ARSA အစွန်းရောက် အကြမ်းဖက်သမား၏ အကြမ်းဖက်တိုက်ခိုက်မှုသတင်းနှင့်
မလိုလားအပ်သောပဋိပက္ခများ မဖြစ်ပေါ်ရေးဆိုင်ရာ သတင်းထုတ်ပြန်ချက်
Pages
Wednesday, September 6, 2017
ARSA အစွန်းရောက် အကြမ်းဖက်သမား၏ အကြမ်းဖက်တိုက်ခိုက်မှုသတင်းနှင့် မလိုလားအပ်သောပဋိပက္ခများ မဖြစ်ပေါ်ရေးဆိုင်ရာ သတင်းထုတ်ပြန်ချက်
ိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တူရကီသမ္မတနိုင်ငံသမ္မတမစ္စတာတေယစ်ပ် အာဒိုဂန်နှင့် ရခိုင်ပြည်နယ်အရေးကိစ္စအပြန်အလှန် ဆွေးနွေး
နေပြည်တော်၊ စက်တင်ဘာလ ၅
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ယနေ့ မွန်းလွဲ ၂ နာရီကတူရကီသမ္မတတေယစ် အာဒိုဂန်၏ တယ်လီဖုန်းခေါ်ဆိုမှုအား လက်ခံပြောကြားခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးကြသည်။
ထိုသို့ ဆွေးနွေးရာတွင် တူရကီသမ္မတမစ္စတာအာဒိုဂန်က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မကြာသေးခင်က ဖြစ်ပွားခဲ့သော ဖြစ်ရပ်များနှင့်စပ်လျဉ်း၍ တယ်လီဖုန်းခေါ်ဆိုရခြင်း ဖြစ်ကြောင်း၊ နှစ်ပေါင်းများစွာ စိန်ခေါ်မှုအများအပြားကို ကျော်ဖြတ်ပြီး လူ့အခွင့်အရေး အပြောင်းအလဲများ ဆောင်ရွက်ခဲ့သော ခေါင်းဆောင်တစ်ဦးအနေဖြင့် ရခိုင်အရေးကိစ္စကိုအမြော်အမြင်ဖြင့် ချဉ်းကပ် ဆောင်ရွက်မည် ဟုယုံကြည်ကြောင်း၊ ကမ္ဘာတစ်ဝှမ်းတွင် လူသားချင်းစာနာထောက်ထားရေး ဆိုင်ရာ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ မကြာသေးခင်က ဖြစ်ရပ်များနှင့်ပတ်သက်၍ စဉ်းစားသုံးသပ် ဆောင်ရွက်မည်ကို သံသယမရှိပါကြောင်း၊ မကြာသေးခင်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်များ၊ လူအများ ဖြန့်ဝေနေသောရုပ်ပုံများကြောင့် ကမ္ဘာတစ်ဝှမ်းမှစိုးရိမ်ပူပန်မှု ကြီးစွာဖြစ်လာခဲ့ကြောင်းစသည်ဖြင့် ပြောကြားသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကမိမိတို့အနေဖြင့် လူ့အခွင့်အရေးနှင့်ဒီမိုကရေစီအကာအကွယ်များပိတ်ပင်ခံရခြင်း၏ ဆိုလိုရင်းသဘောကိုကောင်းစွာသိရှိနားလည်ပြီးအစဉ်အမြဲအလေးထားပါကြောင်း၊ ထို့ကြောင့်လည်း မြန်မာနိုင်ငံအတွင်းရှိ ပြည်သူအားလုံး၏ အခွင့်အရေးကိုကာကွယ်စောင့်ရှောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံရေးဆိုင်ရာအခွင့်အရေးသာမကလူမှုရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခွင့်အရေးများကိုလည်း မြှင့်တင်လျက် ရှိပါကြောင်း၊ ရခိုင်ပြည်နယ်ရှိ ပြည်သူအားလုံးအတွက် အဖြစ်နိုင်ဆုံးနည်းလမ်းဖြင့် ကာကွယ်မှုပေးနိုင်ရန် စတင်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီသာမက ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် ရေရှည်မျှော်မှန်းကာဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်များအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သတင်းအချက်အလက်အမှားများဖန်တီးခြင်းကြောင့်မိမိတို့နှစ်နိုင်ငံအကြားကာလရှည်ကြာရင်းနှီးချစ်ကြည်သောမိတ်ဆွေကောင်းဆက်ဆံရေးထိခိုက်လာမည်ကိုစိုးရိမ်ကြောင်း၊ နှစ်နိုင်ငံအကြားဆက်ဆံရေးကောင်းကိုအမြဲထိန်းသိမ်းထားလိုသောမြန်မာနိုင်ငံ၏ သဘောထားကို မြန်မာနိုင်ငံဆိုင်ရာတူရကီသံအမတ်ကြီးကတင်ပြပြီး ဖြစ်မည် ဟုယူဆပါကြောင်း၊ တူရကီဒုတိယဝန်ကြီးချုပ်အနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့ခြင်းမဟုတ်ဘဲအခြားနိုင်ငံများမှ သတင်းဓါတ်ပုံအမှားများကို ဖြန့်ဝေခဲ့သည်ကိုသိရှိပြီး ဖြစ်မည်ဟုယူဆပါကြောင်း၊ တူရကီဒုတိယဝန်ကြီးချုပ်ကြုံတွေ့ခဲ့ရသည့် အဖြစ်သည် သတင်းအမှားများထုနှင့်ထည်နှင့် ပြန့်နှံ့နေခြင်းအတွက် ကြီးမားသောပြဿနာ၏မြင်သာသော (The Tip of a huge Iceberg of Misinformation) အစိတ်အပိုင်းတစ်ခုသာ ဖြစ်ကြောင်း၊ ထိုကဲ့သို့ သတင်းဓါတ်ပုံအမှားများကိုမတူညီသောအသိုင်းအဝိုင်းများအကြား ပြဿနာအများအပြား ဖြစ်ပွားစေရန်နှင့် အကြမ်းဖက်သမားများအကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်ချက်ဖြင့် ဖန်တီးနေကြသည်ကိုမှန်းဆကြည့်နိုင်ကြောင်း၊ တူရကီနိုင်ငံအနေဖြင့် ပီကေကေ (the Kurdistan Workers' Partyor PKK -Kurdish: PartiyaKarkerên Kurdistan) ကို နှိမ်နင်းခဲ့ရခြင်းကြောင့် အကြမ်းဖက်ဝါဒ၏ စိန်ခေါ်မှုများကိုကောင်းစွာနားလည်မည်ဟုယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အကြမ်းဖက်သမားများကိုရင်ဆိုင်ရသည်မှာအတွေ့အကြုံအသစ် ဖြစ်သော်လည်းယင်းအကြမ်းဖက်ဝါဒပိုမိုကျယ်ပြန့်မလာစေရန်နှင့် ရခိုင်ပြည်နယ်တစ်ပြည်နယ်လုံးသို့ ပြန့်နှံ့မသွားနိုင်စေရန် အကောင်းဆုံးကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊အကြမ်းဖက်ဝါဒ မြန်မာနိုင်ငံ၌ အမြစ်မတွယ်စေရေးအတွက် ကမ္ဘာ တစ်ဝှမ်းမှ မိတ်ဆွေများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအတွင်းနေထိုင်သူအားလုံးဘေးကင်းလုံခြုံစိတ်အေးချမ်းသာစေရန် လိုအပ်သည့်ကာကွယ်မှုအားလုံးခံစားပိုင်ခွင့် ရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အစီရင်ခံစာပါ အကြံပြုချက်များကိုအကောင်အထည်ဖော် ဆောင်ရွက်မည့် အကောင်အထည်ဖော်ရေးကော်မတီကိုအမြန်ဆုံးဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့်ပြောကြားသည်။
ထို့နောက် တူရကီသမ္မတမစ္စတာအာဒိုဂန်ကမြန်မာအစိုးရတွေ့ကြုံရင်ဆိုင်နေရသည့် အခက် အခဲများနှင့် စိန်ခေါ်မှုများကိုသိရှိပါကြောင်း၊ ပြဿနာဖြေရှင်းနိုင်ရေးအတွက် ကူညီပံ့ပိုးရန် တူရကီနိုင်ငံအနေဖြင့် အသင့်ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကောင်းကိုဆက်လက်ထိန်းသိမ်းထားမည် ဖြစ်ကြောင်းပြောကြားခဲ့ကြောင်းသိရှိရသည်။
Information Committee
Tuesday, September 5, 2017
အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်များတွင် ပါဝင်သည့် ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ ၁ ဦး ဖမ်းဆီးရမိ
နေပြည်တော်၊ စက်တင်ဘာ - ၎
