Pages
▼
Monday, December 31, 2012
မြန်မာအင်ဂျင်နီယာကျောင်းသားများ အမိကျောင်းတော်ကြီး၌ ပြန်လည်တွေ့ဆုံ
အင်ဂျင်နီယာ ကျောင်းသားကျောင်းသူဟောင်း ၃၅၀၀၏ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံမှုကို အင်းစိန်ကြို့ကုန်းရှိ ရန်ကုန်နည်းပညာ တက္ကသိုလ်၌ ဒီဇင်ဘာလ(၃၀)ရက်နေ့ နံနက်ပိုင်းက ဆရာကန်တော့ပွဲနှင့် ကျောင်းသား ကျောင်းသူများ တွေ့ဆုံပွဲကို ကျင်းပခဲ့ကြပါသည်။
![]() |
Photo-Thein Win(Facebook) |
အဆိုပါ တွေ့ဆုံပွဲသို့ ပါမောက္ခချုပ်ဟောင်း ဒေါက်တာအောင်ကြီး၊ ပါမောက္ခ ဦးဘတုတ် အပါအဝင် အငြိမ်းစား ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ကထိကများ၊ နည်းပြ ဆရာ ဆရာမများ စုစုပေါင်း ၃၀၀-ခန့် တက်ရောက် ကန်တော့ခံခဲ့ကြပြီး၊ ပြည်တွင်းပြည်ပမှ အင်ဂျင်နီယာနှင့် ဗိသုကာကျောင်းသားကျောင်းသူဟောင်း ၃၅၀၀ ခန့် တက်ရောက်ခဲ့ ကြပါသည်။
အခမ်းအနားကို စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်မှ ချီးကျူး ဂုဏ်ပြုစကားပြောကြား၍ အခမ်းအနားမှူး အဖြစ် ဒေါ်တင်မိုးလွင်က ဆောင်ရွက် ခဲ့ပါသည်။
အဆိုပါပွဲ၌ သိပ္ပံနှင့် နည်းပညာဝန်ကြီးအဖြစ် စတင်တာဝန်ယူ ဆောင်ရွက်စဉ် ဤကျောင်း သို့လာရောက် ကြည့်ရှု၍ ဥပဓိရုပ် ပျက်ပြားနေသော ကျောင်းတော်ကြီးအား ဆရာ ဟောင်းများ၊ မိတ်ဆွေများ၊ အင်ဂျင်နီယာများနှင့် အင်ဂျင်နီယာလုပ်ငန်းများ အကူအညီဖြင့် ပြန်လည် ပြုပြင်ခဲ့ကြောင်း၊ ဤစက်မှုတက္ကသိုလ်အား ယခင် ကာလများကဲ့သို့ အရည်အချင်း ပြည့်မီသော စက်မှုတက္ကသိုလ်တစ်ခုအဖြစ် အရှေ့ တောင် အာရှတွင် သာမက ကမ္ဘာ့အဆင့် ရောက်ရှိစေရန် နိုင်ငံတော်နှင့် ကျောင်းသူ ကျောင်းသားဟောင်းများနှင့်တကွ အားလုံးပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်က တိုက်တွန်းနှိုးဆော်ခဲ့သည်။
ယခင် အင်ဂျင်နီယာ ပညာရပ်များကို ရန်ကုန် တက္ကသိုလ် လက်အောက် မဟာအင်ဂျင်နီယာဌာနမှ သင်ကြားပို့ချခဲ့ခြင်းဖြစ်ပြီး ၁၉၆၂ ခုနှစ် ဇူလိုင်လ အရေးအခင်းပြီးနောက် တက္ကသိုလ်များအား ပိတ်ထားခဲ့ပါသည်။
တော်လှန်ရေးကောင်စီ အစိုးရလက်ထက် ၁၉၆၄ ခုနှစ်တွင် တက္ကသိုလ် ပညာရေး စနစ်သစ်အရ အင်းစိန်မြို့နယ် ကြို့ကုန်းရှိ လက်ရှိ စက်မှုတက္ကသိုလ် အဆောက် အဦးအား ဗမာစက်မှု တက္ကသိုလ် ( ဘီအိုင်တီ ) အမည်ဖြင့် ပါမောက္ခချုပ် ဦးရုံးမိုကို ခန့်အပ် တာဝန်ပေး ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ရန်ကုန် စက်မှု တက္ကသိုလ် ( အာအိုင်တီ ၊ ဝိုင်အိုင်တီ ) နှင့် ရန်ကုန် နည်းပညာတက္ကသိုလ် ( ဝိုင်တီယူ ) ဟု အမည် အဆင့်ဆင့် ပြောင်းခဲ့ပါသည်။ ၁၉၇၅ ခုနှစ်အတွင်း ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရာပြည့် နှင့် ဦးသန့် ဈာပန အရေးအခင်း များတွင် စက်မှုတက္ကသိုလ် ကျောင်းသား ကျောင်းသူများသည် အခြားတက္ကသိုလ် ကျောင်းသားကျောင်းသူများ နှင့်အတူ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ကြပါသည်။ ၁၉၈၈ ခုနှစ် မတ်လတွင် ရန်ကုန်စက်မှု တက္ကသိုလ် ကျောင်းသားများနှင့် ကြို့ကုန်း ရပ်ကွက်အတွင်းမှ လူငယ်များ ပဋိပက္ခဖြစ်ရာ လုံထိန်းရဲများ၏ အကြမ်းဖက် ကိုင်တွယ် နှိမ်နင်းမှုကြောင့် စက်မှု တက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် သေဆုံးခဲ့ပြီး ကျောင်း သား ဆူပူလှုပ်ရှားမှုများ စတင်ဖြစ်ပေါ်ခဲ့ရာ အထွေထွေမကျေနပ်မှုများ ခံစားနေ သော ပြည်သူလူထုများပါဝင်လာရာမှ သမိုင်းဝင် ရှစ်လေးလုံး အရေးအခင်း ဖြစ်ပေါ်ခဲ့ပါသည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် တပ်မတော်မှ နိုင်ငံတော်အာဏာ သိမ်းယူပြီးနောက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ နှင့် နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရ လက်ထက်များတွင် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စက်မှု တက္ကသိုလ် နှင့် မန္တလေးတက္ကသိုလ်စသည့် တက္ကသိုလ်များ၏ အရေးပါမှုကို လျှော့ချပြီး တက္ကသိုလ်များကို မြို့ပြင်ဝေးလံသည့် နေရာများတွင် တည်ဆောက် ဖွင့်လှစ်ကာ ကျောင်းဆောင်များ ပူးတွဲထားရှိသည့် စနစ်ကို ဖျက်သိမ်းခဲ့ပါသည်။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ရန်ကုန် နည်းပညာ တက္ကသိုလ်နှင့် မန္တလေး နည်းပညာ တက္ကသိုလ် တို့တွင် နိုင်ငံတကာ အဆင့်မီ အင်ဂျင်နီယာ သင်ရိုးညွှန်းတမ်း များ ရေးဆွဲပြုစုကာ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစတင်၍ ကျောင်းသား ကျောင်းသူ ၂၅၀ စီ စတင် လက်ခံသင်ကြားလျှက်ရှိကြောင်းသိရပါသည်။
ရန်ကုန် စက်မှုတက္ကသိုလ်အား ပြင်ဆင် အလှခြယ်ထားခြင်းနှင့် ပတ်သက်၍ ၁၉၇၄ ခုနှစ်က အင်ဂျင်နီယာဘွဲ့ရခဲ့သူ အမျိုးသမီး တစ်ဦးက ယခုကဲ့သို့ဆိုသည်။
" ကျောင်းကြီးစည်စည် ကားကား နဲ့ ပြောင်ပြောင်ရောင်ရောင် မြင်ရတာ အရမ်း ပျော် တာဘဲ၊ အရင်က ဖြတ်သွားတိုင်း ဇရပ်ပျက်ကြီးလို စုတ်ပြတ်နေတာ မြင်ရရင် မျက်ရည် ကျမိတာ အခါခါပါဘဲ " ဟု အင်ဂျင်နီယာဘွဲ့ရ အမျိုးသမီးတစ်ဦးက ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဌ နှင့် ကော့မှူးမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လျက် ရန်ုကုန် တက္ကသိုလ်အား အစိုးရ စီမံခန့်ခွဲနေခြင်းအစား သက်ဆိုင်ရာ တက္ကသိုလ် ကောင်စီများ မှလွတ်လပ်စွာ စီမံခန့်ခွဲသည့် အဆင့်ရရှိရေး ကြိုးစားဆောင်ရွက်နေကြောင်း သိရ သည်။
" အင်ဂျင်နီယာဆိုတာ အခြေခံလူတန်းစား အလုပ်သမားတွေနဲ့ အမြဲ တွဲလုပ်နေကြ တာဆိုတော့ အခြေခံလူတန်းစားတွေ ဆင်းရဲဒုက္ခရောက်ရင် နာကျင်ခံစားကြရ တယ်။ ပြီးတော့ အင်ဂျင်နီယာရဲ့ သဘာဝကိုက စနစ်တကျ မှန်မှန်ကန်ကန် ဖွံ့ဖြိုးတိုးတက် ချင်တယ်၊ အမှားတွေ့ရင် အပျက်တွေ့ရင် ပြုပြင်ချင်တဲ့ စေတနာနဲ့ အကျင့် ရှိတယ်၊ အဲဒီအခါမှာ လူ့အဖွဲ့အစည်းအတွင်းမှာ အချင်းချင်းတွေ့ဆုံညှိနှိုင်း အဖြေရှာတဲ့ အလေ့ အကျင့် မရှိရင် အင်ဂျင်နီယာတွေက ပြဿနာကောင်တွေ ဖြစ်နေတတ်ပါတယ် " ဟု ၁၉၆၆ ခုနှစ်တွင် အင်ဂျင်နီယာဘွဲ့ရ အငြိမ်းစား ကထိက ဆရာ တစ်ဦးက ပြောကြား ခဲ့သည်။
ဆရာပူဇော်ပွဲအား နေ့လည် တစ်နာရီခန့်တွင် ပြီးစီးကာ ကျောင်းသား ကျောင်းသူဟောင်း အနုပညာရှင်များက အဆို အတီး အကများဖြင့် ဆက်လက် ဖြေဖျော်ကြပါသည်။ ညနေပိုင်းတွင်လည်း မြန်မာကွန်ဗင်းရှင်းစင်တာ၌ မိတ်ဆုံညစာ စားပွဲနှင့် ဖြေဖျော်ရေး အစီအစဉ်များ ဆက်လက် ကျင်းပခဲ့ကြသည်။
ညွန့်အောင် ( မြစ်မခ )
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်များရှိ စက်မှုလုပ်ငန်းငယ်များနှင့် စက်မှုဇုန်များအား ဇန်န၀ါရီ ၁ ရက်နေ့မှစတင်၍ တစ်နေ့ ၇ နာရီကြာ မီးဖြတ်တောက်မည်ဖြစ်ပြီး ၂၀၁၃ ခုနှစ် နွေကာလအတွင်း လျှပ်စစ်မီးလုံလောက်ရေးအတွက် မြို့ငယ်များအား တစ်ရက် ၁၈နာရီကြာ မီးဖြတ်တောက်မည်
၂၀၁၂ ခုနှစ် နွေရာသီကာလတွင် လျှပ်စစ်မီးရရှိရေးအတွက် ဖယောင်းတိုင်ထွန်း ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပွားခဲ့သည့် မြင်ကွင်းများအား တွေ့ရစဉ် |
မြန်မာနိုင်ငံတ၀န်းရှိ စက်မှုလုပ်ငန်းများအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ မီးဖြတ်တောက်ခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး လူနေရပ်ကွက်များအတွင်းရှိ စက်မှုလုပ်ငန်းငယ်များ၊ အစိုးရစက်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များအား ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်၍ လျပ်စစ်မီး စတင်ဖြတ် တောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောပါသည်။
ယင်းအပြင် ၂၀၁၃ ခုနှစ် နွေရာသီကာလအတွင်း လျပ်စစ်ဓာတ်အား လိုအပ်ချက်အား ဖြည့်တင်းနိုင်ရန် စက်မှုလက်မှုလုပ်ငန်းများ မရှိသည့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့ငယ်များအား နေ့ဘက်တွင် ဓာတ်အားပိတ်၍ ညနေ ၅ နာရီမှ ၁၁ နာရီအထိ ဦးစားပေး ဓာတ်အားပေးသွားမည်ဖြစ်ကာ တစ်ရက်လျင် ဓာတ်အားရရှိမည့် ကာလမှာ ၆ နာရီသာ ကြာမြင့်မည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။
အဆိုပါ ပြောကြားချက်အား လျပ်စစ်စွမ်းအား ၀န်ကြီးဋ္ဌာန၊ ရန်ကုန် မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့နှင့် သတင်းမီဒီယာများ တွေ့ဆုံခဲ့သည့် ဒီဇင်ဘာလ ၃၀ရက်နေ့က ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
လျပ်စစ်ဓာတ်အား ဖြတ်တောက်ရာတွင် လူနေရပ်ကွက်များအတွင်းရှိ စက်မှုလုပ်ငန်းငယ်များ၊ အစိုးရ စက်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များအား ညနေ ၄ နာရီမှ ည ၁၁ နာရီ အထိ တစ်ရက်လျင် ၇ နာရီကြာ စတင်ဖြတ်တောက်သွားမည် ဖြစ်ကြောင်း ယင်းက ပြောကြားခဲ့ပါသည်။
၂၀၁၃ ခုနှစ် နွေရာသီအတွင်း မြန်မာနိုင်ငံတ၀န်း လျပ်စစ်ဓာတ်အား လိုအပ်ချက်မှာ ၂၀၆၀ မဂ္ဂါ ၀ပ်ဖြစ်ပြီး လက်ရှိ ထုတ်လုပ်ရရှိနိုင်သည့် မဂ္ဂါဝပ် စုစုပေါင်းမှာ ၁၅၅၁ မဂ္ဂါဝပ်သာ ဖြစ်သဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ ဓာတ်အားလိုအပ်ချက်၏ ၇၅ ရာခိုင်နှုန်းသာ ဖြည့်ဆည်းနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
''အခုလကစပြီး နိုင်ငံတ၀န်းမှာ ရှိနေတဲ့ လျပ်စစ်အသုံးပြု စက်မှုလုပ်ငန်းတွေကို မီးဖြတ်ခဲ့တာပါ။ ရန်ကုန်မြို့ကိုတော့ လာမယ့် ဇန်န၀ါရီလကစပြီး ဖြတ်တောက်မှာပါ။ ဒီလို ဖြတ်တောက်တဲ့အခါမှာ လူနေရပ် ကွက်တွေကို မထိခိုက်နိုင်ပါဘူး။ လက်ရှိရန်ကုန်မြို့ရဲ့ လျပ်စစ်ဓာတ်အား သုံးစွဲမှုက မဂ္ဂါဝပ် ၁၀၀၀ နီးပါး ရှိနေတော့ လိုအပ်လာရင် စက်မှုဇုန် တွေကိုပဲ ဆက်လက်မီးဖြတ်တောက်ပါမယ်'' ဟု ယင်းက ပြောကြားခဲ့ ပါသည်။
၂၀၁၃ ခုနှစ် နွေရာသီကာလ အတွင်း လက်ရှိလိုအပ်ချက်ဖြစ်သည့် လျပ်စစ်ဓာတ်အား ၅၀၉ မဂ္ဂါ ၀ပ်အား ဖြည့်ဆည်းနိုင်ရန် သောက်ရေခပ်-၂၊ လှော်ကား၊ ရွာမ၊ သာကေတ၊ အလုံ စသည့် ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းများမှ ၃၅၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရန် စီစဉ်ထားကြောင်း သိရှိရပါသည်။
ကျန်လိုအပ်သည့် ဓာတ်အား ပမာဏဖြစ်သည့် ၂၁၉ မဂ္ဂါဝပ်အား ဖြည့်တင်းနိုင်ရန် စက်မှုဇုန်များအား အချိန်ပိုင်း ဓာတ်အားလျော့ခြင်း၊ အစိုးရပိုင်စက်ရုံများ၊ မြစ်ရေတင်များအား ဓာတ်အား အသုံးများသည့် အချိန် ညနေ ၅ နာရီမှ ၁၁ နာရီအထိ ဓာတ်အားပိတ်ခြင်း၊ စက်မှုလက်မှုလုပ်ငန်းများ မရှိသည့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့ငယ်များအား နေ့ဘက်တွင် ဓာတ်အားပိတ်ခြင်း၊ မြို့ကြီးအချို့တွင် ၁ မဂ္ဂါဝပ်မီးစက်များ အသုံးပြု၍ ဓာတ်အားဖြည့်တင်း ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံအတွင်း လျပ်စစ်ဓာတ်အား မလုံလောက်မှု ပြသနာကြောင့် ၂၀၁၂ ခုနှစ် နွေရာသီကာလတွင် မြန်မာနိုင်ငံတ၀န်းရှိ မြို့ကြီး အချို့၌ လျပ်စစ်မီးရရှိရေး ဖယောင်းတိုင်ကိုင် ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပွားခဲ့ကြောင်းလည်း သိရှိရပါသည်။
Eleven Media Group
ကချင်ပြည်နယ်အတွင်း စစ်မက်ဖြစ်ပွားနေမှုများ ရပ်တန့်ပေးရန်နှင့် စစ်မှန်တရားမျှတသော ငြိမ်းချမ်းရေး အမြန်ဆုံး ဖော်ဆောင်ပေးရန် နှစ်ဖက်တပ်များအား ပြည်သူများ တောင်းဆို
ကချင်ဒေသတွင် စစ်ပွဲများရပ်တန့်ပေးရေးနှင့် ငြိမ်းချမ်းရေး အမြန်ဆုံးဖော်ဆောင်ပေးရေး တောင်းဆိုသည့် အခမ်းအနား ကျင်းပနေစဉ် |
အဆိုပါ အခမ်းအနားတွင် မြန်မာတပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ KIA တို့အကြား ၁၈ လ ကျော်ကြာ ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် ကချင်ပြည်နယ်ရှိ တိုင်းရင်းသားပြည်သူများ ကြုံတွေ့နေရသော အဖြစ်အပျက်များနှင့် အခက်အခဲများ အကြောင်း ၎င်းတို့က ရှင်းလင်းပြောကြားခဲ့ကြသည်။
အဖြူရောင် တွဲလက်များအဖွဲ့မှ ကိုဘိုဘိုက ''ကချင်ပြည်နယ်မှာ စစ်ဖြစ်နေတာတွေရပ်ဖို့ ထိုးစစ်ဆင်နေတာတွေကို ရပ်ဖို့ဆိုတာ နှစ်ဖက်စလုံးကို ပြောတာပါ။ အခုလိုပြောတယ် ဆိုတာ ဘယ်ဖက်ကမှ ရပ်တည်ပြီး ပြောတာမဟုတ်ဘူး။ ကချင်ဘက်ကပဲ သေသေ၊ ဗမာဘက်ကပဲ သေသေ ကျွန်တော်တို့ဟာ သွေးချင်းညီ အကိုတွေပါ။ ပြည်သူတွေထဲက ပြည်သူတွေအနေနဲ့ စစ်ပွဲတွေရပ်ဖို့ တောင်းဆိုတာပါ။ ဘယ်သူကတော့ မှန်တယ် မှားတယ်ပြောဖို့ ကျွန်တော်တို့မှာ ဘာမှ အာဏာပါဝါတွေ မရှိပါဘူး။ စစ်ဖြစ်တယ် ဆိုတာကလည်း ရှင်းရှင်းပြောရရင် အကျိုးစီးပွားကြောင့် ပါပဲ။ ဘာအကျိုးစီးပွားလည်းဆိုတာ ကိုတော့ သူတို့တွေပဲ သိလိမ့်မယ်'' ဟု ပြောပြခဲ့ပါသည်။
ကချင်ပြည်နယ်မှ လိုင်ဇာမြို့ဒေသခံ အသက် ၂၅ နှစ်အရွယ် မအားရယ်ဆိုသူက ''အခုလေယာဉ်တွေနဲ့ပါ တိုက်ပွဲတွေဖြစ်နေတော့ ညဆိုရင် အိပ်လို့မရဘူး။ စစ်ပွဲတွေကြောင့် အရပ်သားတွေ ထိခိုက် တာတွေရှိပါတယ်။ စစ်ပွဲတွေ အမြန်ဆုံးရပ်ပေးပါ။ စစ်ပွဲတွေအမြန်ဆုံး ရပ်ဖို့ သမ္မတကြီးကနေ တစ်ဆင့် ပြောပေးပါလို့ ပြောချင်ပါတယ်'' ဟု အခမ်းအနားသို့ တယ်လီဖုန်းဖြင့် သတင်းသမားများအား ပြောပြခဲ့သည်။
ပြည်တွင်းစစ် ရပ်စဲရေးနှင့် စစ်မှန်တရားမျှတသော ငြိမ်းချမ်းရေး ဖော်ဆောင်ပေးရန် မေတ္တာရပ်ခံလွှာ တစ်ခုထုတ်ပြန်ခဲ့ရာ ကချင်ဒေသတွင် စစ်မက်ဖြစ်ပွားနေမှုများ ထိုးစစ်ဆင်နေမှုများအား ချက်ချင်းရပ် တန့်ပေးရန်၊ ဒေသခံနှင့် စစ်ဘေးသင့် ပြည်သူများ သေကြေထိခိုက်ပျက်ဆီးမှု လုံးဝမရှိစေအောင် ကာကွယ် ပေးရန်၊ စစ်မဲ့ဇုန်တစ်ခု သတ်မှတ်ပေးပြီး ဒုက္ခသည်စခန်းများနှင့် နီးကပ်သော ဒေသများရှိ တပ်များကို အမြန်ဆုံး ရွှေ့ပေးရန်၊ ပြည်တွင်း ပြည်ပမှ ကြားဝင်စေစပ် ညှိနှိုင်းဆွေးနွေး ပေးနိုင်သူတို့၏ အကူအညီကို ရယူပြီး ပွင့်လင်းမြင်သာသည့် နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးမှုများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် ငြိမ်းချမ်းရေး ဖော်ဆောင်နေမှု အခြေအနေများတွင် ပြည်သူလူထု ကိုယ်စားပြုသူများအား ကိုယ်တိုင်ပါဝင် ဆွေးနွေးခွင့်ပေးရန်၊ လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို ချက်ချင်းရပ်တန့်ပေးရန်နှင့် အလွန်အေးချမ်းသည့် ရာသီဥတုအောက်တွင် ကာလကြာရှည်စွာ အခက်အခဲများစွာ ရင်ဆိုင်နေရသည့် တိုင်းရင်းသား တစ်သိန်းကျော်အတွက် လူသားချင်း စာနာထောက်ထားမှုဖြင့် ငဲ့ညှာစဉ်းစားပေးရန် အနူးအညွတ် မေတ္တာရပ်ခံ တောင်းဆိုလိုက်ကြောင်း ပါဝင်ပါသည်။
အခမ်းအနားတွင် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမြအေးက ''ဒီပွဲဟာ ငြိမ်းချမ်းရေးကို လိုလားတဲ့ ညီအစ်ကို မောင်နှမတွေ ပြည်သူလူထုတွေ အဖွဲ့အစည်းတွေ စုပေါင်းပြီး ပြည်သူတိုင်း မိမိဘ၀ကိုမိမိ လုံခြုံစိတ်ချစွာ ရှာဖွေစားသောက်နိုင်တဲ့ အခြေအနေရောက်အောင် ကြိုးစားသွားမယ် ဖြစ်အောင် လုပ်မယ်ဆိုတဲ့ ယုံကြည်မှုတွေနဲ့ စုပေါင်းလုပ်ဆောင်တဲ့ပွဲ ဖြစ်ပါတယ်။ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ကြိုးစားနေတာ ကြာပြီ။ ဘာမှ အရာမထင်လာတဲ့အပြင် ပိုပြီးဆိုးလာတဲ့ အခြေအနေကို တွေ့ရပါတယ်'' ဟု ပြောကြားခဲ့ပါသည်။
Eleven Media Group
မြန်မာနိုင်ငံမသန်စွမ်းသူများအနုပညာပွဲတော်၊ TITLE နှင့် LOGO အတွက် ပါဝင်ယှဉ်ပြိုင်မည့်သူများ ဖိတ်ခေါ်ခြင်း
*** (ထိုက်တန်စွာ ဆုချီးမြှင့်မည်) ***
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၏ ဦးဆောင်မှု၊ နိပွန်ဖောင်ဒေးရှင်း(ဂျပန်)နှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့၏ ငွေကြေးပံ့ပိုးမှု၊ မသန်စွမ်းအသင်းအဖွဲ့အားလုံး၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပထမအကြိမ် မြန်မာနိုင်ငံမသန်စွမ်းသူများ အနုပညာပွဲတော် (၂၀၁၃) ကို နိုင်ငံတော်အဆင့် ခြိမ့်ခြိမ့်သဲ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အောက်ပါအချက်များနှင့်ကိုက်ညီသော ပွဲတော်ကိုယ်စားပြု ခေါင်းစဉ် (TITLE) နှင့် ပွဲတော်ကိုယ်စားပြု သင်္ကေတ (LOGO)များ သတ်မှတ်ရန်အတွက် ပါဝင်ယှဉ်ပြိုင်မည့်သူများအား ဖိတ်ခေါ်အပ်ပါသည်။
၁) ကိုယ်အင်္ဂါ၊ အမြင်၊ အပြော၊ အကြား၊ ဥာဏ်ရည်ချို့ယွင်းအားနည်းသည့် မသန်စွမ်းသူများအားလုံးကို ကိုယ်စားပြုရမည်။
၂) မသန်စွမ်းသူများ၏စွမ်းဆောင်ရည်၊ အခွင့်အရေးတန်းတူညီမျှရရှိမှုနှင့် အနုပညာရပ်ဝန်းကို ပေါင်းကူးပေးသည့် အဓိပ္ပါယ်ပေါ်လွင်စေရမည်။
၃) ပွဲတော် TITLE သည် ကျစ်လစ်ရိုးရှင်းရမည်ဖြစ်ပြီး A4 စာရွက်ဖြင့် ရှင်းရှင်းလင်းလင်း ရေးသားဖော်ပြရမည်။
၎) ပွဲတော် LOGO သည် ကွန်ပြူတာဖြင့် ဒီဇိုင်းရေးဆွဲသော ပုံဖြစ်ရမည်ဖြစ်ပြီး A4 အပြည့်ဖြင့် မူရင်းကာလာ အတိုင်း ပရင့်ထုတ် ပေးပို့ရမည်။ အဓိပ္ပါယ်ဖော်ပြရှင်းလင်းချက်များ ပူးတွဲပါရှိရမည်။
ပါဝင်ယှဉ်ပြိုင်မည့်သူများသည် အမည်၊ မှတ်ပုံတင်မိတ္တူ၊ နေရပ်လိပ်စာအတိအကျ ပူးတွဲဖော်ပြလျက် ကိုယ်တိုင် ရေးသား/ဖန်တီးသော TITLE (သို့) LOGO ဖြစ်ကြောင်း ၀န်ခံချက်နှင့်အတူ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၃၁-ရက်နေ့ နောက်ဆုံးထား၍ ဖော်ပြပါလိပ်စာသို့ စာတိုက်မှဖြစ်စေ၊ အီးမေးလ်ဖြင့်ဖြစ်စေ၊ လူကိုယ်တိုင် လာရောက်၍ဖြစ်စေ ပေးပို့နိုင်ပါသည်။
မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့(ရုံးချုပ်)
အမှတ်-၁၆/ဘီ၊ သာယာအေးလမ်း၊ ရေတွင်းကြီးလမ်းသွယ်၊
အမှတ်-၃ ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။ (ရဲရင့်အောင်မှတ်တိုင်အနီး)
ဖုန်း - ၀၉-၄၅၀၀-၆၇၂၄၇ (ရုံးချိန်အတွင်းဆက်သွယ်ရန်)
အီးမေးလ် - info.myanmarili@gmail.com
ကိုနေလင်းစိုး - ၀၉-၄၃-၁၂၃-၇၄၂
ကိုအောင်ကိုမြင့် - ၀၉-၅၁၀-၂၁၁၈
မနွေးဇာခြည်စိုး - ၀၉ - ၄၅၀၀-၆၇၃၅၂
သတင်း-မိဿမင်းသမီး
အကယ်ဒမီ (၈)ဆု ဆွတ်ခူးသွားတဲ့ ထာဝရအလင်းတန်း
ထာဝရအလင်းတန်း ရုပ်ရှင် ကို မြည်းကြည့်ပါ
ကျောင်းဆရာများရဲ့ ဘ၀အခြေအနေနဲ့ အလုပ်အကိုင်အကြောင်း၊ နယ်မြှို၊ ကျေးလက်ဒေသတွေက လူထုနဲ့ ကလေးများရဲ့ ပညာရေးအခြေအနေ၊ ခေတ်နောက်ကျနေဆဲ အမြင်သဘောထားစတဲ့ အကြောင်းအရာများနဲ့ ဖွဲ့စည်းထားတဲ့ "ထာဝရ အလင်းတန်းများ" ရုပ်ရှင်ဇာတ်ကားဟာ 2011 ခုနှစ်အတွက် အကယ်ဒမီ ၈ ခု ဆွတ်ခူးနိုင်ခဲ့ပါတယ်။
2011 ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုရရှိခဲ့သူများမှာ ဓာတ်ပုံဆု တင်ဆန်း (ပန်းကြာဝတ်မှုန်) ၊ တည်းဖြတ်ဆု ဟိန်းထက်-လယ်ဝေး (ထာဝရအလင်းတန်းများ) ၊ တေးဂီတဆု ဇော်မျိုးထွဋ် (ထာဝရအလင်းတန်းများ) အသံဆု ထူးချွန်ဆု ဆန်းဦး (ပန်းကြာဝတ်မှုန်) ၊ အမျိုးသားဇာတ်ပို့ဆု မော့စ် (ထာဝရအလင်းတန်းများ) ၊ အမျိုးသမီးဇာတ်ပို့ဆု ချစ်စနိုးဦး (ရင်ကွဲနာ) ဇာတ်ညွှန်းဆု မြင့်ဆောင်၊ စိုးကျော်ဆန်း(ထာဝရအလင်းတန်းများ) အမျိုးသားဇာတ်ဆောင်ဆု နောင်နောင် (ထာဝရ အလင်းတန်းများ) ဇာတ်ကားဆု ထာဝရအလင်းတန်းများ (ရီမြင့်ရုပ်ရှင်) အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု မယ်လိုဒီ (ထာဝရအလင်းတန်းများ) အကောင်း ဆုံး ဒါရိုက်တာဆု - ထွန်းအောင်ဇော် (ထာဝရအလင်းတန်းများ) တို့ရရှိခဲ့ကြသည်။
ထာဝရ အလင်းတန်းများဇာတ်ကား အကျဉ်းချုပ်က ဒီလိုပါ။
ကျောင်းဆရာလေးတစ်ယောက်ရဲ့ တပည့်တွေအပေါ် ကိုယ်ကျိုးစွန့်အနစ် နာခံပြီး ပညာတတ်တွေ ဖြစ်အောင် ပြုစုပျိုးထောင်ပုံကို ကျောရိုးထားခြယ်မှုန်း ထားတဲ့ ဇာတ်ကားပါ။
ကရင်ပြည်နယ်၊ ဇွဲကပင်တောင်ခြေ အနီးမှာရှိတဲ့ ရွာလေးတစ်ရွာမှာ မိဘတွေနဲ့အတူနေထိုင်တဲ့ စောကျော်အေးဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ပြီး မူလတန်းဆရာဖြစ် သင်တန်းကို
တက်ရောက်ခဲ့ပါတယ်။
သင်တန်းပြီးလို့ တာဝန်ကျတဲ့နေရာက တော့ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျွဲနဖားတောင် ခြေနားက ကျောက်ဖြူ ရွာကလေးမှာ ဖြစ်ပါတယ်။ တာဝန်ကျရာရွာကလေးထဲကို ၀င်လိုက်တယ်ဆိုရင်ပဲ ရွာအ၀င်လမ်းမှာ ကျောင်းစာသင်ချိန် ကျောင်းစာကို မသင်ကြားနိုင်ဘဲ မိဘကို ကူညီလုပ်ကိုင် ပေးနေရတဲ့ ကလေးတွေကို တွေ့လိုက် ရသလို စာသင်ကျောင်းရောက်တဲ့ အခါမှာလည်း စိတ်စေတနာ ကောင်းပေမယ့် နာမကျန်းဖြစ်နေတာကြောင့် စိတ်သွား တိုင်း ကိုယ် မပါနိုင်တော့တဲ့ ကျောင်းအုပ် ဆရာကြီး ဦးစံအေးနဲ့ ကိုယ်ဝန်သည် ကျောင်းဆရာမတစ်ဦးကသာ စာသင် ပေးနေရတာကြောင့် ဆရာ မပြည့် စုံတဲ့ ကျောင်းရဲ့လိုအပ်ချက်တွေက သူ့ ကို ဆီးကြိုနေကြပါတယ်။

