ဗိုလ်မှူးကြီးဗထူးကျဆုံးခြင်း၆၉နှစ်ပြည့် ဆွမ်းကျွေးအလှူမင်္ဂလာနှင့်အောက်မေ့ဖွယ်အခမ်းအနား ကို ယနေ့ (၂-၆-၂၀၁၄)တနင်္လာနေ့ နံနက် ၈နာရီအချိန်တွင်စတင်ကျင်းပသည်။
အစိအစဉ်ကိုနှစ်ပိုင်းခွဲပြီးပြုလုပ်ရာ..။ပထမပိုင်းအစီအစဉ်တွင် ဆွမ်းကျွေးရေစက်ချ
တရားတော်နာယူကြ၍ ဗိုလ်မှူးကြီးဗထူးအားကောင်းရာသုဂတိရောက်ပါစေကြောင်းအမျှပေးဝေခဲ့ပါသည်။
ဒုတိယပိုင်း အောက်မေ့ဖွယ်အခန်းအနားကို ဆက်လက်ကျင်းပါရာ
ထားဝယ်တိုင်းရင်းသားများပါတီဥက္ကဋ္ဌ ဦးအေးမင်းမှ ဤအခမ်းအနားကျင်းပရခြင်းအကြောင်းအရင်းများ ကို ရှင်းလင်းတင်ပြ ဤအခမ်း
အနားစည်ကားသိုက်မြိုက်စွာကျင်းပနိုင်အောင် ၀ိုင်းဝန်းကူညီပေးခဲ့ကြသော
ံသံဃာတော်အရှင်သူမြတ်များနှင့် ပါဝင်ပတ်သက်သူအားလုံးကိုကျေးဇူးတင်ဂုဏ်ပြုစကားပြောကြားသွားပါသည်။
ဒေသခံများကိုယ်စားဦးမောင်မောင်အေး နှင့် နဘုလည်အများပိုင်ကုမ္မဏီဥက္ကဋ္ဌကိုယ်စား CEO ဦးမြင့်ဝေ တို့က ကျေးဇူးတင်စကားပြောကြားကြပါသည်။
ထို့ နောက် ဗိုလ်မှူးကြီးဗထူး၏ အတ္ထုပ္ပတ္တိ ကို ဒေါ်နွယ်နီသိန်းမှ ဖတ်ကြားပြီး။
ဆရာတင့်စိုးဝေ၊ ဆရာတင်စိုး(မောင်မယ်ရှောင်)တို့က ဂုဏ်ပြုကဗျာများရွတ်ဆိုလျက် အခမ်းအနားကိုအောင်မြင်စွာ ရုတ်သိမ်းလိုက်ပါသည်။
- ဗထူးဆိုတာ နှစ်ဆယ်ရာစုရဲ့ ကြီးကြယ်မြင့်မြတ်တဲ့ သူရဲကောင်းတို့ရဲ့သင်္ကေတ
-ဗထူးဆိုတာ - စစ်သားကောင်းတို့ရဲ့ လမ်းပြကြယ်။
- ဗထူးဆိုတာ ထားဝယ်ဒေသရဲ့ အမှတ်လက်က္ခဏာ သင်္ကေတ
သတင်းနှင့်ဓာတ်ပုံ - လွင့်မောင်မောင်(ထားဝယ်)