Pages

Saturday, May 14, 2016

၁၁၆ နှစ်အရွယ် ဖွားသက်ရှည် ကွယ်လွန်


ကမ္ဘာမှာ အသက်အကြီးဆုံး ဖွားသက်ရှည် Susannah Mushatt Jones။
ကမ္ဘာမှာ အသက်အကြီးဆုံး ဖွားသက်ရှည် Susannah Mushatt Jones ဟာ ကြာသပတေးနေ့ ညက ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ အသက် ၁၁၆ နှစ် ရှိပြီဖြစ်တဲ့ ဖွားသက်ရှည် ဟာ သူနေထိုင်ရာ New York မြို့ Brooklyn အရပ်က ဘိုးဘွားဂေဟာ တခုမှာ ကွယ်လွန်သွားပြီ ဖြစ်ကြောင်း အသက် ၁၁၀ နဲ့ အထက် ကမ္ဘာ့ဖိုးသက်ရှည် ဖွားသက်ရှည် တွေကို မှတ်တမ်းတင်နေတဲ့ Gerontology သုတေသန အဖွဲ့က Robert Young ကပြောပါတယ်။

မစ်စ် Susie လို့ ချစ်စနိုး ခေါ်ကြတဲ့ ဖွားသက်ရှည်ဟာ ၁၈၀၀ နှစ်တွေရဲ့ နောက်ဆုံး လက်ကျန် အမေရိကန်သူပါ။ သူဟာ လွန်ခဲ့တဲ့ ဆယ်ရက်လောက် ကတည်းက ဖျားနေတာလို့လည်း Young ကပြောပါတယ်။

မစ် Susie ကို ၁၈၉၉ ခုနှစ်တုန်းက Alabama ပြည်နယ် Montgomery မြို့နားက လယ်တောလေးမှာ မွေးဖွါးခဲ့တာပါ။ သူနဲ့ မွေးချင်း ၁၁ ယောက်တို့ရဲ့ မိဘတွေဟာ Alabama က လယ်သူရင်းငှါးတွေ ဖြစ်ပြီး သူတို့ ဖိုးဖွားတွေကတော့ ကျွန်တွေ ဖြစ်ပါတယ်။

သူဟာ Alabama က အာဖရိက နွယ်ဖွါး အမေရိကန် မိန်းကလေးငယ်တွေ အတွက် အထူးဖွင့်ပေးထားတဲ့ ၇ မိုင်ဝေးတဲ့ ကျောင်းကို လမ်းလျှောက် သွားရပြီး ကျောင်းတက်ခဲ့သလို ၁၉၂၂ ခုနှစ်မှာ ဘွဲ့ရခဲ့သူပါ။ သူ့ကျောင်းလခ အတွက် မိသားစုက ပြောင်းဖူးစိုက် ထင်းခုတ်ပြီး ရတဲ့ ငွေနဲ့ပေးခဲ့တာပါ။

သူဘွဲ့ရပြီးတဲ့နောက်မှာ မိသားစုရဲ့ လယ်အလုပ်ကို ကူညီခဲ့သလို နောက်ပိုင်းမှာ ခလေးထိန်းအလုပ် လုပ်ဖို့ New Jersey ပြည်နယ်ကို သွားခဲ့ပြီးမှ New York မှာ အခြေချခဲ့တာပါ။ New York ရောက်တဲ့အခါမှာ သူနဲ့ အထက်တန်းအောင် သူငယ်ချင်း တွေစုပြီး အာဖရိက နွယ်ဖွါး အမေရိကန် အမျိုးသမီးတွေ ကောလိပ် တက်ဖို့ ပညာသင်ဆုပေးတဲ့ အဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။ ကလေးချစ်တဲ့ သူဟာ လက်ထပ်ခဲ့ပေမယ့် ကလေးမရခဲ့ပါဘူး။

အခု Susannah Jones ကွယ်လွန်သွားတာမို့ ၁၈၉၉ ခုနှစ်မှာ မွေးတဲ့ သူ့ထက် လပိုင်းပဲ ငယ်တဲ့အီတလီနိုင်ငံက အသက် ၁၁၆ နှစ်အရွယ် Emma Morano ကပဲ ကမ္ဘာ့အသက်အကြီးဆုံး လူသား အဖြစ်ကျန်ပါတော့တယ်။

VOA (မြန်မာပိုင်း)

တပ်ချုပ် သတင်းစာ ရှင်းလင်းပွဲ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ရဲ့ သတင်းစာရှင်းလင်းပွဲ။


မြန်မာ့တပ်မတော်အနေနဲ့ သမ္မတဦးထင်ကျော် ဦးဆောင်တဲ့ အရပ်သား အစိုးရအောက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ၅နှစ်အတွင်း ပြည်တွင်းငြိမ်းချမ်းရေး ရအောင် ဆောင်ရွက်သွားဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိနှိုင်း ထားပြီးသားဖြစ်တယ်လို့ ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲ

နေပြည်တော်က ကာကွယ်ရေး ဦးစီးချုပ်ရုံးမှာ ဒီကနေ့ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးသီဟစောကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးသီဟစော။ ။ တိုင်းရင်းသားကိစ္စနဲ့ ငြိမ်းချမ်းရေးကိစ္စကို မေးကြတာများပါတယ်။ အဲ့ကိစ္စမှာတော့ သူတို့က အခုသွားနေတဲ့ ပုံစံ၊ ဒေါ်အောင်ဆန်းစုကြည်တို့ သွားနေတဲ့ပုံစံ သူတို့ ဒီ့ထက်ပိုကောင်းအောင် လုပ်မယ်။ ဖြစ်နိုင်ရင်တော့ ဒီငါးနှစ်အတွင်းမှာကို ငြိမ်းချမ်းရေး ရအောင် လုပ်မယ်။ အဲ့သဘောမျိုးတွေ ပြောသွားပါတယ်။

ကိုရန်နိုင်။ ။ ငြိမ်းချမ်းရေးကိစ္စရယ်၊ တိုင်းရင်းသားကိစ္စရယ်ကို အဓိကထားပြီး ပြောသွား တယ်ပေါ့နော်။

ဦးသီဟစော။ ။ တခြားတော့ ပါစင်နယ်ကိစ္စတွေ တခြား Issue တွေလည်း ရှိပါတယ်။ ဥပမာ Child Soldiers တို့ ဦးပိုင် အကြောင်းမေးတာမျိုးတို့ အဲ့လိုမေးခွန်းတွေကတော့ အစုံပါပဲ။

ကိုရန်နိုင်။ ။ အဲ့တော့ ငြိမ်းချမ်းရေးကို ငါးနှစ်အတွင်းမှာ ရအောင် လုပ်မယ်ဆိုပြီး ကာကွယ်ရေးဦးစီးချုပ်က ပြောသွားတယ်။

ဦးသီဟစော။ ။ အဲ့တာက ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ပူးပေါင်းပြီးတော့ ဖြစ်နိုင်ရင် ငါးနှစ် အတွင်းမှာ ဖြစ်အောင် လုပ်မယ်ပေါ့နော်။ အဲ့လို ပြောပါတယ်။

ကိုရန်နိုင်။ ။ ဒီသတင်းစာရှင်းလင်းပွဲ လုပ်တာနဲ့ပတ်သက်ပြီးတော့ ဘယ်လိုကြောင့် ဒီအချိန်ကျမှ သတင်းစာရှင်းလင်းပွဲ လုပ်တယ်လို့ရော မြင်မိလဲ။

ဦးသီဟစော။ ။ ကျနော်တို့မြင်တာကတော့ သူက သတင်းမီဒီယာကောင်စီနဲ့ရော စာနယ်ဇင်းကောင်စီနဲ့ရော သုံး၊ လေးကြိမ် တွေ့ပြီးပြီ။ တွေ့ပြီးတော့ မီဒီယာနဲ့ ဆက်ဆံတဲ့အခါမှာ ပိုပြီးတော့ ကောင်းလာအောင် ဆိုပြီးတော့ သူက ဒီသတင်းမီဒီယာ (၂၀)လောက်ကိုပေါ့နော် တစုတည်းခေါ်ပြီး တွေ့ပြီးပြောတာပါ။ ပြီးတော့ ရင်းရင်းနှီးနှီးဖြစ်အောင်ရယ်၊ လက်ဘက်ရည်ဝိုင်းတွေ အတူတူသောက်ကြ တယ် တပ်မတော် အရာရှိတွေနဲ့ မီဒီယာသမားတွေနဲ့။ သူက ကြည့်ရတာ ပီပြင်တဲ့ Relation ကောင်းအောင်၊ ပြောစရာရှိ တာ ပြောလို့ ရအောင်၊ မေးစရာ ရှိတာ မေးလို့ရအောင် ဖွင့်ပေးတဲ့သဘောမျိုးပါ။ အကြောင်းအရာ တခုခု ရှိလို့လည်း မဟုတ်ပါဘူး။

မေးတဲ့အကြောင်းအရာကလည်း မျိုးစုံပါပဲ။ ဥပမာ ဗိုလ်ချုပ်မှူုးကြီး က ခြောက်ဆယ်ပြည့် ရင် ပင်စင် သွားမှာလားတို့၊ ဘာညာ အဲ့လိုမျိုး ပါစင်နယ်မေးခွန်းတွေလည်း ပါတယ်။ နောက်တခါ ဝန်ကြီးဌာန သုံးခု ပြည်ထဲရေးတို့ နယ်စပ်ရေးရာ တို့ အဲ့ဒီ့လူတွေက ဗိုလ်ချုပ်မှူးကြီး အောက်မှာပဲ ရှိလား။ သမ္မတကြီး အောက်မှာရှိလား အဲ့လိုမျိုး မေးခွန်းတွေတော့ မေးတယ်။ သူကပြောတာကတော့ အကုန်လုံးက သမ္မတကြီးရဲ့ အောက်မှာ ရှိတယ်။

ကိုရန်နိုင်။ ။ ခြောက်ဆယ်ပြည့်ရင် ပင်စင်ယူမှာလားဆိုတဲ့ မေးခွန်းအပေါ်မှာရော ပင်စင်ယူမှာလား ဆိုတဲ့အပေါ်မှာရော သူက ဘာပြောလဲ။

ဦးသီဟစော။ ။ သူက လောလောဆယ်မှာတော့ Extension လုပ်ပြီးတော့ တပ်မတော် အတွက် ဆက်လုပ်မယ်လို့ပြောတယ်။ ဒါပေမဲ့ တပ်ထဲမှာ အသက် ကန့်သတ်ချက်တွေ လုပ်ဖို့လည်း စီစဉ်နေတယ်လို့ ပြောတယ်။ အသက် ဘယ်လောက်အထိပဲ လုပ်မယ်ဆိုတာ စနစ်တကျလေး ရေးနေတယ်လို့ပြောတယ်။

ကိုရန်နိုင်။ ။ ခုနက သူပြောတဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းပြီးတော့ ငြိမ်းချမ်းရေးကိစ္စကို လုပ်ဆောင်သွားမယ်ဆိုပြီးတော့ ပြောပါတယ်။ ဆိုတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ရော တပ်မတော်ကာကွယ်ဦးစီးချုပ်ရဲ့သဘောထားက ဘယ်လိုရှိပါသလဲ။ ဘယ်လိုတွေ့မိပါလဲ။

ဦးသီဟစော။ ။ သူကတော့ ဆက်ဆံရေးကောင်းပါတယ်။ ညှိနှိုင်းမှုတွေလည်း ရှိပါတယ်လို့ ပြောတယ်။ သူနဲ့ ဒေါ်စု ဆက်ဆံရေးလည်း ကောင်းပါတယ်။ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်လို့ပြောတယ်။

ကိုရန်နိုင်။ ။ နောက်တခုက ဖွဲ့စည်းပုံ ကိစ္စကိုရော ပြောသေးလား။ နိုင်ငံရေး တည်ငြိမ်ရင် ဖွဲ့စည်းပုံပြင်မယ်ဆိုပြီး ပြောတာတွေလည်း တွေ့နေရတယ်။ အဲ့တော့ အဲ့ဟာလေးကိုလည်း နည်းနည်းရှင်းပြပါလား။ သူ ဘာပြောသွားသေးလဲ။

ဦးသီဟစော။ ။ သူက Constitution ကို သူတို့ကိုယ်တိုင်လည်း ပြင်သင့် တာ ပြင်ရမယ် ဆိုတာလည်း ပြောတယ်။ ဒါပေမဲ့ အများစုဖြစ်ချင်တာက လွှတ်တော်မှာ ရှိတဲ့ တပ်မတော် ၂၅%က ဘယ်တော့ ထွက်မှာလဲ ဆိုတာမျိုး မေးတယ်။ သူကတော့ အဓိက လက်နက်ကိုင် Conflict တွေ ငြိမ်းချမ်းရေးကိစ္စတွေ အဲ့တာတွေ ပြီးလို့ရှိရင် တိုင်းသူပြည်သားတွေ မြင်စေချင်တာ မြင်လာရမှာပါလို့ပြောတယ်။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး စစ်တပ်ဘက်က သဘောထား သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးသီဟစောကို ကိုရန်နိုင် ဆက်သွယ်မေးမြန်းခဲ့တာပါ။

Friday, May 13, 2016

လောင်းလုံး ကျောက်မီးသွေး စက်ရုံ မဆောက်ရန် ဆန္ဒပြပြီး တစ်လခွဲ အကြာ ကန့်ကွက်စာထပ်ပို့



Dawei Watch| လောင်းလုံး၊ မေ ၁၁

ဦးသိန်းစိန် အစိုးရ၏ ဆိုးမွေတစ်ခုဖြစ်သော လောင်းလုံး ကျောက်မီးသွေး စက်ရုံကို ဒေသခံ ရွာသားများ ဆန္ဒပြခဲ့ပြီးနောက် တစ်လကျော်အကြာတွင်ပင် စီမံကိန်း အကောင်အထည်ဖော်ခြင်း မပြုရန် ဒေသခံ နှစ်ထောင်ကျော်က တနင်္သာရီဝန်ကြီးချုပ်ထံ ထပ်မံတောင်းဆိုလိုက်ပြန်သည်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ရမ္မဇူဧရိယာတွင် တည်ဆောက်မည့် ၅၀၀ မဂ္ဂ၀ပ် ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းအကောင်အထည်ဖော်မည့်ကိစ္စကို ရပ်တန့်ပေးရန် သကျက်တော ကျေးရွာအုပ်စု ဖွံ့ဖြိုးရေးကော်မတီက တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ  မေလ ၁၁ ရက်နေ့က စာပို့တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ယခုနှစ်အတွင်းတွင်မှ ဦးသိန်းစိန်အစိုးရက လက်မှတ်ရေးထိုး သဘောတူခဲ့သော ယင်းစီမံကိန်းကို ဒေသခံ ၅၀၀ ကျော်က မတ်လ ၂၅ ရက်နေ့က ဆန္ဒပြခဲ့သေးသည်။
ထိုနောက် မေလ ၁၁ ရက်နေ့တွင် အစိုးရသစ် ၀န်ကြီးချုပ်ထံ စာပို့တောင်းဆိုခြင်းဖြစ်သည်။

ယင်းစက်ရုံတည်ဆောက်မည်ဆိုပါက ပင်လယ်ပြင်ညစ်ညမ်းမှုများ၊ ဒေသခံများ၏ သက်မွေးဝမ်းကြောင်းလုပ်ငန်းများသာမက ကျန်းမာရေးကိုပါ ဆိုးရွားစွာထိခိုက်မည်ဖြစ်သောကြောင့် ဒေသခံများအနေနှင့် လုံးဝလက်ခံမည်မဟုတ်သဖြင့် စီမံကိန်းအကောင်အထည်ဖော်မည့်ကိစ္စကို ပြည်သူရွေးချယ်တင်မြှောက်ထားသည့် အစိုးရက ပြန်လည်စိစစ်ပြီး ရပ်တန့်ပေးရန် တောင်းဆိုရခြင်းဖြစ်ကြောင်း ကျေးရွာအုပ်စု ဖွံ့ဖြိုးရေး ကော်မတီ ဥက္ကဋ္ဌ ဦးစစ်ထွန်းက ပြောသည်။

“ကျောက်မီးသွေးဆိုးကျိုးက တစ်ကမ္ဘာလုံးက သိနေတဲ့ကိစ္စ။ တစ်ကမ္ဘာလုံးက လက်မခံတဲ့ကိစ္စကို လက်ခံလိုက်ရင် နောင်လာနောင်သားတွေကို ဆိုးမွေပေးခဲ့သလိုဖြစ်မှာစိုးလို့ လူကြီးပိုင်းတွေက ကန့်ကွက်ရတာဖြစ်ပါတယ်” ဟု ဦးစစ်ထွန်းက ဆိုသည်။

ဝန်ကြီးချုပ်ထံ လိပ်မူ ပေးပို့သည့်တောင်းဆိုစာနှင့်အတူ ဒေသခံ ၂၄၀၀ ဦး၏ လက်မှတ်များကိုပါ ပူးတွဲတင်ပြထားသည်။

လောင်းလုံးကျောက်မီးသွေးစက်ရုံစီမံကိန်းကို ယခင်အစိုးရသက်တမ်းကုန်လုနီးတွင် စီမံကိန်းကို အကောင်အထည်ဖော်မည့် 24 Hours Mining and Industry Company Limited နှင့် သဘာတူစာချုပ်လက်မှတ် (MoA) လက်မှတ်ရေးထိုးခဲ့သည်။