ကျောင်းဆရာလေး စောကျော်အေးဟာ မိမိဘ၀ရည်မှန်းချက်အတိုင်း ဖြစ်လာတဲ့ ကျောင်းဆရာအလုပ်အတွက် အခက်အခဲအားလုံးကို ကြိုးစားကျော် ဖြတ်မယ်လို့ ဆုံးဖြတ်ထားတဲ့အတိုင်း မိဘအလုပ် ၀ိုင်းကူရလို့ ကျောင်းပျက် ကွက်နေတဲ့ကလေးတွေ၊ စီးပွားရေး အဆင်မပြေလို့ ဈေးတောင်းခေါင်း ရွက်ပြီး ကျောင်းတက်မမှန်တဲ့ ကလေး ငယ်တွေရဲ့မိဘတွေကို စည်းရုံးပြောဆိုပြီး တပည့်တွေ ကျောင်းမှန်ဖို့ အားကြိုး မာန်တက်ကြိုးစားတာကြောင့် ကျောင်း ကလေးဟာ တဖြည်းဖြည်းနဲ့ ပြန်လည် စည်ကားလာပါတော့တယ်။
သူ့ရဲ့ ကြိုးစားမှုတွေကို အဓိက ၀ိုင်း ၀န်းကူညီပေးတဲ့သူကတော့ ရွာကလေး က ချက်ကြီးဆိုတဲ့ ပန်းပုဆရာပဲ ဖြစ်ပါတယ်။ သူက ရိုးသားဖြောင့်မတ်ပေမယ့် အမြဲ ခွတီးခွကျနဲ့ ဂျစ်ကန်ကန် နိုင်လှသူပါ။
ညီမဖြစ်သူ အေးချစ်နဲ့ မောင်နှမ နှစ်ယောက်အတူနေထိုင်ကြပြီး ရပ်ရွာ ကောင်းကျိုးအတွက် လိုအပ်တာ မှန်သမျှ အားတက်သရော ပါဝင် လုပ်ဆောင် ပေးတတ်သူတွေလည်း ဖြစ်ပါတယ်။
သီတင်းကျွတ်ကျောင်းပိတ်ရက် ရောက်လာတဲ့အခါမှာတော့ မပြန်ဖြစ် တာကြာပြီဖြစ်တဲ့ မိဘများဆီ အလည် ခဏပြန်သွားတဲ့ ကျောင်းဆရာလေး ခမျာ မိခင်ဆုံးပါးသွားတာကြောင့် ဖခင်အို တစ်ယောက်တည်း ထားခဲ့ဖို့ အခက်တွေ့ရပါတော့တယ်။

ဖခင်ဖြစ်သူ ကလည်း မိခင်ခေါင်းချတဲ့ နေရာကနေ မခွာချင်သလို ရွာက တပည့်တွေရဲ့ ပညာရေးအတွက် ပူပန်တဲ့စိတ်က တစ်ဖက်နဲ့ ဆုံးဖြတ်ရခက်တဲ့အခြေအနေကို ကျောင်းဆရာလေး စောကျော်အေး ဘယ်လိုဖြေရှင်းဖြတ်ကျော်သလဲ ဆိုတာကို ပိတ်ကားပေါ်မှာပဲ ဆက်လက် ကြည့်ရှုလိုက်ရအောင်နော်။
ဒီဇာတ်ကားမှာ ကျောင်းဆရာ စော ကျော်အေးအဖြစ် ရီမြင့်ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေးမှ မိတ်ဆက်ပေးတဲ့ သရုပ်ဆောင်သစ် နောင်နောင်ဖြစ်ပြီး မဟုတ် မခံစိတ်ဓာတ်ရှိပြီး ရိုးသားဖြောင့်မတ်သူ ချက်ကြီးအဖြစ် အကယ်ဒမီ လူမင်း၊ သူ့ ရဲ့ညီမ ရွာခံအပျိုချောအဖြစ် သရုပ်ဆောင် ထားသူကတော့ မယ်လိုဒီ ဖြစ်ပါတယ်။
ဝါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ ညွန့်ဝင်း၊ မော့စ်၊ မျိုးသန္တာထွန်းနဲ့ သရုပ်ဆောင်ပေါင်းများစွာ လည်း ပါဝင် ထားကြပါတယ်။ ဒရာမာဇာတ်ကားဖြစ်ပြီး နက်နဲတဲ့ မေတ္တာဖွဲ့ဇာတ်လမ်းလည်း ဖြစ်တာကြောင့် ပရိသတ်လည်း စိတ်ဝင်စားမှုရှိတဲ့ ဒီဇာတ်ကားကို ၂၀၁၂ နိုဝင်ဘာလမှာ ရုံတင်ခဲ့ပါတယ်။
ဒီဇာတ်ကားကို ရိုက်ကူးပုံဖော်ပေး ထားသူကတော့ ဒါရိုက်တာ ထွန်း အောင်ဇော်ဖြစ်ပြီး ဇာတ်လမ်း ပန်းချီ မိုးကြိုး၊ ဇာတ်ညွှန်းကတော့ မြင့်ဆောင်နဲ့ စိုးကျော်ဆန်းတို့ဖြစ်ပါတယ်။
မြတ်ပန်းရှင် (မောက္ခသတင်း)

