Pages

Saturday, May 11, 2013

ထိုင်း-မြန်မာ ထီးခီး နယ်စပ်ဂိတ် တရားဝင် ဖွင့်လှစ်လိုက်ပြီ

တနင်္သရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို  မှ အမှာစကားပြောကြားစဉ်။ ဓာတ်ပုံ-ထားဝယ်မြို့တော်
  နှစ်နိုင်ငံ ကုန်သွယ်မှု ပိုမိုမြင့်မားလာစေရန်နှင့် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း အလုပ်သမား များ လွယ်ကူစွာ သွားလာနိုင်ကြရန် တနင်္သာရီတိုင်း မေတ္တာ မြို့နယ်ခွဲနှင့် ထိုင်းနိုင်ငံ ကန်ချနပူရီ ခရိုင် ဗာန်းဖူးနာမ်းရွန်းရွာ အနီးရှိ ထီးခီး နယ်စပ်ဂိတ်ကို မေလ ၁၁ ရက်နေ့ နံနက်က ဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်၍ ဖွင့်လှစ်လိုက်သည်။
“ဒီလမ်းကြောင်းက တရားဝင် အခုမှ ကျနော်တို့ဘက်က စဖွင့်တာ။ ကျနော်တို့ မြန်မာ ဘက်ခြမ်းက ရုံးအဆောက်အဦတွေ အားလုံး ဆောက်လုပ်ထားပြီးပါပြီ” ဟု နိုင်ငံခြားသို့ မြန်မာ လုပ်သားများ တင်ပို့မှု လုပ်ဆောင်နေသည့် Today Top Star ကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်ခိုင် က မဇ္ဈိမကို ပြောသည်။
ယနေ့ ဖွင့်ပွဲ အခမ်းအနားသို့ ထိုင်းနိုင်ငံ ဘက်မှမူ ကန်ချနပူရီ ခရိုင်ဝန်နှင့် ခရိုင်ကုန်သည်ကြီးများ အသင်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသော်လည်း ထိုင်းနိုင်ငံ ဘက်ကမူ ယင်းဂိတ်အား ဇူလိုင်လ ၁ ရက်နေ့ မှသာ တရားဝင် ဖွင့်လှစ်ရန် စီစဉ်ထားသည်ဟု ဆိုသည်။

ထိုဂိတ်သည် ဗန်ကောက်မှ ကီလိုမီတာ ၇၀ ကျော် ကွာဝေးကာ ထားဝယ်မြို့နှင့် ကီလို မီတာ ၁၆၀ ကျော် ကွာဝေးသည်။

ထိုလမ်းကြောင်း တရားဝင် ဖွင့်လှစ်လိုက်ခြင်းဖြင့် တနင်္သာရီတိုင်းထွက် ရေလုပ်ငန်း ပို့ကုန်များ ထိုင်းသို့ လွယ်ကူစွာ တင်ပို့နိုင်တော့မည် ဖြစ်သလို ထိုင်းနိုင်ငံ ဘက်မှလည်း ဆောက်လုပ်ရေး ပစ္စည်းများ တင်ပို့နိုင်ကြရန် ပြင်ဆက်လျက် ရှိကြောင်းလည်း ဦးအောင်ခိုင် က ပြောသည်။

ထီးခီး ဂိတ်သည် ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်နေသည့် ထားဝယ် ရေနက် ဆိပ်ကမ်းသို့ သွားရောက်နိုင် သည့် အလွယ်ကူဆုံး လမ်းကြောင်း တခုလည်း ဖြစ်သည့် အပြင် ဘန်ကောက် မဟာချိုင် ဒေသရှိ မြန်မာ့
ရွှေ့ပြောင်း အလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်ရန်အတွက် သွားလာရန် လွယ်ကူသော လမ်းကြောင်းတခု
ဖြစ်လာနိုင်ဖွယ်ရှိကြောင်း “ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားများ ကူညီစောင့်ရှောက်ရေးအဖွဲ့” ၏ အဖွဲ့ဝင် တဦးလည်း ဖြစ်သည့် ဦးအောင်ခိုင် က ပြောသည်။

ယာယီ နယ်စပ် ဖြတ်ကျော်ခွင့် လက်မှတ်များလည်း ထုတ်ပေးမည်ဖြစ်ကာ ဒေသခံများလည်း အပြန်အလှန် ကူးလူး သွားလာနိုင်ကြတော့မည် ဖြစ်ပြီး ရက်ပေါင်း မည်မျှကြာ နေထိုင်ခွင့် ရမည်ကိုမူ ထပ်မံ၍ အသိပေးသွားမည်ဟု ဦးအောင်ခိုင် က ဆိုသည်။

လက်ရှိတွင် ထိုင်း-မြန်မာ နယ်စပ်ဂိတ် ၆ ခုရှိပြီး ၎င်းတို့မှာ တာချီလိတ်၊ မြဝတီ၊ ဘုရားသုံးဆူ၊ မောတောင်၊ ထီးခီး၊ ကော့သောင်း နယ်စပ် ဂိတ်တို့ ဖြစ်ကြသည်။

၂၀၁၁-၂၀၁၂ ခုနှစ်၌ ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ ၃.၀၄၆ ဘီလီယံ ရှိကာ ၂၀၁၀-၂၀၁၁ ကမူ ၁.၉ ဘီလီယံ ရှိခဲ့၍ ၆၀ ရာခိုင်နှုန်း တိုးတက်လာကြောင်း တရားဝင် စာရင်းဇယား ထုတ်ပြန်ချက်များ၌ ဖော်ပြထားသည်။
သတင်း- ဟင်္သာနီ (မွန်မြေ) (မဇ္ဈိမ)http://www.mizzimaburmese.com

အမ်းမြို့မှာဖမ်းမိတဲ့ သံဃာအယောင်ဆောင် ဘင်္ဂါလီတွေကို ရုံးတင်စစ်ဆေး

ပီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ ဖမ်းဆီးရမိခဲ့တဲ့ သံဃာအယောင်ဆောင်  မူဆလင် ၈ ဦးထဲက ၆ ဦးကို အမ်းမြို့နယ်တရားရုံးမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ရုံးတင်စစ်ဆေးနေပြီး ကျန် ၂ ဦးကိုလည်း ထပ်မံအရေးယူဆောင်ရွက်နေပြီလို့ သိရပါတယ်။
ကျန် ၂ ဦးကို တရားစွဲဆိုနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အမ်းမြို့နယ် လဝကဦးစီးမှူး ဦးအောင်ကျော်မြင့်က RFA ကို ဒီကနေ့ ပြောပါတယ်။

အခုထပ်မံတရားစွဲဆိုတဲ့ ၂ ဦးထဲက ၁ ဦးမှာ အစိုးရကထုတ်ပေးထားတဲ့ အဖြူရောင် ယာယီသက်သေခံလက်မှတ်ပါရှိတဲ့အတွက် လဝကဥပဒေအရ အရေးမယူပဲ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက အရေးယူတာဖြစ်တယ်လို့ အမ်းမြို့နယ် လဝကမှူး ဦးအောင်ကျော်မြင့်က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က အမ်းမြို့နယ်၊ ပဲပဒုံစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့တဲ့ သင်္ကန်းဝတ် သံဃာအယောင်ဆောင် မူဆလင် ၈ ဦးဟာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အလယ်ကျွန်းကျေးရွာနဲ့ ခေါင်းတုတ်ကျေးရွာတွေမှာ နေထိုင်တဲ့သူတွေဖြစ်ပြီး ရခိုင်ပြည်နယ်ကနေ ရန်ကုန်ဘက်ကို သွားရောက်ဖို့  CRW ကား အမျိုးအစားနဲ့ စီးနင်းလိုက်ပါလာစဉ် ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
သူတို့ကို စစ်ဆေးချက်အရ ရခိုင်ပြည်နယ်ကနေ ရန်ကုန်အရောက် ပွဲစားခ ကျပ်ငွေ ၁၅ သိန်းပေးဆောင်ပြီး သွားရောက်တာဖြစ်တယ်လို့ အမ်းမြို့နယ် လဝကမှူးက ဆိုပါတယ်။
RFA

ဆိုင်ကလုန်းမုန်တိုင်း MAHASEN ဖြစ်လာပြီ

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် မုန်တိုင်းငယ် 01B သည် ပိုမိုအားကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိကာ အပြည်ပြည်ဆိုင်ရာအမည် MAHASEN ဟု အမည်ပေးလိုက်ပြီဖြစ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း MAHASEN သည် မြန်မာနိုင်ငံ ပုသိမ်မြို့၏ အနောက်တောင်ဘက် ၆၈၅ မိုင်ခန့်၊
 ကျောက်ဖြူမြို့၏ တောင်-အနောက်တောင်ဘက် ၈၁၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်၊ ကိုလ်ကတ္တားမြို့ တောင်ဘက် မိုင် ၉၈ဝ ခန့်သို့ ရောက်ရှိဗဟိုပြုနေပြီး လက်ရှိနေရာမှ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းထားပါသည်။
ဆိုင်ကလုန်းမုန်တိုင်း MAHASEN သည် မေလ ၁၆ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃ဝ နာရီမတိုင်မီ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု
JTWC လမ်းကြောင်း ကြိုတင် ခန့်မှန်းချက်တွင် တွေ့ရပါသည်။
အိန္ဒိယနိုင်ငံ မိုးလေဝသဌာန ခန့်မှန်းချက်
The well marked low pressure area over southeast Bay of Bengal and neighbourhood has concentrated into a Depression over the same area at 1430 hours IST of yesterday the, 10th May 2013, within half a deg. of Lat. 5.0° N/Long. 92.0° E. It moved slightly northwards and further intensified into a Deep Depression and lay centred at 1730 hours IST of yesterday the, 10th May 2013 over southeast Bay of Bengal, within half a deg. of Lat. 5.5° N/Long.92.0° E, about 400 Kms south southwest of Car Nicobar and 1550 Kms southeast of Chennai. It moved northwestwards and further intensified into a Cyclonic Storm (MAHASEN) and lies centred at 0830 hours IST of today, the 11th May 2013 within half a deg. of Lat. 7.0° N/Long. 90.5° E, about 350 Kms southwest of Car Nicobar, 1300 Kms southeast of Chennai. The system would intensify further into a Severe Cyclonic Storm during next 24 hours. It would move initially northwestwards during next 36 hours and recurve thereafter northeastwards towards Bangla Desh-Myanmar coasts.

11MAY-1430-track
မေလ ၁၆ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃ဝ နာရီမတိုင်မီ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်မည့်လမ်းကြောင်းနှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းမြောက်ပိုင်း ဒေသအချို့အား ပုံတွင် တွေ့မြင်နိုင်ပါသည်
warning-5
JTWC Warning #5 (မြန်မာစံတော်ချိန် ၁၅၃ဝ နာရီ)
MMWeather Member's BLOG  မှ

မောင်တောမြို့မှ ရဲဝန်ထမ်း ၄ ဦး ယာဘားဆေးပြား ခြောက်သောင်း စာရင်းဖျောက်မူနှင့် ဖမ်းဆီးခံရ

ရခိုင်ပြည်နယ် မောင်တောမြို့ ရဲစခန်းမှ ရဲစခန်းမှူး တစ်ဦးနှင့်  ဒုရဲအုပ် တစ်ဦး အပါအ၀င် ရဲဝန်ထမ်း ၄ ဦးကို ယာဘားဆေးပြား ၆၀၀၀၀ စာရင်းဖျောက်မူနှင့် ဖမ်းဆီးလိုက်သည်ဟု သတင်း ရရှိသည်။
Maungdaw-gate 
 ဖမ်းဆီးခံရသည့် ရဲဝန်ထမ်း ၄ ဦးမှာ စခန်းမှူး ဦးသန်းတင့်၊ ဒုရဲအုပ် ဦးလှခင်၊ ဒုတပ်ကြပ် သန်းထွန်း၊ တပ်သား ထွန်းထွန်းနိုင်တို့ဖြစ်ကြသည်။
သူတို့ ၄ ဦးကို လွန်ခဲ့သည့် ကြာသားပတေးနေ့က ဖမ်းဆီးခဲ့သည်ဟု  အမည်အဖေါ်လိုသူ ရဲအဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
“ မောင်တောမှာ မြို့နယ်မှူး ထက်ကြီးတဲ့ အရာရှိ တစ်ယောက် ရောက်နေတယ်။ သူက ထွန်းထွန်းနိုင် ဆိုတဲ့ ရဲသားကို ပထမဆုံး စစ်ဆေးနေတုန်း အိမ်သာတက်ချင်တယ်လို့ ပြောပြီး နောက်ဘက်က ကျော်ပြီး ထွက်ပြေးသွားတယ်။ သူက ၀ိမလရွာက ရိုးရိုးတပ်သားပါ။သူကို ကြာသားပတေး နေ့က ပြန်ဖမ်းမိ ပါတယ်” ဟု  သူက ပြောသည်။
ထွန်းထွန်းနိုင်အား ပြန်လည် ဖမ်းမိပြီး နောက်ပိုင်းတွင် စခန်းမှူး၊ ဒုရဲအုပ်နှင့် ဒုတပ်ကြပ်တို့ သုံးဦးတို့အား ဆက်လက် ဖမ်းဆီးခဲ့သည်ဟု သူက ဆိုသည်။
“ အထက် ညွန်ကြားချက်နဲ့ ချက်ချင်းဘဲ မောင်တော မူးယစ်တပ်ဖွဲ့ကနေ  ရဲစခန်းထဲမှာဘဲ ကြာသပတေးနေ့က ဖမ်းဆီးလိုက်ပါတယ်” ဟု သူက ဆိုသည်။
ရဲဝန်ထမ်း ၄ ဦးကို ယခုကဲ့သို့ ဖမ်းဆီးခြင်းမှာ မေလ ၅ ရက်နေ့က ယာဘား ဆေးပြား တစ်သိန်းနှစ်သောင်း ဖမ်းဆီးခံရမူနှင့် ဆက်စပ်နေကြောင်း သိရသည်။
မေလ ၅ ရက်နေ့က မောင်တောမြို့ အလိုတော်ပြည့်ကျောင်းတွင် ဘူးသီးတောင် ဒုံးချောင်းမှ လာရောက် တည်းခိုနေထိုင်သူ ဆရာတော် ဦးဥာဏုတ္တရ သက်တော် (၃၉) နှစ်နှင့် တခြား မူဆလင် အမျိုးသား နှစ်ဦးတို့ အပြင်ထွက်သွားစဉ် ကျောင်းထိုင်ဆရာတော်မှ မသင်္ကာ၍ ဦးဥာဏုတ္တရ၏ အခန်းထဲ ၀င်ရောက် ရှာဖွေရာ ယာဘားဆေးပြားများကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။
သို့အတွက် ဆရာတော်မှ မောင်တောရဲစခန်းသို့ ဖုံးဖြင့် အကြောင်းကြားရာ မောင်တော ရဲတပ်ဖွဲ့ဝင်များမှ တည်းခိုရာ အခန်းကို ၀င်ရောက် ရှာဖွေပြီး ယာဘာများကို သိမ်းဆည်းကာ  ရဟန်းတော် ဦးဥာဏုတ္တရနှင့် မူဆလင် နှစ်ဦးကို ကျောင်းထဲမှ စောင့်ဆိုင်း ဖမ်းဆီးခဲ့သည်။
၎င်းနောက်ပိုင်းတွင် မောင်တောစခန်းမှူးမှ တရားရုံးတွင် ယာဘားဆေးပြား ၆၀၀၀၀ သာ ဖမ်းဆီးမိခဲ့ကြောင်း တင်ပြသည်ဟု ဆိုသည်။
ဦးဥာဏုတ္တရမှ နောက်တစ်နေ့ ရုံးတင်စဉ် တရားရုံးတွင် သူတို့ယူလာသော ယာဘားဆေးပြားမှာ ၁၂၀၀၀၀ (တစ်သိန်းနှစ်သောင်း) ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု ဆိုသည်။
၎င်းနောက်ပိုင်းတွင်  ရဲဝန်ထမ်း ၄ ဦး ဖမ်းဆီးခံရခြင်း ဖြစ်သည်။
သူတို့ ၄ ဦးထဲမှ စခန်းမှူးနှင့် ဒုရဲအုပ်တို့အား မောင်တောရဲစခန်းမှ စစ်တွေသို့ မေလ ၉ ရက်နေ့က ယူဆောင်သွားကြောင်း သိရသည်။
ယခု ဖမ်းဆီးမိသော ယာဘားဆေးပြား တန်ဖိုးသည် သိန်းပေါင်း ၃၆၀၀ ထိ တန်ဖိုးရှိသဖြင့် မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် အကြီးမားဆုံး ဖမ်းဆီးရရှိမူ ဖြစ်သည်။
ယခု ယာဘားဆေးပြား ခြောက်သောင်း ဖမ်းဆီးရမူကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှလည်း အတည်ပြုထားပြီး ဦးဥာဏုတ္တရ၏ ထွက်ဆိုချက်အတိုင်း အရေအတွက် တစ်သိန်း နှစ်သောင်း ဟုတ်မဟုတ်ကိုမူ တာဝန်ရှိသူများက ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။
မောင်အေး (နိရဉ္စရာ )

မိုးလေ၀သသတင်း(မုန်တိုင်းသတိပေးချက်)MRTV

 
May 11, 2013 3:50pm
မိုးလေ၀သသတင်း
မေ (၁၁) ရက်နေ့ မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန် တိုင်းထွာချက်အရာ ဘင်္ဂလားပင်လယ်အော် အရှေ့ တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း မဟာစင် (MAHASEN) အဖြစ်သို့ ရောက်ရှိခဲ့ပြီး ကော့သောင်းမြို့ (မြန်မာနိုင်ငံ) ၏ အနောက်တောင်ဘက် မိုင် (၅၁၀) ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး မုန်တိုင်း ဗဟိုချက်အနီးတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ မိုင် (၅၀) မှ မိုင် (၆၀) အထိ ရှိနိုင်ပါသည်။ မဟာစင် ဆိုင်ကလုန်းမုန်တိုင်းသည် နောက် (၂၄) နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ပြီး အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်သည်။
 
— at www.moi.gov.mm/mrtv.

