Pages

Saturday, September 21, 2013

ဟင်္သာတ တွင် ရေဘေး ကယ်ဆယ်ရေးစခန်းများ တိုးချဲ့ဖွင့် ရေးဘေးသင့်ပြည်သူ ၉၀၀ ကျော်ရှိနေ

 
ဟင်္သာတ ၊ စက်တင်ဘာ ၂၀။ ။
ဧရာ ဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ရေဘေးသင့်ခံစား ရသော စစ်ကုန်းကျေးရွာအုပ်စု နှင့် တောင်လုံးစုကျေးရွာ အုပ်စု တို့တွင် စက်တင်ဘာ ၂ဝရက်က ရေဘေးကယ်ဆယ်ရေးစခန်းများ ကို တိုးချဲ့ဖွင့်လှစ်ခဲ့ရပြီး ရေဘေး သင့်ပြည်သူ ၉ဝဝကျော်ရှိနေ ကြောင်း ဒေသအုပ်ချုပ်ရေးအဖွဲ့ များထံမှ သိရသည်။

''ကယ်ဆယ်ရေးစခန်းက ဒီ နေ့နှစ်ခုထပ်ဖွင့်ရပါတယ်။ အား လုံးပေါင်းကယ်ဆယ်ရေးစခန်း ငါးခုပါ။ စစ်ကုန်းမှာ နှစ်ခု၊ ရေတဲ ကြီးမှာတစ်ခုနဲ့ ရေလယ်သောင်မှာ နှစ်ခုဖွင့်ထားရပါတယ်။ လော လောဆယ်က အိမ်ထောင်စု ၁၆၃ စုနဲ့ လူဦးရေ ၅၈၄ဦးရှိပါပြီ။ လို အပ်တဲ့ ကျန်းမာရေးစောင့်ရှောက် မှုတွေဆောင်ရွက်ပေးနေပါတယ်။ ဆန်ကို မြို့နယ်ကလှူပေးတာရှိ သလို အနီးဝန်းကျင်ရွာတွေက ထောက်ပံ့တာ၊ အလှူရှင်တွေ လာတာတော့ရှိပါတယ်။ လူဦး ရေတွေက တိုးတိုးလာတော့ စား ဝတ်နေရေးအတွက် လိုအပ်မှုတွေ ရှိနေပါတယ်''ဟု စစ်ကုန်းကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော် သူရက ယင်းနေ့နံနက် ၁၁နာရီ တွင်ပြောသည်။

တောင်လုံးစုကျေးရွာ၏ ရေ ဘေးအခြေအနေနှင့် ကယ်ဆယ် ရေးလုပ်ဆောင်နေပုံကို ''တောင် လုံးစုမှာက နှစ်ခုဖွင့်ထားရတယ်။ ရေက တအားတက်လာတာဖြစ် တော့ ဖောင်ကျောင်းနဲ့ အောက် ရွာကလေးတို့က ဘုန်းတော်ကြီး ကျောင်းတွေမှာ ဖွင့်ပေးထားတယ်။ ရေကများလာတော့ လူနေလို့မရ တော့ဘူး။ အိမ်ရဲ့အနေအထားက မြေနိမ့်တဲ့နေရာမှာဆိုရင် သုံးပုံ တစ်ပုံလောက်ပဲ ပေါ်တော့တယ်။ ရေက ခုနစ်ပေ၊ ရှစ်ပေလောက်ရှိ နေတာ။ ကြီးကြီးမားမားအထောက် အပံ့မရရှိသေးပါဘူး။ အနီးကဒေ သခံအချင်းချင်း ကူညီမှုပဲရှိပြီး ဘုန်း တော်ကြီးကျောင်းတွေက တတ် အားသရွေ့တော့ ကူညီပံ့ပိုးပေး တယ်။ ဘေးပတ်ဝန်းကျင်က လှူ တာမရှိသေးပါဘူး။ အလှူရှင် တွေလိုအပ်နေပါတယ်''ဟု တောင် လုံးစုကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်က နံနက် ၁၁ နာရီ ၁၅မိနစ်တွင်ပြောသည်။

ယင်းကဲ့သို့ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဟင်္သာတ မြို့နယ် မြစ်ကမ်းဘေး တာပြင် ကျေးရွာများဖြစ်သည့် စစ်ကုန်း ကျေးရွာအုပ်စုနှင့် တောင်လုံးစု ကျေးရွာတို့တွင် ရေဘေးသင့်ခံ စားနေရကာ စစ်ကုန်းကျေးရွာ အုပ်စုရှိ ကယ်ဆယ်ရေးစခန်းငါးခု တွင် အိမ်ထောင်စု ၁၆၃ စု၊ လူဦး ရေ ၅၈၄ ဦးနှင့် တောင်လုံးစုကျေး ရွာအုပ်စုရှိ ကယ်ဆယ်ရေးစခန်း နှစ်ခုတွင် အိမ်ထောင်စု ၆၂စု၊ လူ ဦးရေ ၂၁ရဦးတို့အား ကူညီစောင့် ရှောက်ပေးလျက်ရှိကြောင်း ဒေသ ခံအုပ်ချုပ်ရေးအဖွဲ့များ၏ ကနဦး စာရင်းအရ သိရသည်။

ဧရာဝတီမြစ်ရေ အခြေအ နေနှင့်ပတ်သက်၍ ဟင်္သာတမြို့ နယ်အနေဖြင့် စိုးရိမ်ဖွယ်အား မေး မြန်းရာ ''ဟင်္သာတမှာက ဒီနေ့ နံနက် ၆နာရီခွဲတိုင်းတာချက်အရ ၁၄၁၂စင်တီမီတာရှိတယ်။ စိုးရိမ် ရေအမှတ်က ၁၃၄၂ စင်တီမီတာ ပါ။ စိုးရိမ်ရေအမှတ်အထက်ကိုအန္တရာယ်လို့ သတ်မှတ်ပါတယ်။ ဟင်္သာတအနေနဲ့က တာကြီးတွေ သာမရှိရင် ရေတွေဝင်လို့ရပါပြီ။ ကယ်ဆယ်ရေးတွေဖွင့်တယ်ဆို တာက တာအတွင်းပိုင်းက အန္တ ရာယ်မရှိပါဘူး။ မြစ်ထဲမှာနေတဲ့ သူတွေသာ ဆောက်ထားတဲ့အိမ် အမြင့်နဲ့ တက်လာတဲ့ရေအမြင့်၊ အိမ်အဆင့်နိမ့်နေလို့ပါ။ အခုမြစ် ရေက ၄ရပေတောင်မရောက် သေးပါဘူး။ အရင်က ၁၅၀၀ စင် တီမီတာကျော်အထိ ရောက်ခဲ့ဖူး ပါတယ်။ ဘာမှမဖြစ်ခဲ့ဖူးပါဘူး။ အထက်မှာ ရေကြီးတဲ့နှစ်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတာပါ''ဟု မိုးလေ ဝသနှင့် ဇလဗေဒေဦးစီးဌာနမှဦး စီးအရာရှိ ဦးအောင်ဆန်းက ဖြေ ကြားသည်။

လက်ရှိတွင် ဟင်္သာတမြို့ နယ်အနေဖြင့် စိုးရိမ်ရေအမှတ် ၄၄ပေအထက်ကျော်လွန်ကာ စက်တင်ဘာ ၂ဝရက် မွန်းလွဲ ၁ နာရီအထိတိုင်းတာချက်အရ ၄၆ ဒသမ ၅၀ ပေသို့ ရောက်ရှိနေပြီး မြစ်ရေအမှတ် ၄၉ဒသမ ၃၁ပေ သည် အန္တရာယ်ရေအမှတ်ဖြစ် ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးမှ သိရသည်။

အောင်ကိုခန့် (ဥပဒေ)
Yangon Media Group

(၃.၁၀.၂၀၁၃) ရက်နေ့ ညနေ (၅) နာရီ အချိန် တွင် ရန်ကုန်မြို့အမျိုးသားကဇာတ်ရုံ ၌ ကျင်းပမည် ဖြစ်သော Miss Universe Myanmar 2013 Beauty Pageant အတွက် ဆန်ကာတင် (17) ဦး ၏ပုံရိပ်များနှင့် ယနေ့ည၉နာရီအထိရရှိသောမဲအရေအတွက်


(၃.၁၀.၂၀၁၃) ရက်နေ့ ညနေ (၅) နာရီ အချိန် တွင် ရန်ကုန်မြို့အမျိုးသားကဇာတ်ရုံ ၌ ကျင်းပမည် ဖြစ်သော  Miss Universe Myanmar 2013 Beauty Pageant
အတွက်  ဆန်ကာတင် (၂၀) ဦး တွင် 3 မေသင်းကြူ ။ 7 သင်းချယ်ရီဦး ။  12 ပိုးအိဖြူစင်။ ၃ဦး
မှာ ပြိုင်ပွဲမှ ထွက်သွားည်
ကြည်ပြာ တွင်မဲအရေအတွက် ၆၆၇၃ မဲဖြင့် ဦးဆောင်နေသည်။
Poe Kyar Phyu
414
Shwe Thun Eain
718
Aye Chan Moe
1303
Michelle
931
One Thiri Phyo
236
Yu Thitsar Ko
366
Emerald Nyein
630
May Chit Pone
1941
Thet Htar
668


Kyi Pyar
6673
Swan Yee Htun
274
Myat Hnin Phyu
<
1694
Moe Set Wine
5074
Khin Eain Si
303
Nan Mwe Hom
296
Hnin Yamone Oo
621
Ngwe Hnin Hmone
401

http://www.missuniversemyanmar.com/

Miss Universe Myanmar 2013 ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် အယောက် (၄၀) ထဲမှ ဆန်ကာတင် အယောက် (၂၀) ရွေးချယ်ပွဲ

Miss Universe Myanmar  2013
(၁၂.၉.၂၀၁၃) တွင် နှစ်ပေါင်း ၅၀ ကျော်အတွင်း Miss Universe Myanmar 2013 ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် အယောက် (၄၀) ထဲမှ ဆန်ကာတင် အယောက် (၂၀) ကို Kandawgyi Palace Hotel တွင် ရွေးချယ်ခဲ့ပါသည်။

ဒီအထဲက ရွေးချယ်ခံရမယ့် Miss Universe Myanmar 2013 ဟာ အခုနှစ် အောက်တိုဘာလ နှောင်းပိုင်း ရုရှားနိုင်ငံမှာ ကျင်းပမယ့် Miss Universe ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဆန်ကာတင် အယောက် (၂၀) ကို (၁၆.၉.၂၀၁၃) မှစ၍ Website ပေါ် တွင် တင်ပေးပြီး Internet Vote ကောက်ယူသွားမှာဖြစ်ပါသည်။

Vote ပေးရန် http://www.missuniversemyanmar.com/2013contestants

 ချီးမြှင့်မည့်ဆုများ
Miss Universe Myanmar  2013
• ၁၀၀ သိန်း, • Honda Fit ကားတစ်စီး, • Russia နိုင်ငံမှာ ကျင်းမည့် Miss Universe 2013 တွင် မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင် ခွင့် ရရှိမည်ပါသည်။, • Make Up နှင့် ပွဲတက်ဝတ်စုံ ကို (၁) နှစ်စာ Sponsor ရရှိမည်ဖြစ်ပါသည်။
• 15 သိန်းတန် Crown တစ်ခု, • Bsc Cosmetic များ, • Organizer နှင့် အတူ အနုပညာ လုပ်ငန်းများ၊ ပရဟိတ လုပ်များကို (၂) နှစ် ပြုလုပ်ခွင့် ရမည်ဖြစ်ပါသည်။
1st Runner Up
• 50 သိန်း, • Bsc Cosmetic
2nd Runner Up
• 25 သိန်း, • Bsc Cosmetic
Miss Body Prefect
• 6 သိန်း, • Cosmetic
Miss Healthy Skin
• 6 သိန်း, • Cosmetic
Miss Famous
• 10 သိန်း



(၃.၁၀.၂၀၁၃) ရက်နေ့ ညနေ (၅) နာရီ အချိန် တွင် ရန်ကုန်မြို့အမျိုးသားကဇာတ်ရုံ ၌ ကျင်းပမည် ဖြစ်သော  Miss Universe Myanmar 2013 Beauty Pageant
အတွက် ပြိုင်ပွဲဝင် (၄၀) ဦး ထဲမှ ဆန်ကာတင် (၂၀) ဦး ကို Kandawgyi Palace Hotel ၌
(၁၂.၉.၂၀၁၃)  ရက်နေ့ တွင်  ရွေးချယ်ခဲ့ပါသည်။
၎င်း ဆန်ကာတင် (၂၀) ဦး တို့မှာ-
Waist Number "Name
(Myanmar Version)"
"Name
(English Version)"
1 ပိုးကြာဖြူ Poe Kyar Phyu
2 ရွှေသွန်းအိမ် Shwe Thun Eain
3 မေသင်းကြူ ပြိုင်ပွဲမှထွက်
4 အေးချမ်းမိုး Aye Chan Moe
5 မေရှဲ Michelle
6 ၀မ်းသီရိဖြိုး One Thiri Phyo
7 သင်းချယ်ရီဦဲးပြိုင်ပွဲမှထွက်
8 ယုသစ္စာကို Yu Thitsar Ko
9 အမ်မရယ်(လ်)ငြိမ်း Emerald Nyein
10 မေချစ်ပုံ May Chit Pone
11 သက်ထား Thet Htar
12 ပိုးအိဖြူစင် ပြိုင်ပွဲမှထွက်
13 ကြည်ပြာ Kyi Pyar
14 စွမ်းရည်ထွန်း Swan Yee Htun
15 မြတ်နှင်းဖြူ Myat Hnin Phyu
16 မိုးစက်ဝိုင် Moe Sat Wine
17 ခင်အိမ်စည် Khin Eain Si
18 နန်းမွေဟွမ် Nan Mwe Hom
19 နှင်းယမုံဦး Hnin Yamone Oo
20 ငွေနှင်းမုံ Ngwe Hnin Hmone 


Ref : http://www.missuniversemyanmar.com

ငြိမ်းချမ်းရေး လမ်းလျှောက် ချီတက်ပွဲ ကျင်းပ

ဓါတ်ပုံ-အောင်နိင်စိုး(ကစ္ဆပ)
 ရန်ကုန်-စက်တင်ဘာ၂၁
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် ပြည်သူ့လှုပ်ရှားမှု ပွဲတော်ကို နံနက် ၉ နာရီတွင် ပြည်သူ့ ရင်ပြင်တွင် ကျင်းပခဲ့ပြီး ငြိမ်းချမ်းရေး လမ်းလျှောက် ချီတက်ပွဲကို နေ့လယ် ၁၂ နာရီမှ စတင်၍ မြို့တော်ခန်းမရှေ့မှ ပြည်သူ့ရင်ပြင်သို့ လမ်းလျှောက်ခဲ့ကြသည်။
ဓါတ်ပုံ-အောင်နိင်စိုး(ကစ္ဆပ)
အဆိုပါ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကို လူအင်အား ၇၀၀ ခန့် ချီတက်ခဲ့ကြရာ အရပ်ဖွဲ့ လူ့အဖွဲ့အစည်းများ ပါဝင်ခဲ့ကြပြီး ပြည်သူ့ရင်ပြင် တေးဂီတ ဖျော်ဖြေပွဲများ ငြိမ်းချမ်းရေးဆိုင်ရာ ပန်းချီပြပွဲ၊ ကာတွန်းပြပွဲများ ပြုလုပ်ခဲ့ကြသည်။
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးပွဲတော်ကို ရန်ကုန်မြို့တွင် ကျင်းပသကဲ့သို့မြစ်ကြီးနားမြို့နှင့်မန္တလေးတို့တွင်လည်း ကျင်းပခဲ့ပြီး တောင်ကြီးမြို့များတွင် တိုင်းရင်းသားများ ငြိမ်းချမ်းရေး ဆွေးနွေးနေကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကိုဋ္ဌေးကြွယ်က ပြောသည်။
ငြိမ်းချမ်းရေားလှုပ်ရှားသူများက ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
Popular Myanmar News Journal