Sunday, December 30, 2012
လိုင်ဇာထိုးစစ် ကြည်းတပ်ကို လေတပ်က အကြိမ်ကြိမ်ပစ်ကူ ပေးနေရ
Napaw campကချင်ပြည်လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ်လိုင်ဇာကို
ထိုးစစ်ဆင်နေသည့် အစိုးရကြည်းတပ်ဖွဲ့များအား လေတပ် တိုက်လေယာဉ်များက
အကြိမ်ကြိမ် ပစ်ကူပေး နေရသည်ဟု KIA ပြောခွင့်ရသူ ဦးလနန် က ဆိုသည်။
“ဒီလိုဗျ။ အလုံးအရင်းနဲ့ တက်လာတယ်။ သူတို့တပ်တွေကို ပိတ်ပြီး တိုက်တော့
လေကြောင်းအကူ ပေးရတဲ့ သဘော ပါဘဲ။ တိုက်ပွဲဖြစ်တဲ့ နေရာကတော့ မြစ်ကြီးနား -
လိုင်ဇာ လမ်းပိုင်းမှာ ဂန်တောင်ယန်မှာ တစ်ပွဲ- ဘန်ဒေါင် -နန်ယာရဲ့ အရှေ့
ဘက် ဂန်ဒေါင်ဒုကျေးရွာ ဘက်မှာဖြစ်တယ်။ တိုက်ပွဲကြီး၂ ပွဲ ပေါ့ဗျာ။
နေ့လည်တစ်နာရီ ကျော်ကျော်မှာဖြစ်တယ်။ သူတို့က တိုက်လေယာဉ်နဲ့ ပစ်ခတ်
နေပေမဲ့
ကျနော်တို့ဘက်က ထိခိုက်တာမျိုး မရှိဘူး ခင်ဗျ။” ဟု ဆိုသည်။
ယမန်နေ့ နေ့လည်က လေတပ်မှ ဗုံးကျဲ ချထားသော နေရာများသို့ ကြည်းတပ်က နေရာ ၀င်ယူနိုင်ရန် အမြောက်တပ်က တနေကုန် ပစ်ကူပေး နေခြင်း ဖြစ်သည်။
ဗန်းမော်- လိုင်ဇာ လမ်းကြောင်း အပါအ၀င် လဂျားယန် တ၀ှိုက် နေရာယူထားသည့် တပ်ဖွဲ့များအပြင် မြစ်ကြီးနား လိုင်ဇာလမ်းကြောင်းနှင့် စတန်ပါ - လိုင်ဇာ လမ်းကြောင်းများရှိ အစိုးရတပ်များကိုပါ KIA က တန်ပြန်တိုက်ခိုက်နေ ခြင်းဖြစ်သလို အစိုးရတပ်ဖွဲ့များ အထိနာပြီး ရှေ့တိုး၍ မရသဖြင့် လေကြောင်းအကူ ယူရခြင်းဖြစ်သည်ဟု KIA က ယူဆထားသည်။
KIO ဌာနချုပ် အနီး တိုက်ပွဲများ ဖြစ်ပွားနေသလို ယမန်နေ့ကမှ မြစ်ကြီးနားကို ရထားစင်းလုံးဖြင့် ရောက်လာ သော အစိုးရတပ်ဖွဲ့ တပ်မ ၁၀၁ မှ စစ်ကူများသည် ယနေ့တွင် ဂန်ဒေါင်ယန်ကို ရောက်ရှိလာခဲ့သည်ဟု KIA က ဆိုသည်။
“မနေ့က သူတို့ လေယာဉ်နဲ့ ပစ်ရှင်းခိုင်းထားတယ်။ အဲဒီနေရာမှာ သူတို့ စစ်ကြောင်းတွေ ဝင်လာတယ်။ အလွယ်တကူ ဝင်လာ တာပေါ့ဗျာ။ သူတို့ နေရာယူ ထားပြီး မနေ့ ညနေမှာ စပြီးတော့ မြေပြင်တိုက်ပွဲ စဖြစ်တယ်။ ဒီနေ့မနက်လဲ ဖြစ် တယ်။ ကျနော်တို့ တပ်ဖွဲ့တွေက နောက်ကနေ ဝိုင်းပြီးတော့ ပိတ်ဆို့လိုက်တဲ့ အခါမှာ ဒီလဂျားယန် ဘက်မှာ သူတို့ စစ်ကြောင်းတွေ ပိတ်မိကုန်တယ်။ အဲတာကြောင့် သူတို့ လေယာဉ်နဲ့ နေ့လယ်မှာ တကြိမ် ညနေပိုင်းမှာ တကြိမ် ပြန်လာပစ်ပေးတယ်။” ဟု ဆိုသည်။
အစိုးရ၏ အမြောက်တပ် ပစ်ကူများနှင့် လေယာဉ်ဗုံးကျဲမှုများသည် ထိရောက်မှုမရှိသလို ကြည်းတပ်များ သည်လည်း တိုက်ခိုက်ရေးစွမ်းရည်ထက် အင်အားအဆမတန် သုံးပြီး ဖိအားပေးသည့် နည်းကို အသုံးပြုနေ ရသည်ဟု စစ်ရေးအကဲခတ်များက ဆိုသည်။ သို့သော် ဖိအားပေးသလောက် မထိရောက်သဖြင့် နောက်ထပ်စစ်ကူများ ပို့ပေးနေရခြင်းဖြစ် ဖွယ်ရှိကြောင်း ပြောဆိုသည်။
လောလောဆယ်တွင် မြစ်ကြီးနား မြို့နယ်ရှိ ဧရာဝတီ မြစ်ကမ်းတလျှောက်တွင် ညနေ ၆ နာရီမှ နံနက် ၆ နာရီထိ သွားလာခွင့်မပြုရန် အမိန့်ထုတ်၍ ရက်အကန့်အသတ် မရှိ ပိတ်ပင်ထားကြောင်း သိရသည်။
ရွှေဟင်္သာ သတင်း( ဒေါင်းမာန်ဟုန်မှတဆင့်)

မြန်မာ့ပထမဆုံး သုံးမြွှာတာဝါ Junction မြို့တော်စီမံကိန်းကြီး ရန်ကုန်တွင် တည်ဆောက်ရန်ရှိ

အဆိုပါ Junction မြို့တော် စီမံ ကိန်းကြီးတွင် အဆင့်မြင့် စီးပွားရေး ရုံးခန်းများ ၊ အိမ်ခန်းများ ၊ အဆောက်အအုံတွင်း ဈေးတန်းများ ၊ ဈေးဝယ်စင်တာမျာ၊ ဟိုတယ် ၊ ဖျော်ဖြေရေးခန်းမများ ၊ ဆွေးနွေးပွဲခန်းမ များလည်းပါဝင် မည်ဖြစ်ကာ အဆောက်အအုံ၏ အောက်ခြေတွင် အထပ်လေးထပ် အညီဖြင့် အခြေခံတည်ဆောက်မည် ဖြစ်ပြီး သုံးမြွာတာဝါများကို ယင်းအပေါ်တွင် ဆက်လက်တည်ဆောက်မည် ဟုသိရသည်။
''ဒါက စီမံကိန်းအသစ် တစ်ခုပါ၊ ရန်ကုန်မြို့ရဲ့ New Landmark ဖြစ်စေမှာပါ။ ဗိုလ်ချုပ်အောင်ဆန်းဈေး နဲ့ ခရစ်ယာန် ဘုရားကျောင်းရှေ့က မြေနေရာပေါ်မှာ တည်ဆောက်ဖို စီစဉ်နေတယ်" ဟု "ဟု ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစုမှ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါစီမံကိန်းတည်ဆောက်မည့်မြေနေရာမှာ လဟာပြင်ဈေးဟောင်း တွင်ဖြစ်ပြီး အချက်အချာကျမှုအပြင် ဗိုယ်ချုပ်အောင်ဆန်းဈေး ၊ ရွှေတဂုံဘုရား၊ ဆူးလေးဘုရား ၊ Traders ၊ Sakura Tower ၊ ဂရင်းမီးရထား အဆင့်မြင့် အိမ်ရာ နှင့် ဟိုတယ် စီမံကိန်းစသည့် ရန်ကုန်မြို့၏ အထင်ကရနေရာများ နှင့် အနီးဆုံးတွင် တည်ရှိနေသည့် အတွက် အနာဂတ်မြို့ နေလူထုအတွက် အဆင်ပြေစေသော စီမံ ကိန်းတစ်ခုဖြစ်လာမည်ဟု သိရသည်။
''ရင်းနှီးမြှုပ်နှံမှုပမာဏက လတ်တလောတိတိကျကျတွက်ချက်ထားတာတော့ မရှိ သေးဘူး၊ လောလောဆယ်တော့ Project ဒီဇိုင်းဆွဲထားတုန်းပါပဲ''ဟု အဆိုပါ ပုဂ္ဂိုလ် က ဆက်လက်ပြောကြားသည်။
Junction မြို့တော်စီမံကိန်း၏အခန်းများမှာ မြို့နေအထက်တန်းလွှာလူတန်းစားတစ်ရပ်အတွက် အပန်းဖြေနိုင်သော အဆင့်မြင့်အိမ်ရာ စီမံကိန်းမျိုးဖြစ် ပြီး မြို့တော်၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်သည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်လာမည်ဟု သိရသည်။
'' လောလောဆယ်တော့ ဒီစီမံကိန်း အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့တွေကို တင်ပြရဦးမယ်၊ ခွင့်ပြုချက်ရမှသာ ဒီစီမံကိန်းက ဆောက်ရမှာ ပါ'' ဟု ယင်းက ပြောကြားသည်။
Junction မြို့တော်၏ သုံးမြွာတာဝါများမှာ ၂၈ ထပ် ၊ ၃၂ ထပ် နှင့် ၃၄ ထပ်စီဖြင့် ဆောက်လုပ်စီမံကိန်း ပုံစံလျာထားပြီး ခွင့်ပြုချက်ရရှိပါက စတင်နိုင်မည့် ခန့်မှန်းကာလမှာ ၂၀၁၃ ဒုတိယ ခြောက်လအတွင်း ၌သာ ဖြစ်နိုင်ဖွယ်ရှိ သည်ဟု သိရသည်။
Source : Pyi Myanmar
Shwe Myanma
အကယ်ဒမီပေးပွဲမှာ ဗန်းကိုင် လှပျိုဖြူများရဲ့ ရင်ခုန်သံများ (ရုပ်-သံ)

၂၀၁၁ ခုနှစ် အကယ်ဒမီပေးပွဲကြီးကတော့ ဒီနှစ် မှာ ပထမဆုံး ပြန်လည်ပြီးတော့ ရန်ကုန်မှာ ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။
အကယ်ဒမီပေးပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ကြရာမှာ ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည်လည်း အစမ်းလေ့ကျင့်မှုတွေ လုပ်ကြပါတယ်။ ယနေ့ ညနေပိုင်း ကျင်းပမယ့် အကယ်ဒမီပေးပွဲကို မြန်မာရုပ်မြင် သံကြား MRTV 4 ကလည်း တိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
အကယ်ဒမီ ကြိုတင်ခန့်မှန်းမှုတွေကတော့ ဂျာနယ် အသီးသီးက ဖော်ပြနေကြပါတယ်။ ဘယ်သူတွေ ဘယ်လိုအကယ်ဒမီဆုတွေ ရကြမလဲ ဆိုတာတော့ ယနေ့ ညပိုင်းမှာ အဖြေထွက်ပါပြီ။
အခု အကယ်ဒမီပေးပွဲမှာ ဗန်းကိုင် လှပျိုဖြူများရဲ့ ရင်ခုန်သံတွေကို myanmarcelebrity.com က တင်ပြ ထားတာကို ပြန်လည် မျှဝေ လိုက်ပါတယ်။
စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မည်
စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက်
ကရင်အမျိုးသားအစည်းအရုံး (KNU) မှ တိုင်းရင်းသားအင်အားစုများ၊
ဒီမိုကရေစီအင်အားစုများနှင့် လက်တွဲ၍ ပူးပေါင်း ကြိုးပမ်း
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး၏ ဒီဇင်ဘာ ၂၇ ရက်က
ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားမှုအရ သိရသည်။
ထို့ပြင် ဒီမိုကရေစီရေး၊ တိုင်းရင်းသား တန်းတူညီရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနှင့် ငြိမ်းချမ်းရေးဖြစ် စဉ်များ စသည်တို့ကိုလည်း တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနှင့် KNU အဖွဲ့တို့ လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ပါဝင်သည်။
NU အဖွဲ့နှင့် အစိုးရအဖွဲ့တို့အကြား လက်ရှိအပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များအား ပြန်လည်သုံးသပ်မှုများ ပြုလုပ်၍ နိုင်ငံရေးဆွေးနွေးမှုအဆင့်သို့ ရောက်ရှိစေရေး အမြန်ဆုံးအကောင်အထည်ဖော်ရန်နှင့် နိုင်ငံရေး ဆွေးနွေးမှုများ စတင် အကောင်အထည်ဖော်နိုင်ရေးအတွက် တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲနိုင်ရေးကို အမြန်ဆုံးဆောင်ရွက်ရန် လိုအပ်သည်ဟု KNU အဖွဲ့၏ သဘောထားကို ဖော်ပြထားသည်။
KNU အဖွဲ့၏ (၁၅)ကြိမ် မြောက်ညီလာခံကို နိုဝင်ဘာ၂၆ ရက်မှ ဒီဇင်ဘာ ၂၆ ရက်အထိ ကရင်ပြည်နယ် ဖားအံခရိုင် တပ်မဟာ (၇) KNU နယ်မြေ၌ ပြုလုပ်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် ကော်မတီသစ် ၁၁ ဦးအား ရွေးချယ်ခဲ့သည်။
ဗဟိုအလုပ်အမှုဆောင် ကော် မတီသစ်များမှာ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး(ဥက္ကဋ္ဌ)၊ ပဒိုနော်စီဖိုးရာ စိန်(ဒုဥက္ကဋ္ဌ)၊ပဒိုစောကွယ်ထူးဝင်း (အတွင်းရေးမှူးချုပ်)၊ပဒိုစောသောသီဘွဲ(တွဲ့ဖက်အတွင်းရေးမှူး-၁)၊ပဒိုမန်းမန်း(တွဲဖက်အတွင်းရေးမှူး-၂) တို့ဖြစ်ကြပြီး ကော်မတီအဖွဲ့ဝင်များ အဖြစ် ပဒိုစောရောဂျာခင်၊ ပဒိုမန်း ငြိမ်းမောင်၊ ပဒိုစောသမိန်ထွန်း၊ ပဒို စောတာဒိုမူး၊ဗိုလ်မှူးချုပ်စောဂျော်နီ နှင့် ဗိုလ်မှူးချုပ်စောဘောကျော်ဟဲ တို့ဖြစ်ကြောင်း သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၊ ရန်ကုန်နှင့် ပဲခူးမြို့များသို့ လေ့လာလည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည် ဦးရေ ၃၀၀ ကျော် တင်ဆောင်လာသော ဗြိတိန်နိုင်ငံမှ အပျော်စီးသင်္ဘော M.V Minerva လာရောက်
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၊ ရန်ကုန်မြို့၊ ပဲခူးမြို့သို့ လေ့လာလည်ပတ်မှုများ ပြုလုပ်ခဲ့သည့် ကမ္ဘာလှည့်ခရီးသည် ဦးရေ ၃၀၀ ကျော်ကို တင်ဆောင်လာသော ဗြိတိန်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘော M.V Minerva သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ ၀န်းကျင်က ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ်ရောက်ရှိခဲ့ကြောင်း သတင်းရရှိပါသည်။
ဗြိတိန်နိုင်ငံ အခြေစိုက် All Leisure Group Pic Company မှ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘော M.V Minerva လာရောက်သည့် ခရီးစဉ်အား ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ ပို့ဆောင်ရေး ၀န်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် Myanmar Voyages International Tourism Co.,Ltd က စီစဉ်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘော M.V Minerva တွင် ခရီးသည်ဦးရေ ၃၀၃ ဦး၊ သင်္ဘောဝန်ထမ်း ၁၇၈ ဦးခန့် လိုက်ပါလာပြီး ခရီးသည်အများစုမှာ ဗြိတိန်လူမျိုး ခရီးသွားများ ဖြစ်ကြသည်။
“M.V Minerva ဟာ မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်တာ ဖြစ်ပါတယ်” ဟု Myanmar Voyages မှ မန်နေးဂျင်းဒါရိုက်တာ ဦးသက်လွင်တိုးက ပြောပြသည်။
အဆိုပါ ကမ္ဘာလှည့် ခရီးသည်များတွင် အများစုမှာ အသက် ၅၀၊ အသက် ၆၀ ၀န်းကျင်ဖြစ်ကြပြီး အပျော်စီးသင်္ဘော ခရီးစဉ်ဖြင့် ခရီးသွားလာခြင်းကို နှစ်ခြိုက်သူများဖြစ်သည်ဟု သိရှိရသည်။
ကမ္ဘာလှည့်ခရီးသည်များသည် ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေတွင် ရန်ကုန်မြို့တွင်း လည်ပတ်ခြင်း၊ ရွှေတိဂုံဘုရားသို့ သွားရောက်ခြင်း၊ ၂၇ ရက်နေ့တွင် အချို့က ပုဂံသို့ သွားရောက်ခြင်း၊ အချို့က ပဲခူးနေ့ချင်းပြန် ခရီးစဉ်၊ ရန်ကုန်နေ့ဝက်ခရီးနှင့် ကျောက်တန်းမြို့တွင်း ခရီးစဉ်၊ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့တွင်းနှင့် ကျောက်တန်းမြို့တွင်း ခရီးစဉ်တို့ကို အသီးသီးသွားရောက်ခဲ့ကြသည်။
ရန်ကုန်မြို့တွင်း လေ့လာလည်ပတ်ခြင်းတွင် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်အား ၀င်ရောက်လေ့လာခြင်း၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့သို့ ပြသခြင်း၊ အာဇာနည်ဗိမာန်အား ပြသခြင်းတို့လည်း ပါဝင်ခဲ့ပြီး ခရီးသွားများ
စိတ်ဝင်စားသော လေ့လာမှုများလည်းဖြစ်ခဲ့သည်။
ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘော M.V Minerva သည် ဒီဇင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်ဆိပ်ကမ်းမှ မလေးရှားနိုင်ငံ ပီနန်ဆိပ်ကမ်းသို့ ခရီးဆက်လက် ထွက်ခွာခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့ကလည်း အမေရိကန်ခရီးသွား အများစုပါဝင်သော ကမ္ဘာလှည့်အပျော်စီးသင်္ဘော M.V Azamar မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။
Eleven Media Group
Saturday, December 29, 2012
လုံးခင်း၊ ဖားကန့် ရတနာမြေ လုပ်ကွက်သစ်များ ဈေးပြိုင်စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြု

“အဆိုပြုလွှာ တင်သွင်းချင်ရင် ဒီဇင်ဘာ ၃၁ ရက်က စတင်ပြီး မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း (ရုံးချုပ်)၊ မြန်မာ့ကျေက်မျက်ရတနာ ပြတိုက် (နေပြည်တော်) မှာ ကျောက်မျက်ရတနာ ဥပဒေနဲ့အညီ မှတ်ပုံတင်ကြေး ပေးသွင်းကာ မှတ်ပုံတင်ပြီး အဆိုပြုလွှာတွေ ထုတ်ယူတာနဲ့ လုပ်ကွက်မြေပုံတွေ လေ့လာတာတွေကို ဆောင်ရွက်နိုင်ပါတယ်” ဟု ကျောက်မျက်ရတနာ လုပ်ကွက်များ ခွင့်ပြုမိန့် ချထားပေးရေး၊ စစ်ဆေးရေးနှင့် ကြီးကြပ်ရေး လုပ်ငန်းကော်မတီမှ တာဝန်ရှိသူ တဦးက ပြောသည်။
ထို့အပြင် သတ်မှတ် လုပ်ကွက်များအတွက် သတ်မှတ် အဆိုပြုလွှာ မကလ ၂ နှင့် ပုံစံ သမ ၁၊ ဖော်ထုတ် လုပ်ကွက်များအတွက် ဖော်ထုတ်လုပ်ကွက် အဆိုပြုလွှာ မကလ ၅ နှင့် ပူးတွဲပုံစံ ဖထ ၁ တို့တွင် လိုအပ်သည်များကို ပြည့်စုံစွာ ရေးသွင်းရမည် ဖြစ်သည်။
“အဆိုပြုလွှာ လျှောက်ထားတဲ့ ကုမ္ပဏီဟာ အဆိုပြုလွှာနဲ့အတူ ငွေရေးကြေးရေး အထောက်အထားတွေ ခိုင်မာမှုရှိကြောင်း မြန်မာစီးပွားရေးဘဏ် သို့မဟုတ် အစိုးရ အသိအမှတ်ပြု ပုဂ္ဂလိကဘဏ် တခုခုမှ Bank Statement ကို ပူးတွဲတင်ပြ လျှောက်ထားရမှာပါ” ဟု လျှောက်ထားရန် ပြင်ဆင်နေသူ ဦးမင်းသူ က ပြောသည်။
အမည်မည်းစာရင်း အသွင်းခံရသူ လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီများကိုမူ လျှောက်ထား လုပ်ကိုင်ခွင့် မပြုကြောင်း သိရသည်။
ခင်မျိုးသွယ် |ရန်ကုန် (မဇ္ဈိမ)။
တရုတ်သံရုံးနား ဆန္ဒပြသူတွေကို ရုံးတင်စစ်ဆေး
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း အကြမ်းဖက်ဖြိုခွင်းခံခဲ့ရတဲ့
သံဃာတော်တွေအရေးနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ (၁) ရက်နေ့က တရုတ်သံရုံးနားအထိ
ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်ခဲ့လို့ တရားစွဲဆိုခံထားရတဲ့ ကိုဒီငြိမ်းလင်း၊
ကိုမိုးသွေး၊ ကိုအောင်မျိုးဦး ၊ မသန္တာတို့အပါအ၀င် (၆) ဦးကို
ကြည့်မြင်တိုင် နဲ့ အလုံမြို့နယ် တရားရုံးတွေမှာ ဒီကနေ့ ပထမအကြိမ်
တရားရုံးတင် စစ်ဆေးခဲ့ပါတယ်။