အစိုးရဟောင်းအနေဖြင့် ယင်းစီမံကိန်းကို သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းသာဖြစ်ပြီး အကောင်အထည်ဖော်မည့်ကိစ္စမှာ အစိုးရသစ်၏သဘောထားအပေါ်မူတည်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဒုဝန်ကြီးဟောင်း ဦးမော်သာထွေးက ဒေသခံများဆန္ဒထုတ်ဖော်ခြင်းနှင့် ပတ်သက်၍ ပြောဆိုခဲ့ဖူးသည်။

လောင်းလုံးမြို့နယ်တွင် ဒေသခံများ ကန့်ကွက်နေသော အခြားစီမံကိန်း တစ်ခုဖြစ်သည့် ရေနံချက်စက်ရုံ စီမံကိန်း တည်ဆောက်ရန်ကိုလည်း ဧပြီလနှောင်းပိုင်းက ဦးသိန်းစိန် အစိုးရ မဆင်းမီ လက်မှတ်ရေးထိုးခဲ့သေးသည်။

Dawei Watch

အကြောင်းမထူးသည့် ကံပေါက်မိုင်းဆိုးကျိုးကိစ္စ အစိုးရသစ်ကို ထပ်တိုင်


|Dawei Watch| ထားဝယ်၊ မေ ၁၁
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် သတ္တုတူးဖော်နေသည့် ဒယ်(လ်)ကို ကုမ္ပဏီ၏ စီမံကိန်းကြောင့် ဖြစ်ပေါ် နေသည့် ဆိုးကျိုးများကို ယခင်တိုင်းအစိုးရအဖွဲ့က မဖြေရှင်းခဲ့သောကြောင့် အစိုးရသစ်ထံ ထပ်မံတောင်းဆိုထားကြောင်း ဒေသခံများထံမှ သိရသည်။
ယခင်အစိုးရ လက်ထက်က တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတ္တုတွင်းဝန်ကြီး အပါအ၀င် သက်ဆိုင်ရာဌာနများကို နှစ်ကြိမ် စာပို့ တောင်းဆိုခဲ့ဖူးသော်လည်း အရေးယူ ဖြေရှင်းခဲ့ခြင်း တစ်စုံတစ်ရာ မရှိသောကြောင့် ယခုအစိုးရအသစ်က ဖြေရှင်းပေးရန် မေလ ၉ ရက်က ထပ်မံတောင်းဆိုခဲ့ကြောင်း ဦးဆောင်တောင်းဆိုသည့် ကံပေါက်ဒေသခံ ဦးခင်စိုးက ပြောသည်။
“ကုမ္ပဏီကို ရပ်ဆိုင်းဖို့၊ ထွက်သွားဖို့ တောင်းဆိုတာ မဟုတ်ပါဘူး။ ဥပဒေနဲ့အညီ လုပ်ဆောင်ဖို့၊ ကုမ္ပဏီကြောင့် ဒေသ ထိခိုက် နစ်နာမှုတွေ မရှိဖို့ တောင်းဆိုတာပါ”ဟု ဦးခင်စိုးက ပြောသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ဒယ်(လ်)ကို ကုမ္ပဏီမှ တည်ဆောက်ထားသည့် နုန်းစစ်ကန် ပြိုကျခြင်းကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ပြီး အိမ်ခြေ ၄၀ ကျော် ပျက်စီးခဲ့သည့် ဖြစ်ရပ်နောက်ပိုင်း ကုမ္ပဏီနှင့် ဒေသခံများ အကြိမ်ကြိမ် တွေ့ဆုံခဲ့သော်လည်း သဘောတူညီမှု တစ်စုံတစ်ရာ ရယူနိုင်ခဲ့ခြင်း မရှိသေးကြောင်း တိုင်းဒေသကြီး အစိုးရထံသို့ တင်ပြထားသည့်စာတွင် ပါရှိသည်။
ကုမ္ပဏီမှ စွန့်ပစ်သည့် နုန်းမြေများ ချောင်းဖျားနေရာများတွင် စွန့်ပစ်ထားခြင်း၊ ရေကန်တောင်ပေါ်ရှိ ရေကို ဒေသခံများ၏ သဘော ဆန္ဒမပါဘဲ ကုမ္ပဏီမှ သွယ်ယူသုံးစွဲခြင်း စသဖြင့် ကုမ္ပဏီ၏ လုပ်ဆောင်ချက်များကြောင့် ချောင်းများပျက်စီးကာ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုများ ရှိနေခြင်းကြောင့် အစိုးရအသစ်အနေဖြင့် အလေးထားဆောင်ရွက်ပေးရန် ယခုကဲ့သို့ စာတင်ပြ တောင်းဆိုခြင်းဖြစ်ကြောင်း ဦးခင်စိုးက ဆိုသည်။
ယင်းကိစ္စနှင့်ပက်သက်၍ မေးမြန်းနိုင်ရန် ဒယ်(လ်)ကို ကုမ္ပဏီရုံး၏ ဖုန်းနံပါတ်များဖြစ်သည့် ၀၉၈၇၅၂၀၅၆၊ ၀၉၈၇၄၂၉၆၃ တို့ကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားခြင်းကြောင့်  မေးမြန်းခွင့်မရခဲ့ပေ။
ကုမ္ပဏီကြောင့် ဖြစ်ပေါ်နေသည့် ဆိုးကျိုးများကြောင့် ဒေသခံများက ဒယ်(လ်)ကို ကုမ္ပဏီကို ယခုနှစ် ဇန်န၀ါရီလက ဆန္ဒတစ်ကြိမ် ထုတ်ဖော်ခဲ့ဖူးသည်။
ဒယ်(လ်)ကို ကုမ္ပဏီသည် ကံပေါက်ကျေးရွာတွင် မြေ ၂၀၈၇ ဧကကို သတ္တုရှာဖွေတူးဖော်ထုတ်လုပ်ရန်အတွက် ၂၀၁၀ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ လုပ်ကိုင်ခွင့်ရထားသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

Dawei Watch

Thursday, May 12, 2016

မို့၊ မြို့နယ်၊ ခရိုင်များအတွက် ဒေသန္တရအုပ်ချုပ်ရေး ပြန်လည်အသက်ဝင်လာတော့မည်


------ ------ ------ ------ ------
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဒီမိုကရေစီအုပ်ချုပ်ရေးအရ မြို့၊ မြို့နယ်၊ ခရိုင်စသည့် ဒေသန္တရအုပ်ချုပ်ရေး ပြန်လည်အသက်ဝင်လာကာ မကြာမီပေါ်ပေါက်လာတော့မည်ဖြစ်ကြောင်း NLD ၏ ဗဟို ဥပဒေအထောက်အကူပြုအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီက News Watch သို့ ပြောသည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်သို့ပြဋ္ဌာန်းရန် အကြံပြုထားသော ဥပဒေ များစာရင်းရှစ်ခုရှိနေပြီး အဆိုပါဥပဒေများတွင် မြို့၊ မြို့နယ်၊ ခရိုင် အုပ်ချုပ်ရေးဥပဒေများပါဝင်ကြောင်းနှင့် ပြီးခဲ့သော လွှတ်တော်သက်တမ်းငါးနှစ်တွင် မြို့နယ်၊ ခရိုင်အုပ်ချုပ်ရေးအတွက် ဥပဒေရေးဆွဲခြင်းကို ပြည်ထဲရေးဝန်ကြီးဌာနမှ ဆောင်ရွက်ရမည်ဖြစ်သော်လည်း ရပ်/ ကျေးအုပ်ချုပ်ရေးဥပဒေကိုသာ ရေးဆွဲခဲ့ကြောင်း ၎င်းကပြောသည်။
“ပြီးခဲ့တဲ့ ပြည်ထဲရေးဝန်ကြီးဌာနက မြို့နယ်၊ ခရိုင်အုပ်ချုပ်ရေးဥပဒေကိုမရေးဘဲနဲ့ ထားခဲ့ပြီးတော့မှ အခုဒုတိယလွှတ်တော်က လုပ်ပါလို့ အကြံပေးထားတယ်။ အဲတော့ ဒီဒုတိယလွှတ်တော်မှာ တော့ ဒါတွေပါလာတော့မှာပေါ့။ သိပ်မကြာခင်မှာ ဒီနှစ်ထဲမှာပေါ့။ အစောဆုံး မဖြစ်နိုင်ရင်တောင် ၂၀၁၇ တော့ ဖြစ်လိမ့်မယ်။ ဒီ၂၀၁၇ လောက်ကစပြီးတော့ ရပ်ကျေးလိုမျိုး မြို့ရော၊ မြို့နယ်ရော၊ ခရိုင်ရော အားလုံးကို ပြည်သူရွေးတဲ့သူကပဲ အုပ်ချုပ်၊ လက်ရှိအထွေထွေအုပ်ချုပ်ရေးဝန်ထမ်းတွေက ပြည်သူတွေရွေးတဲ့သူတွေရဲ့အောက်မှာ နိုင်ငံ့ဝန်ထမ်းအနေနဲ့ တာဝန်ထမ်းဆောင် အဲဒီပုံစံမျိုးကိုသွားဖို့ ရှိတယ်။ ဒါကတော့ ဖွဲ့စည်းပုံနဲ့အညီ ဒီမိုကရေစီအုပ်ချုပ်ရေးကိုသွားမယ်ဆိုရင် ဒီအတိုင်းလုပ်ရမယ်''ဟု ဦးကိုနီက ပြောသည်။
NLD ၏ ရွေးကောက်ပွဲကြေညာစာတမ်းတွင် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးဟူသည့်အချက်ပါဝင်ပြီး ယင်းအတွက် ပြည်သူကို ကတိပေးထားပြီဖြစ်၍ ပေးထားသည့်အတိုင်း ရပ်ကွက်မှပြည်ထောင်စု အထိ ပြည်သူရွေးချယ်သည့် ပုဂ္ဂိုလ်ကအုပ်ချုပ်သည့်စနစ်ကို NLD က ဖော်ဆောင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။
''အခုဟာက ရပ်ကျေးအတွက်ပဲ ဥပဒေရေးရသေးတယ်။ မြို့၊ မြို့နယ်၊ ခရိုင်အုပ်ချုပ်ရေး ဥပဒေသုံးခုအတွက် မရေးရသေးဘူး။ အဲဒါတွေအားလုံးတွေက ပြည်ထဲရေးဝန်ကြီးဌာနက တိုက်ရိုက်ခန့် အပ်တဲ့သူတွေအုပ်ချုပ်နေတာ။ အဲဒါဟာ ဒီမိုကရေစီနဲ့ လုံးဝဆန့်ကျင်တယ်''ဟု ဦးကိုနီက ပြောသည်။
ဒေသန္တရအုပ်ချုပ်ရေးဥပဒေ၏ အောက်တွင် မြို့၊ မြို့နယ်၊ ခရိုင်အုပ်ချုပ်ရေးများနှင့်ပတ်သက်၍ ရွေးချယ်မည့်ပုံစံ၊ အုပ်ချုပ်မည့် ပုံစံများနှင့် လုပ်ပိုင်ခွင့်တာဝန်များကို ပြဋ္ဌာန်းပေးသင့်ကြောင်းနှင့် ယင်းဥပဒေပြဋ္ဌာန်းရေးအတွက် မြန်မာနိုင်ငံတွင် ၁၉၅၃ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးအက်ဥပဒေအား ခေတ်နှင့်လျော်ညီစွာပြင်ဆင်မွမ်းမံလိုက်မည်ဆိုပါက ပြီးစီးနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
လင်းလင်းအောင် News watch

စစ်ကိုင်းမြို့ ပတ္တမြားစက်မှုဇုန်မှ ဆန္ဒဖော်ထုတ်အလုပ်သမားများ မိတ္ထီလာမြို့ ညောင်ကန်ကျေးရွာလမ်းဆုံအနီးရောက်ရှိ



မိတ္ထီလာ၊ မေ ၁၂

စစ်ကိုင်းမြို့ပတ္တမြားစက်မှုဇုန်မှ Myanmar Veneer and Plywood Private သစ်အချောထည့်စက်ရုံမှ ဆန္ဒပြအလုပ် သမားများသည် မေလ ၁၂ ရက်နေ့ နံနက် ၅နာရီအချိန်က ၀မ်းတွင်းမြို့ နယ်အတွင်းမှတစ်ဆင့် ဆက်လက် လမ်းလျှောက် ဆန္ဒဖော်ထုတ်လာရာ နံနက် ၁၀ နာရီခွဲအချိန်က မိတ္ထီ လာမြို့ နယ် ညောင်ကန်ကျေးရွာလမ်းဆုံးအနီးသို့ ရောက်ရှိကြောင်းသိရသည်။


ဆန္ဒဖော်ထုတ်ရသည့်အကြောင်းအရင်းနှင့် လမ်းတစ်လျောက် အခက်အခဲ များကို အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုခိုင်မင်း ပြောရာတွင် ကျွန်တော် တို့ ဆန္ဒဖော်ထုတ်ရတဲ့အကြောင်းအရင်းက အလုပ်သမား သမဂ္ဂကို ဖြိုခွဲတဲ့အလုပ်ရှင်ကို တရားစွဲဆိုအရေးယူဆောင်ရွက်ပေးဖို့  ၊ အလုပ်ဖြုတ်ခံရတဲ့အလုပ်သမားတွေကို အလုပ်ပြန်ခန့် ပေးဖို့ ၊ ကြားကာလ အတွက် အလုပ်သမားတွေအတွက် နစ်နာကြေးပေးဖို့ ၊ နောက်တစ်ချက်က အခုလို လမ်းလျှောက် ဆန္ဒဖော်ထုတ်တာနဲ့ ပတ်သတ်ပြီးတော့ အရေး ယူဆောင်ရွက်ခြင်းမရှိဖို့  ဖြစ်ပါတယ်။ ကျွန်တော်တို့ စစ်ကိုင်းက စထွက်တော့ စုစုပေါင်း ၁၂၆ ဦး ပါ ။ အခု ဆက်လက်ဆန္ဒဖော်ထုတ်နေတာ ၈၆ ဦးပါ ။ အမျိုးသား ၄၂ ၊ အမျိုးသမီး ၄၄ ဦးပါ။ ၀မ်းတွင်းမှာရှိစဉ်တုန်းက ကျွန်တော်တို့ အလုပ်သမားအဖွဲ့ကိုယ်စားလှယ်တွေကို နေပြည်တော်ကို ခေါ်ပြီးတော့ တာဝန်ရှိသူတွေက ညှိနှိုင်းတိုင်ပင်ပါတယ် ။ မေလ ၆ ရက်နေ့ကပါ။ သူတို့က ညှိနှိုင်းဆောင်ရွက်ပေးပါမယ့် အချိန် ၅ ရက်ပေးပါဆိုလို့  ကျွန်တော်အဖွဲ့ ဆန္ဒဖော်ထုတ်တာကို ရပ်နားခဲ့တယ်။ မနေ့က မေလ ၁၁ ရက်နေ့ ညနေ ၆ နာရီမှာ သူတို့သတ်မှတ်တဲ့ရက်ကာလရောက်ပေမယ့် တရားဝင် လာရောက်ဖြေရှင်းဆောင်ရွက်ပေးတာမျိုးမရှိဘူး။ စစ်ကိုင်း ဒေသကြီး ဘဏ္ဍာရေးဝန်ကြီး နဲ့  အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ဒုတိယ ညွှန်ကြားရေး မှူး ဦးအောင်ဌေးဝင်းတို့ လာရောက်ပြီး ဆောင်ရွက်ပေး မယ့်စာကို လာဖတ်ပြသွားပါတယ်။တရားဝင် အကြောင်းကြားတာမျိုး မဟုတ်ပါဘူး။ အလုပ်သမား ၆၀ ပြန်ခန့်ပေးမယ် ၊ဟုမ္မလင်း ၊ တမူး၊ကလေး ၊ ကော့သောင်းဒေသများတွင် အလုပ်ပြန်ခန့်ပေးမည်ဖြစ်ကြောင်းကိုလာ ဖတ်ပြသွားတယ်။ ကျွန်တော်တို့ လိုချင်တဲ့အချက်အလက်တွေလည်း မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ဆက်လက်ချီတက် ဆန္ဒဖော် ထုတ် တာဖြစ်ပါတယ်ဟု ပြောသည်။ မိတ္ထီလာမြို့ နယ်အတွင်းမှာ ကို ၀င်ရောက် တဲ့အချိန်မှာ ဒေသအာဏာပိုင်များ၏ဟန့်တားနှောင့်ယှက်မှု များနှင့် ကြုံတွေ့ရကြောင်း ၊ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခြင်းမှာ တရားဥပဒေနှင့် ညီညွတ်မှုနှင့် မရှိကြောင်းပြောကြားကြောင်း ၊ရှေ့ လျှောက်ပါက တရားစွဲဆိုအရေးယူမှုခံရမည်ဖြစ်ကြောင်းတွေ လာရောက်ပြော ဆိုခြိမ်းခြောက် မှုများရှိကြောင်း ၄င်း ဆက်လက်ပြောကြားခဲ့သည်။


စစ်ကိုင်းမြို့ မှ ဆန္ဒဖော်ထုတ်လမ်းလျှောက်သည့် အလုပ်သမားများအား မိတ္ထီလာမြို့ နယ်အတွင်း ၀င်ရောက်ချိန်တွင် ဟန့်တားနှောင့်ယှက်မှု များ ရှိ မရှိ မေးမြန်းရာ မြို့ နယ်အုပ်ချုပ်ရေးမှူးဦးသက်နိုင်က ကျွန်တော်တို့အနေနဲ့  ဟန့်တားနှောင့်ယှက်တာမျိုး မရှိပါဘူး။ အခု လမ်းလျှောက် ဆန္ဒဖော်ထုတ် တဲ့အကြောင်းအရင်းကို ဂဃနဏ သိဖို့  မေးမြန်းတာမျိုး ၊ အခုလို စီတန်း လမ်းလျှောက်တာ တရားဥပဒေနဲ့  ညီညွတ်မှုမရှိကြောင်း ပြောကြား တာမျိုးပဲရှိပါတယ်။တကယ် ဟန့်တားနှောင့်ယှက်တာမျိုးပြုလုပ်မယ်ဆို ဆန္ဒ
ဖော်ထုတ်တဲ့အလုပ်သမားများအနေနဲ့  အခုလို ဆက်လက် လမ်းလျှောက် ဆန္ဒဖော်ထုတ်နေရတဲ့ အခွင့်အလမ်းလည်း ရှိမှာ မဟုတ်ပါဘူး ဟု ပြောကြား သည်။