၁၁ ဘီလျံ နောက်ဆက်တွဲ သတင်းစာ ရှင်းလင်းပွဲမှာ အစိုးရက ၇ ဘီလျံ ၀န်ခံပြီ


လွန်ခဲ့တဲ့ ရက်ပိုင်းက တော်တော်လှုပ်လှုပ်ရှားရှား ဖြစ်သွားတဲ့ အမေရိကန် ဒေါ်လာ ၁၁ ဘီလျံနဲ့ နိုင်ငံခြား ဘဏ်တွေမှာ အမည်မသိ ဘဏ်အကောင့် ၅ ခု ဆိုတဲ့ သတင်းရဲ့  နောက်ဆက်တွဲ အဖြစ် စက်တင်ဘာလ ၂၀ ရက်နေ့က နေပြည်တော်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာမှာ အစိုးရက ၇ ဘီလျံ ရှိတယ်ဆိုတာ ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ၀န်ခံ ပြောကြားလိုက်ပါတယ်။
“ကျနော်တို့မှာ တရားဝင် အမေရိကန် ဒေါ်လာ ၇ ဒသမ ၆ ဘီလျံပဲ ရှိပါတယ်။ ၁၁ ဘီလျံရှိတယ် ဆိုပြီး
ပြောနေတာက ကျနော်တို့ လည်း မသိပါဘူး။ ကျနော်တို့ရဲ့ Foreign Exchange Reserve ပါ။ နိုင်ငံတော်
ငွေ လည်း ပါပါ တယ်။ ပုဂ္ဂလိက ငွေလည်း ပါပါတယ်။ နိုင်ငံတကာဘဏ် တွေလည်း ထားပါတယ်။ သုံးစရာ ရှိရင် အဲဒီက ယူသုံးတယ်" လို့ သူက ပြောကြားပါတယ်။

အဲဒီ သတင်းစာ ရှင်းလင်းပွဲ ကိစ္စ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက အခုလို တင်ပြသွားပါတယ်။



 အစိုးရ ၀န်ကြီးများရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဘယ်သူတွေ ဘာတွေ ရှင်းလင်းပြသလဲ ဆိုတာ ဝေဖန် သုံးသပ်နိုင်ဖို့ ဖော်ပြပေးလိုက်တာပါ။

မြန်မာ့ရုပ်မြင်သံကြားသတင်းမှာ သတင်းထောက်တွေနဲ့ မေးမြန်းမှု၊ သက်ဆိုင်ရာ ၀န်ကြီးများရဲ့ ဖြေကြား မှု တွေတော့ မပါဝင်တာ တွေ့ရပါတယ်။

အိမ့်သံစဉ် -ဧရာဝတီ

၂၀၁၃ ခုနှစ်၏ အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်း ယူဆာဂျီ ဖိလစ်ပိုင်နှင့် တရုတ်(တိုင်ပေ)သို့ ဦးတည်နေ

Tropical Storm Risk (TSR)

21/Sep/2013
၂၀၁၃ ခုနှစ်၏ အင်အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်း ဖြစ်လာနိုင်သည်ဟု ခန့်မှန်းရသော ယူဆာဂျီ တိုင်ဖွန်းမုန်တိုင်းသည်ဖိလစ်ပိုင်နှင့် တရုတ် (တိုင်ပေ) သို့ ဦးတည်ကာ ရွေ့လျားနေကြောင်း စက်တင်ဘာ ၂၀ ရက်က မိုးလဝေသနှင့် ဇလဗေဒပညာရှင်များက ပြောကြားခဲ့သည်။
အဆိုပါ တိုင်ဖွန်းမုန်တိုင်းသည် တရုတ် (တိုင်ပေ)၏ အရှေ့-အရှေ့တောင်ဘက် အရပ်၌ မိုင် ၃၅၀၊ ဖိလစ်ပိုင်နိုင်ငံ မြောက်ဘက် ၂၂၅ မိုင်အကွာ၌စက်တင်ဘာ ၂၀ ရက်က ရွေ့လျားနေသည်ဟု ဆိုသည်။
ထို့ပြင် တရုတ်(တိုင်ပေ)နှင့် ဖိလစ်ပိုင်နိုင်ငံတို့၌ မုန်တိုင်းသတိပေးချက်များ ထုတ်ပြန်ထားပြီး
 စက်လှေများ ပင်လယ်ပြင်မထွက်ရန် သတိပေးထားသည်။ ၄င်းမုန်တိုင်းသည် တစ်နာရီလျှင် ၁၇၅ ကီလိုမီတာ (မိုင် ၁၀၀) လေတိုက်နှုန်းရှိသည်။
ဖိလစ်ပိုင်အစိုးရက မြောက်ပိုင်းပြည်နယ် ဒေသခံများကို ရုတ်တရက် ရေကြီးမှုများ၊ မြေပြိုမှုများနှင့် မုန်တိုင်း ဝင်ရောက်လာနိုင်ကြောင်းသတိပေးကြေညာချက် ထုတ်ပြန်ထားသည်။
ယင်းတိုင်ဖွန်းမုန်တိုင်း ယူဆာဂျီသည် စက်တင်ဘာ ၂၀ ရက် အစောပိုင်းက ပိုမိုအားကောင်းလာလျက်ရှိသည်ဟု
 ဖိလစ်ပိုင် အစိုးရ မိုးလေဝသဌာန ပါဆွာဂါက ဆိုသည်။ ယင်းမုန်တိုင်း၏ သတိပေးချက်အဆင့်ကို အဝါရောင်အဆင့် သတ်မှတ် သတိပေးထားသည်။
(ဆင်ဟွာ)Sa Maung (Facebook)

ဒီပဲယင်းကိစ္စလက်ရှိအစိုးရ ဖြေရှင်းပေးရန်မရှိဟု ပြန်ကြားရေး ဒုဝန်ကြီး ဆို


၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်းနှင့် ပတ်သက်၍ လက်ရှိအစိုးရသစ် လက်ထက်တွင် ပြန်လည်ဖြေရှင်း ရန်မရှိကြောင်း ပြန်ကြားရေးဒုတိ ယဝန်ကြီးဦးရဲထွဋ်က အတည်ပြု ပြောကြားလိုက်သည်။

စက်တင်ဘာ ၂ဝရက်က နေပြည်တော် စက်မှုဝန်ကြီးဌာ နရုံး၌ ပြည်ထောင်စုဝန်ကြီးများ နှင့် သတင်းမီဒီယာတွေ့ဆုံပွဲတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။ ''နိုင်ငံတော်အနေနဲ့ ရှင်းပြ ဖို့ ဖြေရှင်းစရာအကြောင်းတရား မရှိဘူး''ဟု ဦးရဲထွဋ်ကပြောသည်။

မကြာမီရက်ပိုင်းအတွင်း က မိသားစုလုံခြုံရေးအား အာ မခံမည်ဆိုပါက ဒီပဲယင်းအရေး အခင်းနှင့်ပတ်သက်၍ ဖွင့်ချမည် ဟု ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် က အနောက်နိုင်ငံသံရုံးကိုယ်စား လှယ်တစ်ဦး နှင့် လျှို့ဝှက်တွေ့ဆုံစဉ် ပြောဆို ခဲ့ကြောင်း အင်တာနက်လူမှုကွန် ရက်စာများပေါ်တွင် သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်လာခဲ့ပြီး နောက် ယင်းက ထိုကဲ့သို့ပြောဆို ခဲ့ခြင်းမှာ မဟုတ်ကြောင်း ပြန် လည်ငြင်းဆိုထားခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ နေပြည်တော်တွင် ပြည်ထောင် စု ဝန်ကြီးများနှင့် သတင်းမီဒီယာ များတွေ့ဆုံစဉ် ဦးရဲထွဋ်က ပြန် လည်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းသို့ပြောဆိုခဲ့ခြင်းနှင့် NLD ပါတီ မိတ္ထီလာပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဝင်းထိန် က ''ဒီပဲယင်းကိစ္စက တစ်နိုင်ငံလုံး တင်မကဘူး။ ကမ္ဘာကပါ သိတဲ့ ကိစ္စပဲ။ ဖြေရှင်းမယ် မဖြေရှင်းဘူး ဆိုတာ ဦးရဲထွဋ်ပြောလို့ရတဲ့ကိစ္စ မဟုတ်ဘူး။ သမ္မတ တောင်ပြော ခွင့်မရှိဘူး။ ဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင် ဒီမိုကရေစီသွား တဲ့လမ်းကြောင်းမှာ လွဲချော်မှာစိုး လို့ ဒီနေ့အထိဘာမှတ်ချက်မှပေး ပြီး ပြောခဲ့တာမရှိဘူး။ ကျွန်တော် တို့အနေနဲ့လဲ လက်စားပြန်ချေ ချင်တဲ့စိတ်မရှိဘူး''ဟု ပြောသည်။

၂၀၀၃ခုနှစ်တွင် NLD ပါတီ ၏ လူထုစည်းရုံးရေးခရီးစဉ်တွင် သွားရောက်စဉ် ဒီပဲယင်းမြို့အနီး တွင် ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်လာသည့် ယာဉ်တန်းအား တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ယင်း တိုက်ခိုက်မှုကြောင့် NLD ပါတီ ဝင်များနှင့် ဒေါ်အောင်ဆန်းစု ကြည်အား ထောက်ခံသူဒေသခံ များ သေကျေဒဏ်ရာရရှိခဲ့ခြင်း များရှိခဲ့ကြောင်း ယင်းအရေးအခင်း တွင်ပါဝင်ခဲ့သည့် မန္တလေးတိုင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်ဝင်း မြမြက ပြောသည်။

သန်းနိုင်ဦး ၊ လင်းအောင် - ( http://www.dawnmanhon.com)

သမ္မတ ဦးသိန်းစိန် နိုဘယ်ဆု စာရင်း ထပ်မံတင်သွင်းခံရ


ရန်ကုန် ၊ စက်တင်ဘာ ၂၀။ ။
 နိုင်ငံ တော်သမ္မတဦးသိန်းစိန်သည် ၂၀၁၃ခုနှစ်အတွက် ရွေးချယ် မည့် နိုဘယ်ဆုဆန်ခါတင်စာရင်း တွင်ပါဝင်နေကြောင်း သတင်းရ ရှိသည်။

၂၀၁၃ခုနှစ် အောက်တိုဘာ ရရက်မှ ၁၁ရက်အထိ နော်ဝေ နိုင်ငံ၌ကျင်းပမည့် (၉၁)ကြိမ် မြောက် နိုဘယ်ဆုချီးမြှင့်ပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် Democratic Voice of Burma (DVB)နှင့်အတူ ငြိမ်းချမ်းရေးနို ဘယ်ဆုအတွက် အမည်စာရင်း တင်သွင်းခြင်းခံခဲ့ရသည်ဟု သတင်း များထွက်ပေါ်နေကြောင်း နိုဘယ် ဆုကော်မတီနှင့် နီးစပ်သောအသိုင်းအဝိုင်းမှ သိရသည်။

''ဒီကိစ္စကတော့ ဆုရွေးချယ် ရေးအဖွဲ့ကတော့ ဆုမရွေးချယ်မီ တရားဝင်ထုတ်ဖော်ပြောကြားတာ မျိုးမရှိပါဘူး။ ဘယ်လို ဒီသတင်း ထွက်လာလဲတော့ မသိပါဘူး။ သူ တို့အဖွဲ့ကနေ တစ်ယောက်ယောက် ကတော့ နီးတဲ့အခါ ထုတ်ပြော တာမျိုးတွေတော့ ရှိတတ်ပါတယ်'' ဟု နိုင်ငံတော်သမ္မတရုံးမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
ယင်းနှင့်ပတ်သက်၍ နိုင်ငံ ရေးလေ့လာသူ ဦးကျော်လင်းဦး က ''ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်း ရေးဖြစ်စဉ်ကိုကြည့်ရင် လက်နက် ကိုင်တပ်ဖွဲ့ပေါင်းစုံနဲ့ ဆွေးနွေး ရတာဖြစ်တဲ့အတွက် ပိုပြီးတော့ ခက်ခဲနက်နဲပါတယ်။ လက်ရှိအ နေအထားနဲ့ကြည့်ရင်လဲ ငြိမ်းချမ်း ရေးအနေအထားက သူများနိုင်ငံ တွေထက် ပိုပြီးတော့မြန်မြန်ဖြစ် ထွန်းလာတာကိုတွေ့ရတယ်။ အခု လက်နက်ကိုင်တပ်ဖွဲ့ ၁၄ဖွဲ့လောက် နဲ့ ထိတွေ့ဆက်ဆံပြီးသွားပြီ။ အောက်တိုဘာမှာလုပ်မယ့် ငြိမ်း ချမ်းရေး လက်မှတ်ထိုးပွဲရှိတယ်။ ဒါတွေက သမ္မတကြီးရဲ့ နိုဘယ် ဆုရမယ့်လမ်းမှာ အများကြီးအ ထောက်အကူရနိုင်ပါတယ်''ဟု သုံးသပ်ပြောသည်။
နိုင်ငံတော်သမ္မတ ဦးသိန်း စိန်သည် ၂၀၁၂ခုနှစ်အတွင်းက ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် ပဏာမအမည်စာရင်း တင်သွင်း မှုတွင် ပါဝင်ခဲ့သော်လည်း ရွေး ချယ်ရာတွင် ဥရောပကော်မရှင် သာ ရွေးချယ်ခံခဲ့ရသည်။

သမ္မတကြီး ဦးသိန်းစိန်သည် ၂၀၁၂ခုနှစ်အတွင်းက နိုင်ငံအ တွင်းရှိ လက်နက်ကိုင်အဖွဲ့၁၁ဖွဲ့ တွင် ၁ဝဖွဲ့နှင့် အပစ်အခတ်ရပ်စဲ ရေး လက်မှတ်ရေးထိုးနိုင်ခဲ့သူဖြစ် သည်။ သမ္မတဦးသိန်းစိန်သည် ၂၀၁၂ခုနှစ်အတွင်းက နိုဘယ်ဆု မရရှိခဲ့သော်လည်း နယူးယော့ခ် အခြေစိုက်နိုင်ငံတကာပဋိပက္ခ များဖြေရှင်းရေးအဖွဲ့က ချီးမြှင့် သည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဆု ချီးမြှင့်ခြင်းခံခဲ့ရကြောင်း သိရ သည်။

နိုဘယ်ဆုပေးပွဲ သည် ၁၉၀၁ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ဒေါ် အောင်ဆန်း စုကြည် သည် ၁၉၉၁ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခဲ့ကြောင်း သိရသည်။