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဖေဇီကျေးရွာ၌ စက်တင်ဘာ ၁ ရက် ညနေ ၆ နာရီခွဲတွင် မသင်္ကာ ဖွယ်ဘင်္ဂါလီ ၁ ဦးအား ကျေးရွာရှိ ဘင်္ဂါလီလူမျိုးများက ဖမ်းဆီးရမိထားကြောင်း သတင်းရရှိသဖြင့် မောင်တော ခရိုင်မှ ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မောင်တောမြို့နယ်၊ မြို့သူကြီးကျေးရွာဟောင်းနေ အဒူမော်နက်(ဘ) ဆူလ်တန်နာမောက်ဆိုသူဖြစ်ကြောင်း ကနဦးစစ်ဆေးချက်များအရ သိရှိရသည်။
ဆက်လက်မေးမြန်းစစ်ကြောချက်များအရ အဆိုပါဖမ်းဆီးရမိ ဘင်္ဂါလီလူမျိုး အဒူမော်နက်ဆိုသူသည် သြဂုတ် ၂၆ ရက် နံနက် ၁၁ နာရီခန့်တွင် မောင်တောမြို့နယ်၊ မြို့သူကြီးကျေးရွာအတွင်း နယ်မြေရှင်းလင်းနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်ခြင်း၊ ဆွဲမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်များတွင် ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက် သမားများနှင့်အတူ ပါဝင်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။
အဆိုပါဖမ်းဆီးရမိ ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားအား မောင်တောမြို့မရဲစခန်း၌ ရဲလုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်
Ref:တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ၏ တောင်ပြိုလက်ဝဲကျေးရွာရှိ ရဲကင်းစခန်းအား အကြမ်းဖက်တိုက်ခိုက်ရန် ရေးဆွဲထားသည့် မြေပုံများတွေ့ရှိသိမ်းဆည်းရမိ
နေပြည်တော်၊ စက်တင်ဘာ ၃
ရခိုင်ပြည်နယ်မြောက်ခြမ်း၌ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကြောင့် နယ်မြေတည်ငြိမ်အေးချမ်းစေရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ စိုးရိမ်ကြောင့်ကြ မှုများကင်းဝေးကာ အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်စဉ် စက်တင်ဘာ ၁ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲကျေးရွာသို့ ၀င်ရောက်ရှင်းလင်းခဲ့ရာ အဆိုပါကျေးရွာ၊ အမှတ်(၁)ရပ်ကွက်ရှိ မော်လ၀ီအရှားဒူလာ၏နေအိမ်မှ တောင်ပြိုရဲကင်းစခန်းအား တိုက်ခိုက်ရန် မြန်မာဘာသာနှင့် ဘင်္ဂါလီဘာသာ ၂ မျိုးဖြင့် ရေးဆွဲထားသော မြေပုံစာရွက်များအား ရှာဖွေတွေ့ရှိခဲ့သည်။
အဆိုပါနေရာနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Ref: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး facebook
Sunday, September 3, 2017
ကျိုက်ထီးရိုးတောင်ပေါ်တွင် တရားမ၀င်ဖွင့်လှစ်ထားသည့်ဆိုင်ခန်းများကို ပိတ်သိမ်းသွားမည်
ဆံတော်ရှင်ကျိုက်ထီးရိုးတောင်ပေါ်တွင် ဥပဒေအရ ခွင့်ပြုထားခြင်းမရှိသော ဆိုင်ခန်းများကို ပိတ်သိမ်း၍ ကျန်ရှိသည့် ဆိုင်ခန်းများကို ယခင်နှစ်များအတိုင်း မူလပိုင်ရှင်များထံ ပြန်လည်နေရာချပေးသွားမည် ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောခဲ့သည်။