စစ်ကိုင်းမြို့ မှ ဆန္ဒဖော်ထုတ်လမ်းလျှောက်ချီတက်ကြသည့် အလုပ်သမား များအနေဖြင့် ရောက်သည့်နေရာတွင် ချက်ပြုတ်စားသောက်ပြီး အနား ယူပြီး တဖန်ပြန်လည်းလမ်းလျှောက် ဆန္ဒဖော်ထုတ်မှု များကို ပြုလုပ်လျက်ရှိပြီး မိတ္ထီလာမြို့ နယ် ညောင်ကန် ကျေးရွာလမ်းဆုံမှ ညနေ ၃ နာရီတွင် ဆက်လက်လမ်းလျှောက်ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်းသိရသည်။

ချမ်းသာ (မိတ္ထီလာခရိုင်ပြန်/ဆက်)
MOI Webportal Myanmar added

အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်နိုင်


မေလ တတိယပတ်အတွင်း ဘင်္ဂလားပင်လယ်အော်အတွင်း၌ အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်နိုင်သည့် အခြေအနေဆက်လက် ဖြစ်ပေါ်နေဆဲ

မေလ(၁၂) ရက်၊ နံနက် ဝ၆း၃ဝ တွင် ရရှိသည့် အချက်အလက်များအရ မေလ(၁၄)ရက် မွန်းလွဲပိုင်းတွင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် အားကောင်းလာသည့် လေထုမငြိမ်မသက်ခြင်းများမှ အစပြုပြီး သီရိလင်္ကာကျွန်းအနောက်တောင်ဘက် 6.21° N, 85.55° E ၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ကြောင်း၊ ဗဟိုဖိအား 1004hPa ရှိပြီး မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းသို့ ဝင်ရောက်လာနိုင်ဘွယ်ရှိကြောင်း တွေ့ရပါသည်။



အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းနှင့် အပြိုင် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ဘွယ်ရှိကြောင်း၊ မေလ(၂၁)ရက် ညပိုင်းတွင် အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းအဆင့်(ဗဟိုဖိအား 992hPa သို့ ကျဆင်းပြီး၊ ဗဟိုလေတိုက်နှုန်း 90 to 100 knots)သို့ ရောက်လာနိုင်ကြောင်း တွေ့ရပါသည်။


***** ကွန်ပျူတာမော်ဒယ်မှ ကြိုတင်ခန့်မှန်းချက်ဖြစ်ပြီး ဤခန့်မှန်းချက်အတိုင်း အမှန်တကယ် ဖြစ်ပေါ်လာခြင်း ရှိ/မရှိကို ဆက်လက် စောင့်ကြည့်တင်ပြပေးသွားပါမည်။

***** မုန်တိုင်းဖြစ်ပေါ်နိုင်မည့် ကာလ မတိုင်မီ မိုးလေဝသပညာရှင်ကြီးများနှင့် မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေငြာချက်များကိုလည်း ဤရက်ပိုင်းအတွင်း အထူး(အထူး)ဂရုစိုက်စောင့်ကြည့်ကြပါရန် ကြိုတင်အသိပေးတင်ပြအပ်ပါသည်။

MMweather Page

ကလေးစစ်သား ကာကွယ်တာဆီးရေး ကော်မတီဖွဲ့ စည်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၁၇ / ၂၀၁၆
၁၃၇၈ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်
(၂၀၁၆ ခုနှစ်၊ မေလ ၁၁ ရက်)

အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီ ဖွဲ့စည်းခြင်း

၁။ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီးထိန်းသိမ်းရန်အတွက် “ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ကော်တီကို” ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-
(က) ပြည်ထောင်စုဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန ဥက္ကဋ္ဌ
(ခ) စစ်ဥပဒေချုပ်
စစ်ဥပဒေချုပ်ရုံး အဖွဲ့ဝင်
(ဂ) ဒုတိယဝန်ကြီး
နိုင်ငံခြားရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဃ) ဒုတိယဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန အဖွဲ့ဝင်
(င) ဒုတိယရှေ့နေချုပ်
ပြည်ထောင်စုရှေ့နေချုပ်ရုံး အဖွဲ့ဝင်
(စ) တွဲဖက်စစ်ရေးချုပ်
စစ်ရေးချုပ်ရုံး အဖွဲ့ဝင်
(ဆ) ဒုတိယတပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်
တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး အဖွဲ့ဝင်
(ဇ) အမြဲတမ်းအတွင်းဝန်
ပြန်ကြားရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဈ) အမြဲတမ်းအတွင်းဝန်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အဖွဲ့ဝင်
(ည) အမြဲတမ်းအတွင်းဝန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဋ) ဒုတိယစစ်ဥပဒေချုပ်
စစ်ဥပဒေချုပ်ရုံး အတွင်းရေးမှူး
(ဍ) ညွှန်ကြားရေးမှူး
တပ်အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူးရုံး တွဲဖက်အတွင်းရေးမှူး
၂။ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီး ထိန်းသိမ်းရေး ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါတိုင်းဖြစ်သည်-
(က) တပ်မတော်စစ်သား စုဆောင်းရေးတပ်များ၊ တပ်ဌာနချုပ်များ၊ လက်ရုံး/ဝန်ထမ်း တပ်ဖွဲ့များ အနေဖြင့် တပ်သားသစ်များ စုဆောင်းရေး ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် အမိန့်/ ညွှန်ကြားချက်၊ စည်းမျဉ်း စည်းကမ်းများနှင့် ကိုက်ညီမှုရှိအောင် ကြပ်မတ်စိစစ်ရန်။
(ခ) သတ်မှတ်ညွှန်ကြားချက်နှင့်အညီ စုဆောင်းရရှိသော တပ်သားသစ်များအား စစ်အခြေခံလေ့ကျင့်ရေးတပ်များ၏ သင်တန်းရွေးချယ် စိစစ်ရေး ဘုတ်အဖွဲ့မှ လာရောက်ရွေးချယ်မှုကို ကြပ်မတ်ရန်။
(ဂ) မိမိသဘောဆန္ဒအလျှောက် တပ်မတော်တွင် စစ်မှုထမ်းရန် လာရောက်စာရင်း သွင်းသော လူငယ်များထဲမှ သတ်မှတ်ထားသော အမိန့်၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု မရှိသူများအား လက်ခံစာရင်းသွင်းခြင်း မပြုရန်။
(ဃ) စနစ်တကျ ရွေးချယ်စိစစ်ပြီးသော တပ်သားသစ်များအား စစ်အခြေခံ လေ့ကျင့်ရေးတပ်များ၌ လေ့ကျင့်သင်ကြားနေချိန်တွင် လည်းကောင်း၊ စစ်မှုထမ်းဆောင်နေချိန်တွင်လည်းကောင်း အသက် (၁၈) နှစ် မပြည့်သူများ၊ ဆန္ဒ မရှိသူများအား စိစစ်တွေ့ရှိပါက မိဘအုပ်ထိန်းသူထံ ပြန်လည် လွှဲပြောင်းအပ်နှံရေး ဆောင်ရွက်ရန်။
(င) ကော်မတီသည် ကုလသမဂ္ဂအဖွဲ့အစည်းများဖြစ်သော UNICEF, UNDP အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီအဖွဲ့များမှ ဌာနေကိုယ်စားလှယ်များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှု ပိုမိုကျယ်ပြန့် လာအောင် ဆောင်ရွက်ရန်။
(စ) ကလေးသူငယ်စောင့်ရှောက်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပေါင်းစပ် ညှိနှိုင်းပြီး ကော်မတီ၏ လုပ်ဆောင်နေမှုများအား Media တွင် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ဆောင်ရွက်ရန်။
(ဆ) ကုလသမဂ္ဂ အဖွဲ့အစည်းများမှ သတ်မှတ်ထားသော ကလေးသူငယ်များနှင့် သက်ဆိုင်သည့် စံချိန်စံညွှန်းများအား တပ်မတော် စစ်သားစုဆောင်းရေး တပ်နှင့် စစ်အခြေခံ လေ့ကျင့်ရေးတပ်များရှိ တာဝန်ရှိသူများမှ သိရှိ လိုက်နာနိုင်ရေးအတွက် အခါအားလျော်စွာ ကုလသမဂ္ဂ အဖွဲ့အစည်းများဖြင့် ပညာပေး သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ရန်။
(ဇ) တပ်မတော်အတွင်း သတ်မှတ်ချက်နှင့် မကိုက်ညီသော စစ်မှုထမ်းများ မရှိအောင် ဆောင်ရွက်သွားရန်။
(ဈ) အတင်းအကြပ် ခေါ်ယူ စစ်မှုထမ်းဆောင်စေခြင်းမျိုး ပေါ်ပေါက်ပါက ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ရန်။
(ည) အရွယ်မရောက်သေးသူ ကလေးသူငယ်များအား အရွယ်မရောက် သေးသည်ကို သိလျက်နှင့် တပ်သားသစ်အဖြစ် လက်ခံခြင်းကိစ္စ ပေါ်ပေါက် ပါက ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားရန်။
(ဋ) ကော်မတီ၏ ဆောင်ရွက်ချက်များကို အမြဲမပြတ် မှတ်တမ်းတင် သုတေသနပြု လုပ်ငန်းများ ဆောင်ရွက်ပြီး Policy Development ဖြစ်ရေး ဆောင်ရွက်ရန်။
(ဌ) ကလေးသူငယ်များ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်အတွက် ထုတ်ပြန်ထားသော နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နေခြင်းတို့အား မျက်ခြည်မပြတ် စောင့်ကြည်၍ လုပ်ဆောင် ချက်များတွင် ချို့ယွင်း အားနည်းချက်များ ရှိလာပါက သက်ဆိုင်ရာသို့ အသိပေးပြီး အချိန်မီ ပြုပြင်သွားစေရန်။

၃။ “မူ” အရ ဆုံးဖြတ်ခြင်း မပြုနိုင်သော ကိစ္စများ ပေါ်ပေါက်ပါက နိုင်ငံတော်သမ္မတရုံးသို့ တင်ပြ ဆောင်ရွက်ရန် ဖြစ်သည်။

(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Myanmar President Office

ရန်ကုန်တိုင်းဒေသကြီးအတွင်း ည ၁၁ နာရီ အမိန့်ထုတ်ပြန်ထားခြင်း မရှိ


ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖျော်ဖြေရေးဆိုင်များ၊ ဘားများ ည ၁၁ နာရီ ပိတ်ရမည် ဟု အမိန့်ထုတ်ထားကြောင်း သတင်းများ ထွက်ပေါ်နေမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ အမိန့်/ ညွှန်ကြားချက် ထုတ်ပြန်ထားခြင်း မရှိကြောင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများအနေနဲ့လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ကျော်လွန် ဆောင်ရွက်ခြင်း မပြုကြရန် ညွှန်ကြားခဲ့ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် နယ်လုံ ဝန်ကြီး ဗိုလ်မှုးကြီးတင်အောင်ထွန်းတို့က ယနေ့ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

[Source- ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ]

အိန္ဒိယတွင် အသက် ၇၀ ကျော်အရွယ် မိခင်မှ ပထမဆုံး သားလေး မွေးဖွား


အသက် ၇၉ နှစ်အရွယ် မိုဟင်ဒါဆင်း ဂီးလ်နှင့် အသက် ၇၀ နှစ်ကျော်အရွယ်ရှိ ဒယ်လ်ဂျင်ဒါခိုရ်တို့ သားငယ် အာမန်နှင့်အတူ တွေ့ရစဉ် (ဆင်ဟွာ)
    အမ်ရစ်ဆာ၊ မေ ၁၂ ရက် (ဆင်ဟွာ)

    အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ် အမ်ရစ်ဆာမြို့တွင် နေထိုင်သည့် အသက် ၇၉ နှစ်အရွယ် မိုဟင်ဒါဆင်း ဂီးလ်နှင့် အသက် ၇၀ နှစ်ကျော်အရွယ်ရှိ ဒယ်လ်ဂျင်ဒါခိုရ်တို့သည် ၎င်းတို့ တောင့်တခဲ့သည့် ကိုယ်ပိုင်ရင်သွေးအား ပြီးခဲ့ သည့်လကမှ ရရှိခဲ့သလို တစ်လသားအရွယ် သားဦးလေးအား ချီပိုးထားသည့် မိသားစုဓာတ်ပုံမှာလည်း သတင်း မီဒီယာ စာမျက်နှာများပေါ်၌ ရေပန်းစားလာခဲ့သည်။

ထိုဇနီးမောင်နှံမှာ လွန်ခဲ့သော နှစ်နှစ်ခန့်က ဖန်ပြွန် သန္ဓေနည်း (IVF) ဖြင့် ကလေးရယူရန် ကြိုးစားခဲ့ပြီးနောက် လွန်ခဲ့သည့်လကမှ အာမန် (Arman) အမည်ပေးထားသော ပထမဆုံးသားဦးအား နိုင်ငံမြောက်ပိုင်းရှိ Haryana ပြည်နယ်ရှိ Fertility ဆေးခန်းတစ်ခု၌ မွေးဖွားခဲ့သည်။

ကိုယ်ဝန်ရလာချိန်တွင် ဆေးခန်းရှိ ဆရာဝန်မှ လိုအပ်သည့် စမ်းသပ်မှုများ ပြုလုပ်ခဲ့ရာ ခိုရ်သည် ကိုယ်ဝန် ဆောင်ကာ ကလေးမွေးဖွားရန် ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိကြောင်း ထောက်ခံပေးခဲ့သည်။
ခိုရ်က ၎င်း၏ အသက်အား ၇၀ နှစ်ခန့်ဟု ပြောကြားထားသော်လည်း ဆေးခန်း၏ ထုတ်ပြန်ချက်တွင်မူ ၇၂ နှစ်ဟု ဖော်ပြထားသည်။ အိန္ဒိယ ကျေးလက် ဒေသများတွင် လူအများအပြားမှာ မွေးစာရင်းများ မရှိကြပေ။
“ကျွန်တော်တို့ သေဆုံးသွားခဲ့ရင် ကလေးက ဘယ်လိုဖြစ်သွားမလဲလို့ လူအများက ပြောကြတယ်၊ ဒါပေမဲ့ ကျွန်တော်တို့က ဘုရားကို ယုံကြည်ပါတယ်၊ ဘုရားက အရာရာတတ်စွမ်းနိုင်တဲ့ အနန္တ တန်ခိုးရှင်တစ်ပါးဆို တော့ အရာရာကို စောင့်ရှောက်ပေးပါလိမ့်မယ်” ဟု ဖခင်ဖြစ်သူ အသက် ၇၉ နှစ်အရွယ် မိုဟင်ဒါဆင်း ဂီးလ်က ပြောသည်။

အိန္ဒိယနိုင်ငံ၌ ထိုကဲ့သို့ အသက်အရွယ်ကြီးရင့်မှ ကလေးရခြင်းမှာ ယခုအကြိမ်က ပထမဆုံး မဟုတ်ချေ။ ၂၀၀၈ ခုနှစ်တွင် အက်တာ ပရာဒက်ရှ်ပြည်နယ်မှ အသက် ၇၂ နှစ်အရွယ် အမျိုးသမီး တစ်ဦးကလည်း ဖန်ပြွန် သန္ဓေနည်းဖြင့် ကလေး အမွှာပူး မွေးဖွားခဲ့ဖူးကြောင်း သိရသည်။

(Xinhua)

Wednesday, May 11, 2016

ခေါင်းလောင်းစာကို ယူနက်စကို-ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း တင်သွင်း



ဟံသာဝတီဆင်ဖြူရှင်ဘုရင့်နောင်မင်းတရားကြီးက ပုဂံရွှေစည်းခုံ ဘုရားတွင် လှူဒါန်းခဲ့သည့် ခေါင်းလောင်းစာကို ယူနက်စကို-ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း တင်သွင်းခြင်း

ပုဂံရွှေစည်းခုံဘုရားမှ ဘုရင့်နောင်ခေါင်းလောင်းတွင် ရေးထိုးထားသော ကမ္ပည်းစာသည် ဟံသာဝတီ ဆင်ဖြူရှင် ဘုရင့်နောင်မင်း တရားကြီး ၏ ဆောင်ရွက်ချက်များကို ဖော်ပြသော ပါဠိ၊ မွန်၊ မြန်မာ၊ သုံးဘာသာဖြင့် ရေးထိုးထားပါသည်။ ခိုင်လုံသော ခေတ်ပြိုင်မှတ်တမ်းဖြစ်ခြင်း၊ နေ့ရက်များကို ပြက္ခဒိန်နှင့် တိုက်ဆိုင်စစ်ဆေးသောအခါ တိကျမှန်ကန်ခြင်း၊ မဟာရာဇဝင်ကြီး၊ မှန်နန်းရာဇဝင်တော်ကြီးများမှ အယွင်းအမှားများကို ပြင်ဆင်နိုင်ရန် အထောက်အကူပြုခြင်းနှင့် ပြည့်စုံတိကျအောင် ဖြည့်စွမ်းနိုင်ခြင်း စသော ဝိသေသလက္ခဏာတို့နှင့် ပြည့်စုံသည့် မော်ကွန်းကမ္ပည်းစာ ဖြစ်ပါသည်။ ရှေးဟောင်းဝတ္ထုပစ္စည်းတစ်ခု ဖြစ်သကဲ့သို့ သမိုင်းဆိုင်ရာ၊ မနုဿဗေဒဆိုင်ရာ၊ ဒြပ်ရှိဒြပ်မဲ့ယဉ်ကျေးမှုဆိုင်ရာ၊ အနုပညာလက်ရာဆိုင်ရာ တန်ဖိုးမြင့်မားသည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်လည်း ဖြစ်ပါသည်။