Ref : Yangon Media Group

ဆယ်နှစ်ကျော်က ကြွေးကျန်စာရင်း အခြေခံပညာ ဆရာများ ထံမှ ပြန်တောင်းမည်

ရန်ကုန် ၊ စက်တင်ဘာ ၂၀

အခြေခံပညာရေး ဆရာ၊ ဆရာမများကို ယခင် ၁၅ နှစ်ကျော်က လစာ၏ဆယ်ဆ ချေးခွင့်ပြုထားပြီး အကြောင်းအရင်း အမျိုးမျိုးကြောင့် ကျန်ရှိနေသေးသည့် လက်ကျန် ငွေစာရင်းအချို့ကို ပညာရေး ဝန်ကြီးဌာနက ပြန်တောင်းခံမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးရုံးမှ တာဝန် ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

လစာ၏ဆယ်ဆ ချေးငွေများအတွက် ၂ နှစ်အတွင်း ပြန်ဆပ်ရန် သဘောတူ ချေးခဲ့ကြသော်လည်း တစ်နှစ်ခန့် အကြာတွင် ကုန်ဈေးနှုန်းနှင့် အခြားစီးပွားရေး အပြောင်းအလဲကြောင့် ဆက်မကောက်ခံတော့ဘဲ ရပ်နားထားခဲ့ကြရာမှ ယခုနှစ် စက်တင်ဘာလမှ စတင်ကာ ယင်းကြွေး လက်ကျန်များကို ပြန်လည် တောင်းခံရန် ညွှန်ကြားထားခဲ့ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

“အရင်တုန်းက လစာရဲ့ဆယ်ဆဆိုတော့ ဘယ်လောက် ရှိမှာတုန်း။ ကြွေးပြန်ဆပ်ရလည်း အရာရှိအဆင့်တောင် ပေးရမှာပါ” ဟု ယခင်ပမာဏအတိုင်းပင် မည်သည့် ရာထူးအဆင့်မဆို ပြန်ဆပ်ရမည့် အကြောင်းကို ၎င်းက ဆက်လက်ပြောဆိုသည်။

ယခင် ကြွေးကျန်စာရင်း ပြန်ဆပ်ခိုင်းခြင်းသည် ဆရာ၊ ဆရာမများကို နောက်ထပ်ချေးငွေ ချပေးရန်အတွက်ဟု သုံးသပ်ကြသော်လည်း လက်ရှိအချိန်ထိ ချေးငွေသစ်အတွက် တရားဝင် ထုတ်ပြန်ထားခြင်း မရှိကြောင်း ပညာရေးဝန်ကြီးဌာန အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
“ပင်စင်ရထားပြီးပြီဆိုတော့ အရင်ကျန်သေးတဲ့ အဲဒီအကြွေးတွေ ပြန်ဆပ်ရဦးမယ် ပြောတယ်” ဟု တိုင်းဒေသကြီး ပညာရေးမှူး (ငြိမ်း) တစ်ဦးက The Voice သို့ ပြောဆိုသည်။

အစိုးရသစ် လက်ထက်တွင် ပညာရေးကဏ္ဍအတွက် အသုံးစရိတ်များ နှစ်စဉ် သိသိသာသာ တိုးမြှင့်ရခဲ့ပြီး အခြေခံပညာ ဆရာ၊ ဆရာမများအတွက် လစာနှုန်းထားများလည်း တိုးတက်လာခဲ့ကြောင်း၊ သို့သော် ပုဂ္ဂလိက ကျောင်းများမှ ဆရာ၊ ဆရာမများ၏ လစာနှုန်းထားများနှင့် နှိုင်းယှဉ်ပါက ကွာခြားမှုများ ရှိကြောင်း ပုဂ္ဂလိက ပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။

ပညာရေးဝန်ကြီးဌာနသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် အခြေခံပညာနှင့် ဆရာအတတ်သင် ပညာကဏ္ဍအတွက် ကျပ်သန်းပေါင်း ၇၃၃,၉၆၀ ဒသမ ၄၆၅ ရရှိထားပြီး ယင်းပမာဏသည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်ထက် နှစ်ဆပိုများသည်။
The Voice

မန္တလေးတွင် ငလျင်သုံးကြိမ် ဆက်တိုက်လှုပ်

ရွှေဘိုငလျှင်လှုပ်ခတ်ခဲ့စဉ်က အပျက်အစီးအချို့ တွေ့ မြင်ရစဉ်

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် အနီးတစ်ဝိုက်တွင် ငလျင်သုံးကြိမ် ဆက်တိုက် လှုပ်ခတ်သွားကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

စက်တင်ဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၅၈ မိနစ်တွင် မန္တလေးမြို့ မြေငလျင်စခန်းမှ မြောက်ဘက်မိုင် ၈၀ အကွာ သပိတ်ကျင်းမြို့အနီးတွင် ရစ်ခ်ျစတာစကေး ၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခ...ဲ့ကြောင်း၊ ယင်းနောက် ညနေ ၆ နာရီ ၂၃ မိနစ်တွင် မန္တလေးမြို့ မြေငလျင်စခန်းမှ မြောက်ဘက်မိုင် ၆၀ ခန့်အကွာ သပိတ်ကျင်းမြို့နယ် အနီးတွင် အင်အား အသင့်အတင့်ရှိ ရစ်ခ်ျစတာစကေး ၅ အဆင့်ရှိ ငလျင် လှုပ်ခတ်သွားခဲ့ကြောင်း ဆိုပါဌာနမှ သိရသည်။

ဒုတိယအကြိမ် လှုပ်ခတ်မှုတွင် သပိတ်ကျင်း၊ ရွှေဘို၊ စဥ့်ကူးမြို့များတွင်လည်း ငလျင်လှုပ်ခတ်မှု ခံစားမှု ရှိကြောင်း ယင်းမြို့ခံများက ပြောကြားသည်။

တတိယအကြိမ်အဖြစ် ညနေ ၆ နာရီ ၅၅ မိနစ်တွင် မန္တလေးမြို့ မြေငလျင်စခန်းမှ မြောက်ဘက် ၆၅ မိုင် သပိတ်ကျင်းမြို့ အနောက်မြောက်ဘက် ၄ မိုင်ခန့် အကွာတွင် အင်အား ရစ်ခ်ျစတာစကေး ၅ ဒသမ ၄ ရှိ ငလျင် ထပ်မံလှုပ်ခတ်ကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထပ်မံသိရှိရသည်။

အဆိုပါ ငလျင်လှုပ်မှုကို သပိတ်ကျင်း၊ မတ္တရာ၊ မြင်းမူ၊ မြစ်ငယ်၊ မိုးကုတ်၊ မိုးမိတ်၊ မန္တလေး၊ နောင်ချိုနှင့် ပြင်ဦးလွင် မြို့တို့ကလည်း ခံစားမှုရှိကြောင်း အဆိုပါဌာနမှ သိရသည်။

ယင်းငလျင်များကြောင့် ဖြစ်ပေါ်သည့် ပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှု အခြေအနေကိုမူ မသိရှိရသေးပေ။ ယင်းသို့ ငလျင်လှုပ်ခတ်ခြင်းမှာ စစ်ကိုင်း ပြတ်ရွေ့ကြောကြောင့် ဖြစ်နိုင်ကြောင်း ယင်းဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့နယ်တွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း အင်အား ရစ်ခ်ျစတာစကေး ၆ ဒသမ ၈ ရှိ ငလျင်လှုပ်ခတ်ခဲ့ဖူးသည်။ ၂၀၁၁ ခုနှစ် မတ်လ ၂၄ ရက်နေ့က ရှမ်းပြည်နယ် ကျိုင်းတုံခရိုင် တာလေမြို့နယ်ခွဲတွင် လှုပ်ခတ်ခဲ့သည့် အင်အား ရစ်ခ်ျစတာစကေး ၇ အဆင့်ရှိ တာလေ ငလျင်ကြောင့် လူ ၁၀၀ ကျော် သေဆုံးပြီး လူ ၃၀၀ ဦးခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။

The Voice Weekly

Friday, September 20, 2013

အမေရိကန်ဒေါ်လာ ၁၁ ဘီလျံနှင့် ပတ်သက်ပြီး Mr.Jelson Garcia ပြောကြားခဲ့သော အသံဖိုင်



BIC (Bank Information Center) ၏ Asia Program မန်နေဂျာ Mr.Jelson Garcia က မြန်မာနိုင်ငံမှ အမေရိကန် ဒေါ်လာ ၁၁ ဘီလျံ ရှိသော ငွေစာရင်းငါးခု ပြည်ပတွင် ရှိနေကြောင်း စက်တင်ဘာ ၁၀ ရက်က ထုတ်ဖော်ပြောကြားခဲ့သည်။ ယင်း ပြောကြားမှုနှင့် ဘာသာပြန်ပေးခဲ့သူ၏ အသံဖိုင်ကို ဖော်ပြအပ်ပါသည်။

စက်တင်ဘာလ ၂၀ ရက်နေ့တွင် အဆိုပါ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံနှင့် ပတ်သက်သော မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ ရှင်းလင်းပွဲကို နေပြည်တော်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Credit to မြန်မာ့ရေးရာ

Typhoon USAGI မုန်တိုင်း အားအနည်းငယ်လျော့သော်လည်း ဟောင်ကောင်သို့ ဦးတည်နေဆဲ

             Tropical Storm Risk (TSR) မှ ခန့်မှန်းချက်


Storm Tracker Map
Typhoon USAGI: Current
Storm Tracker Map
Typhoon USAGI: Probability of Cat 1 or above winds to 12 hours lead

Storm Tracker Map
Typhoon USAGI: Probability of tropical storm winds to 24 hours lead
==================================================
                                MMWeather Information မှ
ဖိလစ်ပိုင်ပင်လယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် စူပါတိုင်ဖွန်းမုန်တိုင်း USAGI(17W) သည် အဆင့်-၄ စူပါတိုင်ဖွန်းမုန်တိုင်းအဖြစ်သို့ အနည်းငယ် အားလျော့သွားသည်။

      မုန်တိုင်းဗဟိုသည် ယနေ့(၂ဝ-၉-၁၃) မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ တရုတ်(ထိုင်ဝမ်ကျွန်း) တိုင်ပေမြို့တော်၏ အရှေ့တောင်ဘက် မိုင် ၄ဝဝ ခန့်၊ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ အရှေ့မြောက်ဘက် ၄၂၅ မိုင်ခန့်၊ တရုတ်(ဟောင်ကောင်)၏ အရှေ့-အရှေ့တောင်ဘက် ၆၈၅ မိုင်အကွာ ဖိလစ်ပိုင်ပင်လယ်မြောက်ပိုင်းတွင် ဗဟိုပြုနေပြီး မူလ ခန့်မှန်းလမ်းကြောင်းအတိုင်း အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ
 (၂၁-၉-၁၃)နံနက် ဝ၆း၃ဝ နာရီ(MST) နောက်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းနှင့် ထိုင်ဝမ်ကျွန်းကြားမှ ဖြတ်ကျော်မည်ဟု ခန့်မှန်းရပါသည်။


SEP20-0600GMT-TRACK
http://blog.mmweather.com

စက်တင်ဘာလ ၂၂ ရက်၊ ညပိုင်း၌ စူပါတိုင်ဖွန်းမုန်တိုင်းသည် တရုတ်တောင်ပိုင်းကမ်ခြေအား ဟောင်ကောင်မြို့ အနီးမှ ကပ်၍ ဖြတ်ကျော်၍ ကုန်းတွင်းသို့ ဝင်ရောက်မည်ဟု အပြည်ပြည်ဆိုင်ရာ မိုးလေဝသ ကွန်ပျူတာမော်ဒယ်များမှ ခန့်မှန်းထားရာ မုန်တိုင်း ကုန်းတွင်းသို့ ဝင်ရောက်သည့် စက်တင်ဘာလ ၂၂ ရက် ည ပိုင်းတွင် မြန်မာနိုင်ငံ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုန်လေပြန်လည်အားကောင်းလာမည့် အခြေအနေရှိကြောင်း မော်ဒယ်ခန့်မှန်းချက်များတွင် တွေ့ရပါသည်။
SEP22-1800GMT-landfall-time-forecast

MMWeather Information BLOG   မှ ကူးယူမျှဝေသည်

မရမ်းကုန်း ဝင်းသူဇာ အရောင်းဆိုင် လေလံ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း)၏ မြေးဖြစ်သူ ဦးနေရွှေသွေးအောင် ရရှိ

 
ရန်ကုန် ၊ စက်တင်ဘာ ၁၉။ ။
စက်မှုဝန်ကြီးဌာနလက်အောက်ရှိ မ ရမ်းကုန်းမြို့နယ် ဝင်းသူဇာအ ရောင်းဆိုင်ကို တစ်လလျှင် ငှား ရမ်းခ ကျပ်၅၅သိန်းဖြင့် ဗိုလ်ချုပ် မှူးကြီးသန်းရွှေ(ငြိမ်း)၏မြေးဖြစ် သူ ဦးနေရွှေသွေးအောင်က လေ လံအောင်မြင်သွားကြောင်း သိ ရသည်။

တင်ဒါတင်သွင်းရန် ဖိတ် ခေါ်ထားသည့် ဝင်းသူဇာဆိုင် ၃၈ ဆိုင်အနက် လေးဆိုင်မှာ အဆို ပြုလွှာတင်သွင်းသူမရှိခြင်း၊ တခြား လေးဆိုင်မှာ ကြမ်းခင်းဈေးနှုန်း မမီခြင်း၊ နှစ်ဆိုင်မှာ အမြင့်ဆုံးဈေး နှုန်းတူညီနေခြင်းနှင့် (ရွာတော်) ဝင်းသူဇာ အရောင်း ဆိုင်မှာ ပြန် လည်စိစစ်ရန်လိုအပ်သောကြောင့် တင်ဒါအောင်မြင်သော ဝင်းသူဇာ အရောင်းဆိုင်စုစုပေါင်း ၂ရဆိုင် တွင် ဦးနေရွှေသွေးအောင် လေလံ အောင်သည့်ဆိုင်တစ်ဆိုင်ပါဝင်ခဲ့ ကြောင်း သိရသည်။

စက်မှုညွှန်ကြားရေး ဦးစီးဌာ နမှ ညွှန်ကြားရေးမှူးဦးသိန်းဆွေ က ''ဦးနေရွှေသွေးအောင်က ဗိုလ် ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)ရဲ့ မြေး ဆိုတာတော့မသိဘူး။ ကျွန်တော် တို့ကတော့ သတ်မှတ်ထားတဲ့စည်း ကမ်းတွေနဲ့ ပြည့်စုံရင် လေလံအ အောင်ပေးတယ်'' ဟုပြောသည်။ လက်ရှိတွင် တင်ဒါအောင် မြင်သွားသည့် ဝင်းသူဇာအရောင်း ဆိုင် ၂ရဆိုင်တွင် မြစ်ကြီးနားရှိ ဝင်းသူဇာအရောင်းဆိုင်မှာ တစ် လလျှင် ငှားရမ်းခ ကျပ်သိန်း၁၆၀ ကျော်ဖြင့်လေလံအောင်မြင်ခဲ့ ကြောင်း ဖော်ပြ ထား သည်။

ယင်းမရမ်းကုန်းမြို့နယ်မှ ဝင်းသူဇာအရောင်းဆိုင်ကို အ ဆိုပြုလွှာတင်သူ ခြောက်ဦးရှိပြီး နောက်ဆုံးအဆင့်အနေဖြင့် သုံး ဦးအား ရွေးချယ်ခဲ့ကြောင်း သိ ရသည်။ ယင်းနောက်ဆုံးအဆင့် သုံး ဦးတွင် ဦးမောင်မောင်ထွေးနှင့် ဦးနိုင်ဝင်းတို့မှာ လေလံ ဈေးပေးမှု မှာ ဦးနေရွှေသွေးအောင်ထက် နည်းပါးနေခြင်းကြောင့် လေလံ အောင်မြင်ခြင်းမရှိဘဲ အများဆုံး လေလံဈေးပေးခဲ့သည့် ဦးနေရွှေ သွေးအောင်မှာ လေလံရရှိခဲ့ပြီး ယင်းနေရာတွင် စူပါမားကက်ဖွင့် ရန်စီစဉ်နေကြောင်း သိရ သည်။