စစ်တကောင်းနယ်၊ဗိုလ်မင်းထောင် ၁၇ ကြိမ်မြောက် ဗိုလ်မင်းသစ် တင်မြှောက်ပွဲ(ရုပ်သံ)


ဟံသာဝတီ နန်းပျက်သုန်းစဉ်က ရခိုင်ဘုရင်ထံ ဝင်ရောက်ခံစားပြီး ဗိုလ်မင်းထောင်ကို အပိုင်စားရတဲ့ မျိုးဆက်က ဘင်္ဂလားဒေ့ရှ်ကို ရောက်နေပါတယ်။

ဧရာဝတီ မှတင်ဆက်သည်။

ထားဝယ်(ထီးခီး)-,ယိုးဒယား နယ်စပ်ဂိတ်ဖွင့်ပွဲ (၁၁.၅.၂၀၁၃)(ဓာတ်ပုံ)

Photo: ထားဝယ်(ထီးခီး)နယ်စပ်ဂိတ်ဖွင့်ပွဲ (၁၁.၅.၂၀၁၃)
တနင်္သရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို  မှ အမှာစကားပြောကြားစဉ်

Photo: ထားဝယ်(ထီးခီး)နယ်စပ်ဂိတ်ဖွင့်ပွဲ (၁၁.၅.၂၀၁၃)

Photo: ထားဝယ်(ထီးခီး)နယ်စပ်ဂိတ်ဖွင့်ပွဲ (၁၁.၅.၂၀၁၃)

Photo: ထားဝယ်(ထီးခီး)နယ်စပ်ဂိတ်ဖွင့်ပွဲ (၁၁.၅.၂၀၁၃)

Photo: ထားဝယ်(ထီးခီး)နယ်စပ်ဂိတ်ဖွင့်ပွဲ (၁၁.၅.၂၀၁၃)

 





ထားဝယ်(ထီးခီး)နယ်စပ် ဂိတ်ဖွင့် ပွဲအပြီး ထားဝယ်စီးပွားရေးသမားများ ကန်ချနပူရီ ကိုသွားရောက်လည်ပတ်သလို ထိုင်းစီးပွားရေးသမား ၁၀၀ ကျော်လည်း ထားဝယ်မြို့ စတင်သွားရောက်နေပါကြောင်းသတင်းရရှိသည်။
သတင်းနှင့်ဓာတ်ပုံ --ထားဝယ်မြို့တော်(Facebook)

မြစ်ငယ်မြို့ မြို့မဗလီမှာ ငြိမ်းချမ်းလူ့အဖွဲ့အစည်းဖြစ်ပေါ်ရေး ဆွေးနွေး


 
 Saturday, May 11, 2013
ငြိမ်းချမ်းလူ့အဖွဲ့အစည်းဖြစ်ပေါ်ရေးအတွက်သြ၀ါဒပေး ဆွေးနွေးပွဲကို ဒီနေ့
မွန်းလွဲ ၂း၃၀ နာရီ က မြစ်ငယ်မြို့ မြို့မဗလီမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ မြစ်ငယ်မြို့အတွင်းရှိဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ အစ္စလာမ်၊ ခရစ်ယာန် စတဲ့ ဘာသာပေါင်းစုံ မြို့ခံလူထု (၁၀၀)ကျော်တက်ရောက်ခဲ့ပြီး
ပဋိပက္ခမဖြစ်ပွားအောင် ဘာသာရေး၊ လူမျိုးရေးကို ဦးမတည်ဘဲ ညှိနှိုင်းဆွေးနွေး
ကာကြိုတင်ကာကွယ်တားဆီးနိုင်ဖို့အတွက်စုပေါင်းလုပ်ဆောင်နိုင်ရေး ဆွေးနွေးခဲ့ပါတယ်။

''ဘာသာပေါင်းစုံဆိုတာ ကျွန်တော်တို့ မမွေးခင်ကတည်းကမြန်မာနိုင်ငံမှာ စုပေါင်းနေထိုင် လာခဲ့ကြတာ၊ ဒါကြောင့် ကျွန်တော်တို့ကလည်း ဘယ်ဘာ
သာ၊ဘယ်လူမျိုးမဆို မခွဲခြားဘဲ စုစည်းနေထိုင်နိုင်ရမယ်၊ ပြဿနာတစ်ခုခုဖြစ်
လာပြီဆိုရင် မကြီးထွာအောင်လုပ်ဖို့ကဘာသာတိုင်း အပြန်အလှန်ရင်းနှီးမှုနဲ့ ပူပေါင်းဖြေရှင်းမှ ရနိုင်တယ်''လို့ မန္တလေး ၈၈ကျောင်းသားဟောင်းကိုမြတ်ထွန်း
က ပြောပါတယ်။

ငြိမ်းချမ်းလူ့အဖွဲ့အစည်းဖြစ်ပေါ်ရေး သြ၀ါဒပေးဆွေးနွေးပွဲမှာကံတက်ကုန်းမ
စိုးရိမ်ကျောင်း တိုက်ဆရာတော် ဦးတေဇောဘာသက ဦးဆောင်ဆွေးနွေးခဲ့ပြီး မွတ်စလင်နဲ့ဗုဒ္ဓဘာသာဝင်တွေ အကြား ချစ်ကြည်စွာအတူယှဉ်တွဲနေထိုင်ရေး
ကိုထည့်သွင်းပြောကြားခဲ့ပါတယ်။ တောင်စလင်းကျောင်းတိုက်ဆရာတော်
ဦးတိက္ခ၊မြစ်ငယ်မြို့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်း (၅)ကျောင်းက ဆရာတော်တွေ၊ မြစ်ငယ်ဗလီ ဥက္ကဋ္ဌဦးမောင်မောင်၊ ၈၈ကျောင်းသားဟောင်း ကိုမြတ်ထွန်းနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုညီညီကျော်နဲ့ဒေသခံတွေ
တွေက ပဋိပက္ခတွေ မဖြစ်ပွားအောင် ကြိုတင်ကာကွယ် စုပေါင်းဖြေရှင်းနိုင်ရေး
တို့ကိုဆွေးနွေးခဲ့ကြပါတယ်။

Myanmar International News

မြန်မာ့လေကြောင်းလိုင်းက ချင်းမိုင် အပါအ၀င် ခရီးစဉ်တွေ တိုးချဲ့ပြေးဆွဲမယ်

 
ကမ္ဘာလှည့်ခရီးသွားတွေ ပိုမိုများပြားလာတာကြောင့် မြန်မာ့လေကြောင်းလိုင်းက ဆင်းသက်ရ လွယ်ကူတဲ့ ATR 72-600 အမျိုးအစား လေယာဉ်တွေ ၀ယ်ယူပြီး ပြုပြင်စရိတ်သက်သာပြီး စီးပွားရေး တွက်ခြေကိုက်တဲ့ Embraer လေယာဉ်တွေ ဆင်းသက်မရတဲ့ ကွင်းတွေမှာ အစားထိုး အသုံးပြု သွားဖို့ ရှိနေပါတယ်။ 


ဒီအပြင် မြန်မာ့လေကြောင်းလိုင်းအနေနဲ့  ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ချင်းမိုင်မြို့တွေကိုလည်း ပြေးဆွဲသွားဖို့ ရှိနေသလို တရုတ်၊ တရုတ် ( တိုင်ပေ)၊ ကိုရီးယား၊ ဂျပန် နိုင်ငံတွေကိုလည်း ဒီနှစ်ထဲမှာ ပြေးဆွဲသွားဖို့ စီစဉ်နေတယ် လို့လည်း သိရပါတယ်။

ဒီအတိုင်းဆိုရင်တော့  ချင်းမိုင်ကို ပျံသန်းပြေးဆွဲနေတဲ့  Air Pagan လေကြောင်းနဲ့ အပြိုင် နောက် ထပ် လေကြောင်းလိုင်း တခု တိုးလာတော့မှာဖြစ်ပါတယ်။

အခုလို မြန်မာ့လေကြောင်းလိုင်းရဲ့ တိုးချဲ့ပြေးဆွဲမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး မြန်မာ့လေကြောင်း ရုံးချုပ် မှာ မေလ ၉ ရက်နေ့က ၄င်းကိစ္စကို ပြောဆိုခဲ့တယ်လို့ ယနေ့ ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြထားပါ တယ်။ 

ဒီအပြင် မြန်မာ့လေ့ကြောင်းလိုင်းက ပြည်တွင်း လေကြောင်းမှာ ခရီးတို တွေလည်း အပေါ့စား စက်စနာ လေယာဉ်ငယ်တွေနဲ့ ပြေးဆွဲသွားဖို့ ရှိပါတယ်။
ဧရာဝတီ.. မှ

လက်ပန်တောင်းတောင်ဒေသနှင့် အမျိုးသားအကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးတာင်းဆိုဆန္ဒပြပွဲသို့ဖိတ်ကြားခြင်း

 
လက်ပန်တောင်းတောင် ဒေသခံရွာသားများသည် လက်ရှိနှင့်လက်ဟောင်း စစ်အုပ်စုတို့၏ အခြေပြု ဦးပိုင် ကုမ္ပဏီနှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့၏ မတရားခေါင်းပုံအမြတ်ထုတ်မှုနှင့် ရက်စက်နှိမ်နှင်းမှုတို့ကို ကာလ ကြာရှည်စွာခံစားနေရလေသည်။ စီးပွားရေးအရတရားမျှတမှုရှိအောင်မလုပ်ပေးနိုင်သော၊ နိုင်ငံတကာကုန် သွယ် မှုစည်းကမ်းများနှင့် လူ့အခွင့်အရေးများကို ချိုးဖောက်လေ့ရှိသောတရုတ်ကုတရုတ်ကုမ္ပဏီများနှင့်အ ခြားသောနိုင်ငံတကာကိုယ်ကျိုးရှာကုမ္ပဏီများကိုသာအကာအကွယ်ပေးထားသောလက်ရှိဗိုလ်သိန်းစိန်စစ် အုပ်စုနှင့်တရုတ်ကွန်မြူနစ်အာဏာရှင်အစိုးရတို့အားအောက်ပါအစီအစဉ်အတိုင်းဆန့်ကျင်ဆန္ဒပြမည်ဖြစ်ပါသဖြင့် ရပ်ဝေးရပ်နီးအသီးသီးမှ ဒီမိုကရေစီရေးလှုပ်ရှားသူးများနှင့်ပြည်သူလူထုအပေါင်းအားပူးပေါင်းပါဝင် ကြပါရန်လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်။

တောင်းဆိုချက်များ
(၁) ခရိုနီစီးပွားရေးစနစ်ကို(ဆန့်ကျင်ကြ)။ တရားမျှတမှုရှိတဲ့စီးပွားရေးစနစ်ကို (တည်ဆောက်ကြ)၂

(က)ကြေးနီစီမံကိန်းအတွက်ထုတ်ပြန်ထားသည့်ပုဒ်မ(၁၄၄)ရုတ်သိမ်းပေးရေး (ဒို့အရေး)၂
(ခ)ပွင့်လင်းမြင်သာမှူမရှိတဲ့ကြေးနီစီမံကိန်းလုံးဝဖျက်သိမ်းပေးရေး. (ဒို့အရေး)၂
(ဂ)သဘာဝပတ်ဝန်းကျင်မညစ်နွမ်းစေရေး. (ဒို့အရေး)၂
(ဃ)အာဏာပိုင်အကြမ်းဖက်သမားများကိုအရေးယူပေးရေး. (ဒို့အရေး)၂

(၂)အကြမ်းဖက်စီးပွားရေးစနစ်ကိုစနစ်ကို(ဆန့်ကျင်ကြ)၂ အမျိုးသားအကျိုးစီးပွားကို(ကာကွယ်ကြ)၂

(က)ကြေးနီစီမံကိန်းကြောင့်မတရားဖမ်းဆီးခံထားရသူများကိုချက်ခြင်းလွတ်. (ချက်ခြင်းလွတ်)၂
(ခ)လက်ပန်တောင်းပြည်များရဲ့ဆန္ဒကိုအသိအမှတ်ပြု. ( အသိအမှတ်ပြု)၂
(ဂ)ဖမ်းဝရမ်းထုတ်ခြိမ်းခြောက်မှူတွေချက်ခြင်းရပ်. (ချက်ခြင်းရပ်)၂
(ဃ)ဦးပိုင်၊ဝမ်ဘောင်ကုမ္ပဏီအလိုမရှိ. (အလိုမရှိ)၂

(၃)အတုအယောင်ဒီမိုကရေစီ (အလိုမရှိ)၂
(၄)အမျိုးသားအကျိုးစီးပွားကိုအကာအကွယ်မပေးသော လုံခြုံရေးယန္တရား (ဖျက်သိမ်းကြ)၂
(၅)စစ်အာဏာရှင်စနစ်အမြစ်ပြတ် (ချေမှုန်းကြ)၂
(၆)စစ်မှန်သောဒီမိုကရေစီ (အောင်ရမည်)၂

နေရာ(၁)။ ။မြန်မာစစ်သံရုံးရှေ့ 2300 S St NW Washington, DC 20008
အချိန်။ ။နေ့လည် (၁)နာရီမှ(၁း၃၀)နာရီ

နေရာ(၂)။ ။တရုတ်ကွန်မြူနစ်အာဏာရှင်သံရုံးရှေ့3505 International Place, N.W.Washington, D.C. 20008 U.S.A.
အချိန်။ ။နေ့လည် (၂း၃၀)နာရီမှ(၃း၀၀)နာရီ

နေရာ(၃)။ ။ အမေရိကန်သမ္မတအိမ်ဖြူတော်ရှေ့(၀ါရှင်တန်ဒီစီ) (Lafayette Park): (at the corner of 16th Street, N.W.& H Street, N.W., one block from Farragut West metro station on Orange/Blue Line and Farragut North metro station on Red Line)
အချိန်။ ။နေလည်(၄း၀၀)နာရီမှ(၄း၃၀)နာရီ

နေရက်။ ။မေလ(၁၁)ရက်နေ့၊ ၂၀၁၃ခုနှစ်

ဆက်သွယ်ရန်။ ။ ကိုရဲထွဋ်(၁၃၄၇၂၂၆၀၅၇၂)၊ ဦးထွန်းဝင်း(၁၉၉၀-မင်းပြားလွှတ်တော်အမတ်- ၁၉၁၉-၅၀၀-၀၄၉၄)၊
ကိုအောင်သန်း(၁၉၁၉-၂၄၀-၉၃၈၃)၊ ဒေါက်တာခင်စိန် (၁၉၁၉၉၂၃၁၉၆၁)၊ ကိုမင်းနိုင် (၁၇၁၆၅၄၄၁၁၇၂) နှင့်IFBNCအမှုဆောင်များ။

အလုပ်အမှူဆောင်အဖွဲ့
နိုင်ငံတကာမြန်မာအမျိုးသားကွန်ဂရက်ဖောင်ဒေးရှင်း
International Foundation for Burma National Congress (IFBNC)
ifbncexecutive@gmail.com / http://www.ifbnc.org/ , http://www.ifbnc.org/bur
ဒေါင်းမာန်ဟုန်  ..မှ