ဘာသာစကားနှင့် စာပေဆိုင်ရာ ခိုင်လုံသော မူရင်းအထောက် အထားလည်း ဖြစ်ပါသည်။ ထိုသို့ တန်ဖိုးမြင့်မား လှသည့် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော ဘုရင့်နောင်ခေါင်းလောင်းစာကို အမျိုးသားအဆင့်၊ နိုင်ငံတော် အဆင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခဲ့ပါသည်။ ယခုအခါ ယူနက်စကို-ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း (UNESCO Memory of the World) တင်သွင်းနိုင်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ အဆိုပြု တင်သွင်းခဲ့ရာ၊ ၂၀၁၆ ခုနှစ်၊ မေလ (၃၁)ရက်နေ့ နောက်ဆုံးထား၍ အဆိုပြုလွှာတင်ပြချက်များကို အချော အပြည့်အစုံ အပြီးသတ် ပေးပို့ရမည် ဖြစ်ပါသည်။ သမိုင်းပညာရှင်များ၊ မြန်မာစာပေနှင့် ဘာသာစကား ပညာရှင်များ၊ တက္ကသိုလ်များမှ မြန်မာစာဌာန၊ သမိုင်းဌာန၊ ရှေးဟောင်းသုတေသနပညာဌာန၊ အရှေ့တိုင်း ပညာဌာနတို့မှ ပညာရှင်များထံ ပေးပို့၍ အကြံဥာဏ်များ တောင်းခံလျက် ပြင်ဆင်ရေးသားခဲ့ကာ ၂၀၁၆ ခုနှစ်၊ မေလ ဒုတိယပတ်တွင် ပေးပို့တင်ပြနိုင်ရန် ဆောင်ရွက်ပြီး ဖြစ်ပါသည်။

ခရစ်နှစ် ၁၅၅၇ ခုနှစ်(၁၆ ရာစု)တွင် ရေးထိုးထားသော ယင်း ဘုရင့်နောင်ခေါင်းလောင်းစာသည် ဘုရင့်နောင်မင်းတရားကြီးလက်ထက် လူမှုစီးပွားဆိုင်ရာနည်းပညာများ၊ နိုင်ငံရေးအခြေအနေ၊ ကိုးကွယ် ယုံကြည်မှုနှင့် တိုင်းရင်းသားတို့၏ လူမှုဓလေ့ထုံးတမ်းများကို ထင်ဟပ်ဖော်ပြနေသော မော်ကွန်းကမ္ပည်း တစ်ရပ် ဖြစ်ပါသည်။

ဘုရင့်နောင်မင်းတရားကြီး၏ ခေါင်းလောင်းစာသည် ရက်စွဲနေ့စွဲ အတိအကျ ရေးထိုးမှတ်တမ်းတင်ထား သောကြောင့် မြန်မာ့သမိုင်းဆိုင်ရာကွင်းဆက်များကို မှန်ကန်စေရေးအတွက် ဆက်စပ်ညှိနှိုင်းလေ့လာရာတွင် တိကျခိုင်မာသော စာပေဆိုင်ရာ၊ သမိုင်းဆိုင်ရာ မူရင်း အထောက်အထာတစ်ရပ်လည်း ဖြစ်ပါသည်။ ပါဠိ၊ မွန်၊ မြန်မာ ဘာသာစကားနှင့် အက္ခရာ၊ စာပေ ထွန်းကားမှု အဆင့်အတန်းကိုလည်းဖော်ပြသော ရှေးဟောင်းစာပေ အမွေအနှစ် ရတနာတစ်ခုလည်း ဖြစ်ပါသည်။ ပန်းဆယ်မျိုးအနုပညာ၊ ကြေးသွန်းအတတ်ပညာ၊ ဒြပ်မဲ့ ယဉ်ကျေးမှုဆိုင်ရာ အထောက်အထားတစ်ရပ်လည်း ဖြစ်ပါသည်။

ဘုရင့်နောင်ခေါင်းလောင်းစာတွင် သက္ကရာဇ် ၉၁၉ ခုနှစ်၊ နယုန်လပြည့်ကျော်(၁၁)ရက် တနင်္ဂနွေနေ့၌ သီရိပရမမဟာရာဇာ ဘွဲ့တော်ခံ ဟံသာဝတီ ဆင်ဖြူရှင်ဘုရင့်နောင်မင်းတရားကြီးသည် ကြေးခွက် ၂၁၀၀ ဖြင့် ခေါင်းလောင်းကြီးတစ်လုံးသွန်းလုပ်ကာ အနုရုဒ္ပ္ဓမင်း(အနော်ရထာမင်း) နှင့် ထိလိုင်မင်း (ကျန်စစ်သား မင်း) တို့၏ ကောင်းမှုတော်ဖြစ်သော ပုဂံ-ရွှေစည်းခုံဘုရားရင်ပြင်တော်တွင် ချိတ်ဆွဲလှူဒါန်းခဲ့ကြောင်း အလှူမှတ်တမ်း ကမ္ပည်းမော်ကွန်း ရေးထိုးထားပါသည်။ ထို့ပြင် နိုင်ငံတော်စည်းရုံးရေးအတွက် ဆောင်ရွက်ချက်များ၊ သာသနာရေးဆိုင်ရာ ဆောင်ရွက်ချက်များကိုလည်း အောက်ပါအတိုင်း
လေ့လာတွေ့ရှိရပါသည်။-
-သက္ကရာဇ် ၉၁၂ ခု၊ တပို့တွဲလဆန်း ၅ ရက်၊ တနင်္ဂနွေနေ့ - ကေတုမတီကို အလိုတော်ပြည့်ကြောင်း၊
-သက္ကရာဇ် ၉၁၃ ခု၊ တော်သလင်းလကွယ်နေ့ - သရေခေတ္တရာပြည်ကို အောင်တော်မူကြောင်း၊
-သက္ကရာဇ် ၉၁၃ ခု၊ တန်ခူးလဆုတ် ၃ ရက်၊ စနေနေ့ - ဟံသာဝတီသို့ ချီတော်မူကြောင်း၊
-သက္ကရာဇ် ၉၁၅ ခု၊ တပို့တွဲလဆန်း ၁၀ ရက်၊ သောကြာနေ့ - ကမ္ဘောဇသာဒီနန်းတော်တွင် ဘိသက်ခံကြောင်း၊
-သက္ကရာဇ် ၉၁၆ ခု၊ တပေါင်းလဆန်း ၂ ရက်၊ အင်္ဂါနေ့ - အဝ(အင်းဝ)ကို အောင်တော်မူကြောင်း၊
-သက္ကရာဇ် ၉၁၈ ခု၊-
- နတ်တော်လဆန်း ၈ ရက်၊ တနင်္လာနေ့ - အဝ(အင်းဝ)သို့ ထပ်မံချီတော်မူကြောင်း၊
- ပြာသိုလဆုတ် ၉ ရက်၊ကြာသပတေးနေ့ - အင်းဝရွှေနန်းသို့ ရောက်တော်မူကြောင်း၊
- တပို့တွဲလဆန်း ၉ ရက်၊သောကြာနေ့ - ကြည်းအားရေအားဖြင့်ချီတော်မူကြောင်း၊
- တပို့တွဲလဆုတ် ၁၁ ရက်၊တနင်္လာနေ့ - မိုးမိတ်၊ သီပေါ၊ ပတ္တမြားတွင်းကို အောင်တော်မူကြောင်း၊
- တပေါင်းလဆန်း ၁၁ ရက်၊တနင်္လာနေ့ - စေတီတည်တော်မူကြောင်း၊
- တပေါင်းလဆန်း ၁၃ ရက်၊ ဗုဒ္ပ္ဓဟူးနေ့ - သရီရဓာတ်တော် ထာပနာတော်မူကြောင်း၊
- တပေါင်းလပြည့်ကျော် ၅ ရက်၊ ဗုဒ္ပ္ဓဟူးနေ့ - မိုးမိတ်က ချီတော်မူကြောင်း၊
- တပေါင်းလပြည့်ကျော် ၈ ရက်၊ စနေနေ့ - ဓိကျည်(ထီးချိုင့်)သို့ ရောက်တော်မူကြောင်း၊
- တန်ခူးလဆန်း ၁ ရက်၊ တနင်္ဂနွေနေ့ - ချီတော်မူကြောင်း၊
- တန်ခူးလဆန်း ၇ ရက်၊ စနေနေ့ - မိုးညှင်းကို အောင်တော်မူကြောင်း၊
- တန်ခူးလပြည့်ကျော် ၁၂ ရက်၊ ကြာသပတေးနေ့ - မိုးကောင်းကို အလိုတော်ပြည့်ကြောင်း၊
-သက္ကရာဇ် ၉၁၉ ခု၊-
- ကဆုန်လဆန်း ၅ ရက်၊သောကြာနေ့- မိုးကောင်းစော်ဘွား၊မိုးညှင်းစောလုံတို့ထပ်လောင်းသစ္စာပြုကြောင်း၊
- ကဆုန်လဆန်း ၁၂ ရက်၊ သောကြာနေ့- မိုးကောင်းက ပြန်တော်မူကြောင်း၊
- နယုန်လပြည့်ကျော် ၁၁ ရက်၊ တနင်္ဂနွေနေ့-ခေါင်းလောင်းတော်သွန်းလုပ်လှူဒါန်းတော်မူကြောင်း။
ဘုရင့်နောင်ခေါင်းလောင်းစာတွင် ဖော်ပြထားချက်များအရ ဟံသာဝတီ
ဆင်ဖြူရှင် ဘုရင့်နောင် မင်းတရားကြီး၏ ဘွဲ့တော်မှာ သီရိပရမ မဟာဓမ္မရာဇာဓိရာဇာ ဖြစ်ကြောင်း၊ မိဖုရားကြီး၏ ဘွဲ့တော်မှာ သီရိအဂ္ဂမဟာရာဇာဒေဝီ ဖြစ်ကြောင်း၊ မင်းမိဖုရားနှစ်ပါးတို့သည် ကမ္ဘောဇသာဒီနန်းတော်၌ သက္ကရာဇ် ၉၁၅ ခု၊ တပို့တွဲလဆန်း(၁၀)ရက်တွင် ဘိသိက်မင်္ဂလာခံယူတော်မူခဲ့သည့် သမိုင်း အထောက် အထား တစ်ရပ် ကို တွေ့ရှိရ ပါသည်။

ဘုရင့်နောင်ခေါင်းလောင်းစာသည် သာသနာ့အမွေအနှစ်ဆိုင်ရာ အထောက်အထားတစ်ရပ်လည်း ဖြစ်ပါသည်။ ဟံသာဝတီဆင်ဖြူရှင် ဘုရင့်နောင်မင်းတရားကြီးသည် ကေတုမတီ(တောင်ငူ)၊ သရေခေတ္တရာပြည်၊ အဝ(အင်းဝ)၊ မိုးမိတ်၊ သီပေါ၊ မိုးညှင်း၊ မိုးကောင်း၊ ဓိကျည်(ထီးချိုင့်)စသော ဒေသများကို တစ်စည်းတစ်လုံးတည်းဖြစ်အောင် စည်းရုံးနိုင်ခဲ့ကြောင်း၊ ကြွချီရာလမ်းခရီးတစ်လျှောက်၊ ရောက်ရှိရာ နေရာဒေသအသီးသီးတွင် ကုသိုလ်ဟောင်းတို့ကို ပြုပြင်၍ ၊ ကုသိုလ်အသစ်များကို ပြုစုခဲ့ကြောင်း၊ ထို့ကြောင့်မွန်တိုင်းနိုင်ငံ၊ မြန်မာတိုင်းနိုင်ငံအလုံး ရွှေဘုရား၊ ရွှေစေတီ၊ ရွှေဂူ၊ ရွှေဆင်းတု၊ ရွှေကျောင်း၊ ရွှေဇရပ်၊ ရွှေတန်ဆောင်း ပြောင်ပြောင်ထွန်းပလျက် ဗုဒ္ပ္ဓသာသနာတော် ပွင့်လင်းစည်ပင်ရကြောင်း၊ အတိအလင်း ဖော်ပြထားပါသည်။

သိန်ဃိုဝ်ကျွန်း(သီဟိုဠ်ကျွန်း)သို့ သင်္ဘောဖြင့်သွားရောက်၍ ကုသိုလ်ဟောင်းများကို ပြုပြင်စေခဲ့ ကြောင်း၊ သိန်ဃိုဝ်ကျွန်း(သီဟိုဠ်ကျွန်း)မှ သရီရဓာတ်တော်များကို သံဃာတော်တို့က သင်္ဘောဖြင့် ဟံသာဝတီသို့ ပင့်ဆောင်ခဲ့ပြီး၊ နှစ်မပြတ်-လမပြတ်-နေ့မပြတ် လှူဒါန်းဖြည့်တင်းတော်မူခဲ့ကြောင်း၊ ခေါင်းလောင်းစာတွင် ဖော်ပြထားရာ ဗုဒ္ပ္ဓသာသနာတော် ပြုစုခြင်းငှာ သီဟိုဠ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး အခြေအနေအတွက်လည်း သမိုင်းဆိုင်ရာ အထောက်အထားတစ်ရပ် ဖြစ်ပါသည်။

နိုင်ငံတစ်ဝန်း ကြည်းကြောင်း၊ ရေကြောင်းတို့ဖြင့် ကြွချီတော်မူရာတွင် ရွှေဖောင်တော် ဦးပြာသာဒ်၊ ပဲ့ပြာသာဒ်ဖြင့် ဆင်ယင်သော၊ အရောင်အဝါနှင့် ပြည့်စုံသော ရွှေဖောင်တော်ထက်တွင် စီးခဲ့ကြောင်း၊ စူလာမနိ အမည်ရှိသော သုံးဆယ့်သုံးလံနှစ်တောင် အလျားရှိသော၊ အတုမရှိသော ရွှေလောင်းမ၊ ငွေဗိမာန်၊ နှစ်ဆယ့်ခုနစ်လံနှစ်တောင်အလျားရှိသည့် ဦးပြာသာဒ်၊ ပဲ့ပြာသာဒ်၊ အလယ်ပြာသာဒ်၊ ရတနာတို့ဖြင့်ပြီသော အရောင်အဝါတင့်တယ်စွာ အတုမရှိသော ရွှေစလာကပင်၊ ရွှေရဲလှေ၊ ရွှေလှော်ကား၊ ရွှေသံလှေတို့ဖြင့် ချီတော်မူကြောင်း ဖော်ပြထားပေရာ ရေတပ်တော်(လှေတပ်တော်)ဖြင့် မင်းခမ်းမင်းနား ခင်းကျင်းဆင်ယင်ပုံနှင့် တောင့်တင်းခိုင်မာ စည်းလုံးညီညာသော အင်အားရှိခဲ့ပုံတို့ ထင်ဟပ်နေသည့် ခေတ်ကြေးမုံကို တွေ့မြင်ရ ပါသည်။
မိုးကောင်း၊ မိုးညှင်း၊ သီပေါ၊ မိုးမိတ် ရှမ်းနှစ်ပြည်ထောင်တွင် သူကောင်းတစ်ယောက် သေဆုံးလျှင် ယောက်ျား၊ မိန်းမကိုသတ်၍ ထည့်သည်ကို၊ မိစ္ဆာဒိဋ္ဌိအကျင့်ကျင့်သည်ကို မကျင့်နှင့်ဟူ၍ သစ္စာရေတိုက်ကာ ထားတော်မူလျက် ကာကွယ်စောင့်ရှောက်ပေးတော် မူခဲ့သော ဆောင်ရွက် ချက်များကိုပါ ဘုရင့်နောင် မင်းတရား၏ ခေါင်းလောင်း စာတွင် ဖော်ပြထားပါသည်။ တိုင်းရင်းသားလူမျိုးတို့၏ ပြုပြင်သင့်သော အယူအကျင့် များကို ပယ်နုတ်ပေးခဲ့ကြောင်း၊ ယဉ်ကျေးမှုဆိုင်ရာ၊ မနုဿဗေဒဆိုင်ရာ အမွေအနှစ် အထောက်အထားများ အဖြစ် တွေ့ရှိနိုင်ပါသည်။