စက်မှုဝန်ကြီးဌာနလက် အောက်ရှိ ဝင်းသူဇာအရောင်းဆိုင် များအား စားသောက်ဆိုင်များ နှင့်ဆက်နွှယ်သည့် လုပ်ငန်းများ လုပ်ကိုင်ခွင့်မပြုကြောင်း၊ အဆောက်အအုံကိုလည်း ပုံစံမ ပျက်စေရန်နှင့် အဆောက်အအုံ အတွင်းပိုင်း ပြင်ဆင် မှုများ အား ပြုလုပ်နိုင်ပြီး ဆိုင်အမည်များကို လည်း လေလံအောင်သူစိတ်ကြိုက် ပေးနိုင်ကြောင်း စက်မှုညွှန်ကြား ရေး ဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးသိန်းဆွေက ရန်ကုန်တိုင်းမ်နေ့ စဉ်သတင်းစာသို့ ပြောသည်။ တင်ဒါအောင် မြင်သူ များ သည် သက်ဆိုင်ရာဝင်းသူဇာဆိုင် များလွှဲပြောင်းခြင်းကို အောက်တို ဘာ ၁ရက်နောက်ဆုံးထား၍ စာ ချုပ်ချုပ်ဆိုလွှဲပြောင်းပေးမည်ဖြစ် ကြောင်း သိရသည်။ လာမည့် ၂၀၁၄ ခုနှစ်အ ကုန်တွင် အငှားသက်တမ်းပြည့် မည့် ဝင်းသူဇာ အရောင်း ဆိုင် ၁၃ ဆိုင်ကိုလည်း ပုဂ္ဂလိကလုပ်ငန်း ရှင်များသို့ ထပ်မံလေလံပစ်မည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။

အောင်သူ (ဒေးဒရဲ)
Yangon Media Group

ထိပ်တန်းဝင်ငွေခွန် ဆောင်သူ ၁၀၀ စာရင်းတွင် ပုဂ္ဂလိက ဆေးရုံဆေးခန်း များထဲမှ ဆေးရုံကြီး တစ်ခုသာပါဝင်၊ နာမည်ကျော် ဆေးရုံဆေးခန်းကြီးအချို့ ထိပ်တန်း အခွန်ဆောင်သူ ၅၀၀ စာရင်း၌ပင် ပါဝင်လာခြင်းမရှိ

ထိပ်တန်း ၀င်ငွေခွန် ပေးဆောင်သူ ၁၀၀ စာရင်းတွင် ပုဂ္ဂလိက ဆေးရုံဆေးခန်း များထဲမှ အာရှတော်ဝင် အထူးကုဆေးရုံ တစ်ခုသာ ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ထားချက် များအရ သိရသည်။
နာမည်ကျော် ပုဂ္ဂလိက ဆေးရုံဆေးခန်း များထဲတွင် အချို့မှာ (လက်ရှိဆေးရုံ ဆေးခန်းအမည်ရင်းဖြင့်) ထိပ်တန်းဝင်ငွေ ခွန်အများဆုံး ပေးဆောင်သူ ၅၀၀ စာရင်းနှင့် ထိပ်တန်းကုန်သွယ် လုပ်ငန်းခွန် ပေးဆောင်သူ ၅၀၀ စာရင်း၌ပင် ပါဝင်လာခြင်း မရှိသည်ကို တွေ့ရသည်။
ရန်ကုန်နှင့် မန္တလေးမြို့ကြီးများ၌ အာရှတော်ဝင်၊ SSC၊ ဗဟိုစည်၊ ဆာကူရာ၊ ပင်လုံ၊ ပန်းလှိုင်၊ ပါရမီ၊ ၀ိတိုရိယ၊ အောင်ရတနာ၊ ငြိမ်း၊ နန်းတော် စသည်ဖြင့် ပုဂ္ဂလိက ဆေးရုံဆေးခန်း များစွာနှင့် အခြားနာမည်ကျော် ပုဂ္ဂလိက ဆေးရုံဆေးခန်းများစွာ ဖွင့်လှစ်လုပ်ကိုင် လျက်ရှိသည်။
အဆိုပါ ပုဂ္ဂလိက ဆေးရုံဆေးခန်း များထဲတွင် ထိပ်တန်းဝင်ငွေခွန် ပေးဆောင်သူ ၁၀၀ စာရင်း၌ အာရှတော်ဝင်အထူးကု ဆေးရုံတစ်ခုသာ ပါဝင်လာပြီး ၁၀၀ အတွင်း အဆင့် ၇၄ နေရာမှ ပေးဆောင်ထားခြင်း ဖြစ်သည်။
အဆိုပါ ထိပ်တန်းဝင်ငွေခွန် ပေးဆောင်သူ ၅၀၀ စာရင်းတွင် အဆင့် ၁၂၂ နေရာ၌ ပန်းလှိုင်ဆေးရုံနှင့် ဆက်စပ်သည့် FMI ကုမ္ပဏီ အမည်ဖြင့် ပေးဆောင်ထားပြီး (ပန်းလှိုင်ဆေးရုံ အမည်ဖြင့် ပေးဆောင်ထားခြင်း မဟုတ်သည့် အတွက် ပန်းလှိုင်ဆေးရုံအတွက် ပါဝင်ခြင်းရှိမရှိ မသိရ)၊ အဆင့် ၁၉၇ နေရာတွင် ဗဟိုစည်ဆေးရုံဖြင့် ဆက်စပ်သည့် Pioneer Services Int'l Co.,Ltd အမည်ဖြင့် ပေးဆောင်ထားကြောင်း (ဗဟိုစည်ဆေးရုံ အမည်နှင့် မဟုတ်၍ ဗဟိုစည်ဆေးရုံ တစ်ခုတည်းအတွက် သီးသန့်ပေးဆောင်ခြင်း ဟုတ်မဟုတ် ခွဲခြားမထားပါ)၊ အဆင့် ၂၈၈ နေရာတွင် မန္တလေးမြို့မှ သူရိယ ကုမ္ပဏီ၏ နန်းတော်ဆေးရုံက ပေးဆောင်ထားကြောင်း၊ အဆင့် ၄၀၂ နေရာတွင် ဦးအစီ အမည်ဖြင့် ဆာကူရာ ဆေးခန်းအတွက် ၀င်ငွေခွန် ပေးဆောင်ထားကြောင်း၊ အဆင့် ၄၁၇ နေရာတွင် ဦးကြည်ရှင်းပါ ၁၂ ဦး အမည်ဖြင့် မန္တလေးမြို့ရှိ ငြိမ်းဆေးရုံအတွက် ပေးဆောင်ခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။
ထိပ်တန်း ကုန်သွယ်လုပ်ငန်းခွန် ၅၀၀ စာရင်းတွင်မူ အဆင့် ၂၇၇ နေရာ၌ မန္တလေးမြို့ရှိ သူရိယ ကုမ္ပဏီ၏ နန်းတော်ဆေးရုံက ပေးဆောင်ထားကြောင်း၊ အဆင့် ၂၈၈ နေရာ၌ ဒေါက်တာဦးကြည်ရှင်းပါ ၁၂ ဦး အမည်ဖြင့် မန္တလေးမြို့ရှိ ငြိမ်းအထူးကု ဆေးခန်းအတွက် ကုန်သွယ်ခွန် ပေးဆောင်ထားကြောင်း၊ အဆင့် ၃၆၃ နေရာ၌ ဒေါက်တာခင်မောင်လွင်၏ Fame ဆေးဝါး ထုတ်လုပ်ရေးက ပေးဆောင်ထားပြီး အဆင့် ၃၇၂ နေရာတွင် ဗဟိုစည်ဆေးရုံဖြင့် ဆက်စပ်သည့် Pioneer Services Int'l Co.,Ltd အမည်ဖြင့် ပေးဆောင်ထားကြောင်း (ဗဟိုစည်ဆေးရုံ အမည်ဖြင့် မဟုတ်၍ ဗဟိုစည်ဆေးရုံ တစ်ခုတည်းအတွက် သီးသန့်ပေးဆောင်ခြင်း ဟုတ်မဟုတ် ခွဲခြားမထားပါ)၊ အဆင့် ၄၀၃ နေရာတွင်မူ ဒေါ်ဌေးဌေးကြည် အမည်ဖြင့် SSC ဆေးရုံအတွက် ပေးဆောင်ထားကြောင်း၊ အဆင့် ၄၆၃ နေရာတွင်မူ ဦးထွန်းစိန် အမည်ဖြင့် တောင်ကြီးမြို့ရှိ ထွန်း ဆေးရုံ+ထွန်းဘရားသား ရောင်းဝယ်ရေးအတွက် ပေးဆောင် ထားကြောင်းနှင့် အဆင့် ၄၆၉ နေရာတွင်မူ ဒေါ်တင်နု အမည်ဖြင့် ရွှေဘိုမြို့မှ ရုပ်ပျိုတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးအတွက် ပေးဆောင်ထားကြောင်း သိရသည်။
ထိပ်တန်း ၀င်ငွေခွန် ပေးဆောင်သူ ၅၀၀ နှင့် ထိပ်တန်း ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်သူ ၅၀၀ စာရင်းထဲတွင် အခြားနာမည်ကျော် ဆေးရုံဆေးခန်း အချို့ဖြစ်သော ပင်လုံဆေးရုံ၊ ပါရမီဆေးရုံ (Parami General Hospital)၊ အကယ်ဒမီဆေးရုံ၊ ၀ိတိုရိယ၊ အောင်ရတနာဆေးရုံ စသည်ဖြင့် ဆေးရုံများမှာ အဆိုပါ ဆေးရုံအမည်များဖြင့် စာရင်း၌ ပါဝင်လာခြင်း မရှိကြောင်း သိရသည်။
ဘဏ္ဍာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ အခွန်ပေးဆောင် ထားသူများ ကြားတွင်လည်း ကွာဟချက်များ ဖြစ်ပေါ်နေကြောင်း သိရသည်။
ဆေးရုံတစ်ခုနှင့်တစ်ခု ခုတင်အရေအတွက်အရ လည်းကောင်း၊ ၀င်ငွေအရလည်းကောင်း ကွာခြားမှု မရှိသော်လည်း အာရှတော် ၀င်ဆေးရုံမှာ ၀င်ငွေခွန်တွင် ထိပ်ဆုံးအဆင့် ၇၄ နေရာတွင် ပေးဆောင်ထားသည့် အချိန်၌ အာရှတော်ဝင်နှင့် မကွာသည့် SSC အထူးကုဆေးရုံမှာမူ ကုန်သွယ်လုပ်ငန်းခွန် ထိပ်ဆုံး ၅၀၀ စာရင်းတွင် အဆင့် ၄၀၃ နေရာ၌သာ ပေးဆောင်ထားသည်။
ကုန်သွယ်လုပ်ငန်းခွန် ထိပ်ဆုံး ၅၀၀ စာရင်း ထုတ်ပြန်ထားရာ၌ SSC မှ အဆင့် ၄၀၃ နေရာမှ ပေးဆောင်စဉ် အချိန်တွင် SSC ဆေးရုံထက် ခုတင်အရေအတွက် နည်းပါးပြီး ၀င်ငွေနည်းပါးသော နန်းတော်ဦး ဆေးရုံသည် အဆင့် ၂၇၇ နေရာမှ ပေးဆောင် ထားနိုင်ကြောင်း၊ ငြိမ်းဆေးရုံသည်လည်း အဆင့် ၂၈၈ နေရာမှ ပေးဆောင်ထားခဲ့ကြောင်း၊ ယင်းအပြင် SSC အမည်ဖြင့် ကုန်သွယ်လုပ်ငန်းခွန် တစ်မျိုးတည်းသာ ပေးဆောင် ထားချိန်တွင် နန်းတော်ဦး၊ ငြိမ်းဆေးရုံတို့မှာ ကုန်သွယ် လုပ်ငန်းခွန်အပြင် ၀င်ငွေခွန်ကိုပါ ထပ်မံပေးဆောင် ထားခဲ့ကြ ကြောင်းလည်း သိရသည်။
Eleven Media Group

ဦးအောင်မင်းနှင့် လက်နက်ကိုင်အဖွဲ့များ တောင်ကြီးတွင် တွေ့ဆုံ

တောင်ကြီးတွင် ကျင်းပသော သျှမ်း-ကယား-မွန် ညီလာခံတက်ရောက်လာသည့်  မြန်မာငြိမ်းချမ်းရေးစင်တာမှ ဦးအောင်မင်းက ယနေ့ နေ့လည်ပိုင်းတွင်  သျှမ်းပြည်တပ်မတော် ၂ ခု (RCSS/SSA  နှင့် SSPP/SSA )နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်တို့အား တွေ့ဆုံသည်ဟု သတင်း ရရှိပါသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီဘက်မှ ဗိုလ်မှူးချုပ် ပေါင်ခေးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ၅ ဦး ဖြစ်သော အတိုင်ပင်ခံပုဂ္ဂိုလ် စဝ်ပင်ခမ်း၊ ဗိုလ်မှူးကြီး စိုင်းလှ၊ ဒု-ဗိုလ်မှူးကြီး ယွက်မိဏ်း၊ ဒု-ဗိုလ်မှူးကြီး စိုင်းမိဏ်း တို့ပါဝင်ကြောင်း သိရပါသည်။

ဦးအောင်မင်းနှင့် ဆွေးနွေးမည့်အကြောင်းအရာကို သျှမ်းပြည်တပ်မတော်ဘက်မှထုတ် ဖော်ပြောကြားခြင်း မရှိသေး ကြောင်း၊ သို့သော် ယခုတပတ်အတွင်းပင် တိုက်ပွဲ ၄ ကြိမ်ထက်မနည်းဖြစ်ပွါးရာ မြန်မာစစ်တပ်ဘက်က ဗိုလ်ကြီးတဦး ကျကြောင်း၊ ယခုတွေ့ဆုံပွဲတွင် အဆိုပါတိုက်ပွဲများနှင့်ပတ်သက်၍ ဆွေးနွေးသွားဖွယ်ရှိကြောင်း သျှမ်းပြည်တပ်မတော်မှ အရာရှိက ပြောပါသည်။

“ ဒီအပတ်ထဲမှာဘဲ မိုင်းကိုင်မြို့ မိုင်းလန်းဘက်မှာ တကြိမ်၊ နမ့်ဇန်မြို့ မိုင်းစစ်နဲ့လွယ်ယေးဘက်မှာ၊ အရှေ့ပိုင်း မိုင်းပူးအွန် ဘက်မှာတိုက်ပွဲ ၄ ကြိမ်ဖြစ်တယ်။ မိုင်းလန်းတိုက်ပွဲက အပြင်းဆုံးဘဲ” ဟု ဆိုပါသည်။

၎င်းနှင့်ပတ်သက်၍ RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်ကလည်း KNU ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မူတူး စေးဖိုးနှင့်သွားရောက်ဆွေးနွေးခဲ့ကြောင်း သျှမ်းပြည်တပ်မတော်ဘက်ကပြောပါသည်။

