Pages

Tuesday, September 5, 2017

ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ၏ တောင်ပြိုလက်ဝဲကျေးရွာရှိ ရဲကင်းစခန်းအား အကြမ်းဖက်တိုက်ခိုက်ရန် ရေးဆွဲထားသည့် မြေပုံများတွေ့ရှိသိမ်းဆည်းရမိ

နေပြည်တော်၊ စက်တင်ဘာ  ၃

ရခိုင်ပြည်နယ်မြောက်ခြမ်း၌ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကြောင့် နယ်မြေတည်ငြိမ်အေးချမ်းစေရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ စိုးရိမ်ကြောင့်ကြ မှုများကင်းဝေးကာ အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်စဉ် စက်တင်ဘာ ၁ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲကျေးရွာသို့ ၀င်ရောက်ရှင်းလင်းခဲ့ရာ အဆိုပါကျေးရွာ၊ အမှတ်(၁)ရပ်ကွက်ရှိ မော်လ၀ီအရှားဒူလာ၏နေအိမ်မှ တောင်ပြိုရဲကင်းစခန်းအား တိုက်ခိုက်ရန် မြန်မာဘာသာနှင့် ဘင်္ဂါလီဘာသာ ၂ မျိုးဖြင့် ရေးဆွဲထားသော မြေပုံစာရွက်များအား ရှာဖွေတွေ့ရှိခဲ့သည်။

အဆိုပါနေရာနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Ref: တပ်​မ​တော်​ကာကွယ်​​ရေးဦးစီးချုပ်​ရုံး facebook