လက်နက်ကိုင်၊ လက်နက်မကိုင် အဖွဲ့အစည်းအားလုံးနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်မလားဆိုတာ မေးခွန်းထုတ်စရာဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လက်အေက်မှာရှိတဲ့ နယ်စပ်ရေးရာ၊ ပြည်ထဲရေး၊ ကာကွယ်ရေးစတဲ့ဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်ကြရမယ့်ကိစ္စတွေ ပေါ်လာနိုင်ပါတယ်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က တိုင်ရင်းသားရေးရာဝန်ကြီးဟာ ဖက်ဒရယ်ကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ဖို့ အကန့်အသတ်ရှိလိမ့်မယ်လို့ထင်ကြောင်း ပြောပါတယ်။ ဒါ့အပြင် တိုင်းရင်းသားရေးရာဝန်ကြီးထူထောင်တဲ့ concept ကို သဘောမကျကြောင်း သူက ပြောပါတယ်။
သူက “ဘာလို့သဘောမကျဘူးလဲဆိုတော့ ဒါက ဒီအစိုးရက ဗမာအစိုးရပေါ့၊ တိုင်းရင်းသားတွေအတွက် ငါတို့က လုပ်ပေးမယ်ဆိုတဲ့ အခြေခံအမြင်နဲ့ ဒီဝန်ကြီးဌာန ပေါ်လာပုံရတယ်။ နဂိုဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ပေါ်တာ၊ အများစုဗမာတွေ ဦးစီးတဲ့အစိုးရကနေပြီးတော့ တိုင်းရင်းသားတွေ အခွင့်အရေးအတွက် ငါတို့တော့ တတ်နိုင်သမျှ ဆောင်ရွက်ပေးမယ်ဆိုတဲ့အခြေခံအမြင်ပေါ့ big brother attitude ဒီမှာပါတယ်လို့ ယူဆတယ်။ တကယ်တော့ တိုင်းရင်းသားရေးရာဝန်ကြီးဆိုတာ ကျနော့်အမြင်အရတော့ လိုအပ်တဲ့ဝန်ကြီးဌာန မဟုတ်ဘူးလို့ ယူဆတယ်။”လို့ ပြောပါတယ်။
နစ်နာနေတဲ့ တိုင်းရင်းသားအခွင့်အရေးတွေ ရရှိဖို့အတွက် ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးကသာ အရေးအကြီးဆုံးပဲလို့ ဦးအောင်မိုးဇော်က ပြောပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရတွေဟာ ၀န်ကြီးချုပ်တွေကို နိုင်ငံတော်သမ္မတကသာ အဆိုပြုတဲ့အပေါ်ကိုသာ အတည်ပြုခန့်အပ်ခွင့်ရှိတာကြောင့် ဒီပုဒ်မကို ပြင်ဆင်ပေးဖို့ ပထမအကြိမ်လွှတ်တော်မှာ ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ခဲ့ပါဘူး။
ဦးအောင်မိုးဇော်က “ပြည်နယ်အစိုးရတွေပေါ့ဗျာ ပြည်နယ်လွှတ်တော်တွေက သူ့ဝန်ကြီးချုပ်တောင်မှ သူတင်လို့ရတဲ့အခြေအနေမှ မရှိတာပဲ။ ဥပမာ ကရင်ပြည်နယ်မှာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ကို ကရင်ပြည်နယ်လွှတ်တော်က ရွေးချယ်တင်မြှောက်တာမှမဟုတ်တာ၊ ကရင်ပြည်သူလူထုက ရွေးချယ်တင်မြှောက်တာမှ မဟုတ်တာ။ ဒီလိုပဲ မွန်ပြည်နယ်မှာလည်း ဒီလိုပဲ၊ အဲဒီလိုအခြေအနေတောင်မရှိဘဲနဲ့ ဒီတိုင်းရင်းသားဝန်ကြီးက ဘာတွေ သွားဆောင်ရွက်လို့ရမလဲ။ အခြေခံကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပဲဖြစ်တယ်။ တိုင်းရင်းသားတွေတောင်းနေတာက တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ်ပြည်ထောင်စု ဒါကို တိုင်းရင်းသားတွေက လိုလားတာဖြစ်တယ်။ အခု ဖွဲ့စည်းပုံအရ ပြည်နယ်အစိုးရတွေရဲ့လုပ်ပိုင်ခွင့်အရ ဇယားတွေကို ကြည့်လိုက်။ ပြည်နယ်အစိုးရတွေရဲ့လုပ်ပိုင်ခွင့်က ဘာမှရှိတာမဟုတ်ဘူး။ အဲတော့ ပြည်နယ်အစိုးရတွေရဲ့ လုပ်ပိုင်ခွင့်ဘာမှ မရှိဘဲနဲ့ ပြည်နယ်တွေမှာနေတဲ့ တိုင်းသူပြည်သားတွေ၊ ပြည်နယ်မှာနေတဲ့ တိုင်းရင်းသားတွေအတွက် ဘာမှ ကူညီဆောင်ရွက်လို့ရမှာ မဟုတ်ဘူး။”
“အခြေခံကတော့ တိုင်းရင်းသားတွေ အခွင့်အရေးကို ကာကွယ်လိုတယ်၊ ကာကွယ်ဖို့စိတ်ဆန္ဒတကယ်ရှိကြတယ်ဆိုလို့ရှိရင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုအားလုံးဆွေးနွေးပြီးတော့ သွားကြဖို့ပဲ။ ဒီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဖို့ပဲ။ အဲဒါက အဓိကအကျဆုံးပဲလို့ ကျနော်ထင်ပါတယ်။”
DVB
ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ရှမ်းနီ ညီလာခံ ကျင်းပ
မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းနီအမျိုးသားညီလာခံတရပ်ကို မန္တလေးမြို့မှာ ဒီနေ့စတင်ကျင်းပပြီး ဒီညီလာခံကနေ ရှမ်းနီတို့ရဲ့ ဘုံသဘောထားရပ်တည်ချက်တွေ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။
ညီလာခံဖြစ်မြောက်ရေး ဥက္ကဋ္ဌ ဦးဝင်းခေါင်က ရှမ်းနီတိုင်းရင်းသားတို့ရဲ့ ပထမအကြိမ်လုပ်တဲ့ ညီလာခံဖြစ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို တင်သွင်းမယ့်မူတွေလည်း ချမှတ်သွားမယ်လို့ ပြောပါတယ်။
“ဒါ ပထမဆုံးအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းနီအမျိုးသားညီလာခံ ကျင်းပတာပါ၊ဒီကရတဲ့ အချက်အလက်တွေက ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးညီလာခံကို တင်သွင်းမယ့် မူတွေ ကျနော်တို့ ရှမ်းနီတမျိုးသားလုံးရဲ့ ဘုံခံစားချက်တွေ ဘုံသဘောတူညီချက်တွေကို ဒီ ညီလာခံကြီးကနေ ထုတ်ပြန် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။”
စစ်ကိုင်းတိုင်း၊ ရှမ်းနီညီလာခံကို ဟုမ္မလင်းမြို့။ ကချင်ပြည်နယ်၊ ရှမ်းနီညီလာခံကို မိုးညှင်းမြို့တို့မှာ ကျင်းပခဲ့ပြီး အခု စစ်ကိုင်း၊ ကချင်နဲ့ မန္တလေးတိုင်းတို့က ရှမ်းနီတွေအားလုံး တက်ရောက်တဲ့ နိုင်ငံလုံးဆိုင်ရာညီလာခံကို ကျင်းပနေတာ ဖြစ်ပါတယ်။
၂ ရက်ကြာ ကျင်းပမယ့် ညီလာခံကို ကချင်၊ ရှမ်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ နေထိုင်ကြတဲ့
ရှမ်းနီ ၅၀၀ လောက် တက်ရောက်ဆွေးနွေးနေကြတာဖြစ်ပြီး ညီလာခံအပြီးမှာ သဘော ထားကြေညာချက်တွေ ထုတ်ပြန်ဖို့ရှိပါတယ်။
နိုင်ငံတွင်းမှာ ရှမ်းနီအမျိုးသား ၁ သန်းကျော် နေထိုင်တယ်လို့ ဆိုပါတယ်။
DVB
အ၀တ်ဗလာဖြင့် ဘုရားဖူးကားများကို နှောင့်ယှက်သည့် နိုင်ငံခြားသားအား ဖမ်းဆီး
မန္တလေးတိုင်း၊ ပုဂံမြို့မှာ အ၀တ်ဗလာနဲ့ ဘုရားဖူးကားတွေကို လိုက်နှောင့်ယှက်ခဲ့တဲ့ အင်္ဂလန်နိုင်ငံသား၊ ကမ္ဘာလှည့်ခရီးသည် လူငယ်တဦးကို ပုဂံကမ္ဘာလှည့် ခရီးသွားစောင့်ရှောက်ရေး ရဲတပ်ဖွဲ့က ထိန်းသိမ်းပြီး စစ်ဆေးနေပါတယ်။
ပုဂံ၊ အာနန္ဒာဘုရားအနီးမှာ မတ်လ ၂၅ ရက် ညနေပိုင်းက အသက် ၂၀ လောက်ရှိတဲ့ အင်္ဂလန်နိုင်ငံသားဟာ အ၀တ်ဗလာနဲ့ ဘုရားဖူးကားတွေကို လိုက်တားနေတဲ့အတွက် ရဲကထိန်းသိမ်းပြီး စစ်ဆေးနေတယ်လို့ ကမ္ဘာလှည့် ခရီးသွားစောင့်ရှောက်ရေး ရဲတပ်ဖွဲက ဒုရဲမှူးဝင်းခိုင်က ပြောပါတယ်။
“ကိုယ်လုံးတီးနဲ့ ၀စ်လစ်စလစ် ဖြစ်နေတယ်လေ။ သူ့ရဲ့ ကျန်းမာရေးကြောင့်လား တချက်၊ နောက် မူးယစ်သောက်စားလို့လား တချက်၊ ဒေသကိုပဲ မလေးမစား လုပ်တာလား၊ ဒါလေးတွေကို ခွဲခမ်းစိတ်ဖြာပြီး ဆောင်ရွက်နေပါတယ်။ ဒီမှာ သံရုံးမရှိတော့ ရန်ကုန်က အဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်၊ အဖြေမှန်တခု ရမှာပါ၊ အရေးယူဆောင်ရွက်ဖို့ အပိုင်း ရှိရင်လည်း အရေးယူ ဆောင်ရွက်မှာပါ။”
ပုဂံမှာ အခုလိုဖြစ်ရပ်မျိုး ပထမဆုံး ဖြစ်ပွားတာလို့လဲ ပြောပါတယ်။