“ အခုလ ၁၈ ရက်နေ့က  စဝ်ယွက်စစ်က KNU  ဗိုလ်ချုပ်ကြီးစောမူတူးဆေးဖိုးနဲ့သွားပြီးဆွေးနွေးတယ်။ တပြည်လုံး အပစ် ရပ်လက်မှတ်မထိုး မီမှာ အကြောင်းအမျိုးမျိုးပြပြီး မတိုက်ရန်ဆိုတဲ့အာမခံချက်ရရှိဖို့ပေါ့” ဟု အဆိုပါအရာရှိ ကပြောသည်။

အောက်တိုဘာလတွင် တပြည်လုံးအပစ်ရပ်ရေး ဆွေးနွေးပြီး လက်မှတ်ရေး ထိုးမည်ဟု ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု ဥက္ကဌ ၂ ဦးအောင်မင်းက ကြေငြာခဲ့ပြီးဖြစ်ပါသည်။

သျှမ်းသံတော်ဆင့်

အခွန်နှုန်းကျမှ ကားဈေးထပ်ကျမည်

 
အစိုးရက  ပြည်ပကနေ မော်တော်ကားဝယ်ယူ တင်သွင်းခွင့် အကန့်အသတ်တွေကို ဖြေလျှော့ပေးလိုက်ပြီး  ကားဝယ်ယူတင်သွင်းခွင့်ပြုထားပေမယ့်   ပြည်တွင်းကား အရောင်း အ၀ယ်ဈေးကွက်မှာ ကားဈေးတွေ ကျဆင်းလာခြင်းမရှိဘဲ ဖြစ်နေပါတယ်။

သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့  ပြည်ပကနေ ကားတင်သွင်းခွင့်တွေကို အလွယ်တကူ ခွင့်ပြုထားပေမယ့် လက်ရှိမှာ ကားသွင်းခွင့်ပါမစ်ဈေးနဲ့ နိုင်ငံတော်ကို ပေးဆောင်နေရတဲ့   အခွန်နှုန်းတွေက ကားတန်ဖိုးထက် အဆမတန် တန်ဖိုးများနေတဲ့အတွက် ကားဈေးတွေ မကျပဲ ဖြစ်နေရတာလို့ ရန်ကုန်က ကားအရောင်းအ၀ယ်လုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ အရောင်းအ၀ယ်ဖြစ်နေတဲ့ ကားဈေးနှုန်းတွေ ထပ်ကျဖို့က  နိုင်ငံတော်ကို ပေးဆောင်ရတဲ့အခွန်အခတွေ လျှော့ချမှ ဖြစ်နိုင်မယ်လို့ Farmer ကားအရောင်းပြခန်းက   ဒေါက်တာစိုးထွန်းက ပြောတယ်။

ခုလို ကားဈေးတွေ မကျပဲဖြစ်နေရတာဟာ အခွန်အခနှုန်းထားတွေနဲ့ ပါမစ်နှုန်းတွေ မြင့်နေ တာကြောင့် ချည်းပဲတော့ မဟုတ်ပါဘူး။ ရန်ကုန်က ကားဝယ်ရောင်းတဦးဖြစ်တဲ့ ဦးအောင်သန်းဝင်းကတော့ လက်ရှိထက် ကားဈေးတွေ ထပ်ကျဖို့  သက်တမ်းကြာပြီဖြစ်တဲ့ ကားဟောင်းတွေ  အအပ်ခံဖို့လိုတယ်လို့ ပြောပါတယ်။

အရင်တုန်းက ပြည်ပကနေ  ကားတွေ ၀ယ်ယူ တင်သွင်းခွင့်ပါမစ်ကို  ၀န်ကြီးဌာနတွေနဲ့ အစိုးရအကြီးအကဲတွေသာ  ရရှိခဲ့တာဖြစ်ပြီး   အခုဆိုရင် ကားအိုကားဟောင်း ပြန်အပ်ပါက  ကားတင်သွင်းခွင့်ပါမစ်ရရှိဖို့ လွယ်ကူသွားပြီး ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်နောက်ပိုင်းကမှစတင်ကာ  ပြည်ပကားတင်သွင်းခွင့် စည်းကမ်းတွေ ဖြေလျော့ပေးလိုက်ပြီးနောက်   ကားဈေးတွေ ပြုတ်ကျသွားခဲ့ဖူးပါတယ်။   မကြာခင်မှာ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ကားတင်သွင်းခွင့်ပါမစ် လျှောက်ထားခွင့်ပေးဖို့ အစိုးရက စဉ်းစားနေတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။

ဒါပေမယ့် ကားဝယ်ရောင်းသမားတချို့ကတော့ အစိုးရရဲ့ ကားတင်သွင်းခွင့်မူဝါဒတွေ ထပ်မံပြောင်းလဲပါက ကားဈေးတွေ မကျတဲ့အပြင် ထပ်တက်လာနိုင်တယ်ဆိုပြီး  ကားပါမစ်တွေနဲ့ ကားတွေကို ၀ယ်ယူစုဆောင်းမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

လတ်တလော ရန်ကုန်ကို   ပြည်ပကနေ တရားဝင် ကားအစီင်္းရေ ၅ ထောင်နီးပါး ၀င်ရောက်နေတယ်လို့ ဆိပ်ကမ်းအာဏာပိုင်တွေနဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းကနေ သိရပါတယ်။

မြန်မာတနိုင်ငံလုံးမှာ ကားအစီးရေ ၄ သိန်းကျော်ရှိတဲ့အနက် ရန်ကုန်မြို့မှာ  ကားအစီးရေ ၂ သိန်းကျော်   ရှိနေကြောင်း အစိုးရရဲ့ တရားဝင်ထုတ်ပြန်ထားတဲ့စာရင်းတွေအရ သိရပါတယ်။


by မျိုးဇော်လင်း  (ဒီဗွီဘီ)

၁၁ ဘီလီယံ ငွေစာရင်း (၅)ခုတွင် ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း ငွေစာရင်း ပါဝင်ဟု သတင်းထွက်ပေါ်

 
စက်တင်ဘာ ၁၉

ပြည်ပတွင် မြန်မာနိုင်ငံမှ အပ်နှံထားသော အမေရိကန်ဒေါ်လာ ၁၁ဘီလီယံရှိ ငွေစာရင်းငါးခုနှင့် ပတ်သက်၍ သတင်းများ ထွက်ပေါ်လာပြီးနောက် လက်ရှိ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း (ယခင် စက်မှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနှင့် မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ)၏ ငွေစာရင်း တစ်ခု ပါဝင်နေကြောင်း အစိုးရနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သတင်းများ ထွက်ပေါ်လာခဲ့သည်။

ထို့သို့ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ပမာဏရှိ ငွေစာရင်း (၅)ခုတွင် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ငွေစာရင်းတစ်ခု ပါဝင်နေကြောင်း သတင်းများ အပေါ် မြန်မာသံတော်ဆင့်မှ နိုင်ငံတော် သမ္မတရုံးသို့ ဆက်သွယ်မေးမြန်းရာ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက …““သူတို့သတင်းစာ ရှင်းလင်းမယ် လေ။ ၂၀ရက်နေ့ဆိုတော့ မနက်ဖြန်ပေါ့။ အဲဒီမှာပဲ တစ်ခါတည်း မေးလိုက်တာ ကောင်းပါတယ်။ ဘဏ္ဍာ အခွန်က ရှင်းလိမ့်မယ်လေ”” ဟု စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပြန်လည်ဖြေကြားသည်။

၎င်း ၁၁ ဘီလီယံနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းပွဲတစ်ရပ်ကို စက်တင်ဘာလ ၂၀ ရက်နေ့တွင် နေပြည်တော်၊ စက်မှုဝန်ကြီးဌာန၌ ကျင်းပမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန် ထားသည်။

အဆိုပါ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ပမာဏရှိ ငွေစာရင်း (၅)ခုနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် မတ်လနှင့် ဧပြီလအတွင်း ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ ရရှိသော အချက်အလက်များဖြင့် BIC(Bank of Information Center) မှ အာရှ အစီအစဉ် မန်နေဂျာ Mr. Jelson Garcia  က ထုတ်ဖော် ပြောကြားခြင်းဖြစ်ကြောင်း စက်တင်ဘာလ ၁၂ ရက်နေ့ထုတ် Daily Eleven  သတင်းစာတွင် -

(အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံအထိရှိသော ဘဏ်အကောင့် ငါးခုကို နိုင်ငံခြား ဘဏ်များတွင် မြန်မာနိုင်ငံမှ အပ်နှံထားသည့်အတွက် မြန်မာနိုင်ငံအပေါ် ကမ္ဘာ့ဘဏ်က အကြွေးလျှော်မပေးခဲ့ခြင်း ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် အာရှဒေသဆိုင်ရာ ဒါရိုက်တာက စက်တင်ဘာ ၁၀ ရက်က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ ဘဏ်တွင် တင်ရှိနေသည့် အကြွေးမှာ ကြွေးမြီ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၉၀ ကျော် တင်ရှိနေ ကြောင်း၊ တစ်ဘီလီယံပင် မရှိသည့် ယင်းပမာဏသည် နဂိုချေးထားသည့် ငွေကြောင့် မဟုတ်ဘဲ အကြွေးဟောင်းမှ အတိုးများ တက်လာခြင်းကြောင့် စုစုပေါင်း အကြွေးမှာ တစ်ဘီလီယံနီးပါး အထိ ရှိလာခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော် မြန်မာနိုင်ငံမှ ပြည်ပတွင် ဘဏ်စာရင်း ငါးခုတည်းဖြင့် အပ်ထားသည့် ငွေမှာ အမေရိကန် ဒေါ်လာ ၁၁ ဘီလီယံအထိ ရှိနေခဲ့ကြောင်းကို ကမ္ဘာ့ဘဏ်မှ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr. Jelson Garcia က ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ ကမ္ဘာ့ဘဏ် အနေဖြင့် နိုင်ငံတစ်ခုခုမှ ကမ္ဘာ့ဘဏ်ချေးငွေနှင့် စပ်လျဉ်းပြီး အစိုးရသစ် လက်ထက်တွင် ယခင်အစိုးရ လက်ထက်များက တင်ရှိသည့် အကြွေးများ လျှော်ပေးရန် တောင်းဆိုပါက လျှော်ပေးလေ့ ရှိသော်လည်း မြန်မာနိုင်ငံအပေါ် အခြားကမ္ဘာ့နိုင်ငံများကဲ့သို့ အခွင့် အရေး မပေးရသည့် အကြောင်းရင်းမှာ ပြည်ပတွင် ဘဏ်စာရင်းငါးခုဖြင့် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံအထိ အပ်နှံထားသည့် အကြောင်းများကြောင့် ဖြစ်ကြောင်းလည်း ရှင်းလင်း ပြောကြားခဲ့သည်။

““မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ဘဏ်ကို အစိုးရသစ် နိုင်ငံအသစ် ဖြစ်သွားလို့ အရင်အကြွေးဟောင်းကို ထားလိုက်တော့လို့ လုပ်လို့မရဘူး။ တခြားနိုင်ငံတွေဆိုရင် ကမ္ဘာ့ဘဏ်က လျှော်ပေးတယ်။ မြန်မာနိုင်ငံကို ဘာလို့ လျှော်မပေးလဲဆိုရင် ကမ္ဘာ့ဘဏ် စာရင်းဇယားတွေအရ မြန်မာနိုင်ငံက အပြင်မှာ ကိုင်ထားတဲ့ ဘဏ်အကောင့် ငါးခုရှိတယ်။ ဘယ်သူ့အကောင့်တွေလဲဆိုတာ ကမ္ဘာ့ဘဏ်က သိတယ်။ အဲဒီ အကောင့်ငါးခုမှာ ၁၁ ဘီလီယံအထိ ရှိနေတယ်။ အကြွေးအားလုံးပေါင်းမှ တစ်ဘီလျံတောင် မရှိဘူး။ ဒါကြောင့် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို မေးခွန်းထုတ်တယ်။ အကြွေးတွေလည်း လျှော်မပေးခဲ့ဘူး””ဟုလည်း ကမ္ဘာ့ဘဏ်၊ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr. Jelson Garcia က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအား ကြွေးမြီနှင့် ပတ်သက်၍ ဖြေရှင်းရန် နည်းလမ်း သုံးခု ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အဆိုပါ ဘဏ်စာရင်း ငါးခုကို လုံးဝမထိသည့် နည်းလမ်းကို ရွေးချယ်ခဲ့ကြောင်း၊ မြန်မာပြည်သူများ အနေဖြင့် အဆိုပါ ဘဏ်စာရင်း ငါးခုနှင့်ပတ်သက်၍ မသိကြသေးကြောင်း ၄င်းက ထုတ်ဖော်ခဲ့သည်။

Mr. Jelson Garcia က ““အဲဒီအတွက် မြန်မာနိုင်ငံကို option သုံးခုထုတ်တယ်။ ၁၁ ဘီလီယံရှိတဲ့ ဘဏ်အကောင့် ငါးခုထဲက ထုတ်ပြီး ဒီအကြွေးတွေ ပြန်ဆပ်မလား။ ဒါမှမဟုတ် ကြားကနေပြီး အကြွေး ဟောင်းကိုဆပ်ပြီး အကြွေးသစ်ကို လုပ်ပေးတဲ့ သူကိုရှာမလား။ ဒါမှမဟုတ် နိုင်ငံတကာက အလှူရှင်တွေ ပေါင်းပြီး Truth Bank လိုမျိုး ကမ္ဘာ့ဘဏ်ကို ရန်ပုံငွေလိုများ လုပ်မလားဆိုပြီး ထုတ်တယ်။ အဲဒီမှာ မြန်မာနိုင်ငံက ဒုတိယအချက်ကို ရွေးလိုက်တယ်။ အကောင့်ငါးခုကို သွားမထိဘူး။ အဲဒီ အကောင့် ငါးခုကို ခုထိ မြန်မာပြည်သူတွေ မသိသေးဘူး”” ဟု Mr. Jelson Garcia က ဆက်လက် ပြောကြားသည်။

ယင်းကဲ့သို့ အကြွေးဟောင်းဆပ်ပြီး အကြွေးသစ် လုပ်ပေးနိုင်သူ ရှာခဲ့ရာ ဂျပန်နိုင်ငံအနေဖြင့် ကမ္ဘာ့ဘဏ်သို့ မြန်မာနိုင်ငံမှ တင်ရှိနေသည့် ကြွေးမြီများကို ၀င်ရောက် ဖြေရှင်းပေးခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ဘဏ်သို့ ပေးဆပ်ရမည့် အကြွေးများကို ဂျပန်နိုင်ငံက ဖြေရှင်း ပေးသည့်အတွက် ကမ္ဘာ့ဘဏ်သို့ ပေးဆပ်ရမည့် အကြွေးကျေသွားပြီ ဖြစ်သော်လည်း အဆိုပါ အကြွေး အမေရိကန်ဒေါ်လာ သန်း ၈၉၀ ကျော်အား ဂျပန်နိုင်ငံသို့ ပေးဆပ်ရမည် ဖြစ်ကြောင်း သိရသည်။

အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ဆိုသည့် ပမာဏမှာ မြန်မာ့ သဘာဝဓာတ်ငွေများ ပြည်ပသို့  လေးနှစ်နီးပါး ရောင်းချမှုမှ ရရှိသည့် ငွေစုစုပေါင်းနှင့် ညီမျှသော ပမာဏဖြစ်ရာ များပြားလွန်းနေသည်)ဟု ဖော်ပြထားသည်။

