Pages

Thursday, January 18, 2018

ARSA အကြမ်းဖက်အဖွဲ့ဝင် ၁၃၀၀ ကျော်၏ အမည်စာရင်းအား မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးပို့ထားကြောင်း သတင်းထုတ်ပြန်ရေးကော်မတီမှ သိရ


ARSA အကြမ်းဖက်အဖွဲ့ဝင် ၁၃၀၀ ကျော်၏ အမည်စာရင်းအား မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးပို့ထားကြောင်း ယနေ့ (ဇန်န၀ါရီ ၁၈ ရက်) တွင် သတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် Arakan Rohingya Salvation Army (ARSA) အကြမ်းဖက်အဖွဲ့ဝင် ၁၃၀၀ ကျော်၏ အမည်စာရင်းကို မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးပို့ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရှိရပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၄ ရက်က နေပြည်တော်၌ ပြုလုပ်သည့် စတုတ္ထအကြိမ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့များ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဗဟိုအဆင့် အစည်းအဝေးတွင် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းနောက် ARSA အကြမ်းဖက်သမားများအား ၁၉၈၀ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် နယ်နိမိတ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်နှင့်အညီ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွားနိုင်ရန်အတွက် ပြန်လည်လွှဲပြောင်းပေးရန် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အကြောင်းကြားထားပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်ဟု သတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

Photo:Information Committee