တရားစွဲဆိုခံထားရသူ ( ၆ )ဦးဟာ ကြည့်မြင်တိုင် ၊ အလုံ၊ စမ်းချောင်း၊ ဒဂုံ အစရှိတဲ့ မြို့နယ်ရဲစခန်းတွေက တရားမ၀င် စီတန်းလှည့်လည်မှုအရ ပုဒ်မ (၁၈)နဲ့ တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။
ဒီကနေ့ ရုံးချိန်းမှာ အလုံမြို့နယ်နဲ့ ကြည့်မြင်တိုင်မြို့နယ်တရားရုံးတွေက တရားစွဲဆိုခံထားရသူ တစ်ဦးကို ကျပ် ၃ သိန်းစီ စုစုပေါင်း ကျပ် ၆ သိန်းနဲ့ အာမခံကြေး ပေးဆောင်ခဲ့ရတယ်လို့ တရားစွဲဆိုခံထားရသူတွေထဲက ကိုအောင်မျိုးဦးက RFA ကို ပြောပြပါတယ်။
မြို့နယ် လေးမြို့နယ်ကနေ တရားစွဲဆိုခြင်းခံထားရတဲ့ ကိုဒီငြိမ်းလင်း အပါအ၀င် ၆ ဦးကို ရှေ့နေများ ကွန်ယက်အဖွဲ့ဝင် တွေက ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီကနေ့ ရုံးချိန်းခေါ်ဆိုမှုမှာ တရားရုံးနှစ်ခုစလုံးက မနက် ( ၁၀) နာရီ တပြိုင်တည်း ခေါ်ယူခဲ့တဲ့အတွက် တရားရင်ဆိုင်နေရသူတွေ အခက်အခဲ ဖြစ်ရတယ်လို့ သိရပါတယ်။
RFA Burmese

အကြမ်းဖက်မှုတစ်လပြည့်နှင့် ကြေးနီးစီမံကိန်းရပ်ဆိုင်ရေး၊နှိမ်နှင်းမှုပြုလုပ်ခဲ့သည့် တရားခံ ဖော်ထုတ်ပေးရေးအတွက် ဆန္ဒပြ
![]() |
ဓာတ်ပုံ-The Voice Weekely |
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ကန့်ကွက် ဆန္ဒထုတ်ဖော် ခဲ့သည့် သပိတ်စခန်း များအား အကြမ်းဖက် ဖြိုခွင်း ခံရမှုမှာ ယနေ့ ဒီဇင်ဘာလ ၂၉ရက်နေ့တွင် တစ်လပြည့်မြောက် ခဲ့သော်လည်း ဖြိုခွဲသူ များအား ယခုထိ အရေးယူ နိုင်ခြင်း မရှိသေးသည့် အပေါ်၊ ကြေးနီစီမံကိန်း ဒေသခံ တောင်သူ ၂၀၀ခန့်နှင့် သံဃာ တော် အချို့ မှ ယနေ့ ညနေ ၃နာရီ အချိန်မှ စတင်ပြီး မုံရွာမြို့ အနောက်ဘက်ကမ်း ဆားလင်းကြီး မြို့နယ်၊ ညောင်ပင်ကြီး ဆိပ်ကမ်းတွင် ဆန္ဒ ထုတ်ဖော် ခဲ့ကြသည်။
အကြမ်းဖက်မှု တစ်လပြည့်နှင့် ကြေးနီးစီမံကိန်းရပ်ဆိုင်းရေး၊နှိမ်နှင်းမှုပြုလုပ်ခဲ့သည့် တရားခံဖော်ထုတ်ပေးရေးအတွက် ဆန္ဒပြမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဆန္ဒပြမှုအား ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်း တွင် ပြုလုပ်ခဲ့ပြီး လူဦးရေ ၃၀ ခန့် ပါဝင်ခဲ့ပြီး ဒဏ်ရာရဘုန်းကြီးများ၏ ပုံပါဝင်သော ဗီနိုင်းအား ကိုင်ဆောင်ကာ လက်ပန်းတောင် ကြေးနီစီမံကိန်း ဆန္ဒထုတ်ဖော်မှုတွင် အကြမ်းဖက်နှိမ်နှင်းသူအား ဖော်ထုတ်ပေး၊ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သတ်၍ တရားစွဲဆိုသူများကို လွှတ်ပေးရေး ၊၀မ်ပေါင်ကုမဏီအလိုမရှိ စသည်တို့ကို ရွတ်ဆိုကာ ၅၁လမ်းရှိ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီအထိ လမ်းလျောက်ဆန္ဒပြမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
''ကျွန်တော်တို့အနေနဲ့ တစ်လပြည့် အထိမ်းအမှတ်အနေနဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဒဏ်ရာရရှိသွားသူတွေနဲ့ ထပ်တူခံစားရတယ်ဆိုတာကို ပြချင်တာပါ။နောက်တစ်ခုက ဒီလိုအကြမ်းဖက်နှိမ်နှင်မှုကို ပြုလုပ်ခဲ့တဲ့သူတွေကို အမြန်ဆုံးအရေးယူပေးဖို့နဲ့၊ဆန္ဒပြမှုတွေမှာ တရားစွဲဆိုခံထားရတဲ့သူတွေကို အမြန်ဆုံးလွှတ်ပေးဖို့အတွက် ပြုလုပ်တာဖြစ်ပါတယ်''ဟု ဆန္ဒပြမှုတွင်ပါဝင်သူ ကိုအောင်နိုင်သူမှ ပြောသည်။
အဆိုပါဆန္ဒပြမှုများအတွင်း သက်ဆိုင်ရာတာဝန်ရှိသူများ၏ တားဆီးပိတ်ပင်မှုများနှင့် စစ်ဆေးမေးမြန်းမှုများရှိခဲ့ကြောင်း ဆန္ဒထုတ်ဖော်သူများထံမှ သိရသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၌ အကြမ်းဖက်နှိမ်နှင်းမှုများ ပြုလုပ်ခဲ့သောကြောင့် ဆန္ဒထုတ်ဖော်ခဲ့သော သံဃာတော်နှင့် လူပုဂ္ဂိုလ် ၁၀၀ ကျော်ခန့်မှာ ဒဏ်ရာများရရှိခဲ့ကြောင်း၊ဒဏ်ရာရရှိခဲ့သော သံဃာတော်များထဲမှ နှစ်ပါးမှာ ဘန်ကောက်ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်းနှင့် လက်ရှိတွင်လည်း လက်ပံတောင်းတောင်စီမံကိန်းအတွက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ၁၄ ဦးပါဝင်သော အထူးစုံစမ်းရေး ကော်မရှင်ဖွဲ့ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဝိုင်းမော်တွင် ဒုက္ခသည်စခန်းများ၌ လူဦးရေ နှစ်ဆတိုးလာ
![]() |
သတင်းနှင့်ဓာတ်ပုံ-မြန်မာ့ခေတ် |
ဝိုင်းမော်၊ ဒီဇင်ဘာ ၂၉။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း စစ်ဘေးရှောင် ဒုက္ခသည်စခန်းများ တွင် ဒုက္ခသည်ဦးရေ နှစ်ဆနီးပါး များလာကြောင်း ငြိမ်းချမ်းရေးမိတ်သစ်များ အဖွဲ့မှ ကိုရှည်ရှည်က ပြောကြားသည်။
“တိုက်ပွဲတွေပြင်းထန်လာတဲ့ ပြီးခဲ့တဲ့ ၁၈ ရက်လောက်က စပြီး ဒုက္ခသည် စခန်းတွေမှာ လူဦးရေတိုးပါတယ်။ ဒီနေ့ထိဆိုရင် ၂ ဆလောက် တိုးလာ တယ်။ အခုလည်း လမ်းမှာ လာနေတဲ့ ဒုက္ခသည်တွေလည်း ရှိနေတယ်လို့ ကြားရတယ်” ဟု ၎င်းက ပြောကြားသည်။
ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုင်းနားကျေးရွာအနီးတွင်ရှိနေသည့် KPC ဒုက္ခ သည်စခန်းတွင် ၅၆၉ ယောက်မှ ၁၀၄၇ ယောက်အထိ တိုးလာ ကြောင်း၊ စိန့်ဂျိုးဆက် ဒုက္ခသည်စခန်းတွင် ၃၄၅ ယောက်မှ ၈၁၆ ယောက် အထိ တိုးလာကြောင်း သိရသည်။
“ဒုက္ခသည်စခန်းနားတွေမှာပဲ မြန်မာစစ်ကြောင်းတွေ သွားလာနေတာ တွေ့နေရတယ်။ ကျွန်တော်တို့ ဒုက္ခသည်စခန်းကို ရောက်နေတဲ့ အချိန်ပဲ ရွာသားတစ်ယောက် သေနတ်မှန်တာ တွေ့ခဲ့ရတယ်။ သေတော့မသေဘူးဗျ” ဟု ငြိမ်းချမ်းရေးမိတ်သစ်များ အဖွဲ့မှ ကိုသားငယ် က ပြောကြားသည်။
အသက် ၅၀ ကျော် အမယ်အိုများနှင့် ၁၂ နှစ်အောက်ကလေးငယ်များ ဒုက္ခသည်စခန်းများတွင်တွေ့ရပြီး လူငယ်များနှင့် ယောက်ျားသား များ မတွေ့ရကြောင်း ကိုသားငယ်က၎င်းက ဆက်လက်ပြောကြားသည်။
ဝိုင်းမော်မြို့နယ်အတွင်းရှိ နမ်ဆမ်ရမ်၊ နမ်ဆော်ရမ်၊ အောင်ကြာရမ်၊ ကဇူရမ်၊ တာပရမ်၊ ဆိုင်းမိုင်၊ ၀မ်သောင်းနှင့် သလောကြီး အစရှိသော ကျေးရွာများမှ ဒုက္ခသည်စခန်းများတွင် အများဆုံး လာရောက်နေထိုင်လျက်ရှိနေကြောင်း သိရသည်။
KPC နှင့် စိန့်ဂျိုးဆက် ဒုက္ခသည်စခန်းများတွင် သောက်သုံးရေ ပြဿနာနှင့် အဓိက ရင်ဆိုင်နေရပြီး ၂ မိုင်ခန့်ဝေး သောနေရာတွင် ရေသွားခပ်ရသည်ဟု ငြိမ်းချမ်းရေးမိတ်သစ်များ အဖွဲ့က ပြောသည်။
ဟိန်းသူ
The Myanma Age
လိုင်ဇာမြို့တွင်း၌ လေကြောင်းတိုက်ခိုက်မှုကို ကာကွယ်ရန် ပြင်ဆင်မှုများ ပြုလုပ်

SATURDAY, 29 DECEMBER 2012
KIO/KIA ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင်းကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာပါက ရှောင်တိမ်းနိုင်ရန် ဗုံးခိုကျင်းများ တူးခြင်း၊ လိုင်ဇာချောင်းနံဘေး ရေထွက်ပေါက်များအတွင် ၀င်ရောက်ခိုလှုံခြင်း အစရှိသည်တို့ကို လိုင်ဇာမြို့တွင်းနေ ပြည်သူများမှ ကြိုတင်ပြင်ဆင်မှုများကို ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ပိုမို ပြုလုပ်လျက်ရှိနေပါသည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက KIO/KIA ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့ပေါ်သို့ အစိုးရ၏ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များ ပျံသန်းခဲ့ပြီးနောက် လိုက်ဇာမြို့နေ ပြည်သူများ ထိတ်လန့်မှုဖြစ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများ ရှိလာပါက အန္တရာယ်ကင်းစေရန် ယခုကဲ့သို့ ပြင်ဆင်မှုများ ပြုလုပ်နေခြင်း ဖြစ်ပါသည်။
ဒီဇင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင်လည်း အစိုးရ၏ တိုက်လေယာဉ်တစ်စင်း လိုင်ဇာမြို့ အနီး ပျံသန်းသွားခဲ့ပါသည်။
ဒီဇင်ဘာလ ၂၉ ရက်နေ့၌ လိုင်ဇာဌာနချုပ်နှင့် ၈ မိုင်ခန့်အကွာတွင် ရှိသော လဂျားယန်တွင် အစိုးရတပ်များနှင့် KIA တပ်များအကြား တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေပြီး လက်နက်ကြီး ပစ်ခတ်သံများကို လိုင်ဇာမြို့ပေါ်မှ မကြာခဏ ကြားနေရပါသည်။
Eleven Media Group
NLD ပညာရေးကွန်ရက် ၂ နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းများရန်ပုံငွေ ပွဲမှ ငွေကျပ်သိန်း ၂၆၅၃ ခန့်ရရှိ"

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပညာရေးကွန်ရက် (၂)နှစ်ပြည့် ရန်ပုံငွေဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲမှအသားတင် ငွေ ကျပ် ၂၆၅၃ သိန်းခန့် ကျန်ရှိကြောင်းပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကပြောသည်။
ရရှိငွေ စုစုပေါင်းမှာ ငွေကျပ်သိန်း ၄၆၀၀ ခန့်ဖြစ်ပြီး၊ကုန်ကျစရိတ် ၁၉၄၇ သိန်း ရှိသောကြောင့် စုစုပေါင်းကျန်ငွေ ၂၆၅၃ သိန်းကျော် ကျန်ရှိကြောင်း၊အဆိုပါငွေတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်တရပစ္စည်း နှစ်ခု အားလေလံပစ်သည့် ငွေပါ ပါဝင်ပြီးလက်ရှိ တွင် အင်တာနက်နှင့် တယ်လီဖုန်းတို့ဖြင့် ဆက်သွယ်၍ လှူဒါန်းထားသော ငွေ များစုံလင်စွာရရှိပါက ထပ်မံထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ယခုရရှိထားသော ငွေများကို ပညာရေးကွန်ရက် မှ ကျောင်းများအပြင် နယ်ကြားဒေသမှ ပညာရေးကျောင်းများ၊ပြည်တွင်းစစ်အခက်အခဲကြောင့် ရွှေ့ပြောင်းလုပ်သားများရှိရာနေရာများမှ
ကျောင်းများ၊ဒုက္ခသည် များရှိရာ ဒေသမှ ကျောင်းငယ်များကို သွားရောက်လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပညာရေးကွန်ရက် (၂)နှစ်ပြည့် ရန်ပုံငွေဈေးရောင်းပွဲကို
ယခုလ ၂၇ ရက်နှင့် ၂၈ ရက် တွင် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင် တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
NYK Popular Myanmar News Journal
လူမှုဖွံ့ဖြိုးရေးလုပ်ငန်း(Civil society) များပေါ်ပေါက်အောင် လုပ်ဆောင်ခြင်းဖြင့် ဒီမိုကရေစီဖော်ဆောင်ရာတွင် အထောက်အကူ ရနိုင်သည်ဟု နာယက ဦးတင်ဦးမှ တောင်ကိုးရီးယားအမတ်များ အားပြောကြား

လိုင်ဇာအနီး လဂျားယန်ခံစစ်စခန်းများအား အစိုးရတပ်မှ ထိုးစစ်ဆင်မှုကြောင့်ကေအိုင်အေ ခေါင်းဆောင်များ တရုတ်နိုင်ငံသို့ တိမ်းရှောင်

KIA ဌာနချုပ် လိုင်ဇာ၏ အဓိကခံစစ် တောင်ကုန်းဖြစ်တဲ့ လဂျားယန် တောင်ကြောကို ဒီနေ့ မနက်(၉)နာရီ အချိန်ခန့်က မြန်မာအစိုးရ စစ်လေယာဉ်များမှ လာရောက်တိုက်ခိုက်ခဲ့ပါတယ်။ စစ်လေယာဉ်နှင့် စစ်ရဟတ်ယာဉ်များ၏ တိုက်ခိုက်မှုကြောင့် KIA ဘက်မှ အထိအခိုက် အကျအဆုံးများပြီး ဒဏ်ရာရသူများကို လိုင်ဇာဆေးရုံကို သယ်ဆောင်နေကြောင်း မျက်မြင်တွေ့သူများမှ ပြောပါတယ်။ လက်နက်ကြီးပေါက်ကွဲသံများကို လိုင်ဇာမြို့မှ ကြားနေရပြီး လိုင်ဇာမြို့တွင် ခြောက်ကပ်လျက်ရှိ ကာ ဈေးလဲ ပိတ်ထားကြောင်း သိရပါတယ်။ KIA ခေါင်းဆောင်ပိုင်းကတော့ မနေ့ညကတည်းက လိုင်ဇာ ဂိတ်ပေါက်ကနေ တရုတ်ပြည်ထဲ ၀င်ရောက်ခိုလုံနေပြီး တရုတ်နိုင်ငံတွင်းမှ စစ်ဆင်ရေးကို ကွပ်ကဲနေ တယ်လို့ သိရပါတယ်။ ယခု အစိုးရက အပြင်းအထန်တိုက်ခိုက် နေတဲ့ လဂျားယန်တောင်ကြောဟာ ဒီလ (၁၄) ရက်နေ့က ရိက္ခာပို့တဲ့ မြန်မာစစ်တပ်ကို KIA မှ ခြုံခိုတိုက်ခိုက်ပြီး မြန်မာစစ်သား(၅)ဦး ဒဏ်ရာနှင့် အဖမ်းခံခဲ့ရတဲ့ နေရာလဲ ဖြစ်ပါတယ်။
အမေ့အိမ် မှ
အမေ....ကျွန်ုပ်တို့ကိုဒီလောက်ထိချစ်သလား..
![]() |
လွင့်မောင်မောင် - ရေးသည် |
ဒီဗွီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး အမြင်အမျိုးမျိုး ရှိကြပါတယ်။
တချို့က လုံခြုံရေးစည်းကိုကျော်ပြီး ၀င်လာတဲ့ လူငယ်ကိုအပြစ်ပြောကြတယ်။
တချို့က လုံခြုံရေးကို တာဝန်ယူထားတဲ့သူတွေကို အပြစ်ဖို့ကြတယ်။
လူငယ်လေးဘက်ကနေ ပြောရမယ်ဆိုရင်.........
အမေစုကို နေ့တိုင်းလိုလို တွေ့မြင်နေကြရတဲ့ သူတွေအတွက်ကတော့ ..
အမေစုဟာ ဘာမှ မထူးခြားသလိုခံစားရမှာပါ။ ဒါပေမဲ့ ..ကျနော်တို့တနင်္သာရီတိုင်းသားတွေအတွက်ကတော့..
အတော်ကိုထူးခြားတဲ့ ဖြစ်ရပ်တစ်ခုပါ။
ကျနော်ကိုယ်တိုင် အမေစု ထားဝယ်လာတုန်းက ခံစားခဲ့ရဘူးပြီ။
ကြည်လင်ဝင်းပ၊ရွှမ်းလဲ့နေတဲ့ အမေ့မျက်နှာကို မြင်တွေ့ရစဉ်ခဏ....
ကြောင်အမ်းအမ်းဖြစ်၊ကြက်သီးမွှေးညင်းတွေထတဲ့အထိ ဖြစ်ခဲ့တဲ့ ပီတိတွေနဲ့အတူ..
ကာလကြာရှည်ကွဲကွာနေတဲ့ မိသားစုအရင်းတစ်ယောက်ကို ပြန်လည်တွေ့ရှိလို့ ဖြစ်ရတဲ့
ဝမ်းနည်းမှုတွေနဲ့အတူ ...မျက်ရည်ပါလည်ခဲ့ရတယ်။
ဒါဟာ ကျနော်တစ်ယောက်တည်းလားဆိုတော့....မဟုတ်ဘူး။
တခြားသူတော်တော်များများ(၅၀ယောက် ကျော်)ကို
ကျနော်ကိုယ်တိုင် မေးကြည့်တာ...သူတို့လည်းကျနော့လိုခံစားရတယ်ဆိုတဲ့အကြောင်း.၀န်ခံကြလေရဲ့။
ဒါဆို အမေစုဟာ သာမာန်လူတစ်ယောက်တော့ မဟုတ်ဘူး။
မေတ္တာများနဲ့ ပြည့်ဝနေတဲ့ ပါရမီရှင်တစ်ယောက်၊ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တယ်ဆိုတာကို။
ကျနော့ အတွေ့အကြုံအရ သိရှိလိုက်ပါတယ်။
ဒီကနေ့ အမေဟာ မေတ္တာရှင် ပုဂ္ဂိုလ် တစ်ယောက်ဆိုတာ.......
ကျွန်ုပ်တို့ ပြည်သူတွေကို လူကြားကောင်းရုံ ဟန်ပြ ပါးစပ်က ချစ်ပြနေတာမဟုတ်ဘူး..ဆိုတာ
အခုတင်ပြတဲ့ဗွီဒီယိုဖိုင်က သက်သေပြခဲ့ပါပြီ။
ရုတ်တရက်ဖြစ်လာတဲ့ ပြဿနာ..မိန့်ခွန်းပြောနေချိန်..ဘယ်နေရာကနေဘယ်လို ပေါ်လာသလဲမသိလိုက်တဲ့
လူငယ်လေးတစ်ယောက်ကို၊ လုံခြုံရေးတာဝန်ယူနေတဲ့ သူတွေက အတင်းတွန်းဖယ် ဆွဲထုတ်နေတာကို
အမေက ...ဟေ့.ဟေ့ ရတယ်ရတယ် အဲဒီလောက်ထိ မလုပ်နဲ့လေ (လေသံပျော့) ၊.ခေါ်ခဲ့လိုက်..ခေါ်ခဲ့လိုက် လို့ သူ့လူတွေကို
အမိန့်ပေးသလို လေသံပြင်းပြင်းနဲ့ ပြောလိုက်တာ...
နောက် လူငယ်လေးကိုယ်တိုင် ပေးတဲ့ အနီရောင် ဖဲကြိုးကို လက်ခံလိုက်တာ....
လူငယ်လေးရဲ့ပါးလေးကို ချစ်စနိုး လက်နဲ့နစ်လိုက်တာ ..
အမေ .......ရယ်.ကျနော်တို့လို ပမွှားလူတန်းစားတွေကို လည်း .ဒီလောက်ထိချစ်သလားရယ်လို့............
ပီတိဇောနဲ့ မျက်ရည်လည်ခဲ့ရပါတယ်။
အမေ့ကိုချစ်သော ပြည်သူလူထုကိုလည်း တောင်းပန်ချင်ပါသည်။
အမေ့ကိုချစ်မြတ်နိုး၍ ယုံကြည်အားကိုး လေးစားကြတယ်ဆိုရင်.....
အမေ့ရဲ့ လုံခြုံရေးကို တစ်ဖက်တလမ်းက ကူညီ ထောက်ပံ့ပေးသောအားဖြင့်....
နောင်...ဤသို့သော နည်းလမ်းများကို ရှောင်ရှားကြရန်.....
အကယ်၍များသာ ဒီလူငယ်လေးနေရာမှာ..မသမာသူ(ဒုတိယ ဂဠုန်ဦးစော) များဖြစ်နေရင်...
မခက်ပေဘူးလား....ကျွန်ုပ်တို့အတွက်အမေမရှိရင် မဖြစ်ဘူးလေ.......
လွင့်မောင်မောင်(ထားဝယ်)
ဗွီဒီယိုကိုရှုစားကြည့်ပါ။
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ချုပ်ထားသော ဆွယ်တာ သိန်း ၆၃၀ ဖြင့် လေလံအောင်မြင်