အာကာသစခန်းထဲမှာ အမိုးနီးယားယိုစိမ့်

နိုင်ငံတကာ အာကာသစခန်း။

နိုင်ငံတကာ အာကာသစခန်း။

ကမ္ဘာပတ်လမ်းကြောင်းထဲကနိုင်ငံတကာ အာကာသစခန်းရဲ့ ဓာတ်ခွဲခန်းကနေ အမိုးနီးယား (ammonia) ဓာတ်ငွေ့ ယိုစိမ့်နေတာတွေ့ခဲ့ရတာကြောင့် အာကာသယာဉ်မှူးတွေ အရေးပေါ် အာကာသယာဉ် အပြင်ကိုထွက်ပြီး ဒါကို ပြန်ပြင်ဖို့ ကြိုးစားနေကြပါတယ်။ သောကြာနေ့က တွေ့ရှိခဲ့တဲ့ ဒီယိုစိမ့်မှုဟာ စိုးရိမ်စရာအခြေအနေ ဖြစ်ပေမဲ့ အာကာသယာဉ်မှူး ၆ ဦးက ဒီအခြေအနေကို ထိန်းသိမ်းဆောင်ရွက်ထားနိုင်တယ်လို့ အာကာသစခန်း အကြီးအကဲ ကနေဒါနိုင်ငံသား Chris Hadfield က ပြောပါတယ်။

ဒီယိုစိမ့်မှု ဘာကြောင့်ဖြစ်ရတာလဲ ဆိုတာနဲ့ ဒီယိုစိမ့်မှုကို ပြန်ပြင်နိုင်ဖို့အတွက် အမေရိကန် အာကာသယာဉ်မှူးနှစ်ဦးဖြစ်တဲ့ Chris Cassidy နဲ့ Tom Marshburn တို့ အာကာသယာဉ်ထဲက ထွက်ပြီး စစ်ဆေးဖို့ ပြင်ဆင်နေတဲ့ အကြောင်း Chris Hadfield က သူ့ရဲ့ အင်တာနက်လူမှုကွန်ယက် Twitter မှာ ဖော်ပြခဲ့ပါတယ်။

အမေရိကန် အာကာသ စူးစမ်းလေ့လာရေး အေဂျင်စီ NASA ကတော့ အခြေအနေဟာ အာကာသယာဉ်မှူးတွေ အတွက် စိုးရိမ်စရာမရှိဘဲ အာကာသစခန်းဟာလည်း ပုံမှန်လည်ပတ်နေတယ်လို့ ဆိုပါတယ်။

အာကာသစခန်းမှာ အမိုးနီးယား ဓာတ်ငွေ့ ယိုစိမ့်မှုရှိတဲ့အကြောင်းကို အာကာသယာဉ်မှူးတွေက ကြာသပတေးနေ့က အကြောင်းကြားခဲ့တာပါ။ Texas ပြည်နယ် ဟူစတန်မြို့မှာရှိတဲ့ NASA ကွပ်ကဲရေးစခန်းက အာကာသယာဉ် ထိန်းချုပ်ရေးဌာနတွေကို ဒီယိုစိမ့်မှု ပြဿနာနဲ့ပတ်သက်လို့ အာကာသစခန်းအကြီးအကဲ Hadfield က ရှင်းပြခဲ့တာဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

မုန်တိုင်းငယ် 01B လမ်းကြောင်း မြောက်ဘက်သို့ရွေ့လျား

မေလ ၁၁ ရက် မြန်မာစံတော်ချိန် နံနက် ဝ၆၃ဝ နာရီတွင် ရရှိသည့် JTWC နှင့် TSR မှ မုန်တိုင်း လမ်းကြောင်းခန့်မှန်းချက်များတွင် မုန်တိုင်း 01B(ONE) သည် အနောက်မြောက်ဘက်သို့ တစ်နာရီ ၁၄ မိုင်နှုန်းဖြင့် ရွေ့လျားခဲ့ပြီး မေလ ၁၁ ရက် ဝဝ၃ဝ နာရီမှ နောက် နာရီပေါင်း ၁၂ဝ မတိုင်မီ(မေလ ၁၆ ရက် – မြန်မာစံတော်ချိန် နံနက် ဝဝ၃ဝ နာရီတွင်) မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဖြတ်ကျော်၍ ကုန်းတွင်းသို့ ဝင်ရောက်နိုင်မည် ဖြစ်ကြောင်း ခန့်မှန်း ထားပါသည်။
မုန်တိုင်းငယ် 01B(ONE) သည် လာမည့် ၃၆ နာရီအတွင်း(မေလ-၁၂ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃ဝ နာရီ မတိုင်မီ အဆင့်-၁ (CAT-1)ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိမည်ဖြစ်ပြီး မုန်တိုင်းဗဟိုတွင် လေတိုက်နှန်း တစ်နာရီ ၆၅ နော်တီကယ်မိုင် အထိရှိနိုင်ကာ တည်နေရာ မြောက်လတ္တီတွဒ် 8.6N နှင့် အရှေ့လောင်ဂျီတွဒ် 88.0E သို့ ရောက်ရှိမည် ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။
ယနေ့ မြန်မာစံတော်ချိန် နံနက် ဝ၆၃ဝ နာရီတွင် ရရှိသည် အချက်အလက်များအရ 01B(ONE) သည် မြန်မာနိုင်ငံ ကော့သောင်းမြို့ အနောက်တောင်ဘက် မိုင် ၅၆ဝ ခန့်၊ ကိုကိုးကျွန်းလေဆိပ်၏ တောင်-အနောက်တောင်ဘက် ၅၁၅ မိုင်ခန့်၊ ပုသိမ်မြို့၏ တောင်-အနောက်တောင်ဘက် ၇၁၅ မိုင်ခန့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် တည်ရှိနေပြီး ပိုမိုအင်အားကောင်းလာကာ  အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်မည်ဟု ခန့်မှန်းရပါသည်။ မြန်မာစံတော်ချိန် နံနက် ဝ၈၃ဝ နာဂီတွင် ရရှိသည့် ရေခိုးရေငွေ့ပါဝင်မှု နှုန်းပြ ဂြိုလ်တုပုံအရ မုန်တိုင်း၏ အပြင် rain band များသည် ဧရာဝတီတိုင်းဒေသကြီးတောင်ပိုင်း ဒေသများသို့ စတင်၍ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့ရပါသည်။
မုန်တိုင်းငယ် 01B ONE
11 May 2013 0000Z (မေလ ၁၁ ရက်၊ မြန်မာစံတော်ချိန် နံနက် ဝ၆၃ဝ နာရီ)
Location: 7.0 91.0
Winds: 40 knots
Central Pressure: 993 hPa
မုန်တိုင်းငယ် 01B ONE
10 May 2013 1800Z (မေလ ၁၁ ရက်၊ မြန်မာစံတော်ချိန် နံနက် ဝဝ၃ဝ နာရီ)
Location: 6.1 91.9
Winds: 35 knots
Central Pressure: 996 hPa
11MAY-0630MST-track
 မေလ ၁၁ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲတွင် ရရှိသည့် မုန်တိုင်း ရွေ့လျားနိုင်မည့် လမ်းကြောင်း

မြန်မာစံတော်ချိန် နံနက် ဝ၈၃ဝ နာရီတွင် ရရှိသည့် ရေခိုးရေငွေ့ ပါဝင်မှုနှုန်းပြပုံ (အောက်) ပုံတွင် rain band များ ဧရာဝတီတိုင်းဒေသကြီး တောင်ပိုင်းသို့ စတင်ရောက်ရှိလျှက်ရှိကြောင်း တွေ့နိုင်ပါသည်။
 MAY11-0830MST

warning-3
JTWC မှ သတိပေးထုတ်ပြန်ချက်
 http://blog.mmweather.com/2013/05/11/01b-02/ မှ
==>>ဆက်စပ်ဖတ်ရှူရန်==>>မေ ၁၄ တွင်ရခိုင်ပြည်နယ်စစ်တွေမြို့အနီးသို့ တနာရီ ၁၀၃မိုင်နှုန်းရှိTropical Cyclone One မုန်တိုင်း ၀င်ရောက်မည်ဟု ခန့်မှန်းထား
http://www.lwintmgmg.com/2013/05/tropical-cyclone-one.html

ကြံ့ခိုင်ရေးနှင့် ပေါင်းပြီး ဖွဲ့စည်းပုံဥပဒေ ပြင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်။(ဓာတ်ပုံ-ဂျေပိုင်/ဧရာဝတီ)
 အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အမှန်တကယ် ဆန္ဒရှိပြီး လုပ်ဆောင်မည် ဆိုပါက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ မီကာဆာဟိုတယ်တွင် မေလ ၁၀ ရက်နေ့ ညနေပိုင်း သြစတြေးလျအခြေစိုက် ဆစ်ဒနီဥပဒေကျောင်းက ဦးစီးပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သုံးသပ်သည့် အလုပ်ရုံဆွေးနွေးပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီသတင်းဌာန၏ မေးမြန်းချက်ကို ထိုသို့ ပြောဆိုခြင်းဖြစ်သည်။
ဧရာဝတီသတင်းဌာနက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကြံ့ခိုင်ရေးပါတီနှင့် ပူးပေါင်းဆောင်ရွက်ရန် အစီအစဉ်ရှိ မရှိ မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က အမှန်တကယ် ပြင်ဆင်မည်ဆိုပါက ပူးပေါင်း ဆောင်ရွက်မည်ဟု ပြောဆိုသည်။
“တကယ်ပဲ သူတို့ကလည်း ပြောင်းလဲချင်တယ်၊ အန်တီတို့ကလည်း ပြောင်းလဲချင်တယ်။ မပူးပေါင်းနိုင်စရာ အကြောင်း ဘာမှ မရှိဘူး။ ပူးပေါင်းပြီး လုပ်လို့ရပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကပဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြန်လည် သုံးသပ်ရေးကော်မတီဖွဲ့ဖို့ဆိုတာ အဲဒီပါတီကပဲ အဆိုတင်သွင်းပြီးတော့ အန်တီတို့က ဒီဟာကို ထောက်ခံတယ်။ အန်တီတို့က လူနည်းနည်းလေးပဲ။ အောက်လွှတ်တော်မှာဆိုရင် ၃၉ ယောက်ဆိုတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အဆို တင်သွင်းတာကို သဘောတူခဲ့တယ်။ အတည်ပြုခဲ့တယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေက ပြန်လည်ပြီးတော့ စိစစ်ဖို့ လိုတယ် ဆိုတဲ့ အဓိပ္ပာယ်ကတော့ ပြောင်းလဲဖို့လိုတယ်ဆိုတဲ့ဟာကို လက်ခံတဲ့ အဓိပ္ပါယ် သက်ရောက်တယ် လို့ ဒီလိုပဲ ခံယူ ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
မည်သည့်အချက်များကို ပြုပြင်လိုကြောင်း အသေးစိတ် မပြောဆိုသော်လည်း ရှမ်းပြည်နယ်တွင် စစ်တပ်နှင့် ရှမ်းလက်နက်ကိုင် တိုက်ပွဲများဖြစ်ပေါ်နေခြင်းအပေါ် မည်သို့ မှတ်ချက်ပြုချင်ပါသနည်းဟု ဧရာဝတီသတင်းဌာနက ဆက်လက်မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းသည် ငြိမ်းချမ်းရေးရရှိရေးအတွက် လုပ်ငန်းစဉ်တခုဖြစ်ကြောင်း ပြောဆိုသည်။ “အဲဒါကတော့ အန်တီတို့နိုင်ငံမှာ ငြိမ်းချမ်းရေးရနိုင်တဲ့အခြေအနေရှိသလားပေါ့။ ငြိမ်းချမ်းရေးဆိုတာက တခါ အပစ်အခတ် ရပ်စဲရုံနဲ့မပြီးဘူး။ ငြိမ်းချမ်းရေးကို ဆက်လက်ပြီးတော့ ထိန်းသိမ်းထားဖို့ လိုတယ်။ ထိန်းသိမ်းထားနိုင်မယ့် ခြေလှမ်းတွေ အများကြီး လှမ်းဖို့လိုပါတယ်။ အဲဒါတွေ မလှမ်းရသေးလို့ စစ်ပွဲတွေဖြစ်နေတာပေါ့။ ရှမ်းပြည်နယ်မှာပဲဖြစ်ဖြစ် ကချင်ပြည်နယ်မှာပဲဖြစ်ဖြစ် ဘယ်မှာပဲဖြစ်ဖြစ် တကယ် တည်တံ့မယ့် ငြိမ်းချမ်းရေးရှိဖို့ဆိုရင် ခြေလှမ်းစရာတွေ အများကြီးရှိပါတယ်။ အဲဒီိအထဲကမှ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေးက ပါတယ်လို့ ထင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။
photo-Popular Myanmar News Journal
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကမ္ဘာပေါ်တွင် ပြင်ဆင်ရန် အခက်အခဲဆုံးသော ဥပဒေတခုအဖြစ် ပညာရှင်များက မှတ်ချက်ပြုနေကြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်သော ပြဋ္ဌာန်းချက် နည်းလမ်း များကို ဦးစွာပြောင်းလဲရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် လွှတ်တော်၏ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံရန်လိုအပ်အပ်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရမည်ဆိုသော အချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး ခက်ခဲအောင်ပြုလုပ်ထားခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရမယ်လို့ မြင်တဲ့အချက်ထဲမှာ ပြုပြင်ပြောင်းလဲပုံ ပြောင်းလဲနည်းနဲ့ ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပါတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြောင်းဖို့လိုတယ်။ အခုဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြောင်းလဲဖို့ဆိုရင် အင်မတန်မှ ခက်ခဲပါတယ်။
photo-Popular Myanmar News Journal
 ၂ လ ၃ လ လောက်တုန်းက ဆွေးနွေးပွဲတခုမှာဆိုရင် နိုင်ငံခြားက ဥပဒေပညာရှင်တဦးက သူ့အမြင်မှာ ကမ္ဘာပေါ်မှာ ပြုပြင်ပြောင်းလဲဖို့ အခက်ခဲဆုံးဥပဒေလို့ မြင်တဲ့အကြောင်းပြောသွားပါတယ်။ အခက်ခဲဆုံး ဥပဒေလို့တောင် ပြောသွားပါတယ်။ ဘယ်လိုပုံစံနဲ့ ပြုပြောင်းလဲဖို့ဆိုတာလည်း ကျမတို့ပြင်ဖို့လိုတယ်။ အဲဒါက စရမှာပေါ့”ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။
photo-Popular Myanmar News Journal
လတ်တလော နိုင်ငံရေးဆိုင်ရာ အစည်းအဝေးများတွင် တပူးတွဲတွဲ တွေ့လာနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့် မကြာသေးမီက ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ရာထူးရလာခဲ့သော သူရဦးရွှေမန်းတို့အကြား ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများ၊ တစုံတရာ သဘောတူချက်များ ရှိနိုင်သည်ဟု ပြည်တွင်းနိုင်ငံရေး သုံးသပ်စောင့်ကြည့်သူများက ခန့်မှန်းနေကြသည်။
လက်ပံတောင်းအရေးနှင့်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ရပ်တည်ချက်သည် ဦးပိုင်ကို ဖေးဖေးမမ ကိုင်တွယ်ခဲ့သောကြောင့် တပ်မတော်၏ အကျိုးစီးပွား အကာအကွယ်ပေးခဲ့ရာရောက်သဖြင့် ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးတွင် တပ်မတော်၏ ထောက်ခံမှု ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တစုံတရာ ရနိုင်ကောင်းသည်ဟု
သုံးသပ်ဝေဖန်မှုများလည်း ပေါ်ထွက်လျက်ရှိသည်။

မေ ၁၄ တွင်ရခိုင်ပြည်နယ်စစ်တွေမြို့အနီးသို့ တနာရီ ၁၀၃မိုင်နှုန်းရှိTropical Cyclone One မုန်တိုင်း ၀င်ရောက်မည်ဟု ခန့်မှန်းထား

http://www.wunderground.com/tropical/tracking/ni201301.html

အင်္ဂါနေ့ ည သန်းခေါင်ကျော် (19:00 GMT on 14 May)။ ဗုဒ္ဓဟူးနေ့ (မေလ ၁၅ ရက်နေ့) နံနက် ၁ နာရီ ခွဲ အချိန်။ 20.0 N, 92.8 E (စစ်တွေမြို့ အနီး) တစ်နာရီ  ၁၀၃မိုင် နှုန်း ခန့် (around 166 km/h or 103 mph)။
အချက်အလက်များကို အမေရိကန်ရေတပ်နှင့် လေတပ် တိုင်ဖုန်းသတိပေးဗဟိုမှ ပေးထားသည်။
မူရင်း--=http://www.trust.org/item/20130510092402.0000-2mv1f/?sourshfb တွင်အောက်ပါအတိုင်းဖော်ပြထားသည်။
Tropical storm One is forecast to strike Myanmar as a severe cyclonic storm 
at about 19:00 GMT on 14 May.
Tropical storm One is forecast to strike Myanmar as a severe cyclonic storm at about 19:00 GMT on 14 May.
Data supplied by the US Navy and Air Force Joint Typhoon Warning Centersuggest that the point of landfall will be near20.0 N,92.8 E.One is expected to bring 1-minute maximum sustained winds to the region of around 166 km/h (103 mph).Wind gusts in the area may be considerably higher.
According to the Saffir-Simpson damage scale the potential property damage and flooding from a storm ofOne'sstrength (category 2)at landfall includes:
  • Storm surge generally 1.8-2.4 metres (6-8 feet) above normal.
  • Some roofing material, door, and window damage of buildings.
  • Considerable damage to shrubbery and trees with some trees blown down.
  • Considerable damage to mobile homes, poorly constructed signs, and piers.
  • Coastal and low-lying escape routes flood 2-4 hours before arrival of the storm center.
  • Small craft in unprotected anchorages break moorings.
There is also the potential for flooding further inland due to heavy rain.