ကမ္ဘာလှည့်ခရီးသည်တွေ အလာများတဲ့ ပုဂံမှာ ကမ္ဘာလှည့် ခရီးသွားစောင့်ရှောက်ရေး ရဲတပ်ဖွဲဝင် ၃၀ လောက်နဲ့ လုံခြုံရေးလုပ်ဆောင်နေပြီး အရင်နှစ်တွေက ဖြစ်ပွားခဲ့ဖူးတဲ့ လုယက်မှုတွေ မဖြစ်တော့တာ ၁ နှစ်ကျော် ရှိသွားပြီ ဖြစ်ပါတယ်။
ရွှေအောင် DVB
ကန်ကြီးထောင့်ဈေးကို မီးရှို့ရန်ကြိုးစား
ဓာတ်ပုံ- C Thu Nyein Chan
ကန်ကြီးထောင့်၊ မတ် ၂၄ ။ ။ ဧရာဝတီတိုင်းကန်ကြီးထောင့်မြို့နယ်ရှိ ကန်ကြီးထောင့်မြို့မဈေးကို မတ်၂၃ ရက် ည ၁၁နာရီခန့်တွင် လူတစ်စုက မီးရှို့ရန်ကြိုးစားမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဦးစီးဖြစ်သူ ဦးဌေးလွင်က မဇ္ဈိမသို့ ပြောသည်။
မီးရှို့သူတွေကို မမိခဲ့သော်လည်း မီးစတင်လောင်ကျွမ်းနေစဉ်တွင် သိရှိခဲ့သောကြောင့် အချိန်မီ ငြိမ်းသတ်နိုင်ခဲ့ကြောင်း ၎င်းကရှင်းပြသည်။
“မီးစလောင်ကာစမှာ သိလိုက်တော့ အချိန်မီငြိမ်းနိုင်ခဲ့ပါတယ်။ မီးရှို့တဲ့သူတွေကိုတော့ မမိလိုက်ဘူး။ ရှို့ပြီးထွက်ပြေးသွားတယ်ထင်တယ်” ဟု မြို့နယ်စည်ပင်သာယာမှ ဦးစီးဖြစ်သူ ဦးဌေးလွင်က ပြောသည်။
ရေနံဆီနှင့် ပလပ်စတစ်တို့ကို အသုံးပြုပြီး မီးရှို့ရန်ကြံစဉ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်အား မြို့နယ်ရဲတပ်ဖွဲ့သို့ အကြောင်းကြားစာပို့ထားကြောင်း ၎င်းကရှင်းပြသည်။
ယင်းဖြစ်စဉ်ပြီးနောက် ဈေးလုံခြုံရေးနှစ်ယောက်ထားရာမှ ယခုအခါ လေးယောက်အထိ တိုးမြှင့် သွားမည်ဖြစ်ကြောင်း၊ အရန်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ လှည့်ကင်းဖြင့် လုံခြုံရေး တိုးမြှင့်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
DVB
ထားဝယ်တွင် ဘုရားဖူးယာဉ်တိမ်းမှောက် ၁၅ ဦးသေဆုံး၊ ဒါဇင်ချီ စိုးရိမ်ရဆဲ
![]() |
photo - Waiphyo Waiphyo (Facebook) |
![]() |
photo - Waiphyo Waiphyo (Facebook) |
ထားဝယ်၊ မတ် ၂၄
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ
လက်ခတ်တောင်ဘုရားဖူးအဖွဲ့ကို တောင်ပေါ်ပို့ဆောင်ပေးသည့် မြေသယ်ကားတိမ်းမှောက်ခဲ့ရာ
၁၅ ဦး သေဆုံးခဲ့ပြီး လူဒါဇင်ချီ အသက်အန္တရာယ် စိုးရိမ်ရဆဲဖြစ်ကြောင်း
လောင်းလုံးမြို့မရဲစခန်းနှင့် ထားဝယ်ခရိုင်အထွေထွေရောဂါကုဆေး ရုံကြီးထံမှ သိရသည်။
တိမ်းမှောက်ရာတွင်
လိုက်ပါလာသည့်ခရီးသည် ၆၀ ဦးအနက် ပွဲချင်းပြီး ၉ ဦးသေဆုံးခဲ့ပြီး
လောင်းလုံးမြို့နယ် ဆေးရုံအရောက်တွင် ၂ ဦးထပ်မံသေဆုံးခဲ့ကာ
ထားဝယ်ဆေးရုံကြီးထံသို့ သယ်ဆောင်လာရာလမ်းတွင် ၁ ဦးနှင့် ထားဝယ်ဆေးရုံကြီးတွင် ၃
ဦး စုစုပေါင်း ၁၅ ဦး သေဆုံးခဲ့ကြောင်း လောင်းလုံးမြို့မရဲစခန်းထံမှ သိရသည်။
“ပီပါပုံး တောင်ပေါ်က
လှိမ့်ချသလိုမျိုး အသံ သုံးချက်ကြားလိုက်ရတယ် ဖြစ်ဖြစ်ချင်းမှာကို ၉
ယောက်လောက်သေနေပြီး”ဟု အထက်ပါ ကျောက်ခွဲသမားက ပြောသည်။
၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက် နံနက် ၁၁
နာရီခန့်တွင် လက်ခတ်တောင်ပေါ်သို့ ဘုရားဖူးများပို့ဆောင်ပေးနေသည့်
လက်ခတ်တောင်ဘုရားလမ်း ပြုပြင်တည်ဆောက်ရေးအဖွဲ့မှ မြေသယ်ကားသည် တောင်ပေါ်မှ
အဆင်းတွင် ဂီယာပြုတ်ကာ အရှိမ်မထိန်းနိုင်ဘဲ လမ်းညာဘက်ကို ထိုးကျတိမ်းမှောက်ပြီး
ကမ်းပါးကို ၀င်ရောက်တိုက်မိခဲ့ခြင်းဖြစ်ေ ကြာင်း လောင်းလုံးမြို့မရဲစခန်းထံမှ သိရသည်။
“လူနာတော်တော်များများက အရိုးကျိုးကြတာများတယ်။
ပြီးတော့ ရင်ဘတ်နဲ့ ဦးခေါင်းဒဏ်ရာရတဲ့သူတွေများတယ် ” ဟု
ထားဝယ်အထွေထွေရောဂါကုဆေးရုံကြီး မှ ခေတ္တတာဝန်ခံ ဒေါက်တာဇော်မြင့်က ပြောသည်။
ထားဝယ်ဆေးရုံကြီးသို့ ၅၁
ဦးရောက်ရှိလာပြီး ၁ ဦးမှာ ထားဝယ်ဆေးရုံမရောက်မီပင် သေဆုံးခဲ့ကာ ဆေးရုံတွင် ၃
ဦးထပ်မံသေဆုံးခဲ့သည်ဟု ဒေါက်တာဇော်မြင့်က ဆိုသည်။
လောင်းလုံးမြို့မရဲစခန်းက
ယာဉ်ပေါ်ပါလာသူဦးရေမှာ ၆၀ ရှိသည်ဟု ဆိုသော်လည်း လောင်းလုံးဆေးရုံတွင် သေဆုံးသူ ၁၁
ဦးနှင့် ထားဝယ်ဆေးရုံသို့ ရောက်ရှိလာသူမှာ ၅၁ ဦးရှိသောကြောင့် သေဆုံးသူနှင့်
ဒဏ်ရာရသူ စုစုပေါင်း ဦးရေ မှာ ၆၂ ဦးရှိနေသည်။
လက်ရှိသတင်းရေးသားနေသည့်အချိန် မတ်လ
၂၄ ရက်နေ့ ညနေ ၅ နာရီအထိ ရရှိထားသည့်သတင်းများအရ ထားဝယ်ဆေးရုံကြီးတွင် ဒဏ်ရာရရှိသူ
၃၆ ဦးကျန်ရှိသေးကြောင်း သိရသည်။
ယင်းဒဏ်ရာရရှိသူ ၃၆ ဦးတွင် ၁၂
ဦးစိုးရိမ်ရကြောင်း ထားဝယ် အထွေထွေရောဂါကုဆေးရုံကြီးထံမှ သိရသည်။
သေဆုံးသူများနှင့် ဒဏ်ရာရသူများတွင်
ညောင်ဇင်ကျေးရွာမှ ၃၀ ဦး၊ လောင်းလုံးမြို့ပေါ်ရပ်ကွက်များ မှ ၁၁ ဦးနှင့်ေ
ဆးဖြတ်ကုန်းရွာ၊ညင်းမော်၊ ရောင်းမော်၊ ပိန်းတော၊ သရက်ချောင်းမြို့ ပေါ်နှင့်
ပဲခူးတိုင်းတို့မှ ၁၀ ကျော် ပါဝင်ကြောင်းသိရသည်။
ယင်းယာဉ်တိမ်းမှောက်မှုမှ ယာဉ်မောင်းဖြစ်သူလည်း
ဒဏ်ရာရရှိထားပြီး ၎င်းအား လောင်းလုံးမြို့မရဲစခန်း၏ ယာဉ်(ပ) ၁၂/ ၂၀၁၆၊ ပြစ်မှုပုဒ်မ
၃၀၄-က/ ၃၃၈/ ၃၃၇ အရ အမှုဖွင့်ထားကြောင်း လောင်းလုံးမြို့နယ် ရဲစခန်းထံမှ သိရသည်။
Dawei Watch
ကျောက်မီးသွေးစက်ရုံစီမံကိန်းကို သဘောတူစာချုပ် ဖျက်သိမ်းရန် ထားဝယ်တွင် ဆန္ဒပြ
သကျက်တောကျေးရွာတွင် ကျောက်မီးသွေးစက်ရုံ အလိုမရှိကြောင်း ဆန္ဒပြနေစဉ်
ဓာတ်ပုံ - အောင်သူ/Dawei Watch |
သကျက်တောကျေးရွာတွင် ကျောက်မီးသွေးစက်ရုံ အလိုမရှိကြောင်း ဆန္ဒပြနေစဉ်
ဓာတ်ပုံ - အောင်သူ/Dawei Watch |
သကျက်တောကျေးရွာတွင် ကျောက်မီးသွေးစက်ရုံ အလိုမရှိကြောင်း ဆန္ဒပြနေစဉ်
ဓာတ်ပုံ - အောင်သူ/Dawei Watch |
| လောင်းလုံး။ မတ် ၂၅
လောင်းလုံးကျောက်မီးသွေးဓာတ်အား ပေးစက်ရုံစီမံကိန်းကို
ဒေသခံများ ထောက်ခံသည်ဟုဆိုကာ သဘောတူလက်မှတ်ရေးထိုးလိုက်သဖြင့်  သဘောတူစာချုပ် (MoA)
လက်မှတ်ရေးထိုးထားခြင်းကို ဖျက်သိမ်းပေးရန် ထားဝယ်ဒေသ၊ လောင်းလုံးမြို့နယ်၊ သကျက်တောကျေးရွာတွင်လူအင်အား
၅၀၀ ကျော်ဖြင့် မတ်လ ၂၅ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
စီမံကိန်းကို
ဒေသခံများ အားလုံးထောက်ခံသည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးမော်သာထွေး
၏ ပြောဆိုချက်ကို ဒေသခံများအနေနှင့် လက်မခံနိုင်ဘဲ ဒေသခံများထောက်ခံသည် ဆိုသည်မှာမဟုတ်မှန်ကြောင်း
ပြသလိုခြင်း၊ စီမံကိန်းကို အကောင်အထည်ဖော်မည့် 24 Hours Mining and Industry
Company Limited နှင့် ရေးထိုးထားသော သဘောတူစာချုပ်လက်မှတ်ကို ဖျက်သိမ်းပေးရန်နှင့်
တောင်းဆိုလိုခြင်းတို့ကြောင့် ယင်းသို့ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ေ ကြာင်း ဆန္ဒပြခေါင်းဆောင်များက
ပြောသည်။
“အစိုးရဆင်းခါနီးမှာ
တက်သုတ်ရိုက်ပြီး MoA ထိုးတယ်။ ဒေသခံတွေနဲ့ ကုမ္ပဏီ အစိုးရအဖွဲ့ တို့ တစ်ခါပဲလာတွေ့ဖူးတယ်။