ဟံသာဝတီဆင်ဖြူရှင် ဘုရင့်နောင်မင်းတရားကြီး၏ ကုသိုလ်တော်ဖြစ်သည့် ပုဂံ၊ ရွှေစည်းခုံဘုရားမှ ခေါင်းလောင်းသည်လည်းကောင်း၊ ခေါင်းလောင်းတွင်ရေးထိုးထားသော ကမ္ပည်းမော်ကွန်းစာသည်လည်း မြန်မာတစ်မျိုးသားလုံးအတွက် တန်ဖိုးမဖြတ်နိုင်သည့် ဒြပ်ရှိ၊ ဒြပ်မဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တို့ဖြင့် တန်ဆာဆင်အပ်သော အထောက်အထားဖြစ်သောကြောင့် အမျိုးသားအဆင့်၊ နိုင်ငံတော်အဆင့် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခဲ့ပါသည်။ ထိုထက်ပို၍ ကမ္ဘာ့လူသားအားလုံးက တန်ဖိုးထားထိန်းသိမ်းသင့် ထိန်းသိမ်း အပ်သော၊ ကမ္ဘာပေါ်တွင် တစ်ခုတည်းသော၊ ထူးခြားရှားပါးသည့်၊ တန်ဖိုးကြီးမားသည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်လည်း ဖြစ်သောကြောင့် ယူနက်စကို-ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်း (UNESCO Memory of the World) တင်သွင်းနိုင်ရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ မကြာတော့သော ကာလတွင် ပုဂံ၊ ရွှေစည်းခံဘုရားရင်ပြင်တော်ရှိ ဘုရင့်နောင်မင်းတရားကြီး၏ ခေါင်းလောင်းစာသည်လည်း မန္တလေးမှ ကုသိုလ်တော်ဘုရားကျောက်စာများကဲ့သို့လည်းကောင်း၊ ပုဂံ မြို့ဟောင်းရှိ မြစေတီကျောက်စာ(ခေါ်) ရာဇကုမာရ်ကျောက်စာများကဲ့သို့လည်းကောင်း ယူနက်စကို-ကမ္ဘာ့ မှတ်တမ်းစာရင်းဝင်အမွေအနှစ်တစ်ရပ် ဖြစ်လာတော့မည်ဟု အလေးအနက် ယုံကြည်မျှော်လင့်မိပါသတည်း။

၁၁-၅-၂၀၁၆

ဆောင်းပါးရေးသားတင်ပြသူ - ထူးထူးဝင်း(ရှေးဟောင်းသုတေသန)
ဒုတိယညွှန်ကြားရေးမှူး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန။

ကိုးကားချက်
ချစ်သိန်း၊ ဦး(ရှေးဟောင်းသုတေသနဝန်)။ (၁၉၆၅)။ မွန်ကျောက်စာပေါင်းချုပ်။ ရန်ကုန်၊ ပြည်ထောင်စု
ယဉ်ကျေးမှုဌာန၊ ရှေးဟောင်းသုတေသနဌာနခွဲ။
တိုးလှ။ ဒေါက်တာ။(၁၉၈၀၊ နိုဝင်ဘာ)။ ဟံသာဝတီဆင်ဖြူရှင်၏ ကုသိုလ်တော်ခေါင်းလောင်းစာ လေ့လာချက်။
တက္ကသိုလ်ပညာပဒေသာစာစောင်၊ အတွဲ ၁၄၊ အပိုင်း ၆၊ စာ(၃၅-၅၃)။ ရန်ကုန်၊ သမိုင်းသုတေသန။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနှင့် ပူးပေါင်း
ဆောင်ရွက်ရေးဌာနခွဲမှ မှတ်တမ်းများနှင့် ၄င်းဌာနခွဲမှ ရရှိသော သတင်းအချက်အလက်များ။

Ministryof Culture

ပြည်သူ့လွှတ်တော်တွင် တင်သွင်းခွင့်မရခဲ့သည့် ရခိုင်စစ်ဘေးရှောင်များ ကူညီရေးအဆို ရခိုင်ပြည်နယ် လွှတ်တော်တွင် အတည်ပြု



ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရသည့် စစ်ဘေးဒုက္ခသည်များ ၂၆၀၀ ကျော်အထိ ရှိလာပြီဖြစ်ရာ ရခိုင်ပြည်နယ်အစိုးရ အနေဖြင့် အမြန်ဆုံး အကူအညီပေးရေး အတွက် မေလ ၁၁ ရက်တွင်ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး တတိယနေ့တွင် အတည်ပြုဆုံးဖြတ်ခဲ့သည်။

ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော် ကိုယ်စားလှယ် ကျော်လွင်က မေလ ၉ ရက် တွင် စစ်ဘေးရှောင်များမှာ တောင်ယာနှင့် တခြားစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကခြေခံကာ လုပ်ကိုင်စားသောက် နေကြရသူများဖြစ်သဖြင့် ယခုကဲ့သို့ စိုက်ပျိုးလုပ်ကိုင်ကြရမည့် ချိန်တွင် နေရပ်စွန့်ခွာ လာခဲ့ရပြီး နေရပ်သို့ ပြန်လည်သွားရောက်ရန် အဆင်မပြေသည့်အတွက် ရခိုင်ပြည်နယ် အစိုးရအနေဖြင့် ယင်းဒုက္ခသည်များ၏ စားဝတ်နေရေး အခက်အခဲများကို ဖြေရှင်းပေးရန် အရေးကြီးအဆို တစ်ရပ်ကို တင်သွင်းခဲ့ရာ သဘောတူညီခဲ့ပြီး မေလ ၁၁ ရက်တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ လိုအပ်တဲ့ အထောက်ပံ့ ကူညီရေးတွေကို လုပ်ပေးဖို့ လိုအပ်လာပြီ။ ပြီးတော့ သူတို့ရဲ့ကျန်းမာရေး၊ ပညာရေ;၊ စားဝတ်နေရေးစတဲ့ လူမှုဘဝ အထောက်အကူတွေကို ပေးဖို့ လိုအပ်ပါတယ်” ဟု စစ်တွေမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးက ထောက်ခံဆွေးနွေးခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ထောက်ပံ့ကူညီရေးများ ပြုလုပ်နိုင်ရန်အတွက် စစ်တမ်းများကို စနစ်တကျ ကောက်ယူပြီးမှ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မကြာမီကာလအတွင်း မှတ်တမ်းကောက်ယူရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစိုးရအဖွဲ့ကိုယ်စားလှယ် ဖြစ်သည့် ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက လွှတ်တော် အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် AA တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့အကြား ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် မိမိနေရပ်အား စွန့်ခွာ တိမ်းရှောင် လာနေကြသည့် စစ်ဘေးရှောင် ဒုက္ခသည်များအား ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရများ အနေဖြင့် လိုအပ်သော အကူအညီ အထောက်အပံ့များ ရရှိနိုင်ရေးအတွက် အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးနိုင်ရန် တိုက်တွန်းကြောင်း” အရေးကြီးအဆို ကို မေလ ၆ ရက်က ပြည်သူ့လွှတ်တော်တွင် တင်သွင်းခဲ့သော်လည်း ခွင့်မပြုခဲ့ကြောင်း သိရသည်။

ယင်းကိစ္စအပေါ် ဒေါ်ခင်စောဝေမှ လူမှု့ကွန်ရက်မီဒီယတွင် တင်ခဲ့ရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှ လွှတ်တော်အား အထင်မြင်မှားစေသည့် ပြောဆိုရေးသားချက်များကို ရှောင်ကြဉ်ရန် သတိပေးခဲ့သည်။ ရခိုပြည်နယ်လွှတ်တော်၌ ကျင်းပသည့် ဆွေးနွေးမှုများတွင် အန်အယ်ဒီဘက်မှ ရခိုင်ဝန်ကြီးချုပ် အပါအ၀င် ကိုယ်စားလှယ်များ တက်ရောက်ခြင်း မရှိကြောင်းလည်း သိရသည်။

The Ladies News

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးအဖြစ် သံအမတ်ကြီး(ငြိမ်း) ဦးကျော်တင့်ဆွေအား ခန့်အပ်ရန် အတည်ပြု

သံအမတ်ကြီး(ငြိမ်း) ဦးကျော်တင့်ဆွေ
နေပြည်တော်၊ မေ ၁၁

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ယူထားသည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လုပ်ငန်းတာဝန် များပြားသဖြင့် ၄င်းအား အထောက်အကူပြုနိုင်ရန် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးအဖြစ် သံအမတ်ကြီး(ငြိမ်း) ဦးကျော်တင့်ဆွေအား ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရခြင်း ဖြစ်ကြောင်း ပြည်ထောင်စုလွှတ် တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်၊ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီဝင် ဦးဝင်းထိန်က အတည်ပြုပြောသည်။

“နိုင်ငံတော်အတိုင်ပင်ခံရုံးဖွဲ့တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်အတိုင်ပင်ခံဖြစ်သလို နိုင်ငံခြား ရေးဝန်ကြီးလည်းဖြစ်တဲ့အတွက်ကြောင့် တာဝန်တွေများတယ်၊ အဲ့ဒီတာဝန် များတာကို အထောက်အကူ ပေးနိုင်အောင်လို့ ဦးကျော်တင့်ဆွေကို နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးအဖြစ်နဲ့ ခန့်တာဖြစ်တယ်” ဟု ဦးဝင်ထိန်က ရှင်းပြသည်။

ဦးကျော်တင့်ဆွေသည် ၂၀၁၃ ခုနှစ် လက်ပံတောင်းတောင်အရေး ဖွဲ့စည်းခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော ကော်မရှင်အဖွဲ့တွင် ပါဝင်ခဲ့သူဖြစ်ပြီး ယင်းအချိန်မှစ၍ ၄င်း၏ အရည်အချင်းများအား ဒေါ်အောင်ဆန်းစုကြည်က သတိထားမိကြောင်းလည်း ၄င်းက ဖြည့်စွက်ပြောသည်။

“ရွေးကောက်ပွဲပြီးလို့ အစိုးရဖွဲ့တဲ့အခါမှာ ဦးကျော်တင့်ဆွေက တော်တော်အရေးပါတဲ့ အခန်း ကဏ္ဍကနေ ပါခဲ့တယ်” ဟု ဦးဝင်းထိန်က ဆိုသည်။
ဝန်ကြီးဌာနများတွင် ဒုတိယဝန်ကြီးများ ဆက်လက်ခန့်ထားနိုင်ဖွယ်ရှိကြောင်းလည်း ၄င်းကထပ်လောင်းပြောဆို သည်။

“အလုပ်အခြေအနေပေါ်မူတည်ပြီးတော့မှ ခန့်တယ်၊ ခန့်ပြီးတာ တော့ သိတဲ့အတိုင်းပဲ၊ နိုင်ငံခြားရေးမှာ တစ် ယောက်၊ လယ်/ဆည်၊ နောက်လာရင်လည်း လာအုန်းမယ်၊ ဝန်ကြီး တွေက သူတို့လုပ်ငန်းသိပ်များပြီးတော့ မနိုင်မနင်းဖြစ်မစိုးလို့ တင်ပြချက်အရ ဒု-ဝန်ကြီးတွေ ထပ်တိုးခန့်ဖို့ အစီ အစဉ်တွေရှိတယ်” ဟု ဦးဝင်းထိန်က ပြောသည်။

အစိုးရသစ်လက်ထက် ဝန်ကြီးဌာန ၂၃ ခုအား ပြည်ထောင်စုဝန်ကြီး ၂၁ ဦး၊ ဒုတိယဝန်ကြီး ၅ ဦး နှင့်ဖွဲ့စည်း ဆောင်ရွက်လျှက်ရှိသော်လည်း လုပ်ငန်းလိုအပ်ချက်အရ ဒုတိယဝန်ကြီးများ ခန့်အပ်သွားဖွယ်ရှိ ကြောင်းသိရသည်။

ကိုပေါက်

The Ladies News

ဂူအတွင်း ၀င်ရောက်ပုန်းအောင်းသူ တရားခံပြေးအား မီးခိုးမှိုင်းတိုက် ဖမ်းဆီး၊ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး လက်နက်ခဲယမ်း၊ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိ


------ ------ ------ ------ -----
၂၀၁၆ ခုနှစ်၊ မေလ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ ထုံးအိုင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးအမှုမှ ကွင်းဆက်တရားခံစုံစမ်းရန် ကော့မရမ်းရွာအနီး ကျောက်ဖြူတောင်ခြေ၌ သွားရောက်စောင့်ဆိုင်းနေစဉ် လူငယ်အချို့အား မူးယစ်ဆေးဝါး ရောင်းချနေသူ ဘားအံမြို့၊ (၉) ရပ်ကွက်နေ စောအောင်ထွဋ်(ခ)တောင်ကြီး (၁၉) နှစ်ကို တွေ့ရှိစစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ကျောက်ဖြူတောင်ခြေဂူအတွင်း နေထိုင်သည့် တရပ်ကွက်တည်းနေ မူးယစ်ဆေးဝါးအမှုမှ တရားခံပြေး ဇာနည်(၃၁)နှစ်ထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဝယ်ယူကာ တဆင့်ပြန်လည်ဖြန့်ဖြူး ရောင်းချနေကြောင်း သိရှိရသည်။ ပူးပေါင်းအဖွဲ့သည် ကျောက်ဖြူတောင်ဂူသို့သွားရောက်ပြီး ဇာနည်အား လိုက်လံရှာဖွေဖမ်းဆီးရာ ၎င်းမှာ ဂူထဲသို့ဝင်ပြေးသွားသဖြင့် ပြန်ထွက်လာရန် မီးခိုးမှိုင်းတိုက်စဉ် ဇာနည်က လက်နက်ငယ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။
ညနေ ၅ နာရီ ၃၀ မိနစ်အချိန် ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် နယ်မြေခံတပ်မတော်သားများပါဝင်သည့် ပူးပေါင်းအဖွဲ့ထပ်မံရောက်ရှိလာကာ ဂူအတွင်းသို့ မီးခိုးဗုံး (၂) လုံးပစ်ထည့်ပြီး တပ်မတော်သား(၂)ဦးနှင့် ရဲတပ်ဖွဲ့ဝင်(၂)ဦးတို့က ကျည်ကာဦးထုပ်/ အင်္ကျီများဝတ်ဆင်ကာ ဝင်ရောက်ရှင်းလင်းရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဇာနည်အား ယာပေါင်သေနတ်ထိမှန် ဒဏ်ရာ(၁)ချက်ဖြင့် ဖမ်းဆီးရမိခဲ့သည်။
ဂူအတွင်းမှ စနိုက်ပါ တပ်ပွိုင့်(၂၂) သေနတ်(၁)လက်၊ ပွိုင့်(၂၂)ကျည်အ(၁)တောင့်၊ ၉ မမကျည်အ (၃)တောင့်၊ စိတ်ကြွ ရူးသွပ်ဆေးပြား (၇၇၉) ပြား၊ မြန်မာငွေကျပ်(၂,၈၈၀,၀၀ဝိ/-)၊ လက်ကိုင်ဖုန်း(၃)လုံး၊ အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးချက်အရ ဇာနည်သည် လွန်ခဲ့သော(၂)ရက်ခန့်က နောင်ခလိုင်ရွာနေ ထိကျယ်(စိစစ်ဆဲ)ထံမှ မူးယစ်ဆေးဝါးများအား ဝယ်ယူပြီး ပြန်လည်ရောင်းချသုံးစွဲရာမှ ကျန်ရှိသည့်ဆေးပြားများဖြစ်ကြောင်း သိရှိရသဖြင့် ဇာနည်၊ စောအောင်ထွဋ်(ခ)တောင်ကြီးနှင့် ထိကျယ် (စိစစ်ဆဲ)တို့အား ထုံးအိုင်နယ်မြေရဲစခန်းမယ(ပ)၁၉/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁/၂၂(ခ)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
(ရဲဇာနည်)

------ ------ ------ ------ -----
၂၀၁၆ ခုနှစ်၊ မေလ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ ထုံးအိုင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးအမှုမှ ကွင်းဆက်တရားခံစုံစမ်းရန် ကော့မရမ်းရွာအနီး ကျောက်ဖြူတောင်ခြေ၌ သွားရောက်စောင့်ဆိုင်းနေစဉ် လူငယ်အချို့အား မူးယစ်ဆေးဝါး ရောင်းချနေသူ ဘားအံမြို့၊ (၉) ရပ်ကွက်နေ စောအောင်ထွဋ်(ခ)တောင်ကြီး (၁၉) နှစ်ကို တွေ့ရှိစစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ကျောက်ဖြူတောင်ခြေဂူအတွင်း နေထိုင်သည့် တရပ်ကွက်တည်းနေ မူးယစ်ဆေးဝါးအမှုမှ တရားခံပြေး ဇာနည်(၃၁)နှစ်ထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဝယ်ယူကာ တဆင့်ပြန်လည်ဖြန့်ဖြူး ရောင်းချနေကြောင်း သိရှိရသည်။ ပူးပေါင်းအဖွဲ့သည် ကျောက်ဖြူတောင်ဂူသို့သွားရောက်ပြီး ဇာနည်အား လိုက်လံရှာဖွေဖမ်းဆီးရာ ၎င်းမှာ ဂူထဲသို့ဝင်ပြေးသွားသဖြင့် ပြန်ထွက်လာရန် မီးခိုးမှိုင်းတိုက်စဉ် ဇာနည်က လက်နက်ငယ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။
ညနေ ၅ နာရီ ၃၀ မိနစ်အချိန် ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် နယ်မြေခံတပ်မတော်သားများပါဝင်သည့် ပူးပေါင်းအဖွဲ့ထပ်မံရောက်ရှိလာကာ ဂူအတွင်းသို့ မီးခိုးဗုံး (၂) လုံးပစ်ထည့်ပြီး တပ်မတော်သား(၂)ဦးနှင့် ရဲတပ်ဖွဲ့ဝင်(၂)ဦးတို့က ကျည်ကာဦးထုပ်/ အင်္ကျီများဝတ်ဆင်ကာ ဝင်ရောက်ရှင်းလင်းရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဇာနည်အား ယာပေါင်သေနတ်ထိမှန် ဒဏ်ရာ(၁)ချက်ဖြင့် ဖမ်းဆီးရမိခဲ့သည်။
ဂူအတွင်းမှ စနိုက်ပါ တပ်ပွိုင့်(၂၂) သေနတ်(၁)လက်၊ ပွိုင့်(၂၂)ကျည်အ(၁)တောင့်၊ ၉ မမကျည်အ (၃)တောင့်၊ စိတ်ကြွ ရူးသွပ်ဆေးပြား (၇၇၉) ပြား၊ မြန်မာငွေကျပ်(၂,၈၈၀,၀၀ဝိ/-)၊ လက်ကိုင်ဖုန်း(၃)လုံး၊ အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးချက်အရ ဇာနည်သည် လွန်ခဲ့သော(၂)ရက်ခန့်က နောင်ခလိုင်ရွာနေ ထိကျယ်(စိစစ်ဆဲ)ထံမှ မူးယစ်ဆေးဝါးများအား ဝယ်ယူပြီး ပြန်လည်ရောင်းချသုံးစွဲရာမှ ကျန်ရှိသည့်ဆေးပြားများဖြစ်ကြောင်း သိရှိရသဖြင့် ဇာနည်၊ စောအောင်ထွဋ်(ခ)တောင်ကြီးနှင့် ထိကျယ် (စိစစ်ဆဲ)တို့အား ထုံးအိုင်နယ်မြေရဲစခန်းမယ(ပ)၁၉/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁/၂၂(ခ)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
(ရဲဇာနည်)