ယင်းကိစ္စရပ်များတွင် ယခင် စစ်အစိုးရလက်ထက် အကြီးအကဲအချို့၊ ၄င်းတို့နှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးအချို့ ပါဝင် ပတ်သက်လျက် ရှိကြောင်းလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

မြန်မာသံတော်ဆင့်

မြန်မာ့အပြောင်းအလဲ နယူးဇီလန် အသိအမှတ်ပြုပြီး သံရုံးသစ် ဖွင့်လှစ်

president-trip-newzeland-305.jpg
မြန်မာသမ္မတ ဦးသိန်းစိန်ကို နယူးဇီလန် ဘုရင်ခံချုပ် Lt Gen the Rt Hon Sir Jerry Mateparae က ကြိုဆိုခဲ့စဉ်
photo: President Office Website

မြန်မာနိုင်ငံက နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်း လဲတာတွေကို အသိမှတ်ပြုတဲ့အနေနဲ့ မြန်မာနိုင်ငံမှာ ပထမဆုံး နယူးဇီလန် အစိုးရသံရုံးကို ဖွင့်လှစ်လိုက်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး Murray McCully က ကြေညာလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံက နိုင်ငံရေး စီးပွားရေး ဆောင်ရွက်ချက်တွေမှာ တိုးတက်မှုတွေ ရှိခဲ့တာကို တုံ့ပြန်ဆောင်ရွက်တဲ့အနေနဲ့ သံရုံးဖွင့်လှစ် တာဖြစ်ကြောင်း၊ နယူးဇီလန်အနေနဲ့ မြန်မာနိုင်ငံဖွံ့ဖြိုးရေး အကူအညီတွေကို တိုးမြင့်ပေးအပ်ခဲ့ပြီး နို့ထွက်ပစ္စည်း လုပ်ငန်းနဲ့ နည်းပညာအထောက်အကူတွေ ပေးအပ် ခဲ့ကြောင်း Mr. McCully က မနေ့က ပြောပါတယ်။
Mr. McCully ဟာ မနှစ်က မြန်မာနိုင်ငံကို အလည်အပတ် လာရောက်ခဲ့သူတစ်ဦးဖြစ်ပြီး အဲဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ပါတယ်။
အခုနှစ် ဧပြီလအထိ မြန်မာနိုင်ငံကို နယူးဇီလန်နိုင်ငံက တင်သွင်းတဲ့ ကုန်ပစ္စည်းပမာဏဟာ အမေရိကန်ဒေါ်လာ ၁၉ သန်းနီးပါးရှိခဲ့တယ်လို့ သိရပါတယ်။
RFA

မြန်မာတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု တစ်ဟုန်ထိုးကျဆင်းနေကြောင်း အစီရင်ခံစာဖော်ပြ

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ကန့်ကွက်နေကြသော ဒေသခံများ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးသုတေသနအဖွဲ့ စတမ်ဆန်စင်တာက တရုတ်-မြန်မာစီးပွားရေး  ပူးပေါင်းဆောင်ရွက်နေခြင်းအပေါ်   သုံးသပ်ချက်အစီရင်ခံစာတစ်စောင်ကို   စက်တင်ဘာ ၁၆ ရက်က    ထုတ်ပြန်လိုက်သည်။

တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုကင်းမဲ့ခြင်းများ၊ ရန်လိုမုန်းတီးခြင်းများကို လျှော့ချရန်အတွက် တရုတ်ရင်းနှီးမြှုပ်နှံသူများ နှင့် မြန်မာအစိုးရတို့၏ ကြိုးပမ်းမှုများသည် နှစ်နိုင်ငံအကျိုးရှိစေမည့် တာဝန်သိသော ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးတို့အပေါ် သုံးသပ်ထားခြင်းဖြစ်သည်။

““မြန်မာနိုင်ငံအတွင်း တရုတ်၏ ရင်းနှီးမြှုပ်နှံမှု ရှေ့အလားအလာများ””ဟု အဓိပ္ပာယ်ရသည့်ခေါင်းစဉ်ဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာ၌ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများစွာ လိုအပ်လျက်ရှိရာ အထူးသဖြင့် ခေတ်မီသည့် စက်မှုနိုင်ငံအဖြစ် အမြန်ထူထောင်နိုင်ရေးအတွက် အဆင့်လည်းမမီ၊ ပြည့်စုံလုံလောက်မှုလည်းမရှိသေးသည့် အခြေခံအဆောက်အအုံများကဏ္ဍတွင်ဖြစ်သည်ဟု ဆိုသည်။မြန်မာနိုင်ငံတွင် တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှု တစ်ဟုန်ထိုးကျဆင်းသွားခြင်းကို အစီရင်ခံစာတွင် မှတ်တမ်းများဖြင့် ဖော်ပြထားရာ ၂၀၀၈-၂၀၁၁ ခုနှစ်တွင် တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၁၃၀၀ ရှိခဲ့ရာမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ ၄၀၇ သန်းသာ ကျန်တော့သည်။

မြန်မာနိုင်ငံတွင်းရှိ တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှုများကို မြန်မာအစိုးရက လုံလောက်သောအကာအကွယ်ပေးခြင်းမရှိဟု တရုတ်တို့က ယူဆထားသည်။ မြန်မာကို ရင်းနှီးမြှုပ်နှံရန်မကောင်းသော၊ အန္တရာယ်များသောနေရာအဖြစ် ယခုအခါ တရုတ်တို့က လက်ခံထားသည်ဟု အစီရင်ခံစာက ကောက်ချက်ဆွဲထားသည်။

မြန်မာနိုင်ငံတွင် တရုတ်တို့၏ အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုသုံးခုမှာ မြစ်ဆုံရေကာတာ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် တရုတ်-မြန်မာရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းတို့ဖြစ်သည်။ ၎င်းစီမံချက်များတွင် ဒေသခံများက ဆန့်ကျင်ကန့်ကွက်ကြရာ၌ တရုတ်ရင်းနှီးမြှုပ်နှံသူများအတွက် ပြဿနာများဖြစ်ပေါ်ခဲ့ရပြီး မသေချာမရေရာသည့်အနေအထား ရောက်ခဲ့ရသည်။

စတမ်ဆန် အစီရင်ခံစာအရ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများ လျော့ကျသွားလျှင် မြန်မာနိုင်ငံ၏ စီးပွားရေးမှာ မမျှော်လင့်ထားသည့်နည်းများဖြင့် ထိခိုက်နိုင်သည်ဟု ဆိုသည်။ ယခုအခါ   တချို့တစ်ဝက် တိုးတက်မှုများရှိလာနေသည်။

 ““မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့အခါ ပိုပြီးလက်ခံလာအောင် ကြိုးပမ်းတဲ့အနေနဲ့ တရုတ်က အမြတ်ခွဲဝေတဲ့နေရာမှာ ပိုကောင်းလာအောင် ပြင်ဆင်နေပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးတာဝန်ယူမှု     အစီအမံတွေကိုလည်း မြန်မာနိုင်ငံထဲမှာ လုပ်ဆောင်နေပါပြီ””ဟု အစီရင်ခံစာက ဆိုသည်။
အခြားနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံရာ၌  လိုအပ်သည့် အရေးကြီးသင်ခန်းစာများကို မြန်မာနိုင်ငံအတွင်း ရင်ဆိုင်ရသော ပြဿနာများမှတစ်ဆင့် တရုတ် နိုင်ငံက သင်ယူရရှိခဲ့သည်ဟုလည်း ဆိုသည်။စတမ်ဆန်အဖွဲ့မှ  တရုတ်၏ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုအကြောင်း အစီရင်ခံစာရေးသားသူ ယွန်ဆွန်းသည် ယခင်က International Crisis Group ၏ တရုတ်ဆိုင်ရာ သုံးသပ်လေ့လာသူဖြစ်ပြီး အမေရိကန်-တရုတ် ဆက်ဆံရေးကျွမ်းကျင်သူအဖြစ်လည်း လုပ်ကိုင်ခဲ့သည်။

7day daily

မြန်မာတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု တစ်ဟုန်ထိုးကျဆင်းနေကြောင်း အစီရင်ခံစာဖော်ပြ

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ကန့်ကွက်နေကြသော ဒေသခံများ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးသုတေသနအဖွဲ့ စတမ်ဆန်စင်တာက တရုတ်-မြန်မာစီးပွားရေး  ပူးပေါင်းဆောင်ရွက်နေခြင်းအပေါ်   သုံးသပ်ချက်အစီရင်ခံစာတစ်စောင်ကို   စက်တင်ဘာ ၁၆ ရက်က    ထုတ်ပြန်လိုက်သည်။

တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုကင်းမဲ့ခြင်းများ၊ ရန်လိုမုန်းတီးခြင်းများကို လျှော့ချရန်အတွက် တရုတ်ရင်းနှီးမြှုပ်နှံသူများ နှင့် မြန်မာအစိုးရတို့၏ ကြိုးပမ်းမှုများသည် နှစ်နိုင်ငံအကျိုးရှိစေမည့် တာဝန်သိသော ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးတို့အပေါ် သုံးသပ်ထားခြင်းဖြစ်သည်။

““မြန်မာနိုင်ငံအတွင်း တရုတ်၏ ရင်းနှီးမြှုပ်နှံမှု ရှေ့အလားအလာများ””ဟု အဓိပ္ပာယ်ရသည့်ခေါင်းစဉ်ဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာ၌ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများစွာ လိုအပ်လျက်ရှိရာ အထူးသဖြင့် ခေတ်မီသည့် စက်မှုနိုင်ငံအဖြစ် အမြန်ထူထောင်နိုင်ရေးအတွက် အဆင့်လည်းမမီ၊ ပြည့်စုံလုံလောက်မှုလည်းမရှိသေးသည့် အခြေခံအဆောက်အအုံများကဏ္ဍတွင်ဖြစ်သည်ဟု ဆိုသည်။မြန်မာနိုင်ငံတွင် တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှု တစ်ဟုန်ထိုးကျဆင်းသွားခြင်းကို အစီရင်ခံစာတွင် မှတ်တမ်းများဖြင့် ဖော်ပြထားရာ ၂၀၀၈-၂၀၁၁ ခုနှစ်တွင် တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၁၃၀၀ ရှိခဲ့ရာမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ ၄၀၇ သန်းသာ ကျန်တော့သည်။

မြန်မာနိုင်ငံတွင်းရှိ တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှုများကို မြန်မာအစိုးရက လုံလောက်သောအကာအကွယ်ပေးခြင်းမရှိဟု တရုတ်တို့က ယူဆထားသည်။ မြန်မာကို ရင်းနှီးမြှုပ်နှံရန်မကောင်းသော၊ အန္တရာယ်များသောနေရာအဖြစ် ယခုအခါ တရုတ်တို့က လက်ခံထားသည်ဟု အစီရင်ခံစာက ကောက်ချက်ဆွဲထားသည်။

မြန်မာနိုင်ငံတွင် တရုတ်တို့၏ အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုသုံးခုမှာ မြစ်ဆုံရေကာတာ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် တရုတ်-မြန်မာရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းတို့ဖြစ်သည်။ ၎င်းစီမံချက်များတွင် ဒေသခံများက ဆန့်ကျင်ကန့်ကွက်ကြရာ၌ တရုတ်ရင်းနှီးမြှုပ်နှံသူများအတွက် ပြဿနာများဖြစ်ပေါ်ခဲ့ရပြီး မသေချာမရေရာသည့်အနေအထား ရောက်ခဲ့ရသည်။

စတမ်ဆန် အစီရင်ခံစာအရ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများ လျော့ကျသွားလျှင် မြန်မာနိုင်ငံ၏ စီးပွားရေးမှာ မမျှော်လင့်ထားသည့်နည်းများဖြင့် ထိခိုက်နိုင်သည်ဟု ဆိုသည်။ ယခုအခါ   တချို့တစ်ဝက် တိုးတက်မှုများရှိလာနေသည်။

 ““မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့အခါ ပိုပြီးလက်ခံလာအောင် ကြိုးပမ်းတဲ့အနေနဲ့ တရုတ်က အမြတ်ခွဲဝေတဲ့နေရာမှာ ပိုကောင်းလာအောင် ပြင်ဆင်နေပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးတာဝန်ယူမှု     အစီအမံတွေကိုလည်း မြန်မာနိုင်ငံထဲမှာ လုပ်ဆောင်နေပါပြီ””ဟု အစီရင်ခံစာက ဆိုသည်။
အခြားနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံရာ၌  လိုအပ်သည့် အရေးကြီးသင်ခန်းစာများကို မြန်မာနိုင်ငံအတွင်း ရင်ဆိုင်ရသော ပြဿနာများမှတစ်ဆင့် တရုတ် နိုင်ငံက သင်ယူရရှိခဲ့သည်ဟုလည်း ဆိုသည်။စတမ်ဆန်အဖွဲ့မှ  တရုတ်၏ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုအကြောင်း အစီရင်ခံစာရေးသားသူ ယွန်ဆွန်းသည် ယခင်က International Crisis Group ၏ တရုတ်ဆိုင်ရာ သုံးသပ်လေ့လာသူဖြစ်ပြီး အမေရိကန်-တရုတ် ဆက်ဆံရေးကျွမ်းကျင်သူအဖြစ်လည်း လုပ်ကိုင်ခဲ့သည်။

7day daily

တောင်ဥက္ကလာပမှ အမျိုး သမီးကြီး တစ်ဦး ကို သတ်ရန် ငွေပေး စေခိုင်း သူများနှင့် ကြေးစား လူသတ်သမား တို့ကို ဖမ်းမိပြီဟုဆို


တောင်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သော အမျိုးသမီးကြီးတစ်ဦးအား လူတစ်ဦးက ချွန်ထက်သောအရာဖြင့် ထိုးပြီး ထွက်ပြေးခဲ့မှုနှင့် ပတ်သက်ပြီး သံသယရှိထားသည့် ငွေပေးစေခိုင်းသူများနှင့် ကြေးစားလူသတ်သမားတို့ကို ဖော်ထုတ် ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က စက်တင်ဘာ ၁၉ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

အမှုနှင့်ပတ်သက်၍ သံသယရှိဖမ်းဆီး ထားသူများမှာ ကြေးစားမြင့်အေး (လိပ်စာအတည်တကျမရှိ) နှင့် ဒါးပိန်မြို့နယ် နေသူများဖြစ်သည့် စီစဉ်ပေးသူ လှမောင် (ဘ) ဦးသောင်းငွေ၊ ငွေပေးစေခိုင်းသူ သားအဖ ဖြစ်သည့် ဦးပေါက် (ခ) မြင့်လွင် (ဘ) ဦးပုနှင့် ၄င်း၏သားဖြစ်သူ ဇင်သန့် (ခ) ဇင်သန့်အောင်တို့ (၄) ဦး ဖြစ်သည်ဟုရဲတပ်ဖွဲ့က အတည်ပြု ထားသည်။

စက်တင်ဘာ ၁၀ ရက် ည ၉ နာရီခွဲအချိန်က တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ စတိုးဆိုင်တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဈေးဝယ်လာသည့် အမျိုးသားကြီးတစ်ဦးက ကောင်တာတွင်ထိုင်နေသည့် ဒေါ်မြင့်မြင့်ရှိန်အား အသင့်ယူဆောင် လာသော ပလပ်စတစ်အိတ်ပတ်ထားသည့် ချွန်ထက်သောအရာဖြင့်ထိုး၍ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