ဒီဇင်ဘာလ ၂၈ ရက် ည ၁ နာရီ ၁၀ မီနစ်ခန့်တွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရက်လုပ်ထားသော ဆွယ်တာ အင်္ကျီအား ကျပ်သိန်း ၆၃၀ ဖြင့် အမည်မဖော်လိုသူ တစ်ဦးက လေလံအောင်မြင်သွားကြောင်း သိရသည်။
အဆိုပါ ဆွယ်တာအင်္ကျီအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲတွင် လေလံတင်အခန်းအနားပြုလုပ်ခြင်းဖြစ်ပြီး ည ၁၂ နာရီ ၀န်းကျင်ခန့် အချိန်တွင် ကျပ်သိန်း ၆၂၅ ထိရှိကြောင်းသိရသည်။
လေလံအောင်မြင်သွားသော ဆွယ်တာ အင်္ကျီအား အထက်ပါ အမည်မဖော်လိုသူက ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် လာရောက် ထုတ် ယူမည်ဖြစ်ကြောင်း သိရသည်။
စူးရှ - The Myanma Age
ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့် CPJ ကြိုဆို
မြန်မာနိုင်ငံမှာ ပုဂ္ဂလိကသတင်းစာတွေ ထုတ်ဝေခွင့်ပြုတော့မယ်လို့ ကြေညာလိုက်တဲ့အပေါ် နယူးယောက် အခြေစိုက် သတင်းသမားများ အကာအကွယ်ပေးရေးကော်မတီ CPJ က ကြိုဆိုလိုက် ပါတယ်။ ပုဂ္ဂလိက သတင်းစာတွေကို ၂၀၁၃ ခုနှစ် ဧပြီလ ၁ရက်နေ့က စပြီး စတင် ထုတ်ဝေခွင့် ပြုတော့မယ့် အကြောင်း မြန်မာအစိုးရ၊ ပြန်ကြားရေး ဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၇ ရက်၊ ကြာသပတေးနေ့က ကြေညာခဲ့ပြီးတဲ့နောက် CPJ အဖွဲ့က သောကြာနေ့မှာ တုန့််ပြန် ပြောဆိုခဲ့တာပါ။
ဒီကြေညာချက်အတိုင်း အပြည့်အ၀ အကောင်အထည်ဖော်ပြီး ဘယ်လို ကန့်သတ်ချက်မျိုးမှ မရှိဘူးဆိုရင် ဒီမူဝါဒ အသစ်ဟာ ပြီးခဲ့ တဲ့နှစ်မှာ သမ္မတဦးသိန်းစိန်အစိုးရ တက်လာခဲ့ပြီးကတည်းက ရှိခဲ့တဲ့ သတင်းမီဒီယာအပေါ် ကန့်သတ်ထိန်းချုပ်တဲ့ မူဝါဒတွေကို ထိထိရောက်ရောက် ပြောင်းပြန် လှန်ပစ်လိုက်တာ ဖြစ်လိမ့်မယ်လို့ CPJ အဖွဲ့ရဲ့ အာရှအစီအစဉ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းရေးမှူး Bob Dietz က ပြောပါတယ်။
မြန်မာနိုင်ငံမှာ အရင်တုန်းက ထုတ်ဝေခဲ့ဖူးတဲ့ ပုဂ္ဂလိကသတင်းစာတွေအားလုံးကို ၁၉၆၄ ခုနှစ်မှာ အဲဒီအချိန် ဦးနေ၀င်းအစိုးရက ပိတ်ပစ်ခဲ့ပြီး နိုင်ငံပိုင် လုပ်လိုက်ပြီးကတည်းကဆိုရင် ပုဂ္ဂလိကပိုင် သတင်းစာမရှိခဲ့တာ နှစ်ပေါင်း ၆၀ နီးပါးရှိသွားပြီ ဖြစ်ပါတယ်။
မိုးထိမိုးမိဒေသရွှေလုပ်သားများ၊ ကုမ္ပဏီနှင့် ထပ်မံညှိနှိုင်းသော်လည်း ပြေလည်မှု မရရှိ

Friday, December 28, 2012
ပြည်သူကို အနိုင်အထက် လုပ်သော တနင်္သာရီ လုပ်ငန်းရှင် အချို့ကိစ္စ သက်ဆိုင်ရာသို့ တင်ပြမည်
ရန်ကုန်၊ ဒီဇင်ဘာ ၂၅)
တနင်္သာရီ တိုင်းဒေသကြီးရှိ လုပ်ငန်းရှင် အချို့သည် ပြည်သူအား နိုင့်ထက် စီးနင်း လုပ်နေသောကြောင့် သက်ဆိုင်ရာသို့ တင်ပြသွား ရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။
”ကျွန်မ နားလည်သလောက် ကတော့ ဒီတနင်္သာရီဘက်မှာ ဆိုရင် တချို့ လုပ်ငန်းရှင်ကြီးတွေက သိပ် ပြီးတော့ အနိုင်ကျင့်နေတယ်လို့ ကျွန်မ ကြားရပါတယ်။ ဒါတွေ ကို ကျွန်မတို့က သက်ဆိုင်ရာကို တင် ပြရမှာပဲ။ မသိချင်ယောင်ဆောင်နေ လို့ကတော့ ဖြစ်မှာ မဟုတ်ပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည် က ပြီး ခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် မြိတ်-ကော့သောင်း-ကံမော်-ကျွန်းစု ခရီးစဉ်၌ ကျွန်းစုကျေးရွာ တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
တနင်္သာရီ တိုင်းဒေသကြီး အတွင်းရှိ စီးပွားရေး လုပ်ငန်းများ ခြယ်လှယ်မှုနှင့် ပတ်သက်၍ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ပြီး ချမ်းသာနေသော လုပ်ငန်းရှင် များအနေဖြင့် ယခုကဲ့သို့ ထပ်မံလုပ်ဆောင် နေခြင်းသည် ရှက်စရာ တစ်ခုအဖြစ် မြင်ကြောင်း ၄င်းက ဒေသခံ ပြည်သူ များရှေ့တွင် ထပ်လောင်းပြောကြား သည်။
လုပ်ငန်းရှင် အချို့က ပြည်သူ အပေါ် မည်သို့ မည်ပုံနိုင့်ထက်စီး နင်းလုပ်နေသည်ကိုမူ ထည့်သွင်း ပြောကြားခြင်း မရှိပေ။
”ကျွန်မတို့ သိပ်နားမလည် ဘူး။ လုပ်ငန်းရှင် တော်တော်များ များက အင်မတန်မှ ချမ်းသာနေပါပြီ။ ဘာများ ထပ်ပြီး လိုချင်သေးလို့ ဒီလို ဆက်လုပ်နေတယ် ဆိုတာ ကျွန်မ စဉ်းစားလို့ကို မရပါဘူး။ ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေ ဆင်း ရဲနေတဲ့ အချိန်မှာ ကိုယ်တစ်ယောက် တည်း ဒါမှမဟုတ် ကိုယ်တစ်စုတည်း ချမ်းသာနေတယ် ဆိုတာ အင်မ တန်မှ ရှက်စရာ ကောင်းတဲ့ ကိစ္စဖြစ် တယ်လို့ နားလည်ဖို့ လိုတယ်လို့ ကျွန်မထင်ပါတယ်” ဟု ဒေါ်အောင် ဆန်းစုကြည်က ဆိုသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က ဒေသခံများမှ မေးမြန်း တင်ပြသော စစ်တပ်များ စည်ကား နေသော ကိစ္စ၊ အအေးခန်း အလုပ် သမားများ ပိတ်ရက်မရှိ လုပ်ကိုင် နေရသော ကိစ္စများကို သက်ဆိုင်ရာ တာဝန်ရှိသူများအား မေးမြန်းပေး သွားမည်ဟု တာဝန်ခံခဲ့ပြီး ဒေသခံများ အကြား လိုအပ်သော အခက် အခဲကိစ္စများကို အဖွဲ့ချုပ် သို့ တင်ပြ ပေးရန် လိုအပ်ကြောင်း ပြောကြား ခဲ့သည်။
”ဒီမေးခွန်းတွေ မေးပြီးတဲ့အခါ ကျရင် ဘယ်လို အဖြေထွက်လာ တယ် ဆိုတာ ကျွန်မ ပြန်ပြီးပြောပါ့မယ်။ ကိုယ်ကျိုး အတွက် လုပ်တဲ့နိုင်ငံရေး သမားတွေကို ဘယ်တော့ မှ မထောက်ခံပါနဲ့။ တိုင်းပြည် နာလိမ့်မယ်။ အအေးခန်းအတွင်းက အလုပ် သမားတွေကို ဘာကြောင့် ပိတ်ရက်မရှိဘဲ အလုပ်ခိုင်းနေတာလဲ ဆိုတာ ကို မေးပေး ပါ့မယ်။ သက် ဆိုင်ရာကိုမေးပြီး ကျွန်မတို့ပြန်ဖြေ ပေးပါမယ်”ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားခဲ့သည်။
အောင်ထက်(NYK)
အလူမီနီယမ်နှင့် တိုင်တမ်နီယမ် ဓါတ်သတ္တုပါ ရခိုင် ရှားပါး ပင်လယ်သဲများ တရုတ်က ၀ယ်ယူရန် စီစဉ်
ရခိုင်ပြည်နယ် ရသေ့တောင်နှင့် မောင်တောမြို့နယ် ပင်လယ် ကမ်းခြေမှ သဲများမှာ အလူမီနီယမ်နှင့် တိုင်တမ်နီယမ် ဓါတ်သတ္တုများ ရောပြွမ်း ပါဝင်နေသဖြင့် တရုတ် စီးပွားရေး သမားများမှ ၀ယ်ယူရန် အထူးစိတ်ဝင်စားနေသည်ဟု ဆိုသည်။
ရခိုင်ပြည်နယ် သတ္တုတွင်း ၀န်ကြီး ဦးအောင်သန်းတင်အား နိရဉ္စရာက ဆက်သွယ်မေးမြန်းရာ သူက ယခုလို ပြောသည်။
“ အခုက စမ်းသပ်နေတဲ့ အဆင့်ပါ။ ရခိုင်ပြည်နယ် အစိုးရရဲ့ ခွင့်ပြုချက်နဲ့ အခု မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ပင်လယ် ကမ်းခြေနဲ့ ရသေ့တောင်မြို့နယ် တောင်ပိုင်း အငုံမော် ကမ်းခြေက သဲတွေကို စမ်းသပ်နေပါတယ်။ အဲဒီက သဲတွေမှာ ကျနော်သိရသလောက် တိုင်တမ်နီယမ် သတ္တုတွေ အဓိက ရောပါနေတဲ့ အတွက် သူတို့ တရုတ်တွေက အထူး စိတ်ဝင်စားနေပါတယ်” ဟု ပြောသည်။
အဆိုပါ သဲများကို ပထမ အဆင့် အနေဖြင့် စမ်းသပ်နေပြီး မည်ကဲ့သို့ ဆက်လက် ဆောင်ရွက် မည်ကို စမ်းသပ်မူ ပြုလုပ်ပြီးနောက် ရခိုင်ပြည်နယ် အစိုးရနှင့် ညှိနိုင်းမည်ဟု ၀န်ကြီးက ဆိုသည်။
ယခုအခါ တရုတ် အမျိုးသား တစ်ဦး ဦးဆောင်သော စီးပွားရေး အဖွဲ့ တစ်ဖွဲ့သည် ရသေ့တောင်မြို့သို့ ရောက်ရှိလာပြီး မြေတိုင်း ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ အငုံမော် ဒေသသို့ သွားရောက် တိုင်းတာမူများ ပြုလုပ်ခဲ့သည်ဟု ရသေ့တောင် ဒေသခံ တစ်ဦးက ပြောသည်။
“ လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်ကဘဲ တရုတ် စီးပွားရေးသမား တစ်ဦး ရသေ့တောင်ကို ရောက်လာ ပါတယ်။ မြေစာရင်းဌာနက အရာရှိတွေနဲ့ ဦးလှဖြူသံ စက်လှေကို ဌားပြီး အငုံမော် ပင်လယ် ကမ်းခြေကို ထွက်သွားတာကို တွေ့ရပါတယ်။ အဲဒီနေရာ ပင်ကမ်းခြေကို ပုံစံ ၁၀၅ ရေးဆွဲတယ်လို့ သိရပါတယ်။ စမ်းသပ် တူးဖေါ်မယ့် မြေနေရာတွေကို အထက်ကို တင်မယ်လို့တော့ သိရပါတယ်။ အသေးစိတ်တော့ ကျနော်တို့ မသိရသေးပါဘူး” ဟု ဒေသခံ တစ်ဦးက ပြောသည်။
အငုံမော်ကမ်းခြေမှ သဲများကို တရုတ် စီးပွားရေး သမားများသည် ၂၀၁၀ နှင့် ၂၀၁၁ ခုနှစ်ကလည်း ထုတ်ယူခဲ့ပြီး နောက်ပိုင်းတွင် အာဏာပိုင်များက ဟန့်တား သဖြင့် ရပ်တန့်ခဲ့သည်ဟု သိရသည်။
“ သူတို့က ၂၀၁၀ နဲ့ ၂၀၁၁ ခုနှစ်ထိ သဲတွေကို ထုတ်ယူခဲ့ပါတယ်။ ပင်လယ် ကမ်းခြေအောက်ကို စက်ကရိယာတွေနဲ့ (၆) ပေ အနက်ထိ တူးပြီး သဲတွေကို ယူပါတယ်။ အဲဒီ သဲတွေကို အိတ်တွေနဲ့ ထုတ်ပြီး စစ်တွေ ရေချမ်းပြင်ကို မော်တော်ဘုတ်တွေနဲ့ ပို့ခဲ့ပါတယ်။ တချို့လည်း တရုတ်ကို ယူသွားတယ်လို့ သိရပါတယ်။ အိတ်ပေါင်း သုံးသောင်း ကတော့ မယူနိုင်သေးဘဲ အခု အချိန်ထိ ကျန်ရှိနေပါသေးတယ်” ဒေသခံက ဆက်ပြောသည်။
အိတ်ပေါင်း ၃၀၀၀၀ တွင် ၁၅၀၀၀ မှာ အငုံမော် နစက စခန်းတွင် စုပုံနေပြီး ကျန် ၁၅၀၀၀ မှာ ရေချမ်းပြင် ပုဇွန်ကန် တစ်ခုတွင် စုပုံ ကျန်နေခဲ့သည်ဟု သိရသည်။
ယခုအခါ ဒုတိယ အကြိမ် အနေဖြင့် တရုတ် စီးပွားရေး သမားများမှ ပင်လယ် သဲများကို ပြန်လည် ၀ယ်ယူရန် စီစဉ် လာခြင်း ဖြစ်ကြောင်း သိရသည်။
အမည် မဖေါ်လိုသူ မြန်မာ ဘူမိဗေဒ အရာရှိ တစ်ဦးကလည်း သူ့အနေဖြင့် ဗိုလ်ချုပ် ခင်ညွှန့် လက်ထက်က အငုံမော်နှင့် အလယ်သံကျော် ပင်လယ်ကမ်းခြေကို သွားရောက်ပြီး သဲများကို လေ့လာ ဆန်းစစ် ခဲ့ဖူးကြောင်း၊ သဲ နမူနာများကို ရန်ကုန်ကို ယူဆောင်လာပြီး ဓါတ်ခွဲ စမ်းသပ် ခဲ့ကြောင်း၊ သဲထဲတွင် အလူမီနီယမ် ဓါတ်သတ္တုများ ရောနှော ပါရှိနေသဖြင့် သဲများမှာ အထူး တန်ဖိုး ရှိကြောင်း၊ အဆိုပါ သဲများကို စင်္ကာပူကို တင်ပို့ ရောင်းချခြင်းဖြင့် ရခိုင်ပြည်နယ်ကို ချမ်းသာ ကြီးပွားအောင် ပြုလုပ် နိုင်ကြောင်း ပြောဆိုသည်။
ရသေ့တောင် ဒေသခံ တစ်ဦးကမူ သဲများကို ထုတ်ယူခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်များ ပျက်စီးဆုံးရှုံး သွားနိုင်ပြီး ရေနေသတ္တ၀ါများကို ထိခိုက်နိုင်သဖြင့် ဒေသခံများ အတွက် အကျိုးထက် အပြစ်များနိုင်ကြောင်း ပြောကြားသည်။
နိရဉ္စရာ
အစိုးရတပ် လေကြောင်းတိုက်ခိုက်မှုများ လုပ်လာနေပြီဟုဆို

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် လူမှုဘ၀ အကျိုးသက်ရောက်မှုကို မြန်မာ့ပတ်ဝန်းကျင်သိပ္ပံမှ ၁၄ရက်အတွင်း စုံစမ်းစစ်ဆေးရေးကော်မရှင်သို့ တင်ပြမည်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင်
ထိခိုက်မှုအကဲဖြတ်နိုင်ရန်နှင့် လူမှုဘ၀အကျိုးသက်ရောက်မှုကို
အကဲဖြတ်နိုင်ရန်အတွက် မြန်မာ့ပတ်ဝန်းကျင်သိပ္ပံမှ ၁၄ ရက်အတွင်း
လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်သို့ တင်ပြမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၆
ရက်နေ့တွင် ထုတ်ပြန်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
စုံစမ်းစစ်ဆေးရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက် ၄/၂၀၁၂ တွင် ဖော်ပြထားသည်။
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အကဲဖြတ်နိုင်ရန်နှင့် လူမှုဘ၀ အကျိုးသက်ရောက်မှုကို အကဲဖြတ်နိုင်ရန်အတွက် မြန်မာ့ပတ်ဝန်းကျင်သိပ္ပံအား တာဝန်ပေးအပ်ခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာ့ပတ်ဝန်းကျင် သိပ္ပံသည် Ecology Expert (၁)ဦး, Natural Hazzard and Enviromental Management (၁)ဦး,Health Safety and Enviromental Consultant (၁)ဦး,Soil and Water Expert(၁)ဦး,Social Impact Assessment Expert(၁)ဦး,Air Quality Expert(၁)ဦး,EIA Consultant(၁)ဦး,Cultural Expert(၁)ဦး စသည့် ကျွမ်းကျင်သူများ ပါဝင်သည့် အဖွဲ့ဖြင့် လုပ်ငန်းများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထို့ပြင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများမှ မီးလောင်ဒဏ်ရာရရှိသူများအနက်မှ သံဃာတော် ၂ပါးကို ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူနိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