------ ------ ------ ------ -----
၂၀၁၆ ခုနှစ်၊ မေလ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ ထုံးအိုင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးအမှုမှ ကွင်းဆက်တရားခံစုံစမ်းရန် ကော့မရမ်းရွာအနီး ကျောက်ဖြူတောင်ခြေ၌ သွားရောက်စောင့်ဆိုင်းနေစဉ် လူငယ်အချို့အား မူးယစ်ဆေးဝါး ရောင်းချနေသူ ဘားအံမြို့၊ (၉) ရပ်ကွက်နေ စောအောင်ထွဋ်(ခ)တောင်ကြီး (၁၉) နှစ်ကို တွေ့ရှိစစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ကျောက်ဖြူတောင်ခြေဂူအတွင်း နေထိုင်သည့် တရပ်ကွက်တည်းနေ မူးယစ်ဆေးဝါးအမှုမှ တရားခံပြေး ဇာနည်(၃၁)နှစ်ထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဝယ်ယူကာ တဆင့်ပြန်လည်ဖြန့်ဖြူး ရောင်းချနေကြောင်း သိရှိရသည်။ ပူးပေါင်းအဖွဲ့သည် ကျောက်ဖြူတောင်ဂူသို့သွားရောက်ပြီး ဇာနည်အား လိုက်လံရှာဖွေဖမ်းဆီးရာ ၎င်းမှာ ဂူထဲသို့ဝင်ပြေးသွားသဖြင့် ပြန်ထွက်လာရန် မီးခိုးမှိုင်းတိုက်စဉ် ဇာနည်က လက်နက်ငယ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။
ညနေ ၅ နာရီ ၃၀ မိနစ်အချိန် ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် နယ်မြေခံတပ်မတော်သားများပါဝင်သည့် ပူးပေါင်းအဖွဲ့ထပ်မံရောက်ရှိလာကာ ဂူအတွင်းသို့ မီးခိုးဗုံး (၂) လုံးပစ်ထည့်ပြီး တပ်မတော်သား(၂)ဦးနှင့် ရဲတပ်ဖွဲ့ဝင်(၂)ဦးတို့က ကျည်ကာဦးထုပ်/ အင်္ကျီများဝတ်ဆင်ကာ ဝင်ရောက်ရှင်းလင်းရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဇာနည်အား ယာပေါင်သေနတ်ထိမှန် ဒဏ်ရာ(၁)ချက်ဖြင့် ဖမ်းဆီးရမိခဲ့သည်။
ဂူအတွင်းမှ စနိုက်ပါ တပ်ပွိုင့်(၂၂) သေနတ်(၁)လက်၊ ပွိုင့်(၂၂)ကျည်အ(၁)တောင့်၊ ၉ မမကျည်အ (၃)တောင့်၊ စိတ်ကြွ ရူးသွပ်ဆေးပြား (၇၇၉) ပြား၊ မြန်မာငွေကျပ်(၂,၈၈၀,၀၀ဝိ/-)၊ လက်ကိုင်ဖုန်း(၃)လုံး၊ အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးချက်အရ ဇာနည်သည် လွန်ခဲ့သော(၂)ရက်ခန့်က နောင်ခလိုင်ရွာနေ ထိကျယ်(စိစစ်ဆဲ)ထံမှ မူးယစ်ဆေးဝါးများအား ဝယ်ယူပြီး ပြန်လည်ရောင်းချသုံးစွဲရာမှ ကျန်ရှိသည့်ဆေးပြားများဖြစ်ကြောင်း သိရှိရသဖြင့် ဇာနည်၊ စောအောင်ထွဋ်(ခ)တောင်ကြီးနှင့် ထိကျယ် (စိစစ်ဆဲ)တို့အား ထုံးအိုင်နယ်မြေရဲစခန်းမယ(ပ)၁၉/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁/၂၂(ခ)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
(ရဲဇာနည်)

နိုင်ငံခြားရေးဝန်ကြီး ကုလအဖွဲ့ ၂၅ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေး


 (နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း ၂၅ ဖွဲ့က ကိုယ်စားလှယ်တွေ ဒီနေ့ နေပြည်တော် နိုင်ငံခြားရေးဌာနရုံးမှာ တွေ့ဆုံဆွေးနွေးစဉ်) ဓါတ်ပုံ - မျိုးသန့်ခိုင်/RFA
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ လက်အောက်ခံ အဖွဲ့အစည်း ၂၅ ဖွဲ့က ကိုယ်စားလှယ်တွေ နဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီကနေ့ နေပြည်တော် နိုင်ငံခြားရေးဌာနရုံးမှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ဟာ အရင်ကတည်းက ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့ပြီး အခုအစိုးရဖြစ်လာတဲ့အခါမှာ ILO အနေနဲ့ အလုပ်သမားအခွင့်အရေး အလုပ်အကိုင်စတဲ့ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ မြန်မာပြည်တာဝန်ခံ Ms. Piyamal Pichaiwongse က အခုလို ပြောပါတယ်။

"ILO အဖွဲ့ဟာ အဓမ္မလုပ်အားပေးတွေ ဖျက်သိမ်းဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ အဲ့ဒီအလုပ်တွေမှာ အန်အယ်လ်ဒီက နှစ်ပေါင်းများစွာ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အခုအစိုးရဖြစ်လာတဲ့အခါ ILO နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမှာ အသစ်ကနေ ပြန်စနိုင်မယ်လို့ မျှော်လင့်တာ ဖြစ်ပါတယ်။ အဲ့ဒီပူးပေါင်းဆောင်ရွက်မှုတွေက မြန်မာနိုင်ငံက အလုပ်သမားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ကောင်းမွန်ရေး၊ နယ်ပယ်အလိုက် ကျွမ်းကျင်မှုပညာတွေ ရရှိရေး၊ အလုပ်သမားအခွင့်အရေးနဲ့ လွတ်လပ်စွာဖွဲ့စည်းခွင့်ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်လို့" Ms. Piyamal က ပြောသွားတာဖြစ်ပါတယ်။

ဒါ့အပြင် ILO အဖွဲ့ရဲ့ ရည်မှန်းချက်တွေဟာ မြန်မာနိုင်ငံမှာ အောင်မြင်မှုရရှိခဲ့တာဖြစ်လာသလို အစိုးသစ်လက်ထက်မှာ ပိုပြီးမျှော်လင့်ချက်တွေ ထားရှိနိုင်တာ ဖြစ်ပါတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ FAO ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် UNDP ၊ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၊ ကမ္ဘာ့ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF ၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC စတဲ့ ၂၅ ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

RFA Burmese

မုန်တိုင်းသတင်းအချိန်နှင့်တစ်ပြေးညီထုတ်ပြန်မှုသတိထားစေလိုဟု ဒေါက်တာထွန်းလွင်ပြော


=========================
မေလ(၁၉)ရက်နေ့ခန့်မှာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ မုန်တိုင်းငယ်တစ်လုံးစတင်ဖြစ်ပေါ်လာနိုင်ကြောင်းခန့်မှန်းရရှိထားပါတယ်။
အဆိုပါ မုန်တိုင်းငယ်ဟာ အရှေ့မြောက်ဖက်ကိုရွေ့လျှားရင်း ပိုမိုအားကောင်းလာကာ နောက်(၃)ရက်အကြာ မေလ(၂၂)ရက်နေ့မှာ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကို ရောက်ရှိလာမှာဖြစ်ပါတယ်။

ဆိုပါမုန်တိုင်းရဲ့ ရွေ့လျှားသွားမယ့်လမ်းကြောင်းကို ခန့်မှန်းတွက်ချက်ရာမှာ ကနဦးအစမှာ မြန်မာနိုင်ငံရှိရာအရှေ့မြောက်ဖက်ကိုရွေ့လျှားလာခဲ့ပေပယ့် မေလ((၂၀)ရက်မှစတင်ကာ မြန်မာနိုင်ငံနဲ့ဝေးရာ အနောက်ဖက်ကို ဦးတည်ရာဖက် ပြောင်းလဲရွေ့လျှားသွားလိမ့်မယ်လို့ ခန့်မျန် ရရှိထားပါတယ်။
မုန်တိုင်း အချိန်နဲ့တပြေးညီသတင်းထုတ်ပြန်မှုကို သတိထားစေလိုပါတယ်။
(ဒေါက်တာထွန်းလွင်)

“ရောင်းသူမဲ့ အအေးဆိုင် (ရန်ကုန်) ဖွင့်လှစ်ပြီး ၅ ရက်အကြာ ငွေကျပ် ၃ ထောင်ကျော် ပျောက်ဆုံး”


------ ------ ------ ------ ------
လူများ၏အကျင့်စာရိတ္တပိုမိုဖြိုးလာစေရန်ရည်ရွယ်ချက်ဖြင့် မေလ ၆ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည့် ရန်ကုန်မြို့ရောင်းသူမဲ့ အအေးဆိုင်တွင် စတင်ဖွင့်လှစ်ပြီး ၂ ရက် မေ ၇ ရက်အထိ ငွေ ၂ ထောင်ကျော် ပိုမိုရရှိခဲ့သော်လည်း ၅ ရက်အကြာ မေ ၁၀ ရက်တွင် ငွေ ၃ ထောင်ကျော် ပျောက်နေကြောင်း ဆိုင်ဖွင့်လှစ်ခဲ့သူ ဦးမျိုးမြင့်က News Watch သို့ ပြောသည်။
မေလ ၉ ရက်နေ့က ၇၀၈၀၀ ကျပ်ရင်းနှီးထားပြီး စာရင်းချုပ်လိုက်သည့်အခါ ၆၈၅၀၀ ကျပ်သာကျန်ရှိကာ ငွေ ၂၃၀၀ ကျပ်လျှော့နေသကဲ့သို့ မေလ ၁၀ ရက်နေ့တွင်လည်း ရင်းနှီးထားငွေမှာ ငွေကျပ် ၃၉၁၀၀ ကျပ်ဖြစ်ကာ စာရင်းချုပ်လိုက်သည့်အခါ ၃၈၃၀၀ ကျပ်ကျန်ရှိ၍ ငွေ ၈၀၀ ကျပ်လျော့နေကြောင်း ၎င်းကပြောသည်။
“ဒါကတော့ မမှန်မကန်လုပ်တဲ့သူလဲ ပါချင်ပါနေမှာပေါ့။ ငွေပြန်အမ်းယူတာ မှားနိုင်တာ လည်းရှိမယ် ပေါ့။ရက်အနည်းငယ်အတွင်းကတော့ ကောက်ချက်ချလို့မရသေးပါဘူး။” ဟု ဦးမျိုးမြင့်ကပြောသည်။
ရောင်းသူမဲ့ အအေးဆိုင်ကို ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ၀ါးတန်းလမ်းရှိ လွယ်ဟိန်း ကုမ္ပဏီရှေ့တွင် ဖွင့်လှစ်ထားပြီး ရေသန့်ဘူး ၂၀၀ ကျပ်၊ M-150 အအေးတဘူး ၃၀၀ ကျပ်၊ Blue Mountain အအေးတဘူး ၃၀၀ ကျပ်စသည်ဖြင့် ဈေးနှုန်းသတ်မှတ်ထားကာ ၀ယ်ယူသူများအနေဖြင့် နှစ်သက်ရာ အအေးနှင့် ရေသန့်ဗူးများကို ရယူပြီး ကျသင့်သည့်ငွေအား မိမိအသိစိတ်ဓါတ်ဖြင့် ပိုက်ဆံဘူးထဲသို့ ထည့်ခဲ့ရမည်ဖြစ်ပြီး ပြန်အမ်းငွေကိုလည်း ဘူးထဲမှပင် ပြန်လည်ရနိုင်သည်။
အဆိုပါဈေးဆိုင်အား လူ ၃ ဦးတို့က ငွေကျပ် ၁ သိန်းမတည်၍ နံနက် ၈ နာရီ ခွဲမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး တနင်္ဂနွေနေ့တိုင်း ဆိုင်ပိတ်မည်ဖြစ်ကြောင်း သိရသည်။
လင်းလင်းအောင် News Watch

" မြန်မာနိုင်ငံသားများ လိုလားလက်ခံခြင်းမရှိသည့် စကားလုံးများကို သတိပြုဆောင်ရွက်မည်ဟု ကန်သံအမတ်ပြော "





ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Scot Marciel တို့သည် ယနေ့(မေလ ၁၁ ရက်)နံနက်ပိုင်းတွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
တွေ့ဆုံဆွေးနွေးပွဲတွင်
မြန်မာနိုင်ငံသားများ လိုလားလက်ခံခြင်းမရှိသည့် စကားအသုံးအနှုန်းများအား သုံးစွဲခဲ့ရခြင်းမှာ မိမိအတွက် အခြားသော စကားရပ်မရှိသောကြောင့်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသားများ၏ သဘောထားကို အလေးမထားခြင်း၊ ဆန့်ကျင်လိုခြင်းကြောင့် မဟုတ်ပါကြောင်း၊ နောင်သောအခါ၌ မြန်မာနိုင်ငံသားများ လိုလားလက်ခံခြင်းမရှိသည့် စကားအသုံးအနှုန်းများအား သတိပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန်သံအမတ်ကြီးက ဆွေးနွေးခဲ့သည်ဟု သူရဦးရွှေမန်း၏ လူမှုကွန်ယက်စာမျက်နှာတွင် သတင်းထုတ်ပြန်ထားသည်။
‪#‎လီမို‬@7Day
ဓာတ်ပုံ-သူရဦးရွှေမန်း FB

Tuesday, May 10, 2016

မြန်မာ-အိန္ဒိယနယ်စပ်မှာ နှစ်ဖက် ခိုက်ရန်ဖြစ်ပွားမှုကြောင့် လုံခြုံရေး တိုးမြှင့်


မြန်မာ-အိန္ဒိယနယ်စပ်မှာ မေလ ၁ဝ ရက်နေ့က နှစ်ဖက်ဒေသခံတွေ ခိုက်ရန်ဖြစ်ပွားခဲ့စဉ်။ Photo - Pu Hen Facebook
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့က မြန်မာ-အိန္ဒိယ နယ်စပ်ဂိတ်အနီးမှာ မနေ့က နှစ်ဖက်ဒေသခံတွေ ခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် နှစ်ဖက်လုံခြုံရေးအင်အားတိုးမြှင့်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က ညနေ ၄ နာရီကနေစပြီး ၂နာရီကျော်ကြာ ပဋိပက္ခဖြစ်ပွားခဲ့တာလို့ တမူးမြို့ခံ ကိုပုဟမ် က ပြောပါတယ်။

နယ်စပ်ဂိတ်ကို အိန္ဒိယဘက်က မနေ့က ပိတ်ထားရာ ဖြတ်သန်းသွားလာဖို့ ကြိုးစားရာမှာ ဒေသခံတွေအကြား အပြန်အလှန်ခိုက်ရန်ဖြစ်ပွားခဲ့တာလို့ ကိုပုဟမ်က ပြောပါတယ်။

အိန္ဒိယဖက်က လူအင်အား ၂၀၀ ၀န်းကျင်လောက်က နယ်စပ်ဂိတ်ကိုကျော်ပြီး ခဲတွေနဲ့ပေါက်တာကြောင့် နေအိမ် တချို့ ခြံစည်းရိုးတွေ၊ ခေါင်မိုးတွေ ပျက်စီးသွားတာတွေရှိသလို ခဲမှန်ပြီး ဒဏ်ရာရသွားသူတွေ ရှိတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

အဲ့ဒီခိုက်ရန်ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး တမူးမြို့နယ်အုပ်ချုပ်ရေးအဖွဲ့က မိုးရေးမြို့အုပ်ချုပ်ရေးအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေး ဖို့လည်း ပြင်ဆင်နေပါတယ်။

မြန်မာ-အိန္ဒိယနယ်စပ်မှာ မြန်မာဘက်က တမူးမြို့နဲ့ အိန္ဒိယနိုင်ငံ မိုးရေးမြို့တို့ ထိစပ်နေတာ ဖြစ်ပါတယ်။

