Pages

Tuesday, September 5, 2017

အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်များတွင် ပါဝင်သည့် ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ ၁ ဦး ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ - ၎


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဖေဇီကျေးရွာ၌ စက်တင်ဘာ ၁ ရက် ညနေ ၆ နာရီခွဲတွင် မသင်္ကာ ဖွယ်ဘင်္ဂါလီ ၁ ဦးအား ကျေးရွာရှိ ဘင်္ဂါလီလူမျိုးများက ဖမ်းဆီးရမိထားကြောင်း သတင်းရရှိသဖြင့် မောင်တော ခရိုင်မှ ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မောင်တောမြို့နယ်၊ မြို့သူကြီးကျေးရွာဟောင်းနေ အဒူမော်နက်(ဘ) ဆူလ်တန်နာမောက်ဆိုသူဖြစ်ကြောင်း ကနဦးစစ်ဆေးချက်များအရ သိရှိရသည်။

ဆက်လက်မေးမြန်းစစ်ကြောချက်များအရ အဆိုပါဖမ်းဆီးရမိ ဘင်္ဂါလီလူမျိုး အဒူမော်နက်ဆိုသူသည် သြဂုတ် ၂၆ ရက် နံနက် ၁၁ နာရီခန့်တွင် မောင်တောမြို့နယ်၊ မြို့သူကြီးကျေးရွာအတွင်း နယ်မြေရှင်းလင်းနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား   လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်ခြင်း၊ ဆွဲမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်များတွင် ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက် သမားများနှင့်အတူ ပါဝင်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဖမ်းဆီးရမိ ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားအား မောင်တောမြို့မရဲစခန်း၌ ရဲလုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်

Ref:တပ်​မ​တော်​ကာကွယ်​​ရေးဦးစီးချုပ်​ရုံး