The information above is provided for guidance only and should not be used to make life or death decisions or decisions relating to property. Anyone in the region who is concerned for their personal safety or property should contact their official national weather agency or warning centre for advice.

http://www.trust.org/item/20130510092402.0000-2mv1f/?source=shfb

ရွှေမှုံရတီရဲ့ ဖြေရှင်းချက်နဲ့ “မျက်လုံးလေး ကလယ်ကလယ်”

 
“မျက်လုံးလေး ကလယ်ကလယ်” ဇာတ်ကားထွက်ရှိပြီး တပတ်ကျော် အကြာမှာ မြန်မာ ပရိတ်သတ်တွေရဲ့ ဝေဖန်သံတွေ အတော် ထွက်လာခဲ့ပါတယ်။ ၉ တန်းကျောင်းသူလေး တယောက်ကို လိင်အသားပေး ဇာတ်ဝင်ခန်းများ ရိုက်သင့်သလား၊ မြန်မာဇာတ်ကားတွေက ဒီလိုဖြစ်ကုန်ပြီလား၊ ဒီအခန်းတွေက မပါသင့်ဘူး ဆိုတဲ့ ဝေဖန်သံတွေ ကြားလာရပါတယ်။ ဇာတ်ကားထဲမှာ ရွှေမှုန်ရတီက နေဆန်းနဲ့ စိုးမြတ်သူဇာတို့ရဲ့ ၄ နှစ်အရွယ် ကလေးကို ထိန်းပေးတဲ့အိမ်မှာ ရွှေမှုံရတီရဲ့ ချစ်သူ ညီထွဋ်ခေါင်ရောက်လာပြီး ချစ်သူချင်းနမ်းတဲ့ ဇာတ်ဝင်ခန်း၊ နေတိုးစိတ်ဖောက်ပြန်ပြီး ရွေမှုံရတီကို အလိုမတူဘဲ သားမယား ပြုကျင့်ခန်းတွေကြောင့် ဝေဖန်ရေးတွေ လှိုင်းထသွားခဲ့ပါတယ်။ အဲ့ဒီဇာတ်ကားနဲ့ပတ်သက်ပြီး သရုပ်ဆောင်ရွှေမှုံရတီက ဧရာဝတီကို ဇာတ်ရုပ်အတိုင်း သရုပ်ဆောင်ရတာလို့ ပြောပါတယ်။
မေး။     ။ မျက်လုံးလေး ကလယ်ကလယ်နဲ့ ပတ်သက်ပြီး လူတွေ တော်တော်ပြောနေကြတယ်။ ရွှေမှုံ ဘာပြောချင်ပါလဲ။
ဖြေ။      ။ အဲဒါ ရွှေမှုံလဲ မသိဘူး။ ကိုယ့်ကို မနာလိုတဲ့လူလည်း ဖြစ်ချင်ဖြစ်မှာပါ။ အကျင့်ယုတ်တဲ့ လူက အင်တာနက်မှာ တင်လိုက်တာ။ ဒီလို ရိုက်တဲ့ပုံစံကို တလောကလုံး သိသလို ပရိတ်သတ် အားလုံးလည်း သိတယ်။ ပရိတ်သတ်တွေက နားလည်တယ်။ အဲဒါကို အကျင့်ယုတ်တဲ့သူက လုပ်တော့ ပရိတ်သတ်လည်း နည်းနည်းခေါင်းစားစရာ ဖြစ်လာတယ်။ သဏ္ဍာန်လုပ် သရုပ်တူတဲ့။ ကိုယ်က တူအောင် သရုပ်ဆောင်ရတာ။ တကယ်မဟုတ်ဘူးဆိုတာ လူတိုင်းသိတယ်။ သရုပ်ဆောင်ရင် Mood သွင်းရတယ်။ ကိုယ့်ရဲ့ သဘာဝစိတ်ရယ်၊ ကိုယ်မဟုတ်တဲ့ ဇာတ်ကောင်ရဲ့ စိတ်ရယ်ကို သွင်းရတာလေ။ ဒီလိုလုပ်တာ ဒါရိုက်တာကိုသော်လည်းကောင်း၊ မင်းသားကိုသော်လည်းကောင်း၊ မင်းသမီးကိုသော်လည်းကောင်း အကျင့်ယုတ်ချင်လို့ကို လုပ်တာပါ။ ရွှေမှုံတို့ဘက်မှာရှိတဲ့ ပရိတ်သတ်တွေက အများကြီးပါ။ ဒါ လိမ်ရိုက်ထားတယ်ဆိုတာ လူတိုင်းသိနေတာပဲ။
မေး။     ။ ဒီလိုဖြစ်သွားတော့ ဒီကားက ပိုပေါက်သွားတယ် မဟုတ်လား။
ဖြေ။     ။ ဒီကားက ပေါက်တယ်။ ရွှေမှုံ ကတော့ ဘာမှဖြေရှင်းမနေဘူး။ လိပ်ပြာသန့်တယ်။ ဒါရိုက်တာရယ်၊ မင်းသမီးရယ်၊ မင်းသားရယ် ၃ ယောက်တည်း ရိုက်ထားတဲ့ဇာတ်ကား မဟုတ်ဘူး။ လူအယောက်ပေါင်း ၃၀ ကျော်ရှိတဲ့ ရိုက်ကွင်းမှာ ရိုက်တာလေ။  ဒါရိုက်တာ ခိုင်းသမျှ မလုပ်တတ်ဘူးဆိုတာ မရှိအောင် ရွှေမှုံ ကြိုးကြိုးစားစား လုပ်တယ်။
မေး။     ။ ဒီလို ဇာတ်ကားကို ရိုက်ဖို့ ကိုလူမင်းက သင်ပေးးတာလား။
ဖြေ။     ။ အဲလိုတော့ မရှိပါဘူး။ ရိုက်ကွင်းတခုကို ရောက်သွားတယ်။ ဒါရိုက်တာက ဒီလိုဇာတ်ဝင်ခန်းမျိုး လုပ်ရဲမလား မေးတယ်။ ဆရာရယ် ဘာလို့မလုပ်ရဲရမှာလဲလို့။ သရုပ်ဆောင်အသစ် တယောက်အနေနဲ့ လုပ်နိုင်မလားဆိုတဲ့ စိတ်နဲ့ လုပ်ကြည့်တယ်။ အဆင်ပြေသွားတော့ ကောင်းတာပေါ့။ ပရိတ်သတ်တွေက အဲ့လောက် မဆိုးရွားဘူး။ နားလည်တယ်။
ဒါရိုက်တာက ခိုင်းတာဆိုတော့ ဒီဇာတ်ဝင်ခန်းမျိုးက လိုအပ်လို့ကို ထည့်ရတာပေါ့။ ပရိတ်သတ်တွေအမြင်က ကလေးလေးကို ဘာလို့ခိုင်းတာလဲပေါ့။ ဒါရိုက်တာကို အပြစ်တင်ကြတယ်။ ရွှေမှုံကိုတော့ သိပ်အပြစ် မပြောကြဘူး။ ရွေမှုံကတော့ ဒါရိုက်တာကိုပဲ အားနာတယ်။ သူက ခိုင်းတယ်ဆိုပေမယ့် ဒီဇာတ် ဒီဖရိန်က မလွဲမသွေလုပ်ရမှာမို့  သူလည်းခိုင်းတာ။ သူတို့လည်း အဲ့ဒီအခန်းကို ရိုက်ဖို့ အရမ်းအားနာကြတယ်။ ဇာတ်သဘောအရ ရိုက်ရတာ ရွှေမှုံကို ထပ်ခါထပ်ခါမေးပြီးမှ ရိုက်တာပါ။ ငါ ဒါရိုက်တာ ဒီပုံစံရိုက်ရမယ်ဆိုပြီး ရိုက်ခိုင်းတာ မဟုတ်ဘူး။ ဘာဖြစ်ချင်လို့ ဒါတွေကို အပြစ်တင်နေကြမှန်းလည်း မသိလို့ပါ။
မေး။     ။ ဒီ ဇာတ်ကားကို နယ်ဘက်တွေကရော လက်ခံကြပါ့မလား။
ဖြေ။     ။ နယ်က ကြိုက်တယ်။ ဇာတ်လမ်းအရ ဘယ်သူမှ မရိုက်ဘူးတဲ့ပုံစံ ရိုက်ထားတာ။ နယ်က လက်ခံကြပါတယ်။ မနာလိုသူတယောက် လုပ်လိုက်လို့ ဒီလို ဖြစ်တာ။လုပ်နိုင်လည်း တရက်ပေါ့။ သူလုပ်လို့ လူတိုင်းကြည့် ဖြစ်တယ်။ ဆိုင်တက်တာ များတယ်။ ရွှေမှုံ ဝမ်းသာတယ်။  ရွှေမှုံ သန့်သန့်ရှင်းရှင်းနေတာ လူတိုင်းသိတယ်။ ပရိတ်သတ်ကိုလည်း ယုံကြည်ပါလို့ ပြောချင်တယ်။
မေး။     ။ အနုပညာလောကထဲ စဝင်တော့ နေတိုး၊ ခန့်စည်သူ၊ ပြေတီဦး၊ မြင့်မြတ်၊ ဝိုင်း မင်းသား၅ ယောက်နဲ့ စာချုပ်ထားတယ်နော်။ အခုရော။
ဖြေ။     ။ မင်းသား ၅ ယောက်နဲ့ စာချုပ်တာ ၁ နှစ်ပြည့်သွားပြီ။ ၁ နှစ်အတွင်း မင်းသား ၅ ယောက်နဲ့ပဲ ဇာတ်ကားတွေ ရိုက်ရမယ်ပေါ့။ အခု ပြည့်သွားတော့ မင်းသားတွေက အနုပညာကြေးလည်း တိုးပေးတဲ့အပြင် အဲ့ဒီ ၅ ယောက်နဲ့ သက်ဆိုင်တဲ့ တိုက်တွေမှာ ရိုက်ခွင့်ပေးထားတယ်။
မေး။     ။ ဘယ်မင်းသားနဲ့ ဖြစ်ဖြစ်လား။
ဖြေ။     ။ ဟုတ်ကဲ့။ မင်းသား ၅ ယောက် နဲ့ဆိုင်တဲ့ တိုက်က ရိုက်တဲ့ ဇာတ်ကားတွေမှာ ရိုက်ခွင့်ရှိတယ်။ အပြင်မင်းသားနဲ့လည်း ရိုက်ခွင့်ပေးတယ်။ ဆရာတွေက ရွှေမှုံ နစ်နာမှာ စိုးလို့။
မေး။     ။ အခု လက်ရှိ ပညာရေးကရော။
ဖြေ။     ။ ၁၀ တန်း ကျောင်းစာတွေ သင်နေပါတယ်။ ပညာရေးတော့ ဆုံးခန်းတိုင်အောင် လုပ်ရမှာပေါ့။ ဆရာဝန်တော့ မဖြစ်ချင်ဘူး၊ အပ်ကြောက်တယ်။ အင်ဂျင်နီယာတော့ ဖြစ်ချင်ပါတယ်။
ရွှေမှုံရတီဟာ ၇ တန်းကျောင်းသူဘဝက ဂျွန်လွင်ဆီမှာ မော်ဒယ်သင်တန်း တက်ရောက်ရင်း ၂၀၁၂ မှာ မင်းသား ၅ ဦးက မင်းသမီးရှားပါးလို့ မင်းသမီးသစ် တင်မယ့် ရည်ရွယ်ချက်နဲ့ ရွှေမှုံရတီ၊ ယုသန္တာတင်၊ အိချောပိုတို့ ၃ ဦးကို စာချုပ်နဲ့ စင်တင်ပေးခဲ့ပါတယ်။ လက်ရှိအနေအထားအရ မင်းသမီးသစ် ၃ ယောက်ထဲမှာ ရွှေမှုံရတီကို ဗီဒီယိုဇာတ်ကားတွေ၊ ဗီစီဒီတွေ၊ ကြော်ငြာတွေမှာ ပိုတွေ့နေရပါတယ်။
အကယ်ဒမီလူမင်းက သူတင်တဲ့မင်းသမီးကို နာမည်ကြီးအောင် ဒီလို သင်ပေးထားတာလား၊ ဒီဇာတ်ကားက လူမင်းရဲ့ အကြံဥာဏ်တွေလားဆိုပြီး ဝေဖန်နေသူတွေကို သရုပ်ဆောင် လူမင်းက ”ကျနော် ဒီဇာတ်ကားကို မကြည့်ရသေးပါဘူး။ မကြည့်ရသေးတဲ့အတွက် ဘယ်လိုအခြေအနေရှိလဲ မဝေဖန်နိုင်သေးပါဘူး။ ကျနော် အခု တခုခုပြောလိုက်ရင် မှားသွားမှာစိုးလို့ ဘာမှ မပြောပါရစေနဲ့” လို့ ရုပ်ရှင် အစည်းအရုံး ဒု ဥက္ကဌလည်းဖြစ်တဲ့ လူမင်းက ဧရာဝတီကို ပြောပါတယ်။
ဒီဇာတ်ကားကို ကြည့်ဖူးကြတဲ့ ပရိတ်သတ်တွေကတော့ ကြိုက်တဲ့လူရှိသလို မကြိုက်တဲ့လူတွေလည်း ရှိနေပါတယ်။ “ကောင်မလေး သရုပ်ဆောင်တာ ကြိုက်ပါတယ်။ အသစ်ထဲမှာ မဆိုးဘူးပေါ့။ ဒါပေမယ့် ခက်တာက မြန်မာကားဆိုပြီး ငှားကြည့်တယ်။ အိမ်မှာ မိသားစုနဲ့ ကြည့်မိတယ်။ ဒီလို ဇာတ်ဝင်ခန်းတွေ ပါလာမယ်လို့ မထင်ဘူးလေ၊ ဇာတ်လမ်းက ဆန်းပါတယ်။ ခေတ်မီတယ်ဆိုရင်လည်း ဇာတ်လမ်းနဲ့ နေရာတွေ အရင် ခေတ်မီအောင်လုပ်ပါဦး။ ပြီးမှ ဒီလို အခန်းတွေအတွက် စဉ်းစားပေါ့ ” လို့ သင်္ဃန်းကျွန်းမြို့ လေးထောင့်ကန် ရပ်ကွက်နေ ကုမ္ပဏီဝန်ထမ်း မသဲသဲမြင့်မိုရ်ဦး ကပြောပါတယ်။
ဒီဇာတ်ကား ရိုက်ကူးသူ ဒါရိုက်တာ ဝင်းထွန်းထွန်းက “ကျနော်က ပုံစံတူဖြစ်နေတဲ့ လမ်းကြောင်းက ခွဲထွက်ချင်တဲ့စိတ်နဲ့ ဖန်တီးခဲ့တာပါ။ ပရိတ်သတ် အမြင်တမျိုးဖြစ်မယ် ဆိုရင်လည်း ကျနော် စိတ် တကယ်ကို မကောင်းပါဘူး။ စေတနာ အမှားပါ” လို့ သူ့ခံစားချက်ကို ပြောပါတယ်။
အဲ့ဒီဇာတ်ကားကို ထုတ်လုပ်ဖြန့်ချိတဲ့ အောင်တိုင်းကျော် ထုတ်လုပ်ရေးကို ဈေးကွက်အတွင်း အနေအထား စုံစမ်းကြည့်တဲ့အခါ ”နယ်မှာက သိပ်မကြိုက်ကြဘူး၊ ပုံစံပြောင်း ရိုက်ထားလို့လေ၊ ဒါပေမယ့် ရန်ကုန်မှာတော့ အဲ့ဒီဇာတ်ကားကို ပို အားပေးကြတယ်။ ကြိုက်ကြတယ်’” လို့ အောင်တိုင်းကျော်က ဧရာဝတီကို ပြောပါတယ်။
“မျက်လုံးလေး ကလယ်ကလယ်” ဇာတ်ကားမှာ ဒါရိုက်တာ ဝင်းထွန်းထွန်း၊ သရုပ်ဆောင် နေတိုး၊ နေဆန်း၊ ညီထွဋ်ခေါင်၊ စိုးမြတ်သူဇာ၊ ရွှေမှုံရတီတို့ ပါဝင် သရုပ်ဆောင်ခဲ့ကြပြီး မေလ ၁ ရက်နေ့မှာ အောင်တိုင်းကျော် ဖြန့်ချိရေးကနေ ဖြန့်ချိထားပါတယ်။
ဧရာဝတီ
******************************************************************
ဇတ်ဝင်ခန်းအချို့ကိုခံစားကြည့်ပါ။