လက်ပံတောင်းတောင်ဖြစ်စဉ်နှင့် ပတ်သက်၍ မည်သူ့ကိုမျှ မီးလောင်ဗုံးမဟုတ်ဘဲ မီးခိုးဗုံးဟု ပြန်လည်ပြောကြားခဲ့ခြင်းမရှိကြောင်း ဓာတုဗေဒပညာရှင် ဒေါက်တာခင်မောင်ညို ပြောကြား
လက်ပံတောင်းတောင် ဖြစ်စဉ်နှင့် ပတ်သက်၍ မည်သူ့ကိုမျှ
မီးလောင်ဗုံးမဟုတ်ပဲ မီးခိုးဗုံးဟု ပြန်လည်ပြောကြားခဲ့ခြင်းမရှိကြောင်း
ဓာတုဗေဒပညာရှင် ဒေါက်တာခင်မောင်ညိုက ဒီဇင်ဘာလ ၂၇ ရက်နေ့တွင်
ပြောကြားခဲ့သည်။
ဓာတုဗေဒပညာရှင်ဒေါက်တာ ခင်မောင်ညိုက'' Myanmar Express က ဒေါက်တာခင်မောင်ညို ၀န်ခံပြီဆိုပြီး ပြောတားတယ်။ Myanmar Express က တာဝန်မယူတတ်တဲ့ ၀က်ဘ်ဆိုဒ်ပေါ့လေ။ဘာမှ တာဝန်မယူပဲနဲ့ လုပ်ချင်ရာလုပ်၊ဖြစ်ချင်ရာဖြစ် ပြောတဲ့ဝက်ဘ်ဆိုဒ်ပေါ့။နာမည်ကြီးတဲ့ ပုဂ္ဂိုလ်တွေကို တိုက်ခိုက်ပြီး လုပ်သမျှ တာဝန်မယူနိုင်တဲ့ ၀က်ဘ်ဆိုက်တစ်ခုပါ။ ကျွန်တော်သိသလောက်တော့ Myanmar Express ကနေ ကျွန်တော်ဆီ ဆက်သွယ်မေးမြန်းတာ မရှိပါဘူး။အခြားနည်းလမ်းနဲ့ ဆက်သွယ် လာတာမျိုးတွေရှိလည်း မီးခိုးဗုံးမဟုတ်ဘူး မီးလောင်ဗုံးပဲ။မီးလောင်ဗုံး မဟုတ်ဘူး မီးခိုးဗုံးပဲဆိုတာ တစ်ခါမှမပြောပါဘူး။ဖြစ်တဲ့ကိစ္စတွေကိုပဲ ကျွန်တော်ပြောပါတယ်။ဘယ်သူကိုမဆို အမှန်အတိုင်း ဖြစ်နေပျက်နေတာတွေကိုပဲ ကျွန်တော်ပြော ပါတယ်။Chemistry Point of View ကနေ စဉ်းစားဆင်ခြင်နိုင်ဖို့ ပြောတာပါ။ဒေါ်စုတို့ အလုပ်လုပ်ရလွယ်အောင်လို့ ဘာတွေဖြစ်တယ်ဆိုတာ သူတို့စုံစမ်းသင့်တယ်ဆိုတဲ့ အကြောင်းပဲ ကျွန်တော်ပြောတာပါ'' ဟု ပြောကြားခဲ့သည်။
Myanmar Express ၀က်ဘ် ဆိုဒ်တွင်''လက်ပံတောင်းတောင် အရေးအခင်းတွင် ရဲတပ်ဖွဲ့ က မီးလောင်ဗုံးများ သုံးစွဲခဲ့ခြင်း ဖြစ်နိုင်သည်ဟု ကြိုတင်ခန့် မှန်း ပြောကြားခဲ့သည့်အတွက် အထူးပင်စိတ်မကောင်း ဖြစ်မိကြောင်း ဒေါက်တာ ခင်မောင်ညိုက ယနေ့  ထုတ်ဖော် ပြောကြားလိုက်သည်။
ယင်းကိစ္စတွင် မိမိအနေဖြင့် ရရှိသမျှ အထောက်အထားများကို အခြေခံ၍ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း၊ အလဲဗင်းမီဒီယာ၊ ဒီဗွီဘီနှင့် အခြား မီဒီယာအချို့က မိမိထံလာရောက်၍ သဘောထားထင်မြင်ချက် တောင်းခံခဲ့ကြောင်း၊ ထိုသို့  ပြောကြားရာတွင် မိမိအနေဖြင့် ရရှိသမျှသော ဓါတ်ပုံများ၊ ဗီဒီယိုများ စသည်တို့ကို လေ့လာကြည့်ရှု၍ ခန့်မှန်းပြောကြားခဲ့ ခြင်း ဖြစ်ကြောင်း၊ သို့ရာတွင် ခန့်မှန်းပြောကြားရာတွင်လည်း တစ်သက်လုံး သင်ယူလေ့လာခဲ့သော ဓါတုဗေဒ သဘောတရားများ၊ သီအိုရီများ စသည်တို့နှင့် ချင့်ချိန်၍ ပြောကြားခဲ့ကြောင်း၊ လက်တွေ့  အသုံးပြုခဲ့သော ဗုံးအစအနများ၊ ဗုံးနမူနာများ စသည်တို့ကို ကြည့်ရှုစစ်ဆေးနိုင်ခြင်း မရှိသဖြင့် မှားယွင်းနိုင်သည်မှာလည်း မှန်ပါကြောင်း၊ ထိုအချိန်တွင် အစိုးရဘက်မှ သတင်းထုတ်ပြန်ချက် အားနည်းနေသဖြင့် ရရှိသမျှ သတင်းအချက်အလက်များကို အခြေခံရခြင်း ဖြစ်ကြောင်း အငြိမ်းစားဓါတုဗေဒပါမောက္ခ ဒေါက်တာ ခင်မောင်ညိုက ပြောကြားသည်။
ဒေါက်တာခင်မောင်ညို၏ ပြောကြားချက်သည် အခြေအနေ ပိုမိုဆိုးဝါးသွားစေရန် မီးလောင်ရာလေပင့် မဖြစ်ခဲ့ဘူးလားဟု မေးမြန်းရာ မိမိအနေဖြင့် ထိုမျှအထိ မျှော်မှန်းထားခဲ့ခြင်း မရှိခဲ့ကြောင်း၊ တတ်သည့်ပညာ မနေသာဆိုသလို အမေးရှိလာ၍ ဖြေကြားခဲ့ရခြင်း ဖြစ်ကြောင်း၊ မိမိမှ မီးလောင်ဗုံး ဖြစ်နိုင်သည် ဟုသာ ပြောကြားခဲ့ခြင်း ဖြစ်ပြီး မျက်ရည်ယိုဗုံး မဖြစ်နိုင်ဟူ၍လည်း ပြောကြားခဲ့ကြောင်း၊ ယင်းပြောကြားချက်များကြောင့် အခြေအနေ ပိုမိုဆိုးဝါးစေခဲ့ပြီး သံဃာများ၏ ဒေါသကို နှိုးဆွသလို ဖြစ်စေခဲ့သည်ဆိုလျှင် မိမိ၏ ပညာရပ်ဆိုင်ရာ မှားယွင်းမှုဟု ပြောကြားလိုကြောင်း ၎င်းက ဖြေကြားသည်။
ဆက်လက်၍ ဒေါက်တာခင်မောင်ညိုက နိုင်ငံတကာတွင် မျက်ရည်ယိုဗုံး မီးမလောင်ဟု ပြောခဲ့ရခြင်းမှာလည်း နိုင်ငံတကာ အဓိကရုဏ်းများကို ထောက်ရှု၍ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း၊ ဓါတုဗေဒသဘောတရားတွင် မီးလောင်အောင် ဖော်မြူလာထုတ်လျှင်လည်း ရပါကြောင်း၊ မီးခိုးဗုံး ဆိုသော်လည်း မီးလောင်နိုင်သည့် မီးခိုးဗုံးများ ထွက်ပေါ်နေသည်ကိုလည်း သိရှိပါကြောင်း၊ မိမိ၏ ခန့်မှန်းချက် စောစီးစွာ ပေါ်ထွက်လာခဲ့ခြင်းမှာလည်း မီဒီယာများက လာရောက်မေးမြန်းသဖြင့် မိမိသိရှိနားလည်ထားသမျှ ပညာရပ်ဆိုင်ရာများကို အခြေခံ၍ ပြောကြားခဲ့ခြင်းသာ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ယခုအခါ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ယင်းကိစ္စကို စစ်ဆေးဖော်ထုတ်နေပြီ ဖြစ်ရာ မိမိ၏ ပြောကြားချက်များကြောင့် ကော်မရှင်အပေါ် ယုံကြည်မှုအားနည်းစေမည်ကိုလည်း မလိုလားကြောင်း၊ ကော်မရှင်မှာ လက်တွေ့အသုံးပြုခဲ့သည့် ဗုံးစဗုံးနများကို သိပံနည်းကျ စစ်ဆေးဖော်ထုတ်မည် ဖြစ်၍ မိမိ၏ ခန့်မှန်းပြောကြားချက်ထက် ပိုမို၍ တိကျခိုင်မာမည်ဟု ယုံကြည်ထားကြောင်း၊ မိမိအနေဖြင့် လေ့လာထားသော ပညာရပ်ဆိုင်ရာ ဗဟုသုတအပေါ်တွင် အခြေခံ၍ ပြည်သူများ သိရှိနားလည်စေရန် နိုင်ငံတကာတွင် မျက်ရည်ယိုဗုံး သုံးကြသော်လည်း မီးလောင်ခြင်း မရှိသည်ကို ထင်ရှားစေရန် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ရေနှင့် မီးစုန်း ဓါတ်ပြုလျှင် မီးလောင်ကျွမ်းသည် ဟူသည်ကို သိပါသလားဟု မေးမြန်းရာ ဒေါက်တာခင်မောင်ညိုက မှန်ပါကြောင်း၊ မီးစုန်းသည် ရေနှင့်တွေ့လျှင် သေချာပေါက် မီးလောင်ကြောင်း၊ မီးစုန်းပါဝင်မှု အချိုးအစား အနည်းအများပေါ်မူတည်၍ မီးလောင်ကျွမ်းမှု အနည်းအများ ဖြစ်စေတတ်ကြောင်း၊ ယင်းကာလက မိမိအနေဖြင့် မီးစုန်းဓါတ် ပါဝင်နိုင်သည်ကို ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိကြောင်း၊ ယင်းအတွက် မိမိအားမှားယွင်းသည်ဟု ပြောလျှင်လည်း ခံရမည်သာဖြစ်ကြောင်း၊ မိမိ၏ ပြောကြားချက်များ အလွန်အကျွံ ဖြစ်ခဲ့သည်ဟု ဆိုပါက ထိုအချိန်က တွေ့ရှိရသော သတင်းဓါတ်ပုံများကို ကြည့်၍ ဖြစ်ပေါ်လာသော စိတ်ခံစားမှုကြောင့် ဖြစ်ခဲ့သည်ဟု ပြောကြားလိုကြောင်း၊ မိမိ၏ ပြောကြားချက်များကြောင့် လူအများ၏ ဒေါသကို ပိုမိုဖြစ်စေခဲ့သည်ဟု ဆိုပါက မိမိအနေဖြင့် ပညာရှင်တစ်ယောက်၏ စိတ်ခံစားမှု ဟူ၍သာ နားလည်ပေးစေလိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ကော်မရှင်မှ စစ်ဆေးတွေ့ ရှိချက်သာ အစစ်အမှန်ဟု မိမိအနေဖြင့် လက်ခံမည်ဖြစ်ကြောင်း၊ မပြည့်စုံသော အထောက်အထားများကို အခြေခံ၍ ခန့် မှန်းပြောကြားလျှင် မိမိကဲ့သို့ ပင် မှားယွင်းနိုင်ပါကြောင်း၊ ပညာရှင်များသည် တိကျခိုင်မာမှသာ ပြောကြားသည်ဟူသော ဆိုရိုးကို မိမိလက်ခံပါကြောင်း၊ စောစီးစွာ ထုတ်ဖော်ပြောကြားခဲ့ခြင်းအတွက် မိမိအနေဖြင့် စိတ်မကောင်း ဖြစ်ရပါကြောင်း အကျယ်တ၀င့် ရှင်းလင်း ပြောကြားသည်။
လက်ပံတောင်းတောင်အရေးတွင် ရဲတပ်ဖွဲ့ဝင်များက ရေဖြင့်ပက်ဖျန်းပြီးမှ မီးခိုးဗုံးများ အသုံးပြုခဲ့သည်ဟု သက်ဆိုင်ရာက ထုတ်ပြန်ထားသည်။ ယင်းဖြိုခွင်းမှုကြောင့် သံဃာအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယခုအခါ ဒဏ်ရာဆိုးဝါးသော ဦးတိကမှာ ထိုင်းနိုင်ငံသို့  ပို့ ဆောင်၍ ဆေးကုသမှု ခံယူလျက် ရှိသည်။ ထိုင်းနိုင်ငံမှ ဆရာဝန်များက မီးခိုးဗုံးနှင့် ရေ ထိတွေ့  ဓါတ်ပြုခြင်းကြောင့် မီးလောင်ကျွမ်းရခြင်း ဖြစ်ကြောင်း ကောက်ချက်ချထားသည်''ဟု သတင်းဖော်ပြထားသည်။
ဒေါက်တာခင်မောင်ညိုသည် လက်ပံတောင်းတောင်အရေးအခင်း ဖြစ်ပွားစဉ်ကာလအတွင်း ပြည်တွင်း မီဒီယာအချို့ထံ မီးလောင်ဗုံးနှင့် မျက်ရည်ယိုဗုံး ကွာခြားချက်များကို ဓာတုဗေဒနည်းအရ ခန့်မှန်းသုံးသပ် ပြောကြားမှုများ ပြုလုပ်ခဲ့သည်။

အပြီးသတ် အစီရင်ခံစာ တင်သွင်းရန် ရခိုင်ပြည်နယ်သို့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ၂၀၁၃ ခုနှစ် ပထမအပတ်အတွင်း ထပ်မံသွားရောက်မည်
ရခိုင်ပြည်နယ် ပဋိပက္ခများ အပြီးသတ် အစီရင်ခံစာ တင်သွင်းနိုင်ရန်
စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ပထမအပတ်အတွင်း
ရခိုင်ပြည်နယ် ဒေသများသို့ သွားရောက်ပြီး လိုအပ်သော အချက်အလက်များ
ကောက်ယူမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော
သတင်းထုတ်ပြန်ချက် အမှတ် (၃) အရ သိရသည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် နိုင်ငံတော်သမ္မတထံသို့ ကြားဖြတ်အစီရင်ခံစာ တစ်စောင်ကို ပေးပို့တင်ပြခဲ့ပြီး ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် နောက်ဆုံးအပြီးသတ် တင်သွင်းရမည့် အစီရင်ခံစာကို ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား တင်ပြရန်လည်း နိုင်ငံတော်သမ္မတက ရက်တိုးမြှင့် ပေးထားကြောင်းလည်း သိရသည်။
အဆိုပါ ကြားဖြတ်အစီရင်ခံစာတွင် ရခိုင်ပြည်နယ်၏ နောက်ခံသမိုင်း အကျဉ်း၊ ရခိုင်ပြည်နယ်အတွင်း လူအဖွဲ့အစည်းနှစ်ခု တို့အကြား ဖြစ်ပွားခဲ့သည့် ပဋိက္ခဖြစ်စဉ်မျး၊ ဆူပူအကြမ်းဖက်မှုများကြောင့် ဆုံးရှုံးမှုများ၊ လက်ရှိရခိုင်ပြည်နယ်ရှိ လူမှုရေး၊ စီးပွားရေး အခြေအနေများ စသည်မြေပြင် အခြေအနေ တွေ့ရှိချက်များနှင့် ထိုတွေ့ရှိချက်များအပေါ် အခြေခံကာ ပဋိပက္ခချုပ်ငြိမ်းရေးအတွက် လုပ်ဆောင်သင့်သည်များအပေါ် အကြံပြုချက် ၄ ချက်၊ အစိုးရအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များအပေါ် အကြံပြုချက် ၂၆ ချက်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် အကြံပြုချက် ၉ ချက်တို့ကို အစီရင်ခံထားကြောင်းလည်း သိရသည်။
ထို့အပြင် နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများနှင့် ကိုက်ညီစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး၊ ဘာသာရေး အစွန်းရောက်သည့် အတွေးအခေါ်များ ၀င်ရောက်မလာရေးအတွက် တားမြစ်ကာကွယ်ရေး တရားမ၀င် ခိုးဝင်လာသူများ မရှိစေရေးအတွက် ထိရောက်စွာ ကာကွယ်ရေး၊ လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းရေး၊ လှုံ့ဆော်သူများကို ဖော်ထုတ်ကာ ထိရောက်စွာ အရေးယူရေး၊ နိုင်ငံသား ဥပဒေပြုရေးကိစ္စများ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် နှစ်ဖက်လူ့အဖွဲ့အစည်းမှ ရပ်တည်ချက်သဘော မှန်ကန်သည့် ခေါင်းဆောင်များပါဝင်သော လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မည့်အဖွဲ့ ဖွဲ့စည်းရေး၊ လုပ်ထုံးလုပ်နည်းနှင့် မညီသည့်အပြင် စနစ်မကျသည့် ဘာသာရေးကျောင်းများကို စိစစ်ကြပ်မတ်ရေး စသော အကြောင်းအရာများအပြင် ရခိုင်ပြည်နယ် လူမှုရေး စီးပွားရေး ကဏ္ဍများကို ထည့်သွင်းအစီရင်ခံထားကြောင်းလည်း သိရသည်။

