Pages

Tuesday, August 15, 2017

မြေပိုင်ဆိုင်ခွင့်ချထားခြင်းကို မကျေနပ်သဖြင့် အသက် ၉၀ အရွယ်အဘိုးအို ဆန္ဒပြ

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ချောင်းနက်အရှေ့စု ကျေးရွာနေ အသက် ၉၀ အရွယ် ဦးစံသိန်းသည် ၎င်းပိုင်းလယ်ယာမြေများအား သီးစားလုပ်ကိုင်သူအား မြေပိုင်ဆိုင်ခွင့်ချထားခြင်းကို မကျေနပ်၍ သြဂုတ် (၁၄) ရက်တွင် တကိုယ်တော် ဆန္ဒထုတ်ဖော်သည်။

ဆန္ဒထုတ်ဖော်ရာတွင် "ဘိုးဘွာပိုင်မြေသည် သားသမီးများသာ ပိုင်ဆိုင်ခွင့်ရှိသည် "စာသားပါ ပိုစတာနှင့် "သီးစားသမားသည် လုပ်ပိုင်ခွင့်သာ ရှိသည် ပိုင်ဆိုင်ခွင့် မဖြစ်နိုင်"စသည့် စာသားပါ ပိုစတာတို့အားချိတ်ဆွဲ၍ အုန်းတော(၂)ရပ်ကွက်မှစတင်လမ်းလျှောက်ပြီး ဗိုလ်ချုပ်ပန်းခြံ(အာဇာနည်ရင်ပြင်)သို့ သွားရောက်ဂါရဝပြုပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်ဦးစီဌာန(မြို့နယ်မြေစာရင်းရုံး)ရှေ့နှင့် မြို့နယ်တရားရုံးရှေ့နေရာများတွင်လည်း ဆန္ဒထုတ်ဖော်ခဲ့သည်။

ယင်းအပြင် လမ်းတလျှောက်တွင်လည်း "၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေပါ အချို့အချက်များသည် မတရားသော အချက်များသာဖြစ်သည်"စသည့် စာသားပါ အချက် (၁၄) ချက်ပါရှိသော လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ကြိမ်လုံး(မင်းလှ)
News Watch