စာရေးဆရာ၊ တေးရေးဆရာ၊ ဒါရိုက်တာ အာယု ကွယ်လွန်

 
စာရေးဆရာ၊ ဒါရိုက်တာ၊ တေးရေး၊ တေးဆို အာယု သည် ၂၀၁၃ မေလ ၉၊ ညနေ ၆ နာရီ ၅၀ မိနစ်တွင် လျှာကင်ဆာရောဂါဖြင့် ကွယ်လွန်သွားကြောင်း ကျန်ရစ်သူ မိသားစုထံမှ သိရသည်။ 

''လျှာကင်ဆာဖြစ်နေတာ ၂နှစ်လောက်ရှိပါပြီ၊ ၂နှစ်အတွင်းဘာမှမလုပ်နိုင်ခဲ့ဘူး၊ သူ မဆုံးခင်စာရေးထား တာတွေရှိ တယ်။ အဲ့ဒါလေးတွေသူ့ခေါင်းရင်းမှာကပ်ထားတတ်တယ်။ အဲ့ဒီ စာတွေကို အမှတ်တရ သိမ်း ထားတယ်။ ရက်လည်နေ့မှာဝေဖို့ရှိပါတယ်။ '' ဟု ဦးအာယု၏ သားအကြီးဆုံး အသက် ၃၀ အရွယ် ကိုကြည်သာ ကပြောသည်။ 

ဦးအာယု၏ ရုပ်ကလာပ်ကို မေလ ၁၁ နေ့လည် ၃နာရီတွင် ရေဝေးသုဿာန်တွင် သင်္ဂြိုလ်မည်ဖြစ်ပြီး ၊မေလ ၁၅ နံနက်တွင် ရက်လည် ဆွမ်းကျွေးမည်ဖြစ်ကြောင်းမိသားစုထံမှ သိရသည်။

ဦးအာယုကွယ်လွန်ချိန်တွင် အသက် ၅၅ နှစ်ရှိပြီ ဖြစ်ပြီး ဇနီးသည် ဒေါ်အေးအေးလှိုင်၊ သား၂ ဦး ကြည်သာ ၃၀ နှစ်၊ဘုန်းသက်နိုင် ၂၉ နှစ်၊ နှင့် သမီး၂ ဦး အေးချမ်း ၂၇ နှစ်၊ ရွေရည်တာ ၂၂ နှစ်တို့ တို့ကျန်ရစ် 
ကြောင်း သိရသည်။ 

'' အဖေဆုံးသွားတာ အားလုံးထက် ပိုပြီးဝမ်းနည်းတယ်။ ကျွန်တော်က တချိန်လုံး အဖေ့အလုပ်ပဲ လုပ်ခဲ့ တာ။ ရုပ်ရှင် အလုပ်တွေကိုလည်း အဖေနဲ့ပဲ တောက်လျှောက်တွဲ လုပ်ခဲ့ရတာ။ ကျွန်တော် အရမ်းဝမ်းနည်း တယ်။'' ဟု ဒုတိယသား ဘုန်းသက်နိုင်က ဧရာဝတီကို ပြောတယ်။ 

ဦးအာယုသည် ၁၉၅၈၊ စက်တင်ဘာ ၅ တွင်မွေးဖွားခဲ့ပြီး၊ အသက် ၁၇ နှစ်အရွယ်တွင်ဦးသာဓု ရိုက်ကွင်း တွင် မှန်ထိုးမီးထိုး စက်အဖွဲ့ အကူအဖြစ် စတင်ခဲ့သူဖြစ်သည်။ 

၁၉၇၈ တွင် မဂ္ဂဇင်းများ၌ ဆောင်းပါးများဝတ္တုတိုများ စတင်ရေးသားခဲ့ပြီး၊ ၁၉၈၃ တွင်ရေးသားခဲ့ 
သော" မောင်" သီချင်းဖြင့် နာမည်ကျော်ခဲ့သည်။ 

ကိုင်ဇာ ၊ မေခလာ၊ မေဆွိ၊ ကော်နီ စသော တေး သံရှင်များ အတွက်လည်းတေးသီချင်းရေးပေးခဲ့သည်။ ၂၀၀၁ တွင် အဖေခေါ်ခ ဟူသော ဗီဒီယို ဇာတ်ကားဖြင့် ဒါရိုက်တာအဖြစ်စတင်ခဲ့ပြီး ထီး၊ ကျွန်တော် အမုန်းဆုံးကျွန်တော်၊ ရွှေမြင့်မိုရ်ပြိုမှာစိုးတယ်၊ လိပ်ပြာခွဲတမ်း၊ စသောဇာတ်ကားများရိုက်ကူးခဲ့သည်။ 

၁၉၉၂ တွင် 'မေ့မရဘူး'ဟူသော တစ်ကိုယ်တော် စီးရီးထွက်ရှိခဲ့ပြီး တေးသီချင်း ၇ ပုဒ်ခန့်ကိုယ်တိုင် 
ရေးခဲ့သည်။ 

နောက်ဆုံး အနုပညာလှုပ်ရှားမှုအနေဖြင့် ၂၀၁၂ တွင် မြင့်မြတ် ၊ချစ်သုဝေနှင့် ' ချဉ်ဖတ်'ဟူသော ဇာတ်ကား ကို ရိုက်ကူးခဲ့ပြီး အောင်တိုင်းကျော် ထုတ်လုပ်ရေးမှ မကြာမီဖြန့်မည်ဟုသိရသည်။

ဦးအာယုသည် တေးသီချင်း ၅၀ ကျော်၊ ဇာတ်ကား ၁၀၀ ကျော် ရိုက်ကူးခဲ့ကြောင်း ကျန်ရစ်သူမိသားစုထံမှ သိရသည်။ 
ဧရာဝတီ blog

“၀” ထောင်သောမိုင်းကြောင့် နယ်စပ်တွင် တုန်လှုပ်ခြောက်ခြား

mongton
သျှမ်းပြည်နယ် မိုင်းတုံမြို့နယ် နှင့် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်  နယ်စပ်တွင် သင်္ကြန်ကတည်းက မြေမြုပ်မိုင်း များ ဆက်တိုက်ပေါက် ကွဲ လာသည်မှာ   ကလေးအပါအဝင် အနည်းဆုံးလူ ၉ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြသည် ဟု ဒေသတွင်း သတင်း ရပ်ကွက်က ဆိုပါသည်။
ပျက်စီးမှုတွင် နွားများ အပြင် အခြားအိမ်မွေးတိရိစ္ဆာန်များလည်းပါဝင်ကြောင်း ထိုင်း လုံခြုံရေးအရာရှိတစ်ဦးက ယနေ့မနက်တွင် ပြောကြား ခဲ့သည်။
“မိုင်းတွေကို “၀”ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA ရဲ့ ထိုင်း - မြန်မာနယ်စပ် အခြေစိုက် ၁၇၁ စစ်ဒေသ က ထောင်တာ။   ထိုင်းမှာ မူးယစ်ဆေး ဖမ်းမိတိုင်း ၀ ကိုဘဲလက် ညှိုးထိုးကြလို့မူးယစ်ဆေးနဲ့ ပတ်သတ်လာယင် “၀”  ဂုဏ် သတင်း တွေကို ထိန်းသိမ်းကာ ကွယ်ဖို့လို့ ၀ ဘက်က ပြောပါတယ်။  ဒါ့အပြင် ၀ နဲ့ ဗမာ့တပ်မတော်ကြားက တင်းမာမှုက လည်း နောက် အကြောင်းအရင်းတစ်ခုလို့ ကျနော်တို့ထင်တယ် ”  ဟု ၎င်းကဆက်၍ ပြောသည်။

နှစ်ဖက် ဆက်ဆံရေးတင်းမာလာသည်မှာ UWSA ၏ မြောက်ပိုင်း မှ မဟာမိတ် များဖြစ်သည့် ကချင်လွတ်မြောက်ရေး တပ်မ တော် (KIA) ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့နှင့် ဗမာ့တပ် မတော် တို့ တိုက်ပွဲများစတင် ပြင်းထန် လာကတည်းက ဖြစ်သည်။

မိုင်းတုံမြို့နယ်တွင် ဗမာ့တပ်မတော်သည် ယခုလဆန်းအတွင်းထူးခြားသောလှုပ်ရှားမှုများကိုစတင်လာပြီဟု ဒေသခံများက ဆိုသည်။

-ယခင်က ရုပ်သိမ်းသွားသည့် လက်နက်ကြီးများကို UWSA ထိန်းချုပ်နယ်မြေ မိုင်းကျွတ်မြို့ လွယ်ခီလိတ်တောင်သို့ ပြန်လည် ပို့ထားခြင်း
-ကျေးလက်အတွင်း တိုက်ကင်းလှည့်လည်ခြင်းများ ပြန်လည် ပြုလုပ်လာခြင်း  နှင့်
-အနီးအနားမြို့နယ်များရှိ တပ်များလည်း အင်အားဖြည့်တင်းခြင်း  တို့ဖြစ်ကြသည်။

UWSA  မှ မိုင်းတုံမြို့နယ်အတွင်း မှီတင်းနေထိုင်သူတို့အား ထိုင်းသို့ သွားသော် -

- BP1 ဟုလူသိများသည့် မိုင်းတုံ - ပုံပါကျင် - နောင်အွတ် (အရူနိုးထိုင်း) လမ်းကြောင်း  နှင့်
-မိုင်းတုံ - နားကောင်းမူး - တာကွမ် - ခေါက်ဝိုး - ဟွေပါခီး - နောလဲ - ဖှန် လမ်းကြောင်း  လမ်းကြောင်း၂ ခု ကိုသာအသုံးပြုရန် သတိပေး ခဲ့ကြောင်း  ချင်းမိုင်မြို့ နှင့် ကီလိုမီတာ ၁၆၀ ခန့်ဝေးသော ဖှန်မြို့နေ ဒုက္ခသည်ကူညီပေးနေသည် တစ်ဦးက  ပြောခဲ့သည်။

နယ်စပ်ကြားတွင် မိုင်းတွေထောင်မထားသင့်ဟု ထိုင်းလုံခြုံရေးအရာရှိက သျှမ်းသံတော်ဆင့်အားပြောခဲ့သည်။

မြန်မာနိုင်ငံအစိုးရသည် ၁၉၉၇ တွင် ကျင်းပခဲ့ သော မိုင်းထောင်စစ်ဆင်ရေး ကန့်ကွက်တားဆီးရေး ဆွေးနွေးပွဲတွင် လက်မှက်ရေးထိုးခြင်း မရှိခဲ့ပေ။ လက်ထိုးခြင်း မပြုခဲ့သည့် နိုင်ငံမှာ မြန်မာနိုင်ငံတစ်နိုင်ငံတည်းမဟုတ်၊ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ ၏ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ ၅ နိုင်ငံတွင်ပါဝင်သည့် တရုတ်၊ ရှရှား နှင့် အမေရိကန် တို့လည်း လက်မှက်ရေးထိုး ခြင်းမရှိခဲ့ပေ။
သျှမ်းသံတော်ဆင့်

မြန်မာစစ်တပ်၏ လက်နက်ကြီးကျည် ထိမှန် တရုတ်နိုင်ငံသား ကလေးငယ် နှစ်ဦး ဒဏ်ရာရ

တရုတ်ဘက်ခြမ်း နောင်တောင်းရွာတွင် မြန်မာစစ်တပ်၏ လက်နက်ကြီးကျသည့်နေရာ
 ယမန်နေ့နံနက်ပိုင်းက RCSS/SSA နှင့် မြန်မာအစိုးရစစ်တပ်တို့ ဖြစ်ပွားသည့် တိုက်ပွဲတွင် မြန်မာအစိုးရ စစ်တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များ တရုတ်နိုင်ငံအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ တရုတ်နယ်စပ် ဒေသခံ ကလေးငယ် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းရပ်ကွက် အဆိုအရ သိရသည် ။
RCSS/SSA အမှတ် 701 စစ်ဒေသ အခြေစိုက်ရာ နောင်မရွာနှင့် ကပ်နေသည့် တရုတ်ဘက်ခြမ်း နောင်တောင်းရွာ အ တွင်းသို့ အစိုးရတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ၆ လုံးခန့် ကျရောက် ပေါက်ကွဲခဲ့ပြီး ၄င်းရွာသား ၁ နှစ်နှင့် ၅ နှစ် အရွယ် ကလေးငယ်နှစ်ဦး ထိမှန်ဒဏ်ရာရခဲ့ကြောင်း နောင်တောင်းဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“တရုတ်ဘက်ခြမ်းက နောင်တောင်းမြို့နယ်ထဲမှာပဲ။ အခုလက်နက်ကြီးကျတဲ့နေရာက နောင်တောင်း ရွာပေါ့။  အဲဒီနောင်မ ရွာရဲ့အနောက်ခြမ်း နည်းနည်းပဲခြားထားတယ်။ ရွာဘုန်းကြီးကျောင်းနားမှာ တစ်လုံးကျတယ်။ ၁နှစ် သားအရွယ် ကလေး တစ်ဦးနဲ့ ၅ နှစ်သားအရွယ် ကလေးတစ်ဦး ဒဏ်ရာရတယ်။ သူတို့ကိုတော့ နောင်ငိမ့်ဆေးရုံမှာ တင်ထားတယ်လို့ သိရတယ် ” ဟု ၄င်းဒေသခံက ဆိုသည် ။

ယမန်နေ့ နံနက်အစောပိုင်းက ဖြစ်ပွားသည့်တိုက်ပွဲများ ညပိုင်းအထိ ဆက်လက် ဖြစ်ပွားခဲ့ပြီး  အစိုးရတပ်များက RCSS / SSA အမှတ် 701 အခြေစိုက်ရာ နောင်မအား သိမ်းပိုက်ကာ နောင်မနှင့် နောင်ခမ်းရွာများတွင် ယနေ့အထိ တပ်စွဲထားဆဲ ဖြစ်ကြောင်း သိရသည် ။

နှစ်ဘက်တိုက်ပွဲများအတွင်း အစိုးရတပ်ဘက်မှ ကျဆုံးသူ ၁၀ ဦးကျော်နှင့် ဒဏ်ရာရသူ ၂၀ ခန့်ရှိပြီး RCSS /SSA ဘက် မှ တစ်ဦးကျ ၊ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း တရုတ်နယ်စပ် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက ဆိုသည် ။
အစိုးရတပ်ဘက်မှ ဒဏ်ရာရသူများ အထဲတွင် အရာရှိများလည်းပါဝင်ကြောင်း သူက ပြောရာတွင် -“နမ့်ခမ်းဆေးရုံကို တော့ စောစောပိုင်းက ၁၁ ယောက်ရောက်လာတယ်လို့ ကြားတယ်။ အဲဒီအထဲက အနည်းအကျဉ်းထိတဲ့ လူတွေ ပြန်ဆင်း တာ ရောဆို အခု ၄ ယောက်ကျန်တယ်။ အဲဒီအထဲမှာ ၆၈ က ကပ္ပတိန်ပါတယ်။ မူဆယ်ဆေးရုံမှာက ၇ ယောက်ရောက် လာတာ ၄၅ တပ်က ဗိုလ်မှူးတစ်ဦးပါတယ် ။ ဒီဗိုလ်မှူးကတော့ ဒဏ်ရာအတော်ပြင်းတယ် ” ဟု သူက ဆိုသည် ။

ယခုအခါ နှစ်ဘက်တိုက်ပွဲများ ငြိမ်သက်နေသော်လည်း ဒေသခံများ စစ်ဘေးလွတ်ကင်းရာသို့ ရွာလုံးကျွတ် တိမ်းရှောင်မှုများ ရှိနေကြောင်း၊ နောက်ထပ်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သိရသည် ။
သျှမ်းသံတော်ဆင့်

ပြန်ကြားရေးဝန်ကြီးဌာနရဲ့လက်အောက်မှာရှိတဲ့ သတင်းနဲ့ စာနယ်ဇင်း လုပ်ငန်း နှင့်ပတ်သက်၍ ဦးရဲထွဋ် ၏ရှင်းလင်းချက်