RFA Burmese

သဘာ၀၀န်းကျင် ဆွေးနွေးပွဲ ကျွန်းစုတွင် တားမြစ်ခံရ



https://mail-attachment.googleusercontent.com/attachment/u/0/?view=att&th=1549a8ce1da07580&attid=0.2&disp=inline&realattid=f_io1c7chc1&safe=1&zw&saddbat=ANGjdJ_E5k269C2zCTkSshQuD8LJtqHXCJOa-Xaz2c2c1RhqNQjT4PQRrJ9KphZL705UpAB22vWzz2BNi2idlTB1gAzI-GWlaO6DzTo3GnNME8ytrj6u5YIsvpqis7gZ5I5qQ56AKdb2uHZRqIoNBl6yPTKRcS1nn2EQ-24vCTy5zze9-I3hhBI0kLgVzyiZsdvEpyhQLojuIzLlddA-LhRso1bTtGTzmnTU3P-q6M_E1qDLhodmqXhdS2WFd1i1FiZUvih8jUO-FoP4V3Vgj-z3pAJLkicfa-3D0nVdD8EoC1CjCD1yJS2AjfUGgBHT5YVfxth-Nwdnaiukb3RKIRaZ4w0L-I08q2OHQKIe2ByyJZTRm-VlxMRfqdXJEoMPPoed-ACo7Cbn4iv21QUZ4A4gOjyV9o-NXyIKvtUbq0dJNaGPq6bVNwvSQ8uHF0n0SgKDTlM86_fTZJ5Vf3bqvUleeNtVK7dTLCW7KeTU70JPQuzfcqjmDiZaaBYPeNTvarpsdE81zovgga3tS_Sh2aH1dysbyVUQPdD_AzMjhPuJB24N7Ct0x_Ow6bmIecP-oqvLMwTFobNClZimg1OEAhkbxiRTibh_37sjWTj2SCmEbphd9RmDOhSb387iKPRS6dn2cWIOVVc8AoLwcLYv
Dawei Watch| ကျွန်းစု၊ မေ ၁၀

ထင်ရှားသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးဝင်းမျိုးသူ ဦးဆောင်သော အဖွဲ့တစ်ခု ဖြစ်သည့် စိမ်းလန်းအမိမြေ ဖွံ့ဖြိုးရေးတိုးတက်ရေး အဖွဲ့ (ALARM) က ကျွန်းစုမြို့နယ်တွင် ပြုလုပ်သော သဘာဝသယံဇာတ ထုတ်ယူသုံးစွဲမှုဆိုင်ရာ ဆွေးနွေးပွဲ မေလ ၉ ရက်နေ့က တားမြစ်ခံလိုက်ရသည်။

သစ်တောဥပဒေ အကျိုးသက်ရောက်မှုရှိရေး၊ စီမံအုပ်ချုပ်ရေးနှင့် ကုန်သွယ်မှုဆိုင်ရာ မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့ပေါ်တွင် မေလ ၉ ရက်နေ့က ပြုလုပ်ရာ သက်ဆိုင်ရာ အခြားဌာနများက ကျင်းပခွင့်ပေးခဲ့သော်လည်း သစ်တောဦးစီးဌာနမှ လာရောက် တားမြစ်ခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါအဖွဲ့၏ တနင်္သာရီတိုင်း တာဝန်ခံ ဦးဇော်မင်းသန့်က ရှင်းပြသည်။

နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးကာ ပူးပေါင်းခြင်း မရှိသဖြင့် တားမြစ်ရခြင်းဖြစ်ကြောင်း ကျွန်းစုမြို့နယ် သစ်တော ဦးစီးဌာနမှ ဦးစီးမှူး ဦးနိုင်လင်းထွန်းက ပြန်လည်ရှင်းလင်းပြောဆိုသည်။

“တိုင်းဒေသကြီးညွန်ကြားရေးမှူးရုံးက ဖုန်းဆက် ပြောလို့ ကျွန်တော်တို့ဌာနက သွားရောက် တားမြစ်ခဲ့တာပါ”ဟု ၎င်းက ဆိုသည်။

အထက်ပါကိစ္စနှင့် ပတ်သက်၍ ALARM ၏ ဥက္ကဋ္ဌ နှင့် EcoDev ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းမျိုးသူကို မေးမြန်းရာ မှတ်ချက်မပြုလိုကြောင်း ပြန်လည်ပြောဆိုသည်။  

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ကျွန်းစုမြို့နယ်များမှာ ဒေသခံ ၂၅ ဦး တက်ရောက်ဆွေးနွေးခဲ့ပြီး သစ်တောသယံဇာတ ထုတ်ယူသုံးစွဲနေမှု အခြေအနေများနှင့် လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများနှင့် စိန်ခေါ်မှုများကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ပွဲတက်ရောက်သူများထံမှ သိရသည်။

ယင်းဆွေးနွေးပွဲကို မေလ ၉ ရက်နှင့် ၁၀ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ပထမရက် နေ့လယ်တွင်ပင် လာရောက်တားမြစ်ခဲ့သဖြင့် နေ့တစ်ဝက်သာ ပြုလုပ်နိုင်ခဲ့သည်။

ကျွန်းစုမြို့နယ်အတွင်း ဒီရေတောများနှင့် သစ်တောများကို မြေပြင် စစ်တမ်းကောက် တိုင်းတာရေး လုပ်ငန်းများတွင် သစ်တောဦးစီးဌာနမှ ပူးပေါင်းမှုရှိခဲ့သော်လည်း ယခု အလုပ်ရုံဆွေးနွေးပွဲ တားမြစ်မှုကြောင့် နစ်နာရကြောင်း ဦးဇော်မင်းသန့်က ထောက်ပြသည်။

စိမ်းလန်းအမိမြေ ဖွဲ့ဖြိုးတိုးတက်ရေး အဖွဲ့ သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သယံဇာတ ထုတ်ယူရေးကြောင့် ပတ်ဝန်းကျင် ထိခိုက်မှု ဆိုင်ရာ အသိပညာပေးခြင်း၊ သုတေသန ပြုခြင်း တို့ မြန်မာနိုင်ငံ တစ်ဝန်း လုပ်ကိုင်လျက်ရှိသည်။

Dawei Watch

ရန်ကုန်တိုင်းအတွင်းရှိ ရာဇ၀တ်ဂိုဏ်များကို ဖယ်ရှားမည်ဟု တိုင်းဝန်ကြီးချုပ် ကတိပေး



ရပ်ကွက်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များအပေါ် အကြမ်းဖက်တိုက်ခိုက်နေသည့် ရန်ကုန်မြို့ရှိ ရာဇ၀တ်ဂိုဏ်းများကို ဖယ်ရှားမည်ဖြစ်ပြီး ၊ ဆိုးသွမ်းသည့်နယ်မြေများကိုရွေးချယ်ပြီး အုပ်ချုပ်ရေးယန္တရားကို ထိရောက်စွာကိုင်တွယ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေလ ၁၀ ရက်တွင် ပြုလုပ်ခဲ့သည့် လုံခြုံရေး တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးရက် ၁၀၀ စီမံချက်ဆွေးနွေးပွဲတွင် မီဒီယာများသို့ပြောဆိုလိုက်သည်။

“ရဲကိုဓါးနှင့်ထိုးသတ်ပြီးဒီနယ်မြေရဲမလာနဲ့ လာတဲ့သူသေသွားနိုင်တယ်ဆိုတဲ့ ရာဇ၀တ်ဂိုဏ်းအုပ်စိုးတဲ့နယ်မြေမျိုး ရန်ကုန်မှာလုံးဝမရှိစေရဘူး၊ ပြည်သူလူထုလုံခြုံစိတ်ချစွာနေထိုင်နိုင်ဖို့ ရန်ကုန်တိုင်းတစ်ခုလုံး တရားဥပဒေစိုးမိုးမှု ရှိအောင် ကျွန်တော်အဓိကထားဆောင်ရွက်သွားမှာပါ”ဟုရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောသည်။

ရာဇ၀တ်ဂိုဏ်းများရှင်းလင်းမှုကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် ရဲတပ်ဖွဲ့ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး လိုအပ်နေသည့် ရဲအင်အားအတွက် ရဲတပ်ရင်းများမှ တပ်ဖွဲ့ဝင်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးရန် ရဲချုပ်နှင့် တွေ့ဆုံပြောကြားခဲ့ပြီးဖြစ်သည်ဟုလည်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောဆိုခဲ့သည်။

ဇော်မင်းထွန်း
The Ladies News Journal

ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို သင်တန်းစပေး



Dawei Watch| ထားဝယ်၊ မေ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို မေလ ၉ ရက်နေ့မှ စတင် ၍ မြို့နယ်အလိုက် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်သင်တန်းများစပေးနေပြီဖြစ်သည်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ပြန်လည်ရွေးချယ်ရန် သမ္မတရုံးက စာထုတ်ပြန်ထားသော်လည်း တနင်္သာရီတိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြန်လည်မရွေးချယ်တော့ဟု ဧပြီလကုန်က ပြောဆိုခဲ့ပြီးနောက်ပိုင်း ယင်းသို့သင်တန်းများစပေးခြင်းဖြစ်သည်။

“ခုတက်လာတဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ်တွေကို အုပ်ချူပ်ရေးသဘောတရားနဲ့ ပက်သက်တဲ့ ပညာတွေရသွားအောင်၊ လုပ်ငန်းစွမ်းဆောင်ရည်တွေမြင့်မားလာအောင် စတဲ့ရည်ရွယ်ချက်တွေနဲ့ သင်တန်းပို့ချတာပါ” ဟု ခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုက ပြောသည်။

သင်တန်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဖွဲ့စည်းပုံ၊ ရည်မှန်းချက် နှင့် လုပ်ငန်းတာဝန်များ ၊ ခေါင်းဆောင်မှုပညာ ၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊ ၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေ ၊ ပြန်ကြားရေး နှင့် စာကြည့်တိုက် စသည့်ဘာသာရပ် များကိုသက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများမှ သင်ကြားပို့ချနေကြောင်း ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

ထားဝယ်ခရိုင်အတွင်း ၄ မြို့နယ်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးပေါင်း ၁၇၄ ဦးရှိပြီး မြို့နယ်အလိုက် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးများတွင် မေလ ၂၀ ရက်နေ့အထိ သင်တန်းပို့ချ ပေးလျက်ရှိကြောင်း သိရသည်။

Dawei Watch

မြန်မာ ငြိမ်းချမ်းရေး ကန် ပံ့ပိုးကူညီမည်

မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး
အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ အရေးပါတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေး အတွက် နိုင်ငံရေး ဆွေးနွေးပွဲတွေ အထမြောက်အောင် အားပေးသွားမှာဖြစ်သလို နည်းပညာပိုင်းအရ ပံ့ပိုးကူညီ သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ကပြောဆိုလိုက်ပါတယ်။ ရန်ကုန်မြို့ American Center မှာ ဒီကနေ့ကျင်းပတဲ့ အမေရိကန်-မြန်မာဆက်ဆံရေး သတင်းစာရှင်းလင်းပွဲမှာ သံအမတ်ကြီး Scot Marciel က အခုလိုပြောဆိုလိုက်တာပါ။ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ VOA ရန်ကုန်ရုံးခွဲတာဝန်ခံ ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ သိပ်ကို နက်နဲသိမ်မွေ့တဲ့အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကနေ နိုင်ငံရေး ဆွေးနွေးပွဲတွေ အထမြောက်အောင်အားပေးရင်း၊ နည်းပညာပိုင်းအရ ကူညီပံ့ပိုးသွားမှာ ဖြစ်တယ်လို့ သံအမတ်ကြီး Scot Marciel က အခုလိုပြောပါတယ်။

 “မြန်မာနိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးမရဘဲ မအောင်မြင်နိုင်ပါဘူး။ ဘယ်နိုင်ငံမဆို ငြိမ်းချမ်းရေးရမှသာ အောင်မြင်မှာပါ။ ဒါ့ကြောင့် ကျနော်တို့က တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲအတွက် တစိုက်မတ်မတ် အားပေး ထောက်ခံခဲ့တာပါ။ ဒီနေရာမှာ ကျနော်အလေးအနက်ပြောလိုတာကတော့ ဒီ လုပ်ငန်းစဉ်ဟာ မြန်မာတွေက အားသွန်ခွန်စိုက်လုပ်ကြရမယ့် ပြည်တွင်းရေးဖြစ်ပါတယ်။ ကျနော်တို့ဟာ နိုင်ငံခြားက အစိုးရဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အခန်းကဏ္ဍက ဝင်ရောက်စွက်ဖက်ဖို့ မဟုတ်သလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာ ဒီလိုလုပ်ရတယ်လို့ ဆရာကြီးလုပ်ဖို့လည်းမဟုတ်ပါဘူး။ မြန်မာလူထုက ဆုံးဖြတ်ဖို့ဘဲဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ပံ့ပိုးပေးနိုင်မယ့် နည်းလမ်းတွေရှိခဲ့ရင်၊ နိုင်ငံရေးဆွေးနွေးပွဲတွေ အထမြောက်အောင် အားပေးမှာဖြစ်သလို၊ နည်းပညာပိုင်းအရ အကူအညီတွေ ပေးသွားမှာဖြစ်ပါတယ်။”

လောလောဆယ် အရပ်သားအစိုးရက ဒီမိုကရေစီ အသွင်ကူးပြောင်းနေတဲ့ ကာလမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အချိန်ယူ အကောင်အထည်ဖေါ်ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ သံအမတ်ကြီး Marciel က သုံးသပ်လိုက်ပါတယ်။

အရင် စစ်အစိုးရအဆက်ဆက် လူ့အခွင့်အရေးတွေချိုးဖေါက်မှုတွေကြောင့် အမေရိကန်ပြည်ထောင်စုက စီးပွားရေးအရ ပိတ်ဆို့မှုတွေနဲ့ အရေးယူခဲ့ပြီး လွန်ခဲ့နှစ်တွေအတွင်း ပြုပြင်ပြောင်းလဲမှု အထိုက်အလျောက်ဖေါ်ဆောင်ခဲ့တာကြောင့် အများပြည်သူကို တိုက်ရိုက် ထိခိုက်စေတဲ့ ပိတ်ဆို့မှုတွေဖြေလျှော့ပေးခဲ့ပြီး တသီးပုဂ္ဂလပစ်မှတ်ထားတဲ့ ပိတ်ဆို့မှုတချို့ကတော့ အကြုံးဝင်နေဆဲဖြစ်ကြောင်းနဲ့ အဲဒီ တသီးပုဂ္ဂလပစ်မှတ်ထားပိတ်ဆို့ရာမှာလည်း မရည်ရွယ်တဲ့ပြည်သူတွေ နစ်နာခဲ့ရတဲ့အတွက် အမေရိကန်ဘဏ္ဍာရေးဌာနက သီးသန့်စဉ်းစားပြီး ယာယီဖြေလျှော့မှုတွေ လုပ်ပေးခဲ့ပါကြောင်းနဲ့ ပိတ်ဆို့မှု မူဝါဒကို သံအမတ်ကြီးက ရှင်းပြပါတယ်။

“ပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့်ပြောရမယ်ဆိုရင် ခင်ဗျားတို့က ဒါတွေလုပ်ပြရင် ကျနော်တို့က ပိတ်ဆို့မှုအားလုံး ရုပ်သိမ်းပေးမယ်ဆိုတဲ့ သဘောမျိုးမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေနဲ့ လူ့အခွင့်အရေးလေးစားလိုက်နာဖို့ကို ပိုအလေးပေးပြီး ကျနော်တို့ရဲ့ ပိတ်ဆို့မှုတွေနဲ့ထိရောက်စေဖို့ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ တိုက်ရိုက် ဆက်စပ်နေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ငြိမ်းချမ်းရေးရရင် ပဋိပက္ခတွေလျော့ကျမယ်၊ လူ့အခွင့်အရေးချိုးဖေါက်မှုတွေလည်း သိသိသာသာ လျော့သွားနိုင်ပါတယ်။ ငြိမ်းချမ်းရေးအပြည့်အဝရရင် ပိတ်ဆို့မှုတွေ အားလုံးရုပ်သိမ်းပေးမယ့် သဘောမဟုတ်ဘူး ဆိုတာကိုတော့ အလေးအနက်ပြောပါရစေ။”

စီးပွားရေးအသိုင်အဝိုင်းက အမေရိကန်ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ တွန်းအားပေးနေတဲ့ တချိန်တည်းမှာဘဲ လူ့အခွင့်အရေး လှုပ်ရှားသူတွေကလည်း မေလ ၂၀ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမယ့် ပိတ်ဆို့မှုတွေကို ထပ်မံသက်တမ်းတိုးသင့်တယ်လို့ သမ္မတအိုဘားမားအစိုးရကိုတိုက်တွန်းနေကြပါတယ်။

နိုဝင်ဘာလဆန်းမှာ ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဘယ်ပါတီကဘဲနိုင်နိုင် မြန်မာနိုင်ငံနဲ့ဆက်ဆံရေးကတော့ ပြောင်းလဲစရာအကြောင်းမရှိဘူးလို့လည်း သံအမတ်ကြီး Scot Marciel က ကောက်ချက်ချပါတယ်။