တောက်လျှောက် တစ်ခါမှ မသိရဘဲ MoA ထိုးမှ သိရတာ။ ဒေသခံတွေ အားလုံးထောက်ခံလို့ (လက်မှတ်)
ထိုးရတယ်လို့ ပြောတာကို လက်မခံနိုင်ဘူး” ဟု ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူထားဝယ်တိုင်းရင်းသားများပါတီဗဟိုအလုပ်အမှုဆောင် ဒုဥက္ကဋ္ဌ လောင်းလုံးမြို့နယ် အောက်ရေဖြူရွာသား ဦးမောင်မောင်အေးက
ပြောသည်။
ကျောက်မီးသွေးအပူစွမ်းအင်သုံးေ ရနွေးငွေ့လျှပ်စစ်ဓာတ်အားပေးစက် ရုံကို
တည်ဆောက်မည့် နေရာနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများဖြစ်သည့် ရမ္ဇူ၊ သကျက်တော၊ သ၀င်၊
ကျောက်ပုံ၊ လယ်လှ စသဖြင့် ကျေးရွာ ၁၂ ရွာမှ ဒေသခံများစုပေါင်း၍ သကျက်တောကျေးရွာတွင်
ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။
“MoA ထိုးလိုက်လို့
အခုလိုချက်ချင်းဆန္ဒပြဖြစ်သွားတာ ။ အရင်ကလည်းဆန္ဒပြဖူးပြီးသားပဲလေ။ အရင်ကပြဖူးတာကို အသိအမှတ်မပြုလို့
အခုလိုထပ်ပြတာ” ဟု ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သည့် ထားဝယ်တိုင်းရင်းသားများပါတီ လောင်းလုံးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်သီတာမိုးက ဆိုသည်။
ကျောက်မီးသွေးစက်ရုံ
တည်ဆောက်ရန် ဒေသခံများက ထောက်ခံသည်ဟု ၎င်းအနေနှင့် မပြောဆိုခဲ့ဘဲ ကန့်ကွက်သူများ ရှိသကဲ့သို့
ထောက်ခံသူများလည်း ရှိမည်ဖြစ်ကြောင်းသာ ပြောဆိုခဲ့ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
ဒုတိယ ၀န်ကြီး ဦးမော်သာထွေးက Dawei Watch သို့ ပြောကြားသည်။
“ကျွန်တော်ပြောခဲ့တဲ့
စကားကျွန်တော်ပြန်ပြောပြမယ်။ ကန့်ကွက်ရှိသလို ထောက်ခံသူလည်းရှိတယ်ဆိုတာကို ကျွန်တော်က
ပြောပြတာ။ ဘာကိစ္စပဲဖြစ်ဖြစ် ကန့်ကွက်တဲ့သူလည်းရှိမှာပဲ။ ထောက်ခံတဲ့သူလည်းရှိမှာပဲ။
ဒါပေမယ့်ကျွန်တော်တို့ကတော့ အဲဒီစီမံကိန်းကို အခုလောလောဆယ်အကောင်အထည်မဖော်ခဲ့ ပါဘူးလို့
ပြောခဲ့တာ။ နောက်တက်လာမယ့် အစိုးရက အဲဒါကို ကောင်းတယ်ထင်ရင်လုပ်ပါ။ မကောင်းဘူးထင်ရင်မလုပ်ပါနဲ့ပေါ့ လို့
ပြောလိုက်တာ”ဟု ၎င်းက ပြန်လည်ရှင်းလင်းပြောဆိုသည်။
ယင်းသို့ဆန္ဒထုတ်ဖော်ခြင်းသည်
အစိုးရအဟောင်းကို ဆန္ဒထုတ်ဖော်ခြင်းဖြစ်သကဲ့သို့ အသစ်တက်လာမည့်အစိုးရကိုလည်း အသိပေးစေလိုသည့်သဘောဖြစ်ကြောင်း
ဆန္ဒပြခေါင်းဆောင်များက ပြောသည်။
MoA ရေးထိုးထားခြင်းကို
နောက်အစိုးရလက်ထက်တွင် မဖျက်သိမ်းပေးပါကလည်း ဆက်လက်ဆန္ဒပြတောင်းဆိုသွားမည်ြ ဖစ်ကြောင်း
၎င်းတို့ကဆိုသည်။
နောင်တက်လာမည့်
NLD အစိုးရ အနေနှင့်လည်း ပြည်သူ့ဆန္ဒကို နားထောင်ပြီး ဆက်လက်လုပ်ဆောင်သွားလိမ့်မည်ြ ဖစ်ကြောင်း
လောင်းလုံးမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဘိုထွေးက ပြောကြားသည်။
“ကျွန်တော်တစ်ယောက်ထည်း
သဘောထားနဲ့ပြောရရင် NLD အစိုးရတက်လာရင်တော့ ပြည်သူ့ဆန္ဒကို နားထောင်ပြီး ပါတီရဲ့ မူဝါဒအတိုင်းပဲ
ဆက်လုပ်ဆောင်သွားပါလိမ့်မယ်”ဟု ၎င်းက ဆိုသည်။
ဆန္ဒထုတ်ဖော်ရာတွင်
“သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး” ၊ “ကျောက်မီးသွေးသုံးဓာတ်အားပေး စက်ရုံဖျက်သိမ်းပေးရေး”
စသဖြင့်ကြွေးကြော်သံများဖြင့် သကျက်တောကျေးရွာ တွင် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။
ယင်းအပြင်
‘ဥပဒေစိုးမိုးမှုနည်းသော အစိုးရဟောင်းအား နောက်ဆုံး နှုတ်ဆက်ပါသည်’ဟူ သော ဆိုင်းဘုတ်ကိုပါ
ကိုင်ဆောင် ဆန္ဒပြခဲ့သည်။
အဆိုပါဆန္ဒထုတ်ဖော်ပွဲတွင်
ဒေသခံများက သဘောထားထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်တွင် ဒေသခံများသဘောတူညီမှုမရမချင်း
စီမံကိန်းကို အကောင်အထည်မဖော်ရန်နှင့် တနင်္သာရီတိုင်း၏ လျှပ်စစ်လိုအပ်ချက်ကို ဆိုးကျိုးများသည့်
ကျောက်မီးသွေးအစား သဘာဝဓာတ်ငွေ့ဖြင့်သာ အသုံးပြုပေးပါရန် ဟူ၍ တောင်းဆိုချက်များပါရှိသည်။
၂၀၁၄ ဒီဇင်ဘာလ
၁၄ ရက်နေ့ကလည်း ကျောက်မီးသွေးစက်ရုံအလိုမရှိေ ကြာင်း သကျက်တောကျေးရွာတွင် လူအင်အား ၅၀၀
ခန့်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ဖူးသည်။
Dawei
Watch
မြန်မာဌာန | သတင်းများ တိုင်းပြည်ဘဏ္ဍာငွေကို ချွေတာကြ ဖို့ ဒေါ်အောင်ဆန်းစုကြည်မှာကြား
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်ဝန်ကြီး ၁၄ ဦးတို့ မတ်လ ၂၅
ရက်နေ့က နေပြည်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ
အဆောင်မှာ တွေ့ဆုံကြစဉ်
Photo: NLD Chairperson
အစိုးရသစ်ဖွဲ့စည်းပြီးနောက် ရက်ပေါင်း ၁ဝဝ အတွင်း ဆောင်ရွက်မယ့် ဝန်ကြီးဌာနအလိုက် စီမံချက်တွေ ကို ရေးဆွဲထားကြဖို့နဲ့ ဝန်ကြီးအိမ်တွေမှာ ထားရှိမယ့် ပရိဘောဂတွေအတွက် ကုန်ကျစရိတ်ကို လစာထဲကနေ သုံးစွဲဖို့ ဝန်ကြီး ၁၄ ဦးကို ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
မနေ့က ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ဝန်ကြီး ၁၈ ဦးထဲက ၁၄ ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီနေ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီအဆောင်မှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်တွေကို တွေ့ဆုံပွဲအပြီးမှာ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို က အခုလို ပြောပါတယ်။
"ဧပြီလ ၁ ရက်နေ့ အစိုးရအဖွဲ့သစ်စတဲ့အခါမှာ ရက် ၁ဝဝ စီမံချက်ကို ဌာနအလိုက်ဆွဲထားဖို့ ပြီးတော့ဌာန ချင်း ပေါင်းစပ်ဆောင်ရွက်ဖို့ကိုပဲ အဓိကပြောသွားပါတယ်၊ ရက် ၁ဝဝ စီမံချက်ဆွဲတဲ့အခါမှာလည်း ရက် ၁ဝဝ အတွင်း ပြီးမြောက်နိုင်မယ့် အကောင်အထည်ဖော်နိုင်မယ့် လုပ်ငန်းမျိုးတွေကို ဦးစားပေးဆောင်ရွက်ဖို့ပြော ပါတယ်၊ နောက်ခြိုးခြံချွေတာဖို့ပြောပါတယ်၊ ပရိဘောကကို ပြည်ထာင်စုအစိုးရရဲ့ ဝန်ကြီးအသစ် ၁၈ ဦးက ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်ပြီးထည့်ရမယ်၊ နိုင်ငံတော်ကနေ ပြန်မတောင်းရဘူး၊ ငါးနှစ်သက်တမ်းထမ်းဆောင် ပြီးရင်လည်း အဲ့ဟာတွေကို နောက်လူတွေကိုတဆင့်လွှဲပေးရမယ်၊ စအနစ်နာခံဖို့ အလားတူပဲပေါ့လေ ပြည် တွင်း ပြည်ပခရီးသွားတဲ့အခါတွေမှာလည်း ခြိုးခြံချွေတာဖို့ အပိုလူတွေမခေါ်ဖို့ လိုအပ်သလောက်ဝန်ထမ်းကိုပဲခေါ် ဖို့ ဒါတွေကိုပြောပါတယ်၊ ဝန်ကြီးဌာနအချင်းချင်းအားလုံးက မိသားစုပုံစံလေး ပေါင်းစပ်ဆောင်ရွက်သွားဖို့ရယ် သူတလူငါတမင်းမလုပ်ဖို့ ကိစ္စဖြစ်ပါတယ်"
ဒါ့အပြင် သူရဦးအောင်ကို သူ့အနေနဲ့ ဆောင်ရွက်မယ့်ကိစ္စတွေကို ပြောရာမှာ သာသနာရေးနဲ့ ပတ်သက်တာတွေ ဟာ တခါတလေမှာ နိုင်ငံရေးဖြစ်သွားတတ်ကြောင်းနဲ့ အစိုးရသစ်ရဲ့ လုပ်ငန်းတွေကို အောင်မြင်စေချင်သူတွေ ရှိသလို၊ မအောင်မြင်စေချင်တဲ့ ခေတ်နောက်ပြန်ဆွဲချင်တဲ့ အဖွဲ့အစည်းတွေ ရှိကောင်းရှိနိုင်ပြီး လူမှုအဖွဲ့အစည်း အတွင်းမှာ မငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်မှုတွေ ရှိလာနိုင်တယ်လို့ ပြောပါတယ်။
သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တွေအပြင် တခြားဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံသွားမယ်လို့ သူရဦးအောင်ကို က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိတရားကင်းကင်းဆောင်ရွက်ဖို့၊ မြန်မြန်ဆန်ဆန်နဲ့တိုးတက်မှုရှိမယ့် လုပ်ငန်းတွေကို ဆောင်ရွက်ဖို့လည်း မှာကြားခဲ့ပါတယ်။
တွေ့ဆုံပွဲကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ တက်ရောက်ခြင်းမရှိပါဘူး။
တက်ရောက်ခဲ့သူတွေက စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာအောင်သူ၊ ပြန်ကြားရေး ဝန်ကြီး ဒေါက်တာဖေမြင့်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုင်သက်လွင်၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး စတဲ့ ဝန်ကြီး ၁၄ ဦးဖြစ်ပါတယ်။
RFA
ဆက်သွယ်ရေး ကုမ္ပဏီအသစ် လာတော့မည်
မတ်လ ၂၅ ရက်နေ့ကကျင်းပတဲ့ နေပြည်တော် ဆက်သွယ်ရေး၊
သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနရုံးက သတင်းစာရှင်းလင်းပွဲမှာ
ဒုတိယဝန်ကြီး ဦးဝင်းသန်း ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA
မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုဈေးကွက်မှာ
ပြည်တွင်းကအများပိုင်ကုမ္ပဏီ ၁၁ ခု၊ ကာကွယ်ရေး ဝန်ကြီးဌာနတို့နဲ့
ပူးပေါင်းဆောင်ရွက်ဖို့ ဗီယက်နမ်နိုင်ငံက Viettel ကုမ္ပဏီကို
ရွေးချယ်ထားကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးဝင်းသန်း က ဒီနေ့ ပြော ပါတယ်။
ဒီနေ့ နေပြည်တော် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနရုံးမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒုတိယဝန်ကြီး ဦးဝင်းသန်း က ပြောတာဖြစ်ပါတယ်။
အဲ့ဒီကုမ္ပဏီနဲ့အတူ ကာကွယ်ရေးဝန်ကြီးဌာန က Star High အများပိုင်ကုမ္ပဏီနာမည်နဲ့ ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီး ဘယ်လောက် ရင်းနှီးမြှုပ်နှံမယ်ဆိုတာ မသိရသေးပါဘူး။
လက်ရှိဆက်သွယ်ရေးဝန်ဆောင်မှု ဈေးကွက်မှာ မြန်မာ့ဆက်သွယ်ရေး MPT ၊ Telenor ၊ Ooredoo အပြင် ၄ ခုမြောက် ကုမ္ပဏီအဖြစ် Viettel (ဗီယက်တဲလ်) ကုမ္ပဏီ ပါဝင်လာမှာဖြစ်ပါတယ်။
တင်ဒါရွေးချယ်ရေးလုပ်ငန်းတွေကို ပြည်ပက ကျွမ်းကျင်တဲ့ Roland Berger ကုမ္ပဏီကို ငှားရမ်းပြီး စိစစ်ခဲ့ တာဖြစ်ပြီး လိုင်စင်ကြေးကို ဒေါ်လာသန်း ၃ဝဝ သတ်မှတ်ထားပါတယ်။
Viettel ကုမ္ပဏီက ဆင်းကတ်တွေကို ဘယ်တော့ဈေးကွက်ထဲ ဖြန့်ချိမယ်ဆိုတာ
မကြေညာသေးပေမယ့် 2 G နဲ့ 3 G လိုင်းရရှိမှာဖြစ်တယ်လို့ ပြောပါတယ်။
RFA
ဒီနေ့ နေပြည်တော် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနရုံးမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒုတိယဝန်ကြီး ဦးဝင်းသန်း က ပြောတာဖြစ်ပါတယ်။
အဲ့ဒီကုမ္ပဏီနဲ့အတူ ကာကွယ်ရေးဝန်ကြီးဌာန က Star High အများပိုင်ကုမ္ပဏီနာမည်နဲ့ ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီး ဘယ်လောက် ရင်းနှီးမြှုပ်နှံမယ်ဆိုတာ မသိရသေးပါဘူး။
လက်ရှိဆက်သွယ်ရေးဝန်ဆောင်မှု ဈေးကွက်မှာ မြန်မာ့ဆက်သွယ်ရေး MPT ၊ Telenor ၊ Ooredoo အပြင် ၄ ခုမြောက် ကုမ္ပဏီအဖြစ် Viettel (ဗီယက်တဲလ်) ကုမ္ပဏီ ပါဝင်လာမှာဖြစ်ပါတယ်။
တင်ဒါရွေးချယ်ရေးလုပ်ငန်းတွေကို ပြည်ပက ကျွမ်းကျင်တဲ့ Roland Berger ကုမ္ပဏီကို ငှားရမ်းပြီး စိစစ်ခဲ့ တာဖြစ်ပြီး လိုင်စင်ကြေးကို ဒေါ်လာသန်း ၃ဝဝ သတ်မှတ်ထားပါတယ်။
Viettel ကုမ္ပဏီက ဆင်းကတ်တွေကို ဘယ်တော့ဈေးကွက်ထဲ ဖြန့်ချိမယ်ဆိုတာ
မကြေညာသေးပေမယ့် 2 G နဲ့ 3 G လိုင်းရရှိမှာဖြစ်တယ်လို့ ပြောပါတယ်။
RFA
ကရင်ပြည်နယ် အစိုးရအဖွဲ့မှာ ပညာရှင်တွေပါမည်
ကရင်ပြည်နယ် အန်အယ်လ်ဒီပါတီ ဥက္ကဌ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်
ဒေါ်နန်းခင်ထွေးမြင့် ကို မတ်လ ၂၅ ရက်နေ့က ကရင်ပြည်နယ် လွှတ်တော်မှာ တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA
ကရင်ပြည်နယ် အစိုးရအဖွဲ့ကို အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်တွေအပြင်
တခြားပါတီက ကိုယ်စားလှယ်တွေ၊ ပညာရှင်တွေနဲ့ ဖွဲ့စည်းသွားမယ်လို့
ကရင်ပြည်နယ် အန်အယ်လ်ဒီပါတီ ဥက္ကဌ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်
ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။
ဒီနေ့ ဘားအံမြို့မှာ ကျင်းပတဲ့ ကရင်ပြည်နယ် လွှတ်တော်အစည်းအဝေးအပြီးမှာ ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းရေး နဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဒေါ်နန်းခင်ထွေးမြင့် က ပြောတာဖြစ်ပါတယ်။
"အန်တီတို့ ရင်ကြားစေ့ရေးလေ၊ တခြားပါတီတွေကလည်း ပါပါတယ်၊ ပြင်ပပညာရှင်တွေလည်း ပါပါတယ်၊ အဲ့ဒီဝန်ကြီးဌာနတွေကို အန်တီတို့ ၃ဝ ရက်နေ့မှ ပေးမယ်လို့ ပြောမယ်လို့ ပြောထားတယ်ဆိုတော့လေ၊ အဲ့ဒီ ၃ဝ ရက်နေ့လောက်မှ သိရမယ်၊ အတိအကျတော့ မပြောနိုင်သေးဘူး"
လာမယ့် မတ်လ၂၈ ရက်နေ့မှာ ပြည်နယ်ဝန်ကြီးချုပ် အမည်စာရင်းကို လွှတ်တော်မှာ တင်သွင်းမှာဖြစ် ပြီး ဒေါ်နန်းခင်ထွေးမြင့်ဟာ ကရင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် လျာထားခံရသူလို့ သတင်းတွေထွက်နေပါတယ်။
ကရင်ပြည်နယ်လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် ၁ဝ ဦး၊ ကြံ့ခိုင်ဖံွ့ဖြိုးရေး ပါတီက ၃ ဦး၊ ကရင်ပြည်သူ့ပါတီက ၁ ဦး၊ တပ်မတော်သားကိုယ်စားလှယ် ၆ ဦး ရှိပါတယ်။
လက်ရှိ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောဝင်းထိန်ဟာ ဖာပွန်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အဖြစ် ပြန်လည်အနိုင်ရရှိထားတဲ့အတွက် ဒီနေ့ လွှတ်တော်အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။
RFA
ဒီနေ့ ဘားအံမြို့မှာ ကျင်းပတဲ့ ကရင်ပြည်နယ် လွှတ်တော်အစည်းအဝေးအပြီးမှာ ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းရေး နဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဒေါ်နန်းခင်ထွေးမြင့် က ပြောတာဖြစ်ပါတယ်။
"အန်တီတို့ ရင်ကြားစေ့ရေးလေ၊ တခြားပါတီတွေကလည်း ပါပါတယ်၊ ပြင်ပပညာရှင်တွေလည်း ပါပါတယ်၊ အဲ့ဒီဝန်ကြီးဌာနတွေကို အန်တီတို့ ၃ဝ ရက်နေ့မှ ပေးမယ်လို့ ပြောမယ်လို့ ပြောထားတယ်ဆိုတော့လေ၊ အဲ့ဒီ ၃ဝ ရက်နေ့လောက်မှ သိရမယ်၊ အတိအကျတော့ မပြောနိုင်သေးဘူး"
