Pages

Sunday, April 23, 2017

တနင်္သာရီမြို့တွင် ဆွမ်းကျွေးအိမ်မှ အပြန် သံဃာအချို့နှင့် လူ ၃ဝ ခန့် အစာ အဆိပ်သင့်


တနင်္သာရီ၊ ဧပြီ ၂၂

မြိတ်ခရိုင် တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအုပ်စု သဘော့လိပ်ကျေးရွာတွင် သံဃာအချို့နှင့် လူ ၃ဝ ခန့် အစာအဆိပ်သင့်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်း ကျေးရွာအုပ်စု သဘော့လိပ်ကျေးရွာတွင် ဧပြီ ၂၂ ရက် နံနက်ပိုင်းအလှူအိမ်ဆွမ်းကြွေးပွဲတွင် အရုဏ်ဆွမ်းကို ပုစွန်ချဉ်နှင့် ကင်းမွန်ကြော်(ပြည်ကြီးငါး)တို့ကို စားသုံးမိရာမှ သဘော့လိပ်ကျေးရှာရှိ ဝဏ္ဏသီရီ ကျောင်းမှ ဆရာတော်တစ်ပါးနှင့် ကိုရင် လေး ခြောက်ပါးအပါအဝင် ကျေးရွာသူ ကျေးရွာသား ၂၅ ဦး စုစုပေါင်း ၃၂ ဦးတို့သည် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင် ကျော်ဟိန်းထံမှ သိရသည်။