ဦးရဲထွဋ်

နိုင်ငံပိုင်သတင်းစာများကို အများပြည်သူဝန်ဆောင်မှုသတင်းစာများအဖြစ် ပြောင်းလဲနေချိန်၊ တစ်ဖက်ကလည်း ပုဂ္ဂလိက နေ့စဉ်သတင်းစာများကို ထုတ်ဝေခွင့်ပြုတဲ့အချိန်မှာ နိုင်ငံပိုင်သတင်းစာများဟာ အရှုံးခံထုတ်ဝေနေတယ်ဆိုပြီး ပြည်တွင်း ဂျာနယ်အချို့မှာရေးသားမှုတွေရှိပါတယ်။ အချို့ သတင်းသမားများကလည်း မေးခွန်းတွေမေးပါတယ်။ ကျွန်တော်က ကိန်း ဂဏန်းနဲ့ ပြန်ဖြေပေးပေမယ့်လည်း သူတို့ သတင်းမှာဖော်ပြခြင်းမရှိဘဲ နိုင်ငံပိုင်သတင်းစာတွေအရှုံးခံရောင်းနေတယ်ဆို တဲ့ သဘောကိုပဲ ရေးသားနေတာတွေ့ရပါတယ်။

ဒီနေ့တော့ ဒီမေးခွန်းကိုပဲ ကျွန်တော့် စာမျက်နှာမှာ ပရိသတ်တစ်ဦးကမေးလာလို့ အခုလို့ ဖြေပေးလိုက်ပါတယ်။

""ပြန်ကြားရေးဝန်ကြီးဌာနရဲ့လက်အောက်မှာရှိတဲ့ သတင်းနဲ့ စာနယ်ဇင်း လုပ်ငန်းက သတင်းစာသုံးစောင်ကို တာဝန်ခံထုတ်ဝေပါတယ် ။ပြီးခဲ့တဲ့ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှာ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းအနေနဲ့ အမြတ်ငွေ ၂ ဘီလီယံကျပ်ရှိပါတယ်။ မရှုံးပါဘူး။ နိုင်ငံတကာမှာလည်း သတင်းစာဖိုးကို နည်းနည်းပဲထားပြီး ကြော်ငြာရငွေနဲ့ အမြတ်ကို ယူပါတယ်။ နိုင်ငံပိုင်သတင်းစာတွေကလည်း အဲဒီအတိုင်းလုပ်ပါတယ်။

တစ်ချို့နိုင်ငံတွေမှာ သတင်းစာကို အခမဲ့ပေးပြီး ကြော်ငြာခကနေ မြတ် အောင်လုပ်တာတောင်ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း Messenger သတင်းစာက အဲဒီပုံစံ လုပ်တာတွေ့ ရပါတယ်။ အခုဖြစ်နေတာက တစ်ချို့ ပုဂ္ဂလိကသတင်းစာတွေက သတင်းစာရောင်းဈေးကိုလည်း များများ ထား၊ ကြော်ငြာကနေလည်း အမြတ်ယူချင်တဲ့အတွက် အစိုးရက အရှုံးခံထုတ်တယ်ဆိုပြီး သတင်းမှား တွေရေးတာပါ။ သူတို့ မေးခွန်းမေးတဲ့အခါတိုင်း ကျွန်တော် က အချက်အလက်တွေပေးပါတယ် ။ဘယ်တော့မှ မသုံးပါဘူး။ လိုရာပဲ ဆွဲရေးတဲ့သဘောဖြစ်ပါတယ်။""

အဲဒီအဖြေနဲ့ပတ်သက်ပြီး Eleven မီဒီယာက သတင်းထောက်နဲ့ နံမည်တူတဲ့၊ သူ့ FB မှာလည်း Eleven မှာသူရေး တယ်ဆိုတဲ့ဆောင်းပါးအချို့ကို ညွှန်းထားတဲ့ (ကို) မာန်သူရှိန်နံမည်နဲ့ သူက အခုလို ၀င်မှတ်ချက်ရေးပြီးမေးပါတယ်။

""မာန်သူ ရှိန် • Friends with Tint Swe and 3 others
ကျပ် 2 ဘီလျံ၊ ကျပ်သန်း 2000 မြတ်တယ် သတင်းနဲ့စာနယ်ဇင်း။ တစ်လကို ကျပ် 166 သန်းကျော်မြတ်တယ်။ ကြော်ငြာနဲ့ အဓိကအမြတ်ယူတယ်။ အဲဒီအပေါ်မှာ ကုန်သွယ်လုပ်ငန်းခွန် ဘယ်လောက်များ ပေးဆောင်ခဲ့ရပါသလဲခင်ဗျာ။""

သူ့မေးခွန်းကို သူ့အောက်မှာဖြေလိုက်ရင် လူအနည်းစုပဲသိမှာဖြစ်လို့ အားလုံးသိအောင် ဒီနေရာကနေပဲ ဖြေလိုက်ပါ တယ်။

သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းဟာ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ကျပ်သန်းနှစ်ထောင်ကျော်မြတ်ပါတယ်။ သတင်း စာ တစ်စောင်ချင်းရောင်းရငွေအပေါ်မှာ ကုန်သွယ်ခွန်ပေးဆောင်မှုက ကျပ်သန်း ၂၈၀ ကျော်ရှိပါတယ်။ နောက်တစ်ခါ အမြတ် ကနေ ၀င်ငွေခွန်ပေးဆောင်မှုက ကျပ်သန်း၆၀၀ ကျော်ရှိပါတယ်။ ဒါ့အပြင် အစိုးရပိုင်စီးပွားရေးလုပ်ငန်းဖြစ်တဲ့အတွက် အမြတ် ငွေထဲကနေ နိုင်ငံတော်ကို အချိုးကျပြန်ထည့်ရပါတယ်။ အဲဒီထည့်ဝင်ငွေက သန်း လေးရာကျော်ရှိပါတယ်။

ဒီနေရာမှာ နိုင်ငံပိုင်သတင်းစာများဟာ စာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးမှုကိုခံရတဲ့အတွက် အသုံးပြုတဲ့စက္ကူတန်ချိန်၊ ထွက်လာ တဲ့စောင်ရေ၊ စောင်ရေအပေါ်မူတည်ပြီးရောင်းရငွေ၊ လစဉ် ကြော်ငြာရငွေများကို အတိအကျစစ်ဆေးခံရပါတယ်။ အဲဒီ စောင်ရေနဲ့ ၀င်ငွေအပေါ်မူတည်ပြီး အထက်ပါအခွန်အခများကို အတိအကျပေးဆောင်ရတာဖြစ်ပါတယ်။

အထက်ပါအချက်များကို ကြည့်လိုက်ရင် နိုင်ငံပိုင်သတင်းစာများဟာ အရှုံးခံပြီးရောင်းနေတာမဟုတ်ဘူး။ ပြည်သူတွေ ၀ယ်ဖတ်နိုင်မယ့်လက်လှမ်းမီတဲ့ဈေးနှုန်းနဲ့ရောင်းချပေးနေတာတောင် သင့်တင့်တဲ့ အမြတ်ငွေရရှိနေတယ်ဆိုတာတွေ့နိုင် ပါတယ်။

ဒီနေရာမှာ ထူးခြားတဲ့အချက်ကတော့ နိုင်ငံပိုင်သတင်းစာများဟာ စာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးချက်ကိုခံယူပြီး ဆောင်ရွက် နေရတဲ့အတွက် အချို့ အချို့သော တာဝန်မဲ့တဲ့ ပုဂ္ဂလိက စာနယ်ဇင်းများလို စောင်ရေလျှော့ပြခြင်း၊ အမှန်တကယ် ရောင်းချသောဈေးနှုန်းနဲ့ စာအုပ်၊စာစောင်မှာဖော်ပြထားတဲ့ဈေးနှုန်းကွာခြားနေခြင်းများလုပ်ဆောင်လို့ မရပါဘူး။

ဟိုတစ်ချိန်ကတော့ နိုင်ငံပိုင်သတင်းစာများဟာ အစိုးရသတင်းတွေပဲဖော်ပြနေတယ်၊ စိတ်ဝင်စားစရာမကောင်းဘူးလို့ ဆို ကြတယ်။ ဒါတွေကို ပြုပြင်နိုင်ဖို့အတွက် အများပြည်သူဝန်ဆောင်မှုသတင်းစာအဖြစ် စတင်ပြောင်းလဲချိန်မှာ သတင်း ဖော်ပြမှုပုံစံတွေ အတော်အသင့်ပြောင်းလဲလာတာကိုတွေ့နိုင်ပါတယ်။ မကြာခင်မှာ အဲဒီသတင်းစာများရဲ့ အယ်ဒီတာ လွတ်လပ်ခွင့်နဲ့ ဘဏ္ဍာရေးလွတ်လပ်ခွင့်ကို ဥပဒေနဲ့ အာမခံမယ့် အများပြည်သူဝန်ဆောင်မှုမီဒီယာဥပဒေပေါ်ထွက်လာ ဖို့ အတွက်လည်း ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ အဲဒီဥပဒေပေါ်ပေါက်လာရင် ပိုပြီးပီပြင်တဲ့ အများပြည်သူ ၀န်ဆောင်မှုသတင်းစာများအဖြစ် ဥပဒေနဲ့ အညီပေါ်ပေါက်လာတော့မှာဖြစ်ပါတယ်။

အများပြည်သူဝန်ဆောင်မှုမီဒီယာဆိုတာ အတိုချုပ်ပြောရရင် အယ်ဒီတာလွတ်လပ်ခွင့်နဲ့ ဘဏ္ဍာရေးလွတ်လပ်ခွင့်ရှိရမယ်၊ နိုင်ငံရေး၊ စီးပွားရေး အကျိုးစီးပွားများရဲ့ ဖိအားပေးမှုကနေ ကင်းလွတ်ရမယ်။ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများက ထုတ်ဝေ တဲ့ မီဒီယာများက အလေးပေးရန်ပျက်ကွက်တတ်တဲ့ အင်အားနည်းအုပ်စုများ၊ လူနည်းစုများရဲ့ အကျိုးစီးပွား၊ ထင်မြင်ချက် များကို အလေးပေးရမယ်၊ မတူကွဲပြားတဲ့အယူအဆတွေကို တင်ပြရမယ်။ အထက်ပါအချက်များကိုလုပ်နိုင်ဖို့ အတွက် ဥပဒေနဲ့ အာမခံပေးရမယ် ဆိုတဲ့အချက်များနဲ့ ပြည့်စုံရပါတယ်။ အကျယ်ရေးရင်တော့ အများကြီးရှိပါသေးတယ်။

ဒီမိုကရေစီနိုင်ငံများမှာ အစိုးရပိုင်မီဒီယာမရှိပေမယ့် အများပြည်သူဝန်ဆောင်မှုမီဒီယာတွေရှိပါတယ်။ ဒါ့ကြောင့် နိုင်ငံပိုင် မီဒီယာများကို အများပြည်သူဝန်ဆောင်မှုမီဒီယာအဖြစ်ပြောင်းလဲဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ နိုင်ငံတကာစံနှုန်းများနဲ့ ကိုက်ညီစေရန်အတွက် ယူနက်စကို,IMS, ၊ စတဲ့ အဖွဲ့အစည်းများ၊ နိုင်ငံတကာ Public Service Mediaများဖြစ်တဲ့ DW, BBC, CFI , Swedish Radio, Open Society, စတဲ့ အဖွဲ့အစည်းများနဲ့ ပူးပေါင်း ဆောင်ရွက်နေပြီဖြစ် ပါတယ်။ သူတို့ကိုယ်တိုင်ကလည်း မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ မီဒီယာ လောက ဖွံ့ဖြိုးတိုးတက်ရေးမှာ အများ ပြည်သူ ၀န်ဆောင်မှုမီဒီယာ တွေရှိဖို့လိုတယ်လို့ ယုံကြည်တဲ့အတွက် စိတ်ပါလက်ပါ အကူ အညီပေးနေပါတယ်။

ဖတ်ချင်စရာမကောင်းတဲ့ အစိုးရပိုင်သတင်းစာများကနေ နိုင်ငံတကာစံနှုန်းများနဲ့ ကိုက်ညီမယ့် အများပြည်သူဝန်ဆောင်မှု မီဒီယာများအဖြစ်ပြောင်းလဲခြင်းဟာ ကြိုဆိုရမယ့်ကိစ္စလို့ပဲမြင်ပါတယ်။ အများပြည်သူဝန်ဆောင်မှု Public Service Media သတင်းစာဟာ ပုဂ္ဂလိက Commercial သတင်းစာများနဲ့ ပြိုင်ဘက်မဟုတ်ပါဘူး။ သူ့ပြေးလမ်းနဲ့ သူပြေးနေတာ သာဖြစ်ပါတယ်။ အများပြည်သူဝန်ဆောင်မှု Public Service Media ဟာ နိုင်ငံသားအားလုံးနဲ့ ဆိုင်တဲ့ အတွက် သတင်းစာပီပီပြင်ပြင်ဖြစ်ဖို့အားလုံးရဲ့ အကြံ ပြုချက်များကို ကြိုဆိုပါတယ်။ အလေးထားပါတယ်။ ဒါပေမယ့် အချက် အလက်မှန်များကို အခြေခံပြီး အကြံပြုစေချင်ပါတယ်။ စီးပွားရေးပြိုင်ဘက်လို သဘောထားပြီး မမှန်မကန်စွတ်စွဲမှုတွေ၊ အပုတ်ချမှုတွေကတော့ ဘယ်သူမှ အကျိုးမရှိနိုင်ဘူးလို့ယူဆပါတယ်။

Ye Htut
Ye Htut(Facebook စာမျက်နှာမှ)

လူ့အခွင့်အရေးကော်မရှင် ဥပဒေမူကြမ်းတင်သွင်းမည်

လွှတ်တော်အဆောက်အဦး
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကနေ လူ့အခွင့်အရေးကော်မရှင်ဆိုင်ရာ  ဥပဒေမူကြမ်း တရပ်ရေးဆွဲပြီး လွှတ်တော်ကို တင်သွင်းဖို့ လုပ်ဆောင်နေချိန်မှာ  ဒီမူကြမ်းနဲ့ ပါတ်သက်ပြီး နိုင်ငံတကာစံနှုံးတွေ မပြည့်မှီမှာကို စိုးရိမ်ကြောင်း ANNI  အမျိုးသား လူ့အခွင့်ရေး ဆိုင်ရာ အာရှ NGO ကွန်ယက်က ပြောကြားခဲ့ပါတယ်။  ဒီလူ့အခွင့်ရေး ကော်မရှင်ဟာ  အားလုံး အတွက် လုပ်ဆောင်ပေးမယ့် သီးခြားလွတ်လပ်တဲ့ လူ့အခွင့်ရေးကော်မရှင် တရပ်ဖြစ် လာဖို့  လွှတ်တော် အမတ်တွေက မျှော်လင့်နေကြသလို  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေး ကော်မရှင်ကတော့ လက်ရှိမှာ အခြေနေပေးတဲ့ ဘောင် အတွင်းကနေ လွတ်လွတ်လပ်လပ် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဒေါ်ခင်မျိုးသက် က တင်ပြပေးထားပါတယ်။

အာရှတလွှား နိုင်ငံပေါင်း ၁၇ နိုင်ငံပါဝင်တဲ့ ANNI အာရှဒေသ အမျိုးသား လူ့အခွင့်အရေး ဆိုင်ရာ NGO များကွန်ယက်က  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ရေးဆွဲတင်သွင်းမယ့်  အမျိုးသားလူ့အခွင့်ရေး ဆိုင်ရာ ဥပဒေမူကြမ်း နဲ့ ပါတ်သက်ပြီး ဒါကို လူထုမသိသေးတဲ့ အတွက် ထောက်ပြမှုတွေ မလုပ်နိုင်တဲ့အပေါ် စိုးရိမ်ကြောင်း  လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ သမ္မတ ဦးသိန်းစိန် ဆီကို စာရေးသား ပေးပို့ခဲ့ပါတယ်။

နိုင်ငံတနိုင်ငံရဲ့ အမျိုးသားလူ့အခွင့်ရေးအဖွဲ့ကို   ကုလသမဂ္ဂက  Paris Principles လို့သတ်မှတ်ထားတဲ့ နိုင်ငံတကာစံနဲ့ အညီဖွဲ့စည်းဖို့ လိုအပ်သလို  အခုလွှတ်တော်မှာ ဆွေးနွေးဖို့ တင်ပြမယ့် ဥပဒေမူကြမ်းအတွက် လူထုကိုချပြဖို့ လိုအပ်တယ်လို့ အဖွဲ့ပြောခွင့်ရ  Joses Kuan ကပြောပါတယ်။

"အခုချပြမယ့် ဥပဒေမူကြမ်း အတွက် လုပ်နည်းလုပ်ဟန်နဲ့ လက်ရှိ အနေအထားအရ ဆိုရင် ပြဿနာဖြစ်လာမယ့် အခြေနေမှာရှိပါတယ်။  ဘာလို့လည်း ဆိုတော့ ဥပဒေမူကြမ်းကို အများသိအောင်ချမပြတဲ့ အပြင်၊  လူမှုလူ့အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးရာမှာ အကန့်အသတ်ရှိပြီး ပါဝင်သင့်တဲ့ အဖွဲ့တွေနဲ့ တိုင်ပင်တာမျိုးမတွေ့ရလို့ ဖြစ်ပါတယ်။"