လာမယ့် မတ်လ၂၈ ရက်နေ့မှာ ပြည်နယ်ဝန်ကြီးချုပ် အမည်စာရင်းကို လွှတ်တော်မှာ တင်သွင်းမှာဖြစ် ပြီး ဒေါ်နန်းခင်ထွေးမြင့်ဟာ ကရင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် လျာထားခံရသူလို့ သတင်းတွေထွက်နေပါတယ်။
ကရင်ပြည်နယ်လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် ၁ဝ ဦး၊ ကြံ့ခိုင်ဖံွ့ဖြိုးရေး ပါတီက ၃ ဦး၊ ကရင်ပြည်သူ့ပါတီက ၁ ဦး၊ တပ်မတော်သားကိုယ်စားလှယ် ၆ ဦး ရှိပါတယ်။
လက်ရှိ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောဝင်းထိန်ဟာ ဖာပွန်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အဖြစ် ပြန်လည်အနိုင်ရရှိထားတဲ့အတွက် ဒီနေ့ လွှတ်တော်အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။
RFA
ရွေးကောက်ပွဲကော်မရှင် တာဝန်လွှဲပြောင်းရေး ပြင်ဆင်
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့
အဖွဲ့ဝင်တွေ စက်တင်ဘာလ ၃ ရက်နေ့က ရန်ကုန်မြို့ ရွှေလီလမ်းရှိ ရွေးကောက်ပွဲ
အချက်အလက်စင်တာမှာ သတင်းမီဒီယာသမားတွေနဲ့ တွေ့ဆုံရှင်းလင်းစဉ်
Photo: RFA
ပြီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကန့်ကွက်မှု ၄၇ မှုရှိပြီး အမှုစစ်ဆေးနေတာတွေကို ဒီနေ့ စတင်ရပ်ဆိုင်းလိုက်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုင်းခမ်းဝင်းက ပြောပါတယ်။
"ပြစ်မှုတွေကို ရုံးချိန်းမပေးတော့ဘူး၊ နောက်တက်လာမယ့် ကော်မရှင်တွေပဲ ဆက်လုပ်ရမှာပေါ့၊ အခုလောက်ကနေ စဖြတ်နေပါပြီ၊ ဘာဖြစ်လို့လဲဆိုတော့ နောက်ထပ်ချိန်းလည်း မပြီးပြတ်နိုင်တဲ့အမှုတွေ အများကြီးပဲလေ"
လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို အဖွဲ့ဝင် ၇ ဦးနဲ့ ၂၀၁၁ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး၊ ၂၀၁၄ နှစ်ကုန်ပိုင်းလောက်မှာ နောက်ထပ် ၈ ဦးကို ထပ်ခန့်ခဲ့တာကြောင့် စုစုပေါင်း ၁၆ ဦး ရှိခဲ့ပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အသစ်ကို လာမယ့် မတ်လ ၃၁ ရက်နေ့မှာ လုပ်ငန်းတာဝန်တွေ လွှဲပြောင်းမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲဆိုင်ရာ အမှုတွေထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေက အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်တွေကို ကန့်ကွက်ထားတဲ့ အမှုတွေက အများဆုံး ဖြစ်ပါတယ်။
RFA
ထားဝယ်ခရိုင်လောင်းလုံးမှာ ကျောက်မီးသွေးစက်ရုံကို ဆန္ဒပြ
တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့နယ် သကျက်တောကျေးရွာမှာ
ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းကို ကန့်ကွက်ကြောင်း
ဒေသခံ ၄ဝဝ လောက်က မတ်လ ၂၅ ရက်နေ့ ဆန္ဒဖော်ထုတ်ကြစဉ်
Photo: Kyaw Lwin Oo/RFA
တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့နယ် သကျက်တောကျေးရွာမှာ
ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းကို ကန့်ကွက်ကြောင်း
ဒေသခံ ၄ဝဝ လောက်က ဒီနေ့ ဆန္ဒပြကြပါတယ်။
ဒေသခံတွေရဲ့ သဘောထားမပါဘဲ လျှပ်စစ်ဝန်ကြီးဌာနက သဘောတူလက်မှတ်ရေးထိုးလိုက်တာကို မကျေနပ်လို့ ဆန္ဒပြတာလို့ ထားဝယ်တိုင်းရင်းသားများပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ဒုက္ကဋ္ဌ(၂)ဖြစ်သူ အောက်ရေဖြူကျေးရွာသား ဦးမောင်အေးက ပြောပါတယ်။
"လျှပ်စစ်ဒုဝန်ကြီးက ၅ဝဝ မဂ္ဂါဝပ် ကျောက်မီးသွေးစက်ရုံကြီးဆောင်မှာကို ဒေသခံတွေအကုန်လုံး ထောက် ခံကြတယ်ပေါ့လေ၊ ကျနော်တို့လည်း အရင်ကကန့်ကွက်ဆန္ဒပြခဲ့ဖူးပါတယ်၊ ဒါတွေထည့်မတွက်ဘဲနဲ့ ဒေသ ခံတွေရဲ့ဆန္ဒကို လုံးဝမျက်ကွယ်ပြုပြီးတော့ သဘောတူလက်မှတ်ရေးထိုးလိုက်တာကို မကျေနပ်လို့ ဆန္ဒပြတာပါ"
မဂ္ဂါဝပ် ၅ဝဝ ထွက်ရှိမယ့်စက်ရုံကို ရမ္မဇူကျေးရွာအနီးက မြေဧက ၈ဝဝ ကျော်မှာ ဆောက်လုပ်မှာဖြစ်ပြီး ပြည်တွင်း က 24 Hour Mining ကုမ္ပဏီနဲ့ ကိုရီးယားနိုင်ငံက ကုမ္ပဏီတစ်ခုတို့ တည်ဆောက်မှာဖြစ်ပါတယ်။
အဲ့ဒီစီမံကိန်းကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလကလည်း ရမ္မဇူကျေးရွာအနီးမှာ ဒေသခံတွေက ကန့်ကွက်ဆန္ဒပြ ခဲ့ကြပါတယ်။
လျှပ်စစ်ဝန်ကြီးဌာနနဲ့ ကုမ္ပဏီ ၂ ခုက တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က သဘောတူလက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ဒီနှစ်အတွင်းမှာ စတင်တည်ဆောက်မှာဖြစ်ပါတယ်။
ဆန္ဒပြပွဲမှာ ရမ္မဇူ၊ သကျက်တော၊ ညောင်ဇင်၊ အောက်ရေဖြူ၊ ကျောက်တွင်း၊ တောကျဲ၊ သဝင်၊ ကဒတ်ကြီး စတဲ့ ကျေးရွာတွေက ဒေသခံတွေ ပါဝင်ခဲ့ကြပါတယ်။
RFA
မှတ်ချက် ။ ။ အောက်ရေဖြူကျေးရွာသား ဦးမောင်အေး သည် ထားဝယ်တိုင်းရင်းသားများပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ဒုက္ကဋ္ဌ(၂) ဖြစ်ပါသည်။
ဤဆန္ဒပြပွဲကို ထားဝယ်တိုင်းရင်းသားများပါတီ(လောင်းလုံးမြို့နယ်)မှဦးဆောင်ကျင်းပသည်.
လွင့်မောင်မောင် နေ့စဉ်သတင်း
ဒေသခံတွေရဲ့ သဘောထားမပါဘဲ လျှပ်စစ်ဝန်ကြီးဌာနက သဘောတူလက်မှတ်ရေးထိုးလိုက်တာကို မကျေနပ်လို့ ဆန္ဒပြတာလို့ ထားဝယ်တိုင်းရင်းသားများပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ဒုက္ကဋ္ဌ(၂)ဖြစ်သူ အောက်ရေဖြူကျေးရွာသား ဦးမောင်အေးက ပြောပါတယ်။
"လျှပ်စစ်ဒုဝန်ကြီးက ၅ဝဝ မဂ္ဂါဝပ် ကျောက်မီးသွေးစက်ရုံကြီးဆောင်မှာကို ဒေသခံတွေအကုန်လုံး ထောက် ခံကြတယ်ပေါ့လေ၊ ကျနော်တို့လည်း အရင်ကကန့်ကွက်ဆန္ဒပြခဲ့ဖူးပါတယ်၊ ဒါတွေထည့်မတွက်ဘဲနဲ့ ဒေသ ခံတွေရဲ့ဆန္ဒကို လုံးဝမျက်ကွယ်ပြုပြီးတော့ သဘောတူလက်မှတ်ရေးထိုးလိုက်တာကို မကျေနပ်လို့ ဆန္ဒပြတာပါ"
မဂ္ဂါဝပ် ၅ဝဝ ထွက်ရှိမယ့်စက်ရုံကို ရမ္မဇူကျေးရွာအနီးက မြေဧက ၈ဝဝ ကျော်မှာ ဆောက်လုပ်မှာဖြစ်ပြီး ပြည်တွင်း က 24 Hour Mining ကုမ္ပဏီနဲ့ ကိုရီးယားနိုင်ငံက ကုမ္ပဏီတစ်ခုတို့ တည်ဆောက်မှာဖြစ်ပါတယ်။
အဲ့ဒီစီမံကိန်းကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလကလည်း ရမ္မဇူကျေးရွာအနီးမှာ ဒေသခံတွေက ကန့်ကွက်ဆန္ဒပြ ခဲ့ကြပါတယ်။
လျှပ်စစ်ဝန်ကြီးဌာနနဲ့ ကုမ္ပဏီ ၂ ခုက တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က သဘောတူလက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ဒီနှစ်အတွင်းမှာ စတင်တည်ဆောက်မှာဖြစ်ပါတယ်။
ဆန္ဒပြပွဲမှာ ရမ္မဇူ၊ သကျက်တော၊ ညောင်ဇင်၊ အောက်ရေဖြူ၊ ကျောက်တွင်း၊ တောကျဲ၊ သဝင်၊ ကဒတ်ကြီး စတဲ့ ကျေးရွာတွေက ဒေသခံတွေ ပါဝင်ခဲ့ကြပါတယ်။
RFA
မှတ်ချက် ။ ။ အောက်ရေဖြူကျေးရွာသား ဦးမောင်အေး သည် ထားဝယ်တိုင်းရင်းသားများပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ဒုက္ကဋ္ဌ(၂) ဖြစ်ပါသည်။
ဤဆန္ဒပြပွဲကို ထားဝယ်တိုင်းရင်းသားများပါတီ(လောင်းလုံးမြို့နယ်)မှဦးဆောင်ကျင်းပသည်.