မီဒီယာများ၌ ဖော်ပြနေကြသည့် GSM မိုဘိုင်းဖုန်း ဈေးနှုန်းများနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးမှ လတ်တလော အတည်ပြုပြောကြားခြင်း မရှိဟု သိရ
ယခုရက်ပိုင်း မီဒီယာများတွင် ဖော်ပြနေသော ဇန်န၀ါရီလအတွင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ခွင့်ပြုရောင်းချပေးမည့် မိုဘိုင်းဖုန်းများ၏ ဈေးနှုန်းများနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ လက်ရှိအချိန်အထိ သတင်းထုတ်ပြန်ထားခြင်း မရှိသေးကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဒီဇင်ဘာ ၂၈ ရက်က ပြောသည်။
ဆက်လက်၍ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းက “ကျွန်တော်တို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ခုအချိန်ထိ ဘယ်သတင်းဌာနကိုမှ ဘယ်လောက် ဈေးနှုန်းနဲ့ ရောင်းချမယ်ဆိုတာ အတိအကျ မထုတ်ပြန်ရသေးပါဘူး။ အပြင်မှာ ထွက်နေတဲ့ သတင်းတွေက ကောလဟာလတွေပါ” ဟု ပြောသည်။
ထို့ပြင် ဌာနမှ ထုတ်ပြန်ခြင်းပင် မရှိသည့် ဈေးနှုန်းများကို သတင်းဌာနများမှ သိနေခြင်းအပေါ် ၎င်းမှ မပြောတတ်တော့ကြောင်း၊ ဌာနအနေနှင့် ခွင့်ပြုရောင်းချတော့မည်ဆိုက မီဒီယာများကို တစ်ပတ်ကြိုကာ အကြောင်းကြား သွားမည်ဖြစ်ကြောင်း၊ ယခုအထိ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ တန်ဖိုးရော၊ ရောင်းမည့်အချိန်ကိုပါ မပြောရသေးကြောင်း ၎င်းက ပြောသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အဆိုပါ မိုဘိုင်းဖုန်းများကို လာမည့် ၂၀၁၃ ဇန်န၀ါရီအတွင်း ရောင်းချပေးသွားမည်ဖြစ်ပြီး မည်သည့်နေ့ရက်တွင် ရောင်းချပေးမည် ဆိုသည်ကို သတင်းမထုတ် ပြန်ရသေးကြောင်း ၎င်း၏ အဆိုအရ သိရသည်။
ဇန်န၀ါရီလအတွင်း ရောင်းချပေးမည့် မိုဘိုင်းဖုန်းများတွင် မိုဘိုင်းဖုန်းနံပါတ် ပြောင်းလဲခြင်းနှင့် ဂဏန်းအရေအတွက် ထပ်မံတိုးလာဖွယ် မရှိကြောင်း ယင်းက ဆက်လက်ပြောကြားသည်။
Eleven Media Group
မီးရှို့ရာတွင် ပါဝင်သည်ဟု စွပ်စွဲချက်ဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးသစ်နှင့် ရွာသား တစ်ဦး အဖမ်းခံရ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဆားပြင်ကြီးကျေးရွာမှ ကျေးရွာ အုပ်ချုပ်ရေးမှူးအသစ် အဖြစ် အရွှေးခံရသော ဦးမဲစိန်အောင်နှင့် နောက်ထပ် ရွာသား တစ်ဦးအား မွတ်ဆလင်ကျေးရွာ မီးရှို့တိုက်ခိုက်ရာတွင် ပါဝင်သည်ဟု ဆိုကာ ရဲက ဖမ်းဆီးသွားခဲ့သည်။ “ ဦးမဲစိန်အောင်နဲ့ ကိုအေးထွန်းသောင်းကို ဖမ်းတာက ရသေ့တောင်မြို့ပေါ်မှာ ဖြစ်ပါတယ်။ ဦးမဲစိန်အောင်က ရွာမှာ အုပ်ချုပ်ရေးမှူး အသစ်အဖြစ် အရွှေးခံရတယ်။ ခုလို အရွှေးခံရတဲ့ အတွက် ရဲထောက်ခံစာ၊လ၀က ထောက်ခံစာ၊ ကျန်းမာရေး ထောက်ခံစာတွေ သွားတောင်းတဲ့ အချိန်မှာ ရသေ့တောင်ရဲက ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်” ဟု ရွာသား တစ်ဦးက ပြောသည်။
ယခုအခါ ဦးမဲစိန်အောင်နှင့် ဦးအေးထွန်းသောင်းတို့ကို ရသေ့တောင်မှတဆင့် စစ်တွေသို့ ပို့ဆောင်လိုက်ပြီး အမှတ် (၂) ရဲစခန်းတွင် ချုပ်နှောင်ထားသည်ဟု ဆိုသည်။
“ သူတို့ကို ဇန္န၀ါရီလ ၂ ရက်နေ့မှာ စစ်တွေ ခရိုင်ရုံးမှာ ရုံးထုတ်မှာ ဖြစ်ပါတယ်။ အခုတော့ ရမန်ယူ စစ်ဆေးနေတယ်လို့ သိရပါတယ်။ သူတို့ကို ဖမ်းတာက လွန်ခဲ့တဲ့ အပတ်က ဖြစ်ပါတယ်” ဟု ဆိုသည်။
ဦးမဲစိန်အောင်မှာ သူနှင့် အတူ အုပ်ချုပ်ရေးမှူး အဖြစ် ယှဉ်ပြိုင် အရွှေးခံသူ မဲရှုံးရာမှ ရဲကို သွားရောက်တိုင်ကြားပြီး ငွေပေးရာမှ ရဲက ဖမ်းဆီးခြင်း ဖြစ်သည်ဟု ဦးမဲစိန်အောင် ဖမ်းဆီးခံရမူနှင့် ပတ်သက်ပြီး ဒေသခံများက ပြောဆိုသည်။
တစ်ခြား ရပ်ရွာ လူကြီး တစ်ဦးကို နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ သူက ယခုလို ပြောသည်။
“ အဓိကတော့ ဦးမဲစိန်အောင် အပါအ၀င် လူ (၈) ဦးကို ညောင်ပင်ကြီး ကုလားရွာ မီးရှို့မူမှာ ဦးဆောင်တယ်လို့ ရဲက ယူဆထားတယ်။ အဲသလို အခြေအနေမျိုးမှာ ဟိုမဲရှုံးတဲ့ လူ လုပ်တာလည်း ပါကောင်း ပါနိုင်တာပေါ့။ အတိ အကျတော့ မပြောနိုင်ဘူး။ ရသေ့တောင် တရားရုံးရှေ့က လဘက်ရည်ဆိုင်မှာ လဘက်ရည်သောက်နေစဉ် ရဲက ၀င်ဖမ်းသွားတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
အောက်တိုဘာလ ၂၅ ရက်နေ့က ရသေ့တောင်မြို့နယ် တောင်ပိုင်း မစဲကမ်းဒေသရှိ ညောင်ပင်ကြီး မွတ်ဆလင် ကျေးရွာ တိုက်ခိုက်မူ ဖြစ်စဉ်တွင် စစ်တပ်က ပစ်ခတ်၍ ရခိုင်အမျိုးသား ၂ ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာ ရရှိခဲ့သည်။ ညောင်ပင်ကြီးရွာမှ အိမ် (၂၀) ခန့်မှာ မီးထဲပါသွားခဲ့သည်ဟု ဆိုသည်။
၎င်းနောက်ပိုင်း မြို့နယ် ရဲတပ်ဖွဲ့မှ ဒဏ်ရာရသူ ရခိုင် (၁၁) ဦးနှင့် အဆိုပါ ဒေသရှိ ဆားပြင်ကြီး၊ ဆားပြင်ချေ စသည့် ကျေးရွာများမှ ခေါင်းဆောင်များဟု ယူဆသူ လူ (၈) ဦး၊ စုစုပေါင်း ၁၉ ဦးကို ဖမ်းဝရန်း ထုတ်ထားသည်ဟု ဆိုသည်။
ယခုအခါ ဖမ်းဝရမ်းထုတ်ခံရသူ ရွာသားများမှာ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု သိရသည်။
နိရဉ္စရာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် (၂)နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းများ ရန်ပုံငွေရှာဖွေရေး ဂီတပွဲတော်တွင် လေလံတင်သော ဒေါ်အောင်ဆန်းစုကြည် ကိုယ် တိုင် ရက်လုပ်ထားသော သိုးမွှေးဆွယ်တာ အားshwe fm ကကျပ်သိန်း၄၁၅ သိန်းဖြင့်လေလံအောင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် (၂)နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းများ ရန်ပုံငွေရှာဖွေရေး ဂီတပွဲတော်တွင် လေလံတင်သော ဒေါ်အောင်ဆန်းစုကြည် ကိုယ် တိုင် ရက်လုပ်ထားသော သိုးမွှေးဆွယ်တာ အားshwe fm ကကျပ်သိန်း၄၁၅ သိန်းဖြင့်ရရှိသွားသည်။
ဟုသတင်းရရှိသည်။
ပေါ်ပြူလာ ..မှ
Wednesday, December 26, 2012
မူးယစ်ရာဇာ နော်ခမ်းသေဒဏ် အယူခံပယ်ချ
26.12.2012
မူးယစ်ရာဇာ နော်ခမ်းနဲ့ သူ့ဂိုဏ်းဝင်တွေကို တရုတ်က
သေဒဏ်အပြစ်ပေးထားတဲ့အပေါ် အယူခံဝင်တာကို တရုတ် အထက်တရားရုံးကနေ
ပယ်ချလိုက်ပါပြီ။ တရားရုံးရဲ့ သေဒဏ်စီရင်ဆုံးဖြတ်ချက်ဟာ
မှန်ကန်မျှတမှုရှိတယ်လို့ တရုတ် အထက်တရားရုံးကနေ ဆုံးဖြတ်ခဲ့ပါတယ်။
ဒီအကြောင်းရိုက်တာသတင်းက ရေးသားပေးပို့ချက်ကို ကိုသားညွန့်ဦးက
တင်ဆက်ပေးမှာပါ။
တရုတ်နိုင်ငံကနေ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ မူးယစ်ရာဇာ နော်ခမ်းအပါအ၀င် သူ့နောက်လိုက်နောက်ပါ ၆ ဦးရဲ့ အယူခံမှုကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တရားရုံးတခုကနေ အခု ဗုဒ္ဓဟူးနေ့မှာ ပယ်ချလိုက်တာပါ။ တရုတ်နိုင်ငံသား ၁၃ ဦးကို သတ်ဖြတ်မှုနဲ့ မူးယစ်ရာဇာ နော်ခမ်းနဲ့ သူ့နောက်လိုက်သုံးဥိးကို တရုတ်တရားရုံးကနေ ပြီးခဲ့တဲ့ နိုဝင်ဘာလက သေဒဏ်ပြစ်ဒဏ်အမိန့်ချခဲ့ပါတယ်။ မူးယစ်ရာဇာ နော်ခမ်းဟာ တရုတ် မြန်မာ လာအိုး ထိုင်း စတဲ့ နယ်စပ်တကြော မဲခေါင်းမြစ်ရိုးတလျှောက်မှာ လှုပ်ရှားကျင်လည်ခဲ့တာဖြစ်ပြီး၊ နယ်စပ် မဲခေါင်မြစ်ထဲမှာပဲ တရုတ်သင်္ဘောသား ၁၃ ဦးကို သတ်ဖြတ်ခဲ့မှုနဲ့ တရုတ်အာဏာပိုင်တွေက အလိုရှိခဲ့တာပါ။ ဒါကြောင့် မဲခေါင်းမြစ်တကြော လှုပ်ရှားနေတဲ့ မူးယစ်ရာဇာ နော်ခမ်းရဲ့ ဂိုဏ်းကို နှိမ်နင်းပြီး အဖွဲ့ဝင်တွေကို ဖမ်းဆီးဖို့ တရုတ်ဖက်က ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
တရုတ်တရားရုံးကနေ နော်ခမ်းအပါအ၀င် လေးဦးကို သေဒဏ် စီရင်ချက်ချမှတ်ခဲ့ပြီး၊ နောက်ထပ် တဦးကိုတော့ ဆိုင်းငံသေဒဏ်ချမှတ်ပါတယ်။ တရုတ်နိုင်ငံမှာ ဆိုင်းငံသေဒဏ်ဆိုတဲ့သဘောကတော့ နောက်ပိုင်းမှာ ထောင်ဒဏ်တသက်တကျွန်းပြစ်ဒဏ်ကို ပြောင်းလေ့ရှိပါတယ်။ ဖမ်းဆီးခံရတဲ့ မူးယစ်ရာဇာ နော်ခမ်းဂိုဏ်းဝင် ၆ ဦးမြောက်ကိုတော့ ထောင်ဒဏ် ၈ နှစ်စီ ချမှတ်အပြစ်ပေးခဲ့ပါတယ်။ ဖမ်းဆီးအပြစ်ပေးခံရသူ ၆ ဦးလုံးဟာ လူသတ်မှု တရားမ၀င်မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု ပြန်ပေးဆွဲမှုတွေနဲ့ စွဲချက်တင်ခံခဲ့ကြရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက မဲခေါင်မြစ်ထဲမှာ တရုတ် ကုန်တင်သင်္ဘောနှစ်စင်းကို နော်ခမ်းနဲ့အဖွဲ့တွေက ဖမ်းဆီးပြန်ပေးဆွဲခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သင်္ဘောပေါ်ပါလာတဲ့ တရုတ်သင်္ဘောသား ၁၃ ဦးကို သတ်ဖြတ်ခဲ့ကြပါတယ်။
ဒီအမှုနဲ့ပဲ နော်ခမ်းနဲ့ သူ့နောက်လိုက် အားလုံးတရားခံ ၆ဦးကို ကို တရုတ်နိုင်ငံကနေ နိုဝင်ဘာလက ပြစ်ဒဏ်တွေ အသီးသီး ချမှတ်ခဲ့တာပါ။ အပြစ်ပေးခံရသူ ၆ ဦးလုံးကတော့ သူတို့ဟာ သတ်ဖြတ်ခံရသူတွေရဲ့ မိသားစုတွေကို တရုတ်ယွမ် ၆သန်း၊ အမေရိကန် ဒေါ်လာ ၉သိန်းကျော်ကို လျော်ကြေးပေးခဲ့ပြီဖြစ်တယ်ဆိုပြီး သူတို့ပြစ်ဒဏ်ကို သက်ညှာစဉ်းစားဖို့ တရုတ်အထက်တရားရုံးကို အယူခံဝင်ခဲ့ကြတယ်လို့ တရုတ်အစိုးရပိုင် CCTV ရုပ်သံက လွှင့်ထုတ်ကြေညာပါတယ်။ အဲဒီ အယူခံမှုကကိုတော့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် အထက်တရားရုံးကနေ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ကြားနာခဲ့ပြိး၊ အခု ဗုဒ္ဓဟူးနေ့မှာ တရားသူကြီးချုပ် Sun Jie ကနေ နောက်ဆုံး စီရင်ချက်ချခဲ့တာကို တရုတ်ပိုင်း CCTV ကနေ ကြေညာပါတယ်။
“ဒီ စီရင်ချက်ဟာ မျှတမှန်ကန်မှုရှိပါတယ်။ မူလ တရားကြားနာ စီရင်မှုတွေဟာ ဥပဒေကြောင်းအရ ညီညွတ်ပါတယ် ဆိုပြီး တရားသူကြီးချုပ် Sun က တရားရုံးမှာ ကြေညာသွားတာဖြစ်ပါတယ်။"
အဓိက တရားခံဖြစ်တဲ့ မူးယစ်ရာဇာ နော်ခမ်းကို လောနိုင်ငံက ဖမ်းဆီးမိခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့ မေလအတွင်းကပဲ တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။ တရုတ်သင်္ဘောတွေ အမြောက်အများ အခုလို သတ်ဖြတ်ခံရတဲ့ကိစ္စဟာ တရုတ်နိုင်ငံရဲ့ ခေတ်သစ်ပင်လယ်ရေကြောင်း သမိုင်းမှာ တရုတ်တွေ အသေအပျောက်အများဆုံး အဖြစ်အပျက်တခုဖြစ်ခဲ့ပါတယ်။
ဒါကြောင့်လည်း ဒီအဖြစ်အပျက်ကြောင့် တရုတ်ဟာ သူ့နယ်စပ် မြစ်ကြောင်းတွေမှာ လက်နက်ကိုင်လုံခြုံရေးကင်းလှည့်သင်္ဘောတွေ ချထားခဲ့ရတဲ့အခြေအနေအထိပါ ရောက်လာပါတယ်။ မူးယစ်ရာဇာ နော်ခမ်းနဲ့အဖွဲ့ဟာ တရုတ် မြန်မာ ထိုင်း လော နယ်ချင်းစပ်နေတဲ့ မဲခေါင် မြစ်ကြောတလျှောက် သင်္ဘောတွေကို တိုက်ခိုက် ပြန်ပေးဆွဲခဲ့တာဖြစ်ပြီး၊ ဒေသတွင်း တရားမ၀င် မူးယစ်ကုန်ကူးမှုမှာလည်း ပါဝင်ပတ်သက်ခဲ့ပါတယ်။

ကိုသားညွန့်ဦး(VOA)
ကချင်ပြည်နယ်အတွင်း အစိုးရတပ်များနှင့် KIA အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်
ကချင်ပြည်နယ်အတွင်း ဒီဇင်ဘာလ ၂၃ ရက်နေ့မှ စတင်ပြီး စစ်ရေးအရှိန်
မြင့်လာခဲ့ပြီးနောက် ဒီဇင်ဘာလ ၂၅ ရက်နေ့ (ခရစ္စမတ်နေ့) နှင့် ဒီဇင်ဘာလ ၂၆
ရက်နေ့တို့ တွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပေါ် နေခဲ့ကြောင်း သိရပါသည်။
ဒီဇင်ဘာလ ၂၅ ရက်နေ့ (ခရစ္စမတ်နေ့) တွင် KIA ၏ ရှေ့တန်းစစ်မြေပြင် တပ်များအနေဖြင့် တိုက်ခိုက်ခြင်းမပြုရန် KIA ဘက်မှ ညွှန်ကြားမှုများ ရှိခဲ့သော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပေါ်နေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"ခရစ္စမတ်နေ့က ဖြစ်တာက ပန်ဝါဒေသမှာ ကျွန်တော်တို့ တပ်စခန်းကို အစိုးရတပ်ကနေပြီးတော့ လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်တာမျိုး ရှိတယ်။ နောက်ပြီးတော့ ဗဟိုဌာနချုပ်နဲ့ နီးတဲ့ လဂျားယန်ဒေသမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုး ရှိတယ်။ ဘွမ်ဆောဘွမ်မှာ မြေပြင်တိုက်ပွဲတွေ ရှိတယ်။ မြေပုံအနေနဲ့ ပြောရင်တော့ ပြောဖို့ခက်တယ်။ ဖြစ်တဲ့နေရာမှာ ရွာတွေတော့ ရှိတယ်။ နယ်ခြား မှတ်တိုင် ၆ အနီးတ၀ိုက်မှာ ဖြစ်တယ်။ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာတော့ လဂျားယန်ဘက်မှာ မနက် လေးနာရီကနေပြီး မွန်းတည့် ၁၂ နာရီလောက်အထိ လက်နက်ကြီးတွေ ဆက်တိုက်ပစ်တယ်။ မွန်းလွဲနှစ်နာရီလောက်မှာ ပစ်ခတ်မှုတွေ ပြန်လည် ဖြစ်ပွားတယ်”ဟု KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါသည်။
ခရစ္စမတ်နေ့နှင့် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပတ်သက်၍ ကချင်ပြည်နယ် အစိုးရ အဖွဲ့ဝင် အချို့နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ဆက်သွယ်ခဲ့သော်လည်း ပြန်လည် ဖြေကြားမည့်သူ မရှိခဲ့ပေ။
တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) တို့အကြား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်မှစတင်ကာ တိုက်ပွဲများ အရှိန်မြင့်လာခဲ့ခြင်း ဖြစ်သည်။ ဒီဇင်ဘာလ အတွင်း KIA နှင့် အစိုးရတပ်များ အကြား တိုက်ပွဲအကြီးအငယ် ၁၄၀ ခန့် ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
မြစ်ကြီးနား-ဗန်းမော်လမ်း ကြောင်းရှိ KIA တပ်များအားလုံး ဒီဇင်ဘာလ ၂၅ ရက် နောက်ဆုံးထား ရုပ်သိမ်းပေးရန် တပ်မတော်မှ KIA သို့ ဒီဇင်ဘာလ ၂၃ ရက်တွင် အကြောင်းကြားခဲ့ပြီး အဆိုပါ အကြောင်းကြားစာကို KIA မှ ကန့်ကွက်ခဲ့သည်။ တပ်မတော် အနေဖြင့် လဂျားယန်တပ်စခန်းအတွက် အုပ်ချုပ်မှု ကိစ္စများ ဆောင်ရွက်ရန် အဆိုပါလမ်းကြောင်းအတိုင်း တပ်များ ၀င်ရောက်ရန် ရှိကြောင်း၊ ထို့ကြောင့်လမ်းတစ်လျှောက်ရှိ KIA တပ်များ အားလုံးကို ဒီဇင်ဘာလ ၂၅ ရက်နေ့ နောက်ဆုံးထား၍ နောက်ဆုတ်ပေးရေးကို သတိပေးကြောင်း တပ်မတော်မှ KIA သို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် ဒီဇင်ဘာလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် မြစ်ကြီးနားနှင့် ၀ိုင်းမော်ကို လျှပ်စစ်ဓာတ်အားပေးနေသော တဘတ်ယန်ကျေးရွာအနီးရှိ မလိရေအားလျှပ်စစ်ရုံ အစိတ်အပိုင်း အချို့ ပျက်စီးသွားပြီး လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပေါ်နေ ပါသည်။ မလိ ရေအားလျှပ်စစ် စက်ရုံသည် KIO မှ ပိုင်ဆိုင်သော ရေးအားလျှပ်စစ် စက်ရုံဖြစ်ပါသည်။