“Donald Trump သမ္မတဖြစ်မဖြစ်ဆိုတာ ရွေးကောက်ပွဲမတိုင်ခင် အချိန်က ၆ လ နီးပါးလိုသေးတယ်ဆိုတော့ ပြောဖို့စောနေပါသေးတယ်။ အမေရိကန်နိုင်ငံရေးနဲ့ ဘာတွေဖြစ်လာမလဲဆိုတာကို ကျနော် ခန့်မှန်းပြီးပြောလို့ရပါဘူး။ ပါတီ ၂ ခုစလုံးရဲ့ သမ္မတလောင်းဖြစ်လာမယ့်သူတွေကလည်း ဒီကိစ္စကို တိတိကျကျမပြောကြသေးပါဘူး။ ဒါပေမဲ့ ကျနော်ပြောနိုင်တာကတော့ ပါတီ ၂ ခုစလုံးက မြန်မာနိုင်ငံမှာဘာတွေဖြစ်နေသလဲဆိုတာ မျက်ခြေမပြတ်သလို အခြေခံအားဖြင့် ဒီမိုကရေစီပြပြုပြောင်းလဲရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံအားပေးနေတယ်ဆိုတာပါဘဲ။ လွှတ်တော်အမတ်တွေကတော့ သီးခြားရပ်တည်မှုတွေ ရှိကြပေမဲ့ ဒီနေ့အထိ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် ပါတီစွဲမရှိကြပါဘူး။ သမ္မတရွေးကောက်ပွဲမှာ ဘယ်သူဖြစ်ဖြစ်အရွေးခံခဲ့ရရင်လည်း။ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အခြေခံကျတဲ့ အထောက်အပံ့တွေနဲ့ ဆက်ပြီးထောက်ခံအားပေးသွားမယ်လို့ မျှော်လင့်ပါတယ်။”

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအသစ် Scot Marciel ဟာ အမေရိကန်-မြန်မာ ဆက်ဆံရေးမူဝါဒနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ရာမှာ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ခေါင်းဆောင်တွေ၊ တက္ကသိုလ်၊ ကောလိပ်တွေက ပါမောက္ခတွေနဲ့ သတင်းမီဒီယာတွေကို ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း/ ဗွီအိုအေ (မြန်မာပိုင်း)

နိုင်ငံတော်အတိုင်ပင်ခံ ၀န်ကြီးဌာန လွှတ်တော် အတည်ပြု


နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အတွက် နိုင်ငံတော်အတိုင်ပင်ခံဝန်ကြီးဌာန ထားရှိရေးကို ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်ပါပြီ။ ဒီဝန်ကြီးဌာန ဖွဲ့စည်းမှုနဲ့ပတ်သက်လို့ ဝေဖန်မှုအချို့ရှိပေမယ့်လည်း၊ သမ္မတလုပ်ဆောင်ခွင့် ပိတ်ပင်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက် နိုင်ငံရေးလုပ်ပိုင်ခွင့်တွေ ဆောင်ရွက်နိုငဖို့ အရေးကြီးတဲ့ခြေလှမ်းဖြစ်တယ်လို့ သုံးသပ်သူအချို့ကတော့ ယူဆပါတယ်။ ကိုထက်အောင်က စုံစမ်းမေးမြန်းထားတာပါ။
မေလ ၅ ရက်နေ့က သမ္မတ ဦးထင်ကျော်က ၀န်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းဖို့ ပြည်ထောင်စု လွတ်တော်ကို သ၀ဏ်လွှာ ပေးပို့ခဲ့ပြီးတဲ့နောက်နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနကို ဖွဲ့စည်းဖို့ ဒီကနေ့မှာ ကန့်ကွက်သူမရှိ ပြည်ထောင်စုလွတ်တော်က အတည်ပြုလိုက်ပြီဖြစ်ပါတယ်။
“ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ။ နိုင်ငံတော်သမ္မတထံမှာ သ၀ဏ်လွှာ ပေးပို့ထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနတိုးချဲ့ဖွဲ့စည်းရန်ကိစ္စနဲ့ ပတ်သက်ပြီး ၅ ရက် ၅ လ ၂၀၁၆ က ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းဝေး ၁၉ ရက်မြောက်နေ့မှာ လွှတ်တော်သို့ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ သဘောမတူတဲ့သူ မရှိတဲ့အတွက် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန တခု တိုးချဲ့ဖွဲ့စည်းရန်ကိစ္စကို လွှတ်တော်က သဘောတူကြောင်း ကြေညာပါတယ်။”
ပြည်ထောင်စု လွတ်တော်နာယက မန်းဝင်းခိုင်သန်းက လွတ်တော်ရဲ့ အဆုံးအဖြတ်ရယူပြီး အခုလို ပြောကြားခဲ့တာပါ။ နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာနကို လွတ်တော်က အတည်ပြုလိုက်ပြီဖြစ်ပေမယ့်လည်း ပြည်ထောင်စု ၀န်ကြီးအဖြစ် ဘယ်သူ့ကို ခန့်အပ်သွားမလဲဆိုတာကတော့ အခုအချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒီဝန်ကြီးဌာန ဖွဲ့စည်းဖို့ လွတ်တော်ကို ပေးပို့လာစဉ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု ဆရာဝန်လည်းဖြစ်သူ၊ ငြိမ်းချမ်းရေး စေ့စပ်ညှိုနှိုင်းရေးမှုးလည်းဖြစ်သူ ဒေါက်တာ တင်မျိုးဝင်းကို နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီး အဖြစ် ခန့်အပ်သွားဖို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။ ဒါနဲ့ ပတ်သတ်လို့ ဒေါက်တာတင်မျိုးဝင်းက အခုလို ပြောပါတယ်။
“ကျနော်မဟုတ်ဘူး။ ကျနော်က ငြိမ်းချမ်းရေးပဲလုပ်ရမှာလေ ၊ ငြိမ်းချမ်းရေးပဲလုပ်မှာပါ ။ ကျနော်အဲဒီ ၀န်ကြီးဌာနမဟုတ်ပါဘူး။ ကျနော်က ငြိမ်းချမ်းရေးပဲလုပ်ရမှာလေ။”
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ခန့်အပ်တာဝန်ပေးနိုင်ဖို့အတွက် လွတ်တော် ၂ ရပ်မှာ ပြီးခဲ့တဲ့ဧပြီလထဲမှာ ဥပဒေကြမ်း တင်သွင်းစဉ်တုန်းက တပ်မတော်သား ကိုယ်စားလှယ်တွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း လွတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ ဒီဥပဒေကို အတည်ပြုနိုင်ခဲ့ပြီး အခုဆိုရင် နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာနအဖြစ် ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ဖွဲ့စည်းလိုက်တာနဲ့ ပတ်သတ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းပြောတာက
“ကျနော့် အမြင်ကတော့ နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဝန်ကြီး ရုံးဆိုင်ရာ ၀န်ကြီးဌာန ဆိုတာ လိုအပ်တယ်လို့မြင်တယ်။ ဒီဝန်ကြီးဌာန ပေါ်လာရတဲ့အကြောင်းအရင်းကို စဉ်းစားရမယ်ဆိုရင် အခု ဖွဲ့စည်းပုံအခြေခံ ဥပဒေ အကျပ်အတည်းနဲ့ ဆက်စပ်ပြီးပေါ်လာတာလို့မြင်တယ်။ တကယ်တန်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲပြီးတော့ ဒေါ်အောင်ဆန်းစုကြည်သာ ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ သမ္မတဖြစ်ခွင့်ရခဲ့မယ်ဆိုရင် ဒီနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးဝန်ကြီးဌာနဆိုတာ ပေါ်လာစရာမရှိဘူးလို့ ကျနော်မြင်တယ်။ အဲဒီအခါကျတော့ အဲဒီလိုပေါ်လာတာ တကယ်တန်းကျတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အကျပ်အတည်းနဲ့ ဆက်စပ်နေတဲ့ အခြေအနေတခုလို့ ကျနော်ကတော့ သုံးသပ်ပါတယ်။”
အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံတော် ဖွံဖြိုးတိုးတက်ရေးနဲ့ တရားဥပေဒေ စိုးမိုးရေး စတဲ့ လုပ်ငန်းစဉ်တွေ ပိုမိုထိရောက်ပြီး အောင်မြင်မှု ရရှိဖို့အတွက် နိုင်ငံတော် အတိုင်ပင်ခံ ရုံး ၀န်ကြီးဌာနကို တိုးချဲု့ဖွဲ့စည်းဖို့ နိုင်ငံတော် သမ္မတ ကလွတ်တော်ကို အကြောင်းကြားခဲ့တာပါ။ နိုင်ငံတော် အတိုင်ပင်ခံ ၀န်ကြီးဌာန သက်တမ်းဟာ နိုင်ငံတော် သမ္မတရဲ့ ရာထူး သက်တမ်းအတိုင်းဖြစ်ပါတယ်။ သမ္မတ ဦးထင်ကျော်လက်ထက်မှာဒီတစ်ခေါက် ဖွဲ့စည်းလိုက်တဲ့ ၀န်ကြီး ဌာနတစ်ခုအပါအ၀င် ပြည်ထောင်စု ၀န်ကြီးဌာနပေါင်း ၂၂ ခု ရှိသွားပြီဖြစ်ပါတယ်။
 
ထက်အောင် VOA

Monday, May 9, 2016

ခရစ်ယာန်ကျောင်းဝင်းက စေတီ ဝန်ကြီး သွားရောက် စစ်ဆေး

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကွမ်းတောကျေးရွာက ရှင်မာကုအင်္ဂလီကန် ဘုရားကျောင်းဝန်းအတွင်းမှာ တည်ထားတဲ့စေတီ ကို တွေ့ရစဉ်။ Photo: Kyaw Lwin Oo/RFA
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကွမ်းတောကျေးရွာက အင်္ဂလီကန် ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်းမှာ စေတီ တည်တာနဲ့ ပတ်သက်ပြီး သာသာနာရေးဝန်ကြီးဌာန သူရဦးအောင်ကိုနဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ် နန်းခင်ထွေးမြင့် တို့က သွားရောက်ကြည့်ရှုခဲ့ပြီး စေတီတည်တဲ့ မြိုင်ကြီးငူဆရာတော်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ကြိုးစားနေပါတယ်။

ဘုရားကျောင်းဝန်းထဲမှာ စေတီတည်ထားတာကို စိတ်မကောင်းဖြစ်ကြောင်းပြောပြီး အစိုးရက သူတို့ရဲ့ဆောင် ရွက်ချက်တွေကို ပြောခဲ့တယ်လို့ ဘားအံသာသနာပိုင် ဂိုဏ်းချုပ်ဆရာတော် စောစတိုင်လို က ပြောပါတယ်။

"ကျနော်တို့က ဒါကိုကြည့်ပြီးတော့ စိတ်မကောင်းကြဘူးပေါ့၊ ဒီဝင်းထဲမှာ ဘာသာနှစ်ခုရဲ့ ရိုးရာဓလေ့တွေနဲ့ ဘုရားကျောင်းနဲ့ ရောနေတယ်၊ လုံးထွေးနေတယ်၊ သာသနာရေးဝန်ကြီးကတော့ ဆက်လက်ပြီးဆောင်ရွက်စရာ ရှိတာကို ဆောင်ရွက်ရမယ်၊ ညှိနှိုင်းတိုင်ပင်ရမယ်၊ သမ္မတနဲ့ပဲဖြစ်ဖြစ် သမ္မတအကြံပေးနဲ့ပဲဖြစ်ဖြစ် နောက် ပြီးတော့ နိုင်ငံတော်အဆင့်မှာ ပုဂ္ဂိုလ်ကြီးတွေနဲ့ တိုင်ပင်စရာရှိရင် တိုင်ပင်ရမယ်၊ မြိုင်ကြီးငူဆရာတော်ကို မတွေ့တွေ့အောင် လိုက်ရှာကြမယ်လို့ပြောတယ်"

အင်္ဂလီကန် ဘုရားကျောင်းဝန်းအတွင်းမှာ သိမ်ဆောက်ဖို့အတွက် လက်ရှိ လူဦးရေ ၃၀ လောက် ရောက်ရှိနေ ပါတယ်။

ရှင်မာကု အင်္ဂလီကန် ဘုရားကျောင်းဝန်းအတွင်းမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့က မြိုင်ကြီးငူဆရာတော် လမ်းညွှန်ချက်နဲ့ စေတီတစ်ဆူ တည်ခဲ့ပြီး မေလ ၄ ရက်နေ့ကလည်း စေတီတစ်ဆူ ထပ်မံတည်ခဲ့တာဖြစ်ပါတယ်။

သာသနာရေးဝန်ကြီး သူရဦးအောင်ကိုနဲ့ အဖွဲ့ဟာ ရွှေဂွန်းကျေးရွာက ဗလီအနီးလမ်းကြားမှာ တည်ထားတဲ့ စေတီကို လည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။

RFA Burmese

အချစ်ဟောင်းကို ဓါးနဲ့ ရှင်းတဲ့အမှု သေဒဏ်အပြင် ထောင်ဒဏ်နှစ်နှစ်နဲ့ ခြောက်လကျခံစေဖို့ ယနေ့ အမိန့် ချ


ရန်ကုန် မေ ၉၊ ၊  ပြောစရာစကားမရှိတဲ့ အချစ်ဟောင်းကိုဓါးနဲ့ ထိုးလို့ နေရာမှာတင်ပွဲချင်းပြီးသေဆုံးတဲ့ ဗဟန်း မြိုနယ်  သင်္ကန်းချုပ်ဆိုင်ကအမှု တရားခံကို သေဒဏ်အပါအ၀င်ထောင်ဒဏ်အသီးသီးကျခံစေဖို့ အမှုစစ် တရားသူကြီးကယနေ့ ရုံးချိန်းအမိန့် ချပါတယ်။

အနောက်ပိုင်းခရိုင်တရားရုံး ဒုတိယခရိုင်တရားသူကြီး ၇ တရားခွင်မှာ ပြစ်မှုကြီးအမှုအမှတ် ၅၆/၂၀၁၅ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂/၃၂၄/၃၂၆ တို့ နဲ့ တရားစွဲတင်ပို့ ထားတဲ့ စွပ်စွဲခံရသူ စိုးမိုး ထက်(ခ) စိုးမိုးကျော်ကို ယနေ့ လည်နှစ်နာရီက ရုံးထုတ်ပါတယ်။ အမိန့် မချခင်မှာ တရားခံက အမိန့် ချမယ့်ရက်ကို ရွေ့ ပေးဖို့ တောင်းဆိုရာ အမှုစစ်တရားသူ ကြီးက ပြီးခဲ့တဲ့ရုံးချိန်းက အမိန့် ချဖို့ ရက်သတ်မှတ်ခဲ့ပြီး အမိန့် ချသေးဘဲ တစ်ပတ်နောက်ဆုတ်ပေးခဲ့ ပြီးဖြစ်လို့ထပ်မံ ရွေ့ ဆိုင်းမပေးနိုင်ကြောင်း၊ ချမှတ်တဲ့ပြစ်ဒဏ်အပေါ်မကျေနပ်ပါက အထက်ရုံးကိုအယူခံဝင်နိုင်ကြောင်း ပြောပါတယ်။

အမှုနဲ့ ပတ်သတ်ပြီး တရားလိုနဲ့ တရားလိုပြသက်သေများထွက်ချက်အရ သော်လည်းကောင်း တရားခံကိုယ်တိုင်ကျမ်းကျိန်ထွက်ဆိုချက်များအရသော်လည်း ပြစ်မှုကျူးလွန်ကြောင်းထင်ရှားလို့ ပြစ် မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂(၁)(ခ) (ကြိုတင်ကြံရွယ်လူသတ်မှု အရသေဒဏ်၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၆ (ဘေးဖြစ်စေတက်သော လက်နက်နဲ့ အပြင်းအထန်နာကျင်စေမှု) အရထောင်ဒဏ်နှစ်နှစ် ၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၂၄ (အလိုအလျောက်အပြင်းအထန်နာကျင်စေမှု)အရ ထောင်ဒဏ်ခြောက်လကျ ခံစေဖို့ အမိန့် ချပါတယ်။ အမှုမှာစွဲချက်တင်တရားခံသက်သေအဖြစ်အစစ်ခံစဉ်က လူသတ်မှုကျူးလွန်ရာမှာအသုံးပြု တဲ့ သက်သေခံထီးအရှည်တစ်လက်၊သစ်သားတုတ်ကိုမိမိယူလာကြောင်း၊ဓါးသွား ကိုလည်း ခွေးသွား စိတ်ဖြစ်အောင်အသွားပြုပြင် ထားကြောင်း၊သေသူမ.. ကပြောစရာစကားမရှိဆိုလို့ မိမိကတုတ်နဲ့ ရိုက် ခဲ့ကြောင်းနဲ့ ကျန်တာတွေကို မမှတ်မိကြောင်းထွက်ဆိုထားပါတယ်။

သေသူမ… နဲ့ မိမိတို့ သမီးရည်းစား များဖြစ်ပြီး မ… အလုပ်လုပ်တဲ့ဆိုင်ရှင်က မိမိနဲ့ မ… ကိုသဘောမတူကြောင်းပြောကာ ဆံပင်ဆွဲပါးရိုက် ခဲ့ဖူးကြောင်းကိုလည်းထွက်ဆိုထားပါတယ်။ ဒီဖြစ်စဉ်ဟာ ၂၀၁၅ ခုနှစ် သြဂုတ်လဆန်းကရွှေတိဂုံဘုရား အနီး နိဗ္ဗာန်ကုန် အရောင်းဆိုင် က အမျိုးသမီးငယ်တစ်ဦးကို အိမ်ထဲအထိဝင်ပြီး အသင့်ပါလာတဲ့ တုတ်နဲ့ ရိုက်ဓါးနဲ့ ထိုးကာ ပတ်ဝန်းကျင် ရှိလူများကိုလည်းတုတ်နဲ့ရိုက်ခဲ့လို့  သက်ဆိုင်ရာရဲတပ်ဖွဲ့ က လူသတ်မှု ၊အပြင်းအထန်နာကျင်စေမှု စတဲ့ပုဒ်မတွေနဲ့ သက်ဆိုင်ရာရဲတပ်ဖွဲ့ ကတရားစွဲတင်ပို့ ခဲ့တာဖြစ်ပါတယ်။

Author   ကိုရွှေဇင်၊လူမွန်
Kumudra