ဒေါ်မြင့်မြင့်ရှိန်တွင် ၀ဲ/ယာ ရင်အုံအောက်တွင် ထိုးသွင်းဒဏ်ရာ (၂) ချက်၊ ၀ဲဂျိုင်းအောက်တွင် ထိုးသွင်းဒဏ်ရာ (၁) ချက်တို့ ရရှိကာ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် အတွင်းလူနာ (စိုးရိမ်ရ) အဖြစ်တက်ရောက် ကုသခဲ့ရသည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးရာတွင် လည်း ဒေါ်မြင့်မြင့်ရှိန်အား သတ်ဖြတ်ရန် ကြံစည်ပြီး ငွေပေးစေခိုင်းခဲ့သူမှာ ကာယကံရှင်၏ အစ်မဖြစ်သူ ဒေါ်ခင်ခင်စိန်၏ ခင်ပွန်း ဖြစ်သူ ဦးမြင့်လွင်နှင့် သားဖြစ်သူ ဇင်သန့် အောင်တို့က ကြံစည်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို စစ်ဆေးသိရှိခဲ့ရသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတို့ သားအဖနှင့်ဦးသည် ဒေါ်မြင့် မြင့်ရှိန်နှင့် စားသောက်ဆိုင်ကိစ်္စ စကားများကာ တောင်ဥက္ကလာပမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေရမှုတွင် အမှုရှုံးမည်စိုးသောကြောင့် လှမောင်ဆိုသူ (မြင့်လွင်နှင့် ညီအစ်ကို ၀မ်းကွဲ တော်သူ) နှင့် တိုင်ပင်ခဲ့ရာတွင် ၎င်းကလူငှားသတ်ရန် အကြံပေးလုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုထားသည်။

ထို့နောက် လှမောင်ကပင် မြင့်အေးဆိုသူနှင့် ဆက်သွယ်ပေးခဲ့ကြောင်းနှင့် ထောက်ကြန့်လမ်းဆုံ အနီးရှိ ဘီယာဆိုင်တွင် မြင့်လွင်နှင့် ဇင်သန့်အောင်တို့အား မြင့်အေးနှင့်တွေ့ဆုံပေးကာ ဒေါ်မြင့်မြင့်ရှိန်အား သတ်ရန်ငွေကျပ်သိန်း (၅၀) ဖြင့် ဈေးသတ်မှတ်ခဲ့ခြင်းလည်းဖြစ်သည်ကို ဖော်ထုတ်ရရှိသည်ဟုလည်း တိုင်းရဲဌာနက ဆိုထားသည်။

ယင်းတို့် လေးဦးစလုံးကို တရားစွဲတင် ပို့နိုင်ရန် ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်ပြီး သြဂုတ် လ ၂၆ ရက် ကလည်း ယင်းမြို့နယ်မှာပင် အမျိုးသမီးတစ်ဦး၏ပါးအား ဓါးဖြင့်လှီးခြစ်ခဲ့တစ်ခုဖြစ်ပွားထား ခဲ့ပြီး ရဲတပ်ဖွဲ့က ငွေပေး စေခိုင်းသူနှင့် ဆက်စပ်ပြစ်မှု ကျူးလွန်ခဲ့သူငါးဦးခန့်ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။

ဇော်ဇော်ထွေး

Mizzima - News in Burmese

ရွှေရွက်လှေ အနှိပ်ခန်းကို ရဲများ ၀င်ရောက်ဖမ်းဆီး


စမ်းချောင်းမြို့နယ်၊ ရှင်စောပုရပ်ကွက် စမ်းချောင်းလမ်းတွင် ဖွင့်လှစ်ထားသည့် ရွှေရွက်လှေ အနှိပ်ခန်းကို ရဲများက စက်တင်ဘာ ၁၈ ရက်ည ၈ နာရီခွဲက ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန် ခဲ့သည်။

အဆိုပါ အနှိပ်ခန်းကို စမ်းချောင်းမြို့ နယ်ရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးရာတွင် သီးသန့်ကာရံထားသော အခန်း အတွင်း ဧည့်သည်အမျိုးသားများအား နှိပ်ပေးရန်အတူရှိသည့် အနှိပ်သမငါးဦးနှင့် ဆိုင်မန်နေဂျာတို့အား ဖမ်းဆီးရမိခြင်း ဖြစ်သည်။ ဒါ့အပြင်အနှိပ်ခန်းသုံး ဆက်စပ်ပစ္စည်းများနှင့် အနှိပ်ခန်းမှရရှိငွေ ကျပ်တစ်သိန်းကိုလည်း သက်သေခံအဖြစ် သိမ်းဆည်း ထားကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

၎င်းဖမ်းဆီးရရှိမှုအား စမ်းချောင်းမြို့နယ် ရဲစခန်းက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစီးဌာနနှင့် ညှိနှိုင်းကာ မြို့နယ်တရားရုံး သို့ ဆက်လက်၍ တရားစွဲဆိုတင်ပို့မည်ဖြစ်သည်။

ဇော်ဇော်ထွေး

Mizzima - News in Burmese

ကိုရီးယားတွင် အလုပ်လုပ်သည့် မြန်မာ လုပ်သားများ တစ်လလျှင် ၀မ်ခုနစ်သောင်းခွဲ တိုးမြင့်ရရှိမည်

ကိုရီးယားသမ္မတနိုင်ငံတွင် EPS စနစ်အရ သွားရောက် အလုပ်လုပ်ကိုင်ခဲ့သူများ 

လာမည့် ၂၀၁၄ ခုနှစ်မှစ၍ ကိုရီးယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာလုပ်သားများ တစ်လလျှင် လုပ်ခ ၀မ်ဆယ်သိန်းရှစ်သောင်းကျော် ရရှိမည်ဖြစ်ကြောင်း အစိုးရ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမြင့်ကပြောသည်။

ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် လာရောက်လုပ်ကိုင်သော နိုင်ငံပေါင်း ၁၅နိုင်ငံမှ နိုင်ငံခြားသား လုပ်သားများအတွက် လုပ်ခလစာတိုးမြှင့်ရန် ယင်းနိုင်ငံရှိ အနည်းဆုံးအခကြေးငွေကော်မတီမှ မဲခွဲဆုံးဖြတ်ခဲ့ရာ လာမည့် ၂၀၁၄ခုနှစ်တွင် ယခင်ထက် လုပ်ခလစာ ကိုရီးယားငွေ ၀မ်ခုနစ်သောင်းခွဲကျော် တိုးမြှင့်ပေးရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။

ယခင်က ကိုရီးယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်သည့် အလုပ်သမားများသည် တစ်နာရီလျှင် ၀မ် ၄၈၅၀ ရရှိခဲ့ပြီး အလုပ်ချိန် ၈ နာရီသတ်မှတ်ထားရာ တစ်လလျှင် ၀မ် ၁၀ သိန်းရှစ်ထောင်ခန့် ရရှိသည်။

ယခုအခါ အလုပ်လုပ်ချိန် တစ်နာရီလျှင် ၀မ် ၅၂၁၀ အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီး တစ်လလျှင် ကိုရီးယားငွေ ၀မ် ၁၀ သိန်းရှစ်သောင်းကျော် ရရှိတော့မည်ဖြစ်သည်။
လစာတိုးမြှင့်ပေးရန်အတွက် ယင်းနိုင်ငံရှိ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးကော်မတီသည် ပြီးခဲ့သည့်ဇူလိုင်လက မဲခွဲဆုံးဖြတ်ခဲ့ကာ ညှိနှိုင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ယခုအခါ ကိုရီးယားနိုင်ငံ၌ စိုက်ပျိုးရေးလုပ်သားအဖြစ် လုပ်ကိုင်ရန် မြန်မာအလုပ်သမားနှစ်ထောင်ကျော်အား အလုပ်ခေါ်ဆိုထားလျက်ရှိကြောင်း ယင်းအေဂျင်စီထံမှ သတင်းရရှိသည်။

ကိုရီးယားနိုင်ငံတွင် စိုက်ပျိုးရေးလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်သည့် နိုင်ငံခြားသားလုပ်သားများသည် ၎င်းနိုင်ငံတွင် တည်ဆဲဥပဒေအဖြစ် ပြဋ္ဌာန်းထားသော အလုပ်သမားဥပဒေ၌ ၎င်းတို့လုပ်သားများအတွက် အကျိုးခံစားခွင့် ပါဝင်ခြင်းမရှိသဖြင့် အလုပ်ချိန်၊ နားရက်၊ ခွင့်ရက်များ အတည်တကျ သတ်မှတ်ထားခြင်းမရှိဟု ဆိုသည်။

ထို့ကြောင့် မြန်မာအလုပ်သမားအများစုမှာ လုပ်ငန်းခွင်မှထွက်ပြေးကာ ပြောင်းရွှေ့လုပ်ကိုင်လျက်ရှိကြောင်း သတင်းရရှိသည်။
ယခုအခါ ကိုရီးယားနိုင်ငံတွင် စိုက်ပျိုးရေးလုပ်သားများ လိုအပ်လျက်ရှိသဖြင့် အလုပ်ခေါ်ဆိုရန် မြန်မာအလုပ်သမားများကို ကမ်းလှမ်းထားပြီး လုပ်သားများခေါ်ဆိုမှုအတွက် ကိုရီးယားဘာသာ အရည်အချင်းစစ် EPS စာမေးပွဲဖြေဆိုရန် လျှောက်လွှာများအား စက်တင်ဘာ ၃၀၊ ၃၁ရက်တွင် ထုတ်ပေးမည်ဖြစ်သည်။

အဆိုပါစာမေးပွဲဖြေဆိုရန် စုစုပေါင်းလုပ်သား ၃၅၀၀ ခေါ်ယူထားသည့်အနက် စိုက်ပျိုးရေးလုပ်သားဦးရေ ၂၅၀၀၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း လုပ်ကိုင်ရန် မြန်မာအလုပ်သမား  ၁၀၀၀ တို့ကို စာမေးပွဲဖြေဆိုရန် ခေါ်ယူထားသည်။

ကိုရီးယားနိုင်ငံသို့ သုံးနှစ်ကျော်အတွင်း မြန်မာအလုပ်သမား ၈၀၀၀ ကျော် စေလွှတ်ပြီးဖြစ်ကာ ယခုနှစ်အတွင်း လုပ်သား ၃၀၀၀ ကျော် စေလွှတ်ခဲ့ပြီးဖြစ်သည်။

7day daily

စင်ကာပူ ထိပ်တန်းခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမည်

 
မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စင်္ကာပူနိုင်ငံမှ ထိပ်တန်းခေါင်းဆောင်များနှင့် စက်တင်ဘာ ၂၀ ရက်တွင် စင်ကာပူနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် သွားရောက်မည့် ခရီးစဉ်အတွင်း တွေ့ဆုံမည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။

စက်တင်ဘာ ၁၉ ရက်က ထုတ်ပြန်ခဲ့သော စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များဖြစ်ကြသော သမ္မတ Tony Tan Keng Yam, ၀န်ကြီးချုပ် Hsien Loong, ဂုဏ်ထူးဆောင် အကြီးတန်းဝန်ကြီးချုပ် ဂိုချောက်ထောင်၊ လွှတ်တော်ဥက္ကဋ္ဌ Halimah Yacob နှင့် နိုင်ငံခြားရေး ဒု-၀န်ကြီး Grace Fu တို့နှင့် တွေ့ဆုံသွားရန် ရှိသည်ဟု ဖော်ပြထားသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စင်ကာပူနိုင်ငံ ထိပ်သီးအစည်းအဝေး (Singapore Summit) နှင့် စင်ကာပူ စီမံခန့်ခွဲရေးတက္ကသိုလ်တို့တွင် မိန့်ခွန်းများ ပြောကြားသွားမည်ဖြစ်သည်။ ယခုခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်၏ စင်ကာပူနိုင်ငံသို့ သွားရောက်သည့် ပထမဆုံး ခရီးစဉ်တစ်ခုလည်း ဖြစ်သည်။

အောင်မင်း - Mizzima - News in Burmese

မုဒိမ်းကျင့်ခံရသော မြန်မာအမျိုးသမီး မလေးရှားအစိုးရ ကျပ်သိန်း တစ်ရာကျော် နစ်နာကြေးပေး

 
ရန်ကုန်၊ စက်တင်ဘာ ၁၉

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်တွင် မုဒိမ်းကျင့် ခံခဲ့ရသည့် မြန်မာအမျိုးသမီးကို မလေးရှား အစိုးရက နစ်နာကြေးအဖြစ် ကျပ်သိန်းတစ်ရာကျော် စက်တင်ဘာလ ဒုတိယပတ် အတွင်း ပေးအပ်ကြောင်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။

အဆိုပါ မြန်မာအမျိုးသမီး လုပ်သားနစ်နာကြေး ရရှိရေး၊ လုံခြုံမှုအတွက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက ဆောင်ရွက်ပေးထားကြောင်း၊ အခြားကိစ္စရပ်များကို ကာယကံရှင်၏ ဂုဏ်သိက္ခာအရ ပြောဆိုရန် မဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။

ဂျိုဟိုးပြည်နယ်ရှိ Panasonic ဖုန်းထုတ်လုပ်သည့် Flairis Shd Bhd စက်ရုံတွင် အလုပ်လုပ်ကိုင်သော မြန်မာအမျိုးသမီး လုပ်သားများ နေထိုင်သည့် အဆောင်ကို သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၁၀ နာရီခန့်က လူအုပ်စုလိုက် ဝင်ရောက်၍ အမျိုးသမီးတစ်ဦးကို ဖမ်းခေါ်သွားကာ မုဒိမ်းကျင့်ပြီး အဆောင်အနီး လမ်းမတွင် ပစ်ချခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ဦးမျိုးအောင်က ဆိုသည်။ အဆိုပါ ဂျိုဟိုးပြည်နယ်တွင် ၂၀၁၂ ခုနှစ်ကလည်း ဧရာဝတီတိုင်းဒေသကြီးမှ အမျိုးသမီး မုဒိမ်းကျင့် ခံခဲ့ရဖူးကြောင်း မလေးရှားရောက် မြန်မာများထံမှ သိရှိရသည်။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား အမျိုးသမီးများ၏ ဣနြေ္ဒအရှက်တရားနှင့် ဂုဏ်သိက္ခာများအား ဥပဒေကြောင်းအရ လုံခြုံမှုပေးရန် မလေးရှားနိုင်ငံ အခြေစိုက် ၈၈ မျိုးဆက်နှင့် မျိုးဆက်သစ် လူ့အဖွဲ့အစည်း၊ NLD(LA) တို့က မြန်မာနိုင်ငံ အစိုးရကို တောင်းဆိုသည့် ကြေညာချက် တစ်စောင်ကို စက်တင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

(ထက်အောင်ဖြိုး)
The Voice Weekly

သိမ်းဆည်း လယ်ယာမြေပြဿနာ ဒုတိယသမ္မတများ ကိုယ်တိုင်ဖြေရှင်းမည်

ထားဝယ်မြို့ ၊ ဆန်းချီရပ် ကမြောကင်းလမ်း ရှိ ကိုထွန်းထွန်း မိသားစုပိုင်ဆိုင်သော ဘိုးဘွားပိုင်လယ်မြေပေါ်တွင်
ထားဝယ်မြို့နယ်မြေစရင်းဦးစီးမှုး  ဆောက်လုပ်ထားသော တိုက်အိမ်။ဓာတ်ပုံ-ထားဝယ်တောင်သူလယ်သမားသမဂ္ဂ(Facebook)