ဒီဥပဒေမူကြမ်းနဲ့ ပါတ်သက်ပြီး  လူမှုလူ့အဖွဲ့အစည်းတွေနဲ့ လူထုလူတန်းစား အသီးသီးရဲ့ အမြင်ကိုသိရဖို့ လိုအပ်သလို၊  အများ သိလာအောင် မြန်မာဘာသာ နဲ့ရော  တိုင်းရင်းသား ဘာသာတွေနဲ့ ပါရေးသားဖေါ်ပြမှ လူထုအတွက် လူ့အခွင့်အရေး ကော်မရှင်ဖြစ် လာနိုင်မယ်လို့ ထောက်ပြပါတယ်။ ဒီလိုလူထုဆန္ဒသိရဖို့ လွှတ်တော်အနေနဲ့လည်း အထူးကော်မတီတရပ်ဖွဲ့ပြီး လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က အတွင်းရေးမှုး ဦးစစ်မြိုင် ကတော့ ဒီမူကြမ်းကို အာရှပစိဖိတ်ဒေသတွင်းက သာမက  အနောက်နိုင်ငံတွေ ဘက်က လူ့အခွင့်ရေး အဖွဲ့အစည်းတွေ ဆီကပါ အကြံဥာဏ်တွေ ရယူပြီးမှရေးဆွဲဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒီမူကြမ်းနဲ့ ပါတ်သက်ပြီး လွှတ်တော်ကနေ လူထုကို ချပြမယ့် သဘောရှိတယ်လို့ ဆိုပါတယ်။

" ကျနော်တို့ ဥပဒေဆွဲတယ်ဆိုတာက သူတို့ဆီက အကြံဥာဏ်တွေ ယူပြီးမှ ဆွဲတာ၊ ကျနော်တို့ဆီက ဥပဒေကို ချပြတဲ့အခါမှာ အကြံဥာဏ်ပေးပါတယ်။ နောက် APF ကလည်း အကြံဥာဏ်ပေးပါတယ်။ အကြံဥာဏ်တွေကို အလျင်းသင့်သလိုပေးတာရှိပါတယ်။ နောက် ဒီဥပဒေကြမ်းကိုလည်း ကျနော်တို့ရဲ့ ဒုတိယမူကြမ်းကို INGO တွေနဲ့ NGO တွေကို ကျနော်တို့ ချပြခဲ့ပါတယ်။ သူတို့တွေကတော့ ထွေထွေထူးထူး အကြံဥာဏ်ပေးတာမရှိပါဘူး။ မရှင်းလို့မေးတာလောက်ပဲရှိပါတယ်။ ဒီဟာက ကျနော်တို့ချည်းပဲ လုပ်တာမဟုတ်ပါဘူး။ တိုင်ပင်သင့်တာတွေ တိုင်ပင်ပြီးတော့ အကြံယူသင့်တာတွေ ယူပြီးတော့ ဆောင်ရွက်ခဲ့တာပါ။ ဒီဥစ္စာက ကျနော်တို့ လွှတ်တော်ရောက်တဲ့အချိန်မှာ ဥပဒေကြမ်းအဖြစ်နဲ့ဖြစ်တဲ့အချိန်မှာတော့ လွှတ်တော်က ချပြလိုက်မယ်လို့ ကျနော်တို့ ယူဆပါတယ်။"

လက်ရှိလူ့အခွင့်အရေး ကော်မရှင်ဟာ ၂၀၁၁ ခုမှာ သမ္မတအမိန့်နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး  ဒီကော်မရှင်က  ဥပဒေမူကြမ်းတင်သွင်းတာနဲ့ ပါတ်သက်ပြီး အခုထိ မသိရသေးဘူး လို့  ပြည်ထောင်စု လွှတ်တော်က  ဒေါက်တာအေးမောင်ကပြောပါတယ်။   ဒီကော်မရှင် အတွက် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းတခုအတိုင်း ဘတ်ဂျက်ငွေ ချထားပေးတာမို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီတဲ့အတွက် လွှတ်တော်ထဲမှာ ဆွေးနွေးခဲ့တာ ရှိပြီး၊   ဒီအမျိုးသားလူ့အခွင့်ရေး ကော်မရှင်ဟာ ပါသင့်ပါထိုက်တဲ့ လူတွေနဲ့ ဖွဲ့စည်းထားတယ်လို့ ယူဆပေမယ့်  သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတခုဖြစ်ဖို့တော့ လွှတ်တော် အမတ်တွေက မျှော်လင့်ထားတယ်လို့ ပြောပါတယ်။

"ကျနော်တို့ကတော့ ဖွဲ့တုန်းကလည်း ပြောပါတယ်။ လွတ်လပ်တဲ့ အမှီအခို ကင်းတဲ့ ကော်မရှင် တခုဖြစ်ဖို့လိုတယ်။ သမ္မတရုံးကဖွဲ့တာနဲ့စာရင် သမ္မတရုံးရဲ့ အုပ်ချုပ်မှုအောက်မှာ မဟုတ်ဘဲနဲ့ပေါ့။ မြန်မာနိုင်ငံ တခုလုံးနဲ့ ပတ်သက်တာမျိုး ဖြစ်ဖို့လိုမယ်။ အဲ့တာကြောင့် ပြည်ထောင်စု လွှတ်တော်ကနေ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်လိုဟာမျိုးကို ကျယ်ကျယ်ပြန့်ပြန့် ခွင့်ပေးနိုင်ရင်ကောင်းမယ်ဆိုတာမျိုးလေးကတော့ လွှတ်တော်အမတ်အသီးသီးက ပြောဆိုခဲ့ကြဖူးတာရှိပါတယ်။ တကယ်လို့များ လွှတ်တော်ထဲမှာ ဆွေးနွေးဖြစ်ခဲ့တယ်ဆိုရင်လည်း အဲ့ဒီ့သဘောပေါ့နော် လွတ်လွတ်လပ်လပ် တနိုင်ငံလုံးနဲ့ပတ်သက်တဲ့ ကော်မရှင်တခုရှိသင့်တယ်၊ ရှိအပ်တယ်ဆိုတဲ့မူပေါ့နော်။ မည်သည့်အစိုးရအဖွဲ့ရဲ့ အောက်မှာမှ မရှိဘဲနဲ့လေ။ ဘာဖြစ်လို့လည်းဆိုတော့ အစိုးရအဖွဲ့ က လူ့အခွင့်အရေး ချိုးဖောက်တာရှိရင်လည်း ဝေဖန်ပြရမှာကိုး၊ အများယုံကြည်တဲ့ ပုဂ္ဂိုလ်တွေ ပါနိုင်ရင်တော့ ကောင်းတာပေါ့၊ နိုင်ငံတကာမူကလည်း ရှိဖို့လိုအပ်တယ်လို့ သုံးသပ်ပါတယ်။"

ဘက်မလိုက်တဲ့ အဖွဲ့အစည်းတရပ်ပေါ်ပေါက်လာဖို့  လွှတ်တော် အမတ်တွေက မျှော်လင့်နေချိန်မှာ  လက်ရှိကော်မရှင် အနေနဲ့ လောလောဆယ် မှာ အခြေနေပေးတဲ့ ဘောင်အတွင်းကနေ လွတ်လွတ်လပ်လပ် လုပ်ဆောင်နေတယ် လို့ ဦးစစ်မြိုင်ကပြောပါတယ်။

"လက်ရှိတော့ ကျနော်တို့ လုပ်နေတာကတော့ ဘယ်ဝန်ကြီးဌာန၊ ဘယ်ဟာရဲ့ လမ်းညွှန်ချက်မှ မဟုတ်ဘူး၊ အဖွဲ့အစည်းတွေထဲမှာရှိတဲ့ ကျနော်တို့ လုပ်ပိုင်ခွင့်နဲ့တာဝန်တွေအပေါ်မှာ မူတည်ပြီး လုပ်နိုင်တာတွေ၊ လုပ်သင့်တာတွေကို ဆောင်ရွက်နေပါတယ်။ အစိုးရအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းသင့်တာ၊ တိုင်ပင်သင့်တာကိုလည်း တိုင်ပင်ဆောင်ရွက်ပါတယ်။ အခုထုတ်ပြန်ချက်တွေကို ကြည့်မယ်ဆိုလို့ရှိရင် ကျနော်တို့ ဖော်ထုတ်တာတချို့ကို တွေ့ပါလိမ့်မယ်။ ကျနော်တို့ဆောင်ရွက်နိုင်တဲ့အတိုင်းအတာနဲ့ အခြေအနေ ပေးတဲ့အတွင်းကနေပြီးတော့ လွတ်လွတ်လပ်လပ် လုပ်နေပါတယ်လို့ပဲ ကျနော် ဒီလိုရှင်းပြချင်ပါတယ်။"

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေးကော်မရှင်ဟာ အခုမူကြမ်းကို လွှတ်တော်ကို တိုက်ရိုက်တင်လို့ မရသေးဘဲ သမ္မတရုံးကို ပထမဆုံး တင်ရအုံးမှာဖြစ်တယ်လို့လည်း အတွင်းရေးမှုး ဦးစစ်မြိုင်ကပြောပါတယ်။ 
ဒေါ်ခင်မျိုးသက်VOA

ဦးနေမျိုးဇင်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် SNLD တောင်းဆို


ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ထောင် ၆ နှစ် ချမှတ်လိုက်တဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်းနှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ့ အမြန်ဆုံး ပြန်လွှတ်ပေးရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SLND) က တောင်းဆိုလိုက်ပါတယ်။

ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ဟာ ရဲတပ်ဖွဲ့ကို အကြည်ညိုပျက်စေမှု့နဲ့ ပန်းတနော်မြို့နယ် တရားရုံးက ထောင်ဒဏ် ၃ လ ချမှတ်ပြီး မအူပင်ထောင်မှာ အကျဉ်းကျခံနေရသူဖြစ်ပါတယ်။

ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးစဉ်က ပုဒ်မ ၄၀၁ ကြွေးကျန်အဖြစ် သတ်မှတ်ထားတဲ့ ထောင်ဒဏ် ၆ နှစ်ကို ပြန်လည်ကျခံစေဖို့ ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး SLND က ဒီနေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာပါ။

ကြေညာချက်မှာ အစိုးရရဲ့ ဒီလိုဆောင်ရွက်ချက်ဟာ အမျိုးသားပြန်လည် သင့်မြတ်ရေး ဆောင်ရွက်နေတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေအပေါ် သက်ရောက်မှု့ရှိ့စေပြီး အပြု့သဘော နိုင်ငံရေးဆောင်ရွက်ချက်တွေ အပေါ်မှာ ဆိုးကျိုးတွေ ရှိ့လာနိုင်တယ်လို့ ထောက်ပြထားပါတယ်။

ဦးနေမျိုးဇင်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်ကလည်း ကြေညာချက်ထုတ် တောင်းဆိုထားပါတယ်။

http://burmese.dvb.no/archives/39245

ကမ္ဘာ့ဘဏ်နဲ့ မြန်မာအစိုးရ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမယ်

 
မြန်မာအစိုးရနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုတိုးမြှင့်သွားပါတော့မယ်။ 

ယမန်နေ့ က နေပြည်တော် ဟိုတယ်ဇုံက သင်္ဂဟ ဟိုတယ်မှာ ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲတခုမှာ ကမ္ဘာ့ဘဏ် တာဝန်ရှိသူတချို့နဲ့ အစိုးရ တာဝန်ရှိသူတွေက မြန်မာအစိုးရနဲ့ ကမ္ဘာ့ဘဏ်အုပ်စုတို့ ပိုပြီး ပူးပေါင်းဆောင် ရွက်မှုတွေ လုပ်ဆောင်သွားဖို့ ပြောဆိုသွားကြတာကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေ က ဖော်ပြထားပါတယ်။ 

အဲဒီအလုပ်ရုံဆွေးနွေးပွဲမှာ အစိုးရ ၀န်ကြီးတွေဖြစ်တဲ့ ဦးစိုးသိန်း၊ ဦးဝင်းရှိန်နဲ့ အစိုးရ တာဝန်ရှိသူတွေနဲ့အတူ ကမ္ဘာ့ဘဏ်အုပ်စုရဲ့ Country ဒါရိုက်တာ Ms. Annette Dixon နဲ့ အဖွဲ့တွေ တက်ရောက်ခဲ့ကြပါတယ်။ 

ကမ္ဘာ့ဘဏ်အုပ်စုဘက်က မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုပြီး ဆင်းရဲ မွဲတေမှု တိုက်ဖျက်ရေး မြန်မာအစိုးရနဲ့ သဘောတူထားပြီးဖြစ်တာတွေကြောင့် ရှေ့လျှောက် ဒီထက် ပိုပြီး  အရှိန်မြှင့်ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ဒီအလုပ်ရုံဆွေးနွေးပွဲကနေ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီး ခိုင်မာ လာမယ်လို့ မျှော်လင့်တယ်လို့ Ms. Annette Dixon က ပြောသွားပါတယ်။ 

ကမ္ဘာ့ဘဏ်နဲ့ ပူးပေါင်ဆောင်ရွက်တွေကြောင့် အလုပ်အကိုင်တွေ အဆင်ပြေလာမယ့်လို့ မျှော်လင့်ထား သလို အမေရိကန် ဒေါ်လာသန်း ၈၀ ထောက်ပံ့ကူညီထားတဲ့ ကျေးလက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ လည်း စတင်လုပ်ဆောင်နေပြီလိုလည်း ၀န်ကြီး ဦးစိုးသိန်းက ပြောသွားခဲ့တယ်။ 

အခုလို ကမ္ဘာ့ဘဏ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်လာနိုင်တာဟာ မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ်အပေါ်
ပေးစရာ ရှိတဲ့အကြွေးတွေကို ဂျပန်နိုင်ငံက ကြားဝင်ကာ စိုက်ပေးထားတဲ့အတွက် ကြွေးမြီအသစ် ယူလို့ ရသွားခဲ့တာဖြစ်ပြီး အခုလို အခြေရောက်လာခဲ့ရတာပါ။ 
အိမ့်သံစဉ် ~ဧရာဝတီBlog

ကိုဇာဂနာ ရုပ်ရှင်လောကကို ပြန်လာတော့မယ်

(ဓာတ်ပုံ – Facebook / Maung Thura)
၈ နှစ်ကြာ ရုပ်ရှင်ရိုက်ကူးခွင့် ပိတ်ထားခြင်းခံရတဲ့ လူရွှင်တော်၊ သရုပ်ဆောင်၊ ဒါရိုက်တာ ဇာဂနာ (ကိုသူရ) ဟာ အခု လာမယ့် ဇွန်လက စလို့ ရုပ်ရှင်ဇာတ် ကားကြီးများကို ပြန်လည် ရိုက်ကူးတော့မှာပါ။ 
“ပထမဆုံး အနေနဲ့ စာရေးဆရာ အကြည်တော်ရေးတဲ့ ‘ပြုံးရသည်၊ ရယ်ရသည်၊ ငိုရသည်’ ဆိုတဲ့ လူရွှင်
တော် တယောက်ရဲ့ အကြောင်းပေါ့။ ရယ်စရာလည်း ကောင်းတယ်၊ ငိုစရာလည်းပါတယ်။ လူရွှင်တော် တယောက်အဖြစ် ရပ်တည်ရတဲ့ ဘ၀မှာ ဆိုင်းနောက်ထ ဘ၀မှာလည်း ရပ်တည်ရတယ်၊ ဇာတ် လူရွှင်
တော်လည်း ဖြစ်တယ်၊ အငြိမ့် လူရွှင်တော်လည်းဖြစ်တယ်၊ ကွက်စိပ် ဆရာလည်း ဖြစ်တယ်၊ ဘိသိက် လည်း မြှောက်ရတယ်၊ ရုပ်ရှင်ထဲမှာလည်း နေ့စား အလုပ်သမား ၀င်လုပ်ရတယ်။ အဲ့ဒီ လူတယောက် က မွေးလာတဲ့ သမီးလေးတယောက်နဲ့ လူရွှင်တော်ရဲ့ ဘ၀အကြောင်းကို လုပ်ထားတဲ့ ဇာတ်ဆိုတော့ အဲ့ဒါလေးက တော်တော်လေးကောင်းတယ်” လို့ ကိုဇာဂနာက သူပထမဆုံး ရိုက်ကူးမယ့် ဇာတ်ကား အကြောင်း ဧရာဝတီကို ရှင်းပြပါတယ်။ 

ဒီမှာ မစပ်စု စဉ်းစားမိတာက တို့တိုင်းပြည်ကြီးမှာ လက်ရှိဖြစ်ပျက်နေတဲ့ အနေအထားနဲ့ ဒီဇာတ်ကားနဲ့ ကတော့ တထပ်တည်း ထပ်တူကျနေမှာတော့ အမှန်ပါ။ လူကြီး လူငယ် လူလတ်မရွေး ကိုယ်တတ်ကျွမ်းတဲ့ ပညာ၊ ကိုယ်ရထားတဲ့ဘွဲ့ စတာတွေနဲ့ ဘ၀ကို တသမတ်တည်း ရပ်တည်လို့ မရဘူးဆိုတာပါ။ 

