Pages

Tuesday, August 15, 2017

ရတနာဂူဘုရားပွဲ​တော်​နှင့်​ ပုပ္ပားမယ်​​တော်​နတ်​ပွဲ ရိုးရာမပျက် ကျင်းပ


မန္တ​လေး အမရပူရမြို့နယ်​တွင် နှစ်​စဉ်​ကျင်းပလျက်​ရှိသော ရတနာဂူ ဘုရားပွဲ​တော်​နှင့်​ ပုပ္ပားမယ်​ကြီးနတ်​ပွဲအား ယ​နေ့ သြဂုတ် ၁၄ ညပိုင်းအချိန်​က ရိုးရာမပျက် ကျင်းပသည်။

"ရတနာဂူဘုရားပွဲ​တော်နဲ့ ပုပ္ပားမယ်​​တော်​ကြီးနတ်​ပွဲဟာ နှစ်​စဉ်​ကျင်းပတဲ့ပွဲဖြစ်​ပါတယ်​။ ဒီ​နေ့ နတ်​ဆရာ​တွေ နတ်​ညီလာခံကျင်းပတဲ့နေမို့ ကြိုက်တဲ့အစိုးရလာတား ဘယ်​သူမှမလာချင်​နေ နတ်​ရိုးရာဆိုင်​သူ​တွေနဲ့ ရိုးရာနတ်​ကိုယုံကြည်​ကိုးကွယ်​သူ​တွေ ဘယ်​သူတားတား လာကြမှာပဲ။ ဆိုင်း​တွေမတီးရလဲ ရ​အောင်​ကျင်းပသွားမယ်"​ဟု နတ်​ဆရာတ​ဦးက​ပြောသည်​။

မန္တ​လေးတိုင်းအစိုးရအ​နေဖြစ်​ H1N1 ရာသီတုပ်ကွေး​ရောဂါပိုး​ကြောင့်​ လူစည်ကားမည့်ပွဲတော်များကျင်းပခြင်းကို တားမြှစ်​ထားခြင်းကြောင့် လာရောက်သူမရှိသော်လည်း ရတနာဂူပွဲ​တော်​နှင့်​ပုပ္ပားမယ်​တော်​ကြီးနတ်​ပွဲ​တော်​ကို ယခုကဲ့သို့  ကျင်းပခဲ့သည်။

စိုင်းထူးခန့်​ News Watch