လွင့်မောင်မောင် နေ့စဉ်သတင်း
ရွေးကောက်ပွဲကော်မရှင်သစ် ဖွဲ့စည်းရေး အဆိုပြု
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်နာယက မန်းဝင်းခိုင်သန်း ကို တွေ့ရစဉ်
Photo: RFA
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ကော်မရှင်ဥက္ကဌ အပါအ၀င် ၅ဦးနဲ့
ဖွဲ့စည်းဖို့ နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခံရသူ
ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့ အဖွဲ့ဝင် ၄ဦး အမည်စာရင်းကို လွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းက ဒီကနေ့ ကြေညာခဲ့ပါတယ်။
"ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၆ ပါ ပြဌာန်းချက်အရ ကော်မရှင်အသစ် ဖွဲ့စည်းရမှာဖြစ် ပါတယ်၊ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူထံမှ ဥက္ကဌအပါအဝင် အဖွဲ့ဝင် ၅ ဦးဖြင့် ဖွဲ့စည်းနိုင်ရန် လွှတ်တော်ရဲ့ သဘောတူညီချက် ရယူနိုင်ရေးအတွက် အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော် သို့ ပေးပို့တင်ပြထားပါတယ်၊ (၁) ဦးလှသိန်း၊ (၂)ဦးအောင်မြင့်၊ (၃)ဦးစိုးရယ်၊ (၄)ဦးထွန်းခင်၊ (၅)ဦးလှတင့် တို့ဖြစ်ပါတယ်၊ ပုဂ္ဂိုလ် ၅ ဦးအနက်မှ ဦးလှသိန်း အား ဥက္ကဌအဖြစ် တာဝန်ပေးအပ်လိုပါကြောင်း ပြည်ထောင်စု လွှတ်တော်သို့ အဆိုပြုတင်ပြထားပါတယ်"
ကော်မရှင်အဖွဲ့သစ်မှာ ဥက္ကဌအဖြစ် လျာထားခံရတဲ့ ဦးလှသိန်းဟာ မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း တစ်ဦးဖြစ်ပြီး အဖွဲ့ဝင်တွေဟာ အငြိမ်းစားအရာရှိတွေဖြစ်ပါတယ်။ ဦးလှသိန်းက သူ့အနေနဲ့ ဥက္ကဌတာဝန် ထမ်းဆောင်တဲ့အခါ ရွေးကောက်ပွဲကို ပြည်သူ့ဆန္ဒနဲ့ ထပ်တူဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ RFA ကို ပြောပါတယ်။
အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးစိုးရယ်ဟာ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီက ဒီမောဆိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဟောင်းဖြစ်သလို သူရဦးရွှေမန်း ဦးဆောင်တဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်မှာ အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခံထားရသူဖြစ်ပါတယ်။
အမည်စာရင်း တင်သွင်းခံထားရတဲ့ ကော်မရှင်ဥက္ကဌနဲ့ အဖွဲ့ဝင် ၄ဦးနဲ့ပတ်သက်ပြီး လာမယ့် မတ်လ ၂၈ ရက်မှာ အတည်ပြုမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်ဥက္ကဌသစ် လျာထားခံရသူ ဦးလှသိန်း ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
RFA
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့ အဖွဲ့ဝင် ၄ဦး အမည်စာရင်းကို လွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းက ဒီကနေ့ ကြေညာခဲ့ပါတယ်။
"ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၆ ပါ ပြဌာန်းချက်အရ ကော်မရှင်အသစ် ဖွဲ့စည်းရမှာဖြစ် ပါတယ်၊ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူထံမှ ဥက္ကဌအပါအဝင် အဖွဲ့ဝင် ၅ ဦးဖြင့် ဖွဲ့စည်းနိုင်ရန် လွှတ်တော်ရဲ့ သဘောတူညီချက် ရယူနိုင်ရေးအတွက် အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော် သို့ ပေးပို့တင်ပြထားပါတယ်၊ (၁) ဦးလှသိန်း၊ (၂)ဦးအောင်မြင့်၊ (၃)ဦးစိုးရယ်၊ (၄)ဦးထွန်းခင်၊ (၅)ဦးလှတင့် တို့ဖြစ်ပါတယ်၊ ပုဂ္ဂိုလ် ၅ ဦးအနက်မှ ဦးလှသိန်း အား ဥက္ကဌအဖြစ် တာဝန်ပေးအပ်လိုပါကြောင်း ပြည်ထောင်စု လွှတ်တော်သို့ အဆိုပြုတင်ပြထားပါတယ်"
ကော်မရှင်အဖွဲ့သစ်မှာ ဥက္ကဌအဖြစ် လျာထားခံရတဲ့ ဦးလှသိန်းဟာ မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း တစ်ဦးဖြစ်ပြီး အဖွဲ့ဝင်တွေဟာ အငြိမ်းစားအရာရှိတွေဖြစ်ပါတယ်။ ဦးလှသိန်းက သူ့အနေနဲ့ ဥက္ကဌတာဝန် ထမ်းဆောင်တဲ့အခါ ရွေးကောက်ပွဲကို ပြည်သူ့ဆန္ဒနဲ့ ထပ်တူဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ RFA ကို ပြောပါတယ်။
အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးစိုးရယ်ဟာ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီက ဒီမောဆိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဟောင်းဖြစ်သလို သူရဦးရွှေမန်း ဦးဆောင်တဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်မှာ အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခံထားရသူဖြစ်ပါတယ်။
အမည်စာရင်း တင်သွင်းခံထားရတဲ့ ကော်မရှင်ဥက္ကဌနဲ့ အဖွဲ့ဝင် ၄ဦးနဲ့ပတ်သက်ပြီး လာမယ့် မတ်လ ၂၈ ရက်မှာ အတည်ပြုမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်ဥက္ကဌသစ် လျာထားခံရသူ ဦးလှသိန်း ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
RFA
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ နှုတ်ဆက်ပွဲပြုလုပ်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ နှုတ်ဆက်ပွဲအခမ်းအနားကို ပုသိမ်ဟိုတယ်မြတ်ခင်းပြင်မှာ မတ်လ ၂၅ ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင် အပါအဝင် တိုင်းအစိုးရ အဖွဲ့ဝင်ဝန်းကြီးတွေ၊ တိုင်းအဆင့်ဌာနဆိုင်ရာတွေနဲ့ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ အပြင် စီးပွားရေးလုပ်ငန်းရှင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားမှာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်ရဲ့ ဂုဏ်ထူးဆောင်ဆု သုံးဆုကို ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။
သတင်းဓာတ်ပုံ – သော်ဇင်မျိုး
DVB
အန်စီအေ လက်မှတ်ထိုးသည့်အဖွဲ့နှင့် မထိုးသည့်အဖွဲ့ ဆက်လက်ဆွေးနွေးမည်
တနိုင်ငံလုံး ပစ်ခတ်တိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ၃ ရက်တာ ထိပ်သီးစီးဝေးပွဲပြီးရင်တော့ လက်မှတ်မထိုးသေးတဲ့အဖွဲ့နဲ့ ဆက်လက်ဆွေးနွေးသွားမယ်လို့ အစည်းအဝေး တက်ရောက်လာတဲ့ ကေအန်ယူ ဗဟိုကော်မတီဝင် ပဒို စောသမိန်ထွန်းက ပြောပါတယ်။
အစိုးရ သစ်လက်ထက်မှာ ဆောင်ရွက်ရမယ့် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်လို့ (အန်စီအေ) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ထိပ်သီးခေါင်းဆောင်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မတ်လ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ဆွေးနွေးနေကြပါတယ်။
ဒီဆွေးနွေးပွဲမှာ ပြီးခဲ့တဲ့အစိုးရလက်ထဲက လုပ်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး အစိုးရသစ်နဲ့ ပြန်လည်ဆက်သွယ်ဖို့၊ လက်မှတ်မထိုးသေးတဲ့အဖွဲ့နဲ့ ပြန်လည်ဆွေးနွေးဖို့ စတဲ့အချက်တွေကို အဓိက ဆွေးနွေးခဲ့ပါတယ်။
ဒါကြောင့် အန်စီအေ လက်မှတ်မထိုးသေးတဲ့ဖွဲ့တွေနဲ့ ၂၇ ရက်နေ့မှာ ဆက်လက်တွေ့ဆုံမယ်လို့ ပဒိုစောသမိန်ထွန်းက ပြောပါတယ်။
“နေပြည်တော်မှာ လုပ်တဲ့ဟာကို လက်ရှိ တက်တဲ့အစိုးရသစ်နဲ့ ပြန်ပြီးဆက်သွယ်ဖို့ သဘောထားတယ်။ နောက်ပြီး လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေနဲ့ ပြန်လည်ပြီးမှ ဆွေးနွေးဖို့၊ အဲဒါ ၂၇ ရက်နေ့မှာ ဆွေးနွေးမယ်။ ၂၆ ရက်နေ့ ဆွေးနွေးပွဲပြီးတာနဲ့ ၂၇ ရက်နေ့ သူတို့နဲ့ဆွေးနွေးမယ်။ ”
ဒါ့အပြင် လက်ရှိ ရှိနေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ကော်မတီကို စနစ်တကျပြန်လည်ဖွဲ့ စည်းမှာဖြစ်လို့ အပစ်ခတ်ရပ်စဲရေးစောင့်ကြည့်ရေးအဖွဲ့တွေကို စနစ်တကျ ပြန်လည်ဖွဲ့စည်းမယ်လို့ ဆွေးနွေးသဘောတူခဲ့ကြပါတယ်။
မတ်လ ၂၄ ကနေ ၂၆ ရက်နေ့အထိ ကျင်းပတဲ့ ဒီအစည်းအဝေးကို အန်စီအေ လက်မှတ်ထိုးတဲ့ အဖွဲ့ ၈ ဖွဲ့အနက် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်ကလွဲလို့ ကျန် ၇ ဖွဲ့က တက်ရောက်ပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက်မှာ အန်စီအေ သဘောတူစာချုပ်ကို အတည်ပြုနိုင်ပေမယ့် အဖွဲ့စုံပါဝင်ရေးမှာ သဘောမကိုက်ညီတာကြောင့် အဖွဲ့ပေါင်း ၂၀ ခန့်အနက် ၈ ဖွဲ့သာ လက်မှတ်ထိုးနိုင်ခဲ့ပါတယ်။
အန်စီအေ လက်မှတ်ရေးထိုးတဲ့အဖွဲ့တွေကတော့ ကရင်အမျိုးသားအစည်းအရုံး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် တောင်ပိုင်း၊ ကရင်ငြိမ်းချမ်းရေးကောင်စီ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်၊ ချင်းအမျိုးသားတပ်ဦး၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်နဲ့ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီတို့ ၈ ဖွဲ့ ဖြစ်ပါတယ်။
သမ္မတဦးထင်ကျော်ဦးဆောင်မယ့် အစိုးရသစ်ဟာ ဧပြီလ ၁ ရက်နေ့မှာ စတင် အသက်ဝင်လာမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို သူကိုယ်တိုင်ဦးဆောင်မယ်လို့ ထုတ်ပြောထားပါတယ်။
DVB
ပါမိုင်ရာမြို့ကို ဆီးရီးယားတပ် ပြန်သိမ်း၊ အိုင်အက်စ် ခေါင်းဆောင်များကို အသေဖမ်းမိ (ရုပ်သံ)
အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက် စစ်သွေးကြွတွေ သိမ်းထားတဲ့ ပါမိုင်ရာမြို့ကို ဆီးရီးယားစစ်တပ်က ပြန်လည် သိမ်းပိုက်နိုင်ပြီး အိုင်အက်စ်အဖွဲ့ တပ်မှူးကြီးတဦး အပါအ၀င် အကြီးတန်း ခေါင်းဆောင် အတော်များများကို အသေဖမ်းမိလိုက်တယ်လို့ အမေရိကန် စစ်တပ်က ပြောပါတယ်။
မြို့သိမ်းတိုက်ပွဲဟာ ပြင်ထန်းတဲ့အတွက် ရောမခေတ်မြို့ဟောင်းမှာရှိတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေလည်း အပျက်အစီးတွေအဖြစ် ကျန်ရစ်ပါတယ်။
ပါမိုင်ရာမြို့ကို အိုင်အက်စ်အဖွဲ့က ၂၀၁၅ မေလကတည်းက သိမ်းခဲ့တာ ဖြစ်ပြီး ဆီးရီးယား တပ်က အခုလို ပြန်သိမ်းလိုက်တာဟာ စစ်သွေးကြွအဖွဲ့အတွက် ကြီးမားတဲ့ နယ်မြေ ဆုံးရှုံးမှုလည်း ဖြစ်ပါတယ်။
ဒီမြို့ဟာ စစ်သွေးကြွတွေ သိမ်းထားတဲ့ အရှေ့ဘက် နယ်မြေတွေဆီကို ဆက်သွယ်တဲ့ လမ်းတွေရဲ့  ဆုံချက်လည်း ဖြစ်ပါတယ်။
ဆီးရီးယား လူ့အခွင့်အရေးအဖွဲ့ရဲ့ အဆိုအရ ရတ်ကာဆိုတဲ့မြို့မှာ အိုင်အက်စ် စစ်သွေးကြွအဖွဲ့ရဲ့ တပ်မှူးကြီးစီးတဲ့ ကားကို ဗုံးထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ တပ်မှူးရဲ့အမည် ဘယ်သူ ဘယ်ဝါဆိုတာ အတည်ပြုဆဲ ဖြစ်ပြီး သူဟာ ငွေရေးကြေးရေးပိုင်းနဲ့ အစွန်းရောက် တိုက်ခိုက်မှု အပိုင်းတွေကို တာဝန်ယူရတဲ့ ထိပ်တန်းအရာရှိတဦး ဖြစ်နိုင်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်စ် ကာတာက ပြောပါတယ်။
DVB
နော်ဝေတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ဖမ်းယူမှု စမ်းသပ် (ရုပ်သံ)
နော်ဝေနိုင်ငံ အော်စလိုမြို့က အမှိုက်မီးရှို့စက်တလုံးမှာ မီးခိုးထဲကနေ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ကို ဖမ်းယူမယ့် စမ်းသပ်မှုတရပ်ကို ဖော်ထုတ်လိုက်ပါတယ်။
နော်ဝေအဖွဲ့အစည်း Aker solution က ပြန်လည်သန့်စင်လို့ မရတဲ့ မီးရှို့ရမယ့် ပစ္စည်းတွေကနေ ကာဗွန်ကို ဖမ်းယူဖို့ မီးရှို့စက်ကြီးတလုံးကို တည်ဆောက်ခဲ့တာပါ။
အော့စလိုမြို့တော်ရဲ့ ရှီယတ်မတ်စ်ရုဒ် မီးရှို့စက်မှာ အခြေပြုမှာပါ။ ဒီစက်ဟာ နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ် တန်ချိန် ၃သိန်း ထုတ်လွှတ်ပါတယ်။
မီးခိုးထဲက ဖန်လုံအိမ် ဓာတ်ငွေ့တွေဖြစ်တဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့ကို ဖမ်းယူပြီး ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာ စက်ရုံတွေမှာ မြှုပ်နှံမယ့် ခြေလှမ်းလည်း ဖြစ်ပါတယ်။
စမ်းသပ်စက်ရုံမှာ ကုန်လှောင်ရုံ ငါးလုံး ရှိပါတယ်။ ဓာတ်ငွေ့တွေကို ပိုက်တွေ ဇကာတွေကို ဖြတ်သန်းစေပြီး စုဆောင်းယူပါတယ်။ တရက်ကို ဓာတ်ငွေ့ ၂ တန်ကနေ ၂ တန်ခွဲထိ ဖမ်းယူနေတယ်၊ ဒါဟာ စက်ရုံက နိုင်တဲ့ ကန့်သတ်ချက်အရပဲလို့ စမ်းသပ်စက်ရုံရဲ့ မန်နေဂျာက ပြောပါတယ်။
ကမ္ဘာ့ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လုပ်မှုရဲ့ အဓိက ဓာတ်ငွေ့ဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ဖြစ်တယ်လို့ ရာသီဥတုဆိုင်ရာ သိပ္ပံ ပညာရှင်တွေက ပြောထားပါတယ်။
ဒီစက်ရုံက အရာရှိတွေဟာ သူတို့ စက်ရုံရဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ် ထုတ်လွှတ်မှု စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းကို ဖမ်းယူထားနိုင်ဖို့ မျှော်လင့်နေပါတယ်။
အခုချိန်ထိ ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့တန်ချိန် ၈၀ ကို လုပ်ငန်းလုပ်ချိန် နာရီ ၇၀၀ အတွင်း ဖမ်းယူခဲ့ပြီး ၅ လ စမ်းသပ်မှုက အလုပ်ဖြစ်ခဲ့ရင် အင်အားပြည့် လည်ပတ်မယ့် ကာဗွန်ဖမ်းစက်ရုံကို ၂၀၂၀ ခုနှစ်မှာ တည်ဆောက်နိုင်မယ်လို့ လုပ်ငန်းအကြီးအကဲက ပြောပါတယ်။
လောလောဆယ်တော့ ကာဗွန်ဖမ်းယူမှုနဲ့ သိုလှောင်မှုအတွက် နည်းပညာကို ကုန်ကျစရိတ် ကြီးမြင့်မှုက ဖိစီးနေပါတယ်။ ဒါပေမယ့် လုပ်ငန်းအဖွဲ့ကတော့ ဒီလုပ်ငန်းက ကမ္ဘာတဝှမ်း ကျယ်ပြန့်လာရင် စွန့်ပစ်ပစ္စည်းကနေ စွမ်းအင်ဖြစ်လာမယ့် အရေးအတွက် ကုန်ကျစရိတ်က ထိရောက်မှု ရှိလာမယ်လို့ မျှော်လင့်ထားပါတယ်။
DVB
အစိုးရသစ်နှင့် နိုင်ငံရေး ငြိမ်းချမ်းရေး ဆွေးနွေးရန် ကေအိုင်အို အကြံပေးအဖွဲ့ဖွဲ့မည်
လာမယ့် ဧပြီမှာ စတင်တာဝန်ယူမယ့် သမ္မတ ဦးထင်ကျော် အစိုးရသစ်လက်ထက်မှာ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးဖို့ ကေအိုင်အိုက ငြိမ်းချမ်းရေး နဲ့ နိုင်ငံရေးအကြံပေးအဖွဲ့ကို ဖွဲ့စည်းဖို့ရှိနေပါတယ်။
အဲဒီအဖွဲ့ထဲမှာ ကေအိုင်အို စစ်ဘက်အရာရှိ ၅ ဦး နဲ့ အရပ်ဘက်က ပုဂ္ဂိုလ် ၃၀ ကျော် ပါဝင်မယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဆန့်အောင်က ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီအဖွဲ့ထဲမှာ ကေအိုင်အိုဘက်က ကချင်လွတ်လပ်ရေးကောင်စီ အထွေအထွေအတွင်းရေးမှူး ဦးလမာဂွန်ဖမ်းက ဦးဆောင်ပြီး ကေအိုင်အို ဒုဥက္ကဋ္ဌ – ၂ ဗိုလ်ချုပ်ဂွန်မော်က အဖွဲ့ဝင်အဖြစ်ပါဝင်မှာဖြစ်တယ်။ အရပ်ဘက်က ပုဂ္ဂိုလ်တွေကတော့ အစက ၃၁ ဦးလို့ သတ်မှတ်ထားပေမယ့် လိုအပ်သလို ထပ်တိုးရင်လည်း တိုးနိုင်ပါတယ်။”
ဒီအဖွဲ့ဖွဲ့စည်းဖို့ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၁ ရက်ကနေ ၂၅ ရက်ထိကျင်းတဲ့ ကေအိုင်အို ဗဟိုကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး လောလောဆယ် အဖွဲဖွဲ့စည်းရေးကိစ္စကို ပီပီပြင်ပြင် မလုပ်ဆောင်ရသေးဘူးလို့ သူကဆက်ပြောပါတယ်။
ကေအိုင်အိုဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) ပေါ်ပေါက်လာရေးအတွက် ဦးဆောင်ကြိုးပမ်းရာမှာ ပါဝင်ခဲ့တဲ့အဖွဲ့ တဖွဲ့ ဖြစ်ပေမယ့် ၂၀၁၅ နိုဝင်ဘာ လက အစိုးရနဲ့ အန်စီအေ သဘောတူ လက်မှတ်ထိုးရာမှာတော့ ပါဝင်ခြင်းမရှိပါဘူး။
အစိုးရသစ်နဲ့ အစိုးရဟောင်း အကူးအပြောင်းကာလမှာလည်း ကေအိုင်အေ တပ်မဟာ ၄နဲ့ တပ်မဟာ ၆ နယ်မြေတွေမှာ အစိုးရတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ကြိုးကြားကြိုးကြား ဖြစ်ပွားလျက်ရှိနေပါတယ်။
DVB
ကိုပါကြီး အမှုပိတ်သိမ်းဟု ရဲစခန်းအကြောင်းကြားစာပို့
အလောင်းပြန်လည်တူးဖော်စဉ်က
စစ်တပ်က ပစ်သတ်ခဲ့တဲ့ အလွတ်သတင်းထောက် ကိုပါကြီး သေဆုံးမှုကို မှားယွင်းမှုနဲ့ အမှုပိတ်သိမ်းကြောင်း မော်လမြိုင်မြို့နယ်၊ ကျိုက်မရောရဲစခန်းက ကာယကံရှင်ဖြစ်တဲ့ ဒေါ်သန္တာထံ အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။
ရဲစခန်းရဲ့ အကြောင်းကြားစာထဲမှာ ဥပဒေရုံးအဆင့်ဆင့်တို့ရဲ့ အကြံပြုချက်၊ အထက်အကြီးအကဲ အဆင့်ဆင့်တို့ရဲ့ ညွှန်ကြားချက်တွေနဲ့အညီ အမှုအား မှားယွင်းမှုနဲ့ ပိတ်သိမ်းဖို့ ညွှန်ကြားလာတာကြောင့် ရဲစခန်းက အမှုပိတ်သိမ်းတယ်လို့ ဖော်ပြထားပါတယ်။
အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်ကတော့ ခရိုင်အဆင့်တရားရုံးကိုတက်ပြီး အမှုကို ဆက်လက်ရင်ဆိုင်မယ်လို့ ပြောပါတယ်။
“တရားရုံးက အမိန့်ချထားတာက ကိုပါကြီး သေဆုံးမှုဟာ သွေးရိုးသားရိုး သေဆုံးခြင်း မဟုတ်ဘူး၊ တစုံတဦးရဲ့ ပစ်ခတ်မှုကြောင့်လို့ သူက ဆိုထားတယ်။ ဖွင့်ထားတဲ့အမှုတခုကို ဘယ်သက်သေခံတွေအရ မှားယွင်းမှုအဖြစ် သတ်မှတ်တာလဲ၊ ဥပဒေပိုင်းက ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်နယ်ဥပဒေချုပ် စသဖြင့်ပေါ့၊ သုံးသပ်ခြင်းဟာ အပြီးအပြတ် မဖြစ်နိုင်ဘူး၊ တရားရုံးရဲ့ အဆုံးအဖြတ် ရရှိရေးအတွက် ဆက်လက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။”
အလွတ်သတင်းထောက် ကိုပါကြီးဟာ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလကုန်ပိုင်းက မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် (ဒီကေဘီအေ)နဲ့ အစိုးရစစ်တပ်တိုက်ပွဲသတင်းလိုက်ပြီးအပြန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားစဉ် ဦးခေါင်းနဲ့ ခန္ဓာကိုယ်ပေါ်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာပါ။
DVB
ဦးအေးသာအောင် အိမ်သစ်တက်ပွဲက ခေါင်းဆောင်တွေစုံတဲ့ လက်ဖက်ရည်ဝိုင်း
အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်ရဲ့ အိမ်သစ်တက်ပွဲကို ဒီနေ့မနက်ပိုင်းက နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီအိမ်သစ်တက်ပွဲကို သမ္မတ ဦးထင်ကျော်၊ ဒုသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးရွှေမန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နဲ့ ဒုဥက္ကဋ္ဌ ဦးခွန်တီမြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့ စုံညီစွာ တက်ရောက်ခဲ့ကြပါတယ်။
DVB
Friday, March 25, 2016
က်များ နိုင်ငံရေးပါတီတစ်ခု အဖြစ် ပြတ်သားစွာ ရပ်တည်သင့်သော အချိန်ရောက်ပြီဟု ဦးမင်းဇေယျဆို
