Pages

Sunday, April 23, 2017

ထားဝယ်လူမျိုးစုစည်းမှုကော်မတီ လောင်းလုံြးိုကနယ်အတွင်း တွေ့ဆုံဆွေးနွေးပွဲများကျင်းပ။









ဧပြီလ ၂၃ ရက် တနင်္ဂနွေနေ့။မနက် ၉နာရီ၌ လောင်းလုံမြို့နယ် ဂေါ့အင်းကျေးရွာရှိ ရတနာသီရိကျောင်း၌ထားဝယ်လူမျိုးစုစည်းရေးကိုဆွေးနွေးခဲ့ရာ ရေဖြူဇုံမှတက်ရောက်ကြသူဦးရေ
၂၀၀ကျော်ရှိကြောင်းသိရှိရသည်။ စုစည်းရေးအတွက်ကော်မတီတစ်ရပ်ကိုလည်းဖွဲ့စည်းနိုင်ခဲ့ သည်။
ဗဟိုကော်မတီဝင်များနှင့် ဂေါ့အင်းရွာတာဝန်ခံများ
 နေ့လည်ပိုင်းတွင် သကျက်တောဇုံ တောင်
သာကျောင်း၌တွေ့ဆုံဆွေးနွေးပွဲကိုဆက်လက်ပြုလုပ်ရာ တက်ရောက်သူပေါင်း ၂၅၀ ကျော်ရှိခဲ့ပြီးထားဝယ်လူမျိုး စုစည်းမှု(သကျက်တောဇုန်)ကို ဖွဲ့စည်းနိုင်ခဲ့သည်။

ဗဟိုကော်မတီဝင်များနှင့် ဂေါ့အင်းရွာတာဝန်ခံများ
 ဆွေးနွေးပွဲတွင် ထားဝယ်လူမျိုးစုစည်းမှုကော်မတီ သည် ထားဝယ်အမျိုးသားညီလာခံကျင်းပနိုင်ရေးနှင့်
ယင်းညီလာခံတွင် ဆွေးနွေးမည့်ခေါင်းစဉ်များနှင့် ထားဝယ်အမျိုးသားအလံ၊တံဆိပ်၊ ထားဝယ်အမျိုးသားနေ့သတ်မှတ်နိုင်ရန်အကြံပြုကြရန်။ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတွင် ထားဝယ်လူမျိုးများအနေဖြင့် နိုင်ငံရေး၊လူမှုရေး၊စီးပွားရေး၊မြေယာ သဘာဝသယံဇာတ နှင့်ပတ်သက်၍
မည်သို့ပုံဖော်ကြမည်ဆိုသော မူဝါဒအတွက်အကြံပြုစာတမ်းများပေးပို့ကြရန်ဆွေးနွေးခဲ့ပါသည်။

  ထားဝယ်အမျိုးသားအလံ ၏ အရွယ်အစားမှာ ၃း၂ ဖြစ်၍  အလံဒီဇိုင်းနှင့် အဓိပ္ပာယ်ဖွင့်ဆိုပေးရမည်။
ကော်မတီမှ ရွေးချယ်ခံရသောအလံဒီဇိုင်းအတွက် ဥာဏ်ပူဇော်ခ ၂သိန်း ချီးမြှင့် မည်ဖြစ်ကြောင်း
ကော်မတီ၏နာယကအဖွဲ့ဝင် ဦးစိုးထွေး ထံမှသိရှိရသည်။
Lwintmgmg Daily News