''ဥပဒေအရ ခွင့်ပြုခြင်းမရှိတဲ့ ဆိုင်တချို့ကို ဖယ်ရှားရပါလိမ့်မယ်။ ဘယ်ဆိုင်တွေပါမလဲဆိုတာကိုတော့ ကျွန်တော်စိစစ်ပြီးတော့ ဆောင်ရွက်မှာဖြစ်ပါတယ်။ ကျန်ရှိတဲ့ဆိုင်တွေကို ယခင်နှစ်တွေအတိုင်း မူလပိုင်ရှင် တွေကို ပြန်လည်ချထားပေးမှာ ဖြစ်ပါတယ်''ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံက သြဂုတ်လ ၃၀ ရက်က ကျိုက်ထိုမြို့တွင် ပြုလုပ်သည့် ကျိုက်ထီးရိုးဈေးသူဈေးသားများနှင့် တွေ့ဆုံပွဲတွင် ပြောသည်။
ပိတ်သိမ်းသွားမည်ဆိုင်များတွင် တောရိုင်းတိရစ္ဆာန်များကို သတ်ဖြတ်၍ ရောင်းချသည့်ဆိုင်များနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေမည့် သစ်ပင်တောတောင်များကို ခုတ်ထွင်ရောင်းချနေသည့် ဈေးဆိုင်ခန်းအချို့ပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ယင်းအပြင် လာမည့်ဘုရားဖူးရာသီကာလအတွင်း ဂေါပကစည်းမျဉ်းစည်းကမ်းဥပဒေများကို လိုက်နာမှုမရှိသည့် ဈေးဆိုင်ခန်းများကို ဥပဒေအတိုင်း တင်းတင်းကျပ်ကျပ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
''လာမည့်နှစ်မှာတော့ စည်းကမ်းမလိုက်နာတဲ့ဆိုင်ကို ဂေါပကအဖွဲ့က ဓာတ်ပုံရိုက်ပြီး ၀န်ကြီးချုပ်ဆီ တင်လိုက်ရင် အဲဒီဆိုင်ကို ရာသက်ပန်ပိတ်မယ့်အပြင် အဲဒီလူကို ကျိုက်ထီးရိုးတောင်ပေါ်တွင် ဥပဒေအရ ခွင့်ပြုခြင်းမရှိသည့် ဆိုင်ခန်းများကို ပိတ်သိမ်းသွားမည်။ ဈေးဆိုင်ရောင်းချခွင့်မရှိအောင် ကျွန်တော်တို့ လုပ်မှာဖြစ်တယ်။ တောင်ပေါ်ရင်ပြင်မှာကျပ် ၁၂၀၀၀ နဲ့ ကျွန်တော်ငှားအိပ်ဖူးပါတယ်။ ရင်ပြင်တော် ရောင်းစားတဲ့သူတွေလည်းရှိပါတယ်။ စည်းကမ်းထိန်းသိမ်းရေးသမားတွေကအစ ရောင်းစားခဲ့တာရှိပါတယ်။ ဒါတွေလည်း အကုန်သိပါတယ်။ ပြီးခဲ့တာတွေ ပြီးပါစေတော့ အခုလာမယ့်နှစ်မှာတော့ စည်းမျဉ်းစည်းကမ်း တွေအတိုင်း ဆောင်ရွက်မှာဖြစ်တယ်''ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောဆိုသည်။
ယင်းအပြင် ကျိုက်ထီးရိုးတောင်ပေါ်တွင် မည်သည့်နိုင်ငံရေးပါတီကိုမှ အခွင့်အာဏာပေးသွားမည်မဟုတ်ဘဲ နိုင်ငံရေးပါတီအနေဖြင့် ယူဆောင်ထားသည့် ဆိုင်ခန်းများ ချက်ချင်းဖယ်ပေးရန် ၀န်ကြီးချုပ်က သတိပေးပြောဆိုခဲ့သည်။
''လက်ရှိယူထားတဲ့လူတွေကို ပြန်စိစစ်မယ်။ နိုင်ငံရေးပါတီကြောင့် ဆိုင်ခန်းရလာတယ်ဆို အကုန်ဖြုတ်ပစ်မယ် ကျိုက်ထီးရိုးတောင်ပေါ်မှာ နိုင်ငံရေးလုံးဝကင်းစင်ရမယ်။ ဟိုခြိမ်းခြောက် ဒီခြိမ်းခြောက်ပြီးတော့ အခွင့်အရေးယူဖို့ လုံးဝမစဉ်းစားကြနဲ့ ကျွန်တော်လုံးဝလက်မခံဘူး''ဟု ကျိုက်ထီးရိုးဈေးသူ၊ ဈေးသားများနှင့် တွေ့ဆုံပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောဆိုခဲ့သည်။
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ ပြီးခဲ့သည့်ဘုရားဖူးရာသီကာလအတွင်း ပြည်တွင်းခရီးသွားဧည့်သည် နှစ်ဆယ်ငါးသိန်းကျော်နှင့် ပြည်ပနိုင်ငံခြားသား တသိန်းခွဲကျော်ဝင်ရောက်ခဲ့ပြီးလာမည့် ဘု ရားဖူးကာလတွင် ကေဘယ်ကားတပ်ဆင်မှုပြီးစီးကာ ဘုရားဖူးများ ယခင်နှစ်ထက် ပိုမိုဝင်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။
KH