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရှိ ၈၈ မျိုးဆက်များသည် နိုင်ငံရေးပါတီတစ်ခု အဖြစ် ပြတ်ပြတ်သားသား ရပ်တည်သင့်သည့် အချိန်ရောက်ပြီ ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ဦးမင်းဇေယျက ပြောကြားသည်။
မတ်လ ၂၃ ရက်နေ့က ရန်ကုန်မြို့တော်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သော ကျဆုံးနိုင်ငံရေး အကျဉ်းသားများကို ဂုဏ်ပြုသည့် အခမ်းအနားတွင် The Voice နှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
“နိုင်ငံရေးအရ သွားမလား လူမှုရေးအရပဲ ရပ်တည်မလား ပြတ်ပြတ်သားသား ဆုံးဖြတ်ချိန်တန်ပြီ၊ သွားတဲ့အခါမှာလည်း ၈၈ မျိုးဆက်တွေ အနေနဲ့ ပြည်တွင်းပြည်ပ ၈၈ မျိုးဆက်တွေ အားလုံးပါဝင်နိုင်ဖို့ လိုတယ်၊ တကယ်တမ်း Power Politics ကို သွားမယ်ဆို ပီသအောင် လုပ်ရမှာပေါ့။ အဲ့ဒီအတွက်ကတော့ ညှိနှိုင်းမှုတွေ၊ တိုင်ပင်မှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ လိုတယ် လုပ်နည်းလုပ်ဟန်ပေါ့။ ၈၈ မျိုးဆက်က ပြည်တွင်းကော ပြည်ပမှာပါ အများကြီး ရှိကြတယ်၊ အများစုရဲ့ သဘောထားကတော့ နိုင်ငံရေးပဲလေ” ဟု ဦးမင်းဇေယျက ပြောကြားသည်။
လက်ရှိအခြေအနေတွင် ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) ခေါင်းဆောင်ပိုင်းမှ တာဝန်ရှိသူများက နိုင်ငံရေး အကူးအပြောင်းကာလ အတွက် ချိန်ဆနေပြီး မည်သည့်ပုံစံ၊ မည်သည့်အချိန်တွင် ဆောင်ရွက်မည်ကို တိုင်ပင်မှု ပြုလုပ်နေသည်ဟု ယူဆရကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်က ကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် ၈၈ (ငြိမ်း/ပွင့်) မှ ဦးကိုကိုကြီး အပါအဝင် ခေါင်းဆောင်အချို့ ကြိုးပမ်းခဲ့သော်လည်း NLD က ထုတ်ပြန်သော ကိုယ်စားလှယ်လောင်းစာရင်းတွင် ဒေါပုံမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုပြုံးချို တစ်ဦးကိုသာ ရွေးချယ်ခံခဲ့ရသည်။
သို့သော်လည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်အချို့ကို NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ရွေးချယ်ရာတွင် ပယ်ချခဲ့ခြင်း မဟုတ်ဘဲ ပါတီ၏ ဦးဆောင်မှုကို ခံယူနိုင်သော သူများကိုသာ ဦးစားပေး ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်များက ထုတ်ဖော်ပြောဆိုထားသည်။
ယင်းနောက် နိုင်ငံရေးတွင် လိုအပ်သည့် နေရာများကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး အတွက် ၈၈ မျိုးဆက်များက ဦးဆောင်ပြီး နိုင်ငံရေးပါတီတစ်ရပ် သီးခြားတည်ထောင်မည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ထုတ်ဖော်ပြောဆိုထားသည်။
သို့သော်လည်း ယခုလအတွင်း MICT-Park ခန်းမတွင် ပြုလုပ်သော ဟောပြောပွဲတစ်ခုတွင် ဦးကိုကိုကြီးက လက်ရှိအစိုးရ အပြောင်းအလဲ ကာလတွင် အစိုးရသစ်ထံသို့ အာဏာလွှဲပြောင်းခြင်း ကိစ္စရပ်များသာ အရေးကြီးသောကြောင့် ပါတီတည်ထောင်ခြင်း ကိစ္စရပ်များ ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း သတင်းမီဒီယာများကို ထုတ်ဖော်ပြောဆိုထားသည်။
ပွင့်ဇင်မော်ဟိန်း
- See more at: http://www.thevoicemyanmar.com/index.php/news/item/10269-sts#.dpuf
ဒေါ်စု NLD ဥက္ကဋ္ဌ ဆက်လုပ်မည်
ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့ဝင် ဝန်ကြီးနေရာယူထားပေမယ့် NLD ဥက္ကဋ္ဌ အဖြစ် ဆက်လက် ရှိနေမှာဖြစ်တယ်လို့ ပါတီပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြား လိုက်ပါတယ်။ ဒါအပြင် တိုင်းနဲ့ပြည်နယ် (၁၄)ခုက ၀န်ကြီးချုပ်တွေဟာ NLD ပါတီဝင်တွေသာဖြစ်မယ်လို့ မနေ့က သတင်းထောက်တွေ နဲ့တွေ့ဆုံရာမှာ ပြောဆို လိုက်ပါတယ်။ တိုင်းနဲ့ပြည်နယ်အလိုက် အစိုးရတွေ ဘယ်လိုဖွဲ့စည်းမလဲ၊ နောက် ဝန်ကြီးချုပ် အမည်တွေကို ဘယ်တော့သိရမလဲ စတာတွေကို မအင်ကြင်းနိုင်က စုစည်းတင်ပြ ထားပါတယ်။
မနေ့ကြာသပတေးနေ့က ပြည်ထောင်စု လွှတ်တော်မှာ သမ္မတ ဦးထင်ကျော် တင်သွင်း တဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီး (၁၈)ဦးကို ကန့်ကွက်မဲ မရှိအတည်ပြုခဲ့ပါတယ်။ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့မှာ ဝန်ကြီးအဖြစ် ပါဝင်တာကြောင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နဲ့ ပါတီ ဥက္ကဋ္ဌနေရာကပါ နှုတ်ထွက်ပေးရမယ်လို့ အများက ထင်နေကြပေမယ့် ဖွဲ့စည်းပုံအရ ပါတီဥက္ကဋ္ဌအဖြစ် ဆက်ပြီးရှိနေမှာဖြစ်ပြီး ပါတီတာဝန်တွေကိုတော့ ထမ်းဆောင်ခွင့် ရမှာမဟုတ်ဘူးလို့ ပါတီရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဇော်မြင့်မောင်က မနေ့က မန္တလေးတိုင်း လွှတ်တော် အစည်းအဝေးအပြီး သတင်းထောက်တွေကို အခုလိုပြော သွားပါတယ်။
" ပုဒ်မ ၂၃၂ (ည) မှာ ဘာပါသလဲဆိုတော့ ပြည်ထောင်စုအဆင့်ဝန်ကြီးတဦးသည် အစိုးရဝန်ထမ်းဖြစ်ခဲ့လို့ရှိရင် ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီး မှတ်ယူရမည်ဆိုပြီး ဒီအတိုင်းပဲ ရေးတယ်။ အဲ့တော့ ဋ မှာ ကျတော့ ပြည်ထောင်စုဝန်ကြီး သည် နိုင်ငံရေးပါတီ တခုခု၏ အဖွဲ့ဝင်ဖြစ်လို့ရှိရင် ပါတီ၏ လုပ်ငန်း များကို ပါဝင်ဆောင်ရွက်ခြင်း မပြုရပဲ ပြောထား တယ်။ နှုတ်ထွက်ခြင်း မပြုရဆိုတာ မပါပါဘူး။ ဆိုလိုက်တော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဟာ ခေါင်းဆောင်ပါပဲ။ ပါတီရဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ခြင်း မပြုတာပဲရှိမယ်။ ရှေ့တုန်းက လည်း ရှိခဲ့ဖူးပြီ။ ဦးသိန်းစိန်တုန်းကလည်း အဲ့သလိုပဲ။ ကျနော်တို့ လွှတ်တော်မှာ မေး တယ်။ ဒီအတိုင်းပဲ ဖြေပါတယ်။ နော် ပါတီ လုပ်ငန်းများကို ဆောင်ရွက်ခြင်း မပြု။"
တဆက်တည်း တိုင်းနဲ့ပြည်နယ် ၀န်ကြီးချုပ် တွေဟာလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ သမ္မတက ပဲ ခန့်အပ်ရမှာ ဖြစ်တဲ့အတွက် NLD ပါတီဝင်တွေပဲဖြစ်မယ်လို့ ဒေါက်တာ ဇော်မြင့်မောင်က ဆိုပါတယ်။
" ဆိုပါစို့ ဆိုလို့ရှိရင် ရခိုင်မှာ၊ ရှမ်းပြည်မှာ ကျနော်တို့ လွှတ်တော်မှာ အများစု မနိုင်ဘူး။ ဒါပေမဲ့ ကျနော်တို့က ကျနော်တို့ရဲ့ ဗဟိုမှာ မဲအပြတ်အသတ်နိုင် ထားတဲ့အတွက် သမ္မတက ဝန်ကြီးချုပ်ကို ခန့်အပ်မယ့်အတွက် တိုင်း၊ ဒေသကြီး ဝန်ကြီးချုပ်ကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေပဲဖြစ်ပါမယ်။ အဲ့တော့ တိုင်းဝန်ကြီးတွေကတော့ ဘာပဲ ပြောပြော ကျနော်တို့ရဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး အပေါ်မှာရော တခြားအဖွဲ့ အစည်းတွေ တိုင်းရင်းသားအဖွဲ့အစည်းတွေ ပါပါမယ်။ "
သမ္မတ ဦးထင်ကျော်က ခန့်အပ် တာဝန်ပေး ထားတဲ့ တိုင်းနဲ့ပြည်နယ် ၀န်ကြီးချုပ် အမည် စာရင်းတွေကို မတ်လ (၂၈)ရက်နေ့မှာ သက်ဆိုင်ရာ လွှတ်တော်တွေမှာ တင်သွင်းမှာ ဖြစ်ပါတယ်။ ၀န်ကြီးချုပ်တွေကို လွှတ်တော် တွေမှာ အတည်ပြုပြီးနောက် ပြည်နယ်နဲ့ တိုင်းအစိုးရတွေကို သက်ဆိုင်ရာ ၀န်ကြီးချုပ် တွေက ဦးဆောင်ဖွဲ့စည်းပြီး လွှတ်တော်ရဲ့ အတည်ပြုချက်ရယူမှာဖြစ်ပါတယ်။ လက်ရှိ မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် သတင်းပြေး နေတဲ့ NLD ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်၊ ဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှူး အဖွဲ့ဝင် လည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်က ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့တွေကို NLD ကပဲ ဦးဆောင်ဖွဲ့စည်းမှာနဲ့ ပတ်သက်လို့ သတင်းထောက်တွေကို အခုလိုပြောပါတယ်။
" ကျနော် ဝန်ကြီးချုပ်ဖြစ်မယ် ဆိုတာက ဖြစ်ကောင်းဖြစ်နိုင် တာပေါ့နော်။ ရွေးချင် လည်းရွေးမှာပေါ့။ အခုလောလောဆယ် အထိကတော့ ကျနော်တို့ ဒီက အမည် မတင်သွင်းသေးဘူးပေါ့နော်။ အဲ့တော့ ကျနော်တို့ မူကိုက အမျိုးသားပြန်လည် သင့်မြတ်ရေး ဗဟိုမှာဖွဲ့ထားတော့ အဲ့ဒီ့တော့ တိုင်းဒေသကြီး တွေမှာ တချို့နေရာတွေမှာ ပါချင်ပါမယ်။ တိုင်းဒေသကြီးတိုင်း တခြားပါတီ ကပါမယ်လို့ ကျနော်တို့ ယူဆလို့မရဘူး။ "
လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရဆိုရင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးညီပု၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဒေါက်တာခက်အောင်၊ မန္တလေးတိုင်း ၀န်ကြီးချုပ်အဖြစ် ဒေါက်တာဇော်မြင့်မောင်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် အဖြစ် ဦးဖြိုးမင်းသိမ်း၊ ကရင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ဒေါ်နန်း ခင်ထွေးမြင့်၊ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်အဖြစ် ဒေါက်တာမြင့်နိုင်၊ ရှမ်းပြည်နယ် ၀န်ကြီးချုပ် အဖြစ် ဒေါက်တာ လင်းထွဋ်နဲ့ မကွေးတိုင်း ၀န်ကြီးချုပ် အဖြစ် ဒေါက်တာအောင်မိုးညို တို့ဖြစ်ပါတယ်။
Credit- VOA Burmese