by FNG on June 16, 2012
ယနေ့ နံနက် အစောပိုင်းက ရန်ကုန် တိုင်းဗဟန်း မြို့ နယ် ကုက္ကိုင်းလမ်းဆုံ နှင့် တက္ကသိုလ်ရိပ်သာ
လမ်းမီးပွိုင့် ကြား ကမ္ဘာအေး ဘုရားလမ်းပေါ် ရှိ အစ္စလာမ် ဘာသာဝင် ပလီ အရှေ့တွင် မော်တော်
ကားတစ်စီး ဖြင့် တိုက်ခိုက်ရေးတွင် အထူးလေ့ကျင့်ထား သည်ဟုယူဆရသော
အရွယ်တူသန်မာ ဖြတ်လတ်သော သူ လူ ၅၀ ခန့်အား ချပြီး အချိန်ကိုက်ပြန်လာခေါ်သွားကြောင်း
သိရှိရပါသည်။ အဆိုပါ အကြမ်းဖက်သမားများသည် ပလီ၏ ဆိုင်းဘုတ်နှင့် မျက်နှာစာ
အုတ်နံရံအချို့အားဖျက်စီးခဲ့ကြောင်းပလီပတ်ဝန်းကျင်ရှိ ရှေးဟောင်းပစ္စည်းရောင်းသော
ဆိုင်တစ်ဆိုင် အပါအ၀င် ဆိုင် ၃ ဆိုင်အားဝင်ရောက်ဖျက်စီးခဲ့ကြောင်း FNG မှ သတင်းရရှိသည်။
”အဲဒီလာဖျက်စီးတဲ့သူတွေက သာမာန် အရပ်သားတွေနဲ့ မတူဘူး အတော်လေးကို စနစ်တကျ
လေ့ကျင့်ထားတဲ့သူတွေနဲ့တူတယ် အမိန့်တစ်ခုအောက်မှာ ၀ုန်းကနဲ့ရောက်လာပြီး ဖျက်ကြ
တယ်ပြီးတော့ ချက်ခြင်း အချိန်ကိုက်လာခေါ်တဲ့ကားပေါ်ကိုတက်ပြေးသွားကြတယ်ဟု
အရပ်အမောင်းတွေက ကောင်းတယ် တညီတည်းပဲ တော်တော်စနစ်တကျ လာဖျက်သွားတာ”
ဟု ပလီပတ်ဝန်းကျင်တွင်နေထိုင်သူ မှ ပြောသည်။