ထန်းတပင်မြို့နယ်မှာ သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း ပိုက်ပေါက် မီးလောင်လျှက်ရှိ
ထန်းတပင်မြို့ နယ် ကို ဖြတ်သွားတဲ့ ဓါတ်ငွေ့ ပိုက်လိုင်း တနေရာအားတွေ့ ရစဉ် |
ပိုက်ပေါက်ပြီး ---
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် အတွက် သရုပ်ဆောင်၂၁ဦး ရွေးချယ်မည်

ဆူပူမူ ထပ်မံ ဖြစ်ပွား လိုသူများ တိုက်ခိုက်၍ ပေါက်တောတွင် ရခိုင်လူငယ် (၂) ဦး ဒဏ်ရာရ
ပေါက်တောမြို့ မြင်ကွင်း (ဓါတ်ပုံ- နိရဉ္စရာ) |
ဒဏ်ရာ ရရှိသွားသူများမှာ စိုင်းတုတ်ကျေးရွာမှ မောင်တင်အောင်မြင့်(ဘ)ဦးစံရွှေလှ (၂၅) နှစ် နှင့် မောင်ကျော်သန်းစိုး (ဘ) မောင်ကျော်သောင်း (၂၄) နှစ်တို့ ဖြစ်ကြသည်။
ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ဒေသခံ တစ်ဦးက ယခုလို ပြောကြားသည်။
“ သူတို့နှစ်ဦးက ဒီနေ့မနက်က အသပြာကျွန်းမှာ ကဏန်းပုံးတွေနဲ့ ကဏန်းထောင်နေစဉ်မှာ အဲဒီ အနီး အနားမှာ ရှိတဲ့ ငှက်ချောင်းကုလားရွာက မွတ်ဆလင်တွေက ဓါးနဲ့ လာရောက် တိုက်ခိုက်ပါတယ်။ တိုက်ခိုက်ပြီး ခုတ်သတ်မလို့ လုပ်နေစဉ်မှာ ရခိုင်ရွာသားတွေ သတင်းရပြီး လိုက်သွားတဲ့ အခါ အသပြာကျွန်းနဲ့ တဖက် တကမ်း သရက်အုပ်မှာ ကြိုးနဲ့ တုတ်ပြီး ပစ်ထားကာ မွတ်ဆလင်တွေက ထွက်ပြေးသွားကြပါတယ်။ နောက်နစက တပ်ဖွဲ့ နဲ့ ရွာသားတွေ သွားရှာတော့ သူတို့ကို ပြန်တွေ့ပြီး အခု ပေါက်တောမြို့နယ် ဆေးရုံကို ယူလာပါတယ်” ဟု ပြောသည်။
တိုက်ခိုက်ခံရသူ နှစ်ဦးတွင် မောင်တင်အောင်မြင့် သေဆုံးသွားကြောင်း သတင်းထွက်ပေါ်နေသဖြင့် RNDP ပေါက်တောမြို့နယ်ရုံးကို ဆက်သွယ်မေးမြန်းရာ သေဆုံးသွားသည်မှာ မဟုတ်မှန်ကြောင်းနှင့် ယခုအခါ သူတို့ နှစ်ဦးစလုံးကို စက်လှေဖြင့် ပေါက်တော ဆေးရုံသို့ ယူဆောင်လာကြောင်း ပြောသည်။
“ မောင်တင်အောင်မြင့်က မသေပါ။ မျက်နာနဲ့ လက်မောင်းမှာ ဓါးဒဏ်ရာ ရပါတယ်။ မောင်ကျော်သန်းစိုးက ဦးခေါင်းမှာ ဒဏ်ရာ ရပါတယ်။ အခု သူတို့ကို ပေါက်တောကို ယူလာပါပြီ” ဟု ပြောသည်။
အဆိုပါ သတင်းနှင့် ပတ်သက်ပြီး ပေါက်တော ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူ တစ်ဦးက ပြဿနာ ဖြစ်ပွားခြင်းမှာ ဟုတ်မှန်ကြောင်း ပြောကြားသော်လည်း နည်းနည်းပါးပါး ဖြစ်တာပါဟု ဆိုသည်။
“ အခု ပြဿနာ ဖြစ်ပွားတဲ့ နေရာကို တာဝန်ရှိသူတွေ လိုက်သွားပါပြီ။ ကောင်လေး နှစ်ယောက်ကတော့ နယ်မြေခံ နစက တပ်ဖွဲ့ဆီကို ရောက်သွားပါပြီ။ နည်းနည်းပါးပါး ဒဏ်ရာ ရတာပါ။ သေလောက်ထိတော့ မဟုတ်ပါဘူး” ဟု ဆိုသည်။
လွန်ခဲ့သော အပတ်ကလည်း စိုင်းတုတ်ကျေးရွာ အနီးတွင် ဓါးပြမူ တိုက်မူ တစ်ခု ဖြစ်ပွားခဲ့ပြီး ဓါးပြတိုက်ရာတွင် ပါဝင်သူ မွတ်ဆလင် (၄) ဦးကို ရဲက သက်သေခံ အထောက်အထားများနှင့် အတူ ဖမ်းဆီးမိခဲ့သည်ဟု သိရသည်။
နိရဉ္စရာ
ဘီလျံနာသူဌေး ဂျော့ဆိုးရော့စ်နှင့် ၈၈ မျိုးဆက် ရန်ကုန်၌ တွေ့ဆုံမည်
![]() |
ဘီလျံနာ သူဌေး ဂျော့ဆိုးရော့စ် |
မျက်ရည်စများကို သုတ်ပေးတော့မည့် ဝိုင်းစုခိုင်သိန်း
၂၄.၁၂.၂၀၁၂ ရက်နေ့ နံနက် (၁၂း၀၀) နာရီအချိန်ခန့်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ် အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ သရုပ်ဆောင်/အဆိုတော် ဝိုင်းစုခိုင်သိန်းသည် မိဘနှင့်အတူလာရောက်၍ သူမ၏ ချွေးနည်းစာ အနုပညာကြေးများထဲမှ မိမိမွေးနေ့ အမှတ်တရအဖြစ် အလှူငွေကျပ် (၁ဝ) သိန်းအား နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှုကူညီရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် လာရောက်လှူဒါန်းခဲ့လေသည်။ သရုပ်ဆောင်/အဆိုတော် ဝိုင်းစု ခိုင်သိန်းနှင့် မိသားစုအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အသင်းသားများမှ
အသင်း၏ လုပ်ငန်းဆောင်တာများအား လိုက်လံရှင်းပြကာ မုဒိတာပွားစေခဲ့ပါသည်။
ယင်းနောက် ဥက္ကဋ္ဌ ဦးကျော်သူမှ သုခပညာဒါန စာသင်ခန်းများ၊ သုခအလင်း စာကြည့်တိုက်နှင့် သုခကုသိုလ်ဖြစ်ဆေးခန်းတို့ တွင် ဆေးကုသမှုဆိုင်ရာ ဆေးကုသခန်းများအား လေ့လာမုဒိတာပွားစေခဲ့သည်။ ယခု သရုပ်ဆောင်/ အဆိုတော် ဝိုင်းစုခိုင်သိန်း လှူဒါန်းသောအလှူငွေများကို နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှုကူညီရေး လုပ်ငန်းများတွင် အကျိုးရှိစွာ အသုံးပြုသွားမည်ဖြစ်ပြီး နာရေးအတွက် သောကမျက်ရည် ဝေနေကြသော အများပြည်သူတို့၏ အပူမီးများအား ငြိမ်းအေးစေမည်ဖြစ်သလို ကျန်းမာရေးချို့ယွင်းနေသော ပြည်သူလူထု တို့အတွက်လည်း ကျန်းမာသန်စွမ်းစေသော အထောက်အကူတစ်ခုဖြစ်စေကာ အနာဂတ်မျိုးဆက်သစ် လူငယ်များအတွက် ပညာတတ်မျိုးဆက်သစ်များ ပေါ်ထွက်လာစေသော အထောက်အပံ့ကောင်းတစ်ခု ဖြစ်ပေါ်လာစေခဲ့ပြီ ဖြစ်တော့သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် တချိန်တခါက အနုပညာ ညီအကိုမောင်နှမများမှ ယခုတိုင်းပြည် ပြန်လည်ထူထောင်ရေးကာလတွင် ဦးကျော်သူ လုပ်ကိုင်နေသော အများအကျိုးသယ်ပိုးဆောင်ရွက်ပေးနေသော အသင်းအဖွဲ့ကြီးအား တစ်နိုင်တစ်ပိုင် လုပ်အား၊ ဥာဏ်အား၊ အလှူငွေတို့ဖြင့် လာရောက်ပူးပေါင်းဆောင်ရွက်မှုများသည် အလွန်တရာမှ မြင့်မြတ်လှသော ကောင်းမှုကြီးဖြစ်ပေသည်။
ထို့ကြောင့် ပြည်သူတို့၏ သောကအပူမျက်ရည်များအား တစိတ်တပိုင်း ငြိမ်းအေးစေရန် ကူညီဖေးမချွေးသိပ် ကူညီပေးခဲ့သည့် ပြည်သူချစ်သော အနုပညာရှင် သရုပ်ဆောင်/အဆိုတော် ဝိုင်းစုခိုင်သိန်း ၏ အနုပညာလမ်းခရီးတလျှောက် ပိုမိုတိုးတက် အောင်မြင်ပါစေ ကြောင်းနှင့် ပြည်သူလူထုအား ပိုမိုပေးဆပ်နိုင်ပါစေကြောင်း အများပြည်သူကိုယ်စား မေတ္တာပို့သကာ မုဒိတာပွား လိုက်ရပါသည်။ အထူးအားဖြင့် ဆင်းရဲနွမ်းပါးပြီး သောကအပူများဖြင့် ပြည့်နှက်နေကြသော ပြည်သူလူထုတို့၏ မျက်ရည်စများကို ပြည်သူချစ်သော ဝိုင်းစုခိုင်သိန်း အစဉ်ထာဝရ အနုပညာ လက်ဝါး ပြင်နှင့် သုတ်ပေးနိုင်ပါစေကြောင်း မေတ္တာပို့သလိုက်ရပါသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)
ဒေါင်းမာန်ဟုန် မှတဆင့်
ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖြစ်ထွန်းတိုးတက်စေရေး လာဘ်ပေးလာဘ်ယူမှုများအား ထိထိရောက်ရောက် တားဆီးထိန်းသိမ်းရန် နိုင်ငံတော်သမ္မတ ပြောကြား
Photo-http://www.president-office.gov.mm/zg/ |
နိုင်ငံတော်သမ္မတက ဒီဇင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၌ ပြုလုပ်ခဲ့သည့် အစိုးရဌာနအဖွဲ့အစည်းများ၏ စီမံအုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများအား လမ်းညွှန်မိန့်ကြားသည့် အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “နိုင်ငံတကာက မြန်မာနိုင်ငံအပေါ်မှာ ကောင်းမွန်သော အုပ်ချုပ်မှု ရှိမရှိ တိုင်းတာသောစံများအရ များစွာအားနည်းနေသေးတာကို တွေ့ရှိရပါတယ်။ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖြစ်ထွန်းတိုးတက်အောင် ဆောက်ရွက်ရမယ့်အချက်များနှင့် လာဘ်ပေးလာဘ်ယူမှုတွေကို ထိထိရောက်ရောက် တားဆီးထိန်းသိမ်းကြဖို့ မှာကြားလိုပါတယ်” ဟု ပြောကြားခဲ့ပါသည်။
ယင်းသို့လာဘ်ပေးလာဘ်ယူမှုများ တားဆီးထိန်းသိမ်းရာတွင် လာဘ်ပေးသူရော လာဘ်ယူသူပါ တာဝန်ရှိတဲ့အလျောက် အမျိုးသားအကျင့်စာရိတ္တ မထိခိုက်အောင် ပြည်သူများ အားလုံးပါဝင်ထိန်းသိမ်းပေးကြပါလို့ ပန်ကြားလိုပါကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းတွင် ပြည်သူဘဏ္ဍာများကို ရယူပြီး ပြည်သူ့ဝန်ကို ထမ်းဆောင်ကြတဲ့ နိုင်ငံ့ဝန်ထမ်း နိုင်ငံသားကောင်းများအနေနဲ့ အမျိုးသားရေးစိတ်ဓာတ်နဲ့ တစ်ဦးချင်းတစ်ဌာနချင်း ကောင်းအောင် ပြုပြင်ဆောင်ရွက်သွားကြပြီး တိုင်းပြည်နဲ့လူမျိုးရဲ့ ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း ပါဝင်သည်။
“အုပ်ချုပ်ရေးယန္တရားတစ်ခုလုံး ပြန်လည်ကောင်းမွန်အောင် စိတ်ဓာတ်ကောင်းကောင်း စည်းကမ်းကောင်းကောင်းနဲ့ နိုင်ငံ့အကျိုး ပြည်သူ့အကျိုးကို စေတနာကောင်းကောင်းနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်ရှိတဲ့ သန့်ရှင်းတဲ့ အစိုးရဖြစ်အောင် ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်” လည်း နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများအား လမ်းညွှန်ခဲ့သည်။
“ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ ကျွန်တော်တို့အစိုးရ အဖွဲအစည်းအနေနဲ့ရော၊ ပြည်သူများရဲ့အခွန်ဘဏ္ဍာနဲ့ ပြည်သူ့ဝန်ကို ထမ်းဆောင်နေကြတဲ့ နိုင်ငံဝန်ထမ်းအားလုံးကို ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ရှိတဲ့ သန့်ရှင်းတဲ့အစိုးရ (Good Government, Clean Government) ဖြစ်အောင် ကြိုးပမ်းပြီး နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ လူမှုရေးကိစ္စအ၀၀မှာ ပြည်သူလူထုအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြဖို့ မှာကြားတိုက်တွန်းခဲ့ပြီး ဖြစ်ပါတယ်” ဟုလည်း နိုင်ငံတော်သမ္မတက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
အထောက်အထားမဲ့လုပ်သား နှစ်သန်းခန့်ကို ယာယီမြန်မာနိုင်ငံကူးလက်မှတ်များ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရ
အထောက်အထားမဲ့လုပ်သား နှစ်သန်းခန့်ကို ယာယီမြန်မာနိုင်ငံကူးလက်မှတ်များ
ဆက်လက်ထုတ်ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး Stateless ဖြစ်နေသည့်
ကလေးများကို မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားများ ထုတ်ပေးနိုင်ရန်
ဆောင်ရွက်နေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားခဲ့သည်။
“အထောက်အထားမဲ့ သွားရောက်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမား ၁ ဒသမ ၂ သန်းကျော်ကို ယာယီမြန်မာနိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးထားပြီး ဖြစ်ပါတယ်။ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေမှာ ကျန်ရှိနေသေးတဲ့ လုပ်သားနှစ်သန်းခန့်ကိုလည်း ဆက်လက်ထုတ်ပေးနိုင်ဖို့ သက်ဆိုင်ရာနိုင်ငံတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးတွေဟာ Stateless ဖြစ်နေတဲ့အတွက် အဲဒီကလေးတွေကိုလည်း မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထား ထုတ်ပေးဖို့နဲ့ ကလေးတွေ ပညာသင်နိုင်ဖို့ကိစ္စတွေကို အကူအညီပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ထိုင်းနိုင်ငံသို့ တရားဝင်စေလွှတ်ခဲ့သည့် အလုပ်သမားပေါင်း ၄၀၀၀၀ ကျော်ရှိပြီး မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် အထောက်အထားမဲ့ လုပ်သား ၁၀၁၀၀၀ ကျော်ကို မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးခဲ့ပြီး ကျန်ရှိနေသည့် အထောက်အထားမဲ့လုပ်သား တစ်သိန်းခန့်ကို ဆက်လက်ထုတ်ပေးနိုင်ရန် ဆောင်ရွက်နေသည်။
“အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ရရှိဖို့နဲ့ အခက်အခဲတွေ ဖြေရှင်းပေးနိုင်ဖို့ ထိုင်း၊ ကိုရီးယားနဲ့ မလေးရှားနိုင်ငံတွေမှာ အလုပ်သမား သံအရာရှိတွေ ခန့်ထားပြီး ရွှေ့ပြောင်းအလုပ်သမားတွေကို ကာကွယ်ပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ပြည်ပမှာ သွားရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေကို ကူညီစောင့်ရှောက်နိုင်ဖို့အတွက် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီအသင်းကိုလည်း ဖွဲ့စည်းဆောင်ရွက်နေပြီ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ရွှေ့ပြောင်းအလုပ်သမားကိစ္စများကို IOM နှင့်ပူးပေါင်းဆောင်ရွက်နေပြီး ပြည်ပရောက်အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်နိုင်ရန်အတွက် ဆောင်ရွက်နေကြောင်း၊ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှစ၍ ပြည်ပနိုင်ငံများသို့ မြန်မာအမျိုးသမီး အလုပ်သမားများကို စေလွှတ်ခဲ့ပြီး အလုပ်သမားအများဆုံး သွားရောက်လုပ်ကိုင်သည့် နိုင်ငံများမှာ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန်နိုင်ငံနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများ အပါအ၀င် နိုင်ငံပေါင်း ၁၅ နိုင်ငံရှိကြောင်း သိရပါသည်။

အငြင်းပွား ကျွန်းအနီး ဂျပန် တိုက်လေယာဉ်တွေစေလွှတ်
တရုတ်နိုင်ငံက ရေကြောင်းဆိုင်ရာ ထောက်လှမ်းရေး လေယာဉ်တစင်း ပျံသန်းနေတာကို ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့မှ ရိုက်ကူးထားသည့် မှတ်တမ်းပုံ။ |
ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ အရှေ့တရုတ် ပင်လယ်ပြင်တွင်း ဂျပန်နိုင်ငံက တိုက်လေယာဉ်တွေ စေလွှတ်ခဲ့တဲ့နောက် တရုတ်နိုင်ငံက အရေးပေါ် တပ်လှန့်ထားကြောင်း ပြောဆိုလိုက်ပါတယ်။ အချေအတင် ဖြစ်နေရတဲ့ ကျွန်းစုတွေ ရှိရာအနီး တရုတ်နိုင်ငံက ရေကြောင်းဆိုင်ရာ ထောက်လှမ်းရေး လေယာဉ်တစင်း ပျံသန်းနေတာကို သိရတဲ့အတွက် F-15 တိုက်လေယာဉ်တွေ စေလွှတ်ခဲ့တာလို့ ဂျပန်နိုင်ငံက သတင်းတွေက ဖော်ပြခဲ့ကြတာပါ။
ဂျပန်နိုင်ငံက တိုက်လေယာဉ်တွေ စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အေါ်မှာတော့ တရုတ်နိုင်ငံက အနီးကပ် စောင့်ကြည့်သွားမှာ ဖြစ်တဲ့ အကြောင်းကိုတော့ အင်္ဂါနေ့မှာပဲ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး Hua Chunying က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ထောက်လှမ်းရေး လေယာဉ်ကတော့ လုပ်ရိုးလုပ်စဉ် ကင်းထောက်တာသာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့တာပါ။
ဂျပန်နိုင်ငံ ကာကွယ်ရေး ၀န်ကြီးဌာန တာဝန်ရှိသူတွေကတော့ တရုတ်နိုင်ငံရဲ့ ပင်လယ်ပြင်ဆိုင်ရာ စောင့်ကြပ် ကြည့်ရှုရေးဌာနက Y-12 အမျိုးအစား လေယာဉ်ကို အငြင်းပွားနေတဲ့ ကျွန်းစုတွေရဲ့ မြောက်ဖက် မိုင် ၆၀ ကျော်လောက်မှာ တွေ့ရှိခဲ့ရတယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း ဂျပန်နိုင်ငံက တိုက်လေယာဉ်တွေ စေလွှတ်နေချိန်မှာပဲ တရုတ်ထောက်လှမ်းရေးလေယာဉ် ဒေသတွင်းက ပြန်ထွက် သွားခဲ့တယ်လို့ ပြောပါတယ်။
ဂျပန်နိုင်ငံက Senkaku လို့ခေါ်ပြီး တရုတ်နိုင်ငံက Diaoyu လို့ခေါ်တဲ့ ကျွန်းတွေ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ အတွက်လည်း တရုတ်နဲ့ ဂျပန် ၂ နိုင်ငံကြား တင်းမာမှုတွေ ကြီးထွားနေတာလည်း ဖြစ်ပါတယ်။
။ VOA