Pages

Wednesday, January 17, 2018

ဆန္ဒပြသူများက မြောက်ဦးရဲစခန်းကို ၀ိုင်းအုံလာရာမှ သေနတ်ပစ်ဖေါက်ပြီး လူစုခွဲနေရဟုဆ

မြောက်ဦး ၁၆.၁.၂၀၁၈

နိရဉ္စရာ၊ ဇန်န၀ါရီ ၁၆

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ယနေ့ကျရောက်သည့် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အချာ အာဏာကျဆုံးနေ့ အခမ်းအနားကို အာဏာပိုင်များက တားမြစ်လိုက်ပြီးနောက် ဆန္ဒပြ ကန့်ကွက်မှုများ ပေါ်ပေါက်လာရာ ဆန္ဒပြသူများသည် ရဲစခန်းကို ၀ိုင်းအုံဆန္ဒပြရာမှ ရဲတပ်ဖွဲ့ဝင်များမှ မိုးပေါ်သို့ သေနတ်များထောင်ပစ်ပြီး လူစုခွဲနေရသည်ဟု သတင်းရရှိသည်။

မြောက်ဦးဒေသခံ အခမ်းအနား ကျင်းပရေး ကော်မတီဝင် ဦးကျော်သိန်းထွန်းအား ယနေ့ည ၁၀ နာရီ ၁၅ မိနစ်ခန့်က ဆက်သွယ်မေးမြန်းရာ သေနတ်ပစ်ခတ်သံများကို ကြားနေရသည်ဟု ပြောကြားသည်။

“ အခုထိ ကြားနေရပါတယ်။ အချက် ၂၀ ကျော်လောက် ပစ်ပြီထင်ပါတယ်။ ကျွန်တော်တို့က အာဏာပိုင်တွေက ကျင်းပခွင့်ပိတ်တဲ့ ည ၆ နာရီကတည်း အခမ်းအနားကို ရုပ်သိမ်းလိုက်ပါပြီ။ လူတွေ အရမ်းများလာပြီး ရဲစခန်းရှေ့မှာ ၀ိုင်းအုံပြီး ကျင်းပခွင့်ရဖို့ တောင်းဆိုကြတယ်လို့ သိရပါတယ်။ အဲဒီကတဆင့် လူတွေ ၂၀၀၀ ခန့်ထိ များလာတဲ့ အတွက် ရဲကတားမနိုင်တာကြောင့် သေနတ်ပစ်ပြီး လူစုခွဲနေရတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။

ယခု ည ၁၀ နာရီခွဲထိ မငြိမ်မသက်ဖြစ်နေဆဲ ဖြစ်ကြောင်း သိရသည်။

မြောက်ဦး အာဏာပိုင်များနှင့် ဆက်သွယ်၍ မရသေးသဖြင့် အခြေအနေ မည်သို့ ဖြစ်နေသည်ကို အသေးစိတ်မသိရသေးပါ။

နောက်ဆုံးကြားသိရတာက
ဒဏ်ရာရသူ တစ်ဦးသေဆုံး ..

မြောက်ဦးဆေးရုံသို့ ရောက်ရှိလာသည့် ဒဏ်ရာရသူ ၉ ဦးထဲမှ တစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးသွားပြီဟု သိရသည်။
မြောက်ဦး ပဋိပက္ခ အတွင်း
သေဆုံးသူမှာ မြောက်ဦးမြို့နယ် ဇင်္ဂဋကျေးရွာမှ အသက် ၂၀ ခန့်ရှိမည့် လူငယ်တစ်ဦးဖြစ်သည်
ဒဏ်ရာရသူများလည်းထပ်တိုးလာကြောင်း
လူမှုရေးဆောင်ရွက်နေသူ ကိုထွန်းထွန်းမှသေဆုံးသူမှာ ဆီးခုံတွင် ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးသွားခဲ့ပြီဟု အတည်ပြုပြောဆိုသည်။

Narinjara
photo fb

https://m.facebook.com/story.php?story_fbid=920561208094390&id=100004215578431

https://m.facebook.com/story.php?story_fbid=1529010950467314&id=100000752721665