နေပြည်တော်၊ စက်တင်ဘာ ၁၉

တပ်မတော် အစိုးရလက်ထက်က တပ်မတော်၊ လူပုဂ္ဂိုလ် အဖွဲ့အစည်းနှင့် ကုမ္ပဏီများက သိမ်းယူခဲ့သော လယ်ယာမြေ ပြဿနာများကို ဖြေရှင်းရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတော် ဒုတိယသမ္မတ နှစ်ဦးထဲမှ တစ်ဦးကို တာဝန်ပေးအပ်မည် ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ပြောကြားသည်။

စက်တင်ဘာလ ၁၈ ရက်နေ့တွင် နေပြည်တော် နိုင်ငံတော်သမ္မတရုံး အစည်းအဝေး ခန်းမတွင် ပြုလုပ်သည့် မြေယာ အသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီ အစည်းအဝေးတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

လယ်ယာမြေ သိမ်းဆည်းခြင်း ပြဿနာများကို ကာလတိုအတွင်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ယင်းသို့ စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အဲဒီအစည်းအဝေးမှာ မြေသိမ်းကိစ္စတွေ ဖြေရှင်းဖို့ ဒုတိယသမ္မတ တစ်ဦးကို ဦးဆောင်ခိုင်းမယ်လို့ သိရတယ်” ဟု ၎င်းအစည်းအဝေးကို တက်ရောက်သည့် စိုက်ပျိုးရေး မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးနိုင်က ပြောကြားသည်။

မြန်မာနိုင်ငံ အတွင်းရှိ လယ်ယာမြေ ပြဿနာများကို တစ်နှစ်အတွင်း ဖြေရှင်းမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပြောကြားထားသည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သြဂုတ်လ နောက်ဆုံးပတ်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အစိုးရက လယ်ယာမြေ သိမ်းဆည်းခံရမှု ပြဿနာများ ဖြေရှင်းရာတွင် နှေးကွေးကြောင်း ဝေဖန်ပြောဆိုထားသည်။

မြန်မာတစ်နိုင်ငံလုံးတွင် တပ်မတော်က သိမ်းဆည်းထားသည့် လယ်ယာမြေဧက နှစ်သိန်းကျော်ရှိပြီး တပ်မတော် စီမံကိန်း မဆောင်ရွက်ဖြစ်သည့် မြေယာများကို ပြန်လည် ပေးအပ်မည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပြောဆိုထားသည်။

အဆိုပါ လယ်ယာမြေများကို ပြန်လည် ပေးအပ်ရန် နိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်သော မြေယာအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းထားကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရှိရသည်။

The Voice Weekly

အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၉၀ ကျော် မလေးရှားနယ်စပ်တွင်ဖမ်းမိ

မလေးရှား လဝကစခန်းမှာ မြန်မာနိုင်ငံ သားများအား တွေ့ရစဉ်

ထိုင်းနယ်စပ်မှတစ်ဆင့် ဖြတ်ကျော်ဝင်ရောက်လာသော အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၉၂ ဦးကို စက်တင်ဘာ ၁၈ ရက်က မလေးရှားနိုင်ငံ ကွာလာပါလစ်မြို့အနီးတွင် ဖမ်းဆီးရမိခဲ့သည်ဟု မလေးရှားသတင်းစာများက ဖော်ပြသည်။

စက်တင်ဘာ ၁၈ ရက် နံနက်တွင် မလေးရှားနိုင်ငံစစ်ဆေးရေးအဖွဲ့ ကင်းလှည့်ဆောင်ရွက်နေစဉ် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး အားလုံးမှာ အသက် (၂၀)နှင့် (၄၀) ကြားသာ ဖြစ်သည်ဟုဆိုသည်။ ၎င်းတို့သည် မလေးရှားနိုင်ငံသို့ မရောက်မီ လမ်းခရီး၌ ဒုက္ခပေါင်းစုံကြုံတွေ့ခဲ့ရပြီး ထိုင်းနယ်စပ်မှတစ်ဆင့် ၀င်ရောက်လာခြင်းဖြစ်သည်ဟု ပြောကြားကြောင်း မလေးရှားအစိုးရမှ တာဝန်ရှိသူ ဂျိုးကင်းကပြောသည်။
မလေးရှားနှင့် ထိုင်းနိုင်ငံသည် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မလေးရှား-ထိုင်းနယ်စပ်မှတစ်ဆင့် ထွက်ပြေး၍ ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြန်မာနိုင်ငံ မြ၀တီသို့ မြန်မာအလုပ်သမား ၁၄၈ ဦး ရောက်ရှိလာခဲ့ပြီး မြ၀တီမြို့မှ သက်ဆိုင်ရာအာဏာပိုင်များက နေရပ်သို့ ပြန်လည်ပို့ဆောင်မှုများ ပြုလုပ်ခဲ့ရသည်။

စက်တင်ဘာ ၁ ရက်မှ စ၍ မလေးရှားနိုင်ငံတွင် ပြုလုပ်ခဲ့သော တရားမ၀င်အလုပ်သမား ဖမ်းဆီးရေးစီမံချက်တွင် မြန်မာအလုပ်သမား ၆၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့် မလေးရှားအစိုးရတို့က အဆိုပါအရေးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

7day daily

ဆက်သွယ်ရေး ဥပဒေကြမ်း သမ္မတအတည်မပြု

 
ရန်ကုန်၊ စက်တင်ဘာ ၁၉

ပြည်ထောင်စုလွှတ်တော်က သြဂုတ်လ ၂၇ ရက်နေ့တွင် အတည်ပြုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ထားသည့် ဆက်သွယ်ရေး ဥပဒေကြမ်းကို သမ္မတက အတည်ပြုခြင်းမရှိဘဲ ပြင်ဆင်ချက် သဘောထားမှတ်ချက်များဖြင့် လွှတ်တော်သို့ ပြန်လည် ပေးပို့လာကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။

ပြည်ပဆက်သွယ်ရေး ကုမ္ပဏီနှစ်ခု လုပ်ငန်းစရန် အဓိက လိုအပ်ချက် တစ်ခုဖြစ်သည့် ဆက်သွယ်ရေး ဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သော်လည်း နိုင်ငံတော်သမ္မတက အတည်မပြုသဖြင့် လွှတ်တော်တွင် ပြန်လည် ဆွေးနွေးရမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

“သမ္မတရဲ့ သဘောထားမှတ်ချက်ကို ဥပဒေကြမ်း ပူးပေါင်းကော်မတီမှာ ဆွေးနွေးပြီး ပြည်ထောင်စုလွှတ်တော်မှာ ပြန်အတည်ပြုရပါမယ်” ဟု ဦးစောလှထွန်းက ဆိုသည်။

ဆက်သွယ်ရေး ဥပဒေကြမ်းနှင့် ပတ်သက်သည့် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များကို လာမည့် လွှတ်တော် အစည်းအဝေးများ မစတင်မီ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီတွင် ဆွေးနွေးနိုင်ပြီး အောက်တိုဘာလဆန်း၌ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ပြန်လည် စတင်သည့်အခါ ဆုံးဖြတ် အတည်ပြုနိုင်ဖွယ် ရှိကြောင်း အဆိုပါ ကော်မတီဝင် ဦးသိန်းထွန်းဦးက ရှင်းပြသည်။

ဥပဒေကြမ်း ကော်မတီများမှာ လွှတ်တော် အစည်းအဝေး မစတင်မီ ကြိုတင်ပြင်ဆင်သည့် လုပ်ငန်းများ ဆောင်ရွက်ရသဖြင့် ဆက်သွယ်ရေး ဥပဒေကြမ်းကို အချိန်တိုအတွင်း ပြန်လည် ဆုံးဖြတ် အတည်ပြုနိုင်ဖွယ် ရှိကြောင်း၊ သို့သော် အချိန်မည်မျှ ကြာမြင့်နိုင်သည်ကိုမူ အတိအကျ မပြောနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှုကဏ္ဍတွင် ဝင်ရောက် လုပ်ကိုင်ခွင့် ရရှိထားသည့် နော်ဝေကုမ္ပဏီ တယ်လီနောနှင့် ကာတာကုမ္ပဏီ အော်ရီဒူးတို့ လုပ်ငန်းစတင်နိုင်ရေး ဆက်သွယ်ရေး ဥပဒေအတည်ပြု ထုတ်ပြန်ရန် အရေးတကြီး လိုအပ်နေကြောင်း၊ သို့သော် ဥပဒေကြမ်းကို သမ္မတ အတည်မပြုသည့်အပေါ် မှတ်ချက်ပေးရန် မရှိကြောင်း အော်ရီဒူးကုမ္ပဏီ ပြန်ကြားရေး တာဝန်ခံတစ်ဦးက ပြောဆိုသည်။
ဆက်သွယ်ရေး ဥပဒေကြမ်းကို အတည်ပြုဋ္ဌာန်းနိုင်ရေး သမ္မတ၏ ပြင်ဆင်ချက် သဘောထားမှတ်ချက်များ အပေါ်တွင် အဓိက မူတည်မည်ဖြစ်ပြီး လာမည့် လွှတ်တော်တွင် အချိန်မီ ဆွေးနွေး အတည်ပြုနိုင်မည်ဟု ခန့်မှန်းကြောင်း၊ ထပ်မံ၍ အချိန်ကြန့်ကြာခြင်းမျိုး မဖြစ်သင့်ကြောင်း မြန်မာအိုင်စီတီ ဖွံ့ဖြိုးရေးအဖွဲ့ (MIDO) ခေါင်းဆောင် ကိုနေဘုန်းလတ်က သုံးသပ်သည်။

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ လူဦးရေ၏ ၈၀ ရာခိုင်နှုန်း မိုဘိုင်းလ်ဖုန်း အသုံးပြုနိုင်ရန် သမ္မတဦးသိန်းစိန်၏ ညွှန်ကြားချက်ဖြင့် ရွေးချယ် ခွင့်ပြုထားသော ပြည်ပကုမ္ပဏီနှစ်ခုသည့် ၎င်းတို့၏ ဝန်ဆောင်မှု လုပ်ငန်းများကို ဇန်နဝါရီလတွင် စတင်မည် ဖြစ်ကြောင်း ကြေညာထားပြီး ယင်းသို့စတင်နိုင်ရန် ဆက်သွယ်ရေး ဥပဒေတစ်ရပ် အမြန်ဆုံး အတည်ပြု ပြဋ္ဌာန်းပေးရမည် ဖြစ်သည်။

The Voice Weekly

နေပြည်တော် ပုဗ္ဗသီရိတွင် ရဲနှင့်ရွာသားများ ပဋိပက္ခဖြစ် ရဲတပ်ဖွဲ့ဝင်ငါးဦး ဆေးရုံရောက်



ရွာသားများက လက်ပြန်ကြိုးတုပ်ထားသော ရဲတပ်ဖွဲ့ဝင်တစ်ဦးအား စက်တင်ဘာ ၁၉ ရက် နံနက်က တွေ့ရစဉ်

ဓာတ်ပုံ-  MNN
လယ်ယာမြေပြဿနာမှ အစပြု၍ ရဲတပ်ဖွဲ့ဝင်များနှင့် ရွာသားများ ပဋိပက္ခဖြစ်ပြီး ရွာသားများကဖမ်းဆီးထားသော ရဲတပ်ဖွဲ့ဝင်များကို ရဲအင်အားတစ်ရာကျော်ဖြင့် သွားရောက်ကယ်တင်ခဲ့ရသော ဖြစ်စဉ်တစ်ခု နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ပုဗ္ဗသီရိမြို့နယ် ၀ဲကြီးကျေးရွာတွင် စက်တင်ဘာ ၁၉ ရက် နံနက် ၂ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာမှ ၀ရမ်းထုတ်ထားသည့် ရွာသားခြောက်ဦးကို ရွှေသွင်းကုန်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးစဉ် ရွာသားအင်အား သုံးရာခန့်က ပြန်လည်ဝိုင်းရံကာ အဆိုပါရဲတပ်ဖွဲ့ဝင် ငါးဦးကို ဖမ်းဆီးချုပ်နှောင်ခဲ့ခြင်းဖြစ်ကြောင်း ပုဗ္ဗသီရိမြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

““ရွာသားတွေက အင်အားအရမ်းများပြီး မင်းတို့ကို ပြည်သူတွေဝိုင်းထားပြီ။ လက်နက်ချပါလို့ ပြောတာ။ ရဲအရာရှိတွေကိုပါ ကြိုးတွေနဲ့ တုပ်ထားတာပါ””ဟု အ ထက်ပါရဲအရာရှိက ပြောသည်။
““ကျွန်တော့်ကို ဧည့်စာရင်းစစ်တယ်ဆိုပြီး ရဲနဲ့လူ ၃၀ ကျော်လောက်က အိမ်ပေါ်တက်လာတယ်။ လည်ပင်းကို လေး၊ ငါး ယောက်လောက်ကနင်းပြီး လက်ထိတ်ခတ်ခဲ့ပါတယ်””ဟု စက်တင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းအထိ လက်ထိတ်တန်းလန်းဖြင့်ရှိနေသူ ကိုဇော်လတ်က ပြောကြားသည်။
၎င်း၏ဇနီးနှင့် သမီးတို့က အော်ဟစ်သောကြောင့် ဓားပြတိုက်သည်အထင်ဖြင့် ရွာသားများ ၀ိုင်းအုံလာကြရာ ရဲတပ်ဖွဲ့ဝင်များလည်း ထွက်ပြေးသွားကြကြောင်း ၀ဲကြီးရွာသားအချို့ထံမှ သိရသည်။ဖမ်းဆီးခံထားရသော ရဲအရာရှိအချို့ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး နေပြည်တော် ခုတင်တစ်ထောင်ဆေးရုံတွင် တက်ရောက်ကုသနေရကြောင်း သတင်းရရှိသည်။ ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ်မှုတစ်စုံတရာမပြုခဲ့ကြောင်း ဒေသခံရွာသားများထံမှ သိရသည်။

““ဒီကိစ္စနဲ့ပတ်သက်ပြီး မဖြေလိုပါဘူး။ ရဲတပ်ဖွဲ့ဝင်ငါးဦး ဆေးကုသမှု ခံယူနေရတယ်။ တစ်ယောက်ကတော့ ဒဏ်ရာပြင်းတယ်””ဟု ရွှေသွင်းကုန်း ရဲစခန်းစခန်းမှူးက ပြောသည်။
““တရားခံအိမ်ကိုဝင်ပြီးဖမ်းတာမှာ ဓားပြတိုက်နေပြီလို့ အိမ်ရှင်ကအော်တော့ ရွာသားသုံးရာကျော်လောက်ဝိုင်းပြီး ရဲတွေကို ဖမ်းချုပ်တာပါ။ ဖမ်းမိထားတဲ့ တရားခံတွေကိုလည်း ပြန်လုသွားပါတယ်””ဟု ပဋိပက္ခဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရွှေသွင်းကုန်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်အင်အား သုံးဆယ်ခန့်ကို ကယ်တင်နိုင်ရန် ပျဉ်းမနားရဲစခန်း၊ နေပြည်တော်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ ကျည်တောင်ကန်ရဲစခန်း၊ လယ်ဝေးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် အင်အားတစ်ရာခန့်ဖြင့် နံနက်လင်းချိန်တွင် သွားရောက်ကယ်တင်ခဲ့ရကြောင်း သိရသည်။

7day daily