ဘ၀ ရပ်တည်ဖို့ဆိုရင် ကိုယ်မတတ်ကျွမ်းလည်း လုပ်၊ မလုပ်ချင်လည်း လုပ်နေရတဲ့ ဖြစ်သလို ရပ်တည်နေ ရတဲ့ ဘ၀တွေက အများအပြားပေကိုး။ 

ဥပမာ – ရှေ့နေဘွဲ့ ရထားပေမယ့် တက္ကစီဒရိုင်ဘာ ဖြစ်နေတဲ့ ဘ၀တွေကလည်း လမ်းပေါ်မှာ တပုံတပင်။ မစပ်စုတို့  ပြည်သူတွေ ဘ၀နဲ့ဆန္ဒ တထပ်တည်း မကျဘူးလို့ ဆိုရလေမလားပါပဲ။ 

ကဲ … ထားလိုက်ပါတော့လေ။ လူရွှင်တော်၊ သရုပ်ဆောင်၊ ဒါရိုက်တာ ကိုဇာဂနာက ဒီဇာတ်ကားအပြီး မှာ နောက်ထပ် ဒါရိုက်တာ ၀ိုင်း ရိုက်ကူးမယ့် “အာဏာရူး” ဆိုတဲ့ ဇာတ်ကားကို ဆက်လက် ရိုက်ကူးဖြစ် မယ်လို့ သိရပြန်ပါတယ်။ 
ဧရာဝတီ Blog


ဒက္ကား အထည်ချုပ်စက်ရုံ အပျက်အစီးကြားမှ နောက်ထပ် အလောင်း ၁၂၀တွေ့ရှိ၊ သေဆုံးသူ ၉၉၆ ဦးရှိသွားပြီ

မေလ (၉) ရက် ယမန်နေ့ တစ်နေ့တည်းတွင် ဒက္ကားမြို့ အထည်အချုပ်စက်ရုံ အပျက်အစီးတွေ ကြားထဲမှ သေဆုံးသူ အလောင်း ၁၂၀ကို ရှာဖွေတွေ့ရှိခဲ့သဖြင့် သေဆုံးသူ အရေအတွက်မှာ ယခုအခါ ၉၉၆ ဦး ရှိသွားခဲ့ပြီ ဖြစ်သည်။
Rana-Plaza-Ravaged
ယမန်နေ့က ရှာဖွေတွေ့ရှိခဲ့သော အလောင်းများမှာ မည်သူ မည်ဝါ ဖြစ်သည်ကို မှတ်မိနိုင်ခြင်း မရှိတော့ကြောင်း ကယ်ဆယ်ရေး လုပ်နေသူများက ပြောသည်။
သေဆုံးသူများတွင် ID ကဒ်များနှင့် လက်ကိုင် မိုဘိုင်းဖုံးများလည်း အနီးအနားများတွင် မရှိတော့သဖြင့် သေဆုံးသူများမှာ မည်သူ မည်ဝါဖြစ်သည်ကို မသိရှိနိုင်တော့ကြောင်း ဆိုသည်။
သေဆုံး အလောင်းများကို မှတ်မိနိုင်ခြင်း မရှိတော့သဖြင့် ကျန်နေခဲ့သူ မိသားစုများသို့ အလောင်းများ လွှဲပြောင်းပေးရန်လည်း အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။
အဆောက်အအုံ ပြိုကျပြီး ၁၆ ရက်မြောက်နေ့တွင် အလောင်း ၁၂၀ ကို တစ်နေ့တည်းတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ရှစ်ထပ် အဆောက်အအုံ Rana Palaza ပြိုကျမူကြောင့် လူပေါင်း ၁၀၀၀ ကျော်ထိ သေဆုံးနိုင်ဖွယ်ရှိနေပြီး အလောင်းများကို ကယ်ဆယ်ရေး လုပ်သားများက ဆက်လက် ရှာဖွေနေတုန်း ဖြစ်ကြောင်း သိရသည်။
နိရဉ္စရာ

Thursday, May 9, 2013

အင်ဒို စစ်သွေးကြွ ၄ ဦး ထပ်မံသေဆုံး

အင်ဒိုနီးရှား နိုင်ငံ မြန်မာသံရုံးရှေ့ အင်ဒိုလုံခြုံရေးတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားစဉ်။
အင်ဒိုနီးရှားနိုင်ငံမှာ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြိုးပမ်းသူတွေလို့ သံသယရှိသူတွေ အပါအ၀င် အစွန်းရောက်သူတွေကို နောက်ထပ် လိုက်လံ ဖမ်းဆီးရင်း လုံခြုံရေးအာဏာပိုင်တွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားရာက ၂ ရက်အတွင်း စစ်သွေးကြွ ၇ ယောက်အထိ သေဆုံးခဲ့ပါတယ်။ မကြာသေးခင်တုန်းက မြန်မာနိုင်ငံတွင်းက ပဋိပက္ခတွေမှာ မူဆလင်တွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်တယ်ဆိုပြီး မကျေနပ်ကြတဲ့ အစွန်းရောက်သူတွေရဲ့ လှုံ့ဆော်မှုတွေကြောင့် လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ထွက်ပေါ် နေချိန်မှာပဲ စစ်သွေးကြွတွေကို အင်ဒိုနီးရှား အာဏာပိုင်တွေက လိုက်လံ နှိမ်နင်းနေတာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး ကတင်ပြပေးထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားခရိုင် အလယ်ပိုင်းမှာ နောက်ဆုံးဖြစ်ခဲ့တဲ့ စီးနင်းမှု အတွင်းမှာတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့တွေရဲ့လက်ချက်နဲ့ စစ်သွေးကြွတွေလို့ သံသယရှိသူ ၄ ယောက် ထပ်မံသေဆုံးခဲ့တာ ဖြစ်ပါတယ်။ Kebume မြို့က သံသယရှိသူတွေ ပုန်းအောင်းနေရာ နေအိမ်တလုံးကို လုံခြုံရေး အာဏာပိုင်တွေက ၀ိုင်းထားပြီး ညလုံးပေါက် ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် လူ ၂ ယောက်ကိုလည်း အရှင်ဖမ်းမိခဲ့တာပါ။ ၁၃ နာရီကြာ စီးနင်းမှုအတွင်း အင်ဒိုနီးရှား အထူးတပ်ဖွဲ့တွေက လက်နက်ချ အဖမ်းခံဖို့ စည်းရုံးသိမ်းသွင်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးလို့လည်း အာဏာပိုင်တွေက ပြောပါတယ်။

အခုနောက်ဆုံး စီးနင်းမှုအတွင်း သေဆုံးသူ၊ ဖမ်းဆီးမိသူတွေနဲ့ ဆိုရင်တော့ ၄ ရက် ဆက်တိုက် လုံခြုံရေး အာဏာပိုင်တွေရဲ့ စီးနင်းမှုတွေအတွင်း စစ်သွေးကြွအဖြစ် သံသယရှိသူ ၇ ယောက် သေဆုံးပြီး၊ ၁၃ ယောက်ကို အရှင်ဖမ်းမိခဲ့တဲ့ အကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရသူ ရဲမှူးချုပ် Boy Rafi Amar က ဒီကနေ့ ဂျကာတာမြို့တော်က သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောဆိုခဲ့တာပါ။

“မနေ့တုန်းက ဝင်ရောက် စီးနင်းမှုတွေ အတွင်းမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အကြမ်းဖက် သမားတွေလို့ သံသယရှိသူတွေကြား အပြန်အလှန် ပစ်ခတ်တာတွေ ရှိခဲ့တဲ့အတွက် အသေအပျောက်တွေလည်း ရှိပါတယ်။ နောက်ဆုံး အသေအပျောက်တွေ ကြုံခဲ့ရတာကတော့ Ucup လို့လည်း သိကြတဲ့ Bayu မှာဖြစ်ပါတယ်။ စုစုပေါင်း လူ ၁၃ ယောက်ကို အရှင်ဖမ်းမိပြီး၊ ၇ ယောက်ကိုတော့ အသေမိခဲ့ပါတယ်။”

နောက်ဆုံး အဖြစ်အပျက်အတွင်း သေဆုံးသွားသူတွေဟာ လက်နက် ချဖို့ ငြင်းဆန်ပြီး လုံခြုံရေး တပ်ဖွဲ့တွေကို လက်လုပ်ဗုံးတွေ၊ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ရာက အပြန်အလှန် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တာလို့လည်း သူကပြောပါတယ်။

မနေ့တုန်းကလည်း ဂျာဗားခရိုင်ထဲက Cigondewah ကျေးရွာမှာ သံသယရှိသူတွေ ပုန်းအောင်းနေတဲ့ နေအိမ်တလုံးကို အင်ဒိုနီးရှား အထူး တပ်ဖွဲ့ဝင်တွေ နာရီအတော်ကြာ ၀ိုင်းဝန်းထားပြီးနောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာက စစ်သွေးကြွ ၃ ဦး သေဆုံးခဲ့ပြီး နောက်တဦးကို ဖမ်းဆီးခဲ့ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က ပြောပါတယ်။

သံသယရှိသူတွေ ၄ လကြာ ငှားရမ်းနေထိုင်နေခဲ့တဲ့ အိမ်ထဲ မှာတော့ နောက်ပိုင်း မှာ လက်လုပ်ဗုံး တချို့အပါအ၀င် လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း အင်ဒိုနီးရှား တာဝန်ရှိသူတွေက ပြောခဲ့ကြတာပါ။ ၇ နာရီကျော်ကြာ စီးနင်းမှုအတွင်း သေဆုံးသူတွေနဲ့ ဖမ်းဆီးမိသူတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ဂျကာတာမြို့တော်က မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ ဆက်နွယ်သူတွေလို့ ယူဆထားတဲ့အတွက် ဆက်လက်စုံစမ်း စစ်ဆေးနေတယ် လို့လည်း အင်ဒိုနီးရှား ထောက်လှမ်းရေးဌာနရဲ့ အကြီးအကဲ Marciano Norman ကပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“မြန်မာသံရုံးကို တိုက်ခိုက်မယ့် အစီအစဉ်မှာ ဒီအုပ်စု ပတ်သက်နေတယ်လို့ ကျနော်တို့ သံသယ ရှိပါတယ်။ အခြေအနေကိုတော့ ဆက်လက် စောင့်ကြည့်နေ ပြီး၊ ရဲတပ်ဖွဲ့ရဲ့ အစီရင်ခံစာကိုတော့ စောင့်နေတုန်းပါ။”

ပြီးခဲ့တဲ့ သီတင်းပတ်ထဲ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်သူတွေအဖြစ် သံသယရှိသူ ၂ ယောက်ကိုတော့ ဂျာကာတာ မြို့တ်ာမှာ မော်တော်ဆိုင်ကယ် တစင်းနဲ့ သွားနေတုန်း အင်ဒိုနီးရှား လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးမိခဲ့တာပါ။

သူတို့ ၂ ဦးထံက လက်လုပ်ဗုံးတွေ အပါအဝင် ဖောက်ခွဲရေး ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပြီးတဲ့နောက် နောက်ဆက်တွဲ သံသယရှိသူတွေကို အာဏာပိုင်တွေက လိုက်လံရှာဖွေ ဖမ်းဆီးနေတာ ဖြစ်ပါတယ်။ မနေ့တုန်းက လည်း ဂျာဗားခရိုင် အလယ်ပိုင်းက Batang မြို့မှာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ နောက်ထပ် စီးနင်းတိုက်ခိုက်မှုတခုအတွင်း  စစ်သွေးကြွအဖြစ် သံသယရှိသူ တဦးကို အသေမိပြီး၊ နောက်တဦးကိုလည်း အရှင် ဖမ်းဆီးရမိခဲ့တာပါ။

သူတို့ ၂ ဦးကိုတော့ မတ်လထဲမှာတုန်းက ဂျကာတာမြို့မှာရှိတဲ့ ရတနာဆိုင် တခုကို ဓားပြတိုက် လုယက်မှုတခုနဲ့ ဆက်နွယ်နေတယ်လို့လည်း ရဲတပ်ဖွဲ့က ယူဆထားတာပါ။ ကမ္ဘာပေါ်မှာ အစ္စလာမ်ဘာသာ ကိုးကွယ်သူတွေ အများဆုံး ရှိရာ အင်ဒိုနီးရှား နိုင်ငံမှာ အကြမ်းဖက်အုပ်စုတွေဟာ အသစ်အသစ် ထပ်မံပေါ်ပေါက်နေပြီး၊ မကြာသေးခင် ကာလတွေအတွင်း မျက်နှာသစ်တွေကို ပိုပြီးတွေ့ လာနေရတယ်လို့လည်း ရဲတပ်ဖွဲ့ ပြောခွင့်ရသူက သတင်းထောက်တွေကို ပြောခဲ့တာပါ။

“အကြမ်းဖက်သမားတွေ ဖြစ်ကြတဲ့ ဒီလူတွေဟာ ဘဏ်တွေကို ဓားပြတိုက်တဲ့ လုပ်ရပ်မျိုးတွေနဲ့ အကြမ်းဖက် လုပ်ရပ်တွေအတွက် ငွေရှာနေကြတာပါ။ ဒါကိုကြည့်မယ် ဆိုရင် သူတို့ဟာ ငွေကြေးအလုံအလောက် ရပြီဆိုတာနဲ့ အကြမ်းဖက် လုပ်ရပ်တွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ လက္ခဏာတခု ဆိုတာ တွေ့နိုင်ပါတယ်။”

မြန်မာသံရုံးကို အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်မှု သတင်းထွက်ပေါ် လာပြီးနောက်မှာတော့ လုံခြုံရေး အခြေအနေတွေကို စိုးရိမ်တှာုကြောင့် အင်ဒိုနီးရှား နိုင်ငံမှာ ဖျော်ဖြေဖို့စီစဉ်ထားတဲ့ နာမည်ကျော် AeroSmith အဖွဲ့ရဲ့ စင်တင် ဂီတပွဲကိုလည်း ဖျက်လိုက်တဲ့အကြောင်း ဒီသီတင်းပတ် ထဲမှာပဲ ကြေညာခဲ့တာပါ။ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ပြောခွင့်ရသူကတော့ ဒီသီတင်းပတ်ထဲ ဖမ်းဆီးမိသူတွေဟာ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ ဆက်နွယ်မှု ရှိမရှိဆိုတာ အတိအကျ သိရဖို့ အတွက်ကိုတော့ ဆက်လက် စုံစမ်းနေတုန်းပဲလို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူအများအပြား ထိခိုက်သေဆုံးမှုတွေ ကြုံခဲ့ရတဲ့ မကြာသေးခင် တုန်းက ပဋိပက္ခတွေအတွင်း မူဆလင်တွေကို ပစ်မှတ်ထား ခံခဲ့ရတယ် ဆိုပြီး လက်တုန့်ပြန် တိုက်ခိုက်ဖို့ အင်ဒိုနီးရှား မူဆလင် အစွန်းရောက်တွေကြား လှုံ့ဆော်မှုတွေလည်း ထွက်ပေါ်နေခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်ထဲမှာ တုန်းကတော့ Hizbut Tahrir ရဲ့ အင်ဒိုနီးရှားအဖွဲ့ခွဲက အစွန်းရောက် အဖွဲ့ဝင်တွေ မြန်မာ အစိုးရရဲ့ အကျိုးစီးပွားတွေကို ပစ်မှတ်ထားပြီး ဂျေဟတ် ဘာသာရေးစစ်ပွဲ ဆင်နွှဲဖို့ လှုံ့ဆော်တဲ့ စာတစောင်ကို ဂျကာတာမြို့က မြန်မာသံရုံးမှာ ကပ်ထားခဲ့ဘူးပါတယ်။

ဒီလိုပဲ အကြမ်းဖက် အဖွဲ့တွေကို ဘဏ္ဍာရေးအရ ပံ့ပိုးမှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ အမှုနဲ့ အခုအခါ ထောင်ဒဏ် ၁၅ နှစ် ကျခံနေရတဲ့ Abu Bakar Bashir ကလည်း မြန်မာနိုင်ငံက ရိုဟင်ဂျာ မူဆလင်တွေကို ထိခိုက်နစ်နာအောင် ဆက်လုပ်နေမယ်ဆိုရင် ဘာသာရေးစစ်ပွဲ ဆင်နွှဲသွားမယ်လို့ ခြိမ်းခြောက်တဲ့ စာတစောင်ကို မနှစ်တုန်းက ထောင်ထဲကနေ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ 
ကိုအောင်